စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

Mental Retardation (ဉာဏ်ရည်နှောင့်နှေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Mental Retardation (ဉာဏ်ရည်နှောင့်နှေးခြင်း) ကဘာလဲ။ လူတယောက်သည် သာမန်အသိဉာဏ်၊ စိတ်ပိုင်းဆိုင်ရာစွမ်းရည်နှင့် နေ့စဉ်လူနေမှုဘဝတွင် ရှိသင့်ရှိထိုက်သော အရည်အသွေးများ မရှိခြင်းသည် အသိဉာဏ်မစွမ်းခြင်း ခေါ် ဉာဏ်ရည်နှောင့်နှေးခြင်းဖြစ်သည်ဟုဆိုပါသည်။ ဉာဏ်ရည်နှောင့်နှေးခြင်းသူများသည် ပညာရပ်တခုကို ပုံမှန်သူများထက်ကျွမ်းကျင်ရန် ပိုနှေးပါသည်။ ဉာဏ်ရည်နှောင့်နှေးသူများတွင် အနုဆုံးအဆင့်မှ အဆိုးရွားဆုံးအဆင့်ဟူ၍ရှိပါသည်။ အလွမ်ပြင်းထန်သော အဆင့်များသည် မွေးကတည်းက ဉာဏ်နှေးကြောင်းသိရသည်။ သို့သော် အနုစားအဆင့်ရှိသော ကလေးများသည် သူတို့၏အရွယ်အလိုက် ဖွံ့ဖြိုးမှုမှတ်တိုင်များ မရောက်ရှိတော့မှသာ ဉာဏ်နှေးကြောင်းသိရပြီး အများစုသည် ၁၈ နှစ်ခန့်အရွယ်ရောက်မှသာ သိကြသည်။ ဉာဏ်ရည်နှေးသူများသည် အောက်ပါ ၂ချက်တွင်အားနည်းပါသည်။ အသိဉာဏ်ဆိုင်ရာလုပ်ဆောင်မှုများ IQဟုသိကြသောအသိဉာဏ်ဆိုင်ရာလုပ်ဆောင်မှုများတွင် လေ့လာနိုင်စွမ်း၊ အကြောင်းပြချက်များပေးနိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်းနှင့် ပြသနာများ ဖြေရှင်းနိုင်စွမ်းတို့ပါဝင်သည်။ လိုက်လျောညီစွာနေထိုင်ပြုမူတတ်ခြင်း လိုက်လျောညီစွာနေထိုင်ပြုမူတတ်ခြင်းတွင် နေ့စဉ်ဘဝအတွက်လိုအပ်သော ကျွမ်းကျင်မှုများ၊ လူအချင်းချင်း အပြန်အလှန် အဆင်ပြေအောင်ဆက်ဆံမှုများ နှင့် တဦးကို တဦး အပြန်အလှန်ဂရုစိုက်မှုများပါဝင်သည်။ Mental Retardation (ဉာဏ်ရည်နှောင့်နှေးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဉာဏ်ရည်နှောင့်နှေးခြင်းသည် မည်သည့်အရွယ်တွင်မဆိုဖြစ်နိုင်ပါသည်။ ထို့ကြောင့်ဖြစ်နိုင်ချေရှိသော […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Memory Disorders (မှတ်ဉာဏ် မူမမှန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Memory Disorders (မှတ်ဉာဏ် မူမမှန်ခြင်း) ကဘာလဲ။ အာရုံကြော အဖွဲ့အစည်းများကို ထိခိုက်ခြင်းကြောင့် မှတ်ဉာဏ်ထိန်းသိမ်းခြင်း၊ သိုလှောင်ခြင်း နှင့် ပြန်လည် စဉ်းစားခြင်း စသည်တို့ပုံမှန်အတိုင်းမဖြစ်တော့ခြင်းကို မှတ်ဉာဏ် မူမမှန်ခြင်းဖြစ်စဉ်များဟု ခေါ်ပါသည်။ ထိုသို့ဖြစ်ပါက ဆေးကုသမှု မခံယူလျှင် မှတ်ဉာဏ်များ ပို ချွတ်ယွင်းလာစေသည်။ မှတ်ဉာဏ်ဆိုင်ရာ ပြသနာများသည် အသက်ကြီးသောကြောင့် ဖြစ်သည်ချည်းမဟုတ်ပါ။ သို့သော် အသက်ကြီးသောကြောင့် ပုံမှန်ဖြစ်စဉ်အရ မှတ်ဉာဏ်အားနည်းခြင်း နှင့် မှတ်ဉာဏ် မူမမှန်ခြင်းတို့တွင် ကွဲပြားမှုများရှိပါသည်။ အချို့သော မှတ်ဉာဏ်ပြသနာများသည် ကုသနိုင်သော ပြသနာများဖြစ်ကြောင်းတွေ့ရသည်။ Memory Disorders (မှတ်ဉာဏ် မူမမှန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ မှတ်ဉာဏ် မူမမှန်ခြင်းသည် အလွန်အဖြစ်များပြီး အသက်ကြီးသူများတွင် ပို အဖြစ်များပါသည်။ ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ လက္ခဏာများMemory Disorders […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

Stress (ကြောင့်ကြဖိစီးစိတ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Stress (ကြောင့်ကြဖိစီးစိတ်) ကဘာလဲ။ ကြောင့်ကြဖိစီးစိတ်ဟာ အန္တရာယ်ရှိတဲ့အခြေအနေတွေကို သဘာဝအလျောက် စိတ်ပိုင်းဆိုင်ရာအရ၊ ရုပ်ပိုင်းဆိုင်ရာအရ တုံ့ပြန်တဲ့တုံ့ပြန်မှုဖြစ်တယ်။ တနည်းဆိုရရင် မိမိကိုအန္တရာယ်ပြုနိုင်တဲ့ စိုးရိမ်စရာကောင်းတဲ့ အခြေအနေတွေကို ခန္ဓါကိုယ်ရဲ့ တုံ့ပြန်တဲ့ပုံစံလည်းဖြစ်တယ်။ စိုးထိတ်စရာအခြေအနေ ကြုံရတဲ့အခါ ခန္ဓါကိုယ်ကနေ stress hormones လို့နာမည်ပေးထားကြတဲ့ ဟော်မုန်းတွေထုတ်ပါတယ်၊ adrenaline၊ cortisol စသည်တို့ဖြစ်ပြီး ကြုံလာရမယ့် ထိခိုက်မှုကို နိုးကြားသိရှိစေပါတယ်။ နှလုံးခုန်တွေမြန်လာမယ်၊ ကြွက်သားတွေတောင့်တင်း တင်းရင်းလာမယ်၊ သွေးပေါင်ချိန်တွေတက်မယ်၊ အသက်ရှူနှုန်းတွေမြန်မယ်၊ အာရုံတွေပါးလျလာမယ်။ ထိုတုံ့ပြန်မှုအခြေအနေကို တိုက်မလား၊ ပြေးမလား လို့တင်စားခေါ်ဝေါ်ထားကြပါတယ်။ ကြောင့်ကြပူပန်စိတ်ဟာ သင့်ကိုကာကွယ်နိုင်ဖို့ စွမ်းအားတွေလည်း ပေးနိုင်ပါသေးတယ်၊ ထိခိုက်မှုမတိုင်ခင် ဘရိတ်အုတ်ဖို့သတိပေးလိုက်သလိုပေါ့။ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့လည်း ကူညီသေးတယ်။ အလုပ်ကတင်ပြမှုတွေမှာ အာရုံအပြည့်အဝင်စေတယ်၊ ကစားပွဲတစ်ခုမှာ နိုင်ဖို့အားသန်နေစဉ် စိတ်အာရုံတွေအကုန် စူးရှတက်ကြွနေစေတယ်၊ ဒါမှမဟုတ် စာမေးပွဲနီးစဉ် တီဗွီကြည့်နေတာထက် စာကျက်ဖို့အားပေးတာတွေဟာ ကြောင့်ကြစိုးရိမ်စိတ်တွေကြောင့်ဖြစ်တယ်။ ဒါပေမယ့် ထိုကဲ့သို့အကူအညီဖြစ်နိုင်တာတွေထက် ကျော်လွန်ပြီး […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ဘောလုံးပွဲကြည့်တာက ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်မှုရှိသလဲ

ဘောလုံးပွဲကြည့်တာက နေရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာကောင်းကျိုး၊ ဆိုးကျိုးများ နိုင်ငံတကာမှာ အားကစားပွဲစဉ်တွေအများအပြားကျင်းပနေကြပြီး အရင်ကနဲ့မတူဘဲ ကမ္ဘာအရပ်ရပ်မှာယှဉ်ပြိုင်ကစားနေတဲ့ အားကစားပွဲစဉ်တွေကို တီဗွီတွေ၊စမတ်ခ်ဖုန်းတွေ၊ကွန်ပျူတာနဲ့ တက်ဘလက်ခ်တွေကနေတဆင့်လည်းဖမ်းယူကြည့်နိုင်နေပြီဖြစ်ပါတယ်။ အားကစားပွဲတွေကိုကြည့်ရှုအားပေးတာက ကျွန်တော်တို့ကိုနေ့စဉ်တွေ့ကြုံနေရတဲ့ဘဝအခြေအနေတွေထဲကနေ လွတ်မြောက်ခွင့်ရစေနိုင်တဲ့အခွင့်အလမ်းတစ်ရပ်ပါ။   ဘောလုံးပွဲတွေကြည့်ရှု့မှုကနေရရှိနိုင်တဲ့ အကျိုးကျေးဇူးများ ဘောလုံးပွဲကြည့်ရှု့တာက တက်ကြွစေတယ်။ အားကစားသမားတွေက ရယ်ရင်းမောရင်းပြေးရင်းလွှားရင်းယှဉ်ပြိုင်စားနေတာကို ကြည့်ပြီး သူတို့လုပ်နိုင်သလို ငါလည်းလုပ်နိုင်ရမယ်ဆိုတဲ့အတွေးမျိုးရရှိသွားတဲ့အခါ စိတ်အားတက်ကြွမှုကိုရရှိခံစားရမှာဖြစ်ပါတယ်။   အားကစားပွဲတွေအားပေးတာကလေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်စေတယ်။ လေ့လာမှုတစ်ရပ်အရ အားကစားပွဲတွေကို အားစားကွင်းထဲမှာပဲဖြစ်ဖြစ် တီဗွီဖန်သားပြင်ကနေပဲဖြစ်ဖြစ် အားပေးတဲ့အခါ တစေထိုင်နေတာမျိုးမဟုတ်ဘဲ ထရပ်လိုက်၊ခုန်ပေါက်လိုက်၊အော်ဟစ်အားပေးလိုက်၊လက်တွေဝှေ့ရမ်းပြီးအားပေးလိုက်လုပ်နေတာကြောင့် ခန္ဓါကိုယ်ရဲ့ ကယ်လိုရီတွေကိုလောင်ကျွမ်းစေနိုင်ပါတယ်။   အသက်ပိုရှည်စေတယ်။ ဘောလုံးပွဲကို ကွင်းထဲသွားကြည့်ရတာမကြိုက်ဘဲ ဖန်သားပြင်ကနေပဲကြည့်ချင်တဲ့သူမျိုးဆိုရင်တော့ သူငယ်ချင်းတွေနဲ့အတူချိန်းပြီးကြည့် တာက ခိုင်မာတဲ့ဆက်ဆံရေးတစ်ရပ်ကိုထိန်းသိမ်းနိုင်မှာဖြစ်သလို မိမိမိတ်ဆွေသူငယ်ချင်းတွေရော မိမိကိုယ်တိုင်ပါ အသက်ရှည်နိုင်မယ့် အခွင့်အရေး ၅၀ ရာခိုင်နှုန်းလောက်အထိတိုးလာမှာဖြစ်ပါတယ်။ ကင်ဆာရောဂါ၊နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို တိုက်ထုတ်နိုင်စွမ်းကိုလည်း ၂ ဆတိုးစေတဲ့အပြင် တုပ်ကွေးမဖြစ်အောင်လည်းကာကွယ်ပေးနိုင်စွမ်းရှိတယ်၊လို့ Brigham Young တက္ကသိုလ်ရဲ့လေ့လာမှုတစ်ရပ်မှာပါရှိပါတယ်။   စုံတွဲတွေကြားကဆက်ဆံရေးကိုကောင်းမွန်စေတယ်။ သင့်ရဲ့ ချစ်သူကအားကစားဝါသနာပါသူတစ်ဦးဆိုရင် ကိုယ်ကအားကစားဝါသနာမပါရင်တောင်သူကြိုက်တဲ့အသင်းကို သူနဲ့အတူကြည့်ရှု အားပေးပါ။ အချိန်ကြာလာနဲ့အမျှ သင့်အနေနဲ့အားကစားပွဲတွေအကြောင်းနားလည်လာပြီး သူနဲ့ထပ်တူ အားကစားပွဲကိုစိတ်ဝင်စားလာပါလိမ့်မယ်။ မိမိနှစ်သက်တဲ့အသင်းအနိုင်ရတဲ့အခါ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အရှိအတိုင်း လက်ခံခြင်းဖြင့် စိတ်ကို ဘယ်လိုမျှတစေမလဲ

မိမိကိုယ်ကိုလက်ခံခြင်း ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ စွမ်းရည်၊ အကောင်း၊ အဆိုး ကို အမှန်တိုင်း သိမြင်လက်ခံတာဖြစ်ပါတယ်။ ဒီအပိုင်းမှာ ခန္ဓါကိုယ်အနေအထားကို လက်သင့်ခံခြင်း၊ ဝေဖန်မှုတွေအပေါ် တုံပြန်ခြင်းနဲ့ ကိုယ်ရဲ့ အရည်အသွေးအပေါ် ယုံကြည်ခြင်းတို့ ပါဝင်ပါတယ်။     ကိုယ့်ကိုကိုယ် လက်ခံနိုင်စွမ်းရှိဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် ဒီကနေ ပြသနာတွေ ဖန်တီးသလို ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာတွေက သင့်ကို ထိခိုက်စေနိုင်သလို၊ တခြားလူတွေက သင့်ကို ဘယ်လိုမြင်သလဲ၊ ဘယ်လိုဆက်ဆံသလဲ ဆိုတဲ့အပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ အဲဒီပြသနာတွေကတော့ - ကိုယ့်ကိုယ်ကိုယ် လေးစားမှုအားနည်းခြင်း - မိမိကိုယ်ကို လေးစားယုံကြည်မှုနည်းတာကပဲ သင်လိုချင်တာတွေကို ရယူဖို့ အခက်အခဲ ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုကိုယ်ညာခြင်း - ကိုယ့်ကိုကိုယ်လက်မခံဘဲ ကိုယ်မဟုတ်တဲ့တခြားတစ်ခုကို အတင်းပြောင်းဖို့ လုပ်နေရင် မှားနေတာပါပဲ။ ကိုယ့်ဘဝမှာ ကိုယ့်အရှိတရားဖြစ်တဲ့ ကိုယ်ကိုယ်တိုင်ကို လက်မခံရင်တော့ ပြဿနာပါပဲ။ ဝမ်းနည်းမှု - အပေါ်ကနှစ်ချက်ရဲ့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးနေချိန်မှာ စိတ်နဲ့ခန္ဓါအား ငြိမ်းချမ်းစေသောနည်းလမ်းများ

စိတ်ဖိစီးခြင်းဟာ မကုသရင် ကျန်းမာရေးပြဿနာ အတော်များများကို ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ဖြေရှင်းဖို့ နည်းလမ်းကတော့ ကိုယ်တိုင် ကြိုးစားကိုင်တွယ်ဖြေရှင်းခြင်းပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုကို လျှော့ချဖို့ သင့်ရဲ့ စိတ်နဲ့ ခန္ဓါကိုယ်ကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ကြည့်ကြရအောင်။   စိတ်ကို တည်ငြိမ်အောင်ထားပါ။ ပထမဦးစွာ စိတ်ဖိစီးမှုဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်တယ်ဆိုတာကို အာရုံပြုထားပါ။ အောက်ပါအချက်တွေကို ပြုလုပ်နိုင်ပါတယ်။ ပြဿနာတွေကို ချရေးပါ။ အလုပ်၊ စာ၊ မိသားစု၊ သူငယ်ချင်း၊ အချစ် အစရှိတာတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ချရေးပါ။ စိတ်ဖိစီးစေတဲ့ အချက်အလက်တွေအကြောင်းကို ရေးနိုင်ပြီး ဒီအခြေအနေတစ်ခုချင်းစီမှာ ဘယ်လိုခံစားရသလဲဆိုတာပါ ရေးနိုင်ပါတယ်။ ပြီးရင်တော့ စိတ်ဖိစီးမှုကို ဘယ်လိုထိန်းချုပ်မလဲဆိုတာ ရေးနိုင်ပါတယ်။ ဒါဟာ စိတ်ဖိစီးမှုကို ကောင်းစွာ ထိန်းချုပ်နိုင်စေဖို့ သင့်ကို ကူညီပေးနိုင်ပါတယ်။ စိတ်ခံစားချက်တွေကို သိမ်းမထားပါနဲ့။ ဖွင့်ထုတ်ပါ။ ငိုခြင်း၊ ရယ်ခြင်းတွေကို […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ခရီးမသွားခင် ဖြစ်တတ်တဲ့ စိတ်ပူပန်ခြင်းကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းမလဲ

လူ တော်တော်များများဟာ ခရီးမထွက်ခင်မှာ တူညီတဲ့ ခံစားချက်တွေ ရှိကြပါတယ်။ လပေါင်းများစွာ ကြိုတင်ပြီး အစီစဉ်တွေချ၊ မျှော်လင့်ချက်တွေထားပြီး နေလေ့ရှိကြပါတယ်။ တကယ်တမ်း အဲဒီအချိန်လည်း ရောက်လာရော သင့်ရဲ့ ဆုံးဖြတ်ချက်အပေါ် မသေချာ မရေရာတွေဖြစ်ပြီး စိတ်ပူပန်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒါဟာ ပုံမှန်ဖြစ်တတ်တာမျိုး ဖြစ်ပါတယ်။ ခဏခဏ ခရီးသွားနေကြတဲ့ သူတွေတောင် ဒီလို တစ်ယောက်တည်း ခရီးမသွားခင် (သို့) ခရီးရှည် ထွက်ခါနီး စိတ်လှုပ်ရှားမှုကို မရှောင်လွှဲနိုင်ပါဘူး။ ဒါ့ကြောင့် အောက်မှာ ဖော်ပြမယ့် အကြံပေးချက်တွေကို လိုက်နာဖို့ လိုပါတယ်။   ၁။ သင့်ကို စိတ်တည်ငြိမ်စေမယ့် စာသားကို ရှာပါ။ တစ်ခါတစ်ရံမှာ သင်လိုအပ်တာက သင့်ကို အာရုံစိုက်နိုင်စေပြီး၊ တည်ငြိမ်အောင် လုပ်ပေးနိုင်မယ့် ထူးခြားတဲ့ စာသားတကြောင်း ဖြစ်နေနိုင်ပါတယ်။ Matador ဆိုတဲ့ခရီးသွား website တခုက […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ဘယ်အချိန်မှာ ရွှေလက်တွဲဖို့ အသင့်တော်ဆုံးလဲ

လက်ထပ်ဖို့စဉ်းစားနေပြီလား… ဘယ်တော့စားရမှာလဲလို့ ခင်မင်သူတွေကဝိုင်းမေးနေတာ ခဏခဏကြားရတဲ့ ချစ်သူစုံတွဲတွေအတွက်ကတော့ ရွှေလက်တွဲဖို့ အကောင်းဆုံးအချိန်ကို စဉ်းစားရပါပြီ။ တွဲလာတာကြာလာလေ မိဘအသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်က လက်ထပ်ဖို့တွန်းအားပေးတာတိုးလာလေ ဖြစ်ရတာ မြန်မာနိုင်ငံရဲ့ ထုံးစံပါပဲ။ အသက်ငယ်လွန်းရင်လည်း မသင့်တော်၊ အသက်ကြီးသွားမှာလည်းစိုးရိမ်ကြရတဲ့အပြင် အိမ်ထောင်ပြုခြင်း ရဲ့နောက်ဆက်တွဲ ကိစ္စတွေအတွက်လည်း ကြိုတွေးသင့်တာကြောင့် လက်ထပ်သင့်တဲ့အချိန်ကို ရွေးချယ်နိုင်ဖို့ အရေးကြီးပါတယ်။ အသက်ကြီးမှ အိမ်ထောင်ပြုတာက အိမ်ထောင်ပိုခိုင်မြဲစေတယ်လို့ လက်ခံထားကြတာတွေရှိသလို ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ကျတဲ့အခါ ပြန်ကွဲဖို့ဖြစ်နိုင်ခြေများတယ်လို့ ဆိုကြပါတယ်။ အသက် ၂၀ကျော်ဟာ ကျောင်းပြီးလို့ အလုပ်အကိုင်အတည်တကျဖြစ်ချိန် အိမ်ထောင်ပြုဖို့ အကောင်းဆုံးလို့ လူငယ်တချို့နဲ့မိဘတွေကလက်ခံထားကြပါတယ်။ ဆယ်ကျော်သက်အရွယ်တွေဆို အနာဂတ်အတွက်မရေရာသေး၊ ကျောင်းစာနဲ့မိသားစုလောင်းရိပ်အောက်မှာ ရှိနေသေးချိန်ဖြစ်ပြီး ဦးနှောက်အတွေးအမြင်တွေလည်း မဖွံ့ဖြိုးသေးချိန်ဖြစ်တာကြောင့် အသိအမြင်ပြည့်စုံလောက်တဲ့ ၂၀ နဲ့ ၃၀ ကြားအရွယ်ကို အသင့်တော်ဆုံးအဖြစ် ရွေးချယ်ကြပါတယ်။ အရင်ဆုံး ရွှေလက်တွဲဖို့ သင့်တော်တဲ့အသက်အရွယ်မှာရှိနေပြီဆိုရင်တော့ ချစ်သူစုံတွဲတွေအတွက် စဉ်းစားရမယ့်အချက်တွေရှိပါသေးတယ်။   (၁) […]


စွဲလမ်းမှုပြဿနာများ

ဖုန်းများသည် ကလေး၏ စိတ်ပိုင်းဆိုင်ရာကို မည်သို့ထိခိုက်စေနိုင်ပါသနည်း

လက်ကိုင်ဖုန်းများသည် ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးမှုကို မည်သို့သက်ရောက်နိုင်သည်ဆိုသည့် အကြောင်းအရာသည် ကလေးမိဘများ၊ ပညာရှင်များနှင့် သုတေသနပညာရှင်များအတွက် ငြင်းခုံဆွေးနွေးဖွယ်ရာ အချက်တစ်ခုဖြစ်ပါသည်။ သို့သော် လက်ကိုင်ဖုန်းများသည် ယခုခေတ်တွင် အသစ်အဆန်းများဖြစ်ပြီး သက်သေသာဓကများသည်လည်း ခိုင်လုံမှုမရှိပေ။ အရေးကြီးသည်မှာ မိဘများသည် လက်ကိုင်ဖုန်းအသုံးပြုမှုမှ ကလေး၏ စိတ်ပိုင်းဆိုင်ရာအပေါ်သက်ရောက်မှုများကို ဖြစ်နိုင်ချေရှိသော အချက်အနေဖြင့် ထည့်သွင်းစဉ်းစားရန်ဖြစ်သည်။ ဆရာဝန်များနှင့် ပညာရှင်များသည် မိုဘိုင်းနည်းပညာကို အလွန်အကျွံသုံးစွဲမှုကြောင့် ကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်မှုရှိမည်ကို စိုးရိမ်နေကြသည်။ လက်ကိုင်ဖုန်းများမှ ထွက်သော ဓာတ်ရောင်ခြည်သည် လက်ကိုင်ဖုန်းများ၏ ဦးနှောက်အပေါ်သက်ရောက်မှုတွင် အဓိက ထည့်သွင်းစဉ်းစားရမည့် အချက်ဖြစ်သည်။ သို့သော် ဓာတ်ရောင်ခြည်ထုတ်လွှင့်မှုနှင့် ပတ်သတ်ပြီးသေချာစွာ သက်သေမပြထားသော်လည်း ကျွန်ုပ်တို့ကို အန္တရာယ်ပြုနိုင်သည့် အနေအထားအထိ မဖြစ်နိုင်ဟု ယူဆကြသည်။ ထိုအချက်ကြောင့် မိဘများ အနေဖြင့် အနည်းငယ် စိတ်သက်သာရာရသော်လည်း လက်ကိုင်ဖုန်းများမှ ရေဒီယိုဓာတ်သတ္တိထုတ်လွှတ်နိုင်စွမ်းသည် ဦးနှောက်ကို […]


စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

Food Addiction (အစားအသောက်ကို တပ်မက်စွဲလမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Food Addiction (အစားအသောက်ကို တပ်မက်စွဲလမ်းခြင်း) ကဘာလဲ။ လူတယောက်ဟာ အစားအသောက်ကို (ဆေးစွဲသလိုမျိုး) စွဲလမ်းလာနိုင်တယ်ဆိုတဲ့ ယူဆချက်ဟာ တဖြည်းဖြည်းနဲ့ ခေတ်စားလို့ လာပါတယ်။ ဦးနှောက်ကို ပုံရိပ်ဖော်ကြည့်ရှုတဲ့ စမ်းသပ်စစ်ဆေးမှုတွေအရ ဒီအချက်ကို သိရှိလာသလို အစားအသောက်အလွန်အကျွံစားခြင်းဟာ ရသာအာရုံ ခံစားနိုင်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေပေါ်ကို ဘယ်လိုအကျိုးသက်ရောက်မှုရှိစေတယ်ဆိုတာကို လေ့လာခြင်းကနေတဆင့်လည်း ဒီယူဆချက်တွေ ပေါ်ပေါက်လို့ လာပါတယ်။ လူနဲ့ တိရိစ္ဆာန်တွေမှာ ပြုလုပ်ခဲ့တဲ့ လက်တွေ့စမ်းသပ်ချက်အချို့အရလည်း ဒီယူဆချက်ကို ထောက်ခံနေပါတယ်။ စွဲလမ်းစေတတ်တဲ့ အရာတွေဖြစ်တဲ့ ကဖင်းဓါတ်နဲ့ ဘိန်းဖြူတို့ကို တုံ့ပြန်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေဟာ အစားအသောက်တွေ (အထူးသဖြင့် အရသာရှိတဲ့ အစားအသောက်တွေ)ကိုလည်း တုံ့ပြန်မှုတွေရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။ အရသာရှိတဲ့ အစားအသောက်တွေဟာ အောက်ပါအရာတွေ ကြွယ်ဝစွာ ပါဝင်လေ့ရှိပါတယ်။ သကြား အဆီ ဆား စွဲလမ်းစေတတ်တဲ့ မူးယစ်ဆေးဝါးတွေနည်းတူ ဒီအရသာရှိတဲ့ အစားအသောက်တွေဟာလည်း ဒိုပါမင်းလို့ခေါ်တဲ့ ပစ္စည်းတမျိုးကို ဦးနှောက်အတွင်းမှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း