စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ထွက်နေတဲ့ ကိုယ့်ရဲ့ ဒေါသတွေကို ဒီနည်းလမ်းတွေနဲ့ ပြန်ထိန်းပါ။

လူတိုင်းဒေါသထွက်တတ်ကြပါတယ်။ ဒေါသအတိမ်အနက်နဲ့ ၊ ဒေါသ မထိန်းနိုင်တဲ့ အပေါ်မှာ မူတည်ပြီး ဒေါသကြီးတဲ့သူ၊ ဒေါသမကြီးတဲ့သူဆိုပြီး ကွဲပြားသွားတာပါ။ ဒေါသထွက် နေတဲ့အချိန် စကားတစ်ခွန်းမပြန်နဲ့ဆိုတဲ့အတိုင်း ဒေါသဆိုတာက အချင်းချင်းရဲ့ ပေါင်းသင်းဆက်ဆံရေးကို ပျက်စီးစေနိုင်သလို ကိုယ့်ရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေတတ်တာကြောင့် ထွက်နေတဲ့ ကိုယ့်ရဲ့ ဒေါသတွေကို လျှော့ဖို့လိုပါတယ်။ ဒါဆို ဘယ်လိုနည်းလမ်းနဲ့ ကိုယ့်ဒေါသတွေကို ချိုးနှိမ်ရမလဲ ။ ။ ဒီ နည်းလမ်းတွေနဲ့ ဒေါသကို ထိန်းပါ ။ ။ ၁ - ဒေါသထွက်နေစဉ် စကားတစ်ခွန်း မပြန်ပါနဲ့ ။ ။ ဒေါသစိတ်မွှန်နေတဲ့အချိန် ကိုယ်ပြောလိုက်တဲ့ စကားတိုင်းကမှန်တယ်လို့ လူတိုင်းထင်တတ်ကြပါတယ်။ ဒေါသပြေသွားတဲ့အခါကျမှ ကိုယ်ပြောလိုက်တာ လွန်သွားမှန်း သိသွားပြီး စိတ်မကောင်းပြန်ဖြစ်ရတာလည်း ကိုယ်ကိုယ်တိုင်ပဲ မဟုတ်လား။ စကားဆိုကလည်း ကျွံပြီးရင် ပြန်နှုတ်လို့ မရတာကြောင့် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အသည်းကွဲဝေဒနာကို ဘယ်လိုကုစားမလဲ

လူသားတိုင်းကတော့ ကိုယ်ချစ်တဲ့သူနဲ့ ဝေးကွာရမှာကို လိုလားမယ်မထင်ပါဘူး။ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ပါစေ၊ ဘယ်လောက်ပဲ အသည်းမာတဲ့ သူတစ်ယောက်ဖြစ်နေပါစေ အသည်းကွဲနေတဲ့အချိန်မှာ အနည်းနဲ့ အများတော့ နာကျင်မှု၊ ဝမ်းနည်းမှု၊ ပူဆွေးမှု ဝေဒနာတွေကို ခံစားရမှာပါ။ ဒီလိုခံစားနေရတာကို ဘယ်လိုမှ မဖြေရှင်းဘဲ လွှတ်ထားလိုက်ရင် ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ လူမှုရေးမှာ ပြဿနာတွေ ကြုံလာနိုင်တဲ့အပြင် ရေရှည် စိတ်ကျန်းမာရေးကိုလည်း ထိခိုက်လာနိုင်ပါတယ်။ျ ဒီဆောင်းပါးလေးမှာ အသည်းကွဲလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ကိုယ့်ရဲ့ ပူလောင်နေတဲ့ စိတ်ဝေဒနာကို ဘယ်လိုကျော်လွှားလို့ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ၁။ တတ်နိုင်သလောက် ဝေးဝေးမှာ နေပါ။ ကိုယ်နဲ့ ကိုယ့်ချစ်သူက လမ်းခွဲပြတ်ဆဲပြီးတဲ့တိုင်အောင် သူငယ်ချင်းလိုပဲ နေဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်တောင် လတ်တလောအချိန်မှာ သူနဲ့ အဆက်အသွယ် ခဏဖြတ်ထားဖို့ လိုပါတယ်။ တစ်သက်လုံးတော့ မတွေ့ဘဲ နေစရာတော့မလိုပါဘူး။ ကိုယ့်စိတ်ကလေး […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်အတက်အကျမြန်ရောဂါရှင်တွေ နဲ့ လိင်ကျန်းမာရေး

လိင်မှုဘ၀ သာယာခြင်းဆိုတာ စိတ်၊ ခန္ဓါကျန်းမာရေးနဲ့ ဆက်စပ်မှု အများကြီးရှိတယ်ဆိုတာ သိပြီးသားဖြစ်မယ်ထင်ပါတယ်။ လူက စိတ်ရော ကိုယ်ပါ ကျန်းမာပျော်ရွှင်နေမှ သာယာပျော်ရွှင်ဖွယ် လိင်မှုဘဝကို ပိုင်ဆိုင်ရမှာပေါ့။ ဒီနေ့ဆောင်းပါးလေးကတော့ စိတ်အတက်အကျမြန်ရောဂါရှင်ေတွမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေနဲ့ လိင်မှုဘဝအပေါ် ဘယ်လိုသက်ရောက်မှု ရှိစေနိုင်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ စိတ်အတက်အကျမြန်ရောဂါ (Bipolar Disorder) ကမ္ဘာတစ်ဝှမ်းမှာ အဖြစ်များတဲ့ စိတ်ကျန်းမာရေးြပဿနာတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ များသောအားဖြင့် အသက် ၂၅ နှစ်အရွယ်မှာ ရောဂါအစပျိုးလာတတ်ကြပါတယ်။ သူ့ရဲ့ နာမည်လိုပါပဲ၊ စိတ်ဓါတ်ဟာ အမြင့်ဆုံးထိရောက်အောင် ထိုးတက်သွားလိုက်၊ အောက်ဆုံးအခြေအနေအထိ ကျဆင်းသွားလိုက်နဲ့ စိတ်အပြောင်းအလဲ အဖြစ်မြန်တဲ့ စိတ်ရောဂါမျိုး ဖြစ်ပါတယ်။ စိတ်အတက်အကျမြန်ရောဂါမှာ Mania နဲ့ Hypomania ဆိုပြီး စိတ်ဓါတ်တက်ကြွတဲ့ အဆင့် ၂မျိုးနဲ့ Depression လို့ခေါ်တဲ့ စိတ်ဓါတ်ကျတဲ့ အဆင့်ဆိုပြီး […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

သွေးမြင်တာနဲ့ အကြောက်လွန်ပြီး လန့်သွားဖူးလား

သွေးမြင်တာနဲ့ ကြောက်လန့်စိတ် ဖြစ်လာခြင်း (Hemophobia) ဆိုတာ ကြောက်စိတ်လွန်ကဲခြင်း (Phobia) တွေထဲက လူတော်တော်များများမှာ အဖြစ်များတဲ့ စိတ်ဝေဒနာ တစ်မျိုးဖြစ်ပါတယ်။ သွေးကို မြင်လိုက်ရတာနဲ့ စိတ်ထဲက တုန်လှုပ်ခြောက်ခြားပြီး အသိစိတ်တွေ လွတ်သွားတာ၊ ပုံမှန်ထက် ပိုပြီး ကြောက်လန့်တဲ့ စိတ်ခံစားချက်မှုမျိုး၊ ရုပ်ရှင်ထဲမှာ သွေးပါတဲ့ ဇာတ်ဝင်ခန်းကို မြင်လိုက်တာနဲ့ အော့အန်ချင်သလို၊ မူးမေ့သွားချင်သလို ဖြစ်တာတွေဟာ သွေးမြင်တာနဲ့ လန့်တတ်တဲ့ စိတ်ဝေဒနာရဲ့ လက္ခဏာဖြစ်ပါတယ်။ သွေးမြင်ရင် ဖြစ်လာတဲ့ ကြောက်လန့်စိတ်ဟာ အချိန်နဲ့အမျှ လူကို စိတ်ဒုက္ခပေးနိုင်ပြီး ကိုယ့်ရဲ့ အနာဂတ်မှာ အခက်အခဲ ပြဿနာတွေ ဖြစ်လာနိုင်သည်အထိ ဘဝကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ စိတ်ကျန်းမာရေးပြဿနာ အများစုဟာ သေချာကုသမှု မခံယူဘဲ သူ့အလိုလို ပျောက်ကင်းသွားနိုင်တာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ စိတ်မှာ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အတွေးထဲမှာ စိတ်ချောင်ပိတ်မိခြင်း (သို့) စိတ်အကျဉ်းကျ ဝေဒနာ

စိတ်အကျဉ်းကျတယ်ဆိုတာ ဘာလဲ အပြုအမူပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ အခြေအနေဖြစ်ပြီး ကိုယ့်ရဲ့ အတွေးအာရုံထဲမှာ အကြောင်းအရာ တစ်မျိုးတည်း သို့မဟုတ် ဆက်စပ်သမျှ အကြောင်းအရာတွေကို ထိုင်တွေးနေရင်း အချိန်ကုန်သွားမှန်းမသိ ကုန်သွားတာ၊ အသိစိတ်တွေ လွတ်ပြီး ကိုယ့်ရဲ့ တစ်နေ့တာ အလုပ်တွေ၊ ဖြစ်ပျက်နေသမျှ အရာတွေကို သတိမထားမိတော့တဲ့ အခြေအနေမျိုးကို စိတ်အကျဉ်းကျခြင်း (Rumination) လို့ ခေါ်ပါတယ်။ များသောအားဖြင့် ဝမ်းနည်းပူဆွေးစရာ၊ ကြောက်မက်ဖွယ်ရာ၊ ဖြစ်ဖူးခဲ့တဲ့ အတိတ်တွေနဲ့ မဖြစ်လာသေးတဲ့ အကြောင်းအရာတွေကိုပဲ စိတ်ထဲက တွေးနေမိပြီး ဒီအတွေးထဲကနေလည်း ဘယ်လိုမှ ရုန်းမထွက်နိုင်တော့တာ၊ တခြားအရာတွေကို မစဉ်းစားမိတော့တာ၊ အလုပ်ပျက်၊ အအိပ်ပျက်၊ အစားပျက်နဲ့ တဖြည်းဖြည်း စိတ်ရော ကိုယ်ပါ ကျန်းမာရေးအခြေအနေ ဆိုးရွားလာနိုင်ပါတယ်။ ဘယ်လိုအခြေအနေကြောင့် စိတ်ချောင်ပိတ်မိတဲ့ အကျင့် ဖြစ်လာရတာလဲ။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာမှာ ပြင်းပြင်းထန်ထန် ထိခိုက်တုန်လှုပ်မှုကြီး […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ဘဝကို စိတ်အေးချမ်းစွာနဲ့ ကျော်ဖြတ်သွားချင်လား

စိတ်ကျန်းမာရေးကို လူတော်တော်များများက မေ့လျော့ထားတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြင်ရတဲ့အရာထက် မမြင်ရတဲ့ စိတ်ကို လူတွေက သိပ်ပြီး ဂရုစိုက်လေ့ မရှိတာကြောင့်ပါပဲ။ “စိတ်ချမ်းသာမှ ကိုယ်ကျန်းမာ” ဆိုသလို စိတ်ကို အေးချမ်းစွာ နေထိုင်တတ်မှ ဘဝကို ကျန်းမာပျော်ရွှင်စွာနဲ့ ဖြတ်ကျော်သွားနိုင်မှာပါ။ စိတ်ချမ်းသာဖို့ဆိုတာ ပြောလို့လွယ်ပေမဲ့ တကယ်တမ်းတော့ တော်တော်လေး ခက်ခဲနိုင်တယ်လို့ ထင်ရပါတယ်။ နေ့စဉ်ဘဝမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေ၊ အလုပ်ခွင်မှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ ဖိအားတွေ၊ မိသားစု၊ လူမှုရေးရာ အဆင်မပြေမှုတွေကြားမှာ ဘယ်လောက်ပဲ ကြံ့ခိုင်တဲ့ စိတ်ဖြစ်နေပါစေ အနည်းငယ်တော့ ဒဏ်ပိနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မကြာခဏ စိတ်ညစ်တတ်တဲ့ သူတွေ၊ ဘဝကို စိတ်အေးလက်အေး ကျော်ဖြတ်ချင်တဲ့ သူတွေအတွက် ပြောင်းလဲသင့်တဲ့ နေပုံထိုင်ပုံ၊ ပြင်ဆင်သင့်တဲ့ စိတ်နေသဘောထားအကြောင်း ပြောပြပေးချင်ပါတယ်။ ၁။ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။ အသက်ရှူတယ်ဆိုတာ သမားရိုးကျ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ကျရောဂါ (Depression) နှင့်ပတ်သက်ပြီး သိထားသင့်သမျှ

စိတ်ဓါတ်ကျတယ်ဆိုတာ ဘာလဲ။ ပုံမှန်မဟုတ်တဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ စိတ်ရောဂါ တစ်မျိုးပါ။ အမြဲတမ်း ဝမ်းနည်းပူဆွေးနေတဲ့ ခံစားချက်မျိုး၊ ကိုယ့်ဘဝနဲ့ ပတ်ဝန်းကျင်အပေါ်မှာ စိတ်ဝင်စားမှု မရှိတော့ပဲ အတွေးထဲမှာပဲ လှောင်ပိတ်ပြီး ကိုယ့်စိတ်ကို ဒုက္ခပေးနေတဲ့ စိတ်ရောဂါမျိုးဖြစ်ပါတယ်။ ဖြတ်သန်းလာတဲ့ ဘဝအတွေ့အကြုံ၊ အခက်အခဲတွေ၊ ကိုယ့်ရဲ့ စိတ်အခြေအနေနဲ့ ပတ်ဝန်းကျင်၊ မိသားစုအပေါ်မှာ မူတည်ပြီး စိတ်ကျရောဂါ ဖြစ်စေနိုင်ပါတယ်။ အဓိကအားဖြင့် ကိုယ့်ရဲ့ အတွေး၊ သိစိတ်၊ မသိစိတ်၊ အပြုအမူပေါ်မှာ မကောင်းတဲ့ဘက်ကနေ သက်ရောက်မှု ဖြစ်စေတယ်။ ဒီလို မကောင်းတဲ့ အတွေးတွေ ဝင်လာရာကနေ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာမှာ ပြဿနာတွေ ပိုရှုပ်ထွေးလာစေနိုင်ပါတယ်။ စိတ်ကျရောဂါ လက္ခဏာတွေ ဝမ်းနည်းပူဆွေးြခင်း စိတ်ထဲမှာ ဗလာနတ္ထိ ဘာမှမရှိတော့သလို ခံစားရခြင်း မျှော်လင့်ချက် ကုန်ဆုံးသွားသလို ခံစားရခြင်း အသေးအမွှားကိစ္စတွေအပေါ် ဝမ်းနည်း၊ စိတ်ဆိုး၊ […]


စွဲလမ်းမှုပြဿနာများ

သင့်မှာ အလုပ်အပေါ် စွဲလမ်းလွန်တဲ့ စိတ်ရောဂါရှိနေပြီလား

အလုပ်ပေါ် စွဲလမ်းတဲ့ စိတ်ရောဂါ (Workaholism) ဆိုတာ ဘာလဲ။ နိုင်ငံတော်တော်များများမှာ သတ်မှတ်ထားတဲ့ လူတစ်ယောက်ရဲ့ အလုပ်လုပ်ချိန်ဟာ တစ်ပတ်ကို နာရီ ၄၀ ကနေ ၄၅ နာရီ ဖြစ်ပြီး တနင်္လာကနေ သောကြာနေ့အထိ ၅ရက်တိတိ တစ်ရက်ကို ၈-၉ နာရီအထိ အပြည့်အ၀ အလုပ်လုပ်မယ်။ ကျန်တဲ့ အချိန်တွေမှာ အနားယူပြီး ကိုယ့်မိသားစု၊ ပတ်ဝန်းကျင်၊ လူမှုရေးကိစ္စတွေနဲ့ အချိန်ကုန်ဆုံးတတ်ကြပါတယ်။ ဒါ့ထက်ပိုပြီး နေ့မနား၊ ညမနား အလုပ်လုပ်မယ်။ ရုံးမှာလည်း အလုပ်တွေ အချိန်ပြည့်လုပ်မယ်။ အိမ်ကိုပါ အလုပ်တွေ သယ်လာပြီး ညမိုးချုပ်တဲ့အထိ အိပ်ရေးပျက်ခံြပီး အလုပ်လုပ်နေမယ်။ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေမှာ ဘယ်မှမသွား၊ ဘယ်သူနဲ့မှ မတွေ့ပဲ ကိုယ့်ရဲ့ အလုပ်စားပွဲမှာပဲ ထိုင်ပြီး အလုပ်လုပ်နေတာဆိုရင်တော့ ကိုယ့်မှာ အလုပ်ပေါ် […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ပုံမှန်ထက် ပိုပြီး အကြောက်အလန့်လွန်ကဲခြင်း စိတ်ဝေဒနာ

အကြောက်တရားနဲ့ ကင်းတဲ့ သူတော့ လောကမှာ ရှိမယ်မထင်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်က လူတချို့ကို သေချာကြည့်ကြည့်ပါ။ ဗလကြီးတွေနဲ့ ကြမ်းကြမ်းတမ်းတမ်း အားကိုးချင်စရာ တချို့အမျိုးသားတွေ ကြွက်တို့၊ ပိုးဟပ်တို့၊ ပိုးမွှားလေးတွေ မြင်ရင် ငယ်သံပါအောင် အော်ပြီး လန့်ပြေးတတ်ကြတာကို မြင်ဖူးကြမှာပါ။ ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ အရာဝတ္ထုတစ်ခုခုအပေါ် ပုံမှန်ထက်ပိုပြီး ကြောက်လန့်တဲ့ စိတ်လက္ခဏာ (Phobia) ပဲ ဖြစ်ပါတယ်။ Phobia ဆိုတာ ဘာလဲ။ တခြားသူတွေအမြင်မှာ အပိုလုပ်ပြီး ဟန်ဆောင်ကြောက်ပြတယ်လို့ ထင်ရပေမယ့် ကိုယ့်ရဲ့ အတွေးထဲမှာ တစ်ခုခုအပေါ် ပြင်းပြင်းထန်ထန် ထိတ်လန့်တဲ့ စိတ်၊ ကြောက်ရွံ့တဲ့ စိတ် ကြီးမိုးနေတဲ့ ပြဿနာကို Phobia လို့ ခေါ်ပါတယ်။ လူတချို့တွေးထင်ထားသလို ပုံမှန်ကြောက်တတ်တဲ့ စိတ်အခံရှိတာ တစ်ခုတည်းနဲ့ Phobia လို့ မသုံးနှုန်းသလို စိုးရိမ်စရာ စိတ်ရောဂါလို့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုတွေများလာရင် ဘာတွေစားကြမလဲ

၂၁ ရာစုရဲ့ နေထိုင်စားသောက်မှုပုံစံတွေ ပြောင်းလဲ လာတဲ့ အတွက်ကြောင့် ကျန်းမာရေး၊ လူမှုရေးစီးပွားရေး စတဲ့ အဖက်ဖက် ကနေ စိတ်ဖိစီးမှုတွေ က များလာပါတယ်။ စိတ်ဖိစီးမှုများလာရင် ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေ ကတော့နှလုံးရောဂါ၊ သွေးချို ဆီးချို ရောဂါ၊ အဝလွန်ရောဂါ၊ စိတ်ဓါတ်ကျရောဂါ၊ ပန်းနာရင်ကြပ် ရောဂါ နှင့် အခြား အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီစိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ပြဿနာ တွေ ကို တစ်ဖက်တစ်လမ်း က နေ အစားအသောက်တွေ နဲ့ ကာကွယ် လို့ရပါတယ်။ (၁) အစိမ်းရောင် ရှိသော အသီးအရွက်များ (ဥပမာ ပါင်းနုနွယ် အရွက်မှာ ဆိုရင် Folate ဓါတ် ကြွယ်ဝတဲ့ အတွက် ကျွန်တော်တို့ ခန္ဓါကိုယ် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း