စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စွဲလမ်းမှုပြဿနာများ

မိုဘိုင်းလ်ဖုန်း စွဲလမ်းလွန်တဲ့ စိတ်ရောဂါ သင့်မှာ ရှိနေပြီလား

ဒီဘက်ခေတ်ကြီးထဲမှာ မိုဘိုင်းလ်ဖုန်းကို လူတိုင်းနီးပါး အသုံးပြုနေကြပါပြီ။ ဆက်သွယ်ဖို့၊ စကားပြောဆိုဖို့၊ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေအတွက် အဖြေရှာဖို့၊ မိတ်ဆွေအသစ်တွေ ရှာဖွေဖို့ အရင်ကလို အချိန်ကုန်၊ လူပင်ပန်းခံစရာ မလိုပဲ အင်တာနက်ဖွင့်လိုက်ရုံနဲ့ အလွယ်တကူ လုပ်လို့ရနေပါပြီ။ ဒါဟာ မကောင်းတဲ့ ကိစ္စတော့ မဟုတ်ပေမယ့် တချို့လူတွေအတွက်တော့ လိုတာထက် ပိုပြီး စွဲလမ်းသွားတဲ့အခါ စိတ်ရောဂါအခြေအနေအပြင် ကျန်းမာရေးနဲ့ နေ့စဉ်ဘဝကိုပါ ထိခိုက်လာနိုင်ပါတယ်။ ကျား၊ မ မရွေး၊ လူငယ်တွေမှာ တွေ့ရတတ်တဲ့ ပြဿနာတစ်မျိုး ဖြစ်ပြီး ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ပဲ ကြာလာတဲ့အခါ ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုပါ ထိခိုက်စေပါတယ်။ ပြင်းထန်တဲ့ စိတ်ရောဂါအခြေအနေမျိုး တစ်ခုမဟုတ်တာကြောင့် ဒီလို မိုဘိုင်းလ်ဖုန်း စွဲလမ်းတဲ့ စိတ်ရောဂါကို ကိုယ်တိုင်ဖြစ်စေ၊ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်နဲ့ ဖြစ်စေ တိုင်ပင်ဆွေးနွေးပြီး ကုသပျောက်ကင်းနိုင်ပါတယ်။ မိုဘိုင်းလ်ဖုန်း […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အထက်လူကြီးဆိုးနဲ့ ကြုံတွေ့ရတဲ့အခါ

အလုပ်သမားတစ်ယောက်အလုပ်ထွက်တာမှာ အလုပ်ကြောင့်ထက် အထက်လူကြီးကြောင့်ပိုများတယ်ဆိုတဲ့ လေ့လာချက်ရှိပါတယ်။ အထက်လူကြီးကောင်းခြင်းဆိုးခြင်းက အလုပ်တစ်ခုအပေါ်မှာ ဘယ်လောက်နေပျော်တယ်မပျော်ဘူးဆိုတာကို အဆုံးအဖြတ်ပေးတယ်။ တစ်နေ့ ၈နာရီထက်မနည်း နေနေရတဲ့လုပ်ငန်းခွင်တစ်ခုမှာ မဖြစ်မနေ တွေ့နေရတဲ့ကိုယ့်အထက်လူကြီးက လူကြီးမဆန်ဘူး၊ ခေါင်းဆောင်မပီသဘူးဆိုရင် အလုပ်လုပ်ရတာ စိတ်ဆင်းရဲဖို့ ကောင်းပါတယ်။ ဒီတော့ ဘယ်လိုဆက်လုပ်ကြမလဲ။ ၁။ ပိုတော်လာအောင်လုပ်ပါ။ စိတ်ညစ်စိတ်တိုစရာ ဝမ်းနည်းစရာတွေနဲ့ ကြုံတွေ့ရဖို့ကတော့ သေချာသလောက်ရှိတယ်။ အကောင်းဆုံးထွက်ပေါက်ကတော့ ပိုတော်လာအောင်ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ။ အလုပ်နဲ့သက်ဆိုင်ရာမှာ၊ အတွေးအခေါ်မှာ၊ ကိုယ်ရည်ကိုယ်သွေးမှာ ပိုတော်သထက်တော်လာအောင်လုပ်ပါ။ ဆိုးတဲ့အထက်လူကြီးတွေဟာ သူတို့နိုင်လို့ရတဲ့သူတွေကို ပိုအနိုင်ကျင့်လေ့ရှိတယ်။ ဘယ်လိုလူတွေကို အနိုင်ကျင့်နိုင်လဲဆိုတော့ သူတို့မရှိလည်းဖြစ်တယ်၊ အစားထိုးရလွယ်တယ်၊ အလုပ်နဲ့ပတ်သက်လို့ ကိုယ်ရည်ကိုယ်သွေးနဲ့ပတ်သက်လို့ လေးစားလောက်စရာအနေအထားမရှိတဲ့သူတွေကို ပိုအနိုင်ကျင့်တယ်။ ဒီတော့ ကိုယ်ဟာ မရှိမဖြစ်အနေအထားကိုရောက်လာအောင် ပိုတော်လာအောင်ဖန်တီးယူမယ်ဆိုရင် ကိုယ့်အပေါ်မှာအရင်ကလောက် မဆိုးရွားနိုင်တော့ဘူး။ ယုတ်စွအဆုံး အလုပ်သစ်ရှာရရင်တောင် လွယ်ကူတယ်။ အထက်လူကြီးဆိုးလို့ ကိုယ့်တိုးတက်မှုလုံးဝမရှိဘူးဆိုရင် အရှုံးကြီးပဲမလား။ ၂။ ကိုယ်ချင်းစာကြည့်လိုက်ပါ။ ပြဿနာတစ်ခုဖြစ်တဲ့အခါတိုင်းမှာ ဘက်က […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ဓါတ်ကျနေတာက ဆောင်းရာသီကြောင့်များလား

ရာသီဥတုေအးအေးလေးကဆွေးစရာလေးနော်။ အနုပညာသမားတွေအတွက်ခံစားလို့ကောင်းတဲ့ရာသီဥတုပါနော်။ ဒါပေမယ့်အေးတဲ့ရာသီဥတုက လွမ်းမောလွန်းရင်တော့ စိတ်ဓါတ်ကျတဲ့အထိဖြစ်သွားနိုင်ပါတယ်။ အခုတလောစိတ်ဓါတ်ကျနေတာက သင့်မှာစိတ်ဖိစီးနေတာထက်အေးမြတဲ့ ရာသီဥတုကြောင့်လည်းဖြစ်နေနိုင်ပါတယ်နော်။ ရာသီဥတုအေးရင် တကယ်စိတ်ဓါတ်ကျသလား ရာသီဥတုအခြေအနေပေါ်မှာမူတည်ပြီး စိတ်အခြေအနေပြောင်းလဲနိုင်ပါ။ ဒီအခြေအနေကို ရာသီဥတုအခြေအနေကြောင့်ဖြစ်တဲ့ စိတ်အခြေအနေပြောင်းလဲမှုလို့ခေါ်ပါတယ်။ ဒီအခြေအနေကို ရာသီဥတုပြောင်းလဲမှုဖြစ်တဲ့အချိန်တိုင်းမှာခံစားရနိုင်ပါတယ်။ဆောင်းတွင်းဝင်စမှာ ခံစားရနိုင်သလိုဆောင်းကုန်ခါနီးနမှာလည်းခံစားရနိုင်ပါတယ်။ ဒါကဘာကြောင့်ဖြစ်ရတာလဲဆိုတော့ အအေးပိုကဲလာပြီးနေရောင်ကိုထိတွေ့ရချိန်နည်းသွားတာကြောင့်ဖြစ်နိုင်ပါတယ်။ လူအများစုက ရာသီဥတုအေးတဲ့အချိန်မှာ ချမ်းအေးမှုနဲ့နေရောင်နွေးနွေးနဲ့ထိတွေ့ခွင့်ရတာနည်းတာကြောင့် လူကစိတ်ဓါတ်ကျနိုင်ပါတယ်။ စိတ်ဓါတ်ကျရောဂါအခံရှိသူတွေက ဒီအချိန်မှာ ပိုပြီးစိတ်ဓါတ်ကျနိုင်ပါတယ်။ ရာသီဥတုအေးတာက လူကိုပျင်းရိစေပြီး စိတ်ခံစားမှုကို ထိုင်းမှိုင်းစေတာတော့အမှန်ပါ။ အအေးဒဏ်ပိုခံရလေလေ ရာသီဥတုကြောင့် စိတ်ဓါတ်ကျမှုဝေဒနာကို ပိုခံစားရနိုင်လေလေပါ။ ဘယ်လိုလက္ခဏာတွေတွေ့ရနိုင်လဲ အချိန်တော်တော်များများမှာ စိတ်ဓါတ်ကျနေနိုင်တယ်။နေ့တိုင်းနီးပါး စိတ်ဓါတ်ကျနေနိုင်ပါတယ်။ အရင်ကစိတ်ဝင်စားတဲ့အလုပ်တွေကို မလုပ်ချင်မကိုင်ချင်ဖြစ်နေမယ်။ အားမရှိသလိုခံစားနေရမယ် အိပ်မပျော်ဘူးဖြစ်နေမယ် စားချင်စိတ်မရှိတာမျိုးဖြစ်နေမယ် ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်နေမယ်။ အရမ်းအိပ်နေမိမယ်။ ကာဗိုဟိုက်ဒရိတ်တွေပိုစားချင်မိနေတာမျိုးဖြစ်နိုင်တယ်။ ကိုယ်အလေးချိန်တက်လာနိုင်တယ်။ ခြေကုန်လက်ပမ်းကျေနနိုင်တယ်။ ထိုင်းမှိုင်းလေးကန်နေမယ်။ စိတ်တိုစိတ်ဆတ်လွယ်နေမယ်။ အာရုံစိုက်ရခက်နေမယ်။ မျှော်လင့်ချက်မဲ့သလိုဖြစ်နေမယ်။ ကိုယ့်ကိုကိုယ် အပြစ်ရှိသူလိုခံစားနေရမယ်။ တစ်ခါတလေအရာရာကိုစိတ်ကုန်ပြီး ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်တောင်ဖြစ်မိနိုင်ပါတယ်။ ဘယ်လိုတွန်းလှန်မလဲ ပြဿနာသိရင် […]


စိတ်ကျန်းမာရေး

စိတ်ဓါတ်ကျတာကို ပိုဆိုးစေနိုင်တဲ့ အကြောင်းအရင်း ၅ ခု

စိတ်ဓါတ်ကျတာက မဖိတ်ခေါ်ဘဲကိုရောက်လာတတ်တဲ့အရာနော်။ အလုပ်ခွင်ဖိအားေကြာင့်ဖြစ်နိုင်သလို မိသားစုရဲ့ တာဝန်တွေ၊ အချစ်ရေးကိစ္စတွေကြောင့်လည်း စိတ်ဓါတ်ကျနိုင်ပါတယ်နော်။ လူတော်တော်များများလုပ်မိနေတာက စိတ်ဓါတ်ကျပြီဆိုရင်ပေပေတေတေနဲ့နေပစ်လိုက်တာပါ။ ဒီလိုနေတာက စိတ်ဓါတ်ကျတာကိုပိုဆိုးသွားစေနိုင်ပါတယ်။ စိတ်ဓါတ်ကျနေရင် ဒီအပြုအမူတွေကိုရှောင်ဖို့ပြောပါရစေ။ စိတ်ဓါတ်ကျနေတာလား။ ဒါတွေမလုပ်နဲ့နော် လူတစ်ယောက်ကတော်ရုံနဲ့တော့ စိတ်ဓါတ်မကျနိုင်ပါဘူး။ ဖိအားတွေအရမ်းများလာတာ၊ မနိုင်ဝန်တွေကိုထမ်းထားရချိန်မှာ စိတ်ပင်ပန်းမှုကဖြစ်လာပြီးရေရှည်သိမ်းထားရင်းက ကြာလာတဲ့အခါ စိတ်ဓါတ်ကျလာတတ်ပါတယ်။နောက်တစ်ခုက ကိုယ်ပြုလုပ်နေမိတဲ့အပြုအမူတွေကြောင့် စိတ်ဓါတ်ကျတာက တာရှည်နေတာပါ။ ကဲ စိတ်ဓါတ်ကျတဲ့အခါ ပိုပြီး စိတ်ဓါတ်မကျသွားစေဖို့ ဒါတွေမလုပ်ပါနဲ့နော်။ မလှုပ်မရှားမနေပါနဲ့ ပြောချင်တာက စိတ်ဓါတ်ကျနေတယ်ဆိုပြီး ထိုင်းမှိုင်းလေးကန်နေအောင်မနေဖို့ပါ။တော်တော်များများက စိတ်ဓါတ်ကျတဲ့အခါ မလှုပ်ချင်မသယ်ချင်နဲ့ အခြေက်တိုက်ကို စိတ်ဓါတ်ကျနေတတ်ကြတာပါ။ ဒီအနေအထားက စိတ်ဓါတ်ကတာကို တာရှည်စေပြီး စိတ်ထောင်းကိုယ်ကြေဖစ်သွားနိုင်ပါတယ်။ ဒီလိုအချိန်မှာနောက်ကထပ်ပိုးပါလာမှာက အလုပ်ခွင်ထဲမှာ ဆက်ဆံရေးအဆင်မပြေတာ၊၊ သူငယ်ချင်းတွေနဲ့ မိတ်ပျက်တာတွေအပြင် ဘာလုပ်လုပ်အဆင်မပြေတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ စိတ်ဓါတ်ကျရင်နောက်ထပ်လုပ်တတ်တာတစ်ခုရှိပါသေးတယ်။ ဒါကတော့ အိပ်ရာထဲကနေထွက်မလာတာပါပဲ။ ဘယ်ဘက်လှိမ့်တယ်၊တွေးတယ်။ ညာဘက်လှိမ့်တယ်၊တွေးတယ်။ ပက်လက်တွေးတယ်၊မှောက်ရက်တွေးတယ်လုပ်နေတာပါ။ ဒီလိုလုပ်ရင်းက လုပ်ရမယ့်အလုပ်တွေမလုပ်မိဘဲ အလုပ်တွေတောင်ပုံရာပုံဖြစ်ပြီး ပိုစိတ်ဖိစီးနိုင်ပါတယ်။ မစာမနာပြောတာမဟုတ်ပါဘူးနော်။ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ဦးနှောက်ကိုအနားပေး အေးဆေးနှပ်နိုင်မယ့် အကြံကောင်း(၈)ချက်

တစ်နေ့လုံးအရမ်းပင်ပန်းထားတယ်၊ ကိုယ့်ကိုယ်ကိုမောင်းထားတယ်၊ အိမ်ပြန်ရောက်မှ နားပစ်လိုက်မယ်ဆိုတဲ့ စိတ်ထဲကကြိမ်းဝါးသံက ညအိပ်ချိန်မှာ ဘယ်ပျောက်သွားမှန်းမသိတော့ပါဘူး။ ပင်ပန်းထားတဲ့ဦးနှောက်ကို အနားပေးဖို့လိုနေပါပြီဆို အိပ်လို့ကမရတော့ဘူး။ အိပ်ရေးမဝရင်လည်းနောက်ထပ်အလုပ်တွေ ဆက်မလုပ်နိုင်ဘဲနေပါလိမ့်မယ်။ ဒီတော့ ပင်ပန်းနေလျက် မျက်စိကြောင်ရင် ဘယ်လိုလုပ်ရမလဲ၊ ရတဲ့အချိန်လေးအေးဆေးနှပ်ချင်ရင် ဘယ်လိုလုပ်ရမလဲ အကြံနည်းနည်းပေးမယ်နော်။ (၁) မအိပ်ချင်သေးဘူးလား ...ထထိုင်ပါ နောက်နေတာမဟုတ်ဘူးနော်။ ညတိုင်းအချိန်မှန်အိပ်သင့်တယ်ဆိုပေမယ့် ကိုယ့် ဦးနှောက် ကပြေးနေတာအရှိန်မကုန်သေးဘဲ အိပ်ဖို့အသင့်မဖြစ်သေးတဲ့အချိန်တွေရှိတယ်။ ဒီလိုဖြစ်လာရင် အတင်းကြီးလှိမ့်အိပ်မနေပါနဲ့။ အိပ်မပျော်တဲ့အတွေးပေါင်းသောင်းခြောက်ထောင်က ဖိစီးလာလိမ့်မယ်။ အဲ့တော့ သင့်ခန္ဓါကိုယ်ကို ပင်ပန်းလာ၊ပျင်းရိလာစေတဲ့အထိ မပင်ပန်းတဲ့အလုပ်တစ်ခု ထလုပ်ပါ။ ဥပမာ ပျင်းစရာကောင်းတဲ့စာအုပ်(ကိုယ်နှစ်သက်လေ့မရှိတဲ့အမျိုးအစား)ဖတ်တာမျိုး၊ရေနွေးနဲ့ရေထချိုးတာမျိုး၊ ကိုယ်တခြမ်းမှီပြီး သီချင်းအေးအေးလေးနားထောင်နေတာမျိုး။ အိပ်ရာထဲလှိမ့်ရင်း မျက်စိကြောင်နေတာထက် အပြင်မှာခဏအချိန်ဖြုန်းပြီး အိပ်ငိုက်လာတာနဲ့ ချက်ချင်းဝင်အိပ်ပါ။ (၂) အာရုံတွေ အရင်ရှင်းပါ အလုပ်ကိစ္စ သို့မဟုတ်ငွေရေးကြေးရေးကိစ္စ တို့လို စိတ်ဖိစီးစေနိုင်တဲ့အကြောင်းအရာတွေကြောင့် အတွေးတွေများနေတတ်ပါတယ်။ အိပ်ချိန်နီးတဲ့အခါ ဒီအတွေးတွေကိုဖျောက်သင့်တယ်၊ စိတ်လှုပ်ရှားရတဲ့ရုပ်ရှင်တွေလည်း ပိတ်ပါ၊ အွန်လိုင်းလည်း […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

သိမ်ငယ်စိတ်ဟာ ဘဝတစ်ခုလုံးကို ဘယ်လိုဝါးမြိုသွားနိုင်လဲ

လူတွေဟာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်လာရင် ပေါ့သေးသေးလို့ပဲ မှတ်ယူကြတယ်။ ဖွင့်ပြောရမှာ ရှက်ရွံ့တာကြောင့်၊ ကိုယ့်ရဲ့ အခြေအနေကို ပတ်ဝန်းကျင်က သိသွားတဲ့အခါ အထင်သေးမှာ၊ ကဲ့ရဲ့ဝေဖန်ကြမှာ ကြောက်ရွံ့တာကြောင့် ကိုယ့်ရဲ့ စိတ်အခြေအနေကို လူတော်တော်များများက ဖွင့်မပြောပဲ ရင်ထဲမှာပဲ မြိုသိပ်ထားလိုက်ကြတယ်။ တကယ်တော့ ဒါဟာ ရောဂါပျောက်ကင်းသွားတာ မဟုတ်ပါဘူး။ အနာကို သဲနဲ့ ခဏဖုံးထားလိုက်နိုင်ရုံသက်သက်ပါပဲ။ စိတ်နဲ့ ပတ်သက်တဲ့ ပြဿနာတော်တော်များများဟာ ကျွမ်းကျင်တဲ့ စိတ်ရောဂါကုထုံးပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ သေချာဆွေးနွေးတိုင်ပင်ဖို့ လိုအပ်တယ်။ ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့အတွက်လည်း အချိန်ပေးရမယ်။ နေထိုင်ပုံနဲ့ စိတ်ဓါတ်၊ အတွေးအခေါ်တွေကို အကောင်းဘက်ကို ပြောင်းလဲလာအောင် ကြိုးစားရမယ်။ ကိုယ်ချစ်တဲ့သူတွေဆီကနေ စိတ်ခွန်အားတွေ၊ အသက်ရှင်ရပ်တည်ဖို့ တွန်းအားတွေ ရယူရမယ်။ ဒါမှပဲ စိတ်ရောဂါတွေကို တိုက်ထုတ်နိုင်ပြီး ဘဝဟာ အေးချမ်းပျော်ရွှင် အဓိပါ္ပယ်ရှိလာမှာပါ။ သိမ်ငယ်စိတ်ဆိုတာ ဘာလဲ။ သိမ်ငယ်စိတ်ကနေ စတင်ဖြစ်တည်လာတဲ့ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

စိတ်ပျိုကိုယ်နု အရွယ်တင်နေစေမယ့် လျို့ဝှက်ချက်

ကျား၊ မ မရွေး၊ အသက်အရွယ်မရွေး ဘယ်သူမဆို လှချင်၊ နုပျိုချင်ကြတာပါပဲ။ အရွယ်တင်နုပျိုခြင်းဆိုတာ အလှအပနဲ့ပဲ သက်ဆိုင်မယ်လို့ ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ သုတေသီတွေ လေ့လာချက်အရ အမြဲတမ်း စိတ်ပျော်ရွှင်ြပီး နုပျိုနေတဲ့သူတွေဟာ တခြားရွယ်တူတွေထက် သက်တမ်းရှည်ကြာစွာ နေထိုင်သွားနိုင်တာကို တွေ့ရှိခဲ့ပါတယ်။ အရွယ်တင်နုပျိုဖို့အတွက် ကိုယ့်ရဲ့ နေ့စဉ် နေထိုင်မှုပုံစံတွေ ပြင်ရမယ်။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို ပြင်ဆင်ရမယ်။ အစာအာဟာရမျှတစွာ စားရုံသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ကြံ့ခိုင်အောင် ပြောင်းလဲ နေထိုင်ရမယ်။ တွေးလိုက်ရင်တော့ ရှုပ်တယ်လို့ ထင်ရပေမယ့် တကယ်တော့ အရွယ်တင်နုပျိုစေဖို့ဆိုတာ ကိုယ့်စိတ်၊ ကိုယ့်ရွေးချယ်မှုနဲ့သာ သက်ဆိုင်နေတာပါ။ ဒီတော့ စိတ်ပျိုကိုယ်နု အရွယ်တင်ပြီး သက်တမ်းရှည်ကြာစွာ နေထိုင်ဖို့ ဘဝမှာ ပြောင်းလဲနေထိုင်သင့်တဲ့ ပုံစံလေးတွေကို ပြောပြပေးချင်ပါတယ်။ ကိုယ့်ရဲ့ စိတ်ကို ပြောင်းလဲပစ်ပါ။ စိတ်ဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးကိုသာမက နေ့စဉ်ဘဝတစ်ခုလုံးကိုပါ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ကျခြင်း ရဲ့ အန္တရာယ်အချက်ပြလက္ခဏာများ

စိတ်ကျခြင်း က အဖြစ်များတဲ့ပြဿနာတစ်ခုဖြစ်ပေမယ့် ကိုယ့်မှာရှိနေသလားဆိုတာ သိပ်မသိကြပါဘူး။ လက္ခဏာကလည်း သိပ်မဆိုးရင် င် ပုံမှန်ဖြစ်လေ့ရှိတဲ့အပြုအမူတွေနဲ့ သိပ်မကွာလှတာကြောင့် အမှုမဲ့အမှတ်မဲ့ပါပဲ။ စိတ်ဓါတ်ကျနေသူဟာ ဝမ်းနည်းလွယ်တာ၊ စိတ်ဆိုးလွယ်တာ၊ အားကုန်လွယ်တာ စတဲ့လက္ခဏာတွေကို အချိန်အတော်ကြာခံစားနေရလေ့ရှိပါတယ်။တော်တန်ရုံလက္ခဏာတွေက စိတ်ဖိစီးမှုများနေတဲ့အချိန်မှာဖြစ်တတ်တဲ့အရာတွေဆိုတော့နေရင်းထိုင်ရင်းသက်သာသွားနိုင်ပါသေးတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုတာရှည်လာတာ၊ အအိပ်အစားမမှန်တာ၊ စိတ်ကိုမပြင်ဆင်မကုသတာတွေကြောင့် မသိလိုက်ဘဲ လက္ခဏာ အဆင့်မြင့်လာရင် မကောင်းပါဘူး။စိတ်ကျဝေဒနာပြင်းထန်လာရင် အစာစားချင်စိတ်မရှိတော့တာ၊ ပိန်ကျသွားတာ၊ အိပ်မပျော်တော့တာ၊ သတ်သေချင်စိတ်တွေဖြစ်လာတာတွေအထိဖြစ်လာတဲ့အခါ အန္တရာယ်ရှိပါတယ်။ ဒီအဆင့်ကိုမရောက်ခင် ကိုယ့်မှာ အန္တရာယ်ရှိတဲ့လက္ခဏာအဆင့်တွေဖြစ်နေပြီလားဆိုတာ အချိန်မီသိဖို့လိုပါတယ်။ ကိုယ်တိုင်မဟုတ်လည်း ချစ်ခင်ရင်းနှီးရသူတွေမှာလည်း ဒီလက္ခဏာတွေ ရှိနေပြီလားဆိုတာ ပြန်ဆန်းစစ်ပါနော် ။ စိတ်ကျလက္ခဏာ ပြင်းထန်လာရင် ညအိပ်မပျော်ဘူး သို့မဟုတ် အရမ်းအိပ်လွန်းတယ် ဆတ်ဆတ်ထိမခံ စိတ်တိုလွယ်တယ် ကိုယ်အမြဲနှစ်သက်နေကျအရာတွေ၊ အလုပ်တွေကို စိတ်မဝင်စားတော့ဘူး မကောင်းတာတွေဖြစ်လာတော့မယ်လို့ ခံစားနေရတယ် မျှော်လင့်ချက်မဲ့သလို ခံစားလာရတယ် (လမ်းပျောက်နေတယ်) […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ရယ်သောသူ အသက်ရှည်ရတဲ့ အကြောင်းရင်း (၆) ခု

ရယ်သောသူအသက်ရှည်၏ ဆိုတဲ့ ဆိုရိုးစကားက ဘဝရဲ့အတွေ့အကြုံမှန်သမျှကို ပျော်ပျော်ပဲရင်ဆိုင်နေထိုင်သွားတတ်ဖို့ကို ဆိုလိုချင်တာပါ။ မရပ်မနားရယ်နေဖို့လည်းမဟုတ်သလို လူတကာနဲ့ ဟီးဟီးဟားဟားလုပ်နေဖို့ကိုပြောတာမဟုတ်ပါဘူး။ ရယ်လွန်းလို့မေးရိုးလွဲသွားတာ၊ ပါးစပ်စိမရလို့ဆေးရုံတင်လိုက်ရတာတွေလည်းရှိတယ်နော့။ တကယ်တမ်းတွေးကြည့်ရင်လည်း ဒီစကားကဖြစ်နိုင်မဖြစ်နိုင် ကိုယ်တိုင်သိနိုင်တာပဲလေ။ စိတ်တအားမွန်းကြပ်တဲ့အခါ ဟာသရုပ်ရှင်တွေကြည့်လိုက်ရင် ဒါမှမဟုတ် အပေါင်းအသင်းတွေနဲ့ဆုံလိုက်ရင် ရယ်ရင်းမောရင်း နည်းနည်းတော့ပေါ့ပါးသွားတယ်မလား။ ဒီလိုမရယ်နိုင်တာတောင်ကြာပြီ လို့ ပြောတတ်ကြသေးတယ်။ ရယ်လိုက်ရတာ စိတ်ညစ်တာတောင်ဘယ်ပျောက်သွားလဲမသိဘူး တို့ဘာတို့။ ပျော်ပျော်နေတာ၊ စိတ်ညစ်စရာတွေ ပင်ပန်းဒုက္ခတွေကိုတောင် ရယ်စရာအဖြစ်ပြောင်းလဲကျော်လွှားလိုက်တာတွေက အားဆေးသောက်တာ၊ဆေးခန်းပြတာတွေထက် စရိတ်ပိုသက်သာတယ်မလား။ ရယ်မောခြင်းက ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုနေလဲ ကြည့်ရအောင်။ (၁) သွေးကြောတွေရဲ့လုပ်ဆောင်ချက်ပိုကောင်းစေတယ် ရယ်လိုက်ရင်သွေးကြောအတွင်းနံရံတစ်ရှူးတွေကို ပိုကျယ်စေပြီးသွေးလည်ပတ်မှုပိုကောင်းစေပါတယ်။ ဒါ့ကြောင့်ပဲ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေကိုပိုနည်းစေပါတယ်။ (၂) စိတ်ကျန်းမာရေးအတွက်ကောင်းတယ် ရယ်မောခြင်းနဲ့ ဟာသတွေက စိတ်ပျော်ရွှင်မှုကိုလက်ခံတုံ့ပြန်လာအောင် ဦးနှောက်ကိုကူညီပေးတဲ့ dopamine ဟော်မုန်း၊ စိတ်ကိုမြှင့်တင်ပေးတဲ့serotoninဟော်မုန်း၊ နာကျင်မှုနဲ့စိတ်ဖိစီးမှုကိုထိန်းညှိပေးတဲ့endorphinsဟော်မုန်း တို့ကို ဦးနှောက်ကထုတ်ပေးပါတယ်။ (၃) လူချစ်လူခင်ပေါတယ် ပျော်ပျော်နေတတ်တဲ့သူကို လူတိုင်းချစ်ခင်ပါတယ်။ အကောင်းမြင်တတ်လာမှပျော်ျေပျာ်နေနိုင်တာမို့ပျော်ပျော်နေတတ်သူနားမှာနေချင်ကြတာပေါ့။ စိတ်ညစ်စရာတွေကိုတောင် အရွှန်းလေးဖောက်ပြီး အားပေးတတ်တဲ့သူဆိုတာ မိတ်ဆွေအပေါင်းအသင်းတွေကြားမှာ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

လိင်စိတ်ခံယူမှုနဲ့ ပတ်သက်ပြီး သင်ဘယ်လောက်ထိ သိထားလဲ

လိင်စိတ်ခံယူမှု (sexual orientation) နဲ့ မိမိကိုယ်ကို လိင်သတ်မှတ်မှု (gender identity) ကို လူတော်တော်များများ အမှတ်မှားတတ်ကြပါတယ်။ ပတ်ဝန်းကျင်၊ လူမျိုး၊ ဘာသာရေး၊ မိဘေဆွမျိုး အစရှိသူတို့ရဲ့ ပုံသေယူဆထားတတ်ကြတာက လိင်စိတ်ခံယူမှုဆိုတာ ယောက်ျားလေးမှန်ရင် မိန်းကလေးကိုသာ နှစ်သက်ရမယ်။ မိန်းကလေးဆိုတာ ယောက်ျားလေးကိုပဲ သဘောကျရမယ်။ ပုံမှန် မဟုတ်တဲ့ လိင်စိတ်ခံယူမှုဆိုတာ စိတ်ရောဂါ ခံစားနေရတာ ဒါမှမဟုတ် ဘုရားသခင်ရဲ့ ကျိန်စာသင့်တာ၊ အရင်ဘဝက လုပ်ခဲ့တဲ့ ကံအကြောင်းအရာကြောင့် အစရှိသဖြင့် ခေါင်းစဉ်တပ်ကြပါတယ်။ အသက်အရွယ်မရွေး အမှတ်မှားတတ်ကြတဲ့ လိင်စိတ်ခံယူမှု (sexual orientation) နဲ့ ပတ်သက်ပြီး ဗဟုသုတရစေဖို့ ဝေမျှပေးချင်ပါတယ်။ လိင်စိတ်ခံယူမှုဆိုတာ ဘာလဲ။ ကိုယ်က တခြားလူတစ်ဦးတစ်ယောက်အပေါ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ မေတ္တာပိုင်းဆိုင်ရာ လူတစ်ယောက်ရဲ့ လိင်စိတ်ခံယူမှုပါပဲ။ ဘာသာရေး၊ ပတ်ဝန်းကျင်က သတ်မှတ်ထားသလို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း