စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

ပျော်ရွှင်ခြင်း ရှာပုံတော် (၁)

အခုခေတ်အခြေအနေလောက် စိတ်ဖိစီးမှုများတဲ့အနေအထား မကြုံခဲ့ဖူးဘူးလို့ထင်မိတယ်။ တွေ့ရတဲ့လူတိုင်းမှာ အသက်ရှူဖို့တောင်မေ့နေရလောက်အောင်ကို စိတ်ဖိစီးမှုတွေခံစားနေရတယ်။ လူရောစိတ်ရော ပင်ပန်းနွမ်းနယ်နေတယ်။ ရုပ်ပိုင်းဆိုင်ရာမှာ ဖိအားဒဏ်ကြောင့် မကြာခဏဖျားတာ၊ ညဘက်အိပ်မပျော်တာ၊ ကိုယ်လက်တွေနာကျင်ကိုက်ခဲနေတာလိုမျိုး ပြဿနာတွေဖြစ်နေတယ်။ စိတ်ပိုင်းဆိုင်ရာမှာလည်း အမြဲပင်ပန်းနေသလိုမျိုး၊ စိတ်ဓာတ်ကျနေသလိုမျိုး၊ အရမ်းပင်ပန်းနေသလိုမျိုး ခံစားနေရတယ်။ ဒါပေမယ့်လည်း အနားယူဖို့မလုပ်နိုင်ဘူး။ အနားယူတယ်ဆိုပြီး ခရီးတွေသွားတယ်၊ Staycation တွေနေတယ်။ လျှောက်သွားလျှောက်စားတာတွေလုပ်တယ်။ မူးအောင်သောက်ကြည့်တယ်။ လူပဲထွက်ပြေးလို့ရရင်ရမယ်။ စိတ်ဖိစီးမှုတွေက လိုက်လာတုန်းပဲ။ ဘယ်ခရီးတွေပဲသွားသွား၊ ဘယ်ဟိုတယ်မှာ staycation နေနေ၊ လျှောက်သွားလျှောက်စား အပျော်အပါးတွေလျှောက်လုပ်။ ဘာပဲလုပ်နေလုပ်နေ ဘယ်နေရာပဲသွားသွား စိတ်ဖိစီးမှုတွေက လိုက်လာတာပဲ။ အပြည့်အဝပျော်ရွှင်ရယ်မောခဲ့ရတဲ့အချိန်တွေ၊ အရမ်းအိပ်ရေးဝတယ်လို့ ခံစားရတဲ့အိပ်စက်ခြင်းတွေ၊ သွားတဲ့ခရီးရဲ့ အလှအပ၊ စားတဲ့အစားအသောက်တွေရဲ့ အရသာ၊ ပျော်ရွှင်စရာတွေရဲ့ စိတ်လှုပ်ရှားစရာအခြေအနေတွေကို အပြည့်အဝပျော်ရွှင်ခံစားခဲ့ရတာတွေက ဘယ်တုန်းက နောက်ဆုံးလဲ။ ရေးထားတဲ့စကားလုံးတိုင်းက စိတ်ကူးယဉ်ထားတာမပါဘူး။ ကိုယ်တိုင်ခံစားတွေ့ကြုံနေရတာကို ရေးထားတာပါ။ လွန်ခဲ့တဲ့ ၆ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ပျော်ရွှင်ခြင်း ကကိုယ့်အပေါ်မှာပဲ မူတည်ပါစေ

ကိုယ့်ရဲ့ ပျော်ရွှင်ခြင်းတွေ က ဘယ်အရာပေါ်မှာ မူတည်နေလဲ။ ပြန်ဆန်းစစ်ဖူးလား။ မဆန်းစစ်ဖူးရင် ခု...ဆန်းစစ်လိုက်ပါ။ ဆန်းစစ်လိုက်တဲ့အခါ ထွက်လာနိုင်တဲ့ အဖြေတွေကအမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီဆောင်းပါးလေးကနေတဆင့် ပြောပြချင်တာက ပျော်ရွှင်မှုက ကိုယ်တိုင်အပေါ်မှာပဲ မူတည်သင့်ပါတယ်။ ပျော်ရွှင်မှုက ဒီအချက်တွေပေါ်မှာ မူတည်နေတတ်ပါတယ် လူတော်တော်များများက သူတို့ရဲ့ပျော်ရွှင်မှုတွေကို ပိုက်ဆံ အလုပ်ခွင်အခြေအနေ မိသားစုအခြေအနေ လူမှုပတ်ဝန်းကျင်အနေအထား ချစ်သူနှစ်ဦးကြားကဆက်ဆံရေးတွေအပေါ်မှာ မူတည်တတ်ကြပါတယ်။ သင့်ပျော်ရွှင်မှုကို ဖန်တီးနိုင်တဲ့ လက်တစ်စုံက သင်ကိုယ်တိုင်ပဲဖြစ်သင့်ပါတယ် လူတစ်ယောက်မှာ ​ပျော်ရွှင်မှုက သူတစ်ပါးအပေါ်မူတည်နေရတယ်ဆိုရင် ​ကောင်းတဲ့ အလားအလားတစ်ခုမဟုတ်ပါဘူး။ သူပြုံးမှ၊ သူအရေးတယူဆက်ဆံမှ ပျော်ရတယ်ဆိုရင် သင်ဟာ သနားစရာကောင်းတဲ့သူတစ်ယောက်ဖြစ်မှန်းမသိဖြစ်နေပါပြီ။ လွတ်လပ်တဲ့သူတစ်ဦးဖြစ်ဖို့ဆိုရင် ပျော်ရွှင်မှုက အခြားသူအပေါ်မှာ မှီတည်နေတာမျိုးလုံးဝမဖြစ်သင့်ပါဘူး။ လွတ်လပ်သူတွေကပဲအောင်မြင်မှုရဲ့ ထိပ်ဆုံးကို ရောက်နိုင်ကြတာပါ။ ပတ်ဝန်းကျင်မှာ အမြဲပျော်နေတတ်တဲ့သူတွေကို တွေ့ဖူးမှာပေါ့။ သူတို့တွေက လွတ်လပ်ပေါ့ပါးကြသလို အမြဲတမ်းတက်ကြွလန်းဆန်းပြီး အရာရာကို အောင်မြင်အောင်လုပ်ဆောင်တတ်ကြပါတယ်။ အကြောင်းကတော့ သူတို့က သူတို့ရဲ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ယုံကြည်မှုတွေ မရေရာ၊ လမ်းလျှောက်ရင်း လမ်းပျောက်နေပြီလား

ဘာဖြစ်နေမှန်းမသိ စိတ်တွေကျနေသလိုလို၊ အရာရာကို ရန်ပဲလိုနေသလိုလို၊ အားမလိုအားမရဖြစ်သလို၊ မျှော်လင့်ချက်ပဲမဲ့နေသလိုလို ယောင်ဝါးဝါးဖြစ်လာတဲ့အခိုက်အတန့် လူတော်တော်များများကြုံရဖူးပါတယ်။ ယုံကြည်မှုတွေ ဖျော့လာပြီး ကိုယ်လျှောက်လာတဲ့လမ်းက မှန်ရဲ့လား၊ လက်ရှိကိုယ့်ရဲ့ ဖြစ်တည်မှုက ဘယ်အနေအထားရောက်နေလဲ၊ ဘာဆက်လုပ်ရမလဲမသိတော့ဘူး ဆိုတဲ့စိတ်တွေဝင်လာတာပေါ့။ ခဏလောက်တော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ လျှောက်နိုင်လိုက်ပေမယ့် သိပ်မကြာပါဘူး၊ နည်းနည်းစိတ်ဖိစီးတာနဲ့ လမ်းပြန်ပျောက်ပြန်ရော။ ကျွန်မတို့တွေက ဘဝကိုချဉ်းကပ်တဲ့နည်းလမ်းတွေမတူကြဘူး၊ ကိုယ့်စိတ်ကိုပျော်ရွှင်စေနိုင်တဲ့အရာတွေဆိုတာလည်း အချိန်နဲ့အမျှ ပြောင်းလဲနေကြတယ်။ အရင်က ပျော်ခဲ့တဲ့အရာတွေမှာ ခုမပျော်တော့တာမျိုး။ ဒီလိုအပြောင်းအလဲ၊ အလှည့်အကွေ့တွေကြားမှာ တသမတ်တည်းမရှိရကောင်းလားလို့ ကိုယ့်ကိုယ်ကိုအပြစ်ဖို့နေစရာတော့မလိုပါဘူး။ ဒါကလည်း ဘဝရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လို့ပါပဲ။ လမ်းပျောက်နေတာကို စိတ်ညစ်ရုန်းကန်နေမယ့်အစား ကိုယ့်ကိုယ်ကိုအရင်ချော့ပြီး တည်ငြိမ်အောင်လုပ်ပါဦး။ ပြီးမှ အောက်က ၅ ချက်ကို ဖတ်ကြည့်လိုက်ပါ။ ကိုယ့်ဘဝခြေလှမ်းနဲ့ပတ်သက်ပြီး တစ်ခုခုတော့ အကျိုးထူးလာမယ်ဆိုတာ အာမခံပါတယ်... (၁) ကိုယ့်ခံစားချက်တွေနဲ့ စစ်ဖြစ်မနေပါနဲ့ ကိုယ့်ခံစားချက်တွေကို ချိုးနှိမ်ဖို့ ကြိုးစားလိုက်တာနဲ့ပဲ အလင်းရောင်ရှိတဲ့ထွက်ပေါက်တစ်ခု ချက်ချင်းပေါ်လာမယ်လို့ထင်ပါသလား။ ကိုယ့်စိတ်ကိုယ်ပြန်သိနိုင်ဖို့က […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ပျော်ရွှင်ခြင်း ရှာပုံတော် (၃)

မနက်ဖြန်ကမ္ဘာပျက်မယ်ဆိုတာသိရရင် ဒီနေ့မှာ လူတွေပျော်ရွှင်နိုင်မယ်ထင်လား။ လေ့လာချက်တစ်ခုအရတော့ လူတွေပျော်ရွှင်နိုင်ပါလိမ့်မယ်တဲ့။ ဘာလို့လဲဆိုတော့ တစ်သက်လုံးလုပ်လာခဲ့ရတဲ့ ပြိုင်ဆိုင်မှုတွေ၊ ရုန်းကန်ရမှုတွေ၊ ဝမ်းနည်းကြေကွဲမှုတွေ၊ ခံစားရမှုတွေ၊ မကျေနပ်တာတွေအကုန်လုံးက မနက်ဖြန်မှာ အားလုံးနဲ့အတူတူ ချုပ်ငြိမ်းသွားနိုင်မှာဖြစ်လို့ပါ။ ဒီနေ့အချိန်မှာလူတွေက ဘယ်လောက်တောင် စိတ်ဖိအားတွေ၊ မပျော်ရွှင်မှုတွေနဲ့ ရုန်းကန်နေရလဲဆိုတာကို ဒါက သိနိုင်တယ်။ အခုနောက်ပိုင်း ထောင်စုနှစ်လူငယ်တွေမှာဆိုရင် ရှင်သန်ခြင်းက နာကျင်ခြင်းပဲဆိုတဲ့အယူအဆတွေအားကောင်းလာတယ်။ ဘယ်အရာတွေက ကျွန်တော်တို့ကိုပျော်ရွှင်စေတာလဲ။ လူဖြစ်ရခြင်းရဲ့ အဓိပ္ပါယ်ကရောဘာလဲ။ ဒီအကြောင်းတွေပဲ မကြာခဏစဉ်းစားဖြစ်တယ်။ ပျော်ရွှင်ခြင်းကို တိုင်းတာလို့ရလား။ ပျော်ရွှင်ခြင်းကို တိုင်းတာလို့မရဘူးလို့ထင်ကြပေမယ့် တကယ်တမ်းတော့ အခြေအနေတစ်ခုအထိတော့ တိုင်းတာလို့ရတယ်။ ဥပမာ အခု ကိုယ့်အခြေအနေက ပျော်ရွှင်နေတယ်ထင်လား။ မပျော်ရွှင်ဘူးထင်လား။ ၁ ကနေ ၅ အတွင်း ၁ က လုံးဝမပျော်ရွှင်ဘူး။ ၅ က အရမ်းပျော်ရွှင်တယ်ဆိုရင် ကိုယ့်ရဲ့ အလုပ်အကိုင်၊ ငွေကြေးအနေအထား၊ အချစ်ရေးအိမ်ထောင်ရေး၊ မိသားစု၊ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Body Shaming လာလုပ်တာတွေကို ဒီလိုတုံ့ပြန်ကြမယ်

သူတစ်ပါးအားနည်းချက် (သို့) မနှစ်သက်တဲ့အရာတစ်ခုကို အပျက်သဘောနဲ့ ထပ်ကာထပ်ကာပြောပြီး လှောင်ပြောင်ခြင်းကို နှုတ်ဖြင့်အနိုင်ကျင့်ခြင်းလို့ ခေါ်ပါတယ်။ Bullying လုပ်တယ် တစ်နည်းအားဖြင့် အနိုင်ကျင့်တယ်ဆိုတာတွေဟာ လူ့အသိုင်းအဝိုင်းထဲမှာ မရှိသင့်တဲ့ ကိစ္စတွေလို့ဆိုရင် မမှားပါဘူး။ အထူးသဖြင့် မွေးကတည်းက ကိုယ့်မှာပါလာတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ၊ အရပ်အမောင်းတွေကို ကဲ့ရဲ့လှောင်ပြောင်ခံရတယ်ဆိုရင် ဘယ်သူမဆို အနည်းနဲ့ အများတော့ စိတ်အနှောင့်အယှက်ဖြစ်မိကြမှာ အမှန်ပါပဲ။ ဒီနေ့ဆောင်းပါးလေးမှာတော့ ခန္ဓာကိုယ်ပုံပန်းသွင်ပြင်နဲ့ပတ်သက်ပြီး တခြားသူတစ်ယောက်က ကိုယ့်ကို Bully လုပ်တာခံရတယ်ဆိုရင် ဖြစ်ပေါ်ခံစားရနိုင်တဲ့ စိတ်ခံစားမှုတွေနဲ့ ဝေဖန်ကဲ့ရဲ့သူတွေကို ပြန်လည်ရင်ဆိုင်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ နှုတ်ဖြင့် အနိုင်ကျင့်ခြင်းမှာ ဒီလိုအပြုအမူတွေပါဝင်ပါတယ်- • ရုပ်ရည်၊အသားအရောင်၊ ခန္ဓာကိုယ်အချိုးအစား၊ အရပ် စတာတွေကိုလှောင်ပြောင်တာ၊ • ထိခိုက်လိုစိတ်နဲ့ မဟုတ်မမှန်တဲ့ သတင်းတွေဖြန့်တာ၊ • တစ်စုံတစ်ဦးရဲ့အသံ (သို့) စကားပြောဆိုပုံကို ပြက်ရယ်ပြုတာ၊ • အားနည်းချက်ကို ချုပ်ကိုင်ပြီး ခြိမ်းခြောက်တာ၊ • တစ်စုံတစ်ဦးကို […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ပြုံးသင့်တဲ့ အကြောင်းအရင်း

ပြုံးပါ အားရပါးရပြုံးလိုက်ပါ။ ဒီလိုပြောရတာ အကြောင်းရှိပါတယ်။ အပြုံး က ရောဂါတွေကို ကုစားပေးနိုင်လို့ပါ။ တစ်နေ့တာမှာ မျက်နှာလေးကို ပြုံးထားပါ။ အပြုံးက စိတ်ရောကိုယ်ပါကျန်းမာစေဖို့ ကောင်းကောင်းအထောက်အကူပြုပေးနိုင်ပါတယ်။ အပြုံးလေးတစ်ပွင့်ပန်ဆင်ထားတာက တွေ့ရသူတိုင်းရဲ့စိတ်ကို ကြည်လင်စေနိုင်ပါတယ်။ အပြုံးလေးက လူမှုဆက်ဆံရေးကိုတင် အဆင်ပြေစေတာမဟုတ်ပါဘူး။ ကျန်းမာရေးကိုပါတော်တော်လေး အထောက်အကူပြုစေတာပါ။ အပြုံးလေးက ပေးတဲ့ကျန်းမာရေး ပြုံးပြုံးလေးနေတတ်တာက ကိုယ်တိုင်ရော သူများအတွက်ပါ​ကောင်းပါတယ်။ ပြုံးတာက ဆွဲဆောင်မှုတိုးစေတယ် လူမှုဆက်ဆံရေးမှာ အပြုံးလေးက တစ်ယောက်နဲ့တစ်ယောက်ကို ရင်းနှီးမှုမြန်စေပါတယ်။ ဒါ​ကြောင့် လူမှုဆက်ဆံရေး အဆင်ပြေချင်တယ်ဆိုရင် မျက်နှာလေးကို ပြုံးထားပါ။ ပြုံးတာက လူတစ်ယောက်ကို စွဲဆောင်မှုတိုးစေတဲ့ အချက်တစ်ခုပေါ့။ ဒါကြောင့် လူမှုဆက်ဆံရေးမှာ အဆင်ပြေစေဖို့ အပန်းမကြီးဘူးဆိုရင် ပြုံးပါ။ စိတ်ဖိစီးမှုကို သက်သာစေနိုင်တယ် လူတိုင်းမှာ စိတ်ဖိစိးမှုရှိနိုင်ပါတယ်။ ဒီစိတ်ဖိစီးမှုက မျက်နှာမှာ အထင်းသားပေါ်နေတတ်စမြဲပါ။ ဒီလိုဖြစ်နေမှုက ကိုယ်တိုင်မှာ စိတ်ပင်ပန်းသလို အခြားသူတွေကိုလည်း စိတ်ပင်ပန်းစေနိုင်ပါတယ်။ ဒီလိုဖြစ်နေတဲ့အခါ ပေါ့ပေါ့ပါးပါးရယ်မောတာ […]


စိတ်ကျန်းမာရေး

မိမိကိုယ်ကို ဂရုစိုက်ခြင်းမှတဆင့် စိတ်ဖိစီးမှုကို လျှော့ချခြင်းဖြင့် ဘာကောင်းကျိုးတွေရနိုင်မလဲ

မိမိကိုယ်ကို ဂရုစိုက်ခြင်း (Self Care) လို့ပြောလိုက်တာနဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်တာရယ်၊ ကိုယ်ကျန်းမာရေးကို ဂရုစိုက်တာရယ်ဆိုပြီး အလွယ်တကူ ခွဲခြားလိုက်နိုင်ပါတယ်။ လူအများစုဟာ ခန္ဓာကိုယ်ကျန်းမာရေးကိုပဲ အဓိက အလေးထား ဂရုစိုက်တတ်ကြပြီး စိတ်ကျန်းမာရေးကိုတော့ စနစ်တကျဂရုစိုက်ပေးဖို့ မေ့လျော့နေတတ်ကြပါတယ်။ သို့သော် စိတ်ထောင်းရင် ကိုယ်ကြေတယ်ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ ဒါကြောင့် ဒီစာလေးကနေပြီးတော့ မိမိ စိတ်ကျန်းမာရေးကို ဘယ်လိုမျိုး အလွယ်တကူ ဂရုစိုက်လို့ရလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ လူတိုင်း တစ်နည်းမဟုတ် တစ်နည်းနဲ့ ကြုံရတာကတော့ စိတ်ဖိစီးမှုဆိုတဲ့ stress ပါပဲ။ stress ပိပြီဆိုတာနဲ့ အာရုံစူးစိုက်လို့မရတာ၊ အလွယ်တကူ မေ့တတ်တာ၊ စိတ်အပြောင်းအလဲမြန်တာ ဆံပင်ကျွတ်တာ၊ အသားအရေ အိုမင်းရင့်ရော်လာတာ၊ ဝက်ခြံတွေထွက်တာ၊ ဘယ်လောက်ပဲ လေ့ကျင့်ခန်းတွေလုပ်ပြီး ဝိတ်ချနေပါစေ ဝိတ်တက်လာတာ ညအိပ်မပျော်တာ၊ အစာ အလွယ်တကူ မကြေတာ၊ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ဓာတ်ကျ ခြင်းကို ဆန်းစစ်ကြည့်ခြင်း

စိတ်ဓာတ်ကျ တယ်ဆိုတာက ပြောတော့သာဘာမှမဟုတ်သလို။ စိတ်ဓာတ်တကယ်ကျလာရင် အလုပ်ခွင်မှာရော လူမှုဆက်ဆံရေးနယ်ပယ်မှာပါ အဆင်မပြေမှုတွေကတော်တော်လေးများလာပါတယ်။ အခုတစ်ခေါက်တော့ လူတိုင်းနီပါးခံစားနေရတဲ့ စိတ်ဓာတ်ကျ တယ်ဆိုတဲ့အကြောင်းကို လေ့လာကြည့်ရအောင်လား။ စိတ်ဓာတ်ကျ တယ်ဆိုတာ ဘာလဲ….. စိတ်ဓာတ်ကျတယ်ဆိုတာက စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့အခြေအနေတစ်ရပ်ပါ။ စိတ်ထဲမှာ အကောင်းမြင်တဲ့ အတွေးထက် အဆိုးမြင်တဲ့အတွေးတွေက ပိုများနေတတ်ပြီး ယုံကြည်မှုကင်းမဲ့နေတဲ့ အနေအထားပါ။ ဝမ်းနည်းနေသလို ခံစားနေရပြီး အရမ်းစိတ်ဝင်စားတဲ့အရာတွေကိုတောင် မလုပ်ချင်တာမျိုးပေါ့။ စိတ်ဓာတ်ကျမှုက နောက်ဆက်တွဲ ပြဿနာတွေကို ခေါ်လာတတ်တဲ့ စိတ်ပိုင်းဆိုင်ရ အခြေအနေတစ်ခုဆိုလည်း မမှားပါဘူး။ ဘယ်သူတွေ စိတ်ဓာတ်ကျနိုင်လဲ….. ကလေးကနေစလို့ လူကြီးလူငယ်မရွေး အရွယ်သုံးပါးစလုံး စိတ်ဓာတ်ကျနိုင်ပါတယ်။ အမျိုးသားတွေရော အမျိုးသမီး တွေမှာရော စိတ်ဓာတ်ကျနိုင်ပါတယ်။ ဒါပေမယ့် စိတ်ဓာတ်ကျမှုက အသက်အရွယ်နဲ့ အမျိုးသား၊ အမျိုးသမီး ဖြစ်တည်မှုပေါ်မှာလိုက်ပြီး ကွာခြားတာမျိုးတော့ရှိနိုင်ပါတယ်။ ဘယ်လိုလက္ခဏာတွေ ရှိနိုင်လဲ….. စိတ်ဓာတ်ကျနေသူတစ်ယောက်မှာ အခုပြောပြမယ့်လက္ခဏာတွေထဲက အနည်းဆုံး ၂ ချက်လောက်ခံစားနေရတတ်ပါတယ်။ • အမြဲလိုလိုပင်ပန်းနေမယ် • […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ရင်းနှီးဖော်ရွေစွာ နဲ့ ဆက်ဆံတတ်ခြင်းရဲ့ အကျိုးကျေးဇူး

လူတိုင်းကဖော်ရွေရင်းနှီးသူတွေပဲတော့မဟုတ်ပါဘူး။ လူအမျိုးမျိုးစိတ်အထွေထွေဆိုသလိုမျိုးပေါ့။ လူတွေမှာဖော်ရွေတတ်သူတွေရှိသလို လူတွေနဲ့ သိပ်ရင်းရင်းနှီးနှီးမနေကြသူတွေလည်းရှိပါတယ်။ ဒီတစ်ခေါက်တော့ လူတွေနဲ့ ရင်းနှီးဖော်ရွေစွာ ဆက်ဆံတတ်သူလေးတွေပဲရရှိနိုင်မယ့် အကျိုးကျေးဇူးလေးတွေအကြောင်းပြောပြပေးချင်ပါတယ်။ လူတိုင်းကို ဖော်ရွေရင်းနှီးစွာ ဆက်ဆံတတ်ခြင်းကနေရရှိမယ့် အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ.......... လူတိုင်းကိုဖော်ရွေရင်းနှီးစွာဆက်ဆံတတ်မှုကလည်းကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုပါ။ ဒီလိုပြောရတဲ့အကြောင်းက လူတိုင်းမှာ လူတွေကို ဖော်ရွေရင်းနှီးစွာဆက်ဆံတတ်တဲ့အရည်အသွေးမရှိပါဘူး။ အလွယ်တကူပြောရရင်တော့ ပေါင်းသင်းဆက်ဆံရေးကောင်းသူတွေပေါ့။ ဒီလိုမျိုးဖော်ရွေရင်းနှီးစွာ ဆက်ဆံတတ်မှုကြောင့် လူမှုဆက်ဆံရေးမှာ အလေ့အထကောင်းကိုပျိုးထောင်နိုင်လိမ့်မယ် တစ်ခါတစ်လေ စိတ်အနှောင့်အယှက်ဖြစ်စရာ ကြုံတဲ့အခါမျိုးဆိုရင် လူတိုင်းက ရိုင်းစိုင်းလိုက်တာ၊ ဆက်ဆံရခက်လိုက်တာလို့ ခံစားမိနိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ အဆိုးမြင်သမားကြီးပဲမဟုတ်ပါဘူး။ သူတို့မှာလည်း သူတို့ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေရှိနေတာကြောင့်ဖြစ်နိုင်ပါတယ်။ ဒီကွင်းဆက်ကို အဆုံးသတ်ဖို့ဆိုရင် ကိုယ့်ဘက်ကဖော်ရွေရင်းနှီးစွာနဲ့ ဆက်ဆံလိုက်ပါ။ ဒီလိုဆက်ဆံမှုကြောင့် သူဘက်ကဆက်ဆံရေးကလည်းကောင်းလာပါလိမ့်မယ်။ ဒီတော့ ကိုယ်တိုင်မှာရော သူများမှာပါကောင်းမွန်စွာဆက်ဆံတတ်တဲ့ လူမှုဆက်ဆံရေး အလေ့အထတစ်ရပ်ကို ပျိုးထောင်ပေးပြီးသားဖြစ်သွားပါလိမ့်မယ်။ နေ့ရက်တိုင်းမှာပျော်ရွှင်ရမယ် ဖော်ရွေရင်းနှီးစွာ ဆက်ဆံတတ်တဲ့အလေ့အထက အခြားသူတွေကိုတင်ပျော်ရွှင်မှုပေးနိုင်တာမဟုတ်ဘဲ ကိုယ်တိုင်မှာလည်းပျော်ရွှင်မှုကို ခံစားရစေနိုင်ပါတယ်။ အပြန်အလှန်ဂရုစိုက်ပေးမှုရှိနေတဲ့ […]


စိတ်ကျန်းမာရေး

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေပျောက်ဆုံးနေပြီလား

အရာရာကိုအောင်နိုင်ဖို့ တစ်ခုပဲလိုအပ်ပါတယ်။ ဒီလိုအပ်ချက်က ငွေပေးဝယ်စရာမလိုသလို သူများဆီကနေရယူလို့လည်းမရပါဘူး။ ကိုယ်တိုင်လုပ်ယူရတာပါ။ ဒါကတော့ အရာရာကိုအောင်နိုင်စေမယ့် ယုံကြည်မှုပါ။ ယုံကြည်မှုရှိနေရင် အောင်မြင်ဖို့ ၅၀ ရာခိုင်နှုန်းလောက်သေချာနေပါပြီ။ ဒီတော့ အရာရာကို အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ ယုံကြည်မှုရှိနေတာက အဆင်အပြေဆုံးဖြစ်မှာပါ။  ယုံကြည်မှုကမြင်ရတဲ့အရာမဟုတ်တော့ ကိုယ့်မှာယုံကြည်မှုကျနေလားဆိုတာက သိဖို့ခက်မှာပေါ့။ ဒီတော့ ယုံကြည်မှုကျနေပြီလားဆိုတာ သိနိုင်စေဖို့ ဒီဆောင်းပါးလေးဖတ်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းနေပြီလား........ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းလာသူတစ်ယောက်ဟာ အခုလိုလက္ခဏာတွေဖြစ်လာနိုင်ပါတယ်။ အရာရာကို အလွယ်တကူပဲ ခေါင်းညိတ်လာတတ်တယ် ကိစ္စတစ်ခုခုရှိလာတဲ့အခါ အချေအတင်ဆွေးနွေးဖို့ထက် မှားမှားမှန်မှန် ဘာမှ မပြောနေတော့ဘဲ အလွယ်တကူခေါင်းညိတ်လိုက်တယ်။ အရင်က အပြန်အလှန်ငြင်းချက်ထုတ်တတ်ပေမယ့် အခုချိန်မှာတော့ အခင်အမင်မပျက်အောင်ခေါင်းညိတ်လိုက်ပါတယ်လေဆိုတဲ့ အကြောင်းပြချက်နဲ့ မှားနေတာကို မျက်လုံးမှိတ်ခေါင်းညိတ်လိုက်တာမျိုးပါ။ မလိုအပ်ဘဲ အမြဲလိုလိုတောင်းပန်စကားဆိုတတ်လာတယ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းလာတဲ့အခါ ကိစ္စတစ်ခုခုရှိလာတိုင်း ကိုယ့်ဘက်က မှားမှားမှန်မှန် တောင်းပန်စကားဆိုတတ်လာပါလိမ့်မယ်။ မှားနေတာမျိုးမဟုတ်ဘဲ သာမန်အသေးအဖွဲကိစ္စလေးတွေကိုတောင် တောင်းပန်စကားဆိုမိနေပြီဆိုရ်ငတော့ သေချာက သင်ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကျဆင်းနေပါပြီ။ အလွယ်တကူပဲ စိတ်ဓာတ်ကျတတ်လာတယ် စိတ်ဓာတ်ကျမှုတော်တော်များများက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း