စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

တရားထိုင်ခြင်းနဲ့ လူ့ကျန်းမာရေးကို သိပ္ပံနည်းကျ ချဉ်းကပ်လေ့လာကြမယ်

တရားထိုင်ခြင်းဆိုတဲ့ အလေ့အကျင့်ဟာ ကောင်းကျိုးတွေအများကြီးပေးနိုင်တယ်ဆိုတာ လေ့လာသိရှိပြီးတဲ့နောက် လူအများကြားမှာ ပိုပြီးခေတ်စားလာပါတယ်။ တကယ်တော့တရားထိုင်ခြင်း meditation ဆိုတာ စိတ်ကိုအာရုံစုစည်းပြီး မိမိကိုယ်ကို နဲ့ ပတ်၀န်းကျင်ကို ပိုပြီး ကိုယ့်ဖာသာ သတိထားမိအောင်လုပ်ခြင်းပါပဲ။ တရားထိုင်ခြင်းကပေးတဲ့ ကောင်းကျိုးတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။  (၁) စိတ်ဖိစီးမှုကိုလျော့ကျစေတယ်။  ဒီအချက်ဟာ အနောက်နိုင်ငံတွေကလူတွေအပါအ၀င် လူအများအပြားကို တရားထိုင်ဖို့ဆွဲဆောင်နိုင်တဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ချက်ပါပဲ။ ပုံမှန်အားဖြင့်ဆိုရင် လူတွေဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေနဲ့ရင်ဆိုင်ရတဲ့အခါ ကော်တီစောလို့ခေါ်တဲ့ ဟော်မုန်းဓာတ်တစ်မျိုးထွက်ပါတယ်။ အဲဒီဟော်မုန်းကြောင့် ခီမိုကိုင်းအစရှိတဲ့ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို ဆက်တိုက်ထွက်လာစေပါတော့တယ်။ အဲဒီအခါ အိပ်မရတာ၊ စိတ်ဓာတ်ကျတာ၊ စိတ်ပူပန်မှုများတာ၊ သွေးတိုးတာ၊ အားအင်ကုန်ခမ်းမောပန်းတာနဲ့ ဘာမှတွေးမရ အာရုံစိုက်မရဖြစ်တာတွေ ကြုံရစေပါတယ်။ လေ့လာတွေ့ရှိမှုတွေအရ တရားထိုင်တဲ့သူတွေမှာတော့ ဒီလိုဓာတ်ပစ္စည်းတွေထုတ်လွှတ်မှုကို နည်းစေပါသတဲ့။  (၂) စိတ်ပူပန်စိုးရိမ်စိတ်ကို လျော့ကျစေတယ်။ စိတ်ဖိစီးမှုနည်းတဲ့အခါ စိတ်ပူပန်မှုကျတာ အံ့သြစရာတော့မရှိပါဘူး။ လူတွေနဲ့တွေ့ဆုံဆက်ဆံရမှာကိုကြောက်တဲ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

လူငယ်တွေရဲ့ စိတ်ခွန်အားနဲ့ လောကဓံရဲ့ တိုက်စားမှုဒဏ်

ခေတ်ကာလတွေ တဖြည်းဖြည်းပြောင်းလဲလာတဲ့ကြားထဲမှာမှ ခုလို ၂၁ ရာစု အပြိုင်အဆိုင်များတဲ့ ခေတ်ကြီးထဲမှာ လူငယ်တွေဟာလည်း ဘဝအတွက် အနာဂတ်အတွက် အရာရာကို ရင်ဆိုင်နေပြီး လူကြီးတွေထက် ပိုများတဲ့ စိတ်ဖိစီးမှုဒဏ်ကို အလူးအလဲ ခံစားနေရပါတယ်။ ဒါကလည်း လူငယ်တွေ စိတ်ခွန်အားနည်းမှုကြောင့် မဟုတ်ဘဲ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းရဲ့ နောက်မှာ လိုက်ပါစီးနင်းလာတဲ့ လူနေမှုပုံစံတွေကြောင့်ပဲလို့ ဆိုရမှာပါ။ အဲ့တော့ ဘယ်လိုလောကဓံနဲ့ လူမှုရေးရာပြဿနာတွေက ကျွန်တော်တို့လူငယ်တွေကို စိတ်ပင်ပန်း လူပင်ပန်းဖြစ်စေလဲဆိုတာကို တစ်ချက်လောက် ကြည့်လိုက်ကြရအောင်။ ၁။ နည်းပညာတွေရဲ့ လွှမ်းမိုးမှု ဒီဘက်ခေတ်မှာ လူငယ်တိုင်းနီးပါး ဖုန်းတစ်လုံးကိုင်လာနိုင်တာကို သတိထားမိမှာပါ။ လူတိုင်းကြည့်လိုက်ရင် ကိုယ့်ဖုန်းကိုပဲ သဲကြီးမဲကြီးအသုံးပြုနေကြတယ်။ အရင်ခေတ်တွေကလို ကိုယ့်ခွန်အား၊ ကိုယ့်လက်နဲ့ လုပ်ကိုင်ရတာ၊ ရှာဖွေရတာမျိုး မရှိတော့ဘဲ ဖုန်းလေးကိုပဲ အလွယ်တကူ ပွတ်ပြီး ကိုယ်သိချင်တာတွေကို ရှာဖွေလေ့လာနေကြတယ်။ ကောင်းတဲ့ဘက်ကကြည့်ရင်တော့ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ကြောက်စိတ်တွေကို ကျော်လွှားပြီး ရေကူးသင်ကြမယ်

ခုဆို ပိတ်ရက်တွေကလည်းများ ခရီးသွားမယ်ဆိုရင်လည်း သူငယ်ချင်းတွေက ကမ်းခြေသွားမယ်ဆိုရင် ကိုယ်က အဖွဲ့ထဲက ရေကူးရမှာကြောက်တဲ့သူ၊ ရေမကူးတတ်တဲ့သူဖြစ်နေတယ်ဆိုရင် ပင်လယ်ပြင်ကိုသွားတဲ့ခရီးတွေမှာဆို ပင်လယ်ပျော်တွေကြားထဲမှာ ကိုယ်ကမျက်နှာငယ်ရမှာပါ။ သူများတွေက ရေငုပ်တယ်၊ ရေအောက်အလှတွေကိုလည်း ခံစားတယ်၊ ပင်လယ်ပြင်ထဲမှာ ရေကူးတယ်၊ ကိုယ်ကတော့ ရေအနက်ကိုကြောက်ပြီး ရေတိမ်မှာပဲနေတယ် ဓာတ်ပုံရိုက်ရုံလောက်နဲ့ဆိုရင်တော့ ကမ်းခြေခရီးဟာ အဓိပ္ပါယ်ရှိမှာမဟုတ်ပါဘူး။ ဒီဆောင်ပါးလေးမှာတော့ ရေကိုအရမ်းကြောက်တတ်တဲ့သူတွေအတွက်မဟုတ်ဘဲ ရေကူးသင်ရမှာ၊ ရေနက်ထဲ ရေကူးရမှာကြောက်တဲ့သူတွေအတွက် အဲ့ဒီစိတ်တွေကို ဘယ်လိုကျော်လွှားမယ်ဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ၁။ အတွေးမလွန်ပါနဲ့။ ရေကူးရမှာကြောက်တတ်တဲ့သူအများစုက အတွေးတွေလွန်နေကြလို့ပါ။ ရေထဲမဆင်းခင် ခေါင်းထဲမှာ ဘာမှမတွေးပါနဲ့။ အရင်ဆုံး ကိုယ်ကြိုက်တဲ့ ကိုယ့်ခန္ဓာကိုယ်နဲ့ အချိုးကျကျ လိုက်ဖက်မယ့် ရေကူးအင်္ကျီကို ဝယ်ဝတ်ပါ။ ကိုယ့်ကိုယ်ကို လှလှပပနဲ့ ယုံကြည်မှုရှိနေရင် တခြားကြောက်စိတ်တွေနဲ့ အတွေးလွန်တာတွေကို လျော့စေပါတယ်။ ၂။ ပတ်ဝန်းကျင်နဲ့ ရင်းနှီးပါစေ။ ရေကူးသင်တော့မယ်ဆိုရင် ကိုယ်ကူးမယ့်ရေကန်ကို ရင်းနှီးအောင်လုပ်ပါ။ ကားမောင်းစသင်တဲ့ချိန်မှာ ကိုယ်မောင်းမယ့်လမ်းကို […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

စိတ်ပူပန်မှုတွေကို သက်သာစေမယ့်ဆေးတစ်လက်

စိတ်ပူပန်မှုကင်းတဲ့ လူရယ်လို့မရှိပါဘူး။ လူတိုင်းက ကိုယ်ရေးကိုယ်တာကြောင့်ဖြစ်ဖြစ်၊ အလုပ်ခွင်ကိစ္စရပ်တွေကြောင့်ပဲဖြစ်ဖြစ် စိတ်ပူပန်မှုက အမြဲလိုလို ရှိနေတတတ်ပါတယ်။ ဒီစိတ်ပူပန်မှုတွေက မွေးထားရင် ပိုများလာပြီး နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးကို ပြင်းထန်စွာထိခိုက်စေနိုင်ပါတယ်။ ဒီတော့ ဒီစိတ်ပူပန်မှုတွေကို အနိုင်ယူနိုင်စေမယ့် ရိုးစင်းတဲ့နည်းလမ်းလေးတစ်ခုရှိပါတယ်။ ဒါကတော့ ဘာဖြစ်မလဲ သိချင်ရင် ဆက်ကြည့်လိုက်နော်။ စိတ်ပူပန်မှုတွေကို ကျော်လွှားနိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခု စိတ်ပူပန်မှုကို ကျော်လွှားနိုင်စေမယ့်အကြောင်းမပြောခင် အရင်ဆုံး စိတ်ပူပန်မှုကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေအကြောင်းအရင်ဆုံး ပြောပြပေးပါရစေ။ ဘယ်အရာကများသင့်ကို စိတ်ပူပန်မှုဖြစ်နေစေတယ်ထင်လဲ။ သင်တောင် မသိလိုက်ဘဲ လုပ်မိနေတဲ့ အပြုအမူလေးတစ်ခုပေါ့။ဒါကတော့ ခဏလောက်ပဲဆိုပြီး စာဖတ်နေမိတာ၊ အလုပ်တွေကို လက်စသတ်နေတာနဲ့ ဂိမ်းဆော့တာ၊ ရုပ်ရှင်ကြည့်တာတွေကို အရေးပေးလုပ်ရင်း နောက်ဆုတ်လိုက်မိတဲ့ အိပ်ရာဝင်ချိန်လေးပေါ့။ပြည့်ဝတဲ့အိပ်စက်ချိန်မရှိတာက သင့်ကို အခြားသူတွေထက် စိုးရိမ်ပူပန်မှုကို ၃၀ ရာခိုင်နှုန်းလောက် ပိုများစေနိုင်ပါတယ်၊ လို့ လေ့လာမှုတစ်ရပ်အရတွေ့ရှိခဲ့ရပါတယ်။ လေ့လာမှုအသစ်အရ သုတေသီတွေ အကြံပြုလိုက်တာက […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

တစ်ယောက်တည်း ခရီးသွားခြင်းရဲ့ အရသာ

သူငယ်ချင်းအုပ်စု ခရီးသွားဖို့ စီစဉ်ကြပြီဆိုပါတော့။ တောင်တက်ချင်တဲ့သူက တစ်ဖက်၊ ကမ်းခြေမှ ကမ်းခြေပဲဆိုတဲ့သူတွေက တစ်မျိုး၊ ပူတဲ့နေရာ၊ ဖုန်ထူတဲ့နေရာ၊ ပင်ပန်းတဲ့နေရာကိုဆို မသွားချင်ဘူးဆိုတဲ့သူက တစ်ဖုံ၊ ငါကဘယ်နေ့ဆိုမအားဘူးနော်၊ ငါက စနေ၊တနင်္ဂနွေပဲရတယ်ဆိုပြီး စီစဉ်လိုက်ကြတာ နောက်ဆုံး နီးမှ ကပ်ပြီး နေမကောင်းလို့၊ အိမ်ကမလွှတ်လို့ ဆိုတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ပျက်သွားတဲ့ခရီးစဉ်မျိုးကို စီစဉ်ဖူးကြတယ်မလား။ သူငယ်ချင်းတွေနဲ့ ခရီးထွက်ရတာ ပျော်စရာကောင်းပေမဲ့ ခရီးမသွားခင် စီစဉ်တာတွေ၊ တစ်ယောက်တစ်ပေါက်ဖြစ်နေတာတွေက စိတ်ညစ်စရာကောင်းတယ်မလား။ လေ့လာချက်တွေအရ လူအများ ခရီးမသွားဖြစ်တဲ့ အကြောင်းအရင်းတွေထဲမှာ တူတူသွားဖို့ လူမရှိတာက အဓိကအကြောင်းအရင်းပါတဲ့။ တချို့ကကျတော့ တစ်ယောက်ထဲခရီးသွားတာကို အန္တရာယ်များတဲ့အတွက်၊ တစ်ယောက်တည်း အထီးကျန်တယ်ဆိုပြီး မစဉ်းစားကြဘူး။ တကယ်တော့ တစ်ယောက်တည်း ခရီးသွားတာရဲ့ ကောင်းတာတွေက မကောင်းတာတွေထက်ကို ပိုများပါတယ်တဲ့။ ကိုယ်သွားချင်တဲ့နေရာတွေကို တူတူသွားမယ့်သူမရှိလို့ ပျက်ခဲ့ရတဲ့ ခရီးစဉ်တွေကို ဘာကိုမှ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

အကြောက်တရားတွေကို အနိုင်ပိုင်းကြမယ်

ကြောက်တတ်တယ်ဆိုတာ တကယ်တော့ ကလေးဘဝကတည်းက လူတိုင်းကြုံဖူးကြတဲ့အရာဖြစ်ပေမယ့် တချို့သူတွေကတော့ သာမန်ထက်ကိုပိုတဲ့အကြောက်တရားတွေကို နေ့စဉ်ရင်ဆိုင်နေကြရတာပါ။ ဒါတွေကို ဘယ်လိုကောင်းကောင်းမွန်မွန်ကျော်ဖြတ်မလဲ၊ နေ့စဉ်ဘဝထဲမှာ ယှဉ်တွဲနေနေတဲ့ အကြောက်တရားဆိုတဲ့အရာကို ဘယ်လိုအနိုင်ယူသင့်သလဲဆိုတဲ့ နည်းလမ်းတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။ (၁) ခဏလေးဖြစ်ဖြစ် အနားယူလိုက်ပါ တစ်ခုခုကို ကြောက်နေ၊ စိုးရိမ်နေတဲ့အချိန်မျိုးမှာ ဘာကိုမှရှင်းရှင်းလင်းလင်း စဉ်းစားနိုင်မှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ သင်စိုးရိမ်နေတဲ့အရာကိုမတွေးဘဲ ဆယ့်ငါးမိနစ်လောက်နေဖို့ကြိုးစားကြည့်ပါ။ အနီးအနားကို လမ်းလျှောက်ထွက်တာ၊ လက်ဖက်ရည်တစ်ခွက်သောက်လိုက်တာ၊ ရေချိုးတာမျိုးတွေကို လုပ်ဆောင်ပြီး လတ်တလောအကြောက်တရားအကြောင်းကနေ ကိုယ့်ကိုယ်ကိုဆွဲထုတ်ကြည့်ပါ။ (၂) အကြောက်တရားကို တည့်ရင်ဆိုင်ပါ။ ကိုယ်ကြောက်တဲ့အရာတွေကို ဘယ်တော့မှ မတွေ့ရအောင် ရှောင်နေနိုင်တယ်ဆိုပေမယ့် အကြောက်တရားကိုအမြဲရှောင်ကြဉ်ခြင်းဟာ တခါတရံမှာလူတွေကို ပိုပြီးစိုးရိမ် လွန်ကဲ စေတတ်ပါတယ်။ ဘာကိုပဲသင်ကြောက်ကြောက်၊ တည့်ရင်ဆိုင်ကြည့်ပါ။ ရင်ဆိုင်နေတဲ့အချိန်မှာ ဝမ်းဗိုက်ပေါ်မှာ လက်ကိုထားပြီး အသက်ကိုဖြည်းဖြည်းမှန်မှန်ရှုကြည့်ပါ။ ဥပမာ ဓာတ်လှေကားစီးရတာကြောက်တဲ့သူမျိုးဆိုရင် ဓာတ်လှေကားပြန်စီးကြည့်တာမျိုးလုပ်ကြည့်ပါ။ စီးနေရင်းနဲ့ပဲ ဒါဟာ သင့်အတွေးထဲကလောက် လက်တွေ့မှာ ကြောက်စရာမကောင်းမှန်းသိလာပါလိမ့်မယ်။ (၃) […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ကိုယ့်မှာရှိမှန်းမသိ၊ ရှိနေနိုင်တဲ့ စွဲလမ်းမှုများ

စွဲလမ်းမှုလို့ပြောလိုက်ရင် လူတွေကအများအားဖြင့် အရက်စွဲတာ၊ ဆေးစွဲတာ၊ ဆေးလိပ်စွဲတာ စသဖြင့်ကိုပဲ ပြေးမြင်တတ်ကြတယ်။ နောက်ပိုင်း လေ့လာချက်တွေမှာ ဆေးလိပ်၊ အရက်တွေကို စွဲတာထက် အလေ့အကျင့်တစ်ခုကို မလုပ်ရမနေနိုင်အောင် စွဲလမ်းတာမျိုးတွေကိုလည်း မြင်တွေ့လာရပါတယ်။ တချို့ စွဲလမ်းမှုတွေဟာ လူအများလက်ခံနိုင်တဲ့ စွဲလမ်းမှုမျိုးတွေဖြစ်တဲ့အတွက် စွဲလမ်းမှုဆိုပြီး နာမည်တပ်ရခက်သလို ဖြတ်ရလည်းခက်ပါတယ်။ တကယ်တော့ တချို့ အလေ့အကျင့်ကို စွဲလမ်းမှုမျိုးတွေဟာ လူတွေအကုန်လုံးနီးပါးမှာ ရှိနေတတ်ကြလို့ စွဲလမ်းမှုဆိုပြီးတောင် မထင်ကြတော့ဘူး။ ဒါဆိုရင် ရိုးရိုးကြိုက်တာက ဘယ်လိုမျိုးလဲ၊ ဘယ်လို အဆင့်ရောက်ရင်စွဲလမ်းမှုဖြစ်သွားပြီလဲ။ အဲ့နှစ်ခုကို ဘာနဲ့ ခွဲခြားမလဲ။ ကိုယ့်ဘာကိုယ်မှာတောင် ရှိလို့ရှိမှန်းမသိတဲ့ စွဲလမ်းမှုတွေက ဘာတွေဖြစ်မလဲ။ အဖြေရှာကြည့်လိုက်ရအောင်။ ၁။ အလုပ်ကိုစွဲလမ်းခြင်း အလုပ်လုပ်ရတာကို စွဲလမ်းနေတာ မကောင်းဘူးလား၊ ကိုယ်လုပ်နေတဲ့ အလုပ်ကိုကြိုက်လို့ ဒီအလုပ်ထဲမှာ စိတ်နှစ်ထားတယ် ကြိုးစားတယ်၊ ဒါဟာ မှန်ပါတယ် ကောင်းတဲ့အလုပ်ပါ။ အလုပ်ကိုစွဲလမ်းခြင်း (Workaholism) […]


စိတ်မူမမှန်မှု ပြဿနာများ

ကွင်းဆက်ဖောက်ပြန်သူများ သို့မဟုတ် Serial Cheaters

ဖောက်ပြန်ခံရတာထက်ဆိုးတာ ဘာလဲသိကြလား။ ခဏခဏဖောက်ပြန်ခံရတာပဲတဲ့။ ကွင်းဆက်လူသတ်သမား (serial killer) လိုမျိုးပဲ သမီးရည်းစားဆက်ဆံရေး၊ အိမ်ထောင်ရေးတွေမှာ အကြိမ်ကြိမ်ဖောက်ပြန်တဲ့သူတွေကို ကွင်းဆက်ဖောက်ပြန်တဲ့သူ (serial cheater) တွေလိုခေါ်ကြတယ်။ ဒါကို စိတ်ရောဂါတစ်မျိုးလိုမျိုး နောက်ပိုင်းမှာ ကျွမ်းကျင်သူတွေကလည်း ပြောလာကြပါတယ်။ အကြိမ်ကြိမ်ဖောက်ပြန်သူတွေရဲ့ စိတ်ဓာတ်နောက်ကွယ် တစ်ကြိမ်ဖောက်ပြန်ဖူးတဲ့သူဟာ နောက်တစ်ကြိမ်ဖောက်ပြန်ဖို့ ဝန်မလေးဘူးဆိုတာလည်း ကြားဖူးကြမှာပါ။ ဒီစကားဟာ မှန်ရဲ့လားပေါ့နော်။ ဒါအတွက် တိကျတဲ့ ဆေးပညာဖြေရှင်းချက်က ရှိနေပြန်တယ်။ ဦးနှောက်ထဲက အမိုင်ဒလာ (amygdala) ဆိုတဲ့ ခံစားချက်အမျိုးမျိုးကိုတုန့်ပြန်တဲ့ အစိတ်အပိုင်းတစ်ခုရှိပါတယ်။ မကောင်းတာလုပ်ပြီးတိုင်း အပြစ်ရှိတယ်ဆိုတဲ့ခံစားချက်ကို အဲဒီအစိတ်အပိုင်းက ပေးပါတယ်။ ဒါပေမဲ့ မရိုးမသားလုပ်တဲ့ အကြိမ်ရေများလာတိုင်း အမိုင်ဒလာကလည်း ကျင့်သားရလာပြီး မကောင်းဘူး မလုပ်နဲ့ဆိုတဲ့ တုံ့ပြန်မှုတွေဟာ လျော့ကျလာပါတယ်။ ဒီလို အခြေအနေကို မရိုးသားမှုကို ကျင့်သားရလာတယ်လို့ လေ့လာသူတွေက ခေါ်ကြတယ်။ အရပ်စကားနဲ့ပြောမယ်ဆိုရင်တော့ တစ်ကြိမ်တစ်ခါ လိမ်မိရင် အပြစ်ရှိတယ်လို့ခံစားရတယ်။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အပြုသဘောဆောင်သောစိတ်ကို မြှင့်တင်၍ စိုးရိမ်ပူပန်မှုကိုလျှော့ချခြင်း

အပြုသဘောဆောင်သောစိတ် အကောင်းမြင်စိတ်ဆိုတာ ကျွန်တော်တို့ရဲ့ လက်ရှိပစ္စုပ္ပာန်ကို ရောင့်ရဲကျေနပ်နိုင်ခြင်း၊ အနာဂတ်အတွက် မိမိကိုယ်ကိုယုံကြည်ချက်အပြည့်နဲ့ ရှေ့ဆက်နိုင်ခြင်းပါပဲ။ အကောင်းမြင်စိတ်နဲ့ ဆန့်ကျင်ဘက်ကတော့ မိမိကိုယ်ကိုယုံကြည်မှုပျောက်ဆုံးပြီး စိုးရိမ်ပူပန်မှုများနေခြင်းပဲ ဖြစ်ပါတယ်။ ဒီနှစ်ချက်ဟာ အပြန်အလှန်ဆက်စပ်နေပါတယ်။ စိုးရိမ်ကြောင့်ကြများနေရင် အကောင်းမြင်စိတ်ထက် အပျက်ဖက်ကိုပဲ တွေးတောပြီး မိမိကိုယ်ကိုယုံကြည်မှုကို တည်ဆောက်လို့ မရနိုင်ပါဘူး။ စိုးရိမ်သောကဆိုတာ ကျွန်မတို့လုပ်ဆောင်နိုင်စွမ်းကို လျှော့တွက်မိရာကနေ စတင်ပါတယ်။ တဖက်မှာလည်း ကျွန်မတို့ရဲ့ အနာဂတ်မှာ ဆိုးရွားတာတွေပဲ ဖြစ်ပျက်တော့မယ်လို့ သာသာထိုးထိုး တွေးမိပြီး ပိုဆိုးသွားပါတယ် လို့ Brigham ဆေးရုံမှ စိတ်ကျန်းမာရေးပညာရှင် ဒေါက်တာဒါတီလိုက ဆိုပါတယ်။ လူသားများနဲ့ စိုးရိမ်သောကဆိုတာ ဟိုးရှေးခေတ်ကတည်းက ဒွန်တွဲနေခဲ့ပါတယ်။ ရှေးယခင်က နေ့စဉ် စားစရာ၊ သဘာဝဘေးအန္တရာယ်ကနေ ပုန်းခိုစရာအတွက် နိစ္စဓူ၀ ကြောင့်ကြခဲ့ရပါတယ်။ ဒီနေ့ ခေတ်ကာလမှာတော့ ခေတ်ရေစီးကြောင်းနဲ့ လူနေမှုအဆင့်အတန်းနဲ့ လိုက်မီအောင် စိုးရိမ်သောကများနေတတ်ကြပါတယ်။ ကျွန်တော်တို့ […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

သေကြောင်းကြံစည်ချင်တဲ့ အတွေးတွေကို ဒီလိုတိုက်ထုတ်ကြရအောင်

သေကြောင်းကြံစည်တယ်တဲ့၊ လူမှုနယ်ပယ်မှာတော့ ဒါဟာ မကြားဝံ့ မခံသာစရာ သတင်းတစ်ပုဒ်ပဲ။ စိတ်ထဲကနေ နင့်နေအောင် ခံစားနေရတာကို သည်းမခံနိုင်တော့အဆုံး အဆုံးစီရင်ဖို့ ကြိုးစားလိုက်တာကိုတော့ ကိုယ်တိုင်ခံစားဖူးမှပဲ သိနိုင်ပါလိမ့်မယ်။ ပြောရမယ်ဆိုရင် လူမှုပတ်ဝန်းကျင်ကပဲ ဒီလိုလူတွေကို သေကြောင်းကြံစည်လောက်တဲ့အထိ တွန်းအားပေးလိုက်တာပါပဲ။ လူရယ်လို့ ဖြစ်လာရင် ဘဝအခက်အခဲတွေနဲ့ အမြဲလိုလို ရင်ဆိုင်ရတာပါပဲ။ ဒီအခက်အခဲတွေပေါ် လူတစ်ယောက်က ဘယ်လိုမြင်သလဲ၊ ဘယ်လိုတွေးမလဲ၊ ဘယ်လိုဖြေရှင်းဖို့ ကြိုးစားလဲ၊ ကြီးပြင်းလာခဲ့ရတဲ့ မိသားစုအသိုင်းအဝိုင်းတွေ စတာတွေက လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးအပေါ် အများကြီးသက်ရောက်မှုရှိနိုင်ပါတယ်။ ကိုယ်ခန္ဓာအတွက်ကိုပဲ ဂရုစိုက်ပြီး စိတ်ကို ဂရုစိုက်ဖို့ မေ့သွားတဲ့အခါ ဒီဒဏ်ရာတွေက လုံးဝပျောက်ကင်းသွားတာမဟုတ်ပါဘူး။ သဲလေးဖုံးလိုက်ရုံလောက်ပဲ တတ်နိုင်ပြီး အကြောင်းတစ်ခုခုနဲ့ ပြန်တိုက်ဆိုင်လာတဲ့အခါ အရင်က ခံစားဖူးတဲ့ ဒဏ်ရာဝေဒနာ အကုန်လုံးက ဆနဲ့တိုးပြီး ပြန်တက်လာတာပါပဲ။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုစိတ်ဝေဒနာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း