စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

အထီးကျန်ခြင်းကပေးတဲ့ ကျန်းမာရေးဝေဒနာ

အထီးကျန် သိမ်ငယ်မှုများစွာရယ်...မင်းမရှိတဲ့ရက်တွေထဲ ငါတစ်ယောက်တည်းအားတွေငယ်... လူကြိုက်များတဲ့ စိုင်းစိုင်းသီချင်းကို ခံစားချက်အပြည့်နဲ့ လိုက်ဆိုမိသူတွေအများကြီးရှိမှာပါ။ မှန်ပါတယ်။ အထီးကျန်စိတ်ဝင်နေပြီဆိုတာနဲ့ အားငယ်လာတာ၊ ဝမ်းနည်းလာတာ၊မျှော်လင့်ချက်မဲ့လာတာ၊ပျော်စရာကင်းမဲ့လာတာမျိုး ခံစားမိတတ်ကြပါတယ်။ ဒါပေမယ့် အသည်းကွဲတဲ့သူပဲဖြစ်ဖြစ် အခုထိ မစွံသေးတဲ့ FAတွေဖြစ်ဖြစ် အဖီးလ်တစ်လိုင်းဘဝမှာ ပျော်မွေ့မနေဘဲ အထီးကျန်စိတ်ကို တတ်နိုင်သလောက် ဖြေဖျောက်သင့်ပါတယ်။ ဘာလို့လဲသိလား။ အထီးကျန်ခြင်းက စိတ်ထိခိုက်ရုံတင်မကဘဲ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ ဆိုးကျိုးတွေပေးနိုင်လို့ပါပဲ။ ကျန်းမာရေးကို ဘယ်လိုထိခိုက်လာနိုင်လဲ ကြည့်ရအောင်။ ကိုယ်ခံအားစနစ် အထီးကျန်ဝေဒနာအချိန်ကြာလာရင် ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုအားနည်းစေနိုင်ပါတယ်။ ရောဂါတွေကိုတိုက်ထုတ်ဖို့ ခက်ခဲစေနိုင်တာပေါ့။ အထီးကျန်ဝေဒနာကြောင့် စိတ်ဖိစီးတဲ့အခါ ခန္ဓာကိုယ်ကဟော်မုန်းတွေထုတ်ပေးတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ စိတ်ကြောင့်ပဲ ဘုန်းဘုန်းလဲတာမျိုးအထိဖြစ်လာနိုင်ပါတယ်။ သွေးတိုး အထီးကျန်စိတ်ကြောင့် ဖိစီးနေတဲ့အခါ ၊အထူးသဖြင့် နှစ်နဲ့ချီအောင်ကြာမြင့်နေတဲ့အခါ သွေးဖိအားက မြင့်တက်လာနိုင်ခြေပိုများတယ်။ ဒီစိတ်ကြောင့်ချည်းပဲဖြစ်ရတာမဟုတ်ပေမယ့် တခြားအကြောင်းရင်းတွေထဲမှာမှ အတော်သက်ရောက်မှုများတဲ့အချက်ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု လှုပ်လှုပ်ရှားရှားနေတတ်တဲ့နေထိုင်မှုပုံစံက စိတ်ရောကိုယ်ပါကျန်းမာစေနိုင်ပါတယ်။ အထီးကျန်တယ်လို့ခံစားနေရတဲ့အခါ ဘာကိုမှမလုပ်ချင်တော့ဘဲ မှိုင်တွေတွေဖြစ်နေမှာလား။ မလုပ်ပါနဲ့။ သူငယ်ချင်းတွေနဲ့တွေ့ပါ၊လမ်းလျှောက်ထွက်ပါ၊ ဂျင်မ်သွားပါ၊ အားကစားတစ်ခုခုသွားလုပ်ပါ။ တစ်ပတ်ကိုအနည်းဆုံး ၂ နာရီခွဲလောက်တော့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

၂၁ရာစု လူငယ်များနှင့် စိတ်ကျန်းမာရေးပြဿနာတွေ

တိုးတက်ပြောင်းလဲလာတဲ့ ယနေ့ခေတ်ကြီးထဲမှာ လူငယ်တွေ တော်တော်များများ စိတ်ကျန်းမာရေးပြဿနာတွေနဲ့ ပိုပြီး ကြုံတွေ့လာရပါတယ်။ မိသားစုကိစ္စ၊ ကျောင်းကိစ္စ၊ အလုပ်ခွင်၊ လူမှုရေးရာ၊ အဖက်ဖက်က ဖိအားပေးခံရတာ၊ ပတ်ဝန်းကျင်ရဲ့ အမြင်တွေ၊ အချစ်ရေးအဆင်မပြေတာအပြင် တွင်ကျယ်စွာ အသုံးပြုလာကြတဲ့ လူမှုကွန်ယက် (social media) တွေဟာ အဓိကတရားခံတွေလို့ ဆိုနိုင်ပါတယ်။ ဒီလိုဆိုတော့ အရင်ခေတ်က လူတွေတုန်းကရော စိတ်ကျရောဂါအပြင် တခြားသော စိတ်ကျန်းမာရေးပြဿနာတွေ မရှိခဲ့ဘူးလားလို့ မေးစရာရှိလာပါတယ်။ တကယ်တော့ မရှိဘူးဆိုတာထက် ရှိမှန်းမသိခဲ့တာဆိုရင် ပိုမှန်မှာပါ။ အခုခေတ်လူငယ်တွေမှာ ပိုပြီး ပွင့်လင်းမြင်သာမှု ရှိလာတာရော၊ ပြောင်းလဲလာတဲ့ လူနေမှုပုံစံအောက်မှာ နေသားကျလာတဲ့အခါ ကိုယ့်မှာ ဖြစ်နေတဲ့ အခက်အခဲ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ပိုပြီး ထင်သာမြင်သာရှိလာကြပါတယ်။ ဒီလိုမျိုး ထင်သာမြင်သာ ရှိနေသည့်တိုင်အောင် စိတ်ကျရောဂါ အစပျိုးလာတဲ့ လူဦးရေဟာ တဖြည်းဖြည်းနဲ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ဒေါသကို ပြန်လည်ထိန်းချုပ်ဖို့ နည်းလမ်းကောင်း (၇) ချက်

ဘယ်သူမဆို ဒေါသထွက်ဖူးကြမယ် ထင်ပါတယ်။ ဒေါသထွက်တဲ့အခါ အသက်ရှူသံတွေ ပြင်းလာပြီး နှလုံးခုန်နှုန်း မြန်လာမယ်။ ကိုယ့်ဒေါသကို ထိန်းချုပ်လို့ မရတော့တဲ့အခါ အကုန်ပေါက်ကွဲထွက်ပြီး ကိုယ့်ကိုယ်ကိုယ်ဖြစ်စေ၊ ဘေးပတ်ဝန်းကျင်က ကိုယ်ချစ်ရတဲ့သူတွေကိုပါ အပူမီးပွားတွေ စင်ကုန်တော့မှာပေါ့။ ဒီဒေါသထွက်နေတဲ့ စိတ်ကလေးကြောင့် ကိုယ့်စိတ်ကို အညစ်ခံမနေပါနဲ့။ ထွက်နေတဲ့ ဒေါသစိတ်ကို အလွယ်တကူဖြေဖျောက်ပေးနိုင်ပြီး ကိုယ့်စိတ်ကို ငြိမ်းချမ်းသွားစေမယ့် နည်းလမ်းကောင်းလေးတွေ ရှိတယ်နော်။ မကြာခဏ စိတ်ဆိုး၊ ဒေါသဖြစ်လွယ်တဲ့သူတွေလည်း ဒီဆောင်းပါးလေးမှာ ပါတဲ့ နည်းလမ်းတွေကို သေချာဖတ်ကြည့်ရင်း ကိုယ့်ရဲ့ရင်ထဲမှာ ဖြစ်နေတဲ့ အပူမီးကို ထိန်းချုပ်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။ ဒေါသကို ထိန်းချုပ်ဖို့ နည်းလမ်းကောင်းများ ၁။ စိတ်ဆိုးစပြုနေတဲ့အချိန်မှာ နံပါတ်စဉ်ကို ၁ ကနေစပြီး ရေတွက်ကြည့်ပါ။ ဒေါသလေး နည်းနည်းပြေသွားပြီး စိတ်က ပြန်ကြည်လာပြီဆိုမှ နံပါတ်စဉ် ရေတာကို ရပ်လိုက်ပါ။ အသက်ကို နှာခေါင်းကနေ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ခံစားချက် အပြောင်းအလဲ မြန်လွန်းတာ ဘာကြောင့်လဲ

ဒီပြဿနာကို ဆယ်ကျော်သက်အရွယ်ကနေ လူလတ်ပိုင်းအရွယ် ကျား၊ မ မရွေး ကြုံနေကြရပါတယ်။ လူတိုင်းကတော့ နေ့စဉ်ဘဝမှာ စိတ်ညစ်စရာ၊ ပျော်စရာတွေ အမြဲဖြစ်နေမှာပါ။ တချို့ရက်တွေမှာ အရမ်းပျော်နေမယ်၊ တချို့ရက်တွေမှာတော့ စိတ်အရမ်းညစ်နေမယ်၊ ဒါတွေက လူတိုင်း မဖြစ်မနေ ကြုံတွေ့ရမယ့် လူ့သဘာဝပါပဲ။ ဒီ စိတ်ခံစားချက် အပြောင်းအလဲ မြန်တဲ့ ပြဿနာဟာ စိုးရိမ်စရာ စိတ်ကျန်းမာရေးအခြေအနေလို့ သတ်မှတ်လို့ မရပေမဲ့ ကိုယ့်ရဲ့ နေ့စဉ်ဘဝနဲ့ ဘေးပတ်ဝန်းကျင်က လူတွေကို စိတ်ဒုက္ခပေးနေပြီဆိုရင်တော့ သေချာပြသကြည့်ဖို့ လိုပါတယ်။ လူတွေ ထင်ထားတတ်ကြတဲ့ စိတ်ကျန်းမာရေးအလွဲလေး စိတ်ခံစားချက် အပြောင်းအလဲ မြန်ခြင်း (Rapid Mood Swing) ကို လူတော်တော်များများက စိတ်အတက်အကျမြန်ရောဂါ (Bipolar Disorder) အဖြစ် အမှတ်မှားတတ်ကြပြီး ကိုယ့်မှာ စိတ်ရောဂါရှိနေတယ်လို့ ခံယူတတ်ကြပါတယ်။ ဒီလက္ခဏာတွေဟာ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ကျရောဂါ ဖြစ်နေပြီဆိုတာ ပြနေတဲ့ လက္ခဏာတွေ

စိတ်ကျရောဂါ (Depression) ဆိုတာ ယနေ့ခေတ် လူငယ်တွေကြားမှာ တော်တော်လေး ရေပန်းစား အပြောများတဲ့ ပြဿနာပါ။ တစ်ခုသိထားဖို့ လိုတာကတော့ စိတ်မပျော်ရွှင်မှုကို စိတ်ကျရောဂါလို့ လုံးလုံး ခေါင်းစဉ်တပ်လို့ မရဘူးဆိုတာပါပဲ။ မိဘတွေနဲ့ အဆင်မပြေဖြစ်တာ၊ သူငယ်ချင်းတွေ၊ ချစ်သူနဲ့ ရန်ဖြစ်လို့ အစရှိတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်လာတဲ့ စိတ်မပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေဟာ စိတ်ကျရောဂါ မဟုတ်ပါဘူး။ အခြေအနေပေါ်မှာ မူတည်ပြီး ဖြစ်လာတဲ့ စိတ်ခံစားချက် အပြောင်းအလဲတစ်ခုသာဖြစ်ပါတယ်။ စိတ်ကျရောဂါဆိုတာ အကြောင်းရင်း တစ်ခု သို့မဟုတ် အများကြီးပေါ်မှာ အခြေခံပြီး အချိန်အကြာကြီး ကိုယ့်ရဲ့ စိတ်နဲ့ ဘဝတစ်ခုလုံးကို ဖြည်းဖြည်းချင်း ဝါးမြိုသွားတဲ့ ကြောက်စရာစိတ်ရောဂါဖြစ်ပါတယ်။ လူတွေတော်တော်များများ သေကြောင်းကြံစည်ဖို့ ကြိုးစားကြတာ၊ ကိုယ့်အသက်ကိုယ် စတေးခံလိုက်တာတွေရဲ့ နောက်ကွယ်တရားခံထဲမှာ စိတ်ကျရောဂါဆိုတာ ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဒါကြောင့် […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုတွေပြေချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ

စိတ်ညစ်တယ်တို့၊ စိတ်ဓါတ်ကျတယ်တို့ဖြစ်လာရင် ဘီယာဆိုင်သွားရတာနဲ့၊ မိန်းကလေးတွေဆိုရှော့ပင်ထွက်ရတာနဲ့၊ လျှောက်လည်ကြတာနဲ့ ဖြေဖျောက်ကြတယ်။ တချို့ကျ တစ်ချောင်ချောင်မှာ မှိုင်ပြီး ဘာကို ဘူမှန်းမသိဘူနေတာမျိုး။ အလုပ်ကြောင့်၊ မိသားစုကြောင့်၊ အချစ်ကြောင့်၊ သူငယ်ချင်းကြောင့်စိတ်ဖိစီးနေတာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေဖျောက်ကြတယ်မလား။ ခရီးထွက်လိုက်တာ၊ကော်ဖီဆိုင်ထိုင်တာ၊ စာအုပ်ဖတ်တာ၊ တရားထိုင်တာ စတဲ့တခြားနည်းတွေရှိသေးတယ်။ ဒီတစ်ခါ သုတေသနတွေကတွေ့ရှိလာတဲ့ နည်းတစ်ခုကတော့ အဆန်း။ အိမ်ကအမေတွေပျော်မယ့်နည်းလမ်းပေါ့လေ။ အိုးခွက်ပန်းကန်တွေဆေးကြောတာက စိတ်ဖိစီးမှုကိုပြေလျော့စေနိုင်တယ်တဲ့။ အိမ်အလုပ်ဝိုင်းမကူတဲ့ သားသမီးတွေကို ဒီသတင်းနဲ့ဆွဲဆောင်လို့ရပြီလေ။ စိတ်ညစ်လာရင် ဂျင်မ်သွား ကစားမယ့်အစား၊ အိမ်မှာ အိုက်တိုးပဂေးဆန်လိုက်ပါ။ အိမ်မှာလည်း ကူညီရာရောက် ကိုယ်လည်းအကျိုးရှိပါတယ်။ ဖလော်ရီဒါပြည်နယ်တက္ကသိုလ် သုတေသီတွေက ဒီဆက်နွှယ်မှုကိုလေ့လာတွေ့ရှိခဲ့တာပါ။ ပူလောင်စေတဲ့ ဖိစီးမှုအတွေးတွေကို လွှင့်ပစ်ပြီး ကိုယ်လုပ်သင့်တာတွေကိုရှင်းရှင်းလင်းလင်းမြင်လာစေတဲ့အထိ ကြည်လင်သွားစေတာက ပန်းကန်ဆေးတဲ့လုပ်ငန်းစဉ်နဲ့ သဘောတရားတူပါတယ်။ပေကျံမှုတွေကိုဆေးကြောသန့်စင်နေရင်း ကိုယ့်စိတ်ထဲက ပူပန်မှုတွေ၊ ဖိစီးနေတာတွေ ပါပေါ့သွားတာ သတိတောင်ထားမိမှာမဟုတ်ပါဘူး။ ဒါက အာရုံပြောင်းနည်းတစ်မျိုးလည်းဖြစ်ပါတယ်။ လေ့လာမှုမှာ တက္ကသိုလ်ကျောင်းသား ၅၁ ဦးကို နှစ်ဖွဲ့ခွဲပြီး တစ်ဖွဲ့ကို […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ဝိတ်လည်းတက်တယ်၊မကြာခဏကိုက်ခဲတတ်တယ်ဆိုတာ စိတ်ဖိစီးနေတဲ့လက္ခဏာ

ခုနောက်ပိုင်း ဒူးကမျက်ခနဲ၊ ခါးက မျက်ခနဲ၊ ပခုံးက အကြောတင်ပြန်ပြီ၊ ကြွက်သားတွေနာနေပြန်ပြီ။ ဟိုနားကကိုက် ဒီနားကနာ နဲ့နာကျင်ကိုက်ခဲနေတာပဲ။ ဟယ် ကြည့်စမ်း..ဝိတ်တွေလည်းတက်နေတာပဲ။ ဝလို့ဖြစ်တာနေမယ်။ ဒီလိုပဲတွေးလိုက်တာမလား။ လူကဝလာလို့ ဒီဝေဒနာတွေဖြစ်လာတယ်လို့ ယူဆတတ်ကြပေမယ့်နောက်ထပ်အကြောင်းရင်းတစ်ခုလည်းရှိနေသေးတယ်ဆိုတာရော သိထားပြီးပြီလား။ ကိုယ်အလေးချိန်တက်ခြင်းနဲ့ နာကျင်ကိုက်ခဲမှုတွေဟာ စိတ်ဖိစီးမှုခံစားနေရတဲ့ လက္ခဏာတွေထဲပါဝင်ပါတယ်။ စိတ်ဖိစီးမှုဆိုတာ စိတ်ကျန်းမာရေးပြဿနာတစ်ခုတင်မကပါဘူး။ ခန္ဓါကိုယ်မှာ ထင်ထားတာထက် ဆုတ်ယုတ်မှုပိုရှိစေနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုဆိုတာအခြေအနေအမျိုးမျိုးမှာဖြစ်လာနိုင်တယ်။ အလုပ်နဲ့ပတ်သက်လို့လား၊ မိသားစုပြဿနာလား၊ လူမှုဆက်ဆံရေးမှာလား၊ အချစ်ရေးမှာလား စသည်ဖြင့်ပေါ့။ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်နဲ့ နေထိုင်မှုပုံစံတွေကြောင့်လည်း စိတ်ဖိစီးမှုနဲ့တွေ့ရတာများလာတော့ ခွဲခွာမရတော့ပါဘူး။ အလုပ်အတွက် မကြာခဏ အီးမေးလ်ဝင်ဝင်စစ်နေရတယ်မလား၊ စီးပွားရေးမှာက သူများလက်ထဲမပါအောင် မြန်မြန်ဆန်ဆန်လှုပ်ရှားရတယ်မလား၊ နည်းပညာမှာလည်း အပြိုင်အဆိုင်ခေတ်ရှေ့ပြေးဖို့ ကြိုပြေးနေရတယ်မလား။ စိတ်ဖိစီးမှုကိုရှောင်ဖို့မပြောနဲ့၊ စိတ်ကျရောဂါမဝင်အောင် မနည်းရုန်းကန်တွန်းလှန်နေရတယ်မလား။ ဒီလိုနဲ့ ဘာကြောင့်ပဲဖြစ်ဖြစ် စိတ်ဖိစီးလာတဲ့အခါကော်တီဆောဟော်မုန်းတွေထွက်လာတယ်။ ဘာတွေဆက်ဖြစ်လဲ ကော်တီဆောထုတ်လုပ်မှုများလာရင် ခန္ဓါကိုယ်အနှံ့မှာ သက်ရောက်မှုလည်းအတော်များပါတယ်။ ဇက်ကြော၊ ဦးခေါင်းနဲ့ပခုံးတို့လို […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဓါတ်ကျတဲ့အခါဖတ်ဖို့

စိတ်ဓါတ်တွေအရမ်းကျတဲ့အချိန်ရှိဖူးလား။ ဒါမှမဟုတ် အခုရှိနေလား။ အရမ်းကို ခက်ခဲကြမ်းတမ်းတဲ့အချိန်ပေါ့။ တစ်လောကလုံးမှာ ကိုယ်တစ်ယောက်တည်းများ ကံဆိုးမှုတွေအကုန်ကျရောက်နေသလား ထင်ရလောက်တဲ့အချိန်တွေပေါ့။ တစ်ယောက်တည်းလို့ ခံစားရတဲ့ခံစားချက်နဲ့ မငိုဖြစ်ဖို့ အားတင်းထားရတဲ့အချိန်တွေ။ အခန်းလေးထဲမှာ ကိုယ်တစ်ယောက်တည်းနေချင်တဲ့အချိန်တွေပေါ့။ တစ်ယောက်ယောက်ကိုပြောပြလိုက်ချင်ပေမယ့် အရေးတယူလုပ်ခံရမှာမဟုတ်မှန်းသေချာတဲ့အခါ ဘယ်သူ့ကိုမှ မပြောဖြစ်တော့ဘူး။ ဒါမှမဟုတ် ကိုယ်တကယ်ပြောပြဖို့ ယုံကြည်ရလောက်တဲ့သူမရှိတာလည်းပါတယ်။ ဘယ်နေရာရယ်မသေချာပေမယ့် ဒီနေရာကနေ အဝေးဆုံးကိုထွက်သွားချင်တယ်။ ကိုယ်ဆိုတဲ့တည်ရှိမှု မရှိတော့ရင်ကောင်းမယ်။ မနက်ဖြန်ဆိုတာ မရှိတော့ရင်ကောင်းမယ်လို့ တွေးဖူးတဲ့အချိန်တွေပေါ့။ အဲဒီအချိန် အပြန်ပြန်အလှန်လှန်မေးမိတဲ့မေးခွန်းက “ဘာ့ကြောင့်များလဲ” ဆိုတာပဲ။ ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို တိတိပပ မပြောနိုင်ပေမယ့် ဒီလိုတွေခံစားနေရတာ၊ ခံစားခဲ့ဖူးတာက ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။ စိတ်ဓါတ်ကျတာက ချမ်းသာတာ၊ ဆင်းရဲတာ၊ ပညာတတ်တာ၊ မတတ်တာတွေနဲ့ လုံးဝမသက်ဆိုင်ဘူး။ ကျရှုံးလို့ စိတ်ဓါတ်ကျနေတဲ့သူတွေရှိသလို အောင်မြင်နေတဲ့သူတွေမှာလည်း စိတ်ဓါတ်ကျတာပါပဲ။ တကယ်တမ်းပြောရရင် ချမ်းသာတဲ့သူ၊ ပညာတတ်တဲ့သူတွေနဲ့ အောင်မြင်နေတယ်လို့ ထင်ရသူတွေက စိတ်ဓါတ်ကျမှုကို […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ကြောက်ရွံ့မှုတွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်ပြီလား

ကြောက်ရွံ့မှုဆိုတဲ့ အရာက လူတိုင်းမှာ ရှိတတ်ကြစမြဲပါ။ သက်ရှိအရာဝတ္ထု တစ်ခုခုကိုဖြစ်စေ၊ စိတ်ခံစားချက်ကို ဖြစ်စေ၊ မမြင်ရတဲ့ တစ္ဆေသရဲတွေ၊ မဖြစ်လာသေးတဲ့ အနာဂတ်တွေ၊ အတိတ်ကအရိပ်မည်းတွေ အစရှိသဖြင့်ပေါ့။ ကြောက်ရွံ့မှုဆိုတာ ထူးဆန်းတဲ့အရာတစ်ခုတော့ မဟုတ်ပေမဲ့ လူတော်တော်များများက ဒီကြောက်ရွံ့မှုတွေကို ရင်မဆိုင်ဘဲ ထွက်ပြေးဖို့ ကြိုးစားတတ်ကြတာပါ။ ကိုယ်ကြောက်တဲ့ အရာတစ်ခုကို ရှောင်ပြေးလိုက်တဲ့အခါ ကြောက်ရွံ့မှုဟာ ပျောက်သွားတာမဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ စိတ်ကိုပါ ပိုပြီးကြောက်လာစေဖို့၊ ရှောင်ပြေးဖို့ကို ပိုပြီးလှုံ့ဆော်ပေးနိုင်ပါတယ်။ ကြောက်ရွံ့မှုတွေ ပြင်းထန်လာတဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ။ သာမန်အခြေအနေကနေ အကြောက်လွန်တဲ့ အဆင့် (Phobia) ကို ရောက်လာတဲ့အခါမှာ နှလုံးခုန်နှုန်းမြန်လာတာ၊ အသက်ရှူရခက်လာတာ၊ ခေါင်းမူးတာ၊ ချွေးစေပြန်ပြီး မောဟိုက်တာ၊ စိုးရိမ်စိတ်၊ ထိတ်လန့်စိတ်တွေ ကြီးစိုးသွားပြီး အသိစိတ် လွတ်သွားတာ၊ ထွက်ပြေးဖို့ ကြိုးစားတာ၊ ဒီကြောက်စိတ်က ကိုယ့်ဘဝတစ်လျှောက်လုံး အရိပ်မည်းကြီးလို လိုက်လာတာ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

စိုးရိမ်ပူပန်လွန်းတဲ့ စိတ် ကို ဒီနည်းလမ်းတွေနဲ့ ဖြေဖျောက်ကြမယ်

လူ့ဘဝရယ်လို့ ဖြစ်လာပြီဆိုရင် စိုးရိမ်ပူပန်စရာတွေ၊ စိတ်ညစ်စရာတွေ ကြုံလာရမှာ သဘာဝပါပဲ။ ဒီလိုစိတ်တွေကို သေချာမထိန်းချုပ်ဘဲ ပစ်ထားလိုက်လို့ ငြိမ်းချမ်းသွားမယ်တော့ မထင်ပါနဲ့။ အနာကို သဲနဲ့ ဖုံးလိုက်သလိုသာ ဖြစ်သွားပြီး နောက်ထပ် ပူပန်စရာကိစ္စတွေ ပေါ်လာတာနဲ့ မြိုသိပ်ထားတာတွေ ပြန်ပြီး ပေါ်လာကြတာပါပဲ။ ဒီတော့ စိုးရိမ်ပူပန်မှု ဝေဒနာကို ခံစားနေရပြီဆိုရင် ဒီနည်းလမ်း ၁၀ချက်နဲ့ ကိုယ့်ရဲ့ စိုးရိမ်ပူပန်လွန်းတဲ့ စိတ် ကို အေးချမ်းအောင် ပြန်လည်တည်ဆောက်ဖို့ အကြံပေးလိုက်ပါတယ်။ စိုးရိမ်ပူပန်လွန်းတဲ့ စိတ် ကို ဒီနည်းလမ်းတွေနဲ့ ဖြေဖျောက်ကြမယ် ၁။ တက်တက်ကြွကြွနေပါ။ ပုံမှန်လေ့ကျင့်ခန်း၊ အားကစားလုပ်တာက ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာလန်းဆန်းစေနိုင်ပါတယ်။ အထူးသဖြင့် စိုးရိမ်ပူပန်နေရတဲ့ ပူလောင်ခြင်းဝေဒနာကို အေးချမ်းသွားစေပြီး ဒီပူလောင်နေရတဲ့ အကြောင်းအရာကို ခေါင်းထဲမှာ တွေးမနေမိအောင် အာရုံလွှဲလိုက်နိုင်ပါတယ်။ ၂။ အရက်မသောက်ပါနဲ့။ အရက်ေသာက်လို့ ကိုယ့်ရင်ထဲက ပူလောင်နေတဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း