စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ကျန်းမာရေးနှင့် ပက်သက်ပြီး သိထားသင့်သော အကြောင်းရာများ

ကမ္ဘာပေါ်ရှိလူဦးရေ သန်းပေါင်း ၄၅၀ ခန့်သည် စိတ်မူမမှန်မှုများကို ခံစားနေကြရသည်ဖြစ်ရာ လူ ၄ ယောက်တွင် ၁ ယောက်နှုန်းဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏အဆိုအရ စိတ်မူမမှန်မှုဖြစ်စဉ်များ ခံစားနေရသူများ၏ ၃ ပုံ ၂ ပုံ သည် မည်သည့်ဆေးကုသမှုမျိုးကိုမျှ မခံယူဘဲနေကြသည်ဟုဆိုသည်။ စိတ်ကျန်းမာရေးမကောင်းမွန်လျှင် မိမိဘဝတွင် မကောင်းသော သက်ရောက်မှုများဖြစ်လာနိုင်ပြီး ဘဝတန်ဖိုးများကျဆင်းလာနိုင်ပါသည်။ ထို့ကြောင့် စိတ်ကျန်းမာမှု၏အရေးပါပုံကို သိမြင်ကာ ခံစားနေရသော စိတ်ရောဂါများ၊ မူမမှန်မှုများကို ဆေးကုသမှုများခံယူသင့်ပါသည်။   စိတ်ရောဂါဆိုတာဘာလဲ။ စိတ်ကျန်းမာရေးတွင် ခံစားမှုပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံမှုပိုင်းဆိုင်ရာ စသည့် အချက်များပါဝင်သည်။ ကိုယ်ကျန်းမာနေဖို့ လိုသလို စိတ်ကျန်းမာနေဖို့လည်း အရေးကြီးသည်။ စိတ်ရောဂါဟူသည် ဦးနှောက်တွင် ဓါတုသက်ရောက်မှုမမှန်ကန်ခြင်းကြောင့် စိတ်မူမမှန်ဖြစ်ရခြင်းဖြစ်သည်။ ထိုအခါ သင်တွေးတောပြုမူပုံ၊ လူများနှင့်ပက်သက်သည့် ခံယူချက်နှင့် ဘဝတွင် ဖြစ်ပျက်နေသော အရာများတွင် သက်ရောက်မှု အနည်းနှင့် အများရှိနိုင်ပါသည်။ စိတ်ရောဂါသည် […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ဓါတ်ကျခြင်းဆိုတာဘာလဲ

စိတ်ဓါတ်ကျခြင်းဆိုတာ ဘာလဲ စိတ်ဓါတ်ကျခြင်းဆိုတာကို စိတ်ကျရောဂါလို့လည်း ခေါ်ပါတယ်။ စိတ်ထဲမှာ အမြဲလိုလို ဝမ်းနည်း ပူဆွေးနေပြီး ဘာကိုမှ စိတ်မဝင်စားတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီလိုဖြစ်နေချိန်မှာ တွေးခေါ်ပြုမူပုံတွေအပေါ် သက်ရောက်မှုရှိပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြသနာတွေ ရှိပါတယ်။ ဝမ်းနည်းမှုဟာ အချိန်ကြာလာပြီး လုပ်ငန်းခွင်ကို ထိခိုက်လာရင် မိသားစုဝင်များ၊ မိတ်ဆွေများနဲ့ ဆက်ဆံရာမှာ အခက်အခဲတွေ ရှိလာရင်၊ သေကြောင်းကြံစည်လိုတဲ့ အတွေးများဝင်လာရင် စိတ်ဓါတ်ကျခြင်း ဖြစ်နေနိုင်ပါတယ်။ အဲဒီလက္ခဏာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ စိတ်ဓါတ်ကျခြင်းဟာ ဘယ်လောက်ထိ အဖြစ်များတတ်လဲ အဖြစ်များတဲ့ ပြသနာဖြစ်ပါတယ်။ သုတေသနတွေအရ လူအားလုံးရဲ့ ၈၀ %ခန့်ရဲ့ ဘဝတလျှောက်မှာ တချိန်ချိန်တော့ ဒီပြသနာကို ဘယ်အသက်အရွယ်မဆို ကြုံဖူးတယ်လို့ ဆိုပါတယ်။ အမျိုးသားများထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ စိတ်ဓါတ်ကျခြင်းရဲ့ လက္ခဏာတွေဟာ ဘာတွေလဲ တယောက်နဲ့တယောက် ကွဲပြားနိုင်ပါတယ်။ စိတ်ဓါတ်ကျနေသူခြင်းတူတူ တချို့က […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်အတက်အကျရောဂါဆိုတာ ဘာလဲ

စိတ်အတက်အကျရောဂါဆိုတာ ဘာလဲ စိတ်အတက်အကျရောဂါကို စိတ်ကြွစိတ်ကျခြင်း လို့လည်းခေါ်ပြီး စိတ်အစွန်းနှစ်ဘက်ကို ပြောင်းလဲစေနိုင်တဲ့ ဆိုးရွားတဲ့ စိတ်အခြေအနေ ဖြစ်ပါတယ်။ အလွန်အမင်းပျော်ရွှင်နေရာက ချက်ချင်း ဝမ်းနည်းတဲ့စိတ်ကို ပြောင်းသွားတာမျိုး ဖြစ်ပါတယ်။ ပုံမှန်စိတ်လည်း မကြာခဏ ပြန်ရောက်သွားပါတယ်။ စိတ်ဓါတ်ကျနေချိန်မှာ မျှော်လင့်ချက်မဲ့သလို ခံစားနေရပြီး နေ့စဉ်အလုပ်တွေကို စိတ်မဝင်စားဘဲ နေတတ်ပါတယ်။ စိတ်ဓါတ်တက်ကြွလာချိန်မှာဆိုရင် ပျော်ရွှင်တက်ကြွပြီး ခွန်အားအပြည့် ဖြစ်နေတတ်ပါတယ်။ ဒီလိုစိတ်အတက်အကျဟာ တနှစ်မှာ အကြိမ်အနည်းငယ်ဖြစ်တတ်ပြီး ပိုဆိုးတဲ့ ကေ့စ်တွေမှာ တပတ်ကို အကြိမ်အနည်းငယ် ဖြစ်ပါတယ်။ ဒီရောဂါကြောင့် မိတ်ဆွေအပေါင်းအသင်း ဆက်ဆံရေးပျက်စီးတာ၊ လုပ်ငန်းခွင်နဲ့ ကျောင်းတွေမှာ စွမ်းဆောင်ရည်ကျတာတွေ ဖြစ်တတ်ပြီး မိမိကိုယ်ကို သေကြောင်းကြံတာမျိုးထိ ဖြစ်နိုင်ပါတယ်။ စိတ်အပြောင်းအလဲကို ထိန်းချုပ်နိုင်အောင် ဆေးကုသမှု ခံယူသင့်ပါတယ်။   စိတ်အတက်အကျရောဂါဟာ ဘယ်လောက်ထိ အဖြစ်များတတ်လဲ ဒီပြသနာဟာ ဆက်ကျော်သက်အရွယ်နှောင်းပိုင်း၊ အရွယ်ရောက်ခါစ အချိန်တွေမှာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကလေးတွေန့ […]


စိတ်မူမမှန်မှု ပြဿနာများ

စိတ်ဝေဒနာဆိုတာဘာလဲ

စိတ်ဝေဒနာဆိုတာ ဆိုးရွားတဲ့ စိတ်ပိုင်းဆိုင်ရာ ပြသနာတခုဖြစ်ပါတယ်။ အတွေးအခေါ်ပိုင်း၊ စိတ်ခံစားမှု အပိုင်းမှာ လက်တွေ့နဲ့ လွတ်ကင်းပြီးတော့ မှားယွင်းနေတတ်ပါတယ်။   စိတ်ဝေဒနာဖြစ်နိုင်ခြေများ စိတ်ဝေဒနာဟာ စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်မှုပေါင်းများစွာမှာ ဖြစ်ပွားနိုင်ပါတယ်။ အောက်ပါ အခြေအနေတွေ ပါဝင်ပါတယ်။ - ဆေးဝါးများကြောင့်ဖြစ်သော စိတ်ဝေဒနာ။ ဆေးဝါးများသောက်သုံးမှု၊ ဆေးဖြတ်တောက်မှု စတာတွေကြောင့် ပေါ်လာတတ်ပါတယ်။ အထူးသဖြင့် ဆေးခြောက်၊ အင်ဖက်တမင်း စတဲ့ဆေးတွေ ဖြစ်ပါတယ်။ စိတ်ဝေဒနာလက္ခဏာများဟာ အချိန်အတိုင်းအတာ တခုအထိ ကြာနိုင်ပါတယ်။ - ရေတိုတန်ပြန်သော စိတ်ဝေဒနာ။ ရောဂါလက္ခဏာဟာ စိတ်ဖိစီးမှုကြီးကြီးမားမား ကြုံပြီးတဲ့အခါ ရုတ်တရက်ဖြစ်လာတတ်ပါတယ်။ - စိတ်ကစဉ့်ကလျားဖြစ်ခြင်း။ အနည်းဆုံး ၆လခန့် ကြာအောင် ဖြစ်နိုင်ပါတယ်။ ဒီရောဂါဖြစ်သူတွေဟာ အပြည့်အ၀ ပြန်ကောင်းနိုင်ပြီး ချမ်းမြေ့ပျော်ရွှင်စွာ နေထိုင်သွားနိုင်ပါတယ်။ - စိတ်ကြွစိတ်ကျဝေဒနာ။ ဒီပြသနာကြောင့် စိတ်ဝေဒနာ ကြုံလာနိုင်ပါတယ်။ - စိတ်ကျခြင်း။ ဆိုးဆိုးရွားရွား စိတ်ဓါတ်ကျဆင်းနေသူတွေမှာ စိတ်ဝေဒနာဖြစ်နိုင်ပါတယ်။ လက္ခဏာများ တွေ့ရများတဲ့ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ကစဉ့်ကလျားရောဂါ၏ တွေ့ရများသော လက္ခဏာများ

စိတ်ကစဉ့်ကလျားရောဂါဟာ အတွေ့ရများတဲ့ ပြသနာဖြစ်ပါတယ်။ လူ ၁၀၀ မှာတယောက်ခန့်ဟာ စိတ်ကစဉ့်ကလလျားရောဂါ ဖြစ်နိုင်ပါတယ်။ ဒီရောဂါဟာ ငယ်ရွယ်စဉ်မှာ ဖြစ်နိုင်ပါတယ်။ စောစောပိုင်းမှာ တွေ့ရတာတွေကို ရှေ့ပြေးလက္ခဏာလို့ ခေါ်ပါတယ်။ အဲဒီအခြေအနေမှာ အိပ်စက်မှု၊ စိတ်ခံစားမှု၊ စိတ်အား ထက်သန်မှု၊ လူမှုဆက်ဆံရေးနဲ့ တွေးခေါ်နိုင်စွမ်း စတာတွေ သိသာစွာ ပြောင်းလဲ သွားပါတယ်။ ဒီရောဂါဟာ သင့်ရဲ့ အတွေးအခေါ်၊ ခံစားမှုနဲ့ ပြုမူပုံတွေကို ပြောင်းလဲစေပါတယ်။ ဖြစ်တဲ့လူတွေမှာ တွေ့ရတဲ့လက္ခဏာဟာ တယောက်နဲ့တယောက်တော့ မတူပါဘူး။ လက္ခဏာဟာ ပေါ်လိုက်ပျောက်လိုကလည်း ဖြစ်တတ်ပါတယ်။ ဘယ်သူမှာ လက္ခဏာအားလုံးကို အမြဲတမ်းတော့ ဖြစ်မနေပါဘူး။ ယေဘုယျအားဖြင့် သုံးမျိုးရှိပါတယ်။ - ဖြစ်တည်မှုရှိသော လက္ခဏာများ (စတင်ဖြစ်ပျက်ခြင်း) - ဖြစ်တည်မှုမရှိသော လက္ခဏာများ (ဖြစ်ပေါ်နေသည်များ ရပ်တန့်သွားခြင်း) - သိမြင်ခြင်းဆိုင်ရာ လက္ခဏာများ (သတင်းအချက်အလက်နှင့် ဆက်နွယ်ခြင်း) အဲဒီလက္ခဏာတွေဟာ အသက် […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

စိုးရိမ်ပူပန်ခြင်းအကြောင်း

စိုးရိမ်ပူပန်ခြင်းဆိုတာ အန္တရာယ်ကြုံလာချိန်မှာ ကိုယ်ခန္ဓါကနေ သဘာဝအလျောက် တုံ့ပြန်ခြင်းပဲ ဖြစ်ပါတယ်။ ကြောက်ရွှံချိန်၊ ဖိအားများချိန်၊ စိတ်ဖိစိးမှုကြုံရချိန်တွေမှာ သတိပေးတဲ့ အချက်ပေးခေါင်းလောင်းပဲ ဖြစ်ပါတယ်။ စိတ်ပူပန်မှုအမျိုးအစားများ - အထွေထွေပူပန်ခြင်း။ အမြဲတမ်းလိုလို ပူပန်နေတတ်ပါတယ်။ အကြောင်းအရာ ပေါင်းစုံအတွက် ပူပန်နေတတ်ပြီး ခြောက်လနဲ့ အထက် ကြာတတ်ပါတယ်။ - လူမှုနယ်ပယ်ကိုစိုးရွံ့ခြင်း။ မိမိကိုယ် သူတပါးက ဝေဖန်မှာ၊ အရှက်ကွဲစေမှာ စသဖြင့် ကြောက်ရွှံနေတတ်ပါတယ်။ နေ့စဉ်ကြုံနေကြ လူအများအလယ်မှာ စကားပြောရမှာ၊ အစားအသောက်စားရမှာ စတာတွေကိုပါ ကြောက်ရွှံ့နေတတ်ပါတယ်။ - သီးသန့်ကြောက်ရွှံ့မှု။ အရာဝတ္တုတခုခု၊ အခြေအနေတခုခုကို ကြောက်ရွှံ့ပြီး ရှောင်ရှား နေတတ်ပါတယ်။ ဥပမာ ဆေးထိုးခံရမှာ၊ လေယာဉ်စီးရမှာ ကြောက်ရွံ့နေတတ်ပါတယ်။ တခြား စိုးရိမ်ကြောက်ရွံ့အမျိုးအစားတွေ အများကြီး ရှိပါတယ်။ - စိတ်စွဲလွန်ခြင်းပြသနာ။ မလိုလားအပ်တဲ့ အတွေးတွေ၊ ကြောက်ရွံ့မှုတွေကို မထိန်းချုပ်နိုင်ဘဲ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာတတ်ပါတယ်။ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

စိတ်ပူပန်မှု ဖြစ်ခြင်းအတွက် ကုသမှုများ

စိတ်ပူပန်မှု ဆိုတာ ဒေါသစိတ်ကို တုံ့ပြန်ခြင်းမျိုးဖြစ်ပြီး ခြိမ်းခြောက်မှုကို ခံစားရချိန်မှာ၊ စိတ်ဖိအားဖြစ်တဲ့အခါ၊ စိတ်ဖိစိးမှုရှိတဲ့ အနေအထားကို ကြုံလာရချိန်မှာ အလိုအလျောက် စေ့ဆော်လာတဲ့ သဘာဝပဲဖြစ်ပါတယ်။ စိတ်ပူပန်မှုပုံစံတွေ ကွဲပြားတဲ့အလိုက် ကုသမှုတွေလည်း အမျိုးမျိုး ရှိပါတယ်။ တချို့ဟာ ကြိုတင်ကာကွယ်ခြင်းဖြစ်ပြီး တချို့ကတော့ ပျောက်ကင်းအောင် ကုသခြင်းဖြစ်ပါတယ်။ ဆေးကုသခြင်း စိတ်ကျရောဂါဆေးများဟာ SSRI ဆေးအုပ်စုဝင်ဆေးများ ဖြစ်ပြီး စိတ်ပူပန်မှု ပြဿနာမျိုးစုံကို ကာကွယ်ကုသဖို့ သုံးကြပါတယ်။ အောက်ပါဆေးများဟာ နာတာရှည်စိတ်ပူပန်မှု ပြဿနာကို ကုသရာမှာ သုံးကြပါတယ်။ Prozac Zoloft Celexa Paxil Lexapro antidepressants Effexorနဲ့ Cymbalta Tofranil ဒီဆေးတွေကို နေ့စဉ်သောက်ဖို့လိုသလား၊ ရောဂါဖြစ်ချိန်မှ သောက်သင့်သလားဆိုတာ နားလည်တတ်ကျွမ်းသူကို မေးမြန်းသင့်ပါတယ်။ ရုတ်တရက်ဖြစ်လာတဲ့ စိတ်ပူပန်မှု ပြဿနာအတွက် စိတ်ပူပန်မှုပျောက်ကင်းစေတဲ့ စိတ်ငြိမ်ဆေးတွေ သုံးစွဲနိုင်ပါတယ်။ အမြန်ဆုံးသက်သာစေတဲ့ စိတ်ငြိမ်ဆေးတွေကို Benzodiazepines […]


စွဲလမ်းမှုပြဿနာများ

စိတ်စွဲလွန်ခြင်းအတွက် ကုသမှုများ

စိတ်စွဲလွန်ခြင်းအတွက် ကုသမှုများ စိတ်စွဲလွန်ခြင်းဟာ တွေ့ရများပါတယ်။ ဒီရောဂါ ခံစားရသူဟာ အတွေးတွေကို မထိန်းချုပ်နိုင်ဘဲ ထပ်တလဲလဲတွေးမိခြင်း၊ အပြုမူတချို့ကို မလုပ်ဘဲမနေနိုင်အောင် လုပ်နေမိခြင်း စတာတွေကို ကြာမြင့်စွာ နာတာရှည်ရောဂါသဖွယ် ဖြစ်လာနိုင်ပါတယ်။ ဆေးကုသခြင်း SRI အုပ်စုဝင်ဆေးများနဲ့ SSRI အုပ်စုဝင်ဆေးများကို စိတ်စွဲလွန်ပြသနာများအတွက် အသု့းပြုပါတယ်။ လူကြီးအတွက်ရော ကလေးအတွက်ပါဆိုရင် clomipramine ဆိုတဲ့ ဆေးဟာ အကျိုးသက်ရောက်မှု ရှိပါတယ်။ သူဟာ tricyclic အုပ်စုဝင် စိတ်ကျဆန့်ကျင်ဆေးဖြစ်ပါတယ်။ အောက်ပါဆေးများဟာ SSRI အုပ်စုဝင်ဆေးတွေ ဖြစ်ကြပါတယ်။ · Fluoxetine · Fluvoxamine · Sertraline SRI ဆေးတွေရဲ့ နေ့စဉ် သုံးစွဲရတဲ့ပမာဏဟာ စိတ်ကျရောဂါအတွက် သုံးစွဲရတဲ့ ပမာဏထက် များပါတယ်။ အာနိသင်ပြဖို့ ၈ပတ်ကနေ ၁၂ပတ်အထိ ကြာတတ်ပါတယ်။ ဒါပေမယ့် လူနာအချို့ဟာ ပိုပြီး လျင်မြန်စွာ သက်သာကြပါတယ်။ ဒီဆေးအမျိုးအစားများနဲ့ မသက်သာတဲ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ကျရောဂါကုဆေးများ ဘယ်လို အလုပ်လုပ်သလဲ

စိတ်ကျရောဂါကုဆေးများဟာ စိတ်ဓါတ်ကျဆင်းမှုကို ကုသရန်ဖြစ်ပြီး ပြန်မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ တခြားပြသနာတွေမှာလည်း သုံးနိုင်ပါတယ်။ အဲဒါတွေကတော့ - စိတ်စွဲလွန်ခြင်း - စိတ်ပူပန်ခြင်းပြသနာ - ထိခိုက်မှုအပြီး စွဲမြဲကျန်ခဲ့သော စိတ်ဖိအားပြသနာ၊ စတာတွေ ဖြစ်ပါတယ်။ စိတ်ကျရောဂါကုဆေးများဟာ စိတ်ကျခြင်းရဲ့ လက္ခဏာတွေကို ကုသပေးနိုင်ပေမယ့် အကြောင်းရင်းများကိုတော့ အမြဲတမ်း မပျောက်စေနိုင်ပါဘူး။ ဒါကြောင့် ဆိုးရွားတဲ့ စိတ်ဓါတ်ကျခြင်းနဲ့ တခြားစိတ်ပိုင်းဆိုင်ရာ ပြသနာတွေမှာ တချို့ကုထုံးများနဲ့ပေါင်းစပ်ခြင်း ဖြစ်ပါတယ်။ စိတ်ကျရောဂါကုဆေး အမျိုးအစားများ စိတ်ကျရောဂါကုဆေး အမျိုးအစားများစွာ ရှိပါတယ်။ အဲ့ဒါတွေကတော့ - SSRI အုပ်စုဝင်ဆေးများ - SNRI အုပ်စုဝင်ဆေးများ - Tricyclic အုပ်စုဝင်ဆေးများနှင့် ဆက်စပ်ဆေးများ - MAOI ဆေးများ - အခြား စိတ်ကျရောဂါကုဆေးများ စတာတွေ ဖြစ်ပါတယ်။ သူတို့ဟာ တူညီတဲ့ဦးနှောက် ဓါတ်ပစ္စည်းများပေါ် လုပ်ဆောင်ပြီး တူညီတဲ့သက်ရောက်မှုတွေ ရှိပါတယ်။ ဒါပေမယ့် အမျိုးအစားမတူတဲ့အတွက် တည်ဆောက်ပုံကွဲပြားပြီး ဘေးထွက်ဆိုးကျိုးတွေလည်း ကွဲပြားပါတယ်။   စိတ်ကျရောဂါကုဆေး […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ခံစားမှု၊ လူမှုရေးတို့နှင့် ဆိုင်သော ကိစ္စရပ်များ

ဓါတ်မတည့်ခြင်းဟုဆိုလျှင် ကျွန်ုပ်တို့သည် ဖြစ်နေကျ နှာချေခြင်း၊ မျက်လုံးယားလာခြင်း၊ အင်ပြင်ထလာခြင်း ၊ အသက်ရှုကျပ်လာခြင်း ၊ မူးဝေအော့အန်ခြင်း စသည်တို့ကို မျက်လုံးထဲတွင်မြင်ယောင်မိမည်ဖြစ်သည်။ ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုများဖြစ်ပြီး အခြားသော ဓါတ်မတည့်မှုပုံစံများလည်းများစွာရှိပါသည်။ အစားအစာ သို့မဟုတ် ဓါတုဗေဒပစ္စည်းများနှင့် ဓါတ်မတည့်လျှင် ရုတ်တရက်အမောဖောက်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်ဆတ်ခြင်း၊ စိတ်ဖောက်ပြန်ခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ အပြုပိုင်းဆိုင်ရာပြောင်းလဲမှုများဖြစ်လာနိုင်ပါသည်။ ထိုမှတဆင့် စိတ်ပိုင်းဆိုင်ရာခံစားမှုများဆိုးလာကာ ဒေါသထွက်လွယ်ခြင်း၊ စိုးရိမ်စိတ်လွန်ကဲခြင်းနှင့် အာရုံစူးစိုက်မှုမပြုနိုင်ခြင်းတို့ဖြစ်လာနိုင်ပါသည်။   ဦးနှောက်တွင် ဓါတ်မတည့်မှုဖြစ်ခြင်း ဦးနှောက်တွင် ဓါတ်မတည့်မှုဖြစ်ခြင်းကြောင့် စိတ်တိုလွယ်ခြင်း၊ဒေါသထွက်လွယ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အာရုံစူးစိုက်မရခြင်း၊ စိတ်ဓါတ်ကျခြင်း စသည့် စိတ်ခံစားမှုနှင့် ဆိုင်သောစိတ်ပိုင်းဆိုင်ရာရောဂါ လက္ခဏာများဖြစ်လာရသည်။ အစားအစာများနှင့် ဓါတ်မတည့်မှုဖြစ်စဉ်ကြောင့် ဦးနှောက်ဆဲလ်များရောင်ရမ်းကာ ပင်ကိုယ်စရိုက်များပြောင်းလဲသွားခြင်း၊ တုန့်ပြန်မှုစနစ်များမမှန်တောခြင်း၊ အာရုံကြောစနစ်များပြောင်းလဲသွားခြင်း စသည်တို့ခံစားရပါသည်။ အဖြစ်များသော လက္ခဏာများမှာ စိတ်ဓါတ်ကျခြင်းနှင့် စိတ်ပင်ပန်းနွမ်းနယ်ခြင်းတို့ဖြစ်သည်။ · စိတ်ပင်ပန်းနွမ်းနယ်ခြင်း စိတ်ပင်ပန်းနွမ်းနယ်ခြင်း သည် ရုပ်ပိုင်းဆိုင်ရာပင်ပန်းခြင်းထက်များစွာပိုဆိုးသော ရောဂါလက္ခဏာဖြစ်သည်။ စိတ်ရှုပ်ထွေးခြင်း၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း