စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

Binge Eating Disorder (အစားလွန်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Binge Eating Disorder (အစားလွန်ရောဂါ) ကဘာလဲ။ အစားလွန်ရောဂါ (Binge eating disorder) ဆိုတာ အစားစားတာကို မထိန်းနိုင်တဲ့ အပြုအမူအလေ့အထကို ခေါ်ပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် အစားစားပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့သလို ခံစားရမယ်၊ နေ့ရှိသရွေ့ အစားစားဖို့ပဲ အာရုံရောက်နေမယ်၊ ဘယ်သူမှမသိအောင် ကျိတ်စားမယ်၊ ငြီးငွေ့ဖွယ်ကောင်းတဲ့ နေ့စဉ်ဘ၀ ဒါမှမဟုတ် စိတ်ဖီးစီးစရာကောင်းတဲ့ နေ့စဉ်ဘဝကနေ လွတ်မြောက်ဖို့ရည်ရွယ်ပြီး အစားစားပေမယ့် သင်ခံစားနေရတာတွေ မပျောက်ဘဲဖြစ်နေမယ် ဆိုရင်တော့ ဒါဟာ အစားလွန်ရောဂါရဲ့ လက္ခဏာတွေလို့ ဆိုနိုင်ပါတယ်။ အံ့သြစရာကောင်းလောက်အောင်ပဲ အစားလွန်ရောဂါဟာ အလွန်အဖြစ်များပါတယ်။ လူတွေဟာ တစ်သက်မှာ တစ်ချိန်မဟုတ်တစ်ချိန် ဒီရောဂါရလာနိုင်ပါတယ်။ ဒါပေမယ့် ရောဂါရှိလို့ရှိနေမှန်း စောစောသတိမထားမိကြဘဲ အဝလွန်ခြင်းလို နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာမှသာ သတိထားမိတတ်ကြပါတယ်။ Binge Eating Disorder (အစားလွန်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ […]


စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

Eating Disorders (အစားအသောက်မူမမှန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Eating Disorders (အစားအသောက်မူမမှန်ခြင်း) ကဘာလဲ။ အစားအသောက်မူမမှန်ခြင်းဆိုတာ အစားအသောက်ုပုံမှန်မစားခြင်း နှင့် ခန္ဓါကိုယ်ပုံစံအလေးချိန်အပေါ် စိတ်ဖိစီးမှုများခြင်းကြောင့်ဖြစ်လာသော ဖျားနာမှုတစ်ခုဖြစ်သည်။ များသောအားဖြင့် သင့် ခန္ဓါကိုယ်အလေးချိန် ပုံသန္ဏန် အစားအသောက်တို့အပေါ် အလေးအနက်အရမ်းထားခြင်း ကြောင့်ဖြစ်တတ်ပြီး အန္ဓါရယ်များသောအစားအသောက်ပုံစံကိုဖြစ်စေသည်။ ခန္ဓါကိုယ်အတွက် လုံလောက်သော အာဟာရကိုမရနိုင်ပဲဖြစ်တတ်သည်။ အဖြစ်များဆုံးပုံစံမှာ အေနိုရက်စီးယားနာဖိုစာ၊ ဗျူလီးမီးရား နာဖိုစာ နှင့် အစားအသောက်များလွန်းခြင်းတို့ဖြစ်သည်။ အစားအသောက်မူမမှန်ခြင်းသည် နောက်ဆက်တွဲပြသာနာများစွာကိုဖြစ်စေနိုင်သည်။ အချို့က အသက်အန္ဓါရယ်ရှိနိုင်သည်။ အစားအသောက်မူမမှန်ခြင်းပြင်းထန်လေလေ သို့မဟုတ် ရောဂါကြာရှည်လေလေ ပိုပြင်းထန်သောနောက်ဆက်တွဲ ဥပမာ ရောဂါဆိုင်ရာပြသာနာများ စိတ်ဓါတ်ကျခြင်း နှင့် ဒေါသထွက်လွယ်ခြင်း သတ်သေလိုသောအတွေး သို့မဟုတ် အပြုအမူများဖြစ်ခြင်း ကြီးထွားဖွံဖြိုးမှုဆိုင်ရာပြသာနာများဖြစ်ခြင်း ပတ်ဝန်းကျင်နှင့် ဆက်စပ်မှုဆိုင်ရာပြသာနာများ ဆေးစွဲခြင်း အလုပ်နှင့် ကျောင်းတွင် ပြသာနာများဖြစ်ခြင်း သေခြင်း ထိဖြစ်တတ်သည်။ Eating Disorders (အစားအသောက်မူမမှန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ ဆယ်ကျော်သက်နှင့် ငယ်သောမိန်းကလေးများသည် ယောက်ျားလေးများထက်ပိုဖြစ်တတ်သည်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများEating Disorders […]


စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

Anorexia Nervosa

အဓိပ္ပါယ်ဖွင့်ဆိုချက်Anorexia Nervosa ကဘာလဲ။ Anorexia nervosa ဆိုတာ အသက်အရွယ်၊ အရပ်အမောင်းနဲ့ မလိုက်ဖက်အောင် နည်းလွန်းသော ကိုယ်အလေးချိန်ရှိနေစေတဲ့ စားသောက်မှုဆိုင်ရာ ပြဿနာတစ်မျိုး ဖြစ်ပါတယ်။ ဒီစိတ်ရောဂါရှိနေသူတွေဟာ ကိုယ်အလေးချိန်အလွန်နည်းနေသော်လည်း မိမိကိုယ်အလေးချိန်အပေါ် အထင်အမြင်မှားမှုရှိနေပြီး ဝလာမှာ အလွန်ကြောက်နေကြပါတယ်။ သူတို့ဟာ ပိန်အောင် အစားလျှော့ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ အခြားနည်းလမ်းများ ဥပမာ ဝမ်းနှုတ်ခြင်း၊ အန်အောင်လုပ်ခြင်းတို့ကို အလွန်အကျွံလုပ်တတ်ကြပါတယ်။ Anorexia Nervosa က ဘယ်လောက်အဖြစ်များသလဲ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ ဆယ်ကျော်သက်မတိုင်မီ/ ဆယ်ကျော်သက်/လူငယ်အရွယ်တွေမှာ စဖြစ်တတ်ပါတယ်။ မကုသဘဲထားလျှင် ကိုယ်အလေးချိန်အလွန်နည်းပြီး အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများAnorexia Nervosa ရဲ့လက္ခဏာတွေကဘာတွေလဲ Anorexia nervosa ရဲ့ အဖြစ်အများဆုံးလက္ခဏာတွေကတော့ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေသော်လည်း ဝမှာ ဝိတ်တက်မှာ အလွန်ကြောက်နေခြင်း အန်အောင်ပြုလုပ်ခြင်း ဆီးသွားအောင် ဆီးဆေးသောက်ခြင်း၊ အန်အောင် ဝမ်းနှုတ်ဆေးသောက်ခြင်း ပိန်ဆေးများသောက်ခြင်း အစာမစားခြင်း၊ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

Depression (စိတ်ကျရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Depression (စိတ်ကျရောဂါ ) ကဘာလဲ။ စိတ်ကျရောဂါဆိုသည်မှာ တောက်လျှောက်ဝမ်းနည်းမှုများခံစားနေရပြီး ပတ်ဝန်းကျင်အား စိတ်ဝင်စားမှုလျော့နည်းသွားသော စိတ်ရောဂါတစ်မျိုးဖြစ်သည်။ သင်မည်သို့ခံစားတွေးတောပြီး ပြုမူသည်များကို သက်ရောက်ထိခိုက်စေပြီးစိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာပြဿနာများကို ဖြစ်ပေါ်စေသည်။ အကယ်၍ပူဆွေးကြေကွဲဝမ်းနည်းမှုတစ်ခုသည် ရက်ပေါင်းများစွာ(သို့)အပတ်ပေါင်းများစွာကြာသွားပြီး မိသားစုဝင်များ(သို့)သူငယ်ချင်းများနှင့် အလုပ်လုပ်ရန်၊ပေါင်းသင်းဆက်ဆံရန်ခက်ခဲလာပါက (သို့)မိမိကိုယ်ကို အဆုံးစီရင်ရန်ကြံစည်ခြင်းတို့ရှိလာပါကစိတ်ကျရောဂါရှိချေများသည်။ အကယ်၍စိတ်ကျရောဂါလက္ခဏာများသင့်တွင်ခံစားနေရပါက သင့်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ Depression (စိတ်ကျရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။80ရာခိုင်နှုန်းသောလူအများတွင် ဘဝအချိုးအကွေ့တစ်ခုမှာ စိတ်ကျရောဂါဖြစ်ပွားတတ်ကြပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများDepression (စိတ်ကျရောဂါ ) ရဲ့လက္ခဏာတွေကဘာတွေလဲ စိတ်ကျရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့လူတစ်ယောက်စီတွင် ကွဲပြားလှပါသည်။ဥပမာစိတ်ကျရောဂါဖြစ်နေ သောအချို့သူများသည် ပိုအိပ်တတ်ကြပြီး အချို့ဝေဒနာရှင်များတွင်ကားအိပ်ပျော်ရန်ခက်ခဲခြင်း(သို့)အစာစားချင်စိတ်လျော့နည်း နေခြင်းတို့ဖြစ်တတ်သည်။ သို့သော်လည်းအဖြစ်များသောလက္ခဏာရပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။ အာရုံမစူးစိုက်နိုင်ခြင်း ဝမ်းနည်းနေခြင်း ကြေကွဲနေခြင်း အနာဂတ်သည် ဘယ်လိုမှ ကောင်းမွန်တော့မည်မဟုတ်ဟုခံစားနေရခြင်း စိတ်တိုစိတ်ဆက်ခြင်း(သို့)ဂနာမငြိမ်ခြင်း လိင်ကိစ္စအားစိတ်ဝင်စားမှုလျော့သွားခြင်း ပြင်းထန်သောစိတ်ဓါတ်ကျမှုများတွင် မိမိကိုယ်ကိုအဆုံး စီရင်မည့်အတွေးများတွေးမိနေခြင်း စသည်ဖြင့်ဖြစ်သည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

Boderline Personality Disorder (ပြင်းထန်စိတ်ဂနာမငြိမ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Boderline Personality Disorder (ပြင်းထန်စိတ်ဂနာမငြိမ်ရောဂါ) ကဘာလဲ။ Borderline Personality Disorder ဆိုတာ ပြင်းထန်တဲ့စိတ်ရောဂါ အခြေနေတစ်ခုဖြစ်ပြီးသွင်ပြင်လက္ခဏာအနေနဲ့ စိတ်ဂနာမငြိမ်ခြင်းမျိုး၊မငြိမ်မသက်သောစိတ်အခြေအနေနဲ့ အပြုအမူတွေကိုတွေ့ရတတ်တယ်။ ဒီလိုလူနာတွေကများသောအားဖြင့်သူတို့စိတ်ခံစားချက်တွေ အတွေးတွေနဲ့ ပြသနာဖြစ်နေတတ်ပြီး ပြ ုမူပုံတွေကအစ အထိန်းအကွပ်မရှိဖြစ်တတ်လို့လူမှုရေးပြသနာတွေဖြစ်လာရတဲ့အထိရှိလာနိုင်ပါတယ်။ Boderline Personality Disorder (ပြင်းထန်စိတ်ဂနာမငြိမ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဒီစိတ်ရောဂါအခြေအနေဟာ များသောအားဖြင့် အပျိုဖော်လူပျိုဖော်ဝင်စအရွယ် ကြီးကောင်ဝင်ချိန်တွေမှာဖြစ်လေ့ရှိပါတယ်။ အကြောင်းရင်းများBoderline Personality Disorder (ပြင်းထန်စိတ်ဂနာမငြိမ်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ BPDကိုဖြစ်စေတဲ့အဓိကအကြောင်းအရင်းဆိုပြီးကောက်ချက်ဆွဲနိုင်တဲ့ဟာမျိုး မရှိသေးပါဘူး။ သို့သော်လည်းမျိုးရိုးဗီဇနဲ့ဆိုင်တဲ့အခြေအနေတွေ ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့အခြေအနေတွေကနေ အဓိကအခြေခံပြီးဖြစ်လာတယ်လို့ ယုံကြည်ထားကြပါတယ်။ သိပ္ပံပညာရှင်တွေကတော့BPDဟာမျိုးရိုးဗီဇတွေ အမွေဆက်ခံတာတွေ တစ်ဦးတစ်ယောက်ချင်းစီရဲ့စိတ်နေစိတ်ထားတွေ ဟာရောဂါနဲ့ဆက်နွယ်နေတယ်လို့ သဘောတူယူဆထားကြပါတယ်။ တစ်ချို့လူတွေမှာဦးနှောက်ထဲမှာတည်ဆောက်ပုံဟာသူများနဲ့မတူတာတွေ လုပ်ဆောင်ပုံမတူတာတွေကနေလည်းဒီလိုရောဂါဖြစ်စေပြီးအဲ့ဒါကိုgeneticကြောင့်ဖြစ်တယ်လို့ သက်သေပြုနိုင်ပါတယ်။ အပေါင်းအသင်းတွေရယ် ယဉ်ကျေးမှုဆိုင်ရာအချက်တွေ ပါဝင်ပေါင်းစုံပြီးတော့လည်း BPDကိုဖြစ်စေဖို့ပိုအားပေးတတ်ပါတယ်။ဥပမာအားဖြင့် သင်သာ BPD တို့ ဒါမှမဟုတ် တစ်ခြားစိတ်ရောဂါဖြစ်တဲ့လူတို့အနားနေနေရပါက ပတ်ဝန်းကျင်ကတည်ငြိမ်မှုမရှိခဲ့ရင် သင်ကိုယ်တိုင်လည်းအဲ့ရောဂါကိုပိုရနိုင်တဲ့အခြေအနေရှိပါတယ်။ တစ်ချို့လူတွေငယ်ဘဝမှာ […]


စိတ်မူမမှန်မှု ပြဿနာများ

Attention Deficit Hyperactive Disorder (Adhd) (လှုပ်ရှားလွန်းပြီးအာရုံမစိုက်နိုင်တဲ့ ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Attention Deficit Hyperactive Disorder (Adhd) (လှုပ်ရှားလွန်းပြီးအာရုံမစိုက်နိုင်တဲ့ ရောဂါ) ကဘာလဲ။ ADHD လို့ လူသိများတဲ့ လှုပ်ရှားလွန်းပြီး အာရုံမစိုက်နိုင်တဲ့ ရောဂါဟာ စိတ်မြန်လက်မြန်ရှိခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အာရုံမစိုက်နိုင်ခြင်း ဆိုတဲ့ စရိုက်လက္ခဏာတွေ ပေါင်းစုနေတဲ့ စိတ်နဲ့အပြုအမူပိုင်းဆိုင်ရာ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ကလေးတွေမှာ အများဆုံးတွေ့ရတတ်ပေမယ့် ဆယ်ကျော်သက်နဲ့ လူကြီးဖြစ်တဲ့အထိ ရောဂါလက္ခဏာတွေ မပျောက်ဘဲ ကျန်နေတတ်ပါတယ်။ ADHD ကို အမျိုးအစား သုံးမျိုး ခွဲခြားထားပါတယ်။ ဂနာမငြိမ်မှုပိုမိုပြင်းထန်တဲ့ ADHD – ဒီအမျိုးအစား ADHDရှိသူတွေမှာ ဂနာမငြိမ်ဖြစ်တဲ့လက္ခဏာနဲ့ စိတ်မြန်လက်မြန်အပြုအမူတွေကို အဓိကတွေ့ရလေ့ရှိပါတယ်။ အာရုံမစိုက်နိုင်မှုပိုမိုပြင်းထန်တဲ့ ADHD – ဂနာမငြိမ်မှုပိုမိုပြင်းထန်တဲ့ ADHD ရှိသူတွေမှာ ပူးတွဲတွေ့ရတတ်တဲ့ ပြဿနာဖြစ်ပါတယ်။ လက္ခဏာသုံးမျိုးပေါင်း ADHD – အထက်မှာပြောခဲ့တဲ့ လက္ခဏာသုံးမျိုးလုံး တပြိုင်တည်းရှိနေတဲ့ ADHD ဖြစ်ပါတယ်။ Attention Deficit […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

လိင်စိတ်တိမ်းညွှတ်ခြင်းဆိုတာဘာလဲ

လူရယ်လို့ ဖြစ်လာပြီဆိုရင် ကျား၊မ သဘာဝဆိုတာ မွေးကတည်းက ပါလာပြီးသား၊သတ်မှတ်ပြီးသားပါ (လိင်နှစ်မျိုးပါလာတာတို့ ဘာတို့ စသဖြင့် ချွင်းချက်လေးတွေတော့ ရှိသပေါ့လေ)။ ဒါပေမယ့် ကျွန်တော်တို့ ဆေးပညာအရ အထီး၊အမ သဘာဝ သတ်မှတ်တယ်၊ခွဲခြားတယ်ဆိုတာကလည်း အပြင်ပန်းမြင်ရတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ကြည့်ပြီး သတ်မှတ်ရတာမျိုး မဟုတ်လား။ ယေဘုယျအားဖြင့် အပြင်ပန်းအင်္ဂါအစိတ်အပိုင်းတွေ နဲ့ အတွင်းပိုင်းစိတ်သဏ္ဍာန်ကဖြစ်ပေါ်လာတဲ့ လိင်စိတ်သဘာဝတို့ဟာ (အနောက်တိုင်း ဆေးပညာ အလိုအရတော့ ကျား၊မလိင်ဟော်မုန်းတွေက လွှမ်းမိုးချုပ်ကိုင်နေတဲ့ လိင်စိတ်တွေပေါ့) သဟဇာတဖြစ်ပါတယ်။ ပုံစံတူညီပါတယ်။ ဆိုလိုတာက အပြင်ပန်းမှာ ကျားသဘာဝပုံစံရှိတယ်ဆိုရင် အတွင်းလိင်စိတ်ကလည်း ကျားသဘာဝပဲဖြစ်တာမို့ ဆန့်ကျင်ဖက်လိင်ဖြစ်တဲ့ မ သတ္တဝါကို လိုချင်တပ်မက်ပါတယ်။ ဒါဟာ လူအများစုမှာ ဖြစ်နေတဲ့ သဘာဝအရှိတရားဖြစ်တဲ့အတွက် 'ပုံမှန်'လို့ လူ့အဖွဲ့အစည်းက သတ်မှတ်ထားလေ့ရှိပါတယ်။ ဒါကိုပဲ လိင်စိတ်တိမ်းညွှတ်မှုလို့လည်း သမုတ်နိုင်မှာပါ။ လူတယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ချစ်ခြင်းမေတ္တာ ဒါမှမဟုတ် သွေးသားဆန္ဒအရ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ပေဒိုဖီးလီးယား (Pedophilia) ကလေးသူငယ်တွေအပေါ်မှာ လိင်စိတ်တိမ်းညွှတ်ခြင်း

ဒီဖက်ပိုင်းမှာ ခပ်စိပ်စိပ်ကြားလာရ၊စိတ်မချမ်းမြေ့စွာ မြင်လာရတဲ့ နောက်ဆုံးပေါ် မှုခင်းတစ်မျိုးက သက်ငယ်မုဒိမ်းမှုပါ။ သူ့ကို ကိုယ်မယုံ၊ကိုယ့်ကို သူမယုံနဲ့ဖြစ်လာကြပြီး အရင်းအချာချင်းတွေတောင် ဆင်ဆင်ခြင်ခြင်နေထိုင်နေကြရပါတယ်။ ဒါနဲ့ တစ်ဆက်တည်း ပညာပေးမှုတွေ၊ဆောင်ရန်ရှောင်ရန် နည်းလမ်းတွေကို မီဒီယာတွေ၊လူမှုကွန်ယက်တွေကနေ ကျယ်ကျယ်ပြန့်ပြန့် မျှဝေပေးနေတာမို့ ဒီဆောင်းပါးလေးမှာတော့ တခြားဆက်စပ်အကြောင်းအရာတစ်ခုကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ ခေါင်းစဉ်မှာတင်ထားတဲ့အတိုင်း ကလေးတွေကိုမှ လိင်စိတ်တိမ်းညွတ်မှုဖြစ်ခြင်း (Pedophilia) ဆိုတဲ့ အကြောင်းပါ။ ပေဒိုဖီးလီးယား (Pedophilia) ဆိုတာ ဘာလဲ။ Paedo ဆိုတာ ကလေးသူငယ်လို့ အဓိပ္ပာယ်ရပြီး ဂရိစာလုံး pais ကနေ ဆင်းသက်ပါတယ်။ philia ဆိုတာကတော့ စွဲလမ်းတွယ်တာခြင်း လို့အဓိပ္ပါယ်ရတဲ့ ရှေးဟောင်းဂရိစာလုံးဖြစ်ပါတယ်။ ဒီတော့ စာလုံးနှစ်လုံးကို ပေါင်းစပ်ထားတဲ့ ပေဒိုဖီးလီးယားဆိုတာဟာ ကလေးသူငယ်တွေအပေါ်မှာ လိင်စိတ်တိမ်းညွှတ်ခြင်းလို့ ယေဘုယျအားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ ကလေးသူငယ်ဆိုတဲ့နေရာမှာ အသက် ၁၃နှစ်နှင့် […]


စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

Night eating syndrome (ညတွင်အစားလွန်ခြင်း ရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Night eating syndrome (ညတွင်အစားလွန်ခြင်း ရောဂါစု) ကဘာလဲ။ ညတွင်အလွန်အကျူးစားသောက်ခြင်း နှင့် အတူ အိပ်ပျော်ရန်ခက်ခဲခြင်းတို့ကိုဆိုလိုသည်။ ယခုရောဂါစုနှင့်အတူ ညစာနောက်ပိုင်းတွင် အလွန်အကျူးစားသောက်ခြင်း၊အိပ်မပျော်ခြင်း၊နှင့် တရေးနိုးသောအခါ ထစားသောက်ခြင်းတို့လည်းပါဝင်သည်။ Night eating syndrome (ညတွင်အစားလွန်ခြင်း ရောဂါစု) က ဘယ်လောက်အဖြစ်များသလဲ ညတွင်အစားလွန်ခြင်း ရောဂါစုသည် လူတစ်ရာတွင် တယောက်ထက်ပို၍ဖြစ်ပွားလေ့ရှိသည်။ အကယ်၍ ဝဖိုင့်သူဖြစ်ပါက ဆယ်ပုံ တစ်ပုံဖြစ်နိုင်ချေရှိနေသည်။ ထပ်မံသိရှိလိုပါက ဆရာဝန်နှင့်တွေ့ဆုံ ပြသပါ။ လက္ခဏာများNight eating syndrome (ညတွင်အစားလွန်ခြင်း ရောဂါစု) ရဲ့လက္ခဏာတွေကဘာတွေလဲ ညတွင်အစားလွန်ခြင်း ရောဂါစု ရှိပါက ညစာစားပြီးနောက်ပိုင်းတွင်လည်း ထပ်မံ၍တနေ့တာပုံမှန်စားသောက်နေကျ ကယ်လိုရီ၏ လေးပုံတစ်ပုံကို စားသောက်လေ့ရှိသည်။ တစ်ပတ်တွင် အနည်းဆုံး နှစ်ကြိမ်ခန့်ညအိပ်နေရာမှ ထ၍စားသောက်လေ့ရှိတတ်သည်။ အနည်းဆုံး အောက်ပါအချက်သုံးချက်နှင့်လည်း ကိုက်ညီနေတတ်သည်။ မနက်တွင်အစာစားချင်စိတ်မရှိခြင်း ညစာနှင့် ညအိပ်ချိန်ကြားတွင်သာ ဗိုက်ဆာခြင်း၊အစာစားရန်စိတ်အားထက်သန်နေခြင်း တစ်ပတ်တွင် 4 ၊5 ည လောက် ညအိပ်မပျော်ခြင်း အစာစားမှ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

Depression in children and adolescents (ကလေးနှင့်လူငယ်များတွင်ဖြစ်သောစိတ်ကျရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Depression in children and adolescents (ကလေးနှင့်လူငယ်များတွင်ဖြစ်သောစိတ်ကျရောဂါ) ကဘာလဲ။ စိတ်ကျရောဂါဆိုသည်မှာ ကလေးဘဝ၏ပျော်ရွှင်မှုကို ပျက်စီးစေသော ဆိုးရွားသည့် စိတ်ရောဂါတစ်မျိုးဖြစ်သည်။ ကလေးတစ်ယောက်အတွက် ရံဖန်ရံခါ ဝမ်းနည်းခြင်း စိတ်ညစ်ခြင်းတို့သည် ပုံမှန်ဖြစ်သည်။ ထိုခံစားမှုများကို အိမ်မွေးတိရစ္ဆာန်တစ်ကောင်သေဆုံးခြင်း၊ နေရာသစ်သို့ပြောင်းရွှေ့နေထိုင်ရခြင်းတို့တွင်တွေ့နိုင်သည်။ သို့သော် ထိုသို့လနှင့်ချီ၍ ဖြစ်နေပါက စိတ်ကျရောဂါ၏ လက္ခဏာဖြစ်နိုင်သည်။ အရွယ်ရောက်ပြီးသူများသာ စိတ်ကျရောဂါဖြစ်နိုင်သည်ဟု ယခင်ကထင်ခဲ့ကြသည်။ ယခုမူ ကလေးငယ်များတွင်ပင် ကုသရန်လိုအပ်သော စိတ်ကျရောဂါရှိနိုင်ကြောင်း သိရှိလာပြီဖြစ်သည်။ Depression in children and adolescents (ကလေးနှင့်လူငယ်များတွင်ဖြစ်သောစိတ်ကျရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ကလေး၁၀ဝတွင်၂ယောက်၊ ဆယ်ကျော်သက်၁၀ဝတွင်၈ယောက်တို့သည် ဆီုးရွားသော စိတ်ကျရောဂါနှင့် ရင်ဆိုင်နေရသည်။ ရောဂါဖြစ်ပွားနှုန်းမြင့်မားစေသော အချက်များကို ရှောင်ကြဉ်ခြင်းဖြင့် ကာကွယ်နိုင်သည်။ သိလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။   လက္ခဏာများDepression in children and adolescents (ကလေးနှင့်လူငယ်များတွင်ဖြစ်သောစိတ်ကျရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ဖွံ့ဖြိုးမှုအဆင့်အလိုက် စိတ်ကျရောဂါ၏ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း