စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စိတ်ဖိစီးမှုဖြေလျှော့ခြင်း

သီချင်းဆိုခြင်း၏ကောင်းကျိုးများ

သီချင်းဆိုခြင်း၏ကောင်းကျိုးများ လောကကြီးမှာ သီချင်းမဆိုဖူးတဲ့ လူဆိုလို့ မရှိသလောက်ပါပဲ။ ဆရာတော်ဘုရားတွေတောင် အနည်းနဲ့အများတော့ သီချင်းလေး ညည်းဖူးကြမှာပါ။ သီချင်းဆိုတာဟာ စိတ်ရောကိုယ်ရော အပန်းပြေစေသလို ဘဝအမောတွေကိုလည်း သက်သာစေပါတယ်။ သီချင်းကို ပုံစံအမျိုးမျိုးနဲ့ သီဆိုနိုင်ပါတယ်။ ရေချိုးခန်းထဲမှာ၊အိမ်မှာ အော်ဆိုလို့ရသလို၊ကာရာအိုကေဆိုင်တွေမှာလည်း သွားဟဲနိုင်ပါတယ်။ ဒါမှမဟုတ် ဒီခေတ် အတော်များများ သုံးကြတဲ့ Smule app လေးကို အသုံးပြုပြီးတော့လည်း သီဆိုနိုင်ပြန်ပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပေါင်းစုသီဆိုတဲ့အခါ အပျော်တွေတိုးပြီး ရင်းနှီးချစ်ခင်မှုပိုလာနိုင်သလို စိတ်လက်ကိုလည်း ပေါ့ပါးစေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လူတိုင်းမကင်းနိုင်ကြတဲ့ သီချင်းဆိုခြင်းရဲ့ ကျန်းမာရေးအကျိုးပြုချက်လေးတွေကို မျှဝေပေးသွားမှာပါ။   ၁။ သီချင်းဆိုခြင်းဟာ သင့်ရဲ့ ခုခံအားစနစ်ကို ဒေါင်ဒေါင်မြည်စေပါတယ်။ ဒါဟာ ရုတ်တရက်ကြည့်လိုက်ရင် မဆိုင်သလို ထင်ရပေမယ့် ဂျာမဏီနိုင်ငံ ဖရန့်ဖွတ်တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ သီချင်းဆိုပြီးချိန်မှာ ခန္ဓါကိုယ်အတွင်းရှိ ပရိုတင်းဓါတ်တမျိုးရဲ့ ပမာဏဟာ တိုးပွားလာတယ်လို့ […]


စွဲလမ်းမှုပြဿနာများ

စွဲလမ်းစေတတ်သော

စွဲလမ်းစေတတ်သော ကျွန်တော်တို့ မြတ်စွာဘုရားဟောကြားခဲ့တာ တစ်ခု ရှိပါတယ်။ လူမှန်ရန် စွဲလမ်းမှု တဏှာမကင်းတဲ့ အရူးတွေချည်းပဲတဲ့။ မှန်ပါတယ်။ လူသားတွေဟာ လူ၊အရာဝတ္ထု၊အတွေးအခေါ်၊နေရာ စသဖြင့် ပြောလို့ မကုန်နိုင်အောင် စွဲလမ်းတတ်ကြပါတယ်။ ဒီလို စွဲလမ်းတတ်ကြတဲ့ အရာတွေထဲကမှ လူအများစု စွဲလေ့ရှိတဲ့ အမူအကျင့်/ပစ္စည်း/စားသောက်ဖွယ်ရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ စမတ်ဖုန်း ဒါကတော့ ပြောဖို့တောင် သိပ်မလိုပါဘူး။ ဒီနေ့ခေတ် အရွယ်သုံးပါးဟာ စမတ်ဖုန်းတွေရဲ့ ကျွန်ဖြစ်နေပါပြီ။ ဖုန်းတွေကို (အင်တာနက်ကို) အလွန်အကျွံ သုံးစွဲခြင်းဟာ လူမှုဆက်ဆံရေး ထိခိုက်ခြင်း၊အလုပ်ကို ထိခိုက်ခြင်း၊မျက်စိနဲ့ အာရုံကြောအပါအဝင် ခန္ဓာကိုယ်ကို ထိခိုက်ခြင်း စသဖြင့် ဆိုးကျိုးတွေ ပြောမဆုံးပေါင် တောသုံးတောင် ရှိနေပါတယ်။ ၂။ ကဖင်း (ကော်ဖီ) ကော်ဖီစွဲတာ အပြစ်ကြီးတစ်ခု မဟုတ်ပေမယ့် ဘယ်အရာမဆို တန်ဆေးလွန်ဘေးပါ။ အိပ်ရာထလို့ ကော်ဖီလေးတစ်ခွက်လောက်မှ မသောက်လိုက်ရရင် စိတ်ဓာတ်ကျချင်သလိုလို၊ ခေါင်းကိုက်သလိုလို […]


စွဲလမ်းမှုပြဿနာများ

တွေးကြောက်ရမယ့် ဆေးခြောက်

တွေးကြောက်ရမယ့် ဆေးခြောက် ဆေးခြောက်၊မာရှီ၊ဝိ၊မာရီဂျူဟားနား၊ကာနေးဘစ်စ် အစရှိသဖြင့် မူဟန်အသွယ်သွယ်နဲ့ ခေါ်ကြတဲ့ ဆေးခြောက်အကြောင်း ကြားဖူးကြမှာ ဖြစ်သလို တချို့တွေလည်း စမ်းသပ် သုံးစွဲဖူးကြမှာပါ။ ဆေးခြောက်ဟာ စွဲလမ်းစေတတ်တဲ့ မူးယစ်ဆေးဝါး ဟုတ်မဟုတ်၊လူ့ခန္ဓါကိုယ်ကို ထိခိုက်နိုင်ခြင်းရှိမရှိ ဒါတွေဟာ ငြင်းခုန်နေကြဆဲအရာတွေ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံ အများအပြားနည်းတူ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဆေးခြောက်ဟာ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးတမျိုးအဖြစ် သတ်မှတ်ခံထားရပြီး လက်ဝယ်တွေ့ရှိရင်၊သုံးစွဲရင်၊ရောင်းဝယ်ဖောက်ကားရင် ထောင်ဒါဏ်ချမှတ်ခံရနိုင်တဲ့ မူးယစ်ဆေးတမျိုး ဖြစ်ပါတယ်။ တောင်အမေရိက နိုင်ငံအချို့၊အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်အချို့၊နယ်သာလန်နိုင်ငံရဲ့ ကော်ဖီဆိုင်အချို့ စသဖြင့် ဆေးခြောက်ကို တရားဝင်သုံးစွဲနိုင်တဲ့ နေရာတွေလည်း ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဆောင်းပါးလေးမှာတော့ ဆေးခြောက်ရဲ့ လူ့ခန္ဓါကိုယ်အပေါ် အကျိုးသက်ရောက်မှုတွေကို ဥပဒေရှုထောင့်ထက် ဆေးပညာရှုထောင့်ကနေ ဆွေးနွေးမျှဝေပေးသွားမှာပါ။   ဆေးခြောက်ဆိုတာ ဘာလဲ။ ဆေးခြောက်ကို Cannabis sativa ဆိုတဲ့ အပင်တမျိုးကနေ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ကျဉ်းကျပ်သောနေရာများကို ကြောက်သောရောဂါ ( Claustrophobia)

ကျဉ်းကျပ်သောနေရာများကို ကြောက်သောရောဂါ ( Claustrophobia) အကျဉ်းကြောက်ရောဂါ ( Claustrophobia ) ဆိုတာ နေရာကျဉ်းကျဉ်းလေး ဒါမှမဟုတ် အခန်းကျဉ်းကျဉ်းလေး ထဲ မှာ ပိတ်မိနေမှာကို အကြောက်လွန်တဲ့စိတ်ပါ။ ဓါတ်လှေကားတွေ၊ လူထူထပ်တဲ့နေရာတွေ၊ ပြူတင်းပေါက်မပါတဲ့အခန်းတွေ၊ အများသုံးအိမ်သာတွေ၊ စတိုးဆိုင်တွေက အဝတ်လဲခန်းတွေ၊ ကားသေးသေးတွေနဲ့ အဝတ်အစားကြပ်ကြပ်တွေကို ကြုံ ရ ဝတ်ရတာကစလို့ ဒီအကျဉ်းကြောက်ရောဂါဖြစ်တတ်ပါတယ်။ စိုးရိမ်စိတ်လွန်ကဲတဲ့ရောဂါတွေထဲက တစ်ခုဖြစ်ပြီး မျိုးရိုးဗီဇ နဲ့လဲ ဆိုင်တယ်လို့ တချို့က ဆိုကြပါတယ်။ လေ့လာမှူတစ်ခုအရတော့ အကျဉ်းကြောက်ရောဂါဟာ… ကမ္ဘာ့လူဦးရေရဲ့ ငါးရာခိုင်နှူန်းကနေ ခုနစ်ရာခိုင်းနှူန်း လောက်အထိ ဖြစ်နိုင်ပြီး ဒီလိုဝေဒနာခံစားရသူတွေထဲက နည်းနည်းကသာ ကုသမှူခံယူကြတယ်လို့ ဆိုပါတယ်။   ရောဂါလက္ခဏာများ အဓိက လက္ခဏာ နှစ်ခုရှိပါတယ်။ ကျဉ်းကျဉ်းကြုတ်ကြုတ်နေရတာကို ကြောက်တာနဲ့ အသက်ရှူကြပ်မှာကြောက်တာပါ။ အခန်းကျဉ်းတွေ၊ သော့ခတ်ထားတဲ့အခန်းတွေ၊ MRI ဒါမှမဟုတ် CT ရိုက်တဲ့အခန်းတွေ၊ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုကို ချက်ချင်းလျှော့ချပေးနိုင်မယ့် နည်းလမ်းဆယ်ခု

စိတ်ဖိစီးမှူကို ချက်ချင်းလျှော့ချပေးနိုင်မယ့် နည်းလမ်းဆယ်ခု ခုခေတ်မှာ စိတ်ဖိစီးမှူဆိုတာ လူတော်တော်များများရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြသနာပါ။ စိတ်ဖိစီးမှူဆိုတာ နည်းနည်းရှိရင် တော့ အောင်မြင်မှူဆီကိုအရောက်ပို့ပေးနိုင်တဲ့ တွန်းအားကောင်းတစ်ခုဖြစ်ပေမယ့် … များရင်တော့ သင့်စိတ်ရော ခန္ဓါ ကိုယ်ကိုပါ ဆိုးကျိုးတွေပေးနိုင်ပါတယ်။ အောက်မှာဖော်ပြမယ့် နည်းလမ်းတွေကတော့ …သင့်စိတ်ဖိစီးမှူတွေကို ချက်ချင်း ဘယ်လို တိုက်ထုတ်နိုင်မလဲ ဆိုတာပါပဲ။ (၁) ရေးချပါ သင်လုပ်စရာရှိတဲ့ အလုပ်တွေကို မေ့သွားမှာစိုးတဲ့ စိတ်ဖိစီးမှူမဖြစ်ရအောင် သင်လုပ်ဖို့ရှိနေတဲ့အလုပ်တွေကို စာရွက်ပေါ် မှာ.. ဒါမှမဟုတ် တယ်လီဖုန်းမှတ်စုထဲမှာ ချက်ချင်းရေးချပါ။ (၂) ဦးစားပေးစာရင်းငါးခုလုပ်ပါ သင့်ရဲ့ဦးစားပေးစာရင်းထဲမှာ သင်လုပ်ဖို့ ကိစ္စအကုန်ပါဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ထိပ်ဆုံးထားလုပ်သင့်တဲ့ ဦးစား ပေးစာရင်း ငါးခုသတ်မှတ်ထားလိုက်ပါ။ (၃) အလုပ်တွေအများကြီးကို တပြိုင်နက်တည်းလုပ်တာထက်စာရင် တစ်ဆင့်ပြီးမှတစ်ဆင့်လုပ်ပါ သုတေသနပြုချက်တွေအရ အလုပ်တွေအများကြီးကို တပြိုင်နက်တည်းလုပ်တဲ့လူတွေမှာ… အလုပ်တစ်ခုပြီးမှ တစ်ခုလုပ်တဲ့ လူတွေနဲ့ယှဉ်ရင် မှတ်ဉာဏ်စွမ်းအားကျဆင်းလာတတ်ပြီး ဦးနှောက်ရဲ့ သိပ်သည်းမှူကိုလည်း နည်းပါသတဲ့။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အမျိုးသမီးများတွင် ရာသီမလာခင် ဖြစ်လေ့ရှိသောစိတ်ခံစားမှုပြဿနာများ(PMDD)

အဓိပ္ပါယ်ဖွင့်ဆိုချက်။အမျို ူးသမီးများတွင် ရာသီမလာခင်ဖြစ်လေ့ရှိသော စိတ်ခံစားမှု ပြသနာတွေ(PMDD)ွ ဆိုတာဘာတွေလဲ။   အမျိ ုးသမီးများတွင် ရာသီမလာခင်ဖြစ်လေ့ရှိသောစိတ်ခံစားမှုပြသ နာ (PMDD-Premenstrual dysphoric disorder)တွေဆိုတာက ပြင်းထန်ဆိုးရွားတတ်ပြီး တစ်ခါတစ်ရံမှာ ရိုးရိုး ရာသီမလာခင်စိတ်ခံစားမှုတွေလိုမျိ ုးကို အချိန်ကြာကြာဖြစ်နေတာ မျိ ုးဖြစ်ပါတယ်။ ပုံမှန်ဖြစ်နေကျ ရာသီမလာခင် စိတ်ခံစားမှုပြသနာ တွေရယ် မှာက စိတ်ခံစားမှုဆိုင်ရာလက္ခဏာများ၊ ကိုယ်ပိုင်းဆိုင်ရာ လက္ခဏာတွေ နှစ်မျ ိုးလုံးရှိတတ်ပါတယ်။ ဒါပေမယ့် ဒီ PMDDဆို တာက စိတ်ပြောင်းလဲမှု အလွန်မင်း ဖြစ်တတ်သောကြောင့် သင့်ရဲ့ အလုပ်ရယ်နောက်ပြီးသင့်ရဲ့ လူမှုရေးတွေမှာ ပျက်ပြားတဲ့အထိ ဖြစ် နိုင်ထိခိုက်နိုင်ပါတယ်။   အမျိုးသမီးများတွင်ရာသီမလာခင်ဖြစ်လေ့ရှိသော စိတ်ခံစားမှု ပြသနာများ(PMDD)ကို အတွေ့ရများသလား။   ၈၅%လောက်ရှိတဲ့ လူနာတွေမှာ ရိုးရိုးဖြစ်လေ့ရှိတဲ့ ရာသီမလာခင် မအီမသာဖြစ်မှုကို တွေ့ရသော်လည်း စာရင်းဇယားများအရ ဒီPMDDကတော့ တွေ့ရတာပိုနည်းပါတယ်။PMDDကို ၃-၈%လောက်သော အမေရိကန်အမျိ ုးသမီးတွေမှာ တွေ့ရပါတယ်။ အခြားအချက်အလက်များကိုသိရဖို့သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ ရောဂါလက္ခဏာများ။PMDD ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။   PMDD ရဲ့အတွေ့ရများတဲ့လက္ခဏာတွေကတော့ -အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း။ -စိတ်အပြောင်းအလဲများခြင်း၊စိတ်ဓါတ်ကျလွယ်ခြင်း၊စိုးရိမ်ပူပန်မှု များခြင်း၊စိတ်မရှည်ခြင်း။ -အာရုံစူးစိုက်ဖို့ခက်ခဲခြင်း။ -နှလုံးတုန်ခြင်း။ -တစ်စုံတစ်ယောက်က ကိုယ့်ကိုထိခိုက်အောင်လုပ်မယ်လို့ထင်ခြင်း၊ -ပုံမှန်မဟုတ်ခြင်း -သတိမေ့တတ်ခြင်း -ဗိုက်ဖောင်းနေခြင်း၊အစားစားလို့ကောင်းခြင်း၊ဗိုက်ထဲတွင်နေ လို့မကောင်းခြင်း။ -ခေါင်းကိုက်ခြင်း၊ -ကြွက်တက်ခြင်း၊ခြေဖျားလက်ဖျားများ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

Post-traumatic stress disorder (PTSD) (ထိခိုက်မှုအပြီးဖြစ်သော စိတ်ပိုင်းဆိုင်ရာရောဂါ(ပီတီအက်ဒီ))

အဓိပ္ပါယ်ဖွင့်ဆိုချက်။ဆိုတာဘာလဲ။ ထိခိုက်မှုအပြီးဖြစ်သော စိတ်ပိုင်းဆိုင်ရာရောဂါ(ပီတီအက်ဒီ) ဆိုသည်မှာစိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုဖြစ်ပြီး အရင်ဖြစ်ခဲ့သော ဆိုးဝါးသည်အ့တွေ့အကြုံများကြောင့်ဖြစ်သည်။ ထိခိုက်မှုဖြစ်စေသောအခြေအနေသည် မျိုးစုံနှင့်လာနိုင်သည်။ သို့သော် လူအချို့တွင် ထိခိုက်မှုအပြီးဖြစ်သော စိတ်ပိုင်းဆိုင်ရာရောဂါ(ပီတီအက်ဒီ) သည် အရမ်းနာကျင်သို့မဟုတ်လန့်သွားပြီး ဥပမာ ကားတိုက်ခြင်းသို့မဟုတ် စစ်ပွဲအပြီးတွင်မှဖြစ်တတ်သည်။ ထိုထိခိုက်မှုအကြောင်းအချိန်ပြည့်တွေးနေခြင်းဖြစ်တတ်ပြီးသင့်ဘဝကိုထိခိုက်နိုင်သည်။ ပြန်ပြောင်းလဲမှုလုပ်ရန်ခက်သော်လည်းစိတ်သက်သာစေရန်နည်းလမ်းများတော့ရှိသည်။         ထိခိုက်မှုအပြီးဖြစ်သော စိတ်ပိုင်းဆိုင်ရာရောဂါ(ပီတီအက်ဒီ) ဟာဘယ်လောက်ထိအဖြစ်များသလဲ။   ဒီရောဂါဟာအဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အဘယ်ကြောင့်ဆိုသော် မိန်းကလေးများကပြောင်းလဲမှုကိုပိုစိတ်ခံစားမှုပြင်းခြင်းနှင့် စိတ်ခံစားမှုများခြင်းတို့ကြောင့်ဖြစ်သည်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကလေးများတွင်ပင်ဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများ။ထိခိုက်မှုအပြီးဖြစ်သော စိတ်ပိုင်းဆိုင်ရာရောဂါ(ပီတီအက်ဒီ) ရဲ့ ရောဂါလက္ခဏာတွေကဘာတွေလဲ။ ထိခိုက်မှုအပြီးဖြစ်သော စိတ်ပိုင်းဆိုင်ရာရောဂါ(ပီတီအက်ဒီ) ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ပီတီအက်ဒီဖြစ်စေသော အကြောင်းအရာတစ်ခုကိုမတွေးပဲမနေနိုင်အောင်ဖြစ်လိမ့်မည်။ ပီတီအက်ဒီရှိပါက ဖြစ်ခဲ့သောထိခိုက်မှုကို စိတ်ထင်ယောင်ထင်မှားဖြစ်ခြင်း အိမ်မက်ဆိုးများမက်ခြင်းဖြင့်ထပ်ခါထပ်ခါပြန်ခံစားနေရတတ်သည်။ ပတ်ဝန်းကျင်နှင့်ဆက်ဆံရခြင်းကိုရှက်လာမည်။ သင့်အားထိခိုက်စေခဲ့သော သူများကိုမတွေ့ခြင်တော့ခြင်း လူတွေ နေရာတွေ အတွေးများ ဖြစ်နေသောလက်ရှိအခြေအနေများကိုရှောင်ခြင်းတို့ပြုလုပ်လာလိမ့်မည်.။ ထိုသို့ရှောင်ခြင်းက မိသားစုသူငယ်ချင်းများနှင့်ခွဲနေလိုခြင်း ကိုစိတ်ဝင်စားဖူးသော လှုပ်ရှားမှုများကိုပါစိတ်မဝင်စားတော့ခြင်းတို့ဖြစ်တတ်သည်။ အရင်ကထက်စိတ်ခံစားမှုပြင်းနေသည်ကိုတွေ့ရသည်။ ဆိုလိုသည်မှာ သင်ခံစားလွယ်ခြင်း ပိုစိတ်ဓါတ်ကျလွယ်ခြင်း နှင်စိတ်အပြောင်းအလွှဲမြန်ခြင်းတို့ဖြစ်တတ်သည်။ အခြားသူနှင့်ဆက်ဆံရာတွင်လည်းပြသာနာဖြစ်တတ်သည်။ စိတ်အရမ်းကြွခြင်း ခစားချက်များအကုန်ထုတ်ဖော်ခြင်း ပြန်ကောင်းသွားခြင်းစသည်ဖြင့်ပါဝင်နိုင်သည်။ အိပ်ပျော်ရန်ခက်ခဲခြင်း […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အမြင့်ကြောက်ရောဂါဆိုတာ ဘာလဲ

အမြင့်ကြောက်ရောဂါဆိုတာ ဘာလဲ သင်ဟာ တကယ်လို့ တော်တော်မြင့်တဲ့ အမြင့်တစ်နေရာကိုရောက်နေတယ်….အဲဒီအချိန်မှာ အောက်ကို ငုံ့ကြည့် လိုက်မိလို့ စိတ်ထဲမှာနည်းနည်း ကြောက်မိသွားတယ်…. အသည်းအေးသွားတယ်ဆိုပါစို့။ ဒါက ပုံမှန်ဖြစ်ရပ်ပါပဲ။ သင်မှ မဟုတ်ဘူး…လူတိုင်းနီးပါး ဒီလိုပဲဖြစ်တတ်ကြပါတယ်။ အဲလိုမဟုတ်ဘဲ သင့်အနေနဲ့ ချွေးစေးတွေပါ ပြန်လာပြီး တစ်ကိုယ်လုံး တုန်တုန်ရီရီဖြစ်လာမယ်…. ခြေဖျားလက်ဖျားတွေပါ အရမ်းကိုအေးစက်ပြီး ပျို့ချင်သလိုလို အန်ချင်သလိုလို ဖြစ်လာတတ် တယ်ဆိုရင်တော့ ယျေဘုယျအားဖြင့် သင့်မှာအမြင့် ကြောက်ရောဂါ ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ လူတချို့အတွက်တော့ အမြင့်ကြောက်ရောဂါဟာ… အသက်ကြီးမှ စဖြစ်တာမျိုး…. ဒါမှမဟုတ် အသက်ကြီးမှ ပိုဆိုးတာမျိုးလဲ ဖြစ်တတ်ပါသတဲ့။ အဖြစ်များတဲ့ အရွယ်ကတော့…. အသက်ဆယ့်ငါးနှစ်ကနေ နှစ်ဆယ့်ငါးနှစ်အတွင်းလို့ ဆိုပါတယ်။ “အသက်ကြီးမှ အမြင့်ကြောက်ရောဂါဖြစ်သူတွေမှာတော့…. ဘာကြောင့်ဖြစ်ရသလဲ လေ့လာကြည့်တဲ့အခါ ….. အသက်ကြီးလာတာနဲ့အမျှ ခန္ဒါကိုယ်ရဲ့ ဟန်ချက်ညီမျှမှူကို ထိန်းပေးတဲ့ အစိတ်အပိုင်းတွေ … အရင်ကလောက် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Pica (ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pica (ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါ) ကဘာလဲ။ ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါ ဆိုသည်မှာ ပုံမှန်မဟုတ်သော၊ အဟာရမရှိသော ပစ္စည်းတခုခု (ဥပမာ။ ရေခဲတုံး)ကို အလွန်အမင်း နှစ်ချိုက်စွာ စာသုံးတတ်သော ရောဂါ ဖြစ်ပါသည်။ သို့သော် တချို့ဝေဒနာရှင်များတွင်မှု အန္တာရာယ် ဖြစ်စေနိုင်သော အရာများ ( ဥပမာ။ အိမ်သုတ်ဆေးများ ခြောက် သွေ့ပြီးနောက် ကွာကျသော အဖတ်များ၊ သတ္တုအစအနများ ) ကိုလည်း စားတက်ပြီး ယင်းသို့ စားခြင်ကြောင့် နောက်ဆက်တွဲ အနေဖြင့် ခဲဆိပ်သင့်ခြင်းများလည်း ဖြစ်ပွားတတ်ပါသည်။ Pica (ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဤရောဂါသည် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များတွင် အတွေရများတတ်ပြီး နာတာရှည်ရောဂါ မဟုတ်ပါ။ အချို့သော ဉာဏ်ရည်ဖွံ ဖြိုးမှု နောက်ကျသော ရောဂါသည်များတွင်လည်း […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

Generalized Anxiety Disorder ( စိုးရိမ်သောကလွန်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Generalized Anxiety Disorder ( စိုးရိမ်သောကလွန်ရောဂါ) ကဘာလဲ။ Generalize Anxiety disorder (GAD) ကို ကိစ္စတစ်ခုအတွက် စိုးရိမ်သောကရောက်ရန် အကြောင်းရင်းမရှိသော်လည်း အလွန်အကျူး စိုးရိမ်တတ်ခြင်း၊ ပူပန်သောကရောက်တတ်ခြင်းနှင့် သတ်မှတ်နိုင်ပါသည်။ GAD ရှိသောလူများမှာ အမြဲလိုလို အပျက်ကိုသာတွေးနေတတ်ပြီး ကျန်းမာရေး၊ ငွေကြေး၊ မိသားစု၊ အလုပ်၊ ကျောင်း စသည်တို့ကို အမြဲသောကရောက်နေတတ်သည်။ GAD ဖြစ်နေသူများ၏ ပူပန်သောကမှာ လက်တွေ့မဆန်သလို ဖြစ်နေသည့်ကိစ္စထက်ကို ပိုလွန်ကျူးနေသည်မျိုးဖြစ်သည်။ နေစဉ်ဘဝတွင် တောက်လျှောက်ပူပန်နေခြင်း၊ ကြောက်ခြင်းနှင့် စိတ်ညစ်ခြင်းတို့ ဖြစ်လာနိုင်သည်။ နောက်ဆုံးတွင် စိုးရိမ်စိတ်မှာ လူတစ်ကိုယ်လုံးကို အနိုင်ရသွားပြီး နေစဉ်လုပ်ငန်းများ အလုပ်၊ ကျောင်း၊ လူမှုရေးနှင့် ဆက်ဆံရေးတို့တွင် အနှောက်အယှက်ဖြစ်လာပါသည်။ Generalized Anxiety Disorder ( စိုးရိမ်သောကလွန်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ GAD […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း