brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

အမြင့်ကြောက်ရောဂါဆိုတာ ဘာလဲ

အမြင့်ကြောက်ရောဂါဆိုတာ ဘာလဲ

သင်ဟာ တကယ်လို့ တော်တော်မြင့်တဲ့ အမြင့်တစ်နေရာကိုရောက်နေတယ်….အဲဒီအချိန်မှာ အောက်ကို ငုံ့ကြည့် လိုက်မိလို့ စိတ်ထဲမှာနည်းနည်း ကြောက်မိသွားတယ်…. အသည်းအေးသွားတယ်ဆိုပါစို့။ ဒါက ပုံမှန်ဖြစ်ရပ်ပါပဲ။ သင်မှ မဟုတ်ဘူး…လူတိုင်းနီးပါး ဒီလိုပဲဖြစ်တတ်ကြပါတယ်။

အမြင့်ကြောက်ရောဂါဆိုတာ ဘာလဲ

အဲလိုမဟုတ်ဘဲ သင့်အနေနဲ့ ချွေးစေးတွေပါ ပြန်လာပြီး တစ်ကိုယ်လုံး တုန်တုန်ရီရီဖြစ်လာမယ်…. ခြေဖျားလက်ဖျားတွေပါ အရမ်းကိုအေးစက်ပြီး ပျို့ချင်သလိုလို အန်ချင်သလိုလို ဖြစ်လာတတ် တယ်ဆိုရင်တော့ ယျေဘုယျအားဖြင့် သင့်မှာအမြင့် ကြောက်ရောဂါ ရှိနေပြီလို့ ဆိုနိုင်ပါတယ်။

လူတချို့အတွက်တော့ အမြင့်ကြောက်ရောဂါဟာ… အသက်ကြီးမှ စဖြစ်တာမျိုး…. ဒါမှမဟုတ် အသက်ကြီးမှ ပိုဆိုးတာမျိုးလဲ ဖြစ်တတ်ပါသတဲ့။ အဖြစ်များတဲ့ အရွယ်ကတော့…. အသက်ဆယ့်ငါးနှစ်ကနေ နှစ်ဆယ့်ငါးနှစ်အတွင်းလို့ ဆိုပါတယ်။

“အသက်ကြီးမှ အမြင့်ကြောက်ရောဂါဖြစ်သူတွေမှာတော့…. ဘာကြောင့်ဖြစ်ရသလဲ လေ့လာကြည့်တဲ့အခါ ….. အသက်ကြီးလာတာနဲ့အမျှ ခန္ဒါကိုယ်ရဲ့ ဟန်ချက်ညီမျှမှူကို ထိန်းပေးတဲ့ အစိတ်အပိုင်းတွေ … အရင်ကလောက် အလုပ်ကောင်းကောင်းမလုပ်နိုင်တာကြောင့်ပါ” လို့ Institute Of Psychiatry, King’s College London က Professor Kevin Gournay က ဆိုပါတယ်။

အမြင့်ကြောက်ရောဂါရဲ့ လက္ခဏာတွေက ဘာလဲ

အမြင့်ကြောက်ရောဂါရှိသူအများစု ဟာ အမြင့်တစ်နေရာကိုရောက်ပြီဆိုရင် မောတာ.. အသက်ရှူမြန်တာ…နှလုံးခုန် မမှန်တာ နဲ့ ချွေးစေးအလွန်အမင်းပြန်တာ…. ပျို့ချင်အန်ချင်တာတွေ ဖြစ်တတ်ပါတယ်။

ခေါင်းမူးတာ..ပတ်ဝန်းကျင်ကပါ ချာချာလည်နေအောင်မူးတာ.. ကြွက်သားတွေ တောင့်တင်းလာတာ..လက်တွေခြေတွေတုန်တာ.. ခေါင်းကိုက်တာတွေလဲ ဖြစ်တတ်သလို တချို့သိပ်ဆိုးတဲ့ အမြင့်ကြောက်သူတွေမှာတော့ ကိုယ့်ကိုယ် ကို သတ်သေချင်စိတ်ရှိတာရယ်မဟုတ်ဘဲ အဲဒီအမြင့်ကနေခုန် ချချင်စိတ်တွေပါ အလိုလိုပေါ်တတ်ပါသေးတယ်။

အမြင့်ကြောက်ရောဂါကို ဘယ်လိုကုသနိုင်သလဲ

တခြားအကြောက်ရောဂါတွေကို ကုသသလိုပဲ…. အမြင့်ကြောက်ရောဂါကို ကုသရတာဟာ တကယ်တမ်းတော့ခက်ပါတယ်။ Cognitive Behavourial Therapy လို့ခေါ်တဲ့ အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲမှူအတွက် နှစ်သိမ့်ဆွေးနွေးခြင်းနဲ့ ကုသလေ့ ရှိပါတယ်။ ဒီဆွေးနွေးမှူကနေ ဒီလိုအကြောက်လွန်ခြင်းဟာ ကြောက်သူရဲ့စိတ်ကူးကြောင့်သာဖြစ်ပြီး လက်တွေ့မှာတော့ အဲ လောက် ကြောက်စရာအခြေအနေမဟုတ်တာကို သူတို့ကိုယ်တိုင်နားလည်လက်ခံတဲ့အထိ နှစ်သိမ့်ဆွေးနွေးပေးတာမျိုးပါ။ အချို့ကျွမ်းကျင်သူတွေကတော့ အိပ်မွေ့ ချတာ… စိတ်ဖိစီးမှူလျှော့ချနိုင်တဲ့ စိတ်ငြိမ်ဆေးတွေပေးတာမျိုးနဲ့လဲ ကုသပေး တတ်ကြပါသေးတယ်။

အချို့ကျွမ်းကျင်သူတွေကတော့…. အမြင့်ကြောက်ရောဂါရှိသူတွေကို ကုသရာမှာ “exposure therapy” လို့ခေါ်တဲ့ အမြင့်နဲ့ မကြာခဏ ထိတွေ့ပေးစေတာမျိုး အကြံပေးကြပါတယ်။ ဥပမာ… လှေကားအမြင့်တစ်ထစ်တက်ပြီးတိုင်း… တစ်ခါနားပါ။ ကိုယ်ဟာ ဒါကို ကျော်လွှားသွားနိုင်မယ်ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်စိတ်မွေးပါ။ သင့်စိတ်ထဲမှာ အဆင်ပြေပြီဆိုရင် နောက်တဆင့်ထပ်တက်ပါ။ ပြီးရင် ခုဏတုန်းကလိုပဲ တစ်ခါထပ်နားပြီး တဆင့်ထပ်တက်ပါ။ အသက်ကို ပုံမှန်ရှူပြီး စိတ်ကိုလျှော့လို့ ဖြေးဖြေးချင်းတက်ပါ။ ဒါဟာ avoidance therapy လို့ခေါ်တဲ့ ….. အမြင့်ကိုရှောင်ပြီးနေခိုင်းတဲ့ ကုသမှူထက်စာရင် ရေရှည်အတွက် ပိုကောင်းတယ်လို့ သုသေတနတွေအရ သိရပါတယ်။

အမြင့်ကြောက်ရောဂါရှိတဲ့ ကမ္ဘာကျော်တွေ

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Seinn Moe Satt · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။