စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စွဲလမ်းမှုပြဿနာများ

ကော်ဖီစွဲလမ်းမှု ကို ဘယ်လိုဖျောက်မလဲ

မိုးအေးအေးလေးမှာ ကော်ဖီလေးသောက်လိုက်ရတာကတော်တော်လေးအရသာရှိတယ်နော်။ မနက်ခင်းမှာ ကော်ဖီမွှေးမွှေးလေးတစ်ခွက် သောက်လိုက်ရရင်ကို တစ်နေ့လုံးတက်တက်ကြွကြွ အလုပ်လုပ်နိုင်တယ်။ မနက်ခင်းကော်ဖီမသောက်ရရင် စိတ်တိုလာတယ်၊ ခေါင်းကိုက်လာတယ်ဆိုတာမျိုးတွေ ဖြစ်နေပြီလား။ ဒါဆိုရင်တော့ သင်ဟာကော်ဖီကို လိုတာထက်ပိုပြီး စွဲလမ်းနေပါပြီ။ ဒါက ကော်ဖီစွဲလမ်းမှု က ကြီးကြီးမားမား ကိစ္စမဟုတ်ပေမယ့် ကျန်းမာရေးကို ထိခိုက်လာနိုင်တဲ့ အခြေအနေဆိုရင်တော့ မွေးမထားတာကတော့ အကောင်းဆုံးဖြစ်မှာပါ။ ကော်ဖီက စွဲလမ်းစေတတ်လား............. ကော်ဖီမှာပါတဲ့ ကဖင်းက စွဲလမ်းစေတတ်ပါတယ်။ တက်ကြွလန်းဆန်းစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် မနက်ခင်းမှာ ကော်ဖီလေးသောက်တတ်ကြသလိုနေ့ခင်းနေ့လယ် ပျင်းတဲ့အခါမျိုး၊ အိပ်ငိုက်တဲ့အခါမျိုးမှာလည်း စိတ်လန်းသွားအောင်ဆိုပြီး ကော်ဖီကို သောက်တတ်ကြပါတယ်။ တစ်ရက်နှစ်ရက်က ပြဿနာမရှိပေမယ့် တစ်ပတ်ကနေ နှစ်ပတ်၊ နှစ်ပတ်ကနေ ၁ လလောက်ကြာလာတဲ့အခါ ကော်ဖီကို အချိန်ကျရင် မသောက်ရမနေနိုင် ဖြစ်လာပါတယ်။ ဒီအခြေအနေကကော်ဖီစွဲလမ်းတဲ့အခြေအနေပါ။ ကော်ဖီစွဲလမ်းမှု ကို ဘယ်လိုဖြေရှင်းမလဲ............ ကော်ဖီကို စွဲနေတာကို ချက်ချင်းဖြတ်ဖို့က ခက်ပါတယ်။ ဖြည်းဖြည်းချင်းပဲ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးနေမှန်း သိသာတဲ့ အသားအရေပြဿနာ

စိတ်ဖိစီးနေတဲ့အချိန်ဆို ဘာလက္ခဏာ၊ ညာလက္ခဏာ သိဖို့မပြောနဲ့၊ ကိုယ့်မျက်နှာတောင် မှန်ထဲကြည့်ချင်တာမဟုတ်၊ သေချာ ကြည့်ဖြစ်တာမဟုတ်တော့ ဒါတွေဘယ်သိမလဲ။ တကယ်တော့ ဖိစီးမှုတအားများလာရင် လူ့ခန္ဓါကိုယ်မှာ ထင်သာမြင်သာတဲ့ပြောင်းလဲမှုလက္ခဏာတွေရှိတတ်ပါတယ်။ အထူးသဖြင့် အသားအရေပေါ့။ အသားအရေစိုစိုပြည်ပြည်မရှိတော့ဘူး။ အသားတွေမည်းလာသလိုလိုနဲ့။ တကယ်တော့ အသားမည်းတာမဟုတ်ဘဲ မွဲခြောက်ခြောက်နဲ့ အရောင်ညစ်နေတာဖြစ်ပါတယ်။ ဒီလိုဖြစ်နေပြီဆို " ကြည့်ရတာတမျိုးပဲနေမကောင်းလို့လား" လို့ဘေးလူတွေကမေးတတ်ကြတယ် မဟုတ်လား။ ကိုယ်ကနေကောင်းတယ်ထင်ပေမယ့် စိတ်ကနေမကောင်းတာကြောင့် ခန္ဓါကိုယ်ထဲမှာ အဆင်မပြေဖြစ်နေတာတော့ အမှန်ပါပဲ။ စိတ်ဖိစီးမှုကြောင့်ဖြစ်လာတာမဟုတ်ရင်တောင် ဒီအခြေအနေတွေအတွက် ခန္ဓါကိုယ်ရဲ့သဘာဝခုခံကုသနိုင်စွမ်းကို စိတ်ဖိစီးမှုက အဟန့်အတားဖြစ်စေနိုင်ပါတယ်။ အရေးအကြောင်း စိတ်ဖိစီးမှုကြောင့်ဖြစ်လာတဲ့cortisolဟော်မုန်းမြင့်တက်မှုကြောင့် အသားအရေမှာ အရေးအကြောင်းတွေဖြစ်လာစေနိုင်တယ်။ စိတ်ဖိစီးမှုနဲ့ အသားအရေကျန်းမာရေးက ဆက်နွှယ်နေတာ အရင်တည်းက သိထားကြပါတယ်။ အစားအသောက်နဲ့ အသားအရေထိန်းပစ္စည်းတွေကြောင့် သက်ရောက်မှုရှိနိုင်သေးတယ်ဆိုပေမယ့် စိတ်ဖိစီးမှုကတော့ ပင်မတရားခံဖြစ်နေနိုင်တာ မမေ့ပါနဲ့။ စိတ်ပင်ပန်းနေရင် ရုပ်ရင့်ပါတယ်။ ရောင်ရမ်းတာ၊ ယားတာ၊ စပ်တာ ရေယုန်၊ ယားနာ၊ ဆိုရီရေးစစ် စတဲ့ ပြဿနာတွေက […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်အနှောင့်အယှက်ဖြစ်စရာတွေကို ဘယ်လိုတုံ့ပြန်မလဲ

လူရယ်လို့ဖြစ်လာရင်နေ့စဉ်ဘဝမှာ အကောင်းအဆိုးဒွန်တွဲမှုတွေကို အမြဲလိုလိုရင်ဆိုင်နေရမှာပါ။ တစ်နေ့တာရဲ့ အချိန်အတိုင်းအတာအတွင်းမှာ စိတ်ချမ်းမြေ့စရာတွေ ကြုံရနိုင်သလို စိတ်အနှောင့်အယှက်ဖြစ်စရာ စိတ်ထိခိုက်စရာတွေကိုလည်း ကြုံရနိုင်ပါတယ်။ စိတ်ချမ်းမြေ့စရာကိစ္စကတော့ စိတ်ပျော်ရွှင်မှုကိုတောင် ရစေသေးလို့ ကိစ္စမရှိပေမယ့် စိတ်ထိခိုက်စရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာကြုံတဲ့ အခါ စိတ်မထားတတ်ရင်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲအကျိုးဆက်တွေက အများကြီးပါ။ ဒီအခြေအနေကို အကောင်းဆုံးကျော်လွှားရအောင်လား Hello ဆရာဝန်ပရိသတ်ကြီးရေ......... စိတ်အနှောင့်အယှက်ြဖစ်စေတဲ့အရာတွေကို အကောင်းဆုံးကျော်လွှားခြင်း စိတ်အနှောင့်အယှက်ဖြစ်တဲ့အခါ အရင်ဆုံးလုပ်ရမှာက ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာက ဘာလဲဆိုတဲ့ အကြောင်းအရင်းအတိအကျကို ရှာဖို့ပါ။ စိတ်အနှောင့်အယှက်ဖြစ်စေနေတာက လူလား၊ အခြေအနေတစ်ရပ်ရပ်လား၊ လုပ်ငန်းစဉ်တစ်ခုခုကလားဆိုတာပါ။ ဒီအဆင့်အဖြေထွက်လာပြီဆိုရင်တော့ ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့နည်းလမ်းကို စဉ်းစားရမှာပါ။ ထိပ်တိုက်ရင်ဆိုင်မလား၊ ဒီအတိုင်း ထားလိုက်မှာလား။ ဘာကိုရွေးသင့်လဲဆိုတာကတော့ အနေအထားအလိုက်ပြောင်းလဲနိုင်ပါတယ်။ တစ်ခါတလေမှာ ထိပ်တိုက်ဖြေရှင်းလိုက်မှုကကောင်းပေမယ့် တစ်ခါတလေမှာ ဒီအတိုင်းလေးကျော်သွားလိုက်တာကလည်း အဆင်ပြေပါတယ်။ အဓိကထားစဉ်းစားရမှာက ကိုယ့်ရဲ့ စိတ်အခြေအနေကိုပါ။ ထိခိုက်မှုကကြီးမယ်၊ အကျိုးလည်းမရှိလောက်ဘူးဆိုရင်တော့နောက်တစ်ကြိမ်ထပ်ဖြစ်မလာဖို့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ထိခိုက်စေတဲ့ လူ၊ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ကိုယ်ဖြစ်နေတာက ဝမ်းနည်းတာလား၊ စိတ်ဓါတ်ကျတာလား

ဝမ်းနည်းခြင်းဆိုတာ လူသားတိုင်း တစ်နေ့မဟုတ် တစ်နေ့ ကြုံတွေ့ရမယ့်၊ ခံစားရမယ့် ခံစားချက်တစ်မျိုးပါ။ စိတ်ဓါတ်ကျတယ်ဆိုတာတော့ ကျွန်တော်တို့ ယနေ့ခေတ် စိတ်ကျန်းမာရေးပြဿနာတွေထဲမှာ အဖြစ်အများဆုံး စိတ်ရောဂါတစ်မျိုးပါ။ ဒီအခြေအနေ နှစ်ခုဟာ ဆက်စပ်နေပေမယ့် လုံးဝတူနေတာမျိုးတော့ မဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်ရော ဝမ်းနည်းတာနဲ့ စိတ်ဓါတ်ကျတာ သဲသဲကွဲကွဲ သိရဲ့လားဆိုတာ ဒီဆောင်းပါးက အဖြေရှာပေးမှာပါ။ ဝမ်းနည်းခြင်း (Sadness) လူသားတိုင်းမှာ ခံစားရလေ့ရှိတဲ့ စိတ်အခြေအနေဖြစ်ပါတယ်။ ချစ်ရသူနဲ့ ဝေးကွာရတာ၊ အလုပ်အကိုင်၊ ငွေကြေး ဆုံးရှုံးမှု၊ မျှော်လင့်ထားတာတွေ ဖြစ်မလာတာ၊ ဝမ်းနည်းစရာ အရာရာတစ်ခုခုကို ကိုယ်တိုင်မြင်လိုက်ရတာ၊ တွေးတောမိသွားတာ၊ စိတ်ဖိစီးပြီး ပင်ပန်းနေတဲ့အချိန်၊ အထီးကျန်နေတဲ့အချိန်မှာ ဝမ်းနည်းတဲ့ စိတ်ခံစားချက်ကို ခံစားရပါတယ်။ ဘဝဆိုတာ အကောင်းပဲ အမြဲလာတာမဟုတ်တဲ့အတွက် ပျော်ရွှင်ရတဲ့ အချိန်တွေလည်း ရှိသလို၊ ဝမ်းနည်းရတဲ့ အခြေအနေတွေလည်း ရှိတတ်တာ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စွဲလမ်းမှုဆိုတဲ့ မီးကို ဘယ်လိုငြိမ်းသတ်ကြမလဲ

စွဲလမ်းခြင်းဆိုတာ ဘာလဲ။ လူတွေတော်တော်များများက စွဲလမ်းခြင်းကို လူတစ်ယောက်ကို အမှန်တကယ်စိတ်ဝင်စားမိသွားတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တစ်မျိုးဖြစ်တယ်လို့ အဓိပ္ပါယ်ဖွဲ့ထားတတ်ကြပါတယ်။ လုံးဝမှားတာမျိုးတော့မဟုတ်ဘူးပေါ့။ ချစ်ခြင်းမေတ္တာတရားရဲ့ အနောက်မှာ စွဲလမ်းမှုဆိုတဲ့ စိတ်က အလိုလိုကပ်ပါလာတတ်ပါတယ်။ ဒီလိုစွဲလမ်းမှုက သိပ်ကိုများလွန်းသွားပြီဆိုရင် လူတစ်ယောက်ကို ချစ်တယ်ဆိုတာထက် ကိုယ့်အသိစိတ်ထဲမှာ သူ့အကြောင်းတွေက အချိန်ပြည့်လွှမ်းမိုးသွားတော့တာပေါ့။ အဲ့တော့ ဘာဆက်ဖြစ်မလဲ။ ချစ်ခြင်းမေတ္တာကြောင့် ရတဲ့ ပျော်ရွှင်မှုမဟုတ်ဘဲ စွဲလမ်းစိတ်ကြောင့် ရင်ထဲမှာ သောကမီးတွေပဲ ကျန်ရစ်နေတော့တာပေါ့။ ဒီစွဲလမ်းစိတ်ကို စိတ်ကျန်းမာရေးအရ Obsessive Love Disorder – OLD ရောဂါလို့ ခေါ်ပါတယ်။ စွဲလမ်းစိတ်ကြောင့် အခြေခံလာတဲ့ ရောဂါ Obsessive Compulsive Disorder – OCD ရဲ့ ရောဂါပုံစံတစ်မျိုးပါ။ ငယ်ငယ်လေးတုန်းက ကျန်ရစ်ခဲ့တဲ့ အထီးကျန်စိတ်ေတွ၊ သိမ်ငယ်စိတ်တွေ၊ လူတွေနဲ့ သဟဇာတမဖြစ်တဲ့ နေပုံထိုင်ပုံတွေ၊ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ဒေါသသိပ်မထွက်နဲ့ ဝိတ်တက်လာမယ်နော်... သတိထား!

စိတ်တိုလိုက်တာနော်။ဒေါသတွေဖြစ်လာပြီဆိုရင် စိတ်လေးကိုလျှော့ပါလို့ပြောပါရစေ။ အကြောင်းကတော့ Helloဆရာဝန်ရဲ့ ချစ်ပရိသတ်ကြီးကိုဒေါသကြောင့် အလှပျက်မှာစိုးလို့ပါနော်။ဒေါသထွက်စိတ်ဆိုးလို့ ရုပ်ပိုင်းဆိုင်ရာအတွက်ရော စိတ်ပိုင်းဆိုင်ရာ အတွက်ပါ သိပ်တော့ကောင်းလှတာမရှိပါဘူး။ ဒေါသမထွက်နဲ့.....စိတ်လျှော့ပါ....................... ဒေါသထွက်တယ်ဆိုတာက တစ်ခါတလေမှာရှောင်လွှဲဖို့တော်တော်လေးခက်သားနော်။နေ့စဉ် ကြုံတွေ့နေရတဲ့ အခြေအနေတွေကလည်း အဖုံဖုံကိုး။ ဒါပေမယ့်ဖြစ်နိုင်ရင်တော့ စိတ်လျှော့ပါလို့ပြောပါရစေနော်။ အခုနောက်ပိုင်းပြောင်းလဲလာတဲ့ လူနေမှုပုံစံ ကြောင့် အဝလွန်တာတွေက အဖြစ်များပါတယ်။ အစားအသောက်နဲ့နေထိုင်မှုပုံစံကြောင့် ခန္ဓာကိုယ် အချိုးအစားကို ထိန်းသိမ်းဖို့ခက်ရတဲ့ ကြားထဲကမှဒေါသကြောင့် ထပ်ဝလာတာမျိုး မဖြစ်ပါစေနဲ့နော်။ လေ့လာချက်တွေအရကတော့ ဒေါသထွက်တာက အစားစားချင်စိတ်ကို ပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခဏခဏဒေါသထွက်တာက ဝလာစေဖို့ အစပျိုးတဲ့ အကြောင်းအရင်းပါ။ဒေါသထွက်တာကြောင့် အမျိုးသားတွေမှာ လက်မောင်း နဲ့ ခြေထောက်ကြွက်သားတွေ လျော့ရဲလာတာ၊ ဗိုက်မှာ အဆီတက်လာတာ၊ မေးနှစ်ထပ်ဖြစ်လာတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ လေဒီလေးတွေမှာတော့ ဒေါသကြောင့် ဗိုက်အဆီတက်တာ၊ အသားအရေကြမ်းလာတာ၊ ဝက်ခြံတွေဖြစ်တာ၊ ခါးနဲ့ နောက်ကျောမှာ အဆီတက်တာတွေ ဖြစ်စေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ကိုယ့်ဘဝအတွက် အဆိပ်အတောက်ဖြစ်စေ သူတွေကို ချန်ထားခဲ့ဖို့ ဝန်မလေးပါနဲ့

လူ့စိတ်ဆိုတာက ခန့်မှန်းရခက်တယ်နော်။ တစ်ခါတလေ ကိုယ့်အတွက် မကောင်းမှန်းသိပေမယ့် ဒီဝန်ထုတ်ဝန်ပိုးကြီးကို ထမ်းပိုးသွားနေရတာကို ပျော်နေမိတဲ့ အခိုက်အတန့်တွေရှိတယ်နော်။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိသမျှသူတိုင်း ကိုယ်ကနှစ်သက်ချစ်ခင်မိတဲ့သူတိုင်းက ကိုယ့်အတွက် ကောင်းကျိုးပဲပေးမယ်ဆိုတာသေချာရဲ့လား။ အချို့သောသူတွေက ကိုယ့်ကို တကယ်ချစ်လို့ တကယ်ကို အားဖြစ်စေတဲ့သူတွေဆိုပေမယ့် အချို့ကတော့ ကိုယ့်ဘဝအတွက် အဆိပ်အတောက်ဖြစ်စေ ဖို့သက်သက် ကိုယ့်ဘေးမှာရှိနေတတ်ကြတာမျိုးလည်း ရှိတတ်ကြပါတယ်။ အဆိပ်အတောက်ဖြစ်စေ မယ့်သူတွေက ဘယ်လိုလူမျိုးတွေလဲ……. လူတိုင်းက သာမန်ကြည့်ရင်တူတူပါပဲ။ ဒါပေမယ့် ရေရှည်ပေါင်းကြည့်တဲ့အခါမှာတော့ အဆိပ်အတောက်ဖြစ်စေ မယ့်သူတွေမှာ အခုလိုလက္ခဏာတွေ တွေ့လာရနိုင်ပါတယ်။ အဆိပ်အတောက်ဖြစ်စေမယ့်သူတွေက သင့်ကို ထိန်းချုပ်ဖို့ ကြိုးစားမယ် သင့်ရဲ့ အရေးကိစ္စတွေကို ဘယ်တော့မှ အလေးမထားဘူး သင့်ဆီကနေ အယူပဲရှိတယ်၊ အပေးမရှိဘူး တစ်ခုခုဖြစ်တိုင်း သူတို့ပဲမှန်တယ်လို့ ပြောလေ့ရှိတယ် သင့်အပေါ်မှာ ဘယ်တော့မှ မရိုးသားဘူး သင့်ကိုပဲ အမြဲအပြစ်တင်တယ် ပြဿနာတစ်ခုခုဖြစ်တိုင်း ဘယ်တော့မှ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးနေပြီလား……………………………….

တစ်နေ့တာမှာ မိသားစုတာဝန်တွေကြောင့်ဖြစ်ဖြစ် အလုပ်ကိစ္စတွေကြောင့်ဖြစ်ဖြစ် စိတ်ဖိစီးနေပြီလား။ လူရယ်လို့ဖြစ်လာတဲ့အခါစိတ်ဖိစီးမှုနဲ့ ခပ်ကင်းကင်းနေဖို့ဆိုတာက လွယ်ကူလှတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒီတော့ ရှောင်လွှဲဖို့ခက်တဲ့ စိတ်ဖိစီးမှုကို အကောင်းဆုံးကျော်ဖြတ်နိုင်မှ နောက်ထပ်နောက်ထပ်သော ဖိစီးမှုတွေကနေ ကင်းဝေးမှာလေ။ ဒီတော့ ရှောင်လွှဲရခက်တဲ့ စိတ်ဖိစီးမှုကို အကောင်းဆုံးကျော်ဖြတ်ရအောင်လား။ စိတ်ဖိးစီးမှုကို ကျော်ဖြတ်နိုင်မယ့် အထိရောက်ဆုံး နည်းလမ်း ၇ သွယ် စိတ်ဖိစီးမှုက ထိုင်ပြီးတွေးနေလေလေ စိတ်ထိခိုက်ရနိုင်ခြေက များလာလေလေပါ။ ဒီတော့ စိတ်ဖိစီးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာမှာ မထိခိုက်စေဖို့အတွက် ဒီနည်းလမ်းလေးတွေကို ကျင့်သုံးစေချင်ပါတယ်။ (၁) အသက်ကို ခပ်ပြင်းပြင်းရှုပါ အသက်ကိုရှိုက်ပြီးရှုလိုက်ပါ။ ဒါက စိတ်ဖိစီးမှုကို အထိရောက်ဆုံးဖြေရှင်းနိုင်မယ့် ရိုးစင်းတဲ့ နည်းလမ်းတစ်ရပ်ပါ။ ဒီလိုလုပ်ဆောင်ပေးလိုက်ခြင်းအားဖြင့် စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို လျော့ကျစေနိုင်တယ် နှလုံးခုန်နှုန်းကို စည်းချက်ညီစေတယ် သွေးပေါင်ကျစေနိုင်တယ်စတဲ့အကျိုးကျေးဇူးတွေကိုရရှိစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးလာတဲ့အခါ အသက်ကိုဝဝရှိုက်ယူလိုက်ပါ။ နှာခေါင်းကနေလေတွေကို ဝအောင် ရှုသွင်းလို့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အာရုံစူးစိုက်နိုင်စွမ်းတွေကျနေလို့ စိတ်ညစ်နေပြီလား......

တစ်နေ့တာ အလုပ်တွေကို အကောင်းဆုံးပြီးဆုံးအောင်လုပ်နိုင်ဖို့ အရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်။ ဒါကတော့ အာရုံစူးစိုက်မှုပါ။ စာရေးစာဖတ်တာကစလို့ လုပ်ဆောင်စရာ ကိစ္စအဝဝကို အကောင်းဆုံးပြီးစီးနိုင်ဖို့က အာရုံစူးစိုက်နိုင်စွမ်းကောင်းဖို့ မဖြစ်မနေလိုအပ်မှာပါ။ ဒီတော့ ကိုယ်ရည်ကိုယ်သွေးအတွက် အရေးပါတဲ့ အာရုံစူးစိုက်နိုင်စွမ်းကောင်းဖို့ ဘယ်လိုနေထိုင်ရမလဲဆိုတာကို သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ အာရုံစူးစိုက်နိုင်စွမ်းကောင်းစေဖို့ ဒါတွေလုပ်ပါ အာရုံစူးစိုက်နိုင်စွမ်းကောင်းကောင်းနဲ့ အလုပ်တွေကို အကောင်းဆုံးလုပ်နိုင်ပြီး ကိုယ်ရည်ကိုယ်သွေးတိုးတက်စေဖို့ဆိုရင်တော့ ဒီအချက်လေးတွေကို လိုက်ဖို့ လိုပါမယ်။ အစိမ်းရောင်အချိန်လေးထားပေးပါ အစိမ်းရောင်မြင်ကွင်းလေးတွေကလည်း အာရုံစူးစိုက်နိုင်စွမ်းကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ တစ်နေ့ကို အနည်းဆုံး ၁ နာရီလောက် သဘာဝပတ်ဝန်းကျင်နဲ့ထိတွ့ကြည့်ပါ။ တစ်နေ့ပြီးတစ်နေ့ အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းလာတာကိုတွေ့ရပါလိမ့်မယ်။ အလုပ်ခွင်ထဲမှာ အစိမ်းရောင်ရှိတဲ့ အပင်လေးတွေကို ထားတာကလည်း အလုပ်လုပ်ဆောင်နိုင်စွမ်းကို ၁၅ ရာခိုင်နှုန်းလောက်ထိတိုးစေနိုင်ပါတယ်။ ဒါကြောင့် ရုံးခန်းထဲမှာ အစိမ်းရောင် အပင်တွေ မထားဖြစ်ရင်တောင်မှ တစ်နေ့တာမှာ ၁ နာရီ ဒါမှမဟုတ် နာရီဝက်လောက် အစိမ်းရောင်ရှုခင်းတွေကို ကြည့်ပေးပါ။ ကိုယ့်ကိုကိုယ် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ကိုယ်တိုင်တောင် မသိလိုက်တဲ့ ကိုယ့်ရဲ့ အကျင့်ဆိုး တွေ ဘယ်လောက်တောင်ရှိနေသလဲ

ကိုယ်သဘောမကျတဲ့ အမူအကျင့်တွေရှိတဲ့သူတွေကို အဆိပ်အတောက်ရှိတဲ့သူတွေအဖြစ် စိတ်ထဲက သတ်မှတ်တတ်ကြပါတယ်။ သူတို့ရဲ့အကျင့်ဆိုး တွေက ရိုးဖြောင့်မှန်ကန်မှုမရှိကြဘဲ တခြားသူတွေကိုပါ အဆိပ်ခတ်တတ်ကြတယ်လေ။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်ရော တကယ်အဆိပ်အတောက်ကင်းစင်နေရဲ့လား၊ ကိုယ့်အမူအကျင့်တွေကရော ဘယ်လောက်မှန်ကန်နေသလဲ ဆန်းစစ်ကြည့်ကြဖူးရဲ့လား။ ကိုယ့်ဘက်ကတော့ စိတ်ကောင်းထားတယ်၊ စေတနာပဲထားခဲ့တယ်လို့တွေးမိကြမှာပါပဲ။ ဒါပေမယ့် ဆက်ပြီးဖတ်ကြည့်လိုက်ပါ၊ ဒီအချက်တွေထဲ သင်မပါဘူးဆိုရင်တော့ အဆိပ်ကင်းစင်တဲ့ဖြူစင်မှုအတွက် ဝမ်းသာလိုက်လို့ရပါတယ်။ အဆိပ်အတောက် အကျင့်ဆိုး ဆိုတာ တစ်စုံတစ်ယောက်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူတိုင်းက အဆိပ်အတောက်မဟုတ်ပါဘူး။ တချို့အပြုအမူတွေက စိတ်ထိခိုက်ရပေမယ့် လွယ်လွယ်နဲ့ပြေပျောက်သွားစေတာရှိပေမယ့် တကယ်အဆိပ်အတောက်ဖြစ်စေတဲ့အပြုအမူတွေက ညင်သာပါတယ်။ စကားချိုချိုလေးပေမယ့် တစ်ဖက်လူမှာ ကာလတာရှည်ခံစားလိုက်ရတဲ့အထိ ထိခိုက်သွားရတာမျိုးက ရန်လိုပုတ်ခတ်လိုက်တာထက် ပိုဆိုးပါတယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုက ဆက်ဆံရေးကို အဆိပ်ခတ်လိုက်တာဖြစ်ရုံမက တစ်ဖက်လူရဲ့ဖွံ့ဖြိုးမှုကိုပါ ကန့်သတ်လိုက်တာဖြစ်ပါတယ်။ အတွေ့ရများဆုံး အဆိပ်အတောက် အကျင့်ဆိုး များ ဒီလိုအပြုအမူမျိုးတွေလုပ်မိတဲ့နေသူတွေဟာ ကိုယ့်ကိုယ်ကိုသတိထားမိဖို့ သိပ်မလွယ်ပါဘူး။ ငါက ဘာများလုပ်နေမိလို့လဲ၊ သူပဲမကောင်းတာလေ၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း