စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

အစားအသောက်စွဲလမ်းတပ်မက်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ

အစားအသောက် စွဲလမ်းတပ်မက်တယ်ဆိုတာ အစားအစာတစ်မျိုးမျိုးကို မစားရရင် မနေနိုင်အောင် ဖြစ်နေတဲ့ အခြေအနေဖြစ်ပါတယ်။ အထူးသဖြင့် အသင့်စား စားစရာ သရေစာတွေမှာ ပိုတွေ့ရတတ်ပါတယ်။ သာမန်စွဲလမ်းတာမဟုတ်ဘဲ မလုပ်ရမနေနိုင်တဲ့ အခြေအနေဖြစ်တာမို့ မူးယစ်ဆေးစွဲတဲ့အဆင့်နဲ့ နှိုင်းယှဉ်ပြီး addiction လို့ သုံးနှုန်းလေ့ရှိပါတယ်။ အစားအသောက်စွဲလမ်းတပ်မက်ခြင်းကို သိသာစေတဲ့ လက္ခဏာတွေ ရှိပါတယ်။ အဓိကလက္ခဏာတွေကတော့ ၁။ အစားတစ်မျိုးမျိုးကို မစားရမနေနိုင်ခြင်း (ဗိုက်ပြည့်နေလျှင်ပင် ထပ်စားလိုခြင်း) ၂။ စားလိုတဲ့အစာကို လိုတာထက် ပိုစားနေတတ်ခြင်း ၃။ အလွန်အကျွံစားခြင်း ၄။ စားပြီးလျှင် နောင်တရသလိုဖြစ်ခြင်း၊ သို့သော် သိပ်မကြာခင်မှာပင် စိတ်ပြောင်းပြီးထပ်စားလိုခြင်း ၅။ အစားများများစားလိုခြင်းအတွက် မိမိကိုယ်ကို ဆင်ခြေမျိုးစုံပေးခြင်း ၆။ မကောင်းသော အလေ့အထမှန်းသိသော်လည်း မဆင်ခြင်နိုင်ခြင်း ၇။ မိမိစားသုံးနေသည်များ မကောင်းမှန်းသိ၍ ပတ်ဝန်းကျင်ကလူအများကို ပေးမသိခြင်း စတာတွေ ဖြစ်ပါတယ်။ အစားအစာ စွဲလမ်းတပ်မက်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေတဲ့ အလေ့အကျင့်ဖြစ်ပါတယ်။ အဝလွန်ခြင်း၊ ဆီးချိုဖြစ်ခြင်း […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ပုံမှန်မဟုတ်တဲ့ စိုးရိမ်ပူပန်လွန်ကဲခြင်း လက္ခဏာများ

လူအများစုရဲ့ ဘဝမှာ တစ်ခါလောက်တော့ စိုးရိမ်ပူပန်တာမျိုး ဖြစ်တတ်ကြပါတယ်။ ကျွန်တော်တို့နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ အခက်အခဲ၊ အတားအဆီးတွေ၊ စိတ်ညစ်စရာကိစ္စတွေ ကြုံလာတဲ့အခါ တစ်ခါတလေတော့ တောင့်ခံထားတဲ့ စိတ်တွေဟာလည်း ယိုင်လဲပြီး ပြိုကျသွားတတ်တာ သဘာဝပါပဲ။ ဒီလိုပုံမှန်ဖြစ်တတ်တဲ့ စိတ်ဝေဒနာကိုမှ တခြားသူတွေထက် ပိုပြီး ဆိုးဆိုးရွားရွား ခံစားနေရတဲ့အခါ ပုံမှန်မဟုတ်တဲ့ စိုးရိမ်မှုလွန်ကြဲခင်းလို့ သတ်မှတ်လို့ ရနိုင်ပါတယ်။ သင့်မှာရော စိုးရိမ်ပူပန်လွန်ကဲတဲ့ စိတ်ဝေဒနာ (Anxiety Disorder) ရှိတယ်လို့ သံသယရှိလား။ ခုပြောပြပေးမယ့် လက္ခဏာတွေထဲက အနည်းဆုံး ၃မျိုးလောက် ကိုယ်တိုင်ခံစားနေရပြီလား။ ဒါဆိုရင်တော့ အမြန်ဆုံး ကုသမှုခံယူဖို့ အကြံပေးလိုက်ချင်ပါတယ်။ စိုးရိမ်ပူပန်လွန်ကဲခြင်းရဲ့ ရောဂါလက္ခဏာများ ပုံမှန်လူတွေ ခံစားနေရတာထက် ပိုပြင်းထန်တတ်ပြီး ကိုယ်တိုင်လည်း ဒီစိုးရိမ်မှုကို ထိန်းချုပ်လို့မရတော့တဲ့အထိ အသိစိတ်လွတ်သွားတဲ့ အခြေအနေမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီစိတ်ဝေဒနာရှိတဲ့သူတွေမှာ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ၁။ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ဓါတ်ကျနေတဲ့ သူငယ်ချင်းကို အားပေးတော့မယ်ဆိုရင်

စိတ်ဓါတ်ကျတယ်၊ စိတ်ကျန်းမာရေးပြဿနာရှိတယ်ဆိုတာ ပျော့ညံ့တဲ့သူတွေမှာပဲရှိတယ် ဆိုတဲ့ အယူအဆတွေဟာ စိတ်ကျန်းမာရေးနဲ့ လူ့သဘာဝအကြောင်း သေချာနားလည်ထားခြင်းမရှိတဲ့ သူတွေမှာပဲရှိတာပါ။ ပြောရမယ်ဆိုရင် လူတိုင်းမှာ နေ့စဉ်ဘဝအခက်အခဲတွေ ရှိပါတယ်။ ဒီပြဿနာရဲ့ သက်ရောက်မှုချင်းကွာသွားမယ်၊ ပြဿနာကို ဖြေရှင်းပုံတွေ ကွာသွားမယ်၊ ငယ်စဉ်က ကြီးပြင်းလာခဲ့ရတဲ့ မိသားစုပတ်ဝန်းကျင်၊ စိတ်ခံစားချက်တွေ၊ ချောင်ပိတ်နေတဲ့ လူ့အသိုင်းအဝိုင်းတွေ၊ ဒါတွေကလည်း စိတ်ကျန်းမာရေးအခြေအနေကို ပိုကောင်းသွားစေနိုင်သလို ပိုဆိုးသွားစေနိုင်တဲ့ အဓိကအချက်ဆိုလည်း မမှားပါဘူး။ အဲ့တော့ လူတိုင်း စိတ်ဓါတ်ကျနိုင်ပါတယ်။ ဒါကို ဘယ်လိုဖြေရှင်းရမှန်းမသိတဲ့အခါ၊ ကိုယ်ခံစားနေရတဲ့ ဝေဒနာကို မြိုသိပ်လိုက်တဲ့အခါ ပိုပြီးမှားယွင်းတဲ့ အမှားတွေ၊ ကိုယ်တိုင်ရော ကိုယ်ချစ်တဲ့သူတွေကိုပါ ထိခိုက်စေနိုင်တဲ့ အပြုအမူတွေ လုပ်မိတတ်ပါတယ်။ အဲ့တော့ အကောင်းဆုံးကတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ စိတ်ဓါတ်ကျနေတယ်လို့ ယူဆရတဲ့သူတွေကို ကိုယ်တတ်နိုင်သလို ကူညီအားပေးဖို့၊ စိတ်ခွန်အား၊ စိတ်လုံခြုံမှု ခံစားချက်တစ်မျိုးမျိုး ပေးစွမ်းနိုင်ဖို့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုကင်းတဲ့ အလုပ်ခွင်လေးဖန်တီးကြမယ်

လူတိုင်းလိုလိုမှာ စိတ်ဖိစီးမှုက အနည်းနဲ့အများဆိုသလိုရှိကြပါတယ်။ အလုပ်ခွင်ဝင်နေရသူတွေဆို ပုံမှန်ထက် စိတ်ဖိစီးမှုပိုများမယ်ဆိုတာပြောနေစရာတောင်မလိုအောင်ပါ။ လူများများနဲ့ဆက်ဆံရလေ စိတ်ဖိစီးနိုင်ခြေက ပိုများလာလေပါ။ ဒီတော့ အလုပ်ခွင်မှာ လူအမျိုးမျိုးနဲ့ စိတ်အထွေထွေကို အဆင်ပြေအောင်ဆက်ဆံရပြီဆိုရင် စိတ်ဖိစီးမှုဆိုတာက မသိလိုက်ဘဲတောင် သူ့အလိုလိုရှိနေနိုင်ပါတယ်။ စိတ်ဖိစီးမှုကကောင်းလား....... ဒီအဖြေကတော့ ရှင်းပါတယ်။ စိတ်ဖိစီးမှုကကောင်းကျိုးဖြစ်ဖို့ထက် ဆိုးကျိုးဖြစ်ဖို့ ပိုများမယ်ဆိုတာပြောနေစရာတောင် မလိုအောင်ပါ။ အချို့သောနာတာရှည်ရောဂါအများစုကို ခံစားရတဲ့အကြောင်းအရင်းခံထဲမှာ စိတ်ဖိစီးမှုကလည်း တစ်စိတ်တစ်ဒေသကနေပါဝင်နေပါတယ်။ ဒီတော့ အတိုချုပ်ပြောရရင် စိတ်ဖိစီးမှုက မကောင်းဘူးဆိုတာပဲပေါ့။ စိတ်ဖိစီးမှုကင်းတဲ့ အလုပ်ခွင်လေးဖြစ်အောင် ဖန်တီးကြမယ် စိတ်ဖိစီးမှုကင်းတဲ့ အလုပ်ခွင်လေးအဖြစ်ဖန်တီးဖို့အတွက်ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ဖို့လိုပါမယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းရင်းနှီးနှီးဆက်ဆံပါ အလုပ်ခွင်ကို အလုပ်ခွင်လို့ သတ်မှတ်ထားတာထက် ကိုယ့်ရဲ့ဒုတိယအိမ် လို့သတ်မှတ်ထားဖို့လိုသလို လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ကိုယ့်ရဲ့ မိသားစုဝင်တွေမောင်နှမတွေလို့ သတ်မှတ်ထားဖို့လိုပါမယ်။ အရမ်းမရင်းနှီးနေရင်တောင် သူစိမ်းမဆန်နေဖို့တော့ ဂရုပြုဖို့လိုပါမယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေတာက အလုပ်ခွင်မှာ စိတ်ဖိစီးမှုကင်းစေမယ့် နည်းလမ်းကောင်းတစ်ရပ်ပါ။ လေ့ကျင့်ခန်းလုပ်ပါ စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်တဲ့နည်းလမ်းတစ်ခုပေါ့။ တစ်နေ့တာမှာ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ကျန်းမာရေးအတွက် ပျိုးထောင်သင့်တဲ့အလေ့အကျင့်အချို့

စိတ်ရောကိုယ်ပါကျန်းမာမှပြည့်စုံတဲ့ကျန်းမာမှုတစ်ရပ်လို့ဆိုနိုင်ပါတယ်။ လူတော်တော်များများအာရုံစိုက်နေမိတာကရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ။ တကယ်တော့ စိတ်ပိုင်းဆိုင်ရာကျန်းမာမှလည်း ရုပ်ပိုင်းဆိုင်ရာကျန်းမာမယ်ဆိုတာကိုမေ့ထားလို့မဖြစ်ပါဘူး။ စိတ်ကျန်းမာရေးကောင်းမှနေ့စဉ်လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်မှာပါ။ ဒီတော့ စိတ်ကျန်းမာရေးကောင်းစေဖို့ ဘာတွေဂရုစိုက်ဖို့လိုလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ စိတ်ကျန်းမာရေးကောင်းစေဖို့အတွက်မွေးမြူသင့်တဲ့အလေ့အထလေးတွေက ရုပ်ပိုင်းဆိုင်ရာတင်မက စိတ်ပိုင်းဆိုင်ရာပါကျန်းမာစေဖို့ဆိုရင် နေ့စဉ် အိပ်ချိန် ၈ နာရီထားရှိပေးပါ တစ်နေ့တာလုံးမှာ နိုးနိုးကြားကြားရှိပြီး စိတ်ဖိစီးမှုကင်းစေဖို့ဆိုရင် ညဘက်တိုင်းမှာ အနည်းဆုံး အိပ်ချိန် ၈ နာရီရှိနေစေဖို့ ဂရုစိုက်ပေးစေချင်ပါတယ်။ပြည့်ဝတဲ့အိပ်စက်ချိန်က မှတ်ဉာဏ် ကောင်းစေသလို အာရုံစူးစိုက်မှုကိုကောင်းစေပြီး စိတ်ကျန်းမာရေးအတွက် အများကြီးအထောက်အကူပြုပေးနိုင်ပါတယ်။ အာဟာရပြည့်ဝအောင်စားပေးပါ အာဟာရပြည့်ဝအောင်စားသုံးမှုက ခန္ဓါကိုယ်ကျန်းမာဖို့အတွက်တင်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာကျန်းမာစေဖို့အတွက်ပါ အများကြီးအထောက်အပံ့ပေးနိုင်ပါတယ်။ အစားအစာတွေက စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်စားသုံးမှုတွေထဲမှာomega-3 fatty acids ကြွယ်ဝတဲ့ ဆယ်လ်မွန်၊ မက်ကာရယ်၊တူနာငါးတို့ကို ထည့်သွင်းစားသုံးပေးသင့်သလို သစ်သီးတွေနဲ့ကောက်နှံတစ်ခုလုံးပါဝင်နေတြ့ အစားအစာတွေကိုလည်း စားပေးသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ ကိုယ်လက်လှုပ်ရှားမှုလုပ်တာက ရုပ်ပိုင်းဆိုင်ရာတင် ကျန်းမာစေတာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာကျန်းမာစေဖို့အတွက်ပါ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုကိုပြေလျော့စေနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ တစ်ပတ်ကို ၃ ကြိမ်လောက် […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

သင့်မှာရော ပုံမှန်မဟုတ်တဲ့ စိုးရိမ်ပူပန်လွန်ကဲခြင်းတွေ ရှိနေပြီလား

လူအများစုရဲ့ ဘဝမှာ တစ်ခါလောက်တော့ စိုးရိမ်ပူပန်တာမျိုး ဖြစ်တတ်ကြပါတယ်။ ကျွန်တော်တို့နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ အခက်အခဲ၊ အတားအဆီးတွေ၊ စိတ်ညစ်စရာကိစ္စတွေ ကြုံလာတဲ့အခါ တစ်ခါတလေတော့ တောင့်ခံထားတဲ့ စိတ်တွေဟာလည်း ယိုင်လဲပြီး ပြိုကျသွားတတ်တာ သဘာဝပါပဲ။ ဒီလိုပုံမှန်ဖြစ်တတ်တဲ့ စိတ်ဝေဒနာကိုမှ တခြားသူတွေထက် ပိုပြီး ဆိုးဆိုးရွားရွား ခံစားနေရတဲ့အခါ ပုံမှန်မဟုတ်တဲ့ စိုးရိမ်မှုလွန်ကဲခြင်းလို့ သတ်မှတ်လို့ ရနိုင်ပါတယ်။ သင့်မှာရော စိုးရိမ်ပူပန်လွန်ကဲတဲ့ စိတ်ဝေဒနာ (Anxiety Disorder) ရှိတယ်လို့ သံသယရှိလား။ ခုပြောပြပေးမယ့် လက္ခဏာတွေထဲက အနည်းဆုံး ၃မျိုးလောက် ကိုယ်တိုင်ခံစားနေရပြီလား။ ဒါဆိုရင်တော့ အမြန်ဆုံး ကုသမှုခံယူဖို့ အကြံပေးလိုက်ချင်ပါတယ်။ စိုးရိမ်ပူပန်လွန်ကဲခြင်းရဲ့ ရောဂါလက္ခဏာများ ပုံမှန်လူတွေ ခံစားနေရတာထက် ပိုပြင်းထန်တတ်ပြီး ကိုယ်တိုင်လည်း ဒီစိုးရိမ်မှုကို ထိန်းချုပ်လို့မရတော့တဲ့အထိ အသိစိတ်လွတ်သွားတဲ့ အခြေအနေမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီစိတ်ဝေဒနာရှိတဲ့သူတွေမှာ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ၁။ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

သင်အချစ်ရေး အဆင်မပြေတာ ဒီစိတ်ရောဂါကြောင့်များလား

ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ လူငယ်တွေမှာ အရမ်းလည်းအဖြစ်များပြီး အချစ်ရေး၊ မေတ္တာရေးမှာ နောက်ကွယ်ကနေ ကောင်းကောင်းဒုက္ခပေးနေတဲ့ Borderline Personality Disorder – BPD လို့ခေါ်တဲ့ စိတ်ခံစားချက်ပုံမှန်မဟုတ်တဲ့ ရောဂါအကြောင်းပဲ ဖြစ်ပါတယ်။ BPD ဆိုတာ ဘယ်လိုရောဂါမျိုးလဲ။ ဆယ်ကျော်သက်အရွယ်နဲ့ အသက်ငယ်သေးတဲ့ အချိန်မှာ အစပျိုးလာတတ်တဲ့ စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဆက်တိုက်ဆိုသလို စိတ်ခံစားချက် ပုံမှန်မဟုတ်တာ၊ စိတ်က တည်ငြိမ်မနေဘဲ အနိမ့်အမြင့် အတက်အကျ မြန်လွန်းတာ၊ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ အမူအကျင့်တွေ၊ စိတ်ခံစားချက် ပြင်းထန်လွန်းတာ၊ ပုံမှန်မဟုတ်တဲ့ အတွေးတွေ ခေါင်းထဲ ခဏခဏ ဝင်လာတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ ဒီစိတ်ရောဂါဟာ အချစ်ရေးကိစ္စတွေမှာ နှစ်ဦးနှစ်ဖက် ပဋိပက္ခဖြစ်စေသလို ကိုယ့်ရဲ့အမူအကျင့်တွေကြောင့်လည်း ကိုယ့်ချစ်သူရဲ့ အထင်အမြင်လွဲမှားတာ ခံရနိုင်တယ်။ သိမ်ငယ်စိတ်ေတွ၊ စိုးရိမ်စိတ်တွေ၊ ထားသွားမှာ ကြောက်တဲ့စိတ်တွေ၊ ဖြစ်မလာသေးတဲ့ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ချစ်ခင်ရသူတွေအပေါ်မှာ ရိုးသားမှုရှိပါစေ

"မုသားမပါ လင်္ကာမချော" ဆိုတဲ့စကားအတိုင်း တစ်ခါတလေမှာ အဖြူရောင်မုသားလေးတွေ သုံးရတာမျိုးရှိပေမယ့် အချစ်ရဆုံးသူတွေပေါ်မှာတော့ အတတ်နိုင်ဆုံးရိုးသားစေချင်ပါတယ်။ ရိုးသားမှုက ကိုယ်ကျင့်တရားကောင်းမွန်ခြင်းကိုဖော်ပြပေးနေတဲ့ပြယုဂ်တစ်ခုဆိုလည်းမမှားပါဘူး။ ရိုးသားမှုက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဒါကြောင့် မဖြစ်မနေအနေအထားကလွဲလို့ ကျန်တဲ့အခြေအနေတိုင်းမှာရော ချစ်ခင်ရတဲ့သူတွေအပေါ်မှာပါ ရိုးသားကြဖို့ Hello ဆရာဝန်ပရိသတ်ကြီးကိုပြောပါရစေ။ ရိုးသားမှုက စိတ်ရောကိုယ်ပါကျန်းမာစေနိုင်ပါတယ် အရာရာတိုင်းကို အမှန်အတိုင်း ရိုးသားပွင့်လင်းစွာပြောဆိုမှုက စိုးရိမ်မှုကင်းစေနိုင်ပြီး စိတ်ရောကိုယ်ပါကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဖုံးကွယ်ထားမှုမရှိတာကြောင့် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရှိနဲ့ အခြေအနေတိုင်းကို အကောင်းဆုံးဖြေရှင်းနိုင်မှာပါ။ စိတ်ပိုင်းဆိုင်ရာပေါ့ပါနေမှုကြောင့် အကောင်းဆုံးအိပ်ပျော်စေနိုင်သလို လုပ်ငန်းဆောင်တာတွေကိုလည်းစွမ်းဆောင်ရည်ကောင်းစွာနဲ့ လုပ်ဆောင်နိုင်မှုကြောင့် အလုပ်ကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုကင်းစေမယ်ဆိုတာ အသေအချာပါ။ စိတ်ဖိစီးမှု၊ စိုးရိမ်မှုကင်းစင်တဲ့ လူနေမှုဘဝကခေါင်းကိုက်တာ၊ ဖျားနာတာ အပါအဝင် နာတာရှည်ရောဂါတွေကနေပါ ကင်းစင်စေမှာပါ။ ဒါကြောင့်ဖြစ်ရပ်တိုင်း အခြေအနေတိုင်းပေါ်မှာ ရိုးသားမှုရှိနေတာက အကောင်းဆုံးဖြစ်မှာပါ။ မရိုးသားမှုက ဘာတွေဖြစ်လာစေမှာလဲ......... မရိုးသားမှုကြောင့် ဒီလိုတွေ ဖြစ်လာနိုင်ပါတယ်။ စိတ်ပူပန်မှုများလာမယ် တစ်ခုခုဖုံးကွယ်ထားရတာက အချိန်တိုင်းလိုလိုစိတ်ပူပန်မှုကိုဖြစ်နေစေနိုင်ပါတယ်။ စိတ်ပူပန်မှုက စိတ်ကျန်းမာရေးအတွက် မကောင်းသလို […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ခွင့်လွှတ်တတ်ပါစေ

လူတစ်ဦးဦးကို စိတ်ဆိုးဒေါသထွက်တဲ့အခါ ဘာလုပ်တတ်လဲ။အော်ဟစ်ပေါက်ကွဲတတ်လား။ တနုံ့နုံ့နဲ့ဒေါသထွက်နေတတ်လား။ တစ်ယောက်တည်းကြိတ်ပြီး စိတ်မကောင်းဖြစ်တတ်လား။ ဒီအဆင့်တွေကိုကျော်လွန်ပြီးရင်ကော ဘာလုပ်တတ်လား။ ခွင့်လွှတ်ပေးလိုက်လား၊ ခွင့်မလွှတ်ဘဲ အမြဲလိုလိုပိုက်ထားတတ်တာလား။ ဒါဆိုရင်တော့ အကောင်းဆုံးဖြစ်စေမယ့် နည်းလမ်းတစ်ခုပြောပြပါ့မယ်။ ဒါကတော့ ကိုယ့်အပေါ်အမှားလုပ်ထားတဲ့သူကို ခွင့်လွှတ်ပေးလိုက်ပါ။ ခွင့်လွှတ်တာက နည်းလမ်းကောင်းလား......... ပြဿနာတိုင်းကို ခွင့်လွှတ်နိုင်ဖို့က ခက်ခဲမယ်ဆိုတာအမှန်ပါ။ ဒါပေမယ့် ခွင့်လွှတ်မှုက ကိုယ့်အပေါ်အမှားကျူးလွန်တဲ့သူအတွက် ကိုယ့်ဘက်ကပေးဆပ်မှုမဟုတ်ပါဘူး။ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာစေဖို့အတွက်လုပ်ဆောင်လိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုပါ။ ဒီနေရာမှာ သိထားဖို့လိုမယ်အချက်တစ်ခုက ခွင့်လွှတ်ပေးတယ်ဆိုတာက သူ့ကိုနောက်ထပ်နာကျင်အောင်လုပ်ဆောင်ခွင့်ပြုလိုက်တာမဟုတ်ဘဲ ကိုယ့်ရဲ့ စိတ်ထဲက ဝန်ထုပ်ဝန်ပိုးကိုလျှော့ချလိုက်တာပါ။ ခွင့်လွှတ်ပေးမှုရဲ့နောက်မှာ အရင်ကအတိုင်းဆက်ဆံခွင့်ပြုတယ်ဆိုတဲ့ ခွင့်ပြုချက်ပါမလာတာကို သူသိအောင်တော့ လုပ်ဆောင်ရမှာပေါ့။ ခွင့်လွှတ်ပေးမှုကို စိတ်ဓါတ်ခွန်အားကောင်းသူတွေပဲ လုပ်ဆောင်နိုင်ကြတာပါနော်။ တကယ်တော့ ခွင့်လွှတ်မှုက ရုပ်ပိုင်းဆိုင်ရာအတွက်ရော စိတ်ပိုင်းဆိုင်ရာအတွက်ပါ အမှန်တကယ်ကောင်းကျိုးရှိပါတယ်။ ခွင့်လွှတ်ပေးမှုကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ...... လူတစ်ယောက်ကို ခွင့်လွှတ်ပေးလိုက်တဲ့အခါ အခုလိုကောင်းကျိုးတွေရရှိလာနိုင်ပါတယ်။ ကိုယ်ခံအားကောင်းလာမယ် ခွင့်လွှတ်ပေးမှုက ခန္ဓါကိုယ်ထဲမှာ ပဋိဇီဝပစ္စည်းတွေထွက်ရှိမှုကို တိုးမြှင့်ပေးနိုင်တာကြောင့် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ကျန်းမာရေး ထိခိုက်လာနိုင်ခြေ ရှိတယ်ဆိုတာကို ဖော်ပြနေတဲ့ အပြုအမူအချို့

ကျန်းမာတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက်က စိတ်ရောကိုယ်ပါကျန်းမာဖို့လိုအပ်မှာပါ။ ဒီတစ်ခေါက်တော့ စိတ်ကျန်းမာရေးပြဿနာနဲ့ ပတ်သက်လို့ ကိုယ်တိုင်တောင် မသိလိုက်ဘဲ လုပ်မိနေတဲ့ အပြုအမူလေးတွေအကြောင်းပြောပြပေးချင်ပါတယ်။ တစ်ခါတလေမှာ အမှုမဲ့အမှတ်မဲ့လုပ်မိနေတဲ့ အပြုအမူအချို့ကနောက်ပိုင်းမှာ စိတ်ရောဂါခံစားရနိုင်ခြေရှိတယ်ဆိုတာကိုဖော်ပြနေတဲ့ အစောပိုင်း လက္ခဏာတွေဖြစ်နေတတ်ပါတယ်။ ဒီဆောင်းပါးလေးကိုဖတ်ရင်း ကိုယ်တိုင်ရော လုပ်မိနေလားဆိုတာ ဆန်းစစ်ကြည့်လိုက်ပါဦး။ စိတ်ရောဂါခံစားရနိုင်ခြေရှိနေတဲ့ လက္ခဏာတွေက ဘာတွေများလဲ တစ်ခါတလေမှာ ကိုယ်တိုင်တောင်မသိလိုက်ဘဲ အသေးစားစိတ်ရောဂါလေးတွေခံစားနေရတာမျိုးရှိနိုင်ပါတယ်။ ဒါကြောင့် ဆန်းစစ်ကြည့်ရအောင်လား။ အစားတွေ အရမ်းစားမယ် အစားလုံးဝမစားသလောက်ဖြစ်မယ် တစ်ချိန်လုံးအိပ်နေမယ် လုံးဝမအိပ်သလောက်ကိုနေမယ် လုပ်နေကျအလုပ်တွေကို မလုပ်ဘဲနေမယ် ခြေကုန်လက်ပမ်းကျနေသလို အမြဲခံစားနေရမယ် လူက ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေမယ် ဆေးလိပ်တွေအရမ်းသောက်မိနေမယ် အရက်တွေအလွန်အကျွံသောက်မိနေမယ် အခြားဆေးဝါးတွေကို သုံးစွဲနေမယ် အမြဲလိုလို စိတ်ရှုပ်ထွေးနေမယ် ခန္ဓါကိုယ်က အမြဲလိုလို နာကျင်ကိုက်ခဲနေမယ် အကူအညီမဲ့သလိုခံစားနေရမယ် မျှော်လင့်ချက်မဲ့သလို ခံစားနေရမယ် အမြဲလိုလိုမေ့နေမယ် အကြောင်းမဲ့ စိုးရိမ်ပူပန်မှုများနေမယ် အကြောင်းအရင်းမရှိဘဲ အမြဲလိုလိုကြောက်နေမယ် ကိစ္စတစ်ခုခုကြုံတဲ့အခါအော်ဟစ်မိတယ် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း