စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

လူတစ်ယောက် သေကြောင်းကြံစည်ဖို့ ကြိုးစားနေလားဆိုတာ ဘယ်လိုသိနိုင်မလဲ

ဘာသာဝင်တော်တော်များများကတော့ သေကြောင်းကြံစည်ခြင်းကို မှားယွင်းသောအပြုအမူ၊ စိတ်ဓာတ်ပျော့ညံ့တဲ့သူတွေမှာသာ တွေ့ရတတ်တဲ့ ရူးမိုက်မိုက်လုပ်ရပ်လို့ ထင်တတ်ပါတယ်။ တကယ်တော့ လူတိုင်းမှာ စိတ်ညစ်စရာပေါင်းသောင်းခြောက်ထောင်နဲ့ နေ့စဉ် ရင်ဆိုင်ဖြေရှင်းနေရတာပါ။ လူတစ်ယောက်နဲ့ တစ်ယောက် ဖြတ်သန်းလာတဲ့ ဘဝအတွေ့အကြုံ၊ မိဘဆွေမျိုး၊ အပေါင်းအသင်း၊ စိတ်နေသဘောထား၊ ပြဿနာတစ်ခု၊ အကြောင်းအရာတစ်ခုအပေါ် ဘယ်လိုအမြင်နဲ့ ကြည့်လဲဆိုတာပေါ် မူတည်ပြီး လုံးဝမတူညီနိုင်ပါဘူး။ ကိုယ်က ဒီလိုအခက်အခဲတွေ ကြုံလာရင် ကောင်းကောင်းဖြေရှင်းနိုင်ရင်တောင် တခြားသူက ကိုယ့်လိုမျိုးတွေးချင်မှ တွေးနိုင်မှာပါ။ မတွေးနိုင်ဘူးဆိုရင်လည်း အပြစ်တင်လို့ မရပါဘူး။ ဘယ်လိုအရွယ်တွေ သေကြောင်းကြံစည်မှု အများဆုံးဖြစ်နေလဲ။ အရင်တုန်းကနဲ့ ယှဉ်လိုက်ရင် ဒီဘက်ခေတ်မှာ ဆယ်ကျော်သက်လူငယ် အရွယ်တွေမှာ သေကြောင်းကြံစည်မှု အများဆုံးဖြစ်လာတာကို တွေ့ရပါတယ်။ အလုပ်ခွင်ထဲ ရောက်နေပြီးသား အသက် ၂၀ မှ ၅၀ အတွင်း လူငယ်လူလတ်ပိုင်းတွေမှာလည်း အလုပ်ခွင်နဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ၊ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ခန္ဓာကိုယ်မှာ ဒီလက္ခဏာတွေခံစားနေရတာရဲ့ တရားခံ

ခန္ဓာကိုယ်မှာ တစ်ခုခုခံစားရတိုင်း ရောဂါရှိနေလို့ချည်းပဲမဟုတ်ပါဘူး။ တစ်ခါတလေကိုယ်တိုင်တောင်မသိလိုက်ဘဲ စိတ်ဖိစီးမှုများနေတာကြောင့်လည်း ခန္ဓာကိုယ်မှာ နာကျင်မှုတွေကိုခံစားရနိုင်ပါတယ်။ တကယ်လို့ နေမကောင်းချင်သလိုဖြစ်တယ်၊ ကြွက်သားတွေနာလိုက်တာဆိုတိုင်း ဆေးကို အရင်မသောက်ပါနဲ့။ အရင်ဆုံး စဉ်းစားကြည့်ဖို့ ပြောပါရစေ။ ကိုယ်တောင်မသိလိုက်ဘဲ စိတ်ဖိစီးမှုဆိုတာရှိနိုင်ပါ့မလား…. ရှိနိုင်ပါတယ်။ အကြောင်းကတော့ လူတွေရဲ့ စိတ်က စက္ကန့်တိုင်းမှာ အတွေးထောင်နဲ့ချီပြီးတွေးမိနေနိုင်တာကြောင့်ပါ။ ဒါကြောင့် တစ်ခါတလေမှာ ကိုယ်တိုင်တောင်မသိလိုက်ဘဲ စိတ်ဖိစီးနေတာမျိုးရှိနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ အခုလို လက္ခဏာတွေခံစားနေရပြီဆိုရင် စိတ်ကို အရင်ဖြေလျော့ကြည့်ဖို့ ပြောပါရစေ။ အခုလိုလက္ခဏာတွေခံစားနေရတာရဲ့ တရားခံကဘယ်သူလဲ…. စိတ်ဖိစီးမှုဖြစ်နေပြီဆိုရင် ခန္ဓာကိုယ်မှာ အခုလိုတွေခံစားရနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေအနေနဲ့ စိတ်တိုလွယ်မယ် အရာရာကို စိတ်ပျက်နေမယ် ကိုယ့်စိတ်ကိုယ်ထိန်းချုပ်ရခက်နေမယ် စိတ်ကအနားမရတမ်း လျှောက်တွေးနေမယ် ကိုယ့်ကိုကိုယ် အဆိုးမြင်လာမယ် တစ်ယောက်တည်းနေချင်လာမယ် စတဲ့ စိတ်ပိုင်းဆိုင်ရာခံစားရမှုတွေခံစားရနိုင်ပါတယ်။ ဒီလိုခံစားရတဲ့အခါ အိပ်မပျော်လို့ ဖြစ်မယ်ထင်တယ်ဆိုပြီး အိပ်ဆေးသောက်တာမျိုးမလုပ်သင့်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာခံစားမှုအနေနဲ့ အားမရှိသလိုဖြစ်မယ် ခေါင်းကိုက်မယ် ဗိုက်အောင့်မယ် ဝမ်းပျက်မယ် […]


စွဲလမ်းမှုပြဿနာများ

ကိုယ်ချစ်ခင်ရတဲ့သူတစ်ယောက် မူးယစ်ဆေးသုံးနေသလား ဘယ်လိုသိနိုင်မလဲ

မူးယစ်ဆေး သုံးတယ်တဲ့လား။ လူကပိန်သွားပြီး မျက်တွင်းလေးကျနေရင် အိမ်ကလူကြီးတွေက ထင်မယ်။ ဒီကောင် ဆေးသုံးနေလားမသိဘူး ဆိုတဲ့အတွေး... ကိုယ်ချစ်ခင်ရတဲ့သူတစ်ယောက် မူးယစ်ဆေးသုံးနေသလား ဘယ်လိုသိနိုင်မလဲ တကယ်က ညဘက်ဂိမ်းဆော့ထားလို့ ဖြစ်ရင်ဖြစ်မယ်၊ အစားမမှန် အအိပ်မမှန်လို့၊ သွေးအားနည်းလို့၊ ဆေးလိပ်သောက်တာများလို့ စတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်ရင်ဖြစ်မယ်။ အဲ... တကယ်ပဲ ဆေးသုံးတယ်ဆိုရင်တော့ ဒီအသွင်အပြင်လောက်နဲ့ အဆုံးအဖြတ်ပေးလို့၊ ကောက်ချက်ချလို့မရပါဘူးနော်။ တခြားသိသာတဲ့ အသွင်အပြင်နဲ့ အပြုအမူလက္ခဏာတွေအများကြီးရှိနေသေးတယ်ဆိုတာ အိမ်ကလူကြီးတွေကိုပြောပြလိုက်ပါဦး။ ကိုယ်ချစ်ခင်ရတဲ့သူတစ်ယောက် မူးယစ်ဆေးသုံးနေသလား ဘယ်လိုသိနိုင်မလဲ ဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။ မူးယစ်ဆေးသုံးနေသူတစ်ယောက်မှာ တွေ့ရများတဲ့ အပြင်ပန်းလက္ခဏာတွေ ကိုယ်ချစ်ခင်ရတဲ့သူတစ်ယောက် မူးယစ်ဆေး သုံးစွဲနေသလား ဆိုတာကို သိနိုင်ဖို့က အသွင်အပြင်လက္ခဏာတွေက အသိသာဆုံးဆိုတာ မှန်ပါတယ်။ အများစုမှာ တွေ့ရတတ်တာက - အိပ်မပျော်နိုင်တာ၊ အချိန်အခါမဟုတ် နိုးလာတာ၊ အချိန်အခါမဟုတ် နေရာမရွေး အိပ်မောကျသွားတာတို့လို သိသာတဲ့အိပ်စက်မှုပြဿနာများ သုံးတဲ့ဆေးအမျိုးအစားကိုမူတည်ပြီး […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုကိုမွေးထားမယ်ဆိုရင် ဒါတွေပေါက်ဖွားလာပါလိမ့်မယ်

ဘာတွေပဲဖြစ်လာလာ သေလောက်တဲ့ကိစ္စမဟုတ်ဘူး၊ ပိုတောင်ကြံ့ခိုင်လာသေးတယ်” လို့ စိတ်ဖိစီးစရာတစ်ခုခုကြုံနေရတိုင်း ပြောတတ်ကြတယ်။ အခက်အခဲကိုကျော်လွှားနိုင်ဖို့ ကိုယ့်စိတ်ကိုယ်ဖြေသိမ့်တဲ့နည်းပေါ့လေ။ ဒါပေမယ့် ဒီလိုဖိစီးမှုတွေက တာရှည်လာပြီဆိုရင်တော့ အဲဒီစကားမမှန်နိုင်တော့ပါဘူး။ အစာအိမ်အနာဖြစ်ရတာတွေဟာ ဒီလိုစိတ်ဖိစီးမှုတွေနဲ့ အရင်ဆုံးပတ်သက်လာတဲ့ရောဂါပါပဲ။ သုတေသီတွေ နှစ်ပေါင်းများစွာ လေ့လာခဲ့တဲ့ရလဒ်တွေအရ စိတ်ဖိစီးမှုတာရှည်ခံစားရခြင်းက ရောဂါတွေ ကျန်းမာရေးပြဿနာတွေအတော်များများနဲ့ ဆက်နွှယ်နေတယ်လို့တွေ့နေရပါတယ်။ အဲဒီထဲမှာ - ဝက်ခြံတွေ၊ စိုးရိမ်ပူပန်စိတ်၊ အယ်ဇိုင်းမားရောဂါ အရိုးထုထည်လျော့ပါးခြင်း ကင်ဆာ (ကိုယ်ခံအားနည်းခြင်းကြောင့်) စိတ်ကျရောဂါ ဆီးချိုသွေးချိုရောဂါ အစာခြေစနစ်ဆိုင်ရာရောဂါတွေ နှလုံးရောဂါ သားသမီးမရနိုင်ခြင်း ကိုယ်ခံအားကျခြင်း သွေးတိုးရောဂါ အရိုးပွရောဂါ လိင်စိတ်ကိုလျော့နည်းစေခြင်း အစာအိမ်အနာ လေဖြတ်ခြင်း ကိုယ်အလေးချိန်တက်ခြင်း (စိတ်ဖိစီးမှုက ခန္ဓါကိုယ်တွင်း၊ အထူးသဖြင့် ဝမ်းဗိုက်တဝိုက်မှာ အဆီပိုစုပုံစေဖို့ အားပေးပါတယ်) တို့ပါဝင်ပါတယ်။ စိတ်ဖိစီးမှုခံစားနေရတဲ့အခါ ခန္ဓါကိုယ်ရဲ့တုံ့ပြန်မှုကို သိပ္ပံပညာအရလေ့လာမှုရလဒ်တွေက ဒီနှစ်တွေမှာ တိုးတက်လာခဲ့ပေမယ့် ဖြစ်လာနိုင်တဲ့အပြောင်းအလဲတွေအကြောင်းကတော့ ရှုပ်ထွေးနေဆဲဖြစ်ပြီး နားလည်အတည်ပြုနိုင်ဖို့ခက်ခဲပါတယ်တဲ့။ ဒါဆို ဒီအန္တရာယ်တွေဖြစ်မလာအောင်ဘယ်လိုအဆင်ပြေအောင်နေထိုင်မလဲ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ပျော်ရွင်ခြင်းဟော်မုန်းများ

ဟော်မုန်းဆိုတာ သင့်ကိုယ်ခန္ဓာထဲက ဂလင်းမျိုးစုံကနေ ထုတ်လုပ်ပေးနေတဲ့ ဓါတုပစ္စည်းများဖြစ်ပါတယ်။ အဆိုပါ ဟော်မုန်းများ ဟာ သွေးထဲမှာလှည့်ပတ်ပြီး ကိုယ်ခန္ဓါရဲ့လုပ်ငန်းတာဝန် အသီးသီးကို ထမ်းဆောင်ပါတယ်။ ဒီဟော်မုန်းတွေထမ်းဆောင်တဲ့ တာဝန်များထဲက အရေးပါတဲ့ တာဝန်တစ်ခုကတော့ သင့်ရဲ့စိတ်ကို သာယာပျော်ရွှင်စေခြင်း၊ ကျေနပ်နှစ်သိမ့်စေခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အဆိုပါဟော်မုန်းများကို ပျော်ရွှင်ခြင်းဟော်မုန်းများလို့ အမည်တပ်နိုင်ပါတယ်။ ပျော်ရွှင်ခြင်းဟော်မုန်းများ က ဘာတွေလဲ... ပျော်ရွှင်ခြင်းဟော်မုန်းများလို့ တင်စားနိုင်တဲ့ ဟော်မုန်းတွေမှာ အဓိကအားဖြင့် အောက်ပါအမျိုးအစားတွေ ပါဝင်ပါတယ်။ ၁။ ဒိုပါမင်း။ ဒီဟော်မုန်းကတော့ သင့်ကို နေလို့ထိုင်လို့ကောင်းစေပါတယ်။ ပျော်ရွှင်နှစ်သက်ဖွယ်ရာ အာရုံခံစားမှုများနဲ့ ဆက်စပ်နေပါတယ်။ ၂။ ဆီရိုတိုနင်။ ဒီဟော်မုန်းဟာ အာရုံကြောလျှပ်ကူးပစ္စည်းတမျိုးဖြစ်ပြီး သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။ အစားအသောက်ကောင်းခြင်း၊ အစာကြေညက်ခြင်း၊ သင်ယူမှုစွမ်းရည်၊ မှတ်ဉာဏ်စွမ်းရည် စတာတွေအတွက် အရေးပါပါတယ်။ ၃။ အောက်ဆီတိုဇင်။ ချစ်မေတ္တာကို ကိုယ်စားပြုတဲ့ဟော်မုန်းဖြစ်ပါတယ်။ ကလေးမီးဖွားခြင်း၊ မိခင်နို့တိုက်ကျွေးခြင်း စတာတွေအတွက် […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အတွဲတွေဘာကြောင့် သရဲကားတူတူကြည့်သင့်တာလဲ။

ခုမှချစ်စခင်စအတွဲလေးတွေ ရုပ်ရှင်ကြည့်ဖို့ ဇာတ်ကားရွေးကြမယ်ဆိုပါစို့။ တစ်ယောက်အကြိုက်တစ်ယောက်ကလည်း မသိသေးတော့ ပေါ့ပေါ့ပါးပါး အချစ်ကားလေးတွေ၊ ဟာသကားလေးတွေရွေးလိုက်မယ်လို့တွေးနေရင်တော့ အဲဒီအတွေးကိုဖျောက်လိုက်ပါတော့။ လက်တလောမှ စဒိတ်တဲ့အတွဲတွေပဲဖြစ်ဖြစ်၊ နှစ်ရှည်လများတွဲလာပြီးတဲ့အတွဲလေးတွေပဲဖြစ်ဖြစ် ဘာကြောင့် သရဲကားကိုမှ ရွေးပြီးကြည့်သင့်တယ်ဆိုတာကို ဖော်ပြပေးထားပါတယ်နော်။ ၁။ တစ်ယောက်နဲ့ တစ်ယောက် နီးစပ်ဖို့ အခွင့်အရေးတွေရှိလာမယ်။ ဒါကတော့ စဒိတ်စ အတွဲလေးတွေအတွက်ပေါ့။ ယောကျာ်းလေးကလည်း မိန်းကလေးဘက်ကဘာထင်မလဲဆိုပြီး လက်ကလေးတောင်မကိုင်ရဲဖြစ်နေ၊ မိန်းကလေးကလည်း ရင်တွေခုန်ပြီး ရှက်နေတဲ့အချိန်မှာ သရဲက ဝုန်းဆိုထွက်လာရင် ကိုယ့်ဘာကိုယ်တောင် မသိလိုက်ဘဲ ဖက်လိုက်မိတာ၊ မှီလိုက်မိတာလေးတွေဖြစ်သွားနိုင်ပါတယ်။ ၂။ စိတ်ဖိစီးတာတွေလျော့စေတယ်။ သရဲကားတွေကပေးတဲ့ ပြင်းထန်တဲ့ကြောက်လန့်စိတ်တွေဖြစ်လာတဲ့ခါ ထွက်လာတဲ့ အဒရီနယ်လင်း (Adrenaline) ဟော်မုန်းဟာ စိတ်ဖိစီးမှုကိုလျှော့ချပေးပါတယ်။ ကြောက်လို့ စိတ်လွတ်လက်လွတ်အော်လိုက်တာတို့ဘာတို့ကလည်း စိတ်ဖိစီးတာတွေကိုပျောက်စေပါတယ်။ ၃။ တစ်ယောက် အပေါ် တစ်ယောက်အကြင်နာတွေပိုလာမယ်။ ကြောက်လန့်စိတ်ဖြစ်တဲ့အခါ ဦးနှောက်က ဒိုပါမင်း (dopamine) ဆိုတဲ့ ဟော်မုန်းလဲထွက်ပါတယ်။ ဒိုပါမင်းဟော်မုန်းကို သာယာမှုဖြစ်စေတဲ့ ဟော်မုန်းလို့ပြောကြပါတယ်။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

မနက်ဖြန်မှပြီးရမယ့် အလုပ်ကိုဒီနေ့မလုပ်ပါနဲ့။

ကဲ ခေါင်းစဉ်ဖတ်ပြီး ခေါင်းစားသွားကြပြီမလား။ ဘယ်နှယ့် မနက်ဖြန်ပြီးရမယ့်အလုပ်ကို ဒီနေ့မှ စမလုပ်ရင် ဘယ်နေ့စလုပ်မှာလဲလို့ တွေးမိသွားကြပြီလား။ ဒါမှမဟုတ် ဟုတ်တယ် ဆိုပြီး ကြိတ်သဘောတူနေပြီလား။ သဘောတူမိနေပြီဆိုရင် ဒီဆောင်ပါးလေးဟာ သင့်အတွက် ဖြစ်မှာပါ။ အလုပ်ကိုနီးမှကပ်လုပ်ချင်စိတ် သို့မဟုတ် Procrastination (ပရိုခရပ်စတီနေရှင်း) Procrastination ဆိုတာ ကိုယ့်လုပ်ရမယ့်အလုပ်တစ်ခုကို အချိန်ကြန့်ကြာအောင်၊ နှောင့်နှေးအောင် ရွှေ့ဆိုင်းတာဆိုပြီး မြန်မာလိုအနီးစပ်ဆုံးဘာသာပြန်လို့ရပါတယ်။ Procrastinationရဲ့ နောက်ကွယ် လူ့စိတ်ဆိုတာကလည်း သာယာမှုနောက်ကိုပဲ အမြဲလိုက်ချင်ကြတယ်။ အလုပ်လုပ်တယ် စာကျက်တယ်ဆိုတာ လူတွေရဲ့ သာယာမှုကိုပဲ လိုချင်နေတဲ့ ဦးနှောက်ကို ဆန့်ကျင်နေသလိုဖြစ်နေတယ်။ လက်ရှိလုပ်နေတဲ့ အလုပ်က ပျော်စရာမကောင်းတော့တဲ့အခါ တခြား စိတ်သာယာမှုပေးမယ့် အရာတွေဆီကို စိတ်ကိုလွှတ်ပေးမိလိုက်ကြတယ်။ လုပ်ရမယ့်အလုပ်တွေကို နောက်မှလုပ်မယ်ဆိုပြီး ထားလိုက်တယ်။ ဒါကို အများက အာရုံစူးစိုက်မှုမရှိဘူး၊ ပျင်းတယ်၊ အချိန်ဆွဲတယ်ဆိုပြီး မကောင်းတဲ့အလေ့အကျင့်နေနဲ့သတ်မှတ်ကြတယ်။ ဒါဆိုကောင်းကျိုးတွေရော မရှိနိုင်ဘူးလားဆိုပြီး ဒီအကျင့်ကိုမစွန့်လွှတ်နိုင်တဲ့သူတွေက […]


စိတ်ကျန်းမာရေး

သင်ဟာ သေဆုံးရမှာကို ကြောက်လန့်နေတတ်သူလား။

လူတွေကိုသေရမှာ ကြောက်လားလို့မေးရင် ကြောက်တယ်လို့ဖြေတဲ့သူကတချို့၊ မကြောက်ဘူးလို့ ဖြေတဲ့သူက နည်းနည်း၊ မသိဘူးလို့ဖြေမယ့်သူတွေလည်း ရှိမယ်ထင်ပါတယ်။ ကြောက်တယ်ဆိုတဲ့သူတွေက သေဆုံးခြင်းလို့ကြားလိုက်ရင် ကိုယ်က ဒီကမ္ဘာကြီးထဲက ထွက်သွားရမှာ၊ ကိုယ့်မိဘ ဆွေမျိုးသားချင်း သူငယ်ချင်း ချစ်သူတွေကို ထားခဲ့ရမှာ စသဖြင့် ဒါတွေကို အများအားဖြင့် တွေးကြောက်တတ်ကြပါတယ်။ ဒီလိုကြောက်တတ်တာက ပုံမှန်ပဲလား။ ဒီကြောက်လန့်စိတ်ကြောင့် အိပ်ပျက်စားပျက်ဖြစ်နေပြီဆိုရင်ရော။ သေခြင်းတရားကို အလွန်အမင်း ကြောက်လန့်ခြင်း သို့မဟုတ် Thanatophobia Thanatophobia ရဲ့ Thanatos ဆိုတာ ဂရိဘာသာမှာ သေခြင်းတရားကို ခေါ်တာဖြစ်ပြီး Phobos ကတော့ ကြောက်ရွံ့ခြင်းဖြစ်ပါတယ်။ သေခြင်းတရားကို ကြောက်လန့်တာ စိတ်ပူတာတွေက လူတိုင်းမှာ ရှိကြတာမှန်ပေမဲ့ Thanatophobia ရှိနေတဲ့သူတွေကတော့ သေဆုံးခြင်း ဒါမှမဟုတ် သေခြင်းတရားနဲ့ပတ်သက်တဲ့ဖြစ်စဉ်တွေ ရောဂါ အခြေအနေတွေအကြောင်း တွေးမိတာနဲ့ အလွန်အမင်း စိုးရိမ်ပူပန်စိတ်တွေဖြစ်လာတတ်ကြပါတယ်။ ဒီလိုစိုးရိမ်ပူပန်တာဟာ အဆိုးဆုံးဖြစ်စဉ်တွေမှာ ပုံမှန်ကိုယ်လုပ်နေကျအလုပ်တွေကိုပါမလုပ်နိုင်တော့တာ၊ အိမ်ကထွက်ပြေးတာ၊ […]


စွဲလမ်းမှုပြဿနာများ

နှာခေါင်းဖြန်းဆေးဟာ ဆေးစွဲခြင်းပြဿနာဖြစ်စေသလား

နှာရည်ကျလာတဲ့အခါ နှာစေးလာတဲ့အခါ ကျွန်တော်တို့ရဲ့ဝန်းကျင်မှာ ကသိကအောင့်ဖြစ်လာပြီး အနေရခက်လာစေပါတယ်။ လူအများဟာ နှာစေးခြင်းကို သက်သာအောင် နှာခေါင်းဖြန်းဆေး (nasal spray) ကို အသုံးပြုကြပါတယ်။ နှာခေါင်းဖြန်းဆေးဟာလည်း အမျိုးမျိုးရှိတတ်ပါတယ်။ နှာစေးလာတဲ့အခါ နှာခေါင်းအတွင်းပိုင်းနံရံ ရောင်ရမ်းလာတတ်ပါတယ်။ နှာခေါင်းဖြန်းဆေးဟာ နှာခေါင်းအတွင်းပိုင်းမှာရှိတဲ့ သွေးကြောလေးတွေကို ကျုံ့သွားစေပြီး နှာခေါင်းအတွင်းပိုင်းနံရံတွေ ရောင်ရမ်းမှုကို လျော့ကျစေခြင်းဖြင့် နှာစေးခြင်း နှာပိတ်ခြင်းကို သက်သာသွားစေနိုင်ပါတယ်။ နှာခေါင်းဖြန်းဆေးများကို အများဆုံးသုံးရက်အထိ အသုံးပြုရတတ်ပါတယ်။ တစ်ခါတရံမှာ ပိုမိုပြီး သုံးစွဲမိတဲ့အခါ ဆေးယဉ်ပါးသလိုဖြစ်လာနိုင်ပါတယ်။ သဘောကတော့ လိုချင်တဲ့ ရလဒ်ထွက်လာအောင် ယခင်ကထက် ပိုမိုပြီး သုံးစွဲလာရတတ်ပါတယ်။ အဲဒီအခါ ဆေးကိုစွဲသွားတာမျိုး ဖြစ်လာနိုင်ပါတယ်။ နှာခေါင်းဖြန်းဆေးအမျိုးအစားတွေဟာ ပါဝင်တဲ့ပစ္စည်းတွေပေါ်မူတည်ပြီး ကွဲပြားသွားပါတယ်။ အဓိကအားဖြင့် အောက်ပါအမျိုးအစားတွေ ဖြစ်ပါတယ်။ ဆလိုင်းရည်ပါတဲ့ နှာဖြန်းဆေး စတီးရွိုက်ဖြန်းဆေး ဟစ်စ်တမင်းဆန့်ကျင်ဆေး နှာခေါင်းပွင့်ဆေး နှာခေါင်းဖြန်းဆေးကို ကြာကြာသုံးရင် ဘာဖြစ်လာနိုင်သလဲ နှာခေါင်းတွင်းဖြန်းဆေးကို လိုအပ်တာထက်ပိုပြီး […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Superiority Complex (သို့) ဘဝင်မြင့်စိတ်ဆိုတာ ဘာလဲ

ဘဝင်မြင့်စိတ်ဆိုတာ လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ မိမိဟာ တခြားလူအားလုံးထက်သာတယ်လို့ ယုံကြည်တဲ့ စိတ်အခြေအနြေဖစ်ပါတယ်။ အဲဒီစိတ်အကြံအတိုင်းပဲ ပြုမူပါတယ်။ သူတို့ရဲ့ စွမ်းဆောင်ရည်နဲ့ အောင်မြင်မှုတွေဟာ တခြားသူတွေထက် သာလွန်နေတယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ Superiority Complex ဘဝင်မြင့်စိတ်ဟာ မိမိကိုယ်ကို အထင်သေးအားမရခြင်းနဲ့ အငုံ့စိတ် inferiority Complex ကို ဖုံးကွယ်ဖို့ ကြိုးစားခြင်းလည်း ဖြစ်နေတတ်ပါတယ်။ Superiority Complex ဘဝင်စိတ် ဆိုတဲ့ အယူအဆကို ၂၀ ရာစုအစောပိုင်းမှာ စိတ်ပညာရှင် Alfred Adler ဆိုသူက ပထမဆုံး ဖော်ထုတ်ခဲ့ပါတယ်။ မိမိတို့ ရင်ဆိုင်ရုန်းကန်နေရတဲ့ ကမောက်ကမ အခြေအနေတွေကြောင့် ဖြစ်ပေါ်လာရတဲ့ စိတ်ခံစားချက်တွေကို တုံ့ပြန်ခုခံခြင်းကြောင့်ဖြစ်ကြောင်း အလေးပေးဖော်ပြခဲ့ပါတယ်။ Superiority Complex ဘဝင်စိတ်ရဲ့ လက္ခဏာတွေက ဘာတွေလဲ Superiority Complex ဘဝင်စိတ်ရဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း