စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စွဲလမ်းမှုပြဿနာများ

အစွဲအလမ်းလွန်စိတ်ဝေဒနာကို ဘယ်လိုဖြေရှင်းမလဲ

Obsessive compulsive disorder (OCD) ဆိုတာစိုးရိမ်ကြောင့်ကြမှုရောဂါတစ်မျိုးဖြစ်ပြီးပြန့်ကြဲနေတဲ့အတွေးတွေကြောင့်မကျေနပ်ခြင်း၊စိတ်ထဲစွဲနေခြင်းအပေါ်မူတည်ပြီးရောဂါသတ်မှတ်ပါတယ်။OCD ကိုဆေးနည်းတွေ၊စိတ်ပညာကုထုံးတွေနဲ့ကုသနိုင်ပါတယ်။ OCD ကိုထိန်းချုပ်ဖို့သင့်ဘာသာသင်အသုံးပြုနိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ အခုပြောပြသွာူမှာကဘယလိုထိန်းချုပ်ရမလဲဆိုတဲ့အချက်လေးတွေပါ။ OCD နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုတီးမိခေါက်မိလေ့လာပါ။   OCD ဆိုတာစိုးရိမ်ကြောင့်ကျခြင်းရောဂါတစ်မျိုးလို့နားလည်ထားခြင်းက OCD ကိုထိန်းချုပ်နိုင်ဖို့ပထမဆုံးခြေလှမ်းပါ။လေ့လာမှုတွေအရလူဦးရေစုစုပေါင်းရဲ့၂ရာခိုင်နှုန်းလောက်ကသူတို့ဘဝရဲ့တစ်ချိန်ချိန်မှာ OCD ကိုခံစားရတာတွေ့ရပါတယ်။ ရောဂါလကဏာတွေကတော့အသက်၁၉ လောက်မှာစပေါ်ပြီးဒါတွေကသင့်ဘဝကိုနည်းအမျိုးမျိုးနဲ့ပြသနာရှာပါလိမ့်မယ်။   သင့်ရဲ့စိုးရိမ်ကြောင့်ကြခြင်းအကြောင်းသင်နားလည်ထားပါ။   ဘယ်အခြေအနေတွေကသင့်ကိုစိုးရိမ်ကြောင့်ကြမှုဖြစ်စေလဲဆိုတာ တွေးကြည့်ပါ။ သင်ကိုယ်တိုင်သင့်ရဲ့အကြောက်တရားကလက်တွေ့မကျမှန်းသိပေမယ့်တကယ်ကြုံလာတဲ့အခါရပ်တန့်လို့မရပါဘူး။ သင့်ကိုစိုးရိမ်ကြောင့်ကြမှုဖြစ်စေတဲ့အတွေးတွေကိုရေးမှတ်ထားပြီးတစ်ခုချင်းစီကိုရှင်းပါ။ သူတို့ကလက်တွေ့ကျတာတွေဘဖြစ်ဖြစ်လက်တွေ့မကျတာတွေဘဖြစ်ဖြစ်အလုပ်ဖြစ်ပါတယ်။ အရင်ကဘာတွေဖြစ်ဖူးလဲဆိုတာတွေစဉ်းစားပြီးဘာကသင့်ကိုစိုးရိမ်ကြောင့်ကြစေလဲရှာကြည့်ပါ။ သင့်ရဲ့အခြေအနေကိုကောက်ချက်ချနိုင်စွမ်းကိုစိန်ခေါ်ပါ။ သင့်ရဲ့အကြောက်တရားတွေကိုတွေးကြည့်ပြီးဒါတွေကလက်တွေ့ကျလား ? ဒါမှမဟုတ်တခြားအချက်တွေနဲ့ရောထွေးပြီးကြောက်တာလား ? သိအောင်လုပ်ပါ။ ဒါ့အပြင်သင့်အတွေးတွေကတိကျလား၊ဒီအတွေးရဲ့မကောင်းတဲ့ဘက်မှာဘာရှိလဲစတာတွေကိုပါစဉ်းစားကြည့်ပါ။ သင့်အကြောက်တရားနဲ့သင်စိန်ခေါ်ပြီးယှဉ်ပြိုင်နေချိန်မှာတခြားအတွေးအသစ်တွေတွေးပြီး အကြောက်တရားကိုအနိုင်ယူပါ။   OCD ကသင့်ဘဝကို နှောင့်ယှက်နေတယ်ဆိုတာလက်ခံပါ။ သင့်ရဲ့စိုးရိမ်ကြောင့်ကြမှုကိုထိန်းချုပ်ဖို့ကလက်ခံတတ်ဖို့ကပထမခြေလှမ်းပါ။ မှတ်စုလေးတစ်ခုဆောင်ထားပါ။ သင့်ကိုစိုးရိမ်ကြောင့်ကျစေတဲ့မလိုချင်တဲ့အတွေးတွေ၊အလိုလိုရောက်လာတဲ့အတွေးတွေကိုရေးမှတ်ထားပါ။ ဒါ့အပြင်ဒီအတွေးတွေကိုတိုက်ထုတ်ဖို့သင်ဘာနည်းလမ်းတွေသုံးလဲဆိုတာကိုလည်းသတိပြုပါ။ သင့်ရဲ့စိတ်အစွဲကြီးမှုကိုတဖြည်းဖြည်းချင်းဖြတ်ပါ။ ဥပမာပြောရရင်သင့်အဝတ်လျှော်စက်ကိုပိတ်ထားလားမပိတ်ထားလားဆိုတာ၁၀ကြိမ်လောက်လှည့်ကြည့်နေမိတယ်ဆိုပါတော့။ ဒါကိုတစ်ဖြည်းဖြည်းနဲ့၈ကြိမ်၅ကြိမ်၃ကြိမ် နောက်ဆုံး၁ကြိမ်ဘဲကြည့်တော့တဲ့ထိကြိုးစားကြည့်ပါ။ တကယ်လို့ OCD ကမသက်သာလာဘူးဆိုရင်ဆရာဝန်ဆီသွားပြီးတခြားဆေးနည်းတွေတောင်းတာဘဖြစ်ဖြစ်စိတ်ဆရာဝန်ဆီသွားပြီးသင့်အခြေအနေနဲ့ကိုက်ညီမယ့်မိမိကိုယ်မိမိကူညီနိုင်မယ့်နည်းလမ်းတွေကိုတောင်းပါ။   သင့်ရဲ့လုပ်ရိုးလုပ်စဉ်တွေကို နှေးကြည့်ပါ။   ဥပမာပြောရရင်သင်တစ်ခုခုကိုထိထားရင်ချက်ချင်းလက်ဆေးရမယ်ဆိုရင်ချက်ချင်းမဆေးသေးဘဲ၁မိနစိ၃မိနစ်၅မိနစ်ကြာအောင် စောင့်ပြီးမှဆေးကြည့်ပါ။ ဒီလိုဘဲအဖြစ်အပျက်တစ်ခုခုနဲ့သင့်ရဲ့လုပ်ရိုးလုပ်စဉ်ကြားကအချိန်ကို နောက်ဆုံးဘာမှမလုပ်ရလဲအဆင်ပြေတဲ့အထိနှေးသွားပါ။ စိတ်စွဲနေတဲ့အတွေးတွေရှိနေတဲ့သူတစ်ဦးချင်းစီကသူတို့ရဲ့ဘဝမှာသက်တောင့်သက်သာမရှိကြပါဘူး။ သင်ဘာဘဲလုပ်လုပ်၊အဆင်ပြေအောင်မလုပ်နိုင်တော့ပါဘူး။ ဒါပေမယ့အကူအညီရှိပါတယ်။ ကုသမှုနဲ့ကိုယ်တိုင်ပြုလုပ်ရတဲ့နည်းလမ်းတွေကသင့်ကို OCD မဖြစ်စေတော့ဘဲပုံမှန်ဘဝကိုပြန်ရစေပါလိမ့်မယ်။         Hello Health Group does not provide […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဝေဒနာကို ဘယ်လိုရင်ဆိုင်ရမလဲ

Stigma ဆိုတာကသင့်မှာသူများနဲ့မတူတဲ့ပင်ကိုလကဏာတွေရှိတဲ့အခါတစ်စုံတစ်ယောက်ကသင့်ကိုမကောင်းတဲ့အမြင်နဲ့ကြည့်ခြင်းကိုဆိုလိုတာပါ။ ကံမကောင်းစွာနဲ့ဘဲစိတ်ကျန်းမာရေးပြသနာရှိနေတဲ့သူတစ်ယောက်ကတခြားသူတွေအပေါ်ကောင်းတဲ့အမြင်နဲ့မကြည့်နိုင်တာ၊ ကောင်းတဲ့စိတ်မထားနိုင်တာကဖြစ်လေ့ရှိပါတယ် Stigma ကခွဲခြားခံရခြင်းကိုဖြစ်စေနိုင်ပါတယ်။ ခွခြားခံရခြင်းကသိသာပါတယ်။ဥပမာ - တစ်စုံတစ်ယောက်ကသင့်ရဲ့စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုအခြေအနေနဲ့ကုသမှုတွေအပေါ်အပျက်သဘောဆန်ဆန်အတွေးအမြင်ရှိခြင်းဘဖြစ်ပါတယ်။ ဒီလိုခွခြားမှုတွေကသိမ်မွေ့နိုင်သလိုတစ်ခါတစ်လေလည်းတမင်ရည်ရွယ်တာမျိုးဖြစ်နိုင်ပါတယ်။ဥပမာ - တစ်စုံတစ်ယောက်ကသင့်ဟာသင့်ရဲ့စိတ်ပိုင်းဆိုင်ရာပြသနာကြောင့်သင်ဟာမတည်ငြိမ်ဘူး၊ဘေးဖြစ်နိုင်တယ်၊ကြမ်းတမ်းနိုင်တယ်လို့ယူဆပြီးသင့်ကိုရှောင်နေတာမျိုးဖြစ်ပါတယ်။ တတစ်ခါတစ်လေမှာသင့်ကိုသင်လည်းဒီလိုထင်မိပါလိမ့်မယ်။   Stigma ရဲ့ဘေးဖြစ်စေနိုင်တဲ့အချက်တွေကတော့ - သူငယ်ချင်း၊ ဆွေမျိုး၊လုပ်ဖော်ကိုင်ဖက်တွေရဲ့နားလည်မှုမရခြင်း။ အကူအညီနဲ့ကုသမှုရှာဖွေဖို့တွန့်ဆုတ်ခြင်း။ အနိုင်ကျင့်ခြင်း၊ရုပ်ပိုင်းဆိုင်ရာစော်ကားခြင်း၊အရှက်ခွခြင်း။ တချို့သောစိန်ခေါ်မှုတွေမှာသင်လုံးဝမနိုင်နိုင်ဘူးလို့စိတ်ထဲစွခြင်း၊သင့်အခြေအနေကိုမတိုးတက်နိုင်လောက်ဘူးလို့စိတ်ထဲစွခြင်း။ အလုပ်ရနိုင်ချေည်းခြင်ူ၊ ကျောင်းဝင်ခွင့်ရနိုင်ချေနည်းခြင်း၊လူမှုရေးလှုပ်ရှားမှုတွေမှာပါဝင်ခွင့်ရနိုင်ချေနည်းခြင်းဒါမှမဟုတ် နေထိုင်ဖို့နေရာရှာဖွေဖို့ခက်ခခြင်း။   အောက်မှာဖော်ပြထားတာက Sigma ကိုထိန်းချုပ်ဖို့နည်းလမ်းတွေပါ။ Stigma ကြောင့်သင့်ကိုယ်သင်သံသယဝင်မှုတွေ၊ရှက်ရွ့မှုတွေမဖြစ်စေပါနဲ့။ သင့်အခြေအနေကသင့်ရဲ့အားနည်းချက်ဖြစ်တယ်ဒါမှမဟုတ်အကူအညီမလိုဘဲသင်ကိုယ်တိုင်ထိန်းချုပ်နိုင်တယ်လို့သင်ယုံကြည်ချင်ယုံကြည်နေပါလိမ့်မယ်။ တကယ်တော့ဒါကမှားပါတယ်။ စိတ်ကျန်းမာရေးဆရာဝန်ရဲ့အကူအညီကုယူုခင်း၊သင့်ရဲ့ပြသနာအကြောင်းကိုသင်ကိုယ်တိုင်သိအောင်လုပ်ပြီးတခြားစိတ်ကျန်းမာရေးပြသနာခံစားနေရတဲ့လူတွေနဲ့ဆက်သွယ်ခြင်းကမိမိကိုယ်ကိုမိမိယုံကြည်မှုပြန်ရပြီးသင့်ကိုယ်သင်မကောင်းမြင်တာကနေလွတ်မြောက်မှာပါ။   သင့်ကိုယ်သင်သီးသန့်ခွဲမထားပါနဲ့။ သင့်ရဲ့စိတ်ကျန်းမာရေးအခြေအနေကိုတစ်စုံတစ်ယောက်ကိုပြောပြသင့်ပါတယ်။ မိသားစုဝင်တွေကိုဖြစ်ဖြစ်၊သူငယ်ချင်းတွေကိုဖြစ်ဖြစ်၊စိတ်ကျန်းမာရေးဆရာဝန်ကိုဖြစ်ဖြစ်၊သင့်အဖွဲ့အစည်းကလူတွေကိုဖြစ်ဖြစ် ပြောပြသင့်ပါတယ်။ သင်ယုံကြည်နိုင်တဲ့၊သင့်ကိုအထောက်အကူပေးနိုင်မယ့်သင့်ကိမဝေဖန်မယ့်သတွေကိုရှာပြီးပြောပြပါ။ အထောက်အကူပြုအဖွဲ့အစည်းထဲပါဝင်ပါ။ အထောက်အကူပြုအဖွဲ့အစည်းကစိတ်ကျန်းမာရေးပြသနာတွေကြုံနေတဲ့သူတွေအတွက်ရွေးချယ်စရာတစ်ခုပါ။ ဒီအထောက်အကူပြုအဖွဲ့အစည်းတွေကပုံစံလေးတွေကွဲနိုင်ပေမယ့်အခြေခံကတော့တူတူပါဘဲ။ တစ်ဦးချင်းစီရဲ့ကြုံနေရတဲ့အတွေ့အကြုံတွေကိုပြောပြပြီးတစ်ဦးချင်းစီကအားပေးနှစ်သိမ့်ပေးပါတယ်။ ကျောင်းမှာလည်းအကူအညီယူပါ။ စိတ်ကျန်းမာရေးအခြေအနေကြောင့် ကျောင်းသားအချင်းချင်းခွခြားဆက်ဆံပြီး သွေဖယ်ထားတာကဥပဒေနဲ့ဆန့်ကျင်ပါယ်။ မူလတန်းကနေ ကောလိပ်အထိဆရာဆရာမတွေက ကျောင်းသားတွေကိုသူတို့အတတ်နိုင်ဆုံးအသင့်တော်ဆုံးနေရာချပေးကြပါတယ်။ ဒါကြောင့်သင့်ဆရာဆရာမတွေနဲ့ ကျောင်းကတာဝန်ရှိသူတွေကိုသင်အကူအညီလိုရင်တောင်းဖို့ဝန်မလေးပါနဲ့။ Stigma ကိုဆန့်ကျင်ပါ။ Support group တွေမှာသင့်ရဲ့အမြင်တွေကိုဝင်ပြောပါ။ အယ်ဒီတာတွေဆီဖြစ်ဖြစ်၊အင်တာနက်မှာဘဖြစ်ဖြစ်ပြောပါ။ ဒီလိုစိတ်ပိုင်းဆိုင်ရာပြသနာတွေကိုရင်ဆိုင်နေရတဲ့သူတွေအတွက်သင့်အမြင်တွေကအကူအညီပေးနိုင်သလိုလူထုကိုလည်းဒီအကြောင်းသတိပြုမိစေပါတယ်။       Hello Health Group does not provide medical […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ချစ်ခင်နှစ်သက်သူကိုဆုံးရှုံးရသော ဝမ်းနည်းပူဆွေးမှုကို ဘယ်လိုရင်ဆိုင်မလဲ

သင်ချစ်တဲတစ်စုံတစ်ယောက်ကိုဆုံးရှုံးရတာကလုံးဝမလွယ်ကူပါဘူး။ ဒီဆုံးရှုံးမှုကြောင့်သင်ပြောင်းလဲသွားနိုင်သလိုဒီဆုံးရှုံးမှုကြောင့်ဘဲသင်ဘယ်လိုဆက်လက်ှငသန်ရမလဲဆိုတာကိုသိနိုင်ပါတယ်။ ဝမ်းနည်းပူဆွေးခြင်းကသင်တစ်စုံတစ်ယောက်သို့မဟုတ်အရေးကြီးတဲ့တစ်စုံတစ်ခုကိုံးရှုံးတဲ့အခါပုံမှန်ဖြစ်လေ့ရှိတဲ့ကျန်းမာတဲတုံ့ပြန်မှုတစ်ခုပါ။ သင်ချစ်တဲ့တစ်စုံတစ်ယောက်ကိုဆုံးရှုံးတဲ့အခါတုန်လှုပ်မှုနဲ့ဝမ်းနည်းပူဆွေးခြင်းကသင့်ကိုလွှမ်းမိုးသွားပါတယ်။ ဒီလိုဆုံးရှုံးတဲ့အခါသင့်စိတ်ခံစားချက်တွေကအဆင့်လိုက်ဖြစ်ပေါ်ပါတယ်။ ဆရာဝန်တွေကဝမ်းနည်းပူဆွေးခြင်းကိုအဆင့်ငါးဆင့်သတ်မှတ်ထားပါတယ်။ ငြင်းကွယ်ခြင်း၊ ဒေါသထွက်ခြင်း၊ထိန်းညှိခြင်း၊စိတ်ဖိစီးခြင်းနဲ့လက်ခံခြင်းတို့ဖြစ်ပါတယ်။ လူတိုင်းကဒီအဆင့်တွေကိုဘဲသူတို့နည်းသူတို့ဟန်နဲ့ကြုံတွေ့ကြရပါတယ်။   လူတိုင်းဟာသူတို့ရဲ့ခံစာူချက်တွေကိုထိန်းချုပ်ပုံချင်းမတူပါဘူး။ အောက်ဖော်ပြပါအကြံပြုချက်တွေကသင့်ခံစားချက်တွေကို ကောင်းစေဖို့နည်းလမ်းတွေပါ။ သတိမှတ်နေပါ - အချိန်တိုင်းဖြစ်ပျက်နေတာတွေကိုဖြစ်ပျက်နေတယ်လို့သတိထားနေပြီးနားခါးလွန်းတဲ့အမှန်တရားကိုလည်းလက်ခံပြီးသင့်ကိုယ်အကူအညီနိုင်ဆုံးဖြစ်မယ့်တုံ့ပြန်မှုနဲ့တုံ့ပြန်ပါ။ တရားထိုင်းခြင်းနဲ့စိတ်ငြိမ်စေတဲ့နည်းလမ်းများဥပမာ - အသက်ရှူသွင်းရှူထုတ်စတဲ့နည်းလမ်းတွေကသင့်ကိုသတိကပ်စေပြီးဝမ်းနဲပူဆွေးခြသ်းတွေနဲ့လွှမ်းမိုးတာမခံရတော့ပါဘူး။   ရင်ဖွင့်ပါ - သင်ခံစားနေရတာတွေကိုအသိအမှတ်ပုခံရခြင်းကသင့်ကိုအများကြီးကူညီပါတယ်။ သင်ဘယ်လိုခံစားနေရလဲဆိုတာတစ်ပါးသူတွေဆီရင်ဖွင့်ပြီးမိမိကိုယ်ကိုအသိအမှတ်ပြုပါ။   စိတ်ရှည်ပါ - သင်ပြန်ကောင်းလာဖို့ကအချိန်ယူရပါတယ်။ သင့်ဝမ်းနည်းပူဆွေးမှုတွေကိုထိန်းချုပ်နေရချိန်မှာဆုံးဖြတ်ချက်ချရတာခက်ပါတယ်။ အကောင်းဆုံးကအရေးကြီးတဲဆုံးဖြတ်ချက်တွေကိုသင်ပုံမှန်ပြန်ဖြစ်တဲ့ထိရွှေ့ထားသင့်ပါတယ်။   သင့်ကိုယ်သင် ပျော်အောင်ထားပါ - ရီမောခြင်းကသင့်ကိုကုသပေးပါလိမ့်မယ်။ ဒါပေမယ့်လည်းငိုတာကလည်အဆင်ပြေပါတယ်။ လူမှုရေးလှုပ်ရှားမှုတွေထဲပါဝင်နိုင်သလောက်ပါဝင်ပါ။   သင့်ကိုယ်သင်ဂရုစိုက်ပါ - ကျန်းမာစွာနေပြီးစားနိုင်သလောက်စားပါ၊ လေ့ကျင့်ခန်းလုပ်နိုင်ရင်လုပ်ပါ။ အရက်နဲ့တခြားမူးရစ်ဆေးတွေကိုရှောင်ပါ။ သူတို့ကသင့်ခံစားချက်တွေကိုထိန်းချုပ်ရာမှာပိုဆိုးစေပါတယ်။   သင့်ကိုနှစ်သိမ့်ပေးမယ့်သူတွေရှာပါ - သင်လိုအပ်နေချိန်မှာသင့်အတွက်ရှိပေးနေတဲ့သူတွေရှိတာသိဖို့အရေးကြီးပါတယ်။ သူငယ်ချင်းတစ်ယောက်ဒါမှမဟုတ်မိသားစုဝင်တစ်ယောက်ဒါမှမဟုတ်ျဆးဘက်ဆိုင်ရာကျွမ်းကျင်သကိုရင်ဖွင့်လိုက်တာကလည်းသင့်ကိုသက်သာစေပါတယ်။ နှစ်သိမ့်ပေးတဲ့အဖွဲ့အစည်းလိုမျိုးကလည်းတစ်ယောက်ချင်းစီရဲ့အတွေ့အကြုံတွေခံစားနေရတာတွေကိုနားလည်ပေးကြတဲ့အတွက် ရွေးချယ်သင့်ပါတယ်တစ်ယောက်ယောက်ကိုဆုံးရှုံးပြီးပူဆွေးနေရတာကရိုလာကိုစတာကိုအပေါ်တက်လိုက် အောက်ဆင်းလိုက်စီးနေရတာနဲ့တူပါတယ်။ သင်ဆုံးရှုံးရတာအတွက်ခံစားရတာကတော်ရုံနဲ့မပျောက်ပါဘူး။ ဒါပေမယ့်အချိန်ကြာလာတာနဲ့ပြန်ကောင်းစပြုလာပါလိမ့်မယ်။ တကယ်လို့သင့်ပူဆွေးမှုကတဖြည်းဖြည်းမပျောက်ဘူးဆိုရင်ကျွမ်းကျင်သူတွေရဲ့အကူအညီတောင်းပါ။     Hello Health Group does not provide medical advice, diagnosis or treatment.


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ကျန်းမာရေးအတွက် လေ့ကျင့်ခန်းများ

စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေက သင့်ရဲ့ဘဝမှာ ဖြစ်နေကျပါ။ လေ့ကျင့်ခန်းတွေရဲ့ ကောင်းကျိုးက စိတ်ဖိစီးမှုပြေလျော့နိုင်ရုံသာမက စိုးရိမ်ကြောင့်ကြမှုတွေ၊ သူတို့နဲ့သက်ဆိုင်တဲ့ စိတ်ရောဂါတွေကိုပါ ဖြစ်မလာအောင် တားဆီးပေးပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာအတွက် ကောင်းကျိုးများ လေ့ကျင့်ခန်းတွေက စိုးရိမ်ကြောင့်ကြမှုနဲ့ စိတ်ဖိစီးမှုကို လျှော့ပေးနိုင်ကြောင်း လေ့လာနေတဲ့ စိတ်ဆရာဝန်တွေက ၁၀မိနစ်လမ်းလျှောက်ခြင်းက ၄၅မိနစ် လေ့ကျင့်ခန်းလုပ်တာနဲ့တောင် ညီမျှနိုင်တယ်လို့ပြောပါတယ်။ တခြားလေ့လာမှုတွေအရ လေ့ကျင့်ခန်းတွေက လူတချို့ရဲ့ စိတ်ဖိစီးမှုကို ချက်ချင်းမြှင့်တင်ပေးတာ တွေ့ရပါတယ်။ ခဏတာ အကျိုးကျေးဇူးတွေအပြင် လမ်းမြန်မြန်လျှောက်ပေးခြင်းနဲ့ တခြားရိုးရှင်းတဲ့ လေ့ကျင့်ခန်းတွေက နာရီတော်တော်ကြာတဲ့အထိ သင့်ကိုကူညီပေးနိုင်ပါတယ်။ ဥပမာပေးရရင် ခေါင်းကိုက်မှုအတွက် အက်စပရင်သောက်ရသလိုမျိုးပေါ့။ လေ့လာမှုတွေအရ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုများတဲ့လူတွေက သာမန်လူတွေထက် စိုးရိမ်ကြောင့်ကြခြင်းနဲ့စိတ်ကျခြင်း ဖြစ်နိုင်ချေနည်းပါတယ်လို့ သက်သေပြနိုင်ခဲ့ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ဦးနှောက်ကို စိတ်ဖိစီးမှုတွေ စိုးရိမ်ကြောင့်ကြမှုတွေကို ပိုမိုထိန်းချုပ်စေနိုင်ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးမှာ ကူညီပေးပါတယ်။ လေ့လာမှုတစ်ခုမှာဆိုရင် လေ့ကျင့်ခန်းမှန်မှန်လုပ်တဲ့သူတွေက ပုံမှန်သူတွေထက် နောက်၅နှစ်အတွင်းစိတ်ဖိစီးမှုနဲ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ဒီဂျားဗူး (Deja Vu)

ဒီဂျားဗူး (déjà vu) ဆိုတာ ဘာလဲ။ သင်အခုလက်ရှိကြုံနေရတဲ့ အဖြစ်အပျက်တခုခုကို အရင်က တွေ့ကြုံခဲ့ရဖူးသလို ခံစားနေရပါသလား။ ဒီလိုမျိုး ထူးထူးဆန်းဆန်းခံစားရခြင်းကို ဒီဂျားဗူး (déjà vu) လို့ခေါ်ပြီး လူအတော်များများ ကြုံတွေ့ရလေ့ ရှိပါတယ်။ဦးနှောက်က မှားယွင်းပြီး ဖန်တီးလိုက်တဲ့ မှတ်ဉာဏ်တွေကြောင့် ဒီလို တွေ့ကြုံရတာလို့ အရင်က ယူဆခဲ့ကြပါတယ်။ အင်္ဂလန်နိုင်ငံ St Andrews တက္ကသိုလ်က ပညာရှင် Akira O’Connor ပြုလုပ်တဲ့ လေ့လာသုတေသန ပြုချက်အသစ်က ပိုပြီးတိကျတဲ့ ဖြေရှင်းချက်ကို ပေးခဲ့ပါတယ်။ ပါဝင်ကူညီပြီး စမ်းသပ်ခံပေးသူတွေကို fMRI ရိုက်ပြီး စစ်ဆေးစမ်းသပ်ချက်အရ ဒီဂျားဗူး (déjà vu) ဖြစ်စဉ်မှာ ဦးနှောက်ရဲ့ အရှေ့ပိုင်း ဧရိယာ(ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းကို လုပ်ပေးတဲ့ ဦးနှောက်ဧရိယာ) ပါဝင်ပတ်သက်မှုရှိတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

လိင်တူစိတ်ဝင်စားသူအဖြစ် ပွင့်ပွင့်လင်းလင်းဘယ်လိုဝန်ခံမလဲ

လိင်တူစိတ်ဝင်စားသူတွေအတွက်တော့ကိုယ့်အနေအထား ကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ဖို့က အကြီးမားဆုံး စိန်ခေါ်မှုအခက်အခဲပါပဲ။ ဒီသတင်းကိုကြားရရင် ကိုယ့်မိသားစုနဲ့အသိမိတ်ဆွေတွေက ဘယ်လိုတုံ့ပြန်လာ လေမလဲဆိုတာ စိုးရိမ်မိတာသဘာဝကျပါတယ်။ လူမှုရေး လောကရဲ့ဝေဖန်ပြောဆိုမှုတွေကို ကြောက်တာနဲ့ပဲ သင့်အနေအထားကို ပြန်ဖုံးကွယ်မိစေပါတယ်။ ဒါပေမယ့် ကိုယ့်အနာဂတ်အတွက် ပြန်စဉ်းစားသင့်ပါတယ်။ ဖွင့်ဟ ဝန်ခံလိုက်တာကပဲ သင့်ရဲ့ချစ်ခင်ရသူတွေအပေါ်မလိမ်ညာ၊ မကွယ်ဝှက်ဘဲ ရိုးရိုးသားသားဆက်ဆံနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။ ဒီလိုဝန်မခံခင်မှာ အရင်ဆုံးလုပ်ရမှာက ကိုယ့်ကိုယ်ကိုယ် နားလည်အောင်လုပ်ဖို့ပါပဲ။ တချို့က အရမ်းငယ်ရွယ်သေးတဲ့အချိန်ကတည်းက ကိုယ့်ရဲ့လိင်အမျိုးအစားကိုသိထားတာတောင် ကိုယ်ဟာ ကျားလား ၊မလား အချိန်ကြာလာတဲ့အမျှ ခံစားချက် ဇဝေဇဝါ ရှုပ်ထွေးနေဆဲ ဖြစ်နေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်သိခြင်းဟာ အပြစ်မကင်းစိတ်၊ ငြင်းပယ်ခံရမှာကြောက်ရွံ့စိတ်တို့လို ကိုယ့်ခံစားချက်တွေ ကို ကျော်ဖြတ်အောင်မြင်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါ တယ်။ ဒီအခြေအနေကို မဖြေရှင်းနိုင်ရင် ဆွေးနွေးတိုင်ပင် လို့ရမယ့်လူကိုရှာပါ။ ကိုယ့်မှာဖြစ်နေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိသူ ပညာရှင်တွေနဲ့ […]


စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

သင့်ရဲ့ စိတ်ခံစားမှု အခြေအနေက အရသာခံနိုင်စွမ်းကို ထိခိုက်စေသလား

သင်ကြိုက်လှပါချည်ရဲ့ဆိုတဲ့ ဒူးရင်းသီးကိတ်ဟာ အရင်ကလောက် ဘာလို့စားလို့မကောင်းတော့တာလဲလို့ တွေးနေမိသလား။ အဲဒီဒူးရင်းသီးကိတ်စားတုန်းက စိတ်ခံစားချက်အခြေအနေကို ပြန်တွေးကြည့်မိသလား။ ဟုတ်ပြီ။ ဒီထင်မြင်ယူဆချက်ဟာ နည်းနည်းခေတ်ရှေ့ပြေးကောင်းပြေးနေလိမ့်မယ်၊ အသစ်ဖြစ်နေလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုအခြေအနေဟာ ရသာအာရုံခံစားမှုအပေါ်ဘယ်လိုနှောင့်ယှက်မှုပေးသလဲဆိုတာ သိရှိနိုင်ဖို့ ကမ္ဘာတဝှမ်းလုံးမှာ လေ့လာသုတေသနပြုနေကြပါပြီ။ ရလဒ်တွေအရ သင်အစာစားတဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့စိတ်ခံစားချက်ဟာ အစားအသောက်ကို အရသာခံနိုင်မှုအပေါ်လွှမ်းမိုးခြယ်လှယ်နေတယ်လို့ ယူဆရပါတယ်။   ကောလိပ်ဘောလုံးပွဲနဲ့ ဆက်စပ်လေ့လာခြင်း Cornell တက္ကသိုလ်က အာဟာရသိပ္ပံပညာရှင်တွေက လေ့လာမှုတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ ဒီလေ့လာမှုကနေ ဘာကိုဖော်ထုတ်ခဲ့သလဲဆိုတော့ လူတွေဟာဝ မ်းနည်းနေတဲ့အချိန် ဒါမှမဟုတ် စိတ်ညစ်နေ၊ ခံစားနေရတဲ့အချိန်တွေမှာ အချိုတွေကို ပိုစားချင်တယ်ဆိုတာပါပဲ။ လေ့လာမှုထဲမှာ သိပ္ပံပညာရှင်တွေဟာ ဘောလုံးအသင်းပရိသတ်တွေကို ရေခဲမုန့်စားခိုင်းပြီး သူတို့ အားပေးတဲ့အသင်းရဲ့ရလဒ်တွေနဲ့ ချိန်ထိုးကြည့်ခဲ့ကြပါတယ်။ ကိုယ်အားပေးတဲ့ အသင်းနိုင်တဲ့အခါ ရေခဲမုန့်ကို ပိုစားလို့ကောင်းပြီး ကိုယ့်အသင်းရှုံးရင် ရေခဲမုန့်ကနည်းနည်းချဉ်တဲ့အရသာကို ခံစားရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် နဂိုကတည်းက […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ရုပ်ရှင်တွေဟာ သင့်ရဲ့ စိတ်ခံစားချက်အပေါ်ဘယ်လိုတွေ သက်ရောက်မှု ရှိနိုင်သလဲ

စိတ်ကျန်းမာရေး အနေအထားကောင်းမွန်တဲ့သူတွေဟာ သူတို့အနေနဲ့ဘာတွေတွေးနေလဲ၊ ဘယ်လိုခံစားနေရလဲ ဒါမှမဟုတ် ဘယ်လိုအမူအကျင့်တွေရှိနေသလဲဆိုတာကို aကာင်းကောင်းသတိထားမိပါတယ်။ ဂရုစိုက်မိပါတယ်။ နေ့စဉ်နေထိုင်မှုဘဝရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ပြဿနာတွေ၊ စိတ်ဖိစီးမှုတွေနဲ့ဘယ်လိုမျိုးလိုက်လျောညီထွေနေရမယ် ဒါမှမဟုတ် ဘယ်လိုဖြေရှင်းကျော်လွှားရမယ်ဆိုတဲ့ မှန်ကန်ကောင်းမွန်ပြီး ကျန်းမာရေးနဲ့သင့်တော်တဲ့နည်းလမ်းတွေကို လေ့လာသိရှိ ကျင့်ကြံနေထိုင်နိုင်ကြပါတယ်။ မိမိကိုယ်ကို တန်ဖိုးထား၊ ယုံကြည်မှုရှိပြီး ပျော်ရွှင်ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးတွေကိုလည်း ပိုင်ဆိုင်ထားကြပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ဘယ်လောက်ပဲ တည်ငြိမ်အေးချမ်းပျော်ရွှင်နေတယ်ဆိုဆို၊ ဘယ်လောက်ပဲစိတ်ခိုင်တယ်ပြောပြော ရုပ်ရှင်ကြည့်ရင်း မျက်ရည်ဝိုင်းလာတာမျိုးတော့ ကြုံဖူးမှာပါပဲ။ ဟုတ်တယ်ဟုတ်။   ရုပ်ရှင်တွေက သင့်ရဲ့စိတ်ခံစားချက်တွေကို ဘယ်လိုပြောင်းလဲစေနိုင်သလဲ။ ဟာသကားကြည့်ရင် ရယ်ရမယ်။ ဒါဟာရှင်းပါတယ်။ ရယ်မောခြင်းဟာ သင့်ကို ပြဿနာတွေရဲ့အဝေးကို(ခဏပဲ ဖြစ်ဖြစ်) ပို့ပေးနိုင်ပြီး သင့်ကိုနေလို့ထိုင်လို့ကောင်းစေပါမယ်။ မေရီလန်းတက္ကသိုလ်က ပြုလုပ်တဲ့ သုတေသနပြုချက်အရ ဟာသကားတွေကြည့်ရင်း ရယ်မောတာဟာ သင့်ရဲ့သွေးကြောတွေကို နှစ်ဆယ့်နှစ်ရာခိုင်နှုန်းလောက် ပိုကျယ်စေတဲ့အတွက် သွေးပေါင်ကျစေတယ်လို့ဆိုပါတယ်။ သရဲကားတွေဟာလည်း သင့်ခန္ဓါကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ အကျိုးသက်ရောက်မှုတွေ ရှိစေပါတယ်။ ထိတ်လန့်ကြောက်ရွံ့စရာ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ရယ်မောခြင်းဟာ အကောင်းဆုံးဆေးတစ်ခွက်လား

ကျွန်တော်တို့ ဘာလို့ရယ်မောကြတာလဲ။ ပျော်လို့ရယ်တာပေါ့၊မဟုတ်ဘူးလား။ စိတ်ကျေနပ်ပျော်ရွှင်တဲ့အခါ၊ဝမ်းသာအားရတဲ့အခါ ကျွန်တော်တို့ရယ်မောတတ်ကြပါတယ်။ အကယ်၍များ ရယ်မောနိုင်တဲ့ စွမ်းရည် လူတွေမှာ မရှိဘူးလို့ တွေးကြည့်လိုက်စမ်းပါ။ တွေးတာနဲ့တင် ပျင်းဖို့ကောင်းနေပါပြီ။ ဖြစ်ကို မဖြစ်နိုင်ပါဘူး။ ရယ်မောခြင်းဟာ ကျွန်တော်တို့ဘဝရဲ့ အစားထိုးလို့မရတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး သူသာမရှိတော့ဘူးဆိုရင် ကျွန်တော်တို့ရဲ့ ဘဝဟာ အရင်ကနဲ့ ဘယ်လိုမှ တူညီနိုင်တော့မှာ မဟုတ်ပါဘူး။ ရယ်မောခြင်းကနေ ပျော်ရွှင်ခြင်းကိုပဲ ပေးတာမဟုတ်ပါဘူး၊တခြားသော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကိုလည်း ပေးနိုင်ပါသေးတယ်။ ရယ်မောခြင်းကြောင့် ရရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေကို မြင်သာအောင် သက်သေပြဖို့ နည်းနည်းခက်ပေမယ့် စိတ်ကျန်းမာရေးအတွက် အကျိုးရှိစေတာကိုတော့ လူတိုင်းသေချာပေါက် ခံစားမိကြမှာပဲ ဖြစ်ပါတယ်။     ရယ်နေတဲ့အချိန်ဆို မငိုဘူးလေ။ ဒီထက်ရှင်းတာတောင် ဒီလောက်မရှင်းဖူးလို့ သင့်အနေနဲ့ တွေးကောင်းတွေးနေပါလိမ့်မယ်။ ဟုတ်ပါတယ်၊ဒါဟာ အခြေခံအကျဆုံး၊အရိုးရှင်းဆုံး အချက်ပါ။ တမျိုးပြန်စဉ်းစားရအောင်။ သင်ငိုနေတဲ့ အချိန်တွေဆိုရင် မရယ်နိုင်ပါဘူး။ အင်းပေါ့လေ ရုတ်တရက် […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ရယ်မောခြင်းက သင့်ကို ပိုကျန်းမာစေသလား

"ရယ်မောခြင်းသည် အသက်ရှည်စေ၏" တဲ့။ စကားပုံလေး လူတိုင်းကြားဖူးမှာပါ။ ပျော်တဲ့အခါ၊စိတ်ထဲမှာ နေလို့ထိုင်လို့ ကောင်းတဲ့အခါ ကျွန်တော်တို့ ရယ်မောတတ်ကြပါတယ်။ ရယ်မောခြင်းဟာ တဦးနဲ့တဦးကို နီးကပ်စေပါတယ်။ ရင်ဘတ်ချင်း နီးစေပါတယ်။ သူစိမ်းတရံဆံတွေနဲ့တောင် ပျော်ပျော်ပါးပါးကြီး အတူတကွ ရယ်မောလို့ ရပါတယ်။ ရယ်မောခြင်းက သင့်ကို ပျော်ရွှင်စေရုံသာမက ကျန်းမာရေးအတွက်လည်း ကောင်းကျိုးတွေ အများကြီး ဖြစ်စေပါတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။   ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေ တကယ်လို့ ကျွန်တော်တို့ရယ်မောနေတဲ့ အချိန်မှာ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ဇီဝဗေဒဖြစ်စဉ်တွေကို လေ့လာကြည့်မယ်ဆိုရင် အင်မတန်အံ့ဩဖွယ်ကောင်းတဲ့ အဖြစ်အပျက်တွေ ခန္ဓါကိုယ်ထဲမှာ ဖြစ်ပေါ်နေတာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ရယ်မောခြင်းဟာ ကြွက်သားတွေကို ပြေလျော့စေပြီး ခန္ဓါကိုယ်ရဲ့ တင်းကြပ်မှုတွေကို သက်သာလျော့ပါးစေပါတယ်။ မကောင်းတဲ့ ဟော်မုန်းတွေ ထွက်ရှိမှုကို နည်းသွားစေပြီး ခုခံအားစနစ်မှာ ပါဝင်တဲ့ ဆဲလ်တွေထုတ်လုပ်မှုကို မြင့်တက်စေပါတယ်။Endorphins ဓါတ်တွေလည်း အများအပြား […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း