စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

လူတွေကို အကြီးမားဆုံးပြောင်းလဲစေတဲ့ အရာတွေ

လူတွေဟာ ပြောင်းလဲမှုကို ကြောက်ကြတယ်၊ ကိုယ့်ဘဝကို ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ဒုက္ခပေးနေတဲ့ အကျင့်ဆိုးတစ်ခု၊ အကြောင်းအရာတစ်ခုကို ပြောင်းလဲခြင်းကို ကြောက်တဲ့စိတ်နဲ့ ဖယ်ရှားဖို့ကို ဝန်လေးကြတယ်။ အစားကိုအလွန်အကျူးစားတာ၊ အရက်၊ဆေးလိပ်ကို စွဲလမ်းတာ၊ အမြဲနောက်ကျနေတဲ့ အကျင့်ရှိတာ၊ အသုံးအဖြုန်းကြမ်းတာ စသဖြင့် ကိုယ့်ကျန်းမာရေး၊ လူမှုရေးကိစ္စတွေကို ထိခိုက်စေမယ့် အမူအကျင့်တွေကို စွန့်လွှတ်ဖို့၊ ပြောင်းလဲဖို့အတွက် ခက်ခဲကြတယ်။ ပြောင်းလဲခြင်းဆိုတာ မဖြစ်ခင်မှာ ပြောင်းလဲချင်တဲ့စိတ်ပေါ်လာဖို့ကို ပိုခက်တယ်။ ဒါဆိုရင် လူတွေကို ဘယ်လိုအရာတွေက ပြောင်းလဲချင်စိတ်ကို ဖြစ်စေတာလဲ။ ၁။ အမှုမဲ့အမှတ်မဲ့ပဲ။ တချို့ရှိတယ်။ ရုတ်တရက်ကြီး ပြောင်းလဲသွားတယ်၊ မကောင်းတဲ့အကျင့်တစ်ခုကို မလုပ်ဖို့ ကြိုးစားနေတာကြာပြီ၊ ဒါပေမဲ့ ဒီတစ်ခါတော့ တကယ်စွန့်လွှတ်လိုက်နိုင်တယ်။ ဒီလိုလူတွေကို ဘာကြောင့် လုပ်နိုင်သွားတာလဲမေးရင် သူတို့မှာအဖြေမရှိဘူး။ ဒီအတိုင်းပဲ လုပ်ချင်သွားတယ်၊ အရင်တုန်းက မဖြစ်နိုင်ဘူးလို့ထင်ခဲ့တာ အခုကတော့ လုပ်နိုင်သွားတယ်ဆိုပြီးပဲ ဖြေကြတယ်။ ၂။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အထာကျကျ ဒေါသထွက်ကြမယ်

ဒေါသ... လူတိုင်း‌ ဒေါသနဲ့ မကင်းနိုင်ပါဘူး။ လုပ်ငန်းခွင်မှာ အဆင်မပြေမှုတွေ‌ကြောင့် ဒေါသထွက်ရတာတွေရှိနိုင်သလို ချစ်သူရည်းစား၊ မိသားစုဝင်တွေအချင်းချင်းကြားမှာလည်း ကတောက်ကဆဖြစ်ပြီး ဒေါသထွက်ရတာမျိုးတွေလည်းရှိနိုင်ပါတယ်။ ထစ်ကနဲရှိ ဘာမှမဟုတ်တဲ့ ကိစ္စသေးသေးလေးတွေမှာတောင် ဒေါသအမျက်ကြီးတတ်ကြသူတွေရှိသလို  တချို့ကျတော့လည်း အကြာကြီးနေမှ တစိမ့်စိမ့်ပြန်တွေးပြီး ဒေါသထွက်တတ်တဲ့သူ‌တွေလည်းရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒေါသထွက်လာပြီ၊ အပြန်အလှန် ငြင်းကြခုန်ကြပြီဆိုရင် ကာယကံရှင်အတွက်ရော တစ်ဖက်သူအတွက်ပါ အဆင်မပြေစရာတွေ ထပ်တိုးဖြစ်လာတတ်ပါတယ်။ ဒေါသကြီးခြင်းဟာ ကျန်းမာရေးအရလည်း အောက်ပါဆိုးကျိုးများစွာပေးပါသေးတယ်။ ‌‌ ခေါင်းကိုက်ခြင်း၊ အစာမကြေခြင်း၊ အစာအိမ်ရောင်ခြင်း၊ ညအိပ်မပျော်ခြင်း၊ သွေးတိုးခြင်း၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း နဲ့ နှလုံးရောဂါဖြစ်နိုင်ချေ မြင့်မားခြင်းတို့ပဲ ဖြစ်ပါတယ်။ Tips to express your anger safely! လူတိုင်း ဒေါသထွက်တတ်ကြပေမယ့် ဒေါသကိုဖော်ပြတဲ့ပုံစံတွေကတော့ တစ် ေယာက်နဲ့ တစ် ေယာက်မတူကြပါဘူး။ ‌‌ဒေါသအလျောက် ချက်ချင်းတုံ့ပြန်လိုက်ခြင်းကြောင့် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ရုတ်တရက် ပြင်းထန်တဲ့ဝေဒနာတွေ ဘာကြောင့်ခံစားရသလဲ

စာဖတ်သူအနေနဲ့ အကြောင်းကိစ္စတစ်စုံတရာကြောင့် ရုတ်တရက်ဒေါသအရမ်းထွက်လာတဲ့အခါ နှလုံးခုန်အလွန်အမင်းမြန်ပြီး အသက်ရှူမဝတာတို့၊ခေါင်းမူးလာတာ၊နားထဲမှာ တစီစီမြည်သံတွေကြားလာတာ ဒါမှမဟုတ် တခြားလက္ခဏာတွေ ဖြစ်တတ်ပါသလား။ အကယ်၍ ဒီလိုတွေခံစားရတယ်ဆိုရင် မိတ်ဆွေရဲ့ခန္ဓာကိုယ်အနေနဲ့ Panic attack လို့သတ်မှတ်ထားတဲ့ ရုတ်တရက်ဝေနာအပြင်းအထန် ဖြစ်လေ့ဖြစ်ထရှိနေပါပြီ။ အဆိုပါ Panic attack ခံစားရတဲ့သူအများစုက သူတို့ကိုယ်သူတို့ နှလုံးမကောင်းလို့၊နှလုံးအားနည်းလို့လို့ပဲ ထင်တတ်ကြပါတယ်။ဒီလိုလက္ခဏာတွေဟာ လူ့ခန္ဓာကိုယ်မှာ ဖြစ်ပေါ်ပြီး ၁၅ မိနစ်အတွင်းမှာပဲ ပျောက်ကွယ်သွားတတ်လို့ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုကိုတော့ မြင်ရမှာ မဟုတ်ပေမဲ့ အထူးသဖြင့် ခိုက်ရန်ဖြစ်ပွားနေတဲ့အချိန်မျိုးမှာ ခန္ဓာကိုယ်က ဒါမျိုးသိသိသာသာဖြစ်လာတတ်ပါတယ်။အပြင်းအထန်လှုပ်ရှားရုန်းကန်နေရတဲ့အချိန်မျိုးမှာဆိုရင် ခန္ဓာကိုယ်က အောက်စီဂျင်ကို ပိုလိုအပ်ပါတယ်။ အသက်ရှူတွေ ပိုမြန်လာမယ်၊ နှလုံးခုန်ပိုမြန်စေတဲ့ ဟော်မုန်းတွေ ပိုထုတ်ပေးလာမယ်၊ကြွက်သားတွေ ပိုပြီးတောင့်တင်းလာမယ်။တကယ်လို့ ဒီလိုတွေခံစားရအပြီးမှာ ရင်ဘက်အောင့်တာနဲ့ ဖျားနာမှုဖြစ်ပေါ်လာပြီဆိုရင်တော့ သင့်မှာ ဒေါသကြောင့် ပုံမှန်မဟုတ်တဲ့၊ ကစဉ့်ကလျားဖြစ်တတ်တဲ့ ဝေဒနာအချို့ ရှိနေပြီဆိုတာ သေချာသွားပါပြီ။ အဲဒီတော့ မဖြစ်အောင် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ဒေါသကို လွယ်ကူစွာ ချုပ်ထိန်းခြင်းအနုပညာ

ဒေါသကို သာမန်လူတိုင်း ထွက်ဖူးကြပါတယ်။ ဒေါသဟာ လူတွေ တွေ့ကြုံခံစားရတဲ့ စိတ်ခံစားမှုတွေထဲက သာမန်စိတ်ခံစားမှုတစ်ခုပါပဲ။ ဒေါသထွက်တာကို လူတော်တော်များများက မကောင်းဘူးလို့ ထင်မြင်ယူဆကြပေမဲ့ ဒေါသကနေ ရလဒ်ကောင်းတွေယူဆောင်လာနိုင်ချေကလည်း အများကြီးပါ။ ဥပမာ - ကိုယ့်ကို မတရားဖိနှိပ်ညှင်းဆဲတာကို ဒေါသထွက်တတ်ရမယ်၊ ငြိမ်ခံနေခြင်းမျိုးမဟုတ်ဘဲ ဖြေရှင်းရမယ့်အရာဆိုတာ သိရမယ်။ ဒီလိုဆို… ဒေါသရဲ့ ကောင်းကျိုးတွေပေါ့။ သို့သော် ကိုယ်ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ဒေါသပမာဏတော့ ဖြစ်ရမယ်။ မဟုတ်ရင် ဒီဒေါသစိတ်က ကိုယ့်ကို ဝါးမျိုသွားပြီး ဆုံးဖြတ်ချက်ချရာမှာ မှားယွင်းသွားစေနိုင်ပြီး နောင်တရစရာ ရလဒ်ဆိုးများဖြစ်တဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ပျက်စီးသွားတာ၊ ပြန်ပြင်ဆင်လို့မရနိုင်တဲ့ အမှားမျိုးတွေလုပ်မိသွားတာတွေ ဖြစ်သွားနိုင်ပါတယ်။ ဒီလို နောင်တရစရာတွေ မဖြစ်ခင် Anger Management ဆိုတဲ့ ဒေါသစိတ်ကို ထိန်းချုပ်စီမံမှုမျိုးပြုလုပ်တတ်ရပါမယ်။ အဲ့ဒီအတွက်လည်း ကိုယ့်ဒေါသ ငယ်ထိပ်မရောက်ခင် ကိုယ်တိုင်သတိပြုမိပြီး […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ဖန်တီးနိုင်စွမ်း ပိုကောင်းလာဖို့ ကိုယ့်ရဲ့စိတ်ကိုပြုပြင်ကြမယ်

အလုပ်ခွင်မှာ အရေးကြီးဆုံးကလေ ညမိုးချုပ်ထိအလုပ်လုပ်ဖို့လည်းမဟုတ်ဘူး၊ မိုးမလင်းခင်တည်းက လာအလုပ်လုပ်ဖို့လည်းမဟုတ်ဘူး၊ လူကြီးအမြင်ကြည်အောင်လုပ်ဖို့လည်းမဟုတ်ဘူး။ ကိုယ့်ရဲ့ ဖန်တီးနိုင်စွမ်း (creativity)နဲ့ လုပ်နိုင်စွမ်း(productivity) ကောင်းဖို့က အဓိကပါပဲ။ ဖန်တီးနိုင်စွမ်း ပိုကောင်းလာဖို့ ကိုယ့်ရဲ့စိတ်ကိုပြုပြင်ကြမယ် ဒါပေမယ့် ကိုယ့်မှာ အဲ့အပိုင်းကိုပဲ အရင်ကထက်ကျဆင်းလာပြီး စိတ်ဖိစီးမှုတွေပဲ ထမ်းပိုးလာရတယ်ဆို ပုံမှန်မဟုတ်တော့ပါဘူး။ ဒီလိုဆို အမြန်ကုစားဖို့လိုနေပါပြီ။ အလုပ်တွေပိုလုပ်နိုင်လာဖို့က ဘာကိုလိုအပ်မယ်ထင်ပါသလဲ။ အရင်ဆုံး - ကိုယ့်စွမ်းရည်တွေကို အဟန့်အတားဖြစ်နေတဲ့အရာတွေ ဘာတွေရှိမလဲဆိုတာကို ပြန်သုံးသပ်ပါ။ ကိုယ့်အတွေးတွေကို ဆန်းစစ်ပါ ပထမဆုံး ကိုယ့်ခေါင်းထဲပေါ်ပေါ်လာတဲ့ အတွေးတွေကို တစ်ချက်ပြန်ဆန်းစစ်ပါ။ လူဆိုတာ အကျင့်ပါတတ်တဲ့အမျိုးမို့ အဆိုးမြင်တာ၊ အပြစ်တင်တာ၊ ကြိုတွေးပူတာတွေလို ကိုယ့်စိတ်မှာ အဆိပ်ဖြစ်စေမယ့် အတွေးတွေ ဖြစ်လာတယ်ဆို အကျင့်မပါပါစေနဲ့။ အကောင်းမြင်ဘက်က အတွေးတွေကို မွေးမြူပါ။ စိတ်ဖိစီးတာ၊ ပူပန်တာတွေကြောင့် အကျိုးရှိမလာနိုင်တာမို့ ဒါတွေ တွေးမယ့်အစား ဖြေရှင်းဖို့ကို အရင်တွေးပါ။ ရှုထောင့်ပြောင်းပြီး ကောင်းတဲ့ဘက်က […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ဒေါသ​ကြောင့် ထိခိုက်လာနိုင်တဲ့ ကျန်းမာရေး

ဒေါသတွေထွက်လာတိုင်း ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်ဖို့ ကြိုးစားပါ။ အကြောင်းကတော့ ဒေါသအလျောက်လုပ်မိတဲ့ အပြုအမူက လူမှုဆက်ဆံရေးမှာ ထိခိုက်စေနိုင်တာကြောင့်ပါ။ ဖြစ်နိုင်ရင်တော့ ဒေါမဖြစ်တာက အကောင်းဆုံးပေါ့။ အကြောင်းကတော့ ဒေါသအလျောက်ပြုမူတာကြောင့် လူမှုဆက်ဆံရေးမှာတင် ထိခိုက်တာမဟုတ်ဘဲ ခန္ဓာကိုယ်မှာပါ ထိခိုက်တာတွေရှိလာနိုင်တာကြောင့်ပါ။ ဒေါသကြောင့် ထိခိုက်လာနိုင်တဲ့ ကျန်းမာရေး................. ဒေါထွက်တယ်ဆိုတာက စကားအနေနဲ့ပြောတာပဲကောင်းပါတယ်။ တကယ်ကိုဒေါသထွက်လာတဲ့အခါဆက်ဆံရေးတင်ထိခိုက်တာမဟုတ်ဘဲ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒေါသထွက်တာက နှလုံးထိခိုက်စေနိုင်တယ်  ဒေါသထွက်လာတဲ့အခါ နှလုံးခုန်မြန်လာတာကို သတိထားမိရဲ့လား။ ဒေါသထွက်တာက နှလုံးခုန်နှုန်းကိုတင် မြန်စေတာမဟုတ်ပါဘူး။ ဒေါသထွက်တာက နှလုံးကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တာပါ။ မြောက်ကယ်လ်ရိုလိုင်းနားတက္ကသိုလ်တစ်ခုကပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ ၂ နာရီကြာဒေါသထွက်တာက ရုတ်တရက်နှလုံးရပ်တန့်နိုင်ခြေကို ပုံမှန်ထက် ၂ ဆ တိုးစေနိုင်တယ်၊ လို့ဆိုပါတယ်။ ဒေါသထွက်တာက တိုက်ရိုက်မဟုတ်ရင်တောင် သွယ်ဝိုက်တဲ့နည်းနဲ့ နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒေါသထွက်တဲ့အခါ ချက်ချင်းဖြေရှင်းဖို့လုပ်ပါ။ တနုံ့နုံ့တွေးပြီးဒေါသမထွက်ပါနဲ့။ တနုံ့နုံ့တွေးနေတာက နှလုံးထိခိုက်နိုင်ခြေပိုများစေနိုင်တာကြောင့်ပါ။ ဒေါသထွက်တာက လေဖြတ်စေနိုင်တယ် ဒေါသထွက်တာက ဦးနှောက်တွင်းမှာ သွေးခဲနိုင်ခြေမြင့်စေသလို ဦးနှောက်သွေးယိုစီးနိုင်ခြေကို […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အလုပ်တွေများလည်း ဒီနည်းလေးတွေနဲ့ မိသားစုကိုအချိန်ပေးရအောင်

ကိုယ့်ရဲ့မျိုးဆက်သစ် သားသမီးတွေကို အဆင့်အတန်းမြင့်မြင့်ထားပေးနိုင်ဖို့နဲ့ မိသားစုသာယာပျော်ရွှင်နိုင်ဖို့ လူတိုင်းဆန္ဒရှိကြပါတယ်။ ဒါနဲ့ပဲ ဖေဖေမေမေက အလုပ်တွေဖိလုပ်၊ ကလေးတွေကို ကလေးထိန်းနဲ့ထား၊ ဒါမှမဟုတ် အဖိုးအဖွားတွေလက်မှာအပ်ထားတာမျိုးတွေ အများကြီးပါ။ မိဘကတော့ ဘဝအတွက်အချိန်မလပ် ကြိုးစားနေပေမယ့် သားသားမီးမီးတို့ ဒီအရွယ်မှာ လိုအပ်တာက ငွေနဲ့တင်မလုံလောက်ပါဘူး။ အလုပ်ကြိုးစားတာလည်း လုပ်ပါ၊ အဲဒီအထဲကမှ အချိန်ကို ရအောင်ဖဲ့ပြီး မိသားစုအတွက် အချိန်ပေးနိုင်မယ့် နည်းလမ်းလေးတွေ သိရမယ်ဆို ပိုအဆင်မပြေဘူးလား။ အထူးသဖြင့် အားလပ်ရက်လေးတွေမှာ အချိန်သိပ်မရရင်တောင် ဒီထဲက တစ်ချက်လောက်ဖြစ်ဖြစ်လုပ်ကြည့်ပါ။ ခရီးထွက်တာကလွဲလို့ အချိန်သိပ်မပေးရသလို ခက်ခဲတဲ့အရာတွေလည်း မဟုတ်တာမို့ ဖေဖေမေမေတို့ ကြိုးစားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ (၁) အစီအစဉ်ဆွဲပါ ရေခဲသေတ္တာနားမှာ ဒါမှမဟုတ် မိသားစုဝင်အကုန်လုံးမြင်နိုင်တဲ့တစ်နေရာရာမှာ ပြက္ခဒိန်ကပ်ထားပေးပြီး နောက်တစ်ပတ်အတွက် ဘာအစီအစဉ်ရှိသလဲ ကြည့်ပါ။ ဗျာများနေရတဲ့ရက်တွေနဲ့ အလုပ်သိပ်မများတဲ့ ရက်တွေကို အချိန်ညှိပြီး သိပ်အရေးမကြီးတဲ့ကိစ္စတွေကို နောက်ရွှေ့သင့်ရွှေ့ပါ။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

လုပ်ငန်းခွင်မှာ ယုံကြည်မှုမြှင့်တင်နိုင်စေမယ့်အချက် ၅ ချက်

ယုံကြည်မှုဆိုတာက အမျိုးသမီးတွေကို ကိုယ်ပိုင်လုပ်ငန်းတစ်ခုမစတင်အောင်ဟန့်တားတဲ့ အချက်တစ်ချက်ဖြစ်သလို လုပ်ငန်းလုပ်ဆောင်မှုတွေကိုလည်းဟန့်တားနေတဲ့အချက်လည်းဖြစ်ပါတယ်။ ယုံကြည်မှုဆိုတာကမွေးကတည်းပါလာတဲ့ အရည်အသွေးတစ်ရပ်မဟုတ်ပါဘူး။ ယုံကြည်မှုကို တိုးတက်အောင် လုပ်ဆောင်နိုင်သလို မွေးမြူတည်ဆောက်လို့လည်းရပါတယ်။ ယုံကြည်မှုကိုဘယ်လိုမြှင့်တင်မလဲ....... ၁။ ယုံကြည်မှုရှိအောင်ပြင်ဆင်ပါ အချိန်ယူပြီး တွေ့ကြုံရတဲ့အခြေအနေတိုင်းအတွက်လိုအပ်တဲ့အရာတွေကို ကြိုတင်ပြင်ဆင်တာတွေ၊ အစီအစဉ် ရေးဆွဲတာမျိုးတွေ လုပ်ကြည့်ပါ။ သည်လိုလုပ်ဆောင်တာကသင့်ကို ယုံကြည်မှုရှိလာစေဖို့အတွက် အမှန်တကယ် အကျိုးသက်ရောက်မှုရှိစေမှာဖြစ်သလို အသုံးဝင်စေမှာလည်းဖြစ်ပါတယ်။ ချိန်းထားတဲ့နေရာကို အချိန်မီ ရောက်အောင်သွားတာ၊ သပ်သပ်ရပ်ရပ်ဝတ်စားတာနဲ့ ယူဆောင်သွားရမယ့်အရာတွေကို ကြိုတင်ပြင်ဆင်တာတွေ ကိုလုပ်ကြည့်ပါ။ သည်အချက်တွေက သင့်ကို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလာအောင်လုပ်ဆောင်ပေးမယ့် အကောင်းဆုံးသောအစပျိုးမှုတွေပဲဖြစ်ပါတယ်။ ၂။ ပင်ကိုအစွမ်းအစကို သိရှိပါစေ ကြိုတင်အစီအစဉ်ရေးဆွဲမှုက ယုံကြည်မှုကိုမြှင့်တင်ပေးတဲ့အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ ပင်ကိုအစွမ်းအစကို အမှန်တကယ်သိနားလည်မှုကနေဖြစ်ပေါ်လာတဲ့ ယုံကြည်မှုရှိတဲ့ခံစားချက်ကိုဘယ်အရာနဲ့မှ အစားမထိုးနိုင်ပါဘူး။ အချက်အလက်အကြောင်းအရာတွေကို အမှန်တကယ်တတ်မြောက်သိရှိထားမှုက စွမ်းအင်တစ်မျိုးဖြစ်ပြီး သည်စွမ်းအင်ဟာ စဉ်းစားချင့်ချိန်နိုင်စွမ်းရှိတဲ့ယုံကြည်မှုကိုတည်ဆောက်တဲ့အခါမှာအထောက်အပံ့ပေးပြီး ကိုယ်ကျွမ်းကျင်ရာနယ်ပယ်ကိုတိုးတက်အောင်ဆောင်ရွက်နိုင်စေမယ့် အခွင့်အရေးတိုင်းကိုရယူနိုင်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ သင့်ရဲ့အယူအဆ၊အတွေ့အကြုံနဲ့ကျွမ်းကျင်မှုတို့ကို ယုံကြည်မှုရှိရှိနဲ့ မျှဝေနိုင်မှာဖြစ်ပါတယ်။ ၃။ အကြောက်တရားကြောင့်လုပ်ဆောင်နေတာတွေကိုမရပ်တန့်စေပါနဲ့ ကျွန်မအနေနဲ့သင့်ကို အဆုံးစွန်ထိစွန့်စားလုပ်ဆောင်ကြည့်ပြီး လုပ်ဆောင်နေတဲ့အလုပ်ဆုံးရှုံးသွားတဲ့အခါ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ရုန်းထွက်ဖို့အတွက် နည်းလမ်းက ရင်ဆိုင်ဖို့ပါပဲ။

ခုလက်တလော ရုံတင်ထားတဲ့ Now and ever ရုပ်ရှင်မှာ မင်းသမီးဖြစ်တဲ့ ဝတ်မှုံ (ပိုင်ဖြိုးသု) မှာ ဆိုက်ကိုးစစ်စ် (psychosis) ဆိုတဲ့ စိတ်ရောဂါရှိတယ်ပေါ့နော်။ ငယ်ဘဝမှာ ဆိုးဆိုးရွားရွား အဖြစ်အပျက်တစ်ခုကြောင့် စိတ်ဒဏ်ရာကြီးကြီးမားမားရခဲ့တယ်။ အဲဒီစိတ်ဒဏ်ရာက ဒီစိတ်ရောဂါဖြစ်ဖို့ အကြောင်းဖြစ်လာခဲ့တယ်။ အဲ့ဒီအဖြစ်အပျက်ထဲမှာပါတဲ့ ကြောက်စရာကောင်းတဲ့ အခြေအနေတွေကို တကယ်အပြင်မှာ ရှိသလိုမျိုးတွေ ခဏ ခဏမြင်တယ် ကြားတယ်၊ လူအကောင်အထည်လိုက်ကြီးတွေကို မြင်တယ်၊ ဒါမှမဟုတ်ရင် အိပ်မက်ဆိုးတွေပြန်မက်တယ်။ သူ့ကိုယ်သူလဲ ဒါဟာ အိပ်မက်လား၊ အပြင်မှာ တကယ်ဖြစ်နေတာလားကို မခွဲခြားနိုင်ဘူး။ သူစိတ်ရောဂါကြောင့် ကယောင်ကတန်း မြင်နေရတဲ့လူတစ်ယောက်က သူ့ကိုခိုင်းတာတွေကို အပြင်မှာ တကယ်လုပ်တယ်။ ဒါကို hallucination လို့ခေါ်ပါတယ်၊ တကယ်မရှိတဲ့အရာတွေကို မြင်တယ်၊ ကြားတယ်။ Hallucination တွေဟာ များသောအားဖြင့် ကိုယ်ကြောက်လန့်တဲ့အရာတွေကို အခြေခံပါတယ်။ ရုပ်ရှင်ထဲမှာ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ကိုယ့်ကိုယ်ကို ယုံကြည်မှုမြင့်မားလာအောင် ဘယ်လိုတည်ဆောက်မလဲ

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမြင့်မားခြင်းဟာ လူတစ်ယောက်ရဲ့ စိတ်ရောခန္ဓာကိုယ်ပါ ကျန်းမာစေတဲ့အပြင် နေထိုင်လို့ကောင်းစေပြီး အောင်မြင်မှုကိုလည်း ဆောင်ကြဉ်းပေးပါတယ်။ လူတိုင်းဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့တွဲပြီးမွေးလာကြတာမဟုတ်ပါဘူး။ ကိုယ့်ဖာသာကိုယ်တည်ဆောက်ယူရတာပါ။ လူတစ်ယောက်အောင်မြင်ဖို့ဆိုရင် ဘယ်အရာကြုံလာ ကြုံလာ မတုန်လှုပ်တတ်ဖို့နဲ့ ဘယ်သူရိုက်ချိုးလဲ ပျက်စီးမသွားတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမျိုး မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့် ဘယ်လို စိန်ခေါ်မှုမျိုးကိုပဲ ကြုံနေရသည်ဖြစ်စေ၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားဖို့နဲ့ ယုံကြည်မှုမြင့်မားလာစေဖို့ လိုက်နာကျင့်သုံးသင့်တဲ့ အချက်တွေကို တင်ပြပေးလိုက်ပါတယ်။  (၁) သင်ဖြစ်ချင်နေတဲ့ဘ၀မှာသင်ရောက်နေပြီလို့ ကိုယ့်ကိုယ်ကို မြင်ယောင်ပါ။  ကိုယ့်ကိုယ်ကို ဂုဏ်ယူရတဲ့ လူတစ်ယောက်အဖြစ်၊ ကိုယ်လိုချင်တဲ့ဘဝကို ပိုင်ဆိုင်ထားပြီးတဲ့ အခြေအနေမျိုးနဲ့ အာရုံထဲမှာ ကြိုတင်မြင်ယောင်ပုံဖော်ကြည့်ပါ။ ဒါက ဦးနှောက်ကို အပေါင်းလက္ခဏာဆောင်တဲ့ အတွေးတွေပိုမိုဖြစ်ပေါ်လာစေပြီး တကယ်လဲ လက်တွေ့မှာ အောင်မြင်မှုနဲ့ နီးကပ်သွားစေပါတယ်။ (၂)သင့်ကိုကြောက်စေတဲ့အရာကို တစ်နေ့တစ်ခုလုပ်ပါ။  သင်ကိုယ့်ကိုယ်ကိုယ်မယုံကြည် မလုံမခြုံဖြစ်နေတယ် ဆိုပါစို့။ သိထားရမှာက တစ်လောကလုံးက ကျန်တဲ့လူတွေလဲ သင့်လိုပဲ မလုံမခြုံဖြစ်နေကြတယ်ဆိုတာပါပဲ။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း