စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်းကို ဘယ်လိုရင်ဆိုင်မလဲ

စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာဟာ အနိုင်ကျင့်ခံရတဲ့ သူရဲ့ စိတ်ထဲမှာ အမာရွတ်တသက်လုံးထင်ကျန်ရစ်ခဲ့စေနိုင်ပြီး ကိုယ်ရည်ကိုယ်သွေးကိုပါ ထိခိုက်စေတဲ့အတွက် ဒါဟာ အင်မတန်ဆိုးရွားတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဒါဖြင့် ဒီကိစ္စကို ဘယ်လို ရင်ဆိုင်မလဲ။ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တယ်ဆိုတာ ဘာလဲ။ အောက်ပါအချက်တွေ ပါဝင်ပါတယ်။ နာမည်ဖျက်ပြီး ပြောင်ခေါ်ခြင်း၊သရော်ခြင်း၊လှောင်ခြင်း။ စကားလုံးတွေနဲ့ သင့်ကို ထိခိုက်နာကျင်အောင် လုပ်ခြင်း၊စိတ်ညစ်၊စိတ်ဆင်းရဲအောင် လုပ်ခြင်း။ ခြိမ်းခြောက်ခြင်း။ သင့်ကို စိတ်အားငယ်အောင်၊ ကူတွယ်ရာမဲ့ဖြစ်အောင်၊သိမ်ငယ်အောင် လုပ်ခြင်း။ အဖွဲ့ထဲကနေ ကျဉ်ထားခြင်း၊ အပေါင်းအသင်းမလုပ်ခြင်း။ အကြီးအကျယ် စိတ်ထိခိုက်အောင် လုပ်ခြင်း။ အုပ်စုဖွဲ့အနိုင်ကျင့်ခြင်း။ အရှက်ခွဲခြင်း။ဒီပြဿနာကို ဘယ်လိုရင်ဆိုင်ရမလဲ။ဒါဟာသင့်အပြစ်မဟုတ်ဘူးဆိုတာ နားလည်ပါ။ ဒီလိုအနိုင်ကျင့်ခံရတာဟာ အနိုင်ကျင့်သူတွေရဲ့ အပြစ်မဟုတ်ဘဲ သင့်အပြစ်သာဖြစ်တယ်၊သင့်မှာသာ တာဝန်ရှိတယ်လို့ သင်ခံစားလာရအောင် သူတို့တွေက ပြောပါလိမ့်မယ်၊လုပ်ပါလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်းတော့ ဒါဟာ အနိုင်ကျင့်စော်ကားတဲ့ သူတွေရဲ့အပြစ်သာ ဖြစ်ပါတယ်။ တကယ်လို့ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်တွင်းပဋိပက္ခတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ

တခါတလေကျရင် ကိုယ်ဖြစ်ချင်တာက တမျိုး၊တကယ်တမ်းလက်တွေ့ကျတော့ ဆန့်ကျင်ဖက် လုပ်မိတာမျိုးတွေ ကြုံဖူးပါသလား။ သင့်ရဲ့ အမူအကျင့်/ခံယူချက် စိတ်နေစိတ်ထားတွေဟာ မတည်မငြိမ် ပြောင်းလဲတတ်လွန်းလို့ ကိုယ့်ကိုယ်ကိုတောင် မခန့်မှန်းတတ်တော့အောင် ဖြစ်နေပါသလား။ တည်ငြိမ်အေးချမ်းတဲ့သူတွေဟာ အတွင်းစိတ်သန္တာန် တသမတ်တည်း ရှိပြီး သူတို့ကိုယ်သူတို့ ဘာလုပ်ချင်တယ်၊ ဘာဖြစ်ချင်တယ် ဆိုတာ သိရှိနားလည်ထားသူတွေဖြစ်ပါတယ်။ အချိန်နဲ့ အမျှ ဟိုစိတ်ပြောင်းလိုက်၊ဒီစိတ်ပြောင်းလိုက် ဂနာမငြိမ် ဖြစ်နေကြသူတွေ မဟုတ်ဘဲ တည်တည်ငြိမ်ငြိမ် ရှိကြသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် သင်လိုချင်တဲ့၊ဖြစ်ချင်တဲ့၊မျှော်လင့်တဲ့ လက်တွေ့ဘဝကို အကောင်အထည်ဖော်ဖို့အတွက် ဆိုရင် တသမတ်တည်းရှိပြီး တည်ငြိမ်တဲ့ စိတ်ရှိဖို့ အထူးလိုအပ်ပါတယ်။ ဒီလို စိတ်အနေအထားမျိုးဟာ အရာရာကို ပြီးမြောက်အောင်မြင်နိုင်လောက်တဲ့ စွမ်းအားရှိပြီး ဂယောက်ဂယက်ထနေပြီး မတည်ငြိမ်တဲ့ စိတ်ကတော့ ဘာကိုမှ အကောင်အထည်ပေါ်လာစေမှာ မဟုတ်ပါဘူး။   စိတ်အပြောင်းအလဲမြန်တတ်သူတွေရဲ့ အမူအကျင့် စရိုက်လက္ခဏာများ အတွေးတွေ၊အထင်အမြင်တွေ များလွန်းပြီး […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ဒေါသကို ဘယ်လိုထိန်းချုပ်မလဲ

စိတ်ဆိုးဒေါသထွက်တယ်ဆိုတာ ထူးဆန်းတဲ့အရာတော့မဟုတ်ပါဘူး။ ပုံမှန်စိတ်ခံစားချက်တစ်ခုပါ။ ဒါပေမယ့် တချိန်လုံးစိတ်တိုဒေါသထွက်နေမယ်၊ မချုပ်ထိန်းနိုင်လောက်အောင် ပေါက်ကွဲနေမယ်ဆိုရင်တော့ ပေါင်းသင်းဆက်ဆံရေး၊ကျန်းမာရေး နဲ့ သင့်စိတ်ကျန်းမာရေးအတွက် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။   သင့်ဒေါသကို ချွန်းအုပ်ပါ။ လူတိုင်းစိတ်ဆိုးဒေါသထွက်တတ်ကြတာ အမှန်ပါ။ ဒါပေမယ့် မချုပ်ထိန်းနိုင်ဘဲ ဒေါသအရမ်းကြီးလွန်းတာဟာ သင့်အတွက်ရော၊သင့်ဘေးနားကလူတွေအတွက်ပါ မကောင်းပါဘူး။ဥပမာ သင့်အနေနဲ့ အရမ်းဒေါသကြီးမယ်၊စိတ်မထိန်းနိုင်ဘူးဆိုရင် ခိုက်ရန်ဖြစ်ပွားတာတွေ၊ကားကို မဆင်မခြင် အရမ်းမောင်းတာတွေ ဖြစ်တဲ့အခါ သင်ကိုယ်တိုင်အတွက်ရော၊တခြားလူတွေအတွက်ပါ အန္တရာယ်ရှိပါတယ်။ ဒေါသစိတ်ဆိုတာ လွှတ်ထုတ်ပစ်ရမယ့်အရာ မဟုတ်ပါဘူး။ ချုပ်ထိန်းရမယ့်အရာ ဖြစ်ပါတယ်။ ဒေါသကို ထိန်းချုပ်တယ်ဆိုတာဟာ ခံစားချက်တွေအားလုံးကို ချိုးနှိမ်မြိုချထားဖို့ ဆိုလိုတာ မဟုတ်ဘဲ ဒေါသရဲ့ နောက်ကွယ်က အကြောင်းရာကို နားလည်အောင်ကြိုးစားပြီး မှန်ကန်သင့်တော်တဲ့နည်းနဲ့ ထိန်းထိန်းသိမ်းသိမ်း ဖော်ပြဖို့ပဲ ဖြစ်ပါတယ်။ ဒေါသစိတ်ဟာ သင့်ခန္ဓါကိုယ်ကိုလည်း ထိခိုက်စေပါတယ်။ လေ့လာချက်တွေအရ ဒေါသစိတ်ဟာ လူတွေရဲ့ (အထူးသဖြင့် အမျိုးသားတွေရဲ့) နှလုံးသွေးကြောရောဂါ ဖြစ်ပွားနိုင်ခြေကို […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ငိုကြွေးခြင်း နဲ့ သင့်စိတ်ကျန်းမာရေး

ငိုကြွေးခြင်းဟာ ပျော့ညံ့အားနည်းခြင်းရဲ့ လက္ခဏာလို့ လူအများစုက လက်ခံထားကြပါတယ်။ ဒါဟာ တကယ်ပဲလား။ သုတေသနပြုချက်တွေအရ ငိုကြွေးခြင်းဟာ ကျွန်တော်တို့အတွက် မထင်မှတ်ထားတဲ့ အကျိုးရလာဒ်တွေကို ဖြစ်ပေါ်စေတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ငိုကြွေးခြင်းဟာ မကောင်းတဲ့ ခံစားချက်တွေကို ရှင်းလင်းပစ်လိုက်သလို ဖြစ်တဲ့အပြင် စိတ်ကျန်းမာရေးအတွက် အကျိုးထူးများစွာကိုလည်း ရရှိစေတယ်လို့ ဆိုပါတယ်။   လူတွေ ဘာလို့ငိုရတာလဲ။ ဝမ်းနည်းလို့ပဲ ဖြစ်ဖြစ် ဝမ်းသာလို့ပဲ ဖြစ်ဖြစ် လူတွေ ငိုကြွေးကြပါတယ်။ ဒါကတော့ ကလေးတောင်သိပါတယ်လို့ သင်တွေးကောင်းတွေးနေပါလိမ့်မယ်။ ဟုတ်ပါတယ်။ ဒီထက် ပိုတဲ့အကြောင်းအရာလေးတွေလည်း ရှိနေပါသေးတယ်။ ကျွန်တော်တို့ တင်းထားသမျှအားတွေချွတ်ခြုံကျသွားပြီး လူရောစိတ်ပါ ချုံးချုံးကျသွားတဲ့ အခြေအနေမျိုးတွေ ရှိတတ်ပါတယ်။ဥပမာ ကျွန်တော်တို့ဟာ ဝမ်းနည်းတာ၊နာကျင်ခံစားရတာကြောင့် ငိုကြွေးရလေ့ရှိပေမယ့် တခြားလှပတဲ့ အကြောင်းရာတွေကြောင့်လည်း ငိုရတာမျိုး ရှိတတ်ပါတယ်။ ခံစားချက်တွေ ပွင့်ထွက်သွားတဲ့အခါ၊မချင့်မရဲဖြစ်တဲ့အခါ ဒါမှမဟုတ် အခြားတယောက်ယောက်ရဲ့ အာရုံစိုက်တာ၊ဂရုစိုက်တာကို အရမ်းလိုချင်နေတဲ့ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

စိုးရိမ်ပူပန်မှုတွေကို ဘယ်လိုထိန်းချုပ်မလဲ

စိုးရိမ်ပူပန်လွန်းတာဟာ ထိန်းချုပ်ရ အင်မတန်ခက်ပြီး ကျွန်တော်တို့ရဲ့ နေ့စဉ်နေထိုင်မှုဘဝကို ဆိုးကျိုးတွေအများကြီး ဖြစ်စေပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ပူပန်ကြောင့်ကြမှုတွေ၊စိုးရိမ်မှုတွေကို ဘယ်လိုမျိုး ဖယ်ရှားရှင်းလင်းသင့်သလဲ။ ဒီဆောင်းပါးလေးမှာ စိုးရိမ်ပူပန်ခြင်းကို ဘယ်လိုထိန်းချုပ်ရင်ဆိုင်ရမလဲဆိုတာကို မျှဝေပေးထားပါတယ်။ အပြေးလေ့ကျင့်ခန်း သင့်အနေနဲ့ ဒီအချက်ဟာ တမျိုးပဲလို့ ထင်ကောင်းထင်နေနိုင်ပေမယ့် ကိုယ်လက်လေ့ကျင့်ခန်းတွေလုပ်ပေးခြင်းဟာ စိုးရိမ်ပူပန်မှုကို တကယ်ပဲ ကူညီလျှော့ချပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းတဲ့သူတွေအနေနဲ့လည်း ပြောင်းလဲချိန်တန်ပါပြီ။ ကိုယ်ကောင်းဖို့အတွက်ပဲလေ။ ပြောင်းလဲလိုက်ပါ။ ပျော်ရွှင်တဲ့ဘဝတခုကို ပိုင်ဆိုင်ဖို့ဆိုရင် သင့်အနေနဲ့ ကျန်းမာတဲ့စိတ်နဲ့ ခန္ဓါကို လိုအပ်ပြီး ဒီနှစ်ချက်လုံးကို လေ့ကျင့်ခန်းလုပ်ခြင်းက ပေးစွမ်းနိုင်ပါတယ်။ အပြေးလေ့ကျင့်ခန်းက အကောင်းဆုံး လေ့ကျင့်ခန်းဆိုပေမယ့် တခြားဘာလေ့ကျင့်ခန်းပဲ ဖြစ်ဖြစ် အကျိုးရှိတာ အမှန်ပါပဲ။ ဟုတ်ပြီ၊ဒါဖြင့် မေးစရာတခုရှိတာက လေ့ကျင့်ခန်းလုပ်တာဟာ စိုးရိမ်ပူပန်မှုတွေကို ဘာလို့လျော့ပါးသက်သာစေရတာလဲ။ သင့် စိတ်ကို ဖြေလျှော့ပေးနိုင်တဲ့၊သက်တောင့်သက်သာရှိစေတဲ့ ဓါတ်ပစ္စည်းတွေကို ဦးနှောက်က ထုတ်ပေးစေပါတယ်။ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

အားကစားယှဉ်ပြိုင်ပွဲတွေမှာ သင့်စိတ်ခံစားချက်ကို ဘယ်လိုထိန်းချုပ်မလဲ

အားကစားပွဲတွေဟာ စိတ်အားတက်ကြွမှု၊ ဂုဏ်ယူဝံ့ကြွားမှု၊စိတ်လှုပ်ရှားမှု၊စိတ်ကျေနပ်မှု အစရှိတဲ့ ခံစားမှုတွေကနေ ကြောက်ရွံ့ထိတ်လန့်မှု၊ မချင့်မရဲ ဖြစ်မှု၊ စိတ်ဆိုးဒေါသထွက်မှု၊ တုန်လှုပ်မှုတို့အဖြစ် ခဏအတွင်း ပြောင်းလဲသွားနိုင်ပါတယ်(လေ့ကျင့်ရေးမှာပဲ ဖြစ်ဖြစ်၊တကယ့်ပြိုင်ပွဲကြီးတွေမှာပဲ ဖြစ်ဖြစ်ပေါ့)။ စိတ်ခံစားမှုပုံစံလေးမျိုးရှိပါတယ်။ ဒီပုံစံတွေဟာ အားကစားသမားတွေအနေနဲ့ အားကစားပြိုင်ပွဲတွေမှာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်အရ တုံ့ပြန်လေ့ရှိတဲ့ သဘောသဘာဝတွေအပေါ်မူတည်ပြီး ခွဲခြားထားတာ ဖြစ်ပါတယ်။ အားကစားသမားတွေဟာ ကိုယ်ပိုင်တုံ့ပြန်တဲ့ ပုံစံတွေ ရှိတတ်ကြပြီး တကယ့်အရေးရယ်အကြောင်းရယ် အခြေအနေတွေမှာဆိုရင် ဒီပုံစံအတိုင်းပဲ တသမတ်တည်း တုန့်ပြန်လေ့ရှိကြတာကြောင့် မှန်းဆရလွယ်ကူပါတယ်။   ကြိတ်ဒေါသ သူတို့က ကြိတ်ပြီးဒေါသထွက်နေတတ်ကြတဲ့ အားကစားသမားအမျိုးအစားပါ။ ဒေါသတွေ၊မချင့်မရဲ အားမလိုအားမရ ဖြစ်မှုတွေဟာ ပြိုင်ပွဲတလျှောက်လုံးမှာ စုပုံပြီး တဖြည်းဖြည်းများများလာတတ်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ အပေါ်ယံကြည့်လိုက်ရင် ထိန်းချုပ်နိုင်စွမ်းရှိသူတွေလို့ ထင်စရာပါပဲ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ဒေါသတွေက လွယ်လွယ်နဲ့ထွက်ပေါ်လာလေ့မရှိလို့ ဖြစ်ပါတယ်။ ဒီလိုမျိုး စိတ်နေစိတ်ထားရှိတဲ့ အားကစားသမားတွေဟာ သူတို့အသာရနေသရွေ့၊ ကောင်းကောင်းကစားနိုင်နေသရွေ့ အိုကေပါပဲ။ […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

သတ်သေချင်တဲ့ စိတ်ရိုင်းတွေကို ဘယ်လိုရင်ဆိုင်မလဲ

လူတွေဟာ ကံမကောင်း အကြောင်းမလှစွာနဲ့ ကျဆုံးမှုတွေ၊ရှုံးနိမ့်မှုတွေကို ရင်ဆိုင်ရတတ်ပါတယ်။ ဒီလိုအချိန်တွေမှာ အင်မတန် စိတ်ပျက်အားငယ် မျှော်လင့်ချက်တွေ ကုန်ဆုံးပြီး သတ်သေချင်စိတ်တွေ ပေါ်လာတတ်ပါတယ်။ ဒီလို အခြေအနေမျိုးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။ သတ်သေချင်တဲ့ စိတ်ရိုင်းတွေကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ သတ်သေချင်တဲ့ စိတ်ရိုင်းတွေကို ဘယ်လိုရင်ဆိုင်မလဲ သတ်သေချင်တဲ့ စိတ်ရိုင်းတွေကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတော့ (၁) တတ်ကျွမ်းနားလည်တဲ့သူတွေဆီက အကြံဉာဏ်ကို အမြန်ဆုံးရယူပါ။ သတ်သေချင်တဲ့ အတွေးတွေဟာ အင်မတန် လွှမ်းမိုးလွယ်ပြီး အန္တရာယ်လည်း များတဲ့အတွက် တစ်ယောက်တည်း ကြိတ်ပြီးမရင်ဆိုင်ပါနဲ့။ သင့်မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေကို ရင်ဖွင့်တိုင်ပင် အကူအညီတောင်းပါ။ စိတ်ကျန်းမာရေးပညာရှင်တွေနဲ့ အမြန်ဆုံးဆွေးနွေးပါ။ အကူအညီတောင်းတယ်ဆိုတာ ရှက်စရာ မဟုတ်ပါဖူး။ ဘာလို့လဲဆိုတော့ အကူအညီရှာဖွေတယ်ဆိုတာ သင့်အနေနဲ့ အသက်ရှင်နေထိုင်ချင်သေးတယ် ဆိုတာကိုပြသတာ ဖြစ်တဲ့အတွက် သင်ဟာ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ဝမ်းနည်းတာနဲ့ စိတ်ဓါတ်ကျတာ ဘယ်လိုကွာသလဲ

ဘဝဆိုတာ ပျော်စရာတွေနဲ့ချည်း ပြည့်နေတာမဟုတ်တဲ့အတွက် လူတွေဟာ စိတ်ထိခိုက်ဝမ်းနည်းမှုကို တကွေ့မဟုတ် တကွေ့တော့ ခံစားရတတ်ပါတယ်။ ဝမ်းနည်းကြေကွဲမှု ခံစားရပြီး အချိန်အတိုင်းအတာ တစ်ခုကြာပြီးတဲ့အခါ ကျွန်တော်တို့ဟာ မူလအတိုင်း ပုံမှန်ပြန်ဖြစ်သွားလေ့ ရှိကြပါတယ်။ ဒါပေမယ့် တချို့ဝမ်းနည်းမှုတွေက ပုံမှန်ထက် အချိန်အတော်ကြာကြာ ဆက်ရှိနေတတ်ပြီး သင့်ရဲ့ နေ့စဉ်နေထိုင်မှုဘဝကို နှောင့်ယှက်စပြုလာပါတယ်။ သင့်အနေနဲ့ မအိပ်နိုင်၊မစားနိုင်၊အလုပ်မလုပ်နိုင် ဖြစ်လာပါမယ်။ ရုတ်တရက်ဆိုသလို သင်ဟာ တန်ဖိုးမရှိတော့သလို ခံစားလာရပါမယ်။ ဒါဆိုရင် စိတ်ကျရောဂါဖြစ်ဖို့ နိဒါန်းပျိုးပါပြီ။   စိတ်ကျရောဂါရဲ့ လက္ခဏာများ အတွေ့အများဆုံးလက္ခဏာတွေကတော့- နေရတာ မပျော်တာ။ စိတ်ထဲ ဟာလာဟင်းလင်းကြီး ဖြစ်နေတာ။ အရင်တုန်းက စိတ်ဝင်စားခဲ့၊လုပ်နေရရင် ပျော်နေတဲ့အရာတွေကို စိတ်မဝင်စားတော့တာ၊မလုပ်ချင်တော့တာ။ (ပုံမှန်မဟုတ်ဘဲ) ကိုယ်အလေးချိန်တိုးတာ၊လျော့တာ။ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ ။ အိပ်မပျော်တာ ဒါမှမဟုတ် အရမ်းအိပ်လွန်းတာ။ စိတ်တို၊စိတ်ဆတ်တာ။ ပင်ပန်းနွမ်းနယ်တာ။ တခုခုအပြစ်ရှိသလို […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ဗိုက်ဆာလို့ စိတ်တိုဖူးပါသလား

သင့်အနေနဲ့ ဗိုက်ဆာရင် စိတ်တိုလာတာမျိုးကို ခံစားဖူးပါသလား။ တချို့လူတွေဟာ အစာစားချိန်လွန်သွားတဲ့အထိ စားဖို့အခွင့်မသာသေးရင်၊ဗိုက်ဆာနေရင် အလိုလိုဒေါသတွေထွက်၊စိတ်တိုလာတတ်ကြပါတယ်။ ဒါဟာ လူအတော်များများ ကြုံဖူးတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ရှေးဘိုးဘေးဘီဘင် အစဉ်အဆက်က လက်ဆင့်ကမ်းသယ်ဆောင် ဆင်းသက်လာတဲ့ ဗီဇပဲ ဖြစ်ပါတယ်။ သင်စဉ်းစားကြည့်ပါ။ ဆာလောင်မွတ်သိပ်နေတဲ့ သက်ရှိတစ်ကောင်ကောင်ဟာ သူ့ရှေ့မှာရှိတဲ့ အစာကို ဒေါသတကြီးလုမစားဘဲ သူများစားသွားတာကို ဒီအတိုင်းထိုင်ကြည့်နေမယ်ဆိုရင် အဆိုပါ သက်ရှိမျိုးစိတ်ဟာ များမကြာခင်မှာပဲ မျိုးသုဉ်းပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ ဘာလို့ လူတိုင်းမဖြစ်ဘဲ လူတချို့ကပဲ ဒါမျိုးဖြစ်ရတာလဲ။ ဒီပြဿနာရဲ့ အဖြေက ကျွန်တော်တို့ခန္ဓာကိုယ်မှာ အစာလိုအပ်လာတဲ့အခါ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေပေါ် မူတည်လို့ နေပါတယ်။ ဘာလို့ ဗိုက်ဆာ ရင် စိတ်တိုတတ်တာလဲ။ ဒီဖြစ်စဉ်ရဲ့ အဓိက အကြောင်းရင်းဟာ ဦးနှောက်တွင်းမှာ ရှိတဲ့သကြားဓာတ် ပမာဏအပေါ် မူတည်နေပြီး […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

လူတယောက်ကို ချစ်မိသွားစေတဲ့ အဆင့်ငါးဆင့်ကို သိပ္ပံနည်းကျ ချဉ်းကပ်ခြင်း

"အချစ်" အငိုလွယ်ပေမယ့် အရှိုက်ခက်တယ်ဆိုတဲ့ စာလုံးလေးပါ။"အချစ်ဟာ အင်မတန်ထူးဆန်းတယ်" "အချစ်ဟာ သန့်စင်တယ်" "အချစ်မှာ မျက်စိမရှိဘူး" "တကယ်ဆိုရင် အချစ်ပဲ လိုတယ်" စသဖြင့် လူတွေ ပြောလေ့ရှိကြပေမယ့် အချစ်ဟာ တကယ်တမ်းတော့ ရူးသွပ်မှု၊မတွေးတောနိုင်မှု ဖြစ်ပြီး အင်မတန်မှကို ရှုပ်ထွေးလှပါတယ်။ အချစ်ဆိုတာဟာ လူတယောက်ရဲ့ မျက်စိထဲမှာ ဆွဲဆောင်မှုရှိတာဖြစ်ပြီး လူတိုင်းဟာ ပျော်ရွှင်ချစ်ခင်စွာ နေထိုင်သွားကြသတည်းဆိုတာမျိုးကိုပဲ လိုချင်လေ့ရှိကြပါတယ်။ ခက်တာက ချစ်သူနှစ်ယောက်ဟာ တကယ်ပဲ သက်ထက်ဆုံးတိုင် ပျော်ရွှင်ချစ်ခင်စွာ နေထိုင်သွားကြပါတယ်ဆိုတာက ရုပ်ရှင်ထဲမှာပဲ ရှိပါမယ်။ သိပ္ပံပညာအလိုအရတော့ အချစ်ဆိုတာဟာ အဆင့်ငါးဆင့်ပါဝင်တဲ့ ဖြစ်စဉ်တခုပဲ ဖြစ်ပြီး အခုဆောင်းပါးမှာ အချစ်အကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ ကျိုးကြောင်းဆက်စပ်ညီညွတ်စွာ လေ့လာချဉ်းကပ်သွားမှာပဲ ဖြစ်ပါတယ်။ ကုလားဘုရားပွဲလှည့်သလိုခံစားချက် သူ့ဆီက အကြည့်လေးတချက်၊အပြုံးလေးတပွင့် ဒါမှမဟုတ် နှုတ်ဆက်လိုက်သံလေးတခုက သင့်ရင်ထဲ ကုလားဘုရားပွဲ လှည့်သလို ဒိန်းတပ်တပ် ဖြစ်စေမှာပါ။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း