ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

ရုံးမှာ အမြဲထိတွေ့နေရတဲ့ ရောဂါပိုးမွှားအများဆုံး အရာတွေ

လက်ဆေးပါ၊ လက်ဆေးပါ ဆိုတဲ့အမှာစကားတွေက အလကားမဟုတ်ဘူးနော်။ မနက်အိပ်ရာထတည်းကစောင်ကိုခွာမယ်၊ခြင်ထောင်ကိုမမယ်၊ မျက်လုံးကိုပွတ်မယ်၊ ဒီလက်နှစ်ဖက်နဲ့ပဲမလား။ ဘာလုပ်လုပ် ဘာကိုင်ကိုင် ဒီလက်ချောင်းတွေ၊လက်ဖဝါးတွေနဲ့ မထိတွေ့ဘဲ မပြီးပါဘူး။ တစ်နေ့တာမှာ ဒီလောက်ထိတွေ့မှုများတဲ့အစိတ်အပိုင်းကို ဘာလို့များသန့်တယ်ထင်နေရတာလဲ။ အမယ် လာသေးတယ်...ငါ့လက်ကဆေးပြီးသားတဲ့။ ဘယ်တုန်းကလဲဆိုရေချိုးတုန်းကလေ ဆိုတာမျိုး။ အခုပြောချင်တာက ကိုယ့်အိမ်မှာထက်တောင်နေရချိန်ပိုများနေတဲ့ လုပ်ငန်းခွင်ရုံးခန်းမှာ သန့်ရှင်းမှုဂရုစိုက်မိဖို့ပါ။ မနက်စောစော ရုံးကိုပြေးလာမယ်၊ အချိန်မရလို့ မနက်စာကိုအပြေးအလွှားစားမယ်၊ ရောက်တာနဲ့ အလုပ်တွေဝင်လုပ်မယ်။ ဒါတော်တော်များများလုပ်နေကြ ပရိုစီဂျာပဲ။ မနက်မိုးလင်းကနေ ညမှောင်တဲ့အထိ ရှိနေခဲ့တဲ့ ရုံးမှာ လက်ဘယ်နှကြိမ်ဆေးခဲ့သလဲ။ရောဂါဘယကင်းစေဖို့အတွက် သန့်ရှင်းမှုကိုဂရုစိုက်ဖို့ ဘာလို့အရေးကြီးတာလဲ ဆက်ဖတ်ကြည့်နော်။ရောဂါပိုးမွှားတွေအများဆုံးရှိနိုင်တဲ့ ရုံးကနေရာတွေကို သိရင် ယူတို့ လက်မဆေးဘဲ မနေနိုင်တော့လောက်ပါဘူး။ ဓါတ်လှေကားခလုတ် အပေါ်တက်မယ်၊အောက်ဆင်းမယ်နဲ့ ဓါတ်လှေကားခလုတ်လေးတွေကနေ့တိုင်းအလုပ်လုပ်ရပါတယ်။ အထပ်တိုင်းမှာ လူရှိ၊ရုံးခန်းတွေရှိနေတော့ ခလုတ်တိုင်းကို ထိတွေ့သူအများကြီးပေါ့။ မမြင်ရပေမယ့် ဒီခလုတ်တွေမှာရောဂါပိုးမွှားတွေလည်း အများကြီးရှိနေမှာပါ။ တံခါးလက်ကိုင် အလုပ်လာတက်တဲ့လူတိုင်း ရုံးခန်းထဲဝင်ချင်ရင် တံခါးလက်ကိုင်ကို ထိရကိုင်ရမှာပဲ။ လူတွေများလေရောဂါပိုးမွှား၊ […]


အင်းဆက်မှတဆင့် ကူးစက်သော ရောဂါများ

ခြင်အကြောင်း သိကောင်းစရာများ ။ ။

ခြင်ကိုက်တယ် ြခင်ကိုက်တယ်နဲ့ ခြင်ထောင်တွေ ထောင်အိပ်ကြ၊ ခြင်ဆေးခွေတွထွန်း၊ ခြင်ဆေးတွေဖျန်းကြ၊ ခြင်မကိုက်တဲ့လိမ်းဆေးတွေ လိမ်းကြနဲ့ ခြင်နဲ့ စိမ်းတဲ့သူရှိမယ်မထင်ပါဘူး။ အကောင်းသေးသလောက် နားနားကပ်အောင်ရင် အမြင်ကပ်စရာကောင်းလောက်အောင် အသံကျယ်တဲ့ခြင်။ ကိုက်လိုက်ရင်လည်း ယားကျန်ခဲ့သလို ရောဂါပိုးတွေလည်း ဖြန့်ဝေတတ်တဲ့ ခြင် ကို လူတိုင်းနီးပါး ရင်းနှီးပြီးသား ဖြစ်ပေမယ့် ခြင် အကြောင်း အတွင်းကျကျ ပိုလေ့လာချင်တဲ့သူတွေ အတွက် ဒီဆောင်ပါးကို ရေးသားရတာ ဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင်ကလည်း ခြင်ဆို အင်မတန်မုန်းပါတယ်။ ။ ခြင်ဆိုတာ ဘာလဲ။ ။ ခြင်( Mosquito ) ဆိုတာ စပိန်စကားကနေ ဆင်းသက်လာပြီး ယင်ကောင်အသေးစားလေးလို့ အဓိပါ္ပယ်ရပါတယ်။ ခြင်မျိုးစိတ်ပေါင်း ထောင်ကျော်လောက်ရှိပြီး မျိုးပွားမှု အင်မတန်မှ မြန်တဲ့ များတဲ့ အကောင်တွေပါ။ မျိုးပွားဖို့အတွက်ကို ထုံးစံအတိုင်း ခြင်မတွေကသာ တာဝန်ယူရပြီး […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

ပျော်ရွှင်စရာ ဆောင်းရာသီလေးဖြစ်စေဖို့

မနက်ခင်းမှာဆောင်းလေအေးလေးမျက်နှာကို ထိတွေ့တိုက်ခတ်မှုက ကဗျာဆန်တယ်နော်။ စိတ်ကြည်နူးစရာလည်းကောင်းပါတယ်။ဆောင်းရဲ့ အငွေ့အသက်က လူကိုပျော်ရွှင်လန်းဆန်းစေပါတယ်။ဆောင်းမနက်ခင်းက အလှအပတရားတွေပြည့်စုံတယ်လို့ တင်စားကြတာတောင်ရှိပါတယ်။ ဒီပျော်ရွှင်စရာကောင်းတဲ့ဆောင်းရာသီကို လန်းဆန်းပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ ဒီဆောင်းပါးလေးကနေ သတိထားရမယ့်အချက်တွေကိုပြောပြမယ်နော်။ ကဲဆောင်းရာသီမှာ ကျန်းမာပျော်ရွှင်ဖို့ ဒါလေးတွေ လိုက်နာပါနော်...... အိပ်ရေးဝဝအိပ်ပါ -ဆောင်းရာသီက အိပ်ကောင်းတာလည်းအမှန်ပဲနော်။ ဒီတော့ အိပ်ပျော်အောင်အိပ်ဖို့တော့လိုမှာပေါ့။ ညဘက်တွေမှာ ဖုန်းသုံးတာ၊ ဂိမ်းဆော့တာတွေလျှော့လို့ အိပ်ရေးဝအောင်အိပ်ပေးပါနော်။ အိပ်ရေးဝဝအိပ်တာက ကိုယ်ခံအားေကာင်းစေတဲ့ အချက်တစ်ခုပေါ့။ တစ်ညကို အနည်းဆုံး အိပ်ချိန် ၆ နာရီကနေ ၈ နာရီအိပ်ပါ။ ရေများများသောက်ပါ -ဆောင်းအေးတာကြောင့်ရေသိပ်မသောက်မိတာမျိုးဖြစ်နိုင်ပါတယ်။ရေသောက်နည်းတဲ့အခါ ခန္ဓါကိုယ်ကရေဓါတ်ဆုံးရှုံးပြီး အသားအရေခြောက်သွေ့တာနဲ့ ခံတွင်းခြောက်တာ၊ မအီမသာဖြစ်တာ၊ခြေကုန်လက်ပန်းကျတာနဲ့ အာရုံမစိုက်နိုင်တာမျိုးတွေခံစားရနိုင်ပါတယ်။ရေအပြင် စွတ်ပြုတ်လိုမျိုးရေဓါတ်ရရှိစေနိုင်တဲ့ အရာတွေကိုသောက်သုံးလို့ရပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ -ဆောင်းအေးလို့ဆိုပြီး တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုမစိုက်တာမျိုးမလုပ်ပါနဲ့။နေ့စဉ် ပုံမှန်ရေချိုးတာမျိုးတော့ မဖြစ်မနေလုပ်ပေးပါ။ ဒါမှ မမြင်ရတဲ့ ဘက်တီးရီးယားတွေကို ကာကွယ်နိုင်မှာပါ။ လက်ဆေးပါ - မမြင်ရတဲ့ ဘက်တီးရီးယားတွေ အများဆုံးရှိနေနိုင်တာက […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

စနစ်တကျလက်ဆေးခြင်းဖြင့် ရောဂါပိုးမွှားတွေကို ကာကွယ်ပါ

လွန်ခဲ့သည့်နှစ်အနည်းငယ်ကစပြီး ရုပ်မြင်သံကြားမှာ ထုတ်လွှင့်နေတတ်တဲ့ လက်ဆေးခြင်းအကြောင်း ပညာပေး ကာတွန်းရုပ်ရှင်လေးကို ကြည့်ဖူးပါသလား။ ဆေးရုံဆေးခန်းတွေမှာ လူနာသွားမေးတဲ့အခါ အထူးကြပ်မတ်ကုသခန်းအဝင်တွေမှာ လက်ဆေးဆပ်ပြာရည်ဘူးလေးတွေ တပ်ဆင်ပေးထားတာ မြင်ဖူးပါသလား။ ဒါဟာ လက်ဆေးခြင်းရဲ့ အရေးပါပုံကို မမေ့ရအောင် သတိပေးနေတာတွေ ဖြစ်ပါတယ်။ အောက်တိုဘာ (၁၅) ရက်နေ့ကိုလည်း Global Hand Washing Day လို့ သတ်မှတ်ထားပါတယ်။ ဘာကြောင့်လက်ဆေးဖို့လိုသလဲ နေ့စဉ်အရာဝတ္တုများကို ထိတွေ့ကိုင်တွယ်နေရတဲ့ လက်ဟာ ဘက်တီးရီးယားနဲ့ တခြားရောဂါပိုးတွေ ကပ်ငြိနေနိုင်ပါတယ်။ သုတေသနစာစောင်တခုမှာ ၁စတုန်းစင်တီမီတာမှာ ဘက်တီးရီးယားပေါင်း ၁၅၀၀ လောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။ လက်ဖျားကနေ တံတောင်ဆစ်အထိဆိုရင် သန်းနဲ့ချီပြီး ရှိနေနိုင်ပါတယ်။ ကလေးငယ်တွေဆိုရင် ညစ်ပေတဲ့အရာတွေကို ထိတွေ့ကိုင်တွယ်ရာကနေ ပါးစပ်ထဲကို လက်ထည့်တတ်တာကြောင့် ရောဂါပိုးတွေ ဝင်ရောက်နိုင်ပါတယ်။ လက်ကနေတဆင့် ဝင်ရောက်နိုင်တဲ့ ကူးစက်ရောဂါမျိုးစုံကို အထိရောက်ဆုံး၊ ကုန်ကျစရိတ် အသက်သာဆုံးနဲ့ အရိုးရှင်းဆုံး ကာကွယ်တားဆီးပေးနိုင်တဲ့ […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

Weil’s disease (ဝိုင်းလ်ရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်ဝိုင်းလ်ရောဂါ ဆိုတာဘာလဲ။ ဝိုင်းလ်ရောဂါဆိုတာ လပ်တိုစပိုင်ရိုးစစ်ရောဂါရဲ့ ပြင်းထန်အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ ဘက်တီးရီယားရောဂါတစ်မျိုးပါ။ လပ်တိုစပိုင်ရာ ဘက်တီးရီးယားတွေကြောင့်ဖြစ်ရတာပါ။ ဘက်တီးရီးယားကူစက်ခံထားရသော တိရိစ္ဆာန်တို့၏ သွေး၊ ဆီးနဲ့ တစ်ရှုးတို့ဖြင့် ထိတွေ့မိမယ်ဆိုရင် ထိုရောဂါရရှိလာနိုင်ပါတယ်။ အောက်ပါတိရိစ္ဆာန်များ ဖြစ်နိုင်ပါတယ်။ ကျွဲ၊နွား ဝက် ခွေး ကြွက် ရောဂါပိုးကူးစက်ခံထားရတဲ့ ရေ၊မြေတို့ဖြင့် ထိတွေ့မိခြင်းဖြင့်လည်း ရရှိနိုင်ပါတယ်။ လပ်တိုစပိုင်ရိုးစစ်က ခေါင်းကိုက်ခြင်း၊ ချမ်းတုန်ခြင်းလိုမျိုး တုပ်ကွေးအပျော့စားလက္ခဏာတွေနဲ့ ဆင်တူပါတယ်။ ကိုယ်တွင်းအင်္ဂါတွေကို ကူးစက်သွားမယ်ဆိုရင် ပိုမိုပြင်းထန်တဲ့ ဓါတ်ပြုမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ယင်းကိုယ်တွင်းအင်္ဂါတွေက အောက်ပါတို့ဖြစ်ပါတယ်။ အသည်း ကျောက်ကပ် အဆုတ် နှလုံး ဦးနှောက် သင့်မှာလပ်တိုစပိုင်ရိုးစစ်ရှိတယ်လို့ တွေ့ရှိလာပြီဆိုရင် ဆရာဝန်က ပဋိဇီဝဆေးတွေနဲ့ ကုသပါလိမ့်မယ်။ ဝိုင်းလ်ရောဂါထိဖြစ်သွားပြီဆိုရင်တော့ ပိုမိုစောင့်ရှောက်မှုလိုတဲ့အတွက်ကြောင့် ဆေးရုံတင်ရနိုင်ပါတယ်။ ဝိုင်းလ်ရောဂါဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဒီရောဂါဟာ အတွေ့ရနည်းပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများဝိုင်းလ်ရောဂါရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ လပ်တိုစပိုင်ရိုးစစ်အပြီး ၁ရက်နေ ၃ရက်အတွင်းမှာ ဝိုင်းလ်ရောဂါရဲ့ လက္ခဏာတွေဖြစ်ပေါ်လာပါတယ်။ ထိခိုက်ခံရတဲ့ ကိုယ်အင်္ဂါတွေပေါ်မူတည်ပြီး ရောဂါလက္ခဏာတွေ […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

Whipple’s disease (ဝှစ်ပယ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်ဝှစ်ပယ်ရောဂါ ဆိုတာဘာလဲ။ ဝှစ်ပယ်ရောဂါဆိုတာ ရှားပါးဘက်တီးရီးယားရောဂါတစ်မျိုးဖြစ်ပြီး ခန္ဓါကိုယ်အနှံ့က စနစ်မျိုးစုံတို့ကို ထိခိုက်ကာ ရောဂါလက္ခဏာအမျိုးမျိုး ရရှိစေပါတယ်။ ခန္ဓါကိုယ်အခြားအစိတ်အပိုင်းများကို မပြန့်နှံ့ခင် အစာအိမ်နဲ့အူလမ်းကြောင်း (အဓိက အူသိမ်)မှာ အများဆုံးဖြစ်ပွားတတ်ပါတယ်။ ဝှစ်ပယ်ရောဂါဆိုတာ ရှားပါးပေမယ့် ဖြစ်ပွားလာရင်တော့ အသက်အန္တရယ်ရှိပါတယ်။ ဝှစ်ပယ်ရောဂါဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဝှစ်ပယ်ရောဂါဟာ တော်တော်ရှားပါးပါတယ်။ အသက်၄၀နဲ့၆၀ကြား လူဖြူယောက်ျားတွေက အခြားလူမျိုးတွေထက် ဖြစ်ပွားနိုင်ခြေများပါတယ်။ ရေချိုမရှိတဲ့နေရာ၊ သန့်ရှင်းမှုမရှိတဲ့နေရာတွေမှာ ဖြစ်ပွားနှုန်းမြင့်မားပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများဝှစ်ပယ်ရောဂါရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ဝှစ်ပယ်ရောဂါက ခန္ဓါကိုယ်ကို အာဟာရဓါတ်တွေ မစုပ်ယူနိုင်အောင် တာဆီးပါတယ်။ ထိုအကြောင်းအရင်းကြောင့် ခန္ဓါကိုယ်အနှံ့ကို ထိခိုက်ပြီး ရောဂါလက္ခဏာမျိုးစုံဖြစ်ပွားလာပါတယ်။ ရောဂါအဆင့်မြင့်လာပြီဆိုရင် အူကနေ အခြားသော ကိုယ်အင်္ဂါတွေကို ပြန်နှံ့သွားပါတယ်။ အောက်ပါတို့ပါဝင်ပါတယ်။ နှလုံး အဆုတ် ဦးနှောက် အဆစ်အမျက် မျက်လုံး ဝှစ်ပယ်ရောဂါရဲ့ အတွေ့ရများဆုံး ရောဂါလက္ခဏာတွေက အောက်ပါတို့ဖြစ်ပါတယ်။ နာတာရှည်အဆစ်နာခြင်း သွေးပါနိုင်သောဝမ်းလျောခြင်း ကိုယ်အလေးချိန်သိသိသာသာကျခြင်း အစာအိမ်တင်းခြင်း၊ အောင့်ခြင်း အမြင်အာရုံကျခြင်း၊ မျက်စိနာခြင်း ဖျားခြင်း ပင်ပန်းနွမ်းနယ်ခြင်း သွေးအားနည်းရောဂါ (သွေးနီဥအရည်အတွက်ကျခြင်း) အောက်ပါရောဂါလက္ခဏာတွေက အတွေ့မများသော်လည်း ရောဂါပိုဆိုးလာပြီဆိုတာကို ပြသပါတယ်။ အရေပြားပုံမှန်ရောင်မဟုတ်သောအကွက်များထခြင်း ပြန်ရည်ဖုရောင်ခြင်း နာတာရှည်ချောင်းဆိုးခြင်း ရင်ဘတ်အောင့်ခြင်း နှလုံးအကာရောင်ခြင်း၊ […]


အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများ

လည်ချောင်းနာပြီး နှာပိတ်နေပြီဆို ပလုပ်ကျင်းပါ

အအေးမိဖျားနာတာနဲ့ရာသီတုပ်ကွေးရောဂါတွေက ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတာပါ။ အအေးမိဖျားနာတဲ့အခါ လည်ချောင်းနာတာ၊ နှာစေးတာ၊နှာခေါင်းပိတ်တာနဲ့ချောင်းဆိုးတာတွေကိုပါခံစားရနိုင်ပါတယ်။ တစ်ခါတလေတုပ်ကွေးဖြစ်တာကလည်း သာမန်အအေးမိဖျားနာတာကြောင့်ဖြစ်တဲ့လက္ခဏာတွေနဲ့ ဆင်တူနေတတ်ပါတယ်။ ဒါပေမယ့် တုပ်ကွေးဖြစ်တဲ့အခါ အပေါ်မှာပြောခဲ့တဲ့လက္ခဏာတွေအပြင် အဖျားတက်တာ၊ခေါင်းကိုက်တာနဲ့ကိုယ်လက်တွေကိုက်ခဲနာကျင်တာမျိုးကိုပါ ခံစားရနိုင်ပါတယ်။ ဒီလိုဝေဒနာတွေခံစားရတဲ့အခါ မဖြစ်မနေဆေးခန်းသွားပြဖို့လိုမလား။ တုပ်ကွေးဖြစ်တဲ့အခါမျိုးမှာတော့ ကိုယ်ကြောင့် အခြားသူတွေကို အဖျားမကူးစေဖို့အတွက်ဆေးခန်းသွားပြလိုက်တာ အကောင်းဆုံးပါ။ ဒါပေမယ့်တော်ရုံအဖျားလောက်ကိုတော့ဆေးသောက်တာ၊အနားယူတာ၊ အာဟာရပြည့်ဝအောင်စားသုံးတာမျိုးလုပ်ပေးပြီး သက်သာအောင်လုပ်ပေးလို့ရပါတယ်။ အအေးမိဖျားနာကင်းဝေးအောင်လုပ်လို့ရတဲ့နောက်ထပ်နည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ ကြိုတင်ကာကွယ်တာပါ။ ဒီနေရာမှာမေးစရာရှိတာက ဘယ်လိုကြိုတင်ကာကွယ်ရမလဲဆိုတာပါ။ အဖျားတာမရှည်စေဘဲ ဖျားနာမှုကင်းဝေးစေမယ့် နည်းလမ်း ဒါကတော့တော်တော်များများ အမှုမဲ့အမှတ်မဲ့ဖြစ်နေကြတဲ့ ဆားရည်နဲ့ပလုပ်ကျင်းတာပါ။ ဆားရည်နဲ့ပလုပ်ကျင်းတာအပြင် အအေးမိဖျားနာတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို ဖယ်ရှားပေးနိုင်တဲ့နောက်ထပ်နည်းလမ်းတစ်မျိုးကတော့ ခံတွင်းသန့်ဆေးရည်အသုံးပြုပြီး အာလုပ်ကျင်းတာပါ။ ဒီနည်းလမ်းကထိရောက်ပါ့မလားလို့တွေးနေလား။ ဒါဆိုရင်အောက်ကို ဆက်ကြည့်လိုက်ပါနော်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ရှင်းပြပေးမယ်နော်။ သိပ္ပံနည်းကျလေ့လာဆန်းစစ်မှုတွေအရရေနွေးထဲမှာ ဆားထည့်ပြီးရောစပ်ထားတဲ့ ဆားရည်နဲ့ပလုပ်ကျင်းတာ၊ ခံတွင်းသန့်ဆေးရည်သုံးပြီး အာလုပ်ကျင်းတာတွေက လည်ချောင်းအတွင်းနံရံမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပြီး အအေးမိတာကို သက်သာအောင်လုပ်ဆောင်ပေးပါတယ်။ အဖျားဝင်ချင်သလိုဖြစ်ကာစမှာ […]


အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများ

ကိုယ့်ဆီကအဖျား ကိုယ့်သားသားမီးမီးလေးတွေဆီ မရောက်သွားအောင် ဒီလိုကာကွယ်ပါ

ဘယ်သူတစ်ဦးတစ်ယောက်မှတော့ ကိုယ့်ကြောင့် ကိုယ်ချစ်ခင်ရတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေဖျားနာတာကိုမြင်ချင်မှာမဟုတ်ပါဘူး။ ကိုယ်တိုင်ဖျားနာလို့ စိတ်ညစ်ပါတယ်ဆိုမှာ ကိုယ့်ကြောင့်သူတို့တွေဖျားရင် အားနာရတဲ့စိတ်ကတော်တော်လေး စိတ်မကောင်းဖြစ်စေတယ်နော်။ ဒီလိုမျိုး အားနာစိတ်မကောင်းဖြစ်ရတာမျိုးမဖြစ်ချင်ဘူးဆိုရင် ဒီအချက်လေးတွေ သိထားဖို့လိုမယ်ထင်တယ်နော်။ ဒါမှ ကိုယ့်ကြောင့် ကိုယ်ချစ်ရတဲ့သူတွေ ဖျားနာမှုခံစားရတာကနေ ကင်းဝေးစေမှာပါ။ ရောဂါပိုးတွေက ဘယ်လိုပြန့်နှံ့တာလဲ အဓိကကတော့ လူတစ်ယောက်ဆီကနေလူတစ်ယောက်ဆီကိုချောင်းဆိုးတာ နှာချေတာတွေကနေတဆင့်ရောဂါပိုးတွေကလေထဲမှာပြန့်နှံ့သွားပြီး ကူးစက်တာပါ။ ဖျားနာနေတဲ့လူချောင်းဆိုး နှာချေမှုကြောင့် ခန္ဓါကိုယ်ြပင်ပကိုရောက်လာတဲ့ရောဂါပိုးတွေကလေထဲကနေတဆင့် လွှင့်သွားပြီး အနီးမှာရှိနေတဲ့သူတွေရဲ့ ပါးစပ်နဲ့နှာခေါင်းတွေဆီကိုရောက်ရှိသွားပြီး ကိုယ်တွင်းကို ကူးစက်ဝင်ရောက်တာပါ။ ရောဂါရှိသူရဲ့ တံတွေး၊ နှာရည်တို့ထိတွေ့ထားတဲ့နေရာတွေကို ထိတွေ့မိမှုကနေတဆင့်လည်း အဖျားကူးစက်နိုင်ပါသေးတယ်။ အအေးမိတုပ်ကွေးြဖစ်စေတဲ့ ဗိုင်းရပ်စ်တွေက တံခါးလက်ကိုင်ဖုတွေ၊ စားပွဲခုံတွေနဲ့ ထိုင်ခုံလိုမျိုးနေရာတွေမှာ ၂ နာရီကြာအထိရှင်သန်နေနိုင်ပါတယ်။ အချို့ဗိုင်းရပ်စ်တွေဆိုရင်ပြင်ပလေထုထဲမှာ အချိန် ၂ နာရီကျော်တဲ့ အထိရှင်သန်နေနိုင်ပါတယ်။ သူတစ်ပါးကို အဖျားမကူးစေဖို့အတွက် ဒါတွေကိုလုပ်ပေးပါ။ လက်တွေကို စင်ကြယ်အောင်ဆေးကြောပေးပါ - လက်ဆေးတာက တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် မဖြစ်မနေလိုအပ်တဲ့ […]


အစားအသောက်မှကူးစက်သောရောဂါများ

အစားအသောက်တွေ မသန့်ရှင်းတဲ့အခါ

စားလိုက်တဲ့အစားအစာတိုင်း သန့်ရှင်းဖို့ဘာကြောင့်အရေးပါတာလဲ။ အစားအစာသန့်ရှင်းဘေးကင်းရေးက ယနေ့ခေတ်ကာလမှာ လူတွေအကြား အများဆုံးပြောဖြစ်နေကြတဲ့ ကိစ္စရပ်တစ်ခုပါ။ ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးဖို့နဲ့ ရောဂါပိုးတွေရဲ့ ရန်ကနေ ကာကွယ်ဖို့အတွက် အစာအာဟာရကတော်တော်လေးအရေးပါပါတယ်။ ဒီအရေးပါတဲ့ အစာအာဟာရကိုဘေးကင်းစိတ်ချရအောင် ဂရုစိုက်ဖို့လိုအပ်မယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ လူတိုင်းအတွက် အရေးပါတဲ့ အစားအစာဘေးကင်းရေးက အစာခြေစနစ်ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတဲ့ ကလေးတွေအတွက်ဆို နှစ်ဆတိုးပြီးတောင် ပိုအရေးကြီးပါသေးတယ်။ ကိုယ်တိုင်အတွက်ရော ကလေးအတွက်ပါ အစားမစားခင်မှာ ဒီအချက်လေးတွေ သတိထားပေးပါ ယနေ့ခေတ်လိုမျိုး မအားမလပ်နိုင်အောင်အလုပ်များလှတဲ့ခေတ်ကာလထဲမှာ ကျန်းမာရေးကိုဂရုစိုက်ဖို့မေ့နေတတ်ကြပါတယ်။ ကျန်းမာရေးကောင်းဖို့ဆိုတာက ကျန်းမာတဲ့အစားအသောက်တွေကို စားသုံးဖို့နဲ့ ဘေးကင်းတဲ့အစားအသောက်တွေကို စားသုံးမိဖို့ လိုပါတယ်။ ဒီတော့အစားအစာစားတဲ့အခါ ဒီအချက်လေးတွေကို သတိထားဖို့ မမေ့ပါနဲ့။ စားသုံးမယ့် အစားအစာက တည့်ရဲ့လား အစားအသောက်ပြင်ဆင်ပုံက သန့်ရှင်းရဲ့လား အစားအစာထဲမှာ အဆိပ်အတောက်ြဖစ်စေနိုင်တဲ့အရာတွေပါနေလား အရောင်ပြောင်းနေလား။ မဖြစ်သင့်တဲ့အရောင်ဖြစ်နေလား။ အနံ့ပြောင်းလဲနေတာမျိုးရှိလား အရသာတစ်ခုခုထူးခြားနေလား (ပုံမှန်မဟုတ်တဲ့အရသာ) မှိုတွေဖြစ်နေလား ရက်လွန်နေလားဆိုတာတွေကိုသေချာစစ်ဆေးပါ။ အစားအစာသန့်ရှင်းမှုအားနည်းရင် ဒီလိုနောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်ပါတယ် အစာအာဟာရက […]


ကိုရိုနာဗိုင်းရပ်စ်

နည်းစနစ်မှန်မှန် လက်ဆေးပြီး ရောဂါတွေကို ကာကွယ်လိုက်ကြရအောင်

အအေးမိဖျားနာမှုကနေ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် အရမ်းထိရောက်တဲ့နည်းလမ်းတစ်ခုရှိပါတယ်။ လူတွေနေ့တိုင်းထိတွေ့နေတဲ့ အလေ့အကျင့်လေးတစ်ခုပါပဲ။ လက်ဆေးဖို့ပါ။ ဖျားနာခြင်းကင်းဝေးပြီး ကျန်းမာနေဖို့အတွက် ဒီရိုးရှင်းတဲ့အလေ့အထလေးက မထင်မှတ်ထားလောက်အောင်ကို အသုံးဝင်ပါတယ်။ လက်ဆေးတာက အအေးမိဖျားနာတာနဲ့ ရောဂါပိုး အမျိုးမျိုးတွေရဲ့ အန္တရာယ်တွေကနေ ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။ လက်ဆေးတာက ကျန်းမာဖို့အတွက် အထောက်အကူပြုတယ်ဆိုတော့ လက်မှန်မှန်ဆေးမယ်လို့ စဉ်းစားနေပြီမှတ်လား။ ဒီနေရာမှာ သတိထားဖို့တစ်ခုကျန်နေပါသေးတယ်။ လက်ဆေးပေမယ့် လက်ဆေးနည်းမမှန်ပြန်ရင်လည်း မထိရောက်ပါဘူး။ ဒီတော့ ဘယ်လိုမှန်မှန်ကန်ကန်နဲ့ လက်ဆေးမလဲဆိုတာကို သိဖို့အတွက် ဒီဆောင်းပါးလေးက ဖော်ပြပေးထားပါတယ်။ လက်ကို ဘယ်လိုဆေးကြောမလဲ လက်ကိုဘယ်လိုများဆေးရမှာလဲရေနဲ့ ဆပ်ပြာနဲ့ဆေးတာပေါ့လို့များပြောချင်နေပြီလား။ မဟုတ်သေးဘူးနော်။သေချာဆေးမိရဲ့လားမေးချင်တာပါ။ ကဲ နည်းစနစ်မှန်မှန်လက်ဆေးရအောင်လား... အရင်ဆုံးလက်ကိုရေနဲ့ဆေးချလိုက်ပါ။ ပြီးရင် ဆပ်ပြာယူပါမယ်။ ဆပ်ပြာတုံးဖြစ်ဖြစ် ။ လက်ဆေးဆပ်ပြာရည်ဖြစ်ဖြစ် ကြိုက်နှစ်သက်ရာနဲ့ဆေးလို့ရပါတယ်။ ပြီးရင်လက်တစ်ခုလုံးကို နှံ့အောင်ပွတ်တိုက်ပေးပါ။ လက်ဖဝါးရော လက်ဖမိုးကိုရောပေါ့။ လက်ချောင်းတစ်ချောင်းချင်းစီကိုသေချာလေးဆေးကြောပေးပါ။ လက်ချောင်းလေးတွေကြားထဲမှာရောဂါပိုးတွေ ကပ်ကျန်မနေစေဖို့ပါ။ ပြီးရင်တော့ လက်သည်းလေးတွေပေါ့။ လက်သည်းအပေါ်ဘက်ရော […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း