စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

မိန်းမတွေကို ကြောက်ရွံ့ခြင်း စိတ်ဝေဒနာ (Gynophobia)

ကိစ္စတစ်ခုကို သာမန်ထက်ပိုပြီးကြောက်ရွံ့ခြင်း ဖိုးဘီးယား (Phobia) စိတ်ဝေဒနာတွေထဲက မိန်းမကြောက် စိတ်ဝေဒနာ (Gynophobia) ဆိုတာ အမျိုးသားတွေမှာ ပိုပြီးအဖြစ်များတဲ့ ပုံမှန်မဟုတ် ကြောက်ရွံ့ခြင်း လက္ခဏာတစ်ခုဖြစ်ပါတယ်။ အတိတ်မှာ အမျိုးသမီးရဲ့ အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ စော်ကားခံရမှု၊ ယောက်ျားမာနကို ချိုးနှိမ်ခံရခြင်း အစရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် အမျိုးသားတွေစိတ်ထဲမှာ ကျန်ရစ်ခဲ့တဲ့ စိတ်ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ ဒီစိတ်ဝေဒနာက အမြစ်တွယ်ပြီး ကြီးလာတဲ့အခါ မိန်းမတွေနဲ့ ပတ်သက်လာရင် ကြောက်ရွံ့တဲ့ စိတ်တွေ၊ စိုးရိမ်ပူပန်ခြင်း၊ ရွံရှာခြင်း အစရှိတဲ့ စိတ်ခံစားချက်တွေဖြစ်ပေါ်ကာ နေ့စဉ်ဘဝမှာ ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ Gynophobia လို့ခေါ်တဲ့ မိန်းမကြောက် စိတ်ဝေဒနာဟာ အမျိုးသမီးတွေမှာလည်း ဖြစ်တတ်တယ်ဆိုပေမယ့် ဖြစ်နိုင်ခြေအရမ်းနည်းပါတယ်။ Gynophobia ရဲ့ လက္ခဏာတွေက ဘာတွေလဲ။ အမျိုးသမီးတွေအကြောင်း တွေးမိတဲ့အခါ ကြောက်ရွံ့စိတ်၊ စိုးရိမ်ပူပန်စိတ်တွေ ဖြစ်ပေါ်လာတာ ကိုယ့်ရဲ့ ကြောက်ရွံ့မှုဟာ […]


စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

ဝမှာဆိုးလို့ စားလိုက်တဲ့အစာတွေကို ပြန်အန်ထုတ်တဲ့ Bulimia Nervosa ပြဿနာ သင့်မှာ ရှိနေပြီလား။

ပိန်သွယ်သွယ် ကိုယ်ခန္ဓါလေး ၊အဆီပိုမရှိတဲ့ခန္ဓါကိုယ် အချိုးအစားကို လိုချင်ကြတာ မိန်းကလေးတိုင်းပါ။ ဒါပေမယ့် ဒီလို ကိုယ်ခန္ဓါတစ်ခုကို ပိုင်ဆိုင်ဖို့ဆိုတာကလည်း အစားအသောက်တွေ ဆင်ခြင်၊ လေ့ကျင့်ခန်းတွေ လုပ်မှ ရမှာလေ။ ခက်တာက လေ့ကျင့်ခန်းလည်းမလုပ်ချင် အစားလေးလည်းစားချင် ပိန်ကလည်းပိန်ချင်ဆိုတော့ အခက်တွေ့နေကြတာပေါ့။ အဲဒီမှာ Bulimia Nervosa ခေါင်းထဲ စရောက်လာတာပဲ။ “ ငါစားလိုက်တဲ့ အစားအစာတွေကို အစာအိမ်က စုပ်ယူမှ အာဟာရဖြစ်ပြီး ဝတာဆိုတော့ စားတော့စားမယ် ပြီးရင် အာဟာရ တွေ မစုပ်ခင် ပြန်ထုတ်လိုက်မယ်။ ဒါဆိုရင် စားတော့စားရတယ် အာဟာရမစုပ်တော့ ဝတော့မှာ မဟုတ်ဘူး။” ဆိုတဲ့ အတွေးတွေ။ အဲဒါတွေတွေးပြီး သိပ်တော်တဲ့ငါပါလားဆိုပြီးတော့ ဝမ်းမသာလိုက်ပါနဲ့။ ဒါဟာ Bulimia Nervosa ဆိုတဲ့ ရောဂါဖြစ်ဖို့ အစပြုနေတာပါ ။ ဒီတော့ ဆေးပညာမှာ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

လိင်တူချစ်ခြင်းကိုကြောက်ရွံ့တဲ့ စိတ်ရောဂါ သို့မဟုတ် Homophobia

၂၁ ရာစုမှာ လိင်တူချစ်တယ်၊ လိင်တူ၊ လိင်ကွဲ ၂မျိုးလုံးကို ချစ်တယ်ဆိုတာ သိပ်ပြီး ထူးဆန်းတဲ့အရာတော့မဟုတ်ပါဘူး။ အဲဒီလိုလူတွေကို အကြောင်းရင်းမရှိဘဲ မုန်းတီးနေတဲ့ လူတန်းစားတစ်ရပ်ဟာလည်း ယခုအချိန်ထိကို တည်ရှိနေတုန်းပါပဲ။ သဘာဝကိုဖီဆန်တယ်လို့ ဆိုကြပေမယ့် လိင်တူချစ်တယ်ဆိုတာဟာ စိတ်ရောဂါတစ်ခုလည်း မဟုတ်သလို သဘာဝဆိုတာလည်း လိင်ကွဲမှချစ်ခင်ရတယ်လို့ သတ်မှတ်ထားတာမျိုး လုံးဝမရှိပါဘူး။ ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့ LGBT လူသားတွေအပေါ်မှာ ထားရှိတဲ့ လူတစ်ချို့ရဲ့ ကြောက်ရွံ့မှု စိတ်ဝေဒနာအကြောင်းပဲ ဖြစ်ပါတယ်။ LGBT နဲ့ပတ်သက်ပြီး ဖိုးဘီးယား ဘယ်နှစ်မျိုးရှိလဲ။ ဖိုးဘီးယား (Phobia) ဆိုတာ အရာဝတ္ထုတစ်ခု၊ အခြေအနေတစ်ခုကို သာမန်ထက်ပို၍ ကြောက်ရွံ့ခြင်း၊ ရွံရှာခြင်း၊ မနှစ်မြို့ခြင်းကို ပြောတာဖြစ်ပါတယ်။ ရာနဲ့ ချီနေတဲ့ ဖိုးဘီးယားစိတ်ဝေဒနာထဲမှာမှ LGBT နဲ့ ပတ်သက်ပြီး အတွေ့များတဲ့ ဖိုးဘီးယား ၃မျိုးကတော့ ၁။ လိင်တူချစ်ခြင်းကို မနှစ်သက်ခြင်း […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အတွင်းစိတ်ပုပ်တယ်ဆိုတာလည်း စိတ်ရောဂါတစ်မျိုးပဲနော်

ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့ဖူးကြမှာပါ၊ စိတ်ထဲက မကျေနပ်တာကို ပေါ်တင်မပြောဘဲ ချောက်တွန်းတာ၊ အနောက်ကနေ သွားပုပ်လေလွင့်တာ၊ ပြဿနာရှာတဲ့သူမျိုးတွေပေါ့။ တကယ်တော့ ဒီလိုလုပ်တာကို အတွင်းစိတ်ထဲကနေ လူတစ်ယောက်ကို မုန်းတီးစိတ် တစ်နည်းအားဖြင့် Passive-Aggressive Behavior လို့ ခေါ်တဲ့ အပြုအမူပိုင်းဆိုင်ရာ စိတ်ရောဂါတစ်မျိုးလို့ ခေါ်ပါတယ်။ သိသာအောင် ဥပမာ ပေးရမယ်ဆိုရင်တော့ ၁။ အလုပ်ကအစည်းအဝေးမှာ လူတစ်ယောက်က ဒီလိုလုပ်သင့်တယ်လို့ အကြံပေးတယ်။ ကိုယ့်စိတ်ထဲမှာက ဒီလိုလုပ်တာကို သဘောမတူပေမဲ့ ပါးစပ်က သဘောတူပါတယ်ပဲ ပြောတယ်။ ပြီးတော့ နောက်ကွယ်မှာ ဒီအကြံအတိုင်း လုံးဝမလုပ်ဘဲ မသိမသာ သို့မဟုတ် သိသိသာသာ ဆန့်ကျင်တယ်။ ၂။ လူတစ်ယောက်ကို မုန်းတယ်ဆိုပါစို့။ သူ့ရှေ့မှာတော့ ပုံမှန်အတိုင်း ပြုံးရွှင်နေပြီး သူ့ကွယ်ရာရောက်မှ သူ့ရဲ့ မကောင်းကြောင်းတွေလွှတ်ပြောမယ်၊ အတင်းချတယ်။ ၃။ ပြဿနာတစ်ခုဖြစ်တယ်။ ဒီပြဿနာကို တိုက်ရိုက်မဖြေရှင်းဘဲ မဆိုင်တဲ့သူတွေကို […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အလုပ်ခွင်မှာ လာအနိုင်ကျင့်တာ အရှုံးပေးစရာမလိုပါ

လူအချင်းချင်း အနိုင်ကျင့်တယ်ဆိုတာ ပုံစံအမျိုးမျိုးရှိပေမယ့် အများအားဖြင့်တော့ တစ်ဦးတစ်ယောက်တည်းကို မလိုလား၊ မကြိုဆိုတဲ့အရိပ်အယောင် ပြတာ၊ ရန်စတာ၊ ဆန့်ကျင်ဘက်ပြုတာ လိုမျိုး အပြုအမူတွေလို့ သတ်မှတ်ယူဆကြပါတယ်။ အနိုင်ကျင့်မှုဆိုတာ စိတ်ပိုင်းဆိုင်ရာလည်းဖြစ်နိုင်တယ်၊ ကိုယ်ထိလက်ရောက်လည်းဖြစ်နိုင်တယ်၊ နှုတ်နဲ့ပဲပြောဆိုတာလည်း အကျုံးဝင်ပါတယ်။ ကလေးဘဝမှာတွေ့ရတာအများဆုံးပေမယ့် အရွယ်ရောက်မှ အလုပ်ခွင်မှာ လူမသိသူမသိ အနိုင်ကျင့်ခံနေရတာတွေလည်း အများကြီးပါ။ ကျူးလွန်သူတွေရဲ့အာဏာ၊ လုပ်ပိုင်ခွင့်၊ ရာထူး၊ အဖွဲ့အင်အား တို့ကြောင့်အောင့်အည်းသည်းခံရင်းဖြတ်ကျော်ကြရတဲ့သူတွေရှိပါတယ်။ ခွဲခြားဆက်ဆံမှုတွေ၊အနိုင်ကျင့်မှုတွေကြောင့် နာကျင်ခံစားရရင်းဖြစ်လာတဲ့စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနစ်နာမှုတွေအတွက် ဘယ်သူ့မှာတာဝန်ရှိပါသလဲ။ သည်းခံနေတဲ့သူ ဘယ်လိုမှ မတောင့်ခံနိုင်တော့လို့ ကိုယ့်ကိုယ့်ကိုယ်အဆုံးစီရင်ခဲ့ရင် ဘယ်သူ့မှာတာဝန်ရှိပါသလဲ။ ဒီလို ထွက်ပေါက်ရှာတဲ့အတွေးဟာ မှားယွင်းနေပါတယ်နော်။ စိတ်ရောဂါတွေဖိစီးလာတဲ့အထိ သည်းခံမနေပါနဲ့။ လူ့လောက ကပျောက်ကွယ်မယ့်နည်းနဲ့လည်း ကိုယ်လွတ်မရုန်းပါနဲ့။ ကိုယ်မရှိတော့ရင်လည်း ခွဲခြားဆက်ဆံနေကြသူတွေက ပစ်မှတ်နောက်တစ်ယောက်ကို ရှာပါလိမ့်မယ်။ ဒီလိုအနိုင်ကျင့်တာတွေအတွက်ဖြေရှင်းဖို့ နည်းလမ်းတွေရှိပါတယ် - ဘယ်လိုလုပ်ရမလဲ။ ဟန့်မယ် အရင်ဆုံးသိထားရမှာက အနိုင်ကျင့်သူတွေက ဒီလူကို လုပ်လို့ရသရွေ့ ချိုးနှိမ် […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ခွဲခြားဆက်ဆံခံရတဲ့အခါ ထိခိုက်လာတဲ့စိတ်ကျန်းမာရေး ပြဿနာမသေးပါ

အနိုင်ကျင့်တယ်၊ ခွဲခြားဆက်ဆံတယ်ဆိုတာ ကျောင်း၊ အလုပ်ခွင် စတဲ့နယ်ပယ်တွေမှာ အဖြစ်များတဲ့ကိစ္စပါ။ ကိုယ့်ဘက်က အသေးအဖွဲတစ်ခုလိုမြင်ခဲ့ပေမယ့် ခံစားရတဲ့သူမှာ ဘဝနဲ့ချီတဲ့ နစ်နာမှုတွေ၊ ထိခိုက်မှုတွေရှိနိုင်တယ်ဆိုတာ သိထားဖို့တော့လိုပါတယ်။ ဒါလေးနဲ့များ ဒီလောက်ဖြစ်ရသလား၊ ကိုယ့်အသက်ကိုယ်စီရင်တဲ့အထိ လုပ်ရသလား၊ ခံပေါ့ တဲ့လား။ ခွဲခြားဆက်ဆံခံရတာ၊ စိတ်အားဖြင့်(စကားလုံးတွေနဲ့) သို့မဟုတ် လူအားဖြင့် အနိုင်ကျင့်ဆက်ဆံခံရတာကြောင့်ဖြစ်လာတဲ့ စိတ်ပင်ပန်းမှု၊ နာကျင်ခံစားရမှု၊ စိတ်ကျဝေဒနာနဲ့ စိုးရိမ်ပူပန်မှုတွေရယ် အထီးကျန်စိတ်ရယ် ဖိစီးနေရရှာမှာပါ။ ဒီလိုစိတ်ကျန်းမာရေးထိခိုက်မှုတွေကို အားပေးကူညီမှုနဲ့ ကုစားပေးဖို့ အချိန်တစ်ခုလိုပါတယ်။ ကုစားမှုမရှိဘဲ ဆက်လက်နိုင်စားနေတဲ့ ပတ်ဝန်းကျင်မှာ သည်းခံရင်း ကြာလာတဲ့အခါ မသိမသာနဲ့ စိုးရိမ်ပူပန်စိတ်လွန်ကဲတဲ့ ဒီလိုမျိုးတွေဖြစ်လာနိုင်ပါတယ် - အနိုင်ကျင့်ဆက်ဆံခံရတဲ့သူတွေမှာဖြစ်လာနိုင်တဲ့ စိုးရိမ်စိတ်ဝေဒနာများ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့အမျိုးအစားအများကြီးရှိပေမယ့် စိတ်ကျရောဂါကလွဲရင် အလုပ်ခွင်မှာ ခွဲခြားဆက်ဆံခံရ၊အနိုင်ကျင့်ခံရတဲ့သူတွေ ခံစားရလေ့ရှိတဲ့ အဓိကစိုးရိမ်စိတ်ရောဂါပြဿနာ (၄) မျိုးရှိပါတယ်။ (၁) စိုးရိမ်သောကလွန်ရောဂါ (Generalized anxiety disorder) ဒီစိတ်အခြေအနေဖြစ်လာသူတွေဟာ လုပ်နေကျနေ့စဉ်အလုပ်တွေကို […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ခွဲစိတ်ကုသမှုအပြီး ဝင်လာတတ်တဲ့ စိတ်ကျရောဂါ

လူနာအတွက်ကတော့ သေးသေး၊ ကြီးကြီး ခွဲစိတ်မှုတစ်ခုအပြီးမှာ စိတ်ပိုင်းဆိုင်ရာကို သက်ရောက်မှုတစ်ခု ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် နဂိုအကြောက်အလန့်ကြီးတဲ့သူတွေ၊ အရေးပေါ် ခွဲစိတ်ကုသမှုတွေ ခံရသူတွေမှာ ခွဲစိတ်အပြီး စိတ်ကျရောဂါ ဝင်လာတတ်ပါတယ်။ ဆရာဝန်အများစုကတော့ လူနာရဲ့ ရုပ်ပိုင်းဆိုင်ရာကိုသာ စစ်ဆေးသွားတတ်ပြီး စိတ်ခံစားချက်ကို သတိမမူမိတာကြောင့် လူနာကသက်သာသွားတဲ့တိုင်အောင် စိတ်ကျရောဂါက ပျောက်မသွားဘဲ ကျန်နေခဲ့တာပါ။ ခွဲစိတ်ကုသပြီးနောက် စိတ်ကျရောဂါကို ဘာတွေက ဖြစ်စေလဲ။ အကြောင်းအမျိုးမျိုးကြောင့် ခံစားနေရတဲ့ နာကျင်မှုတွေ စိုးရိမ်ပူပန်စိတ်ေတွ ထုံဆေးနဲ့ မတည့်တာ အကိုက်အခဲပျောက်ဆေးနဲ့ မတည့်တာ အသက်ဘေးအန္တရာယ်စိုးရိမ်ရလောက်တဲ့အထိ ရောဂါက ပြင်းထန်သွားတာ အရေးပေါ် ခွဲစိတ်ကုသမှု ခံယူလိုက်ရတာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုတွေ များလာတာ ခွဲစိတ်အပြီးမှာလည်း စိုးရိမ်ပူပန်စိတ်က ပျောက်မသွားဘဲ ပိုပိုတိုးလာတာ စတဲ့အကြောင်းရင်းတွေကြောင့် စိတ်ကျရောဂါဖြစ်လာနိုင်ပါတယ်။ စိတ်ကျရောဂါရှိနေပြီဆိုတာ ပြနေတဲ့ လက္ခဏာတွေ မကြာခဏ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ပွစိပွစိပြောတတ်တာ မကောင်းဘူးလို့ ဘယ်သူပြောလဲ

တစ်ယောက်တည်းစကားတွေရေရွတ်တတ်တဲ့ ပွစိလေးတွေကိုဆို အပြစ်ပြောတတ်ကြတယ်။ ဒါပေမယ့် ပွစိပွစိရေရွတ်တာက ကြားရတဲ့သူတွေသာ နားညည်းတာ သူတို့ကိုယ်တိုင်အတွက်ကျကောင်းကျိုးတွေရှိပါတယ်တဲ့။ ကိုယ်က တတွတ်တွတ်နဲ့ရေရွတ်နေတတ်တဲ့သူဆို ဂုဏ်ယူလိုက်တော့။ ကိုယ်က သိတောင်မသိလိုက်ဘဲ ပွစိပွစိရွတ်ရင်း ဒီအကျိုးကျေးဇူးတွေရနေတာပါနော်။ (၁) အထီးကျန်စိတ် မဖြစ်တော့ဘူး စကားပြောဖော်ရှိမှ အထီးမကျန်တာမဟုတ်ပါဘူး။ တစ်ယောက်တည်းရှိနေချိန်မှာ ကိုယ့်အသံထွက်ပြီး ခပ်တိုးတိုးစကားပြောရေရွတ်တာလည်း စိတ်ဖြေသိမ့်ရာရနိင်ပါတယ်လို့ စိတ်ပညာရှင်တွေကပြောပါတယ်။ ကိုယ့်ကိုယ်ကို အားပေးမယ်၊ ကိုယ့်အတွေးတွေကိုယ်ပြန်နားထောင်မယ်၊ ကဲ ဘယ်လောက်အဖော်ရလဲ။ တစ်ခုရှိတာက ကိုယ့်စိတ်နဲ့ကိုယ်ရန်ဖြစ်နေပြီ၊ တစ်ယောက်တည်းရန်ဖြစ်နေပြီဆိုရင်တော့ အခြေအနေမကောင်းဘူးပေါ့။ (၂) ဦးနှောက်ကို ပိုပြီးအသုံးချနိုင်လာတယ် ဈေးသွားဝယ်စရာရှိတယ်ထား၊ ဝယ်စရာတွေကို မမေ့အောင် ပါးစပ်ကရွတ်နေဖူးတယ်မလား။ စာကျက်သလိုမျိုးပဲ။ တတွတ်တွတ်ရွတ်တာက မှတ်ဉာဏ်တွေကို လှုံ့ဆော်ပေးတယ်လေ။ တစ်ခုခုလုပ်စရာရှိလည်း ငါဒါပြီးရင် ဟိုဟာလုပ်ရမယ်ဆိုတာမျိုး အလုပ်တာဝန်တွေ ကိုယ့်ကိုယ်ကိုသတိပေးသလိုဖြစ်စေပါတယ်။ (၃) အတွေးတွေကို စီမံနိုင်တယ် လူဆိုတာဘယ်လောက်တောင်အလုပ်များလဲဆိုခေါင်းထဲမှာ အတွေးပေါင်းသန်းနဲ့ချီပြီး အမြဲရှိနေတာပါတဲ့။ အတွေးတွေက သိစိတ်ထဲမှာရော၊ မသိစိတ်ထဲမှာပါ ရောထွေးနေပြီးသေချာမစီမံနိုင်၊ မရှင်းလင်းနိုင်ရင် […]


စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

မဆာလည်း စားမိနေတာ ဒါတွေကြောင့်ပါ

ဗိုက်ကတော့ မချောင်သေးဘူး စားစရာ နောက်တစ်ခုခုက ပါးစပ်ထဲရောက်နေပြီ။ တစွတ်စွတ်နဲ့ စားမိနေတာ ဗိုက်လည်းမဆာဘဲနဲ့လေ။ စားမိနေတုန်းတော့ မသိသေးဘူး။ ပြန်စဉ်းစားကြည့်လိုက်ရင် တစ်နေ့တာမှာစားခဲ့မိတာ စုံလို့။ ဒီလိုစားမိတာ အစာအိမ်အတွက်ရော ခန္ဓာကိုယ် ကျန်းမာရေးအတွက်ပါ မကောင်းပါဘူး။ ဝိတ်တွေတက်လာမယ်၊ အစာမကြေဖြစ်မယ် စတဲ့ အကျိုးဆက်တွေရှိလာနိုင်တာပေါ့။ ဒါကို ထိန်းချုပ်ဖို့အတွက် ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့အကြောင်းရင်းခံတော့ သိထားဖို့လိုပါတယ်။ ဘာကြောင့် မဆာဘဲ စားမိနေတာလဲဆိုတာ ဖြစ်နိုင်ခြေကတော့ . . . မဆာလည်း စားမိနေတာ ဒါတွေကြောင့်ပါ မဆာလည်း စားမိနေတာ ဒါတွေကြောင့်ပါ မဆာလည်း စားမိနေတာ ဒါတွေကြောင့်ပါ ဆိုတော့ ဘာတွေများ ဖြစ်မလဲ။ စိတ်ဖိစီးမှု စိတ်ဖိစီးတာ ကြာရှည်လာရင် ခန္ဓာကိုယ်မှာ ထွက်လာတတ်တဲ့ cortisolဟော်မုန်းကြောင့် အစားတွေ ပိုစားမိတတ်တယ်။ စိတ်ဖိစီးမှုက အမြဲလက်တကမ်းမှာရှိနေတယ်ဆိုရင် အဲ့ဟော်မုန်းက မြင့်တက်နေပြီး သရေစာတွေပဲဖြစ်ဖြစ် […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ဖိစီးနေတဲ့စိတ်ကို ၅ မိနစ်အမြန်ဖြေလျှော့နည်း

ကြုံဖူးမှာပေါ့ စိတ်တွေရှုပ်လာပြီ ဘာမှလုပ်မရတော့ဘူးဆိုတာမျိုး။ အိမ်မှာတည်းက စိတ်မကြည်လင်တာ၊ ကားလမ်းပိတ်လို့ စိတ်ကဘူလာတာ၊ အလုပ်မှာစိတ်ရှုပ်ရတာ စတဲ့ စိတ်ဖိစီးမှုတွေက နေ့တိုင်း ရှိနေတာပဲလေ။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် စိတ်ဖိစီးမှုဆိုတာရှောင်လွှဲလို့သိပ်မလွယ်တဲ့ အရာဆိုတော့ ဘယ်လိုဖြေရှင်းမလဲဆိုတာပဲ စဉ်းစားကြရအောင်။ စိတ်ဖိစီးမှုဆိုတာကြောက်စရာမှမဟုတ်တာ။ ကိုယ်ဖြေရှင်းလိုက်ရင်ပျောက်ကွယ်သွားမယ့်အရာပဲ။ လှုပ်ရှားလုပ်ကိုင်နေရင်း ဒီစိတ်နဲ့ ဘယ်လိုနှစ်ပါးသွားမလဲဆိုတာ အမြန်ဖြေရှင်းနည်းလေးတွေပြောပြမယ်။ အချိန်ငါးမိနစ်ပဲ လိုပါတယ်။ ကြိုက်တဲ့တစ်နည်းကို သုံးနိုင်ပါတယ်။ ၅ မိနစ်အမြန် စိတ်ဖြေလျှော့နည်း (၁) အာရုံစိုက်ပြီး အသက်ရှူပါ ခပ်ပြင်းပြင်းကြီးရှိုက်ရှူဖို့ပဲပြောတာမဟုတ်ဘူးနော်။ နှာဖျားဝကိုဝင်လာတဲ့လေကိုအာရုံစိုက်ပြီး ကြာနိုင်သလောက်ကြာကြာရှိုက်ရှူပါ။ ထွက်လေနဲ့ဝင်လေကိုသေချာလိုက်အာရုံပြုပြီး ဝမ်းဗိုက်တစ်ခုလုံးပြန့်ကားတဲ့အထိ ရှူသွင်းရှူထုတ်ပါ။ (၂) တရားထိုင်ပါ မအားပါဘူး၊နေရာအဆင်မပြေဘူးတော့အကြောင်းပြမနေပါနဲ့။ ဘတ်စ်ကားပေါ်မတ်တပ်ရပ်နေရရင်တောင် တည်တည်ငြိမ်ငြိမ် စိတ်ကိုတရားထိုင်သလိုထားလို့ရနိုင်ပါတယ်။ ဥပမာပြောတာပါ။ ဆိုင်မှာဖြစ်ဖြစ်၊ အလုပ်ကထိုင်ခုံမှာဖြစ်ဖြစ် မျက်လုံးလေးမှိတ်၊ ဖြည်းဖြည်းချင်းအာရုံစုစည်းပြီး ကိုယ့်စိတ်အေးချမ်းစေမယ့်စာကြောင်းလေးတစ်ခုခု(ဘုရားစာပဲဖြစ်ဖြစ်၊ စိတ်ခွန်အားပေးတာပဲဖြစ်ဖြစ်)ကို စိတ်ထဲကရွတ်ဆို ဒါမှမဟုတ် ပါးစပ်ကတိုးတိုးလေးရွတ်ဆိုနေပါ။ ဒီငါးမိနစ်အတွင်းမှာ အသက်ရှူသွင်းရှူထုတ်ကိုလည်းအာရုံပြုရင်း ရွတ်ဆိုနေပါ။ပြီးတဲ့အခါ စိတ်ပေါ့ပါးနေပါလိမ့်မယ်။ (၃) လှုပ်ရှားပါ နှစ်မိနစ်လောက်လှုပ်ရှားလိုက်ရုံနဲ့ စိတ်ကိုတက်ကြွပျော်ရွှင်စေတဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း