စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

လူအများရှေ့မှာ စကားထွက်ပြောဖို့ ကြောက်တဲ့ ပြဿနာ

ကြောက်ရွံ့ခြင်း စိတ်ဝေဒနာထဲမှာမှ Glossophobia လို့ခေါ်တဲ့ လူရှေ့မှာ စကားထွက်ပြောဖို့ ကြောက်တဲ့ စိတ်ရောဂါဟာ တော်တော်လေးအဖြစ်များပါတယ်။ စိုးရိမ်စရာ စိတ်ကျန်းမာရေးပြဿနာတော့ မဟုတ်ပေမဲ့ ဝေဒနာခံစားရသူအတွက် နေ့စဉ်လူမှုရေး၊ အလုပ်ခွင်၊ ကျောင်းပတ်ဝန်းကျင်မှာ တော်တော်လေး စိတ်ကသိကအောက်နိုင်ပြီး စိတ်ထဲ မလုံသလိုဖြစ်နေတတ်ပါတယ်။ Glossophobia ဆိုတာဘာလဲ။ လူမှုရေးပြဿနာ သို့မဟုတ် လူတွေရှေ့မှာ စကားထွက်မပြောရဲတဲ့ ကြောက်ရွံ့မှုဝေဒနာဖြစ်ပါတယ်။ များသောအားဖြင့် ကလေးဘဝမှာ အစပျိုးလာတတ်ပြီး လူကြီးအရွယ်ရောက်တဲ့အထိ ဒီကြောက်ရွံ့မှုက စွဲပါလာတတ်ပါတယ်။ Glossophobia ရဲ့ ရောဂါလက္ခဏာက ဘာတွေလဲ။ တစ်ယောက်ထက်ပိုတဲ့ လူအုပ်ရှေ့မှာ စကားပြောတဲ့အခါ ပေါ်လာတတ်တဲ့ လက္ခဏာတွေကတော့ စိတ်ထဲ နေလို့ထိုင်လို့ မကောင်းတာ စိုးရိမ်ပူပန်လာတာ တစ်ကိုယ်လုံးတုန်ရီနေတာ ချွေးစေးပြန်တာ နှလုံးခုန်မြန်တာ စကားထစ်လာတာ အသံမထွက်လာတော့တာ ခေါင်းမူးသလို ဖြစ်တာ အသက်ရှူမဝတော့တာ အော့အန်ချင်သလို ခံစားရတာ ကိုယ်စကားပြောနေတဲ့ လူရှေ့ကနေ ထွက်ပြေးချင်စိတ်ပေါက်လာမှာပါ။ လူမှုရေးဆိုင်ရာ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ချစ်ခြင်းမေတ္တာတရားရဲ့ သင်္ကေတ အောက်စီတိုစင်ဟော်မုန်း

ကမ္ဘာပေါ်မှာ လူသားတိုင်းက မတူညီတဲ့ ပုံစံအမျိုးမျိုးနဲ့ ချစ်နေကြတာပါပဲ။ မိဘနဲ့ သားသမီး၊ ညီအစ်ကို မောင်နှမချင်း၊ မိတ်ဆွေသူငယ်ချင်း၊ တစ်ခါမှ မဖြစ်ဖူးတဲ့ သူစိမ်းနှစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် ချစ်ခင်နှစ်သက်စိတ်တွေ ဖြစ်လာတဲ့ အောက်စီတိုစင်ဟော်မုန်းတွေ ထွက်လာပါတယ်။ ဒီဟော်မုန်းတွေကြောင့်ပဲ ကျွန်တော်တို့တွေဟာ ပိုပြီး ယုံကြည်လာကြတယ်၊ ကရုဏာတရား ထားလာကြတယ်၊ လောကကြီးကို ပိုပြီးအကောင်းမြင်လာတယ်၊ စိတ်ရော ကိုယ်ပါ ကျန်းမာပျော်ရွှင်လာကြတယ်၊ အသက်ရှည်ရှည် နေထိုင်ဖို့ အားရှိလာတယ်။ ဒါတွေအားလုံးဟာ ချစ်ခြင်းမေတ္တာတရားရဲ့ စွမ်းအင်တွေပါပဲ။ ဒီနေရာမှာ ဒီလိုချစ်ခြင်းမေတ္တာတွေကို ဖြစ်စေတဲ့ အောက်စီတိုစင်ဟော်မုန်းအကြောင်း ပြောပြပေးချင်ပါတယ်။ ၁။ အောက်စီတိုစင်ဟော်မုန်းနှင့် ချစ်ခြင်းမေတ္တာ ဆက်စပ်မှု လူတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ အချစ်သစ်တွေ ဖြစ်ပေါ်လာတဲ့အခါ ကိုယ်ခန္ဓါကနေ အောက်စီတိုစင် ဟော်မုန်းတွေ များစွာ ထုတ်လွှတ်ပေးပါတယ်။ အထူးသဖြင့် ချစ်ကြိုက်ကာစ စုံတွဲတွေမှာ အောက်စီတိုစင်ဟော်မုန်း […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

နှစ်လွှာပေါင်းတော့မယ့် စွယ်တော်ရွက်လေးတို့ ဘာတွေကြိုတွေးသင့်ပြီလဲ

ချစ်သူဘဝကနေ မိသားစုလေးတစ်ခု စတင်ဖန်တီးတော့မယ်လို့ စဉ်းစားနေပြီလား။ အတွေးထဲက ကြင်စဦးမိသားစုဘဝလေးက အရမ်းကိုလှပနေမှာပါပဲ။ ရုပ်ရှင်ထဲတော့ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ နေရ ဆိုပဲ။ ဒါပေမယ့် တကယ်တမ်းပြင်ဆင်ပြီဆိုရင်တော့ ဒီထက်ပိုပြီး လက်တွေ့ဆန်လာပါတော့မယ်။ ဘဝဆိုတာ အချစ်တစ်ခုတည်းမှ မပြီးတာလေ။ ဒါဆို ရှေ့ရေးအတွက် နှစ်ဦးသား ဘာတွေတိုင်ပင်ပြီးပြီလဲ။ စွယ်တော်ရွက်လေးတွေအတွက် အကောင်းဆုံးအကြံဉာဏ်တွေးကြည့်ရအောင်နော်။ အရင်ဆုံး နှစ်ဖက်မိဘ ကိုအသိပေးလို့ ကြည်ဖြူသဘောတူညီမှုကို ရထားဖို့လိုပါတယ်။ ဒါဟာလည်း သာယာပျော်ရွှင်ရတဲ့ မင်္ဂလာတစ်ခုဖြစ်လာဖို့ အရေးပါတဲ့အချက်တစ်ခုပါပဲ။ သဘောတူကြတယ်ဆို နှစ်ကိုယ်ကြားတိုင်ပင်ဖို့ပဲ ကျန်ပါတော့တယ်။ အရေးကြီးဆုံး အချက် (၅) ချက်ကို အကြံပြုပေးလိုက်ပါတယ်။ (၁) ချစ်သူချင်းဆက်ဆံရေးကို သုံးသပ်ပါ ကိုယ့်ချစ်သူကို တကယ်ယုံကြည်ပြီလား၊ ယုံလို့ရောရလားသုံးသပ်ဆုံးဖြတ်ပါ။ ယုံကြည်မှုဆိုတာ ချစ်သူတွေအတွက် အဓိကကျတဲ့အရာတစ်ခုဖြစ်တာကြောင့် ယုံကြည်မှုကို တည်ဆောက်ပြီးချိန်မှ လက်ထပ်ဖို့စဉ်းစားသင့်ပါတယ်။ (၂) ဘယ်မှာနေကြမလဲ မိဘအိမ်မှာပဲ အတူနေကြမှာလား၊ အိမ်ဝယ်မှာလား၊ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

မိဘတွေရဲ့ရန်ပွဲကြား ကြီးပြင်းရတဲ့ ကလေးတစ်ယောက်ရဲ့ဘဝမှာ...

ဖေဖေနဲ့မေမေ အဆင်ပြေကြရင် သိပ်ကောင်းမှာပဲလို့တွေးနေမိတဲ့ ကလေးတစ်ယောက်ရဲ့ဆန္ဒကိုမြင်နိုင်ကြပါ့မလား။ သဘောထားမတိုက်ဆိုင်လို့၊ စီးပွားရေးအဆင်မပြေလို့၊ အသစ်တွေ့လို့၊မေတ္တာခန်းလို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ရန်ဖြစ်နေကြမှာပါပဲ။ ဒီနေရာမှာ အထိခိုက်ဆုံးသူဟာ မိဘတွေရဲ့ရန်ပွဲကြား မှာ ရှိနေတဲ့ ကလေးတွေပဲ ဆိုတာမေ့မထားကြပါနဲ့နော်။ မိသားစုပြဿနာတွေနဲ့ကြီးပြင်းလာတဲ့ကလေးတွေကို စစ်တမ်းယူခဲ့တဲ့ တချို့လေ့လာမှုတွေကပြောတယ်။ အိမ်ထောင်ရေးအဆင်မပြေတဲ့ မိဘတွေကြားမှာ ကြီးပြင်းလာရတဲ့ ကလေးတွေ အတွက် ဖြစ်လာတဲ့ရလဒ်က မိဘကွာရှင်းလိုက်လို့ခံစားရတဲ့အကျိုးဆက်ထက် ပိုဆိုးပါတယ်တဲ့။ တချို့မိဘတွေက မမေ့ပါဘူး။ ကလေးအတွက် စဉ်းစားပြီး အဆင်မပြေတဲ့အိမ်ထောင်ကိုပြန်ပေါင်းစည်းဖို့ကြိုးစားကြတယ်။ မိသားစုပြန်ပေါင်းစည်းသွားရင်ကောင်းပေမယ့် သိပ်ကိုကွဲအက်သွားတဲ့ဆက်ဆံရေးမျိုးဆိုရင်တော့ အတင်းအကျပ်ပြန်ချည်နှောင်တာဟာနောက်ဆုံးတော့ ကလေးကိုထိခိုက်နိုင်ပါတယ်။ ဘာလို့ဆို အဖေနဲ့ အမေ ရဲ့ တစ်ယောက်ကိုတစ်ယောက်ထိုးနှက်မှုတွေ၊ မကျေလည်မှုတွေဟာ သူတို့အလယ်မှာရှိနေတဲ့ ကလေးကိုပဲ ထိုးစိုက်မိမှာ မို့လို့ပါပဲ။ပြန်ညှိနှိုင်းယူလို့မရနိုင်တော့တဲ့ ဆက်ဆံရေးဖြစ်နေပြီဆိုရင်တော့ ခွဲနေလိုက်တာ အကောင်းဆုံးပါပဲ။ လူကြီးတွေရဲ့ပြဿနာကိုသေချာနားမလည်သေးတဲ့ ကလေးတစ်ယောက်ရဲ့အမြင်မှာ ဝမ်းနည်းမှုတွေ၊ကြောက်စိတ်တွေ၊ ခိုကိုးရာမဲ့တာတွေ၊ပျော်ရွှင်မှုနည်းလာတာတွေ၊ မကောင်းတဲ့သက်ရောက်မှုတွေ ဖိစီးနေမှာသေချာပါတယ်။ မိဘအဆင်မပြေရင် ဒီကလေး […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

မိသားစုနဲ့ ထမင်းလက်ဆုံစားပါ

မိသားစုဆိုတာက ကောင်းတူဆိုးဖက် အမြဲအတူရှိကြသူတွေပါ။ ကမ္ဘာပေါ်က အရင်းနှီးဆုံး အပွင့်လင်းဆုံးသူတွေပေါ့။ မိသားစုနဲ့အတူနေခွင့်ရတာ၊ ရင်ဖွင့်ပြောဆိုပြီး ခံစားချက်တွေ မျှဝေခွင့်ရတာက ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး ဆုလာဘ်လို့ တင်စားပါရစေ။ မနက်တိုင်း မေမေပြင်ပေးတဲ့ မနက်စာ၊ မေမေကိုယ်တိုင်ချက်ပြုတ်ကျွေးတာတွေကို စားခွင့်ရနေတာကိုက ကံကောင်းခြင်းတွေ အများကြီး ရနေပြီသားပါနော်။ ဒီလိုကံကောင်းခြင်းတွေကမှ ကိုယ့်အတွက် ကျန်းမာရေးအကျိုးကျေးဇူတွေ ပါရနေသေးတယ်ဆိုရင်တော့ ဘာပြောမလဲ Hello ဆရာဝန်ပရိသတ်ကြီးရေ………………. မိသားစုနဲ့ ထမင်းလက်ဆုံစားပါ ဒီအလေ့အထက အနောက်ဥရောပနိုင်ငံတွေထက် အာရှနိုင်ငံတွေမှာ ပိုပြီးတွေ့ရများပါတယ်။ မြန်မာလူမျိုးတွေမှာဆိုရင်တော့ ဟင်းမကောင်းတောင် မိသားစုစုံစုံလင်လင်လေး ထမင်းစားလိုက်ရရင် ထမင်းမြိန်တယ်ဆိုပြီး ပြောလေ့ရှိတယ်နော်။ သံယောဇဉ် ကြီးတတ်တဲ့ မြန်မာလူမျိုးတွေဟာ အရင်ကတည်းက မိသားစုလက်ဆုံ ထမင်းစားကြတာပါ။ ဒေါင်းလန်းကြီးနဲ့ လက်ရည်တစ်ပြင်တည်းတောင် စားခဲ့ကြသေးတာနော်။ မိသားစု လက်စုံထမင်းစားတာက ကလေးလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ အကျိုးများတဲ့ အလုပ်ပါ။ မိသားစု ထမင်းဝိုင်းက […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

သေမင်းတံခါးဝမှ ကျောခိုင်းလှည့်ထွက်သွားဖို့ ကြိုးစားခြင်း

လူတိုင်းကတော့ မွေးလာပြီးတာနဲ့ အို၊ နာ၊ သေ သံသရာစက်ဝန်းအောက်မှာ ကျင်လည်နေကြတာပါ။ လောကဒဏ်ဆိုတာလည်း ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင်ပါတယ်ဆိုတဲ့ လူတစ်ယောက်ကိုတောင်မှ ပြိုလဲသွားနိုင်အောင် တိုက်စားနိုင်တာကိုး။ ဒီလိုဒဏ်တွေကို မခံနိုင်တော့တဲ့အဆုံး လူ့ဘဝထဲက ထွက်ခွာသွားဖို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ လူတွေဆိုတာလည်း တဖြည်းဖြည်းနဲ့ များလာနေပါတယ်။ လူတွေ ဘာကြောင့် သေကြောင်းကြံစည်ဖို့ ဆုံးဖြတ်ချက်ချတာလဲ။ ဘာသာတရားနဲ့ သက်ဆိုင်မှုမရှိဘဲ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် စိတ်ကျန်းမာရေး ပြဿနာမျိုးစုံ ကြုံတွေ့နေရတဲ့သူတွေ၊ အဘက်ဘက်ကနေ တိုက်ခိုက်မှု၊ ဖိနှိပ်မှုကို ခံနေကြရတာ၊ ပတ်ဝန်းကျင်၊ တချို့သောမိဘဆွေမျိုး အသိုင်းအဝိုင်းမှာ ကြုံလာခဲ့ရသမျှ စိတ်ဒုက္ခတွေ၊ ဒါတွေအားလုံးက အတွေးထဲမှာ ပိတ်မိသွားတဲ့အခါ လူတွေက ထွက်ပြေးဖို့ကို ကြံစည်လာကြပါတယ်။ ဒါပေမယ့်လည်း ဒီအရာတွေဆိုတာ ထွက်ပြေးလို့ ရတဲ့အရာမှမဟုတ်တာ။ အဲ့တော့ သည်းခံပြီး ဆက်လုပ်ရင်း အောင်မြင်လာမလား၊ အဆင်ပြေသွားမလားလို့ မျှော်လင့်၊ မျှော်လင့်ထားသလို […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ပျော်ရွှင်စရာမိသားစုအသိုက်အမြုံလေး ရှိသင့်တဲ့အကြောင်းအရင်း

အိမ်ဆိုတာက ရာသီဥတုဒဏ်တွေကနေ ကာကွယ်ပေးတယ်ဆိုတာထက်ပိုတဲ့ မိသားစုအသိုက်အမြုံလေးပါ။ တစ်နေ့တာ ပင်ပန်းလာသမျှ အိမ်ရောက်မှပဲ အမောပြေသွားတယ်လို့ရေရွတ်မိဖူးလား။ ဒါဆိုရင်တော့ သင်ကအိမ်ချစ်တတ်သူတစ်ဦးပါ။ အပြင်ကပြန်လာရင် ချစ်ရတဲ့မိသားစုတွေမျက်နှာကိုမြင်ရတာ စိတ်ချမ်းသာစရာနော်။ ဒီကြားထဲ အသည်းကျော်လေးတွေကများ အမြီးလေးနှံ့လို့ ဆီးကြိုရင် ပင်ပန်းတာက ကြက်ပျောက် ငှက်ပျောက်ပါပဲ။ ဒီလိုချစ်စရာကောင်းတဲ့ မိသားစုအသိုက်အမြုံလေးကို ပိုင်ဆိုင်ထားသူတွေက အခြားသူတွေထက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပိုကျန်းမာကြပါတယ်နော်။ အလုပ်ခွင်ထဲမှာဖြစ်ဖြစ်၊ လူမှုဆက်ဆံရေးနယ်ပယ်မှာဖြစ်ဖြစ်အောင်မြင်နေကြသူတွေကပျော်ရွှင်စရာကောင်းတဲ့ မိသားစု အသိုက်အမြုံလေးတွေကို ပိုင်ဆိုင်ထားကြသူတွေပါနော်။ ပျော်ရွှင်စရာအသိုက်အမြုံကို ပိုင်ဆိုင်ထားသူတွေသာ ရရှိမယ့်အကျိုးကျေးဇူးတွေ ပျော်ရွှင်စရာအသိုက်အမြုံလေးပိုင်ဆိုင်ထားသူတွေက ကံကောင်းသူတွေလို့ဆိုရမှာပါ။ မိသားစုရှိနေတော့ တီးတိုးတိုင်ပင်ဖော်ရသလို ရင်ဖွင့်ခွင့်လည်း အပြည့်အဝရနိုင်ပါတယ်။ကောင်းတာ ဆိုးတာတွေကို မျှဝေခံစားပေးသူတွေရှိနေတဲ့အတွက် စိတ်ညစ်စရာတွေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ခွင့်ရကြသူတွေပေါ့။ အလုပ်ခွင်မှာ စွမ်းဆောင်နိုင်စွမ်းကောင်းကြတယ် အလုပ်ခွင်မှာလန်းဆန်းတက်ကြွပြီးပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ငန်းဆောင်တာတိုင်းကိုအောင်မြင်နေအောင်လုပ်ဆောင်နိုင်စေဖို့ အကြည်ဓါတ်လေးတွေပေးနေတာက ချစ်ရတဲ့ မိသားစုဝင်တွေပါ။ ပေါင်းသင်းဆက်ဆံရေး ကောင်းကြတယ် ပေါင်းသင်းဆက်ဆံရေး ကောင်းသူတွေကို ဆန်းစစ်ကြည့်လိုက်ရင် သူတို့မှာ အရမ်းချစ်ရတဲ့ မိသားစုဝင်တွေရှိသလို သူတို့ကို […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

လူတစ်ယောက် အနားမှာမရှိရင် မနေတတ်တဲ့ စိတ်ရောဂါ

Autophobia ဆိုတာ အထီးကျန်ရမှာ၊ တစ်ယောက်တည်း နေရမှာကြောက်တဲ့ စိတ်ရောဂါကို ခေါ်တာပါ။ ကိုယ့်အိမ်လို နွေးထွေးပြီး သက်တောင့်သက်သာ ဖြစ်တဲ့နေရာမှာ တစ်ယောက်တည်း နေနေရင်တောင် စိတ်ထဲမှာ စိုးရိမ်ပူပန်စိတ်တွေ၊ ဝမ်းနည်းစိတ်တွေ၊ ထိတ်လန့်တဲ့ စိတ်တွေ အမြဲဖြစ်နေတတ်ပါတယ်။ ဒီစိတ်ရောဂါရှိသူတွေမှာ သူတို့စိတ်ကလေး လုံခြုံဖို့အတွက် ကိုယ်ချစ်ရတဲ့သူ သို့မဟုတ် လူတစ်ယောက်ယောက်က အနားနားမှာ အမြဲရှိကို ရှိမှဖြစ်မယ် ဆိုတဲ့ ခံစားချက်တွေ ရှိနေတတ်ပါတယ်။ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်မှာ ရောက်နေရင်တောင် ကိုယ့်စိတ်ထဲမှာ သူခိုး၊ ဓါးပြရန် ကြောက်ရတာ၊ အချစ်မခံရမှာ၊ တစ်စုံတစ်ယောက်က ကိုယ့်ကို မလိုချင်တော့တာ၊ ရုတ်တရက် ဖျားနာ၊ နေမကောင်းဖြစ်မှာ၊ ရောဂါဖြစ်မှာ ကြောက်တာ၊ ရှင်းမပြတတ်တဲ့ အသံတွေကြားရမှာကို ကြောက်နေတတ်ပါတယ်။ လူငယ်တွေနဲ့ ကလေးတွေမှာ အလွန်အဖြစ်များပြီး လူကြီးပိုင်းအရွယ် ရောဂါဝေဒနာ ခံစားနေရသူတွေမှာလည်း […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

အမှောင်ထဲမှာ နေရင်း စိုးရိမ်ထိတ်လန့်စိတ်တွေ ဖြစ်ဖူးလား

လူတိုင်းမှာ အကြောက်တရားရှိသလို တစ်ယောက်နဲ့ တစ်ယောက် ကြောက်တဲ့ အရာချင်းလည်း မတူညီကြပါဘူး။ ဒီလို ပုံမှန်ထက် ပိုပြီး ေကြာက်ရွံ့တဲ့စိတ် ဖြစ်လာတာ၊ ဒီစိတ်ကြောင့်ပဲ ကိုယ့်မှာ ဘာမှမလုပ်ရဲ၊ မကိုင်ရဲ၊ နေ့စဉ်ဘဝကို တစ်နည်းနည်းနဲ့ ထိခိုက်လာနိုင်တာ၊ ပြင်းပြင်းထန်ထန် ထိတ်လန့်မှုကြောင့် သတိမေ့သည်အထိ ဖြစ်လာတဲ့အခြေအနေကိုတော့ Phobia - စိုးရိမ်အကြောက်လွန် စိတ်ဝေဒနာ (ဖိုးဘီးယား) လို့ သတ်မှတ်လို့ ရပါတယ်။ ဖိုးဘီးယား ဘယ်နှစ်မျိုးရှိလဲ။ အထက်မှာ ပြောခဲ့သလိုပါပဲ။ လူတစ်ဦးနဲ့ တစ်ဦး ကြောက်ရွံ့ထိတ်လန့်ပုံခြင်း မတူကြသလို ကြောက်တဲ့ အရာဝတ္ထုချင်းလည်း ထပ်တူကျချင်မှ ကျမှာပါ။ ဒါကြောင့် ဖိုးဘီးယား ဘယ်နှစ်မျိုးရှိလဲဆိုတာကို အတိအကျပြောဖို့တော့ ခက်ပါတယ်။ ခုပြောပြပေးမယ့် အမှောင်ကို ကြောက်ရွံ့တဲ့ စိတ်ဝေဒနာကတော့ ကလေးတော်တော်များများမှာ အဖြစ်များတဲ့ စိတ်ဝေဒနာဖြစ်ပြီး ကြီးလာတဲ့အထိ မပျောက်ဘဲ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အချစ်ဟောင်းကို ထိုင်ဆွေးနေရင် ဝိတ်ကျလာနိုင်

အသည်းကွဲတယ်၊ အမြဲဖီးလ်နေရတယ်၊ မမေ့နိုင်သေးဘူး ဆိုတာတွေက စိတ်ဖိစီးမှုပဲဖြစ်ပြီး ကျန်းမာရေးကိုထိခိုက်စေတယ်လို့ လက်ခံထားကြပါတယ်။ စိတ်ဖိစီးရင် အစားပိုစားမိတယ်၊ ပိုဝလာတယ်ဆိုပြီးတော့လည်း သိထားကြပါတယ်။ ဒါပေမယ့် ဒီတစ်ခါတွေ့ရှိချက်မှာတော့ အသည်းကွဲတာ၊ အချစ်ဟောင်းကို တမ်းတပြီးဆွေးနေတာက အဆိုးထဲကအကောင်းတစ်ခုဖြစ်လာနိုင်တာ သင်သိပါသလား။ အချစ်ဟောင်းကို မမေ့နိုင်ဘဲ မျက်ရည်ကျနေဆဲ ဆိုရင်တော့ ဝိတ်ချချင်တဲ့သူတွေအတွက် အဆင်ပြေနိုင်တယ်လို့ သုတေသနအသစ်ကဖော်ပြထားပါတယ်။ စိတ်ခံစားချက်ကြောင့် ငိုကြွေးခြင်းက ကိုယ်အလေးချိန်ျေလျာ့ကျစေနိုင်တယ်လို့ စိတ်ဖိစီးမှုဆိုင်ရာသုတေသီDr Pete Sulack ကပြောပါတယ်။ အသည်းကွဲဝေဒနာကြောင့်ဖြစ်လာတဲ့ မျက်ရည်တွေမှာprolactin၊adrenocorticotropicဟော်မုန်းနဲ့leucineenkephalin တို့လိုဟော်မုန်းတွေပါဝင်ပြီး ဒါတွေအားလုံးဟာ ကြီးမားတဲ့စိတ်ဖိစီးမှုကိုခံစားနေရတဲ့အချိန်မှာ လူခန္ဓါကိုယ်ကနေထွက်လာတတ်တဲ့ဟော်မုန်းတွေဖြစ်ပါတယ်။ စိတ်ဖိစီးမှုအတိုင်းအတာနဲ့သက်ဆိုင်တဲ့Cortisolဟော်မုန်းကလည်း ခန္ဓါကိုယ်မှာ အဆီတက်မတက်ကို ထိန်းညှိရာမှာဆက်နွှယ်နေပါတယ်။ "adrenocorticotropicဟော်မုန်းတွေနည်းသွားရင် ခန္ဓါကိုယ်ရဲ့cortisol ပမာဏကိုလျော့နည်းစေနိုင်တယ်"လို့Sulack ကပြောပါတယ်။ ဒါ့ကြောင့် အားရပါးရ ငိုချလိုက်တာက ငိုပြီးတဲ့အခါ စိတ်ကိုတည်ငြိမ်စေပြီး စိတ်သက်သာစေတဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း ကျစေပါတယ်။ ငိုကြွေးခြင်းက ချွေးထွက်ခြင်းနဲ့ ဆီးသွားခြင်းတို့လို အရည်စွန့်ထုတ်မှုဖြစ်စဉ်တွေလိုပဲ ခန္ဓါကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေကို ဖယ်ရှားစွန့်ထုတ်ပေးနိုင်တယ်လို့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း