စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

ပျော်ရွှင်ခြင်း ရှာပုံတော် (၂)

ခန္ဓာကိုယ်မှာ Stress mechanism ဆိုတာရှိတယ်။ အရေးပေါ်အခြေအနေတွေနဲ့ကြုံလာပြီဆိုရင် ခန္ဓာကိုယ်ကနေ တုံ့ပြန်တဲ့အခြေအနေတွေပေါ့။ ပတ်ဝန်းကျင်က ဘေးအန္တရာယ်ရှိတယ် ကိုယ့်ကိုခြိမ်းခြောက်နိုင်တယ်ဆိုတဲ့အခြေအနေမျိုးမှာ stress mechanism အလုပ်လုပ်ပြီး ရင်ဆိုင်မလား ပြေးမလား (fight or flight reaction) ဆိုတဲ့လုပ်ငန်းစဉ်ဖြစ်ပေါ်လာတယ်။ ဒီလုပ်ငန်းစဉ်အတွက် ခန္ဓာကိုယ်ကို အသင့်ပြင်ပေးလိုက်တယ်။ စိတ်ဖိစီးမှုလို့ဆိုကြပေမယ့် ဒီလုပ်ငန်းစဉ်ရဲ့ တကယ့်ရည်ရွယ်ချက်က ခန္ဓာကိုယ်ကို ကာကွယ်ပြီး အသင့်ဖြစ်နေဖို့ပါ။ ဒီအတွက် ဘာတွေဖြစ်လာလဲဆိုတော့ နှလုံးခုန်မြန်လာတယ်၊ ကြွက်သားတွေတောင့်တင်းသွားတယ်၊ အသက်ရှူမြန်လာတယ်၊ အာရုံခံစားမှုတွေသွက်လက်လာတယ်၊ တုံ့ပြန်မှုတွေမြန်ဆန်လာတယ်။ ဒီပြောင်းလဲမှုတွေကိုကြည့်ရင် တိုက်ခိုက်ဖို့အတွက် ဒါမှမဟုတ် ထွက်ပြေးဖို့အတွက် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကို သိနိုင်လိမ့်မယ်။ ပြဿနာက Stress mechanism ကိုလုပ်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေက တကယ့်အပြင်မှာဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေကို မခွဲခြားနိုင်ဘူး။ ဒီမှာတင် အလုပ်ကိစ္စ၊ ပေါင်းသင်းဆက်ဆံရေး၊ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ဘဝမှာအောင်မြင်တဲ့သူတစ်ယောက်အဖြစ် လူတိုင်းရပ်တည်နိုင်ပါတယ်

လူတစ်ယောက်စီတိုင်းမှာ အားနည်းချက်ရှိသလို အားသာချက်ကိုယ်စီလည်းရှိကြပါတယ်။ အောင်မြင်နေသူတွေက သူတို့ရဲ့ အားသာချက်ကို ပိုပြီးကောင်းသထက်ကောင်းအောင် ကြိုးစားပျိုးထောင်ခဲ့သူတွေပေါ့။ အရည်အသွေးက ဓားသွားလိုပါပဲ။ သွေးလေထက်လေပါ။ ဒါကြောင့် ကြိုးစားမှုနဲ့ ဝီရိယသာပြည့်စုံရင် လူတိုင်းအောင်မြင်နိုင်ပါတယ်။ ခေါင်းဆောင်နိုင်စွမ်းနဲ့ အောင်မြင်အောင်လုပ်ဆောင်နိုင်မှုက မွေးရာပါအရည်အသွေးမဟုတ်ပါ လူတော်တော်များများပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။ ဒါကတော့ သူကအောင်မြင်မှာပေါ့.။ သူကတော်တယ်လေ။ ခေါင်းဆောင်နိုင်စွမ်းလည်းရှိတယ်လေဆိုတဲ့စကားလေ။ ကိုယ်တိုင်ရောပြောမိသေးလား….. ဒါဆိုရင် မေးချင်တာတစ်ခုက ဒီတိုင်းပဲ ထိုင်အားကျနေတော့မလား ကိုယ့်ကိုယ်ကိုယ်ရော မပျိုးထောင်တော့ဘူးလားဆိုတာပါ။ ဒီနေရာမှာပြောချင်တာက ခေါင်းဆောင်နိုင်စွမ်း နဲ့ အောင်မြင်အောင် လုပ်ဆောင်နိုင်စွမ်းတွေက မွေးရာပါအရည်အချင်းဆိုပေမယ့် မွေးမြူပျိုးထောင်ယူလို့ရတယ်ဆိုတာပါ။ အားကျမနေဘဲ ကိုယ်တိုင်ပျိုးထောင်ယူပါ အောင်မြင်သူတွေက အခြားသူတွေထက် ပိုကြိုးစားတတ်ကြသူတေါဆိုတာကို သတိထားမိလား။ ဘဝမှာအောင်မြင်ခဲ့သူ တော်တော်များများက သူတို့ရဲ့ အချိန်တွေကို အကျိုးရှိရှိအသုံးချရင်းကုန်ဆုံးခဲ့ကြတာပါ။ အချိန်ကို အလဟသဖြုန်းပစ်တတ် သူတွေမဟုတ်ပါဘူး။ အချိန်တိုင်းမှာ အကျိုးရှိအောင် စဉ်ဆက်မပြတ် ကြိုးစားမှုကပဲ အောင်မြင်သူအဖြစ် ရပ်တည်စေဖို့ အကောင်းဆုံးတွန်းပို့ပေးခဲ့တာပါ။ လမ်းပြတဲ့သူရှိရင်တောင်မှာ […]


စွဲလမ်းမှုပြဿနာများ

မိုဘိုင်းဖုန်းနဲ့ လမ်းခွဲနည်း

"……. and 10 others liked your post." ဒီစာကြောင်းလေးကို ကိုယ်တစ်နေ့မှာ ဘယ်နှခါမြင်တယ်လို့ထင်လဲ။ ဒါဆိုရင် ဒီ ဖုန်းထဲက တစ်ယောက်ယောက်က ကိုယ့် post ကို like လုပ်လိုက်ပါတယ်ဆိုတဲ့ ဘာမဟုတ်တဲ့ နိုတီ (notification) လေးကြောင့် တစ်နေ့မှာ ဘယ်နှစ်ကြိမ်လောက် ဖုန်းကို ကြည့်မိတတ်ကြလဲ။ နိုတီလေးဝင်လာလို့ ခဏဖုန်းကို ကြည့်မိရာကနေ မိနစ် ၃၀ လောက် ဖုန်းပေါ်မှာ အချိန်ဖြုန်းမိသွားတာမျိုးရော ဖြစ်ဖူးလား။ ဖုန်းက အသံတစ်ခုခုကြောင့် အလုပ်တစ်ခုကို အာရုံစိုက်နေရာကနေ စိတ်တွေပြန့်လွှင့်သွားပြီးတော့ လုပ်စရာတွေကို ဆက်မလုပ်ဖြစ်တာလည်း ဖြစ်ဖူးကြမယ်လို့ ထင်ပါတယ်နော်။ စစ်တမ်းတွေအရ လူတစ်ယောက်ဟာ ပျမ်းမျှ ဖုန်းကို အကြိမ် ၁၁၀ လောက် ကိုင်ကြပါတယ်တဲ့။ မိုဘိုင်းဖုန်းကို စွဲလမ်းတာဟာ နောက်ပိုင်းမှာ ရောဂါလို့တောင် သတ်မှတ်နေကြပါပြီ။ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

မင်း ဘာကိုရွေးပြီး ကြောက်နေမှာလဲ (Phobias)

ဖြစ်ဖူးလား။ ရေမြောင်းလေးတစ်ခုကိုခြေလှမ်းကျော်လိုက်ဖို့ တွန့်ဆုတ်နေတာမျိုး။ တွေ့ဖူးလား။ တချို့တွေ ဖားမြင်ရင်သေမလောက်ကြောက်လန့်ရပြီး သတိလစ်တဲ့အထိဖြစ်တာမျိုး။ ဒါတွေက အပိုဟန်လုပ်ပြီး အဖြစ်သည်းနေတာတွေမဟုတ်ကြပါဘူး။ သူတို့ဖြစ်နေတာက Phobia ( တစ်စုံတစ်ခုကို အကြောင်းရင်းမဲ့ကြောက်စိတ်ဝင်ခြင်း)။ Phobias ဆိုတာ တစ်စုံတစ်ရာကို အကြောင်းရင်းမရှိကြောက်ရွံ့တတ်တဲ့စိတ်ဖြစ်ပါတယ်။ phobia ရှိနေပြီဆိုရင် အဲဒီတစ်ခုခုကိုပဲရှောင်လွှဲဖို့တတ်နိုင်သမျှ ကြိုးစားကြလေ့ရှိပါတယ်။ ဒီလိုကြောက်စိတ်ဖြစ်နေတာ ယုတ္တိမရှိမှန်းလည်းသိပါရဲ့။ဖြေဖျောက်ဖို့ကြိုးစားရင်း ပိုပိုပြီး စိတ်ပင်ပန်းနေရတာဖြစ်ပါတယ်။ ဘာမဆိုကြောက်နေတာတော့မဟုတ်ပါဘူး။ တကယ်တမ်း ဘာအန္တရာယ်မှမရှိဘဲလည်း အရာတစ်ခု သို့မဟုတ် အခြေအနေတစ်ခုတည်းကိုပဲ အမြဲကြောက်နေတာမျိုးပါ။ ဥပမာ - တိရစ္ဆာန်တွေကိုကြောက်စိတ်ဝင်ခြင်း -ခွေးကြောက်တာ ၊ပိုးဟပ်ကြောက်တာ၊ ကြွက် သို့မဟုတ် ဖား ကိုမြင်ရင်သွေးပျက်အောင်ကြောက်တာ၊ စတာတွေဖြစ်ပါတယ်။ ပင့်ကူကြောက်တာ (Arachnophobia )၊မြွေကြောက်တာ (Ophidiophobia )၊ လျှပ်စီးလက်ရင်၊ မိုးခြိမ်းရင်ကြောက်တာ (Astraphobia )တွေလည်း ပါဝင်ပါတယ်။ ခွေးကြောက်တာ (Cynophobia) ဆိုရင် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အကယ်၍သာ….. ဆိုတဲ့အတွေးတွေ နှိပ်စက်နေပြီလား။

အကယ်၍ စာမေးပွဲမအောင်ခဲ့ရင် ငါဘာဆက်လုပ်ရမလဲ။ အကယ်၍ ငါရွေးချယ်တဲ့လမ်းကမှားနေတယ်ဆိုရင် ပြန်ပြောင်းဖို့အချိန်ရှိပမလား။ အကယ်၍ ဒီအလုပ်ကို မရခဲ့ရင် ဘယ်လိုလုပ်ရမလဲ။ အကယ်၍ ငါ့မိဘတွေသာ မရှိတော့ဘူးဆို ငါဘယ်လိုဆက်ရှင်သန်မလဲ။ အကယ်၍ ချစ်သူက ဖောက်ပြန်နေခဲ့ရင်။ အကယ်၍ ကုလို့မရတဲ့ ရောဂါဝင်လာခဲ့ရင်။ အကယ်၍ အကယ်၍ ပေါင်းများစွာကို လူတွေအားလုံးနေ့စဉ်ကြုံတွေ့ကြရပါတယ်။ စဉ်းစားကြည့်ရင် ဒီလိုတွေးတာဟာ မကောင်းတာတော့မဟုတ်ပါဘူး။ လူတွေရဲ့ စိတ်သဘော သဘာဝကိုက မသေချာခြင်းတွေများနေတဲ့ အခြေအနေတွေကို မေးခွန်းထုတ်တတ်ကြပါတယ်။ မသေချာတာခြင်းတွေကို ဦးနှောက်က စိတ်ပူပန်ဖို့ ကြောက်ရွံ့တွန့်ဆုတ်ခြင်း တွေကို ဖြစ်စေတယ်။ ဥပမာ ရေလမ်းခရီးသွားတဲ့အခါ အကယ်၍ ရေထဲကျ သွားရင် ဘယ်လိုလုပ်မလဲဆိုတဲ့ စိုးရိမ်မှုကြောင့် အသက်ကယ်အင်္ကျီကိုဝတ်ဆင်တယ်ဆိုတာ မှန်ကန်တဲ့ အပြုအမူပါ။ အသက်ကယ် အင်္ကျီဝတ်ထားရက်နဲ့ကို အကယ်၍ အသက်ကယ်အကျီၤကြီး ကျွတ်သွားခဲ့ရင်၊ ပြဲသွားခဲ့ရင် ရေနစ်သွားတော့မှာဆိုတဲ့ အတွေးမျိုးဆိုရင်တော့ စိတ်ပူပန်မှုတွေလွန်ကဲနေကြောင်း ပြနေပါပြီ။ စိတ်ပူပန်မှုဆိုတာတော့ နေ့စဉ်ရှင်သန်ခြင်းအတွက် လိုအပ်နေပါသေးတယ်။ ဘေးအန္တရာယ်တွေ၊ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ညစ်နေတဲ့သူကို မပြောသင့်တဲ့စကား ၁၀ ခွန်း

စိတ်ညစ်နေတဲ့သူကို မပြောသင့်တဲ့စကား ကိုယ့်သူငယ်ချင်းတစ်ယောက်၊ ချစ်သူ၊ မိသားစုဝင်တစ်ယောက်ယောက် အရမ်း စိတ်ထိခိုက်နေတဲ့ချိန်မှာ နှစ်သိမ့်ပေးဖို့၊ သက်သာအောင် လုပ်ပေးဖို့ ကြိုးစားပေမယ့် ဘာပြောရမှန်းမသိဖြစ်ဖူးလား။ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင် စိတ်ဓာတ်ကျနေတဲ့ချိန်မှာ ဘေးလူပြောတဲ့စကားတစ်ခွန်းကြောင့် ပိုဆိုးသွားတာမျိုးကြုံဖူးလား။ ဘေးလူတွေကတော့ စေတနာနဲ့ ကောင်းစေချင်တဲ့ ဆန္ဒနဲ့ တတ်နိုင်သလောက် အားပေးကြပေးမယ့် စေတနာအမှားတွေ ဖြစ်တတ်ပါတယ်။ စိတ်ညစ်နေတဲ့သူကို မပြောသင့်တဲ့စကား အထူးသဖြင့် စိတ်ထိခိုက်လွယ် စိတ်အားငယ်လွယ်စေတဲ့ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုလွန်ကဲတဲ့ရောဂါရှိတဲ့ သူတွေအတွက်ဆို ပိုဆိုးတတ်ပါတယ်။ ကိုယ့်ဒီလိုစကားတွေကို ပြောမိနေပြီလား၊ စိတ်ညစ်နေတဲ့သူတွေဟာ ဘယ်လိုစကားမျိုးကို ကြားချင်လဲ၊ ဘယ်လိုစကားမျိုးကို မကြားချင်ဘူးလဲ၊ ဘယ်လိုမျိုး နှစ်သိမ့်သင့်လဲဆိုတာလေးကို ဒီဆောင်းပါးလေးကနေ ဖော်ပြပေးလိုက်ပါတယ်နော်။ ၁။ နင်တစ်ခါလောက်ပျော်ပျော်နေကြည့်ပါလား။ ပျော်ကြည့်ပါလားလို့ပြောလိုက်ခြင်းအားဖြင့် သူတို့ရဲ့ စိတ်အခြေအနေကို မထီမဲ့မြင်လုပ်သလိုမျိုးဖြစ်သွားတဲ့အပြင် လျစ်လျူရှုသလိုဖြစ်သွားတတ်ပါတယ်။ စိတ်ကျရောဂါဖြစ်နေတဲ့သူတိုင်းဟာ ကင်ဆာဖြစ်နေတဲ့သူတွေလိုပါပဲ။ ကင်ဆာဖြစ်နေတဲ့သူကို နင်ကျန်းမာအောင်နေပါလားလို့သွားပြောသလိုပဲ။  စိတ်ကျရောဂါသည်တွေမှာလည်း သူများလို ပျော်နိုင်ရင် ဘယ်လောက်ကောင်းမလဲဆိုတဲ့ အတွေးရှိပြီးသားမို့လို့ပါ။ ဒါဆိုဘယ်လိုပြောရမလဲ။ နင်စိတ်မပျော်တာ ငါသတိထားမိတယ်။ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

Single – ၁ အတွဲရှိသူတွေ - ဝ

ခုလို ပိတ်ရက်တွေများ၊ ရာသီဥတုတွေအေးနေတဲ့ချိန်ဆို အတွဲရှိတဲ့သူတွေက နင်တို့မှာ ချမ်းရင် ဖက်ထားစရာလူရှိလား၊ ပွဲဈေးတွေ၊ ပျော်ပွဲရွှင်ပွဲတွေကို လက်ချိတ်ပြီး ကြည်ကြည်နူးနူးလျှောက်လည် ရမယ့်သူရှိလားဆိုပြီး ခနဲ့တဲ့တဲ့ စကားသံတွေကို ဆင်ဂယ်လ် ဖြစ်နေတဲ့သူတွေ သည်းခံနေကြရပြီလား။ ကဲ ဒါဆိုရင်တော့ ဒီဆောင်ပါးလေးမှာတော့ အချစ်ရှိတာ၊ အတွဲရှိတာကောင်းတယ်ဆိုတဲ့သူတွေကို ပြန်လည်ချေပဖို့အတွက် ကျန်းမာရေး ကောင်းကျိုးလေးတွေကို ဖော်ပြလိုက်ပါတယ်။ ၁။ ကူညီအားပေးမယ့်သူ တစ်ပုံတစ်ပင်ရှိမယ်။ ရည်းစားရှိတဲ့သူတွေကိုဆိုရင် “သြော် သူ့ကို အားပေးမယ့်ရည်းစားရှိတာပဲ” ဆိုပြီး ထင်ကြပေမယ့် ဆင်ဂယ်လ်တွေအနေနဲ့ဆိုရင်တော့ တစ်ခုခုဖြစ်လာရင် ကိုယ့်ကို ကူညီမယ့်သူ အားပေးမယ့်သူ အများကြီးဖြစ်နေမှာအသေအချာပါပဲ။ ကိုယ်တိုင်ကလည်း သူငယ်ချင်းတွေ၊ မိသားစုတွေကို ပိုပြီး အချိန်ပေး ဂရုစိုက်ဖြစ်ပါတယ်။ ၂။ ငွေကြောင့် စိတ်ဖိစီးမှုနည်းမယ်။ ပြတ်တုန်း လတ်တုန်း နှစ်ဆယ်သုံးတွေဟာ ရည်းစားရှိတဲ့အချိန်မှာ ၁၅ ရက်နေ့လောက်တည်းက ပြတ်လတ်နေတာကို တွေ့ရပါလိမ့်မယ်။ အတွဲရှိနေရင် အပြင်သွား၊ မုန့်စား၊ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

သင့်မှာ ဒီလက္ခဏာတွေရှိနေရင် စိတ်ဖိစီးမှုများနေတာ ဖြစ်နိုင်ပါတယ်

စိတ်ဖိစီးမှုဆိုတာ ပြင်ပမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာ၊ အခြေအနေအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ စိတ်ကို ချည်နှောင်ထားသလို၊ အားစိုက်ထုတ်သလို လုပ်မိပြီးနောက် ကျန်ခဲ့တဲ့ ဒဏ်ရာတစ်မျိုးပါပဲ။ ဒီဘက်ခေတ်မှာ အသက်အရွယ်မရွေး စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်နေရတာကို သတိထားမိမှာပါ။ မိသားစုပြဿနာ၊ ငွေရေးကြေးရေး၊ လုပ်ငန်းခွင်၊ လူမှုရေး၊ အချစ်ရေး အစရှိသဖြင့် နေ့စဉ်ကြုံတွေ့နေရတဲ့ လူ့လောကပြဿနာပေါင်းစုံဟာ ကျွန်တော်တို့ရဲ့ စိတ်ကို အနှေးနဲ့အမြန် ဒုက္ခဖြစ်စေပြီး စိတ်ဖိစီးမှုဆိုတဲ့အခြေအနေကို ရောက်ရှိလာကာ စိတ်ရော ကိုယ်ပါ တဖြည်းဖြည်း ဆုတ်ယုတ်လာပါတယ်။ တချို့လူတွေကတော့ ကိုယ့်မှာ စိတ်ဖိစီးမှုတွေဖြစ်နေရင် သိနိုင်တယ်ဆိုပေမယ့် ကိုယ့်ကိစ္စနဲ့ ကိုယ်ရှုပ်နေလို့ ကိုယ်တိုင်စိတ်ဖိစီးနေတယ်ဆိုတာတောင် သတိမထားမိတတ်တာမျိုးတွေလည်း ရှိပါတယ်။ ဒီလိုစိတ်ဖိစီးမှုများနေတဲ့အခါ • ဝက်ခြံတွေ ပေါက်လာမယ် • ဆက်တိုက်ဆိုသလို ခေါင်းကိုက်နေမယ် • ကြွက်သား၊ အရိုးအဆစ်တွေ ပိုပြီး နာကျင်ကိုက်ခဲလာမယ် • မကြာခဏ ဖျားနာမယ် • အားမရှိသလို […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ကျရောဂါတိုင်းဟာ စိတ်ကြောင့်ပဲမဟုတ်ပါဘူး။

စိတ်ကျရောဂါပါဆိုမှ စိတ်ကြောင့်မဟုတ်ရင် ဘာကြောင့်ဖြစ်နိုင်သေးလဲဆိုပြီး မေးစရာတွေရှိလာပါတယ်။ စိတ်ကျရောဂါဖြစ်နိုင်တဲ့ အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။ ဒီပရက်ရှင် (depression) လို့ခေါ်တဲ့ စိတ်ကျရောဂါမျိုးဟာ မျိုးရိုးဗီဇကြောင့်ဖြစ်တာမျိုးဖြစ်တတ်ပါတယ်။ ကိုယ့်မိသားစုထဲမှာ စိတ်ရောဂါ တစ်မျိုးမျိုးကို ခံစားနေတဲ့သူ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ဖူးတဲ့သူတွေရှိရင် စိတ်ရောဂါ ဖြစ်နိုင်ချေပိုများပါတယ်။ နောက်ပြီး ငယ်ဘဝ ဒါမှမဟုတ် ဘဝရဲ့ အချိန်တစ်ခုမှာ ကြီးမားတဲ့ စိတ်ဒဏ်ရာကို ပြင်းပြင်းထန်ထန်ခံစားရတာမျိုးကြောင့်ဖြစ်တယ်။ ဦးနှောက်ထဲ၊ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းတွေ မညီမျှမှုကြောင့်ဖြစ်တယ်။ ဒီလို အကြောင်းအရင်းတွေထဲကမှ တစ်ခါတစ်လေ စိတ်ရောဂါအထူးကုဆရာဝန်ကြီးတွေတောင်မှ သတိမပြုမိတဲ့ အကြောင်းအရင်းတွေကြောင့် စိတ်ကျရောဂါတွေဟာ ဖြစ်နိုင်ပါတယ်။ ဒါကတော့ ဗီတာမင်နဲ့ ဓာတ်အမျိုးမျိုး ချို့ယွင်းတာကြောင့် စိတ်ကျရောဂါ၊ စိုးရိမ်မှုလွန်ကဲခြင်းရောဂါ၊ စိတ်ကစဉ့်ကလျားရောဂါတွေကို ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ ၁။ အိုမီဂါ - ၃ fatty acid လျော့နည်းခြင်း အိုမီဂါ - ၃ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

သင့်ဟာ စိတ်ထောင်ချောက်ထဲမှာ ပိတ်မိနေပြီလား။

သင်ဟာ အရေးကြီး အစည်းအဝေးတစ်ခုသွားရမယ့်ချိန်မှာ ကားလမ်းကြောထဲမှာ ပိတ်မိနေတယ်ဆိုပါတော့။ နာရီကိုကြည့်လိုက်၊ ဒေါသတွေထွက်လိုက်၊ မရွေ့တဲ့ကားလမ်းကြောကြီးကို အပြစ်တင်လိုက် နဲ့နောက်ဆုံး ငါတော့ အလုပ်ပြုတ်တော့မှာပဲဆိုတဲ့ စိတ်ပါဖြစ်လာတယ်။ ဒီလိုဆိုရင်တော့ သင်ဟာ သင့်ရဲ့စိတ်ထောင်ချောက် တစ်ခုထဲကို ရောက်သွားပါပြီ။ ဘာလို့လဲဆိုတော့ ကားလမ်းပိတ်လို့ နောက်ကျရုံလောက်နဲ့ မဖြစ်နိုင်တဲ့ အဆိုးရွားဆုံး အခြေအနေတစ်ခုကို စတင်တွေးမိလိုက်ပြီမို့လို့ပါ။ တကယ်တော့ ကားလမ်းပိတ်ခြင်းက သင့်ကိုစိတ်ပူပန်စေတာမဟုတ်ဘဲ ကားလမ်းပိတ်လို့ ဖြစ်လာတဲ့သင့်ရဲ့စိတ်တွေက သင့်ကို မနက်စောစောစီးစီး စိတ်ဒုက္ခဖြစ်စေတာပါ။ လူအများစုဟာ စိတ်ဖိစီးမှုတွေကို ကြုံလာရတိုင်း အကောင်းဘက်ကို လှည့်မတွေးကြဘဲ အဆိုးဘက်ကိုပဲ ပိုပြီးတွေးတတ်ကြပါတယ်။ တကယ် ကိုယ့်ကို စိတ်ဖိစီးမှုဖြစ်စေတဲ့ အဓိက အကြောင်းအရာထက် ကိုယ့်ရဲ့ ဒီအဖြစ်အပျက်အပေါ်ထားတဲ့ ထင်မြင်ချက်တွေ၊ မဖြစ်လာသေးတဲ့နောက်ဆက်တွဲတွေကို ကြိုတင်ပြီးတွေးပူတာတွေဟာ ရှိရင်းစွဲ ပြဿနာထက် ပိုပြီး ဆိုးရွားနေသယောင်ထင်ရစေပါတယ်။ မကောင်းတာတစ်ခုကြုံလာပြီဆိုတိုင်း လူတွေဟာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း