ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

နည်းနည်းလေး အေးတာနဲ့ အဖျားဝင်တာကို စိတ်ကုန်နေပြီလား

မိုးစက်လေးတွေ တစ်စက်ချင်းစီကျလာတာကို ကဗျာဆန်ဆန်လေးခံစားရတာ သဘာဝရဲ့တေးသံသာလေးဖြစ်တဲ့ မိုးရေစက်လေးတွေတစ်စက်ချင်းစီကျလာတာကို ခံစားရတာကတော်တော်လေးတော့ မိုက်တယ်နော်။ မိုးရာသီက စိုစွတ်ပေမယ့် စိမ်းလန်းစိုပြည်မှုတွေနဲ့အေးမြလန်းဆန်းမှုတွေကိုခံစားရနိုင် တစ်ခုတည်းသောရာသီပါ။ ဒီလိုကဗျာဆန်တဲ့ရာသီလေးမှာ သဘာဝရဲ့ အရသာကို အပြည့်အဝမခံစားရဘဲ မိုးအေးတာနဲ့ဖျားဖျားနေလို့ စိတ်ညစ်နေပြီလား။ ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြမယ်နော်။ မိုးရာသီနဲ့ ကိုယ်ခံအားစနစ် ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကနေ့စဉ်နဲ့အမျှ ပတ်ဝန်းကျင်က ဘက်တီးရီးယားတွေ ကိုယ်တွင်းကို ဝင်ရောက်ကူးစက်မှုမရှိအောင် တုံ့ပြန်တိုက်ခိုက်ပေးနေတာပါ။ မိုးရာသီလိုမျိုး ပတ်ဝန်းကျင်က စိုစွတ်အေးမြနေချိန်ဆိုရင်ရောဂါပိုးတွေက အခြားအချိန်တွေထက်ပိုပြီး အချိန်ကြာကြာရှင်သန်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားနည်းတဲ့ သူတွေအနေနဲ မိုးရာသီမှာအလွယ်တကူဖျားနာတာပါ။ မိုးရာသီမှာ အလွယ်တကူဖျားနာရတဲ့နောက်ထပ်အကြောင်းအရင်းတစ်ခုက အပြင်မှာမိုးတွေရွာနေတာကြောင့် အပြင်သိပ်မထွက်ဖြစ်ဘဲ အခန်းအောင်းနေရတာများနေတာ၊ လူအစုအဝေးနဲ့အနေများတာတွေကြောင့်ရောဂါပိုးတွေက အလွယ်တကူကို ကူးစက်နေတာပါ။ ဒီလိုအခြေအနေမှာ ကိုယ်ခံအားကပုံမှန်ထက်နည်းနေပြီဆိုရင်တော့ရောဂါတွေကို ခုခံဖို့ကမဖြစ်နိုင်တော့ဘူးလေနော်။ ဖျားနာခြင်းကင်းစင်တဲ့ မိုးရာသီလေးပိုင်ဆိုင်ဖို့ဆိုရင် သွားလေရာကို ထီးယူသွားပါ- မိုးရာသီမှာ အပြင်သွားတဲ့အခါတိုင်း ထီးလေးတော့ယူသွားဖို့လိုပါမယ်။ ဒါမှမိုးရေစိုတာကနေကာကွယ်နိုင်မှာပါ။ မိုးရွာချလာတဲ့အခါ ခန္ဓါကိုယ်ကို […]


ကိုရိုနာဗိုင်းရပ်စ်

ကျန်းမာနေစေဖို့အတွက် သက်တော်စောင့်တစ်ယောက်

Nasal spray (နှာခေါင်းဖြန်းဆေး) က သင့်ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေရှိသလဲ အအေးမိလို့ နှာစေးနှာပိတ်ြဖစ်နေပြီလား။မြန်မြန်သက်သာစေမယ့်နည်းလမ်းရှိပါတယ်။ ဒီနည်းက လူသိနည်းပါသေးတယ်။ ဒါကတော့ အအေးမိဖျားနာတာနဲ့ နှာစေးနှာပိတ်တာကို အမြန်သက်သာစေတဲ့ Nasal Sprayကိုအသုံးပြုဖို့ပေါ့။ ဒီဆောင်းပါးလေးထဲမှာ Nasal sprayလေးရဲ့ ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေရှိလဲဆိုတာကို ပြောပြပေးမယ်နော်။ Nasal Spray ရဲ့ အသုံးဝင်ပုံက nasal sprayတွေက အအေးမိဖျားနာတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကိုချေမှုန်းပေးသလို နှာစေးနှာပိတ်တာတွေကို သက်သာစေနိုင်ပါတယ်။ နှာခေါင်းက အသက်ရှုမဝလောက်အောင်ပိတ်နေပြီဆိုရင်လည်း nasal spray သုံးပေးလို့ရပါတယ်။ နှာခေါင်းတွင်းမှာ အစိုဓါတ်ထိန်းပေးပြီး နှာခေါင်းထဲမှာ ပိတ်နေတဲ့ ချွဲတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ အသက်ရှုရအဆင်ပြေစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ Nasal Spray အမျိုးအစားတွေက Nasal spray အမျိုးမျိုးရှိပါတယ်။ Decongestants -ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ရပါတယ်။ နှာခေါင်းပိတ်တာကို သက်သာစေနိုင်ပါတယ်။ အအေးမိဖျားနာတာနဲ့ ဓါတ်မတည့်မှုေကြာင့်ဖြစ်တဲ့ နှာခေါင်းပိတ်တာကို သက်သာစေနိုင်ပါတယ်။ Salt-water solutions -ဒီ […]


တိုက်ဖွိုက် (အူရောင်ငန်းဖျား)

ရေကြီးခြင်းနဲ့အတူ မခေါ်ဘဲ ရောက်ရှိလာတတ်တဲ့ ဧည့်သည်တွေအကြောင်း

မိုးရွာရင် ရေကြီးတတ်တာ သဘာဝပါ။ ရေကြီးတာ က လူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ထိခိုက်စေနိုင်သလို ဘာမှမဖြစ်ဘူးဆိုရင်တောင်မှ ကျန်းမာရေးပြဿနာလေးတွေ အနည်းနဲ့ အများတော့ ကြုံရတတ်ပါတယ်။ ဒီတော့ ရေကြီးရင် ဘာကျန်းမာရေး ပြဿနာတွေနဲ့ ကြုံနိုင်လဲ။ ဘယ်လိုကာကွယ်ကြမလဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ပြောပြထားပါတယ်။ ရေကြီးခြင်းနဲ့အတူ မခေါ်ဘဲ ရောက်ရှိလာတတ်တဲ့ ဧည့်သည်တွေအကြောင်း ရေကြီးခြင်းနဲ့အတူ မခေါ်ဘဲ ရောက်ရှိလာတတ်တဲ့ ဧည့်သည်တွေက တစ်ယောက်နှစ်ယောက်မကပါဘူး။ ရေကြီးပြီဆိုရင် အခုလို ရောဂါတွေ ခံစားရနိုင်ပါတယ်။ ၁။ Leptospirosis ဒီရောဂါဟာ တိရစ္ဆာန်တွေဆီက ကူးစက်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ကြွက်၊နွား၊ကျွဲစတဲ့ သတ္တဝါတွေရဲ့ 'ဆီး'ထဲမှာ ရှင်သန်နေထိုင်တဲ့ Leptospira ဘက်တီးရီးယားကြောင့် ဖြစ်ပွားရပါတယ်။ ရေထဲမှာ အချိန်ကြာမြင့်စွာ နေထိုင်သွားလာရတဲ့အခါ အဆိုပါ ဘက်တီးရီးယားဟာ သင့်အရေပြားကို ဖောက်ပြီး ခန္ဓာကိုယ်ထဲ ဝင်ရောက်လာနိုင်ပါတယ် (သင့်အရေပြားမှာ ပေါက်ပြဲဒဏ်ရာရှိစရာမလိုပါဘူး။ […]


အင်းဆက်မှတဆင့် ကူးစက်သော ရောဂါများ

ဂျပန်ဦးနှောက်ရောင်ရောဂါ အကြောင်း သိသင့်သမျှ

ဂျပန်ဦးနှောက်ရောင်ရောဂါဆိုတာ ဘာလဲ ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese encephalitis) ဆိုတာ Culex ဆိုတဲ့ ခြင်မှတဆင့် ကူးစက်ပြန့်ပွားနိုင်ပြီး ဦးနှောက်တွင်းရောဂါပိုးပျံ့နှံ့စေတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ အရှေ့တောင်အာရှ၊ ပစိဖိတ်ကျွန်းတွေနဲ့ ကမ္ဘာ့ အရှေ့ဖျားနိုင်ငံတွေရဲ့ကျေးလက်ဒေသတွေအတွင်း ကလေးတွေမှာ အဖြစ်များဆုံးရောဂါလည်းဖြစ်ပါတယ်။ ဦးနှောက်တစ်ရှူးများရောင်ရမ်းပျက်စီးခြင်းကို ဖြစ်စေနိုင်တဲ့ ဒီရောဂါဟာ ကုသနိုင်တဲ့ဆေးဝါး မရှိသေးဘဲ ပြင်းထန်တဲ့ကူးစက်မှုတွေမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်စေပြီး ထိရောက်စွာ ကုသမှုမရှိရင် အသက်ဆုံးရှုံးရတဲ့အထိ အန္တရာယ်ပေးနိုင်ပါတယ်။ အသက်ဆုံးရှုံးမှုမရှိဘဲ ပြန်ကောင်းလာတဲ့ လူနာတွေမှာလည်း တစ်ဝက်ခန့်က နားလေးခြင်း၊ မျက်စိကွယ်ခြင်း၊ ကိုယ်လက်မသန်စွမ်းခြင်း၊ ဉာဏ်ရည်နိမ့်ကျခြင်း၊ စိတ်မူမမှန်ခြင်းစတဲ့ နောက်ဆက်တွဲတွေခံစားရနိုင်ပါတယ်။ ဒီဗိုင်းရပ်စ်ကို ဝက်၊ ငှက်၊ ခို၊ ဘဲ၊ လင်းနို့တို့မှာ တွေ့ရပြီး သူတို့ကိုကိုက်ခဲ့တဲ့ ခြင်ကတဆင့် လူနဲ့ နို့တိုက်သတ္တဝါတွေဆီ ပြန်ကူးစက်တာဖြစ်ပါတယ်။ ဒါ့ကြောင့် ဝက်မွေးမြူရေးနဲ့ စပါးစိုက်ခင်းတွေရှိတဲ့ ကျေးလက်ဒေသတွေမှာ ပိုအဖြစ်များတာပါ။ လူကလူကို တိုက်ရိုက်မကူးစက်နိုင်ပါဘူး။ ရောဂါလက္ခဏာများ ဂျပန်ဦးနှောက်ရောင်ရောဂါပိုးကူးစက်ခံရသူဟာ […]


ကူးစက်ရောဂါများ

ခြင်ကတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေအန္တရာယ်ကနေ သင့်ကလေးကို ဘယ်လိုကာကွယ်မလဲ

မိဘရယ်လို့ဖြစ်လာပြီဆိုရင် သားသမီးတွေကိုစောင့်ရှောက်ပျိုးထောင်ရတာ တကယ်ကိုစိန်ခေါ်မှုကြီးမားတဲ့အလုပ်ပါ။ ကလေးရဲ့ဖွံ့ဖြိုးမှု၊ ကျန်းမာမှု၊ သွက်လက်ထက်မြက်မှု၊ သိတတ်မှု အရာရာတိုင်းက မိဘတွေရဲ့တာဝန်ပဲလေ။ ကလေးကိုစောင့်ရှောက်တဲ့နေရာမှာ တစ်ချက်မှ သတိလွတ်လို့မရတာ လုပ်ငန်းကြီးတစ်ခုဦးဆောင်နေတာထက် ပိုတာဝန်ကြီးပါတယ်။ ဒါပေမယ့် ကျန်တာတွေ လိုလေသေးမရှိစောင့်ရှောက်ထောက်ပံ့ပေးထားပါလျက်နဲ့ အရေးကြီးတဲ့အချက်တစ်ခုကို မေ့လျော့နေတတ်ပါတယ်။ ခြင်အန္တရာယ်ဂရုစိုက်ဖို့ပါ။ တစ်ခုခုကိုအာရုံစိုက်နေရင် ကျန်တာဘာမှမသိတတ်တဲ့ ကလေးတွေကို ခြင်ကရတဲ့ရောဂါတွေ မကူးစက်စေဖို့ ကြိုတင်ကာကွယ်ပေးရမှာ မဖြစ်မနေအရေးကြီးပါတယ်။ ခြင်ကိုက်ခံရတာနဲ့ အသက်အရွယ်မရွေးကို အန္တရာယ်ကြီးတဲ့ရောဂါတွေ ကူးစက်ခံရနိုင်တယ်ဆိုပေမယ့် ကလေးတွေကို ပိုကိုက်ခံရတတ်ပါတယ်။ ခြင်ကတဆင့်ကူးစက်ခံရနိုင်တဲ့ရောဂါတွေက အများကြီးရှိတဲ့အထဲက အဖြစ်များတဲ့ရောဂါတွေက - သွေးလွန်တုပ်ကွေး သွေးလွန်တုပ်ကွေးရောဂါက Aedesခြင်တွေကတဆင့် ကူးစက်ရရှိနိုင်တာဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ခံစားရတဲ့ကလေးတွေမှာ အများစုက လက္ခဏာသိပ်မသိသာတတ်ပါဘူး။ အပျော့စားလက္ခဏာတွေဆိုရင် ရိုးရိုးဖျားတာ၊ တုပ်ကွေးတို့နဲ့ဆင်တူနေတတ်ပါတယ်။ ပြင်းထန်လာရင် ခန္ဓာကိုယ်တွင်းသွေးယိုခြင်းကြောင့် အသက်ဆုံးရှုံးရနိုင်တာကြောင့် စောစောသိရှိပြီးကုသနိုင်ဖို့လိုပါတယ်။ Chikungunya (ဆင်တုပ်ကွေး) ဆင်တုပ်ကွေးလို့ ခေါ်ကြတဲ့ Chikungunya ရောဂါဟာလည်း Aedes ကနေပဲ ကူးစက်ရရှိနိုင်တဲ့အမျိုးအစားဖြစ်ပါတယ်။ […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

ရေလွှမ်းမိုးချိန်တွင် အဖြစ်များသော ရောဂါများ

ရေလွှမ်းမိုးချိန်တွင် ကူးစက်တတ်သော ရောဂါများစွာ ဖြစ်ပွားသည်။ အဓိက အမျိုးအစား ၂မျိုးမှာ ရေကြောင့်ကူးစက် သောရောဂါများနှင့် ရောဂါပိုးသယ်ဆောင်သော အကောင် များကြောင့်ကူးစက်သော ရောဂါများ ဖြစ်သည်။   ရေကြောင့်ကူးစက်သော ရောဂါများ ရေလွှမ်းမိုးခြင်းနှင့် ရောဂါပိုးကူးစက်ခြင်းတို့သည် ဆက်စပ်ပုံပေါ်သော်လည်း လူဦးရေ၏ အများစုကို အခြား နေရာသို့ ပြောင်းရွေ့ခြင်း သို့မဟုတ် ရေရင်းမြစ်များ ညစ်ညမ်း သွားခြင်း မရှိပါက အန္တရာယ်ဖြစ်မှု နည်းပါသည်။ ရေလွှမ်းမိုးချိန်တွင် သောက်သုံးရေ ထောက်ပံ့မှုများ ပျက်စီးပြီး ရေကြောင့် ကူးစက်သော ရောဂါများဖြစ်ပွားသည်။ ကံကောင်း သည်မှာ ရေထောက်ပံ့မှုများ ညစ်ညမ်းသွားလျှင်ပင် အာဏာ ပိုင်များက ပြဿနာကို အချိန်မီ သိရှိပြီး အခြားနည်းဖြင့် ရေ ထောက်ပံ့မှု ပေးနိုင်ပါက အန္တရာယ်များကို ထိန်းချုပ်နိုင်သည်။ ရေလွှမ်းမိုးချိန်တွင် ညစ်ညမ်းသောရေဖြင့် တိုက်ရိုက် ထိတွေ့မှုကြောင့် ရေကြောင့်ကူးစက်သော […]


အင်းဆက်မှတဆင့် ကူးစက်သော ရောဂါများ

Japanese Encephalitis (ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Japanese Encephalitis (ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါ) ကဘာလဲ။ ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါဆိုတာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာဖြစ်ပြီး အာရှနဲ့ ပစိဖိတ် အနောက်နိုင်ငံတွေမှာ ဖြစ်တဲ့ ကာကွယ်နိုင်တဲ့ ဦးနှောက်ရောင်ရောဂါတွေထဲမှာ အဖြစ်များဆုံး ဖြစ်ပါတယ်။ အာရှဒေသကို အလယ်လာတဲ့ ခရီးသွားတွေအတွက်ကတော့ ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါ(JE) ကကူးနိုင်ခြေနည်းပြီး ဒါကလည်း ဦးတည်ရာဒေသ, ကြာချိန်နဲ့ ရာသီဥတု, လုပ်ငန်းတွေပေါ်မူတည်ပါတယ်။ JE ဗိုင်းရပ်စ်ဟာ ဝက်နဲ့ငှက်တွေလို ကျောရိုးရှိတွေနဲ့ ခြင်တွေကြားမှာ ကူးစက်ပျံ့နှံ့နေတာဖြစ်ပြီး ကူးစက်ခံနေရတဲ့ ခြင်ကိုက်ရင် လူကိုလည်း ရောဂါရစေတတ်ပါတယ်။ အများစုကတော့ လက္ခဏာပြလေ့မရှိပဲ ပြရင်လည်း အပျော့စားတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အချို့သော ကူးစက်ခံရသူတွေက ဦးနှောက်အမြှေးရောင် ရောဂါအထိဖြစ်ကြပြီး ခေါင်းကိုက်ခြင်း၊ အဖျားကြီးခြင်း၊ မူမမှန်ခြင်း၊ မေ့မြောခြင်း၊ လက်ခြေတုန်ခြင်း နဲ့ တက်ခြင်း စတဲ့လက္ခဏာတွေ ခံစားရပါတယ်။ ဖြစ်သူလေးယောက်မှာ တစ်ယောက်နှုန်း သေဆုံးနိုင်ခြေရှိပါတယ်။ ပြီးတော့ […]


သွေးလွန်တုပ်ကွေး

သွေးလွန်တုပ်ကွေးရောဂါ အကြောင်း သင်သိထားသင့်သမျှ

သွေးလွန်တုပ်ကွေးရောဂါ အကြောင်း သင်သိထားသင့်သမျှ သည်းသည်းမည်းမည်း ရွာလိုက်တဲ့ မိုးနဲ့ မိုးရာသီတောင် ရောက်လာပြန်ပြီနော်။ မိုးရာသီက နွေရဲ့ ပူပြင်းတဲ့ဒဏ်ကို သက်သာစေတယ် ဆိုပေမယ့် မိုးရာသီမှာအဖြစ်များတဲ့ ရောဂါတွေရဲ့ ပြဿနာကလည်း ရှိနေတယ်။ ခြင်ကြောင့် ဖြစ်တဲ့ ရောဂါတွေနဲ့ ယင်ကြောင့် ဖြစ်တဲ့ ရောဂါတွေက မဖိတ်ခေါ်ဘဲကို မိုးရာသီနဲ့အတူ လိုက်ပါလာတတ်ပါတယ်။ မိုးရာသီက ပျော်ရွှင်စရာတွေ စိတ်ကြည်နူးစရာတွေနဲ့ ပြည့်စုံနေတဲ့ ရာသီပါ။ ဒီလိုမျိုး ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ရာသီမှာ ကိုယ်တိုင်ရော မိသားစုမှာပါ ရောဂါကင်းပြီး ပျော်ရွှင်ချင်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ။ သွေးလွန်တုပ်ကွေးရောဂါ (Dengue Fever) ဆိုတာ သွေးလွန်တုပ်ကွေးရောဂါ ဆိုတာက ခြင်ကနေတဆင့် ကူးစက်ခံရတဲ့ ရောဂါ တစ်မျိုးပါ။ ကမ္ဘာပေါ်မှာရှိတဲ့ အပူပိုင်းဇုန်နဲ့ သမပိုင်းဇုန်ဒေသတွေမှာ အဖြစ်များပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ဆိုတဲ့ နေရာမှာလည်း"Break-Bone" Fever […]


အင်းဆက်မှတဆင့် ကူးစက်သော ရောဂါများ

ဆင်ခြေထောက်ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

ဆင်ခြေထောက်ရောဂါကိုမြင်ဖူးကြပါသလား။ အနည်းဆုံးတော့ ပညာပေးဗွီဒီယိုတွေ၊ လက်ကမ်းစာစောင်တွေမှာတော့ မြင်တွေ့နိုင်ပါလိမ့်မယ်။ ကြောက်မက်ဖွယ်ဒီရောဂါကြီးက အလှပျက်စေရုံတင်မကဘဲနေ့စဉ်နေထိုင်မှုဘဝမှာပါ ထိခိုက်မှုတွေဖြစ်စေပါတယ်။ ဒီလိုရောဂါဆိုးမျိုးကို ဘယ်သူမှဖြစ်ချင်မှာမဟုတ်ပါဘူး။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး ဆင်ခြေထောက်ရောဂါမဖြစ်အောင် ကာကွယ်လိုက်ပါ။ ဆင်ခြေထောက်ရောဂါဆိုတာ ဆင်ခြေထောက်ရောဂါဆိုတာက ခြေတွေလက်တွေကို အပြင်းအထန်ရောင်ရမ်းစေတဲ့ရောဂါတစ်မျိုးပါ။ခြင်ကနေတဆင့် ကူးစက်တဲ့filarial wormကြောင့် ဆင်ခြေထောက်ရောဂါဖြစ်ရတာပါ။ ဒီရောဂါပိုးက လူ့ခန္ဓာကိုယ်ထဲက ပြန်ရည်ကြောစနစ်အတွင်းမှာရှင်သန်ကြီးထွားကြတာဖြစ်ပြီး သွေးကြောတွေကနေတဆင့် မျိုးပွားပြန့်နှံ့ကြပါတယ်။ ဒီရောဂါပိုးတွေက လူ့ခန္ဓာကိုယ်ထဲမှာ နှစ်ပေါင်းအတော်ကြာရှင်သန်နေထိုင်နိုင်ကြပါတယ်။ ဆင်ခြေထောက်ရောဂါပိုးက ခြေထောက်တွေ၊ လက်တွေကိုပဲ ရောင်ရမ်းကြီးထွားစေတာမဟုတ်ဘဲ မျိုးပွားအင်္ဂါတွေနဲ့ ရင်သားတွေကိုပါရောင်ရမ်းကြီးထွားစေနိုင်ပါတယ်။ ရောဂါခံစားရတဲ့အခါ အရေပြားက အရမ်းထူပြီး မာတောင့်တောင့်နဲ့ ဆင်သားရေလိုမျိုးဖြစ်နေတတ်ပါတယ်။ ဆင်ခြေထောက်ရောဂါက အပူပိုင်းဇုန်နဲ့ သမပိုင်းဇုန်တွေမှာနေထိုင်တဲ့သူတွေမှာ အဖြစ်များပါတယ်။ ရောဂါလက္ခဏာတွေက ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ရောင်ရမ်းပြီး ပုံမှန်အရွယ်ထက်ကြီးထွားလာတာမျိုး မဖြစ်မချင်း ဆင်ခြေထောက်ရောဂါခံစားနေရတယ်ဆိုတာကို မသိနိုင်ပါဘူး။ အရေပြားမှာ အသားမာလို ထူထူကြီးဖြစ်လာပြီး ကြမ်းကြမ်းကြီးဖြစ်နေမယ်။ တစ်ခါတရံရောင်ရမ်းတဲ့နေရာက နာကျင်တာမျိုးတွေတောင် ခံစားရနိုင်ပါတယ်။ ဒါတွေအပြင် အဖျားတက်တာနဲ့ ခန္ဓာကိုယ်မှာ […]


အင်းဆက်မှတဆင့် ကူးစက်သော ရောဂါများ

ငှက်ဖျားရောဂါ အဖြစ်များတဲ့နေရာမှာနေရင် ဘာတွေသိထားရမလဲ။

ငှက်ဖျားရောဂါက လူသားတွေရဲ့ အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့ရောဂါတစ်ခုပါ။ နှစ်စဉ် ကမ္ဘာပေါ်မှာ ငှက်ဖျားရောဂါကြောင့် အသက်ဆုံးရှုံးနေရသူပေါင်း သန်းပေါင်း ဆယ်နဲ့ချီရှိနေပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ငှက်ဖျားရောဂါပိုးရှိနေတဲ့နေရာတွေအများစုရှိနေပါတယ်။ ငှက်ဖျားရောဂါဟာ ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခုဖြစ်တာကြောင့် ငှက်ဖျားရောဂါပိုးရှိတဲ့နေရာမှာနေနေလို့ပဲဖြစ်ဖြစ် ငှက်ဖျားရောဂါပိုးရှိတဲ့နေရာကို သွားရမှာကြောင့်ဖြစ်ဖြစ် အကြောင်းရင်းရှိလာပြီဆိုရင် ဒီထဲမှာဖော်ပြထားတဲ့ ငှက်ဖျားရောဂါအကြောင်းနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တာတွေကို မှတ်သားထားဖို့ လိုအပ်ပါလိမ့်မယ်။ ငှက်ဖျား (Malaria) ဆိုတာ ငှက်ဖျားကရောဂါပိုးကိုသယ်ဆောင်ထားတဲ့ခြင်ကနေတဆင့် လူတွေဆီကိုကူးစက်တဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ရောဂါတစ်မျိုးပါ။ လူတွေမှာငှက်ဖျားရောဂါပိုးဖြစ်စေနိုင်တဲ့ ကပ်ပါးပိုး မျိုးစိတ် ၅ မျိုးရှိပါတယ်။ ငှက်ဖျားက အဖျားရောဂါတစ်မျိုးဖြစ်ပေမယ့်သေချာဂရုစိုက် ကုသတာမျိုးမရှိဘူးဆိုရင် မလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာ တွေတွေ့ကြုံရနိုင်ပါတယ်။ ခြင်ကကိုက်လိုက်တဲ့အခါ ငှက်ဖျားရောဂါပိုးဖြစ်စေတဲ့ ကပ်ပါးပိုးPlasmodiumကသွေးကြောတွေထဲကိုရောက်ရှိသွာပြီးရောဂါဖြစ်ပွား ကူးစက်တာဖြစ်ပါတယ်။ရောဂါပိုးကခန္ဓာကိုယ်ထဲကိုရောက်ရှိသွားချိန်မှာတော့ အသည်းကိုရောက်ရှိသွားပြီး ရှင်သန်ဖို့လုပ်ဆောင်ပါတယ်။ ရက်အတော်ကြာတဲ့အခါမှာတော့ရောဂါပိုးကသွေးကြောတွေထဲကို စတင်ရောက်ရှိပြီးသွေးနီဥဆဲလ်တွေကို စတင်ကူးစက်ပါတော့တယ်။ ငှက်ဖျားရောဂါပိုးရဲ့ လက္ခဏာတွေက သွေးနီဥတွေရောဂါပိုးကူးစက်ခံရပြီး ပေါက်ကွဲပျက်စီးကုန်တာကြောင့်အဓိကဖြစ်ပါတယ်။ ငှက်ဖျားရောဂါပိုးက အပူပိုင်းဇုန်နဲ့သမပိုင်းဇုန်မှာရှင်သန်ပေါက်ဖွားနိုင်ပါတယ်။ ရောဂါလက္ခဏာတွေက ရောဂါပိုးရှိတဲ့ခြင်ကိုက်ခံပြီးရတဲ့အခါ ၇ ရက်ကနေ ၁၀ ရက်အတွင်းမှာရောဂါလက္ခဏာတွေစဖြစ်လာတတ်ပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း