စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ဂီတသံတွေ ခံစားကြမယ်

တေးသီချင်းတွေနဲ့ ဂီတသံစဉ်တွေကို နားထောင်တာဟာ သောတအာရုံကို ကြည်နူးချမ်းမြေ့စေတယ်ဆိုတာကို လူတိုင်းသိကြပါတယ်။ ဒါပေမယ့် ဂီတသံစဉ်တွေရဲ့ အကျိုးကျေးဇူးတွေက ဒီလောက်တင်ပဲတော့မဟုတ်ပါဘူး။ လေ့လာဆန်းစစ်ချက်တွေအရဆိုရင်တော့ တေးဂီတနားဆင်မှုဟာ အကြားအာရုံကိုတင်မကပဲ ဦးနှောက်နဲ့ ခန္တာကိုယ်တွေကိုပါ အကျိုးရှိစေပါတယ်တဲ့။ တေးသီချင်းတွေကို နားဆင်တဲ့အခါမှာ ဦးနှောက်အတွင်းက Dopamine တွေကို ပိုမိုထုတ်လွှတ် ပေးပါတယ်။ အဲဒီ Dopamine တွေဟာ လူ့ရဲ့ စိတ်ကိုရော ခန္တာကိုယ်ပါ ရွှင်လန်းချမ်းမြေ့စေတဲ့၊ ငြိမ်းချမ်းစေတဲ့ အကျိုးကျေးဇူးကို ရစေပါတယ်။ သာယယာငြိမ့်ညောင်းတဲ့ တေးဂီတသံတွေကို ကြာကြာနားဆင်လေလေ ခန္တာကိုယ်ငြိမ်းချမ်းမှု ပိုရလေလေလို့ လေ့လာမှုတွေက ဆိုပါတယ်။ Dopamine တွေဟာ ခန္တာကိုယ်တွင်းက ဓာတုဓာတ်ပစ္စည်းတစ်မျိုးဖြစ်ပြီးတော့ ဦးနှောက်ကို အထူးအကျိုးပြုပါတယ်။ ဒီဓာတ်ပစ္စည်းဟာ ထိတွေ့ကိုင်တွယ်နိုင်စွမ်းပြီး လူတွေကို ကျေနပ်ပျော်ရွှင်စေနိုင်တဲ့ အစားအစာ၊ ပိုက်ဆံနဲ့ မူးယစ်ဆေးဝါးတွေကြောင့်လည်း ထွက်ရှိနိုင်ပါတယ်။ Johns Hopkins တက္ကသိုလ်က လေ့လာချက်တွေအရ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

လမ်းခွဲချိန်မှာ အမျိုးသားနဲ့ အမျိုးသမီး ဘယ်သူပိုခံစားရသလဲ

လမ်းခွဲတယ်ဆိုတာ ဘယ်တုန်းကမှ ပျော်ရွှင်စရာကိစ္စတစ်ခုမဟုတ်ခဲ့ပါဘူး။ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် လမ်းခွဲချိန်မှာ ကြေကွဲဝမ်းနည်းမှုတွေ၊ နာကျင်ခံစားရမှုတွေကို ရင်ဆိုင်ကြရစမြဲပါပဲ။ မျက်ရည်တွေ၊ ဒေါသအမျက်တွေ၊ လွမ်းဆွတ် တမ်းတမှုတွေ၊ စိတ်ရှုပ်ထွေးစရာညတွေ၊ စိတ်လိုက်မာန်ပါ အလွန်အကျူးစားသောက်မှုတွေဟာ Relationship တစ်ခု အဆုံးသတ်သွားချိန်မှာ ကြုံရတတ်တာမျိုးတွေပါ။ ဒီလိုအချိန်မျိုးမှာ အမျိုးသားဘက်ကဖြစ်စေ အမျိုးသမီးဘက်ကဖြစ်စေ ဘယ်သူပိုခံစားရသလဲဆိုတဲ့ အတွေးမျိုးဝင်လာလေ့ရှိပါတယ်။ ပတ်ဝန်းကျင်ကလည်း ဒီလိုမေးခွန်းမျိုးကို သိပ်စိတ်ဝင်စားတတ်ကြပါတယ်။ လူနှစ်ယောက်ရဲ့ ချစ်ဇာတ်လမ်းတစ်ခု အဆုံးသတ်သွားချိန်မှာ ဘယ်သူပိုခံစားရလဲဆိုတဲ့ မေးခွန်းဟာ အရေးပါလို့လား။ ဒါပေမယ့်လည်း ကာယကံရှင်တွေကိုယ်တိုင်သာမက အနီးဝန်းကျင်ကလူတိုင်းက ဒီမေးခွန်းအပေါ် စိတ်ဝင်စားနေကြဆဲပါ။ လုံးဝ လမ်းခွဲပြတ်စဲလိုက်ကြတာလား? ဒါမှမဟုတ်သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေကြဦးမှာလားဆိုတာမျိုးကလည်း လူတိုင်း သိချင်ကြတဲ့ မေးခွန်းမျိုးတွေလိုပါပဲ။ တကယ်တော့ ဆက်ဆံရေးတစ်ခု ပြတ်တောက်သွားတဲ့အခါမျိုးမှာ နှစ်ဦးစလုံး ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။ ဘယ်သူက စတင်လမ်းခွဲသည်ဖြစ်စေပေါ့။ ဒါပေမယ့် ထူးခြားတာကတော့ အမျိုးသားတွေနဲ့ အမျိုးသမီးတွေအကြား […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ဆေးထိုး ရမှာ သိပ်ကြောက်တဲ့ ကလေးတွေကို ဘယ်လိုချော့မလဲ

ကလေးဘဝကတော့ မွေးတည်းက ဆေးထိုးအပ်နဲ့ မကင်းပါဘူး။ အနှီးပတ်ထားရတဲ့အရွယ်တည်းက ကာကွယ်ဆေးပေါင်းစုံ ထိုးခဲ့ရတယ်မဟုတ်လား။ နို့စို့အရွယ်လေးတုန်းကတော့ ဒီတိုင်း ဆေးထိုး ပေး၊ ငိုရင် ချော့မြှူလိုက်နဲ့ အဆင်ပြေသွားပေမယ့် နည်းနည်းကြီးလာတဲ့အခါ မိဘတွေ အခက်ကြုံရပါတယ်။ လူကြီးတွေက သည်းခံနိုင်ပေမယ့် ကလေးတွေကတော့ ဆေးထိုး ရမယ်၊ နာကျင်ရမယ်ဆို ကြောက်လန့်တကြားငြင်းဆန်ကြတာပါပဲ။ အရင်တည်းကလည်း “အပ်ကြီးနဲ့ဆေးထိုးမှာနော်” ၊ “ဆရာဝန်ခေါ်ပြီး ဆေးထိုးလိုက်မှာနော်” ဆိုတဲ့စကားတွေနဲ့ ခြောက်တာ၊ စနောက်တာတွေလည်း ရှိထားရင် ပိုဆိုးနိုင်ပါတယ်။ ဒါနဲ့ပဲ ဆရာဝန် ဆို၊ ဆေးထိုးအပ် ဆို ကလေးက အရမ်းကြောက်နေပါရော။ ဒီလိုငယ်ငယ်တည်းက ဝင်လာတဲ့ကြောက်စိတ်က အရွယ်ရောက်တဲ့အထိ စွဲနေပြီး လူကြီးဖြစ်လည်း အပ်ကြောက်တဲ့သူတွေတောင် ရှိပါတယ်။ ဒီတော့ ကလေးတွေ အပ် မကြောက်အောင် ဖေဖေမေမေတို့ အားပေးချော့မြှူဖို့ အသုံးဝင်မယ့် နည်းလမ်းလေးတွေ အကြံပေးချင်ပါတယ်။ ဒီထဲကနေမှ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ဓာတ်ကျခြင်းရဲ့ အချက်ပြလက္ခဏာတွေက ဘာတွေများလဲ

လူတစ်ယောက်ကျန်းမာတက်ကြွနေဖို့ အရေးကြီးတာက စိတ်ကျန်းမာဖို့ပါ။  အသိဉာဏ်ပျောက်နေမှ စိတ်ကျန်းမာရေးမကောင်းတာမဟုတ်ပါဘူး။ တစ်ခါ တလေ ကိုယ်တိုင်တောင်မသိလိုက်ဘဲ စိတ်ဖိစီးနေတာ၊ စိတ်ဓာတ်ကျနေတာတွေကလည်း စိတ်ကျန်းမာရေး အားနည်းနေတာပါပဲ။ ဒီလိုအခါမျိုးမှာလည်း ခန္ဓာကိုယ် နေမကောင်းရင် ကုစားသလိုပဲ စိတ်ကိုလည်း ကုစားဖို့လည်း လိုပါမယ်။ ကုစားဖို့ကလည်း လက္ခဏာတွေသိဦးမှဆိုတော့ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်များကျနေလား ဆန်းစစ်ကြည့်လိုက်နော်။ စိတ်ဓာတ်ကျနေပြီလား ဘယ်လိုသိနိုင်မလဲ............ နေ့စဉ်အလုပ်တွေကို ပုံမှန်လှုပ်ရှားနေနိုင်တယ်ဆိုတိုင်း စိတ်ရောကိုယ်ပါကျန်းမာနေတယ်လို့ မဆိုနိုင်ပါဘူး။ တကယ်လို့ ကိုယ့်မှာ အခုလိုလက္ခဏာတွေ တွေ့နေရပြီဆိုရင် သင် စိတ်ဓာတ်ကျနေပါပြီ။ ဘဝမှာ ပျော်စရာမရှိတော့ဘူးလို့ ခံစားနေရပြီ - စိတ်ဓာတ်ကျနေသူတစ်ယောက်အဖို့ ဘာကမှ သူ့ကိုမပျော်ရွှင်စေနိုင်တော့ပါဘူး။ အရမ်းသဘောကျရတဲ့ အရာတွေကတောင်မှ စိတ်ချမ်းသာမှုမပေးနိုင်ဘူးလို့ခံစားလာရပြီဆိုရင်တော့ စိတ်ဓာတ်ကျနေပါပြီ။ အာရုံစိုက်ဖို့ ခက်သထက်ခက်လာပြီ - အလုပ်မှာဖြစ်ဖြစ် ဘာပဲလုပ်လုပ် အာရုံစူးစိုက်လို့မရဘူး။ အာရုံစူးစိုက်မှုက ခက်သထက်ခက်လာနေပြီဆိုရင် ခဏလောက် အနားပေးလိုက်ပါ။ စိတ်ဓာတ်ကျမှု အစပျိုးတော့မယ့် အခြေအနေဖြစ်နေပါပြီ။ မျှော်လင့်ချက်မဲ့နေပြီ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

တောက်လောင်နေတဲ့ ဒေါသမီးကို ဒီလိုလျှော့ပါ

လူရယ်လို့ ဖြစ်လာရင် ဘယ်လောက်ပဲ ပျော်ရွှင်အောင် ကြိုးစားကြိုးစား၊ တစ်ခါတလေ စိတ်ညစ်စိတ်ဆိုး ဒေါသထွက်ရတာမျိုး ဖြစ်တတ်တာပဲလေ။ လူ့လောကဆိုတာ ပြီးပြည့်စုံတဲ့နေရာတစ်ခုမှ မဟုတ်ပဲကိုး။ အမြင့်ရှိသလို အနိမ့်ဆိုတာလည်း ရှိတယ်။ ဒါကြောင့် အနိမ့်ကိုရောက်နေတဲ့ ကာလအတွင်းမှာ ကိုယ့်ဒေါသကြောင့် ကိုယ့်စိတ်နဲ့ ကျန်းမာရေးမညှိုးနွမ်းရစေဖို့ နည်းနည်းတော့ သတိထားဖို့ လိုတာပေါ့။ ဒေါသထွက်ရင် ဘာဖြစ်မလဲ။ အရင်ဆုံး ကိုယ့်စိတ်နဲ့ ခန္ဓာက ထိခိုက်မှာပါ။ ဒေါသကြောင့် အသက်ရှူမြန်လာတယ်၊ နှလုံးခုန်မြန်လာတယ်၊ ဦးနှောက်ထဲ သွေးတွေရောက်ပြီး သွေးတိုးကာ သတိလစ်စေတယ်၊ နှလုံးကို အမောဖောက်လာစေတယ်၊ စိတ်က မကြည်မလင်ဖြစ်ပြီး ပျော်ရွှင်ခြင်းရဲ့ ရသကို မခံစားနိုင်တော့ဘူး၊ ဒီအခါ ဘဝမှာဖြစ်ပျက်နေတဲ့ အရာတွေကို အကောင်းမမြင်တော့ဘူးပေါ့။ အထူးသဖြင့် သွေးတိုး၊ နှလုံးရောဂါအခံရှိသူတွေ၊ အသက်အရွယ်ကြီးသူတွေ၊ အာရုံကြောမကောင်းသူတွေဆိုရင် ဒေါသထွက်လာတာနဲ့ အမောဖောက်ပြီး သတိလစ်သွားနိုင်တယ်နော်။ လူတစ်ယောက်က ဒေါသထွက်လာရင် […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ဘာကြောင့် နေ့စဉ် တရားထိုင်သင့် တာလဲ

စိတ်ဖိစီးမှုနဲ့ သောကဗျာပါဒတွေဟာ နေ့စဉ်လူနေမှုဘဝမှာ ရင်ဆိုင်နေရလေ့ရှိတဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ မကိုင်တွယ်နိုင်တော့ဘူးလို့ ခံစားမိတဲ့ အခက်အခဲတွေကြောင့် ဒီလို စိတ်ဖိစီးမှုတွေ ရလာတတ်ပါတယ်။ ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့ တရားထိုင်သင့် တယ်လို့မထင်ဘူးလား။ ကျွန်တော်တို့တွေဟာ နေ့စဉ်နဲ့အမျှရင်ဆိုင်နေရတဲ့ ပြဿနာတွေ အခက်အခဲတွေနဲ့ ဖိအားတွေကို ဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ပြဿနာတိုင်းဟာ အဖြေရှိတာ မှန်လို့လား။ ပြဿနာတိုင်းကို ပြန်လည်ဖြေရှင်းနေဖို့ လိုအပ်လို့လား။ ဒီလို စိတ်အာရုံနောက်ကျိစရာ စိတ်ညစ်ညူးစရာ အခြေအနေတွေကို တည်တည်ငြိမ်ငြိမ်ဖြတ်ကျော်နိုင်ဖို့ တရားရှုမှတ်ခြင်းက ကောင်းသော နည်းလမ်းတစ်ခုပါတယ်။ တရားရှုမှတ်ခြင်းနည်းလမ်းကို အသုံးချပြီး စိတ်ဖိစီးမှုတွေ၊ အမျိုးမျိုးသော သောကတွေကို လျှော့ချနိုင်ပါတယ်။ တရားရှုမှတ်တာဟာ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး တစ်နေ့ကို ၁၀ မိနစ် ကနေ နာရီဝက် ဝန်းကျင်လောက်အထိ ပုံမှန်ပြုလုပ်ပေးရုံနဲ့ အကျိုးကျေးဇူးတွေ အများအပြားရနိုင်ပါတယ်။ တရားရှုမှတ်ခြင်းအလေ့အထဟာ […]


စွဲလမ်းမှုပြဿနာများ

Social Drink ကနေ တဆင့်တက်လို့ အရက်စွဲနေပြီလား ဆန်းစစ်ကြည့်ပါ

အလုပ်သဘောအရဖြစ်ဖြစ်၊ သူငယ်ချင်းတွေစုံမိလို့ဆိုပြီး အရက်ကို တစ်ခွက်စ နှစ်ခွက်စသောက်တာ Social Drink ဆိုပေမယ့် ဒီလိုနဲ့တစ်ပတ်ကို ၃ ရက်အထက်သောက်မိနေမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ဖို့လိုပါပြီ။ တကယ်ပဲအားနာလို့ သောက်မိနေတဲ့ Social Drink လား၊ မသောက်ရမနေနိုင်လို့ သောက်မိနေတဲ့ အရက်စွဲပြဿနာစနေတာလားဆိုတာကိုပါ။ Social Drink ဆိုတာ "Social drinking" ဆိုတာက သောက်ချင်လို့ဆိုတဲ့ ဆန္ဒထက် အလုပ်သဘောအရ လိုအပ်လို့သောက်တာပါ။ သောက်တဲ့အခါမှာလည်း မူးနေအောင်သောက်တာမျိုးမဟုတ်ဘဲ တစ်ခွက်၊နှစ်ခွက်လောက်ပဲ မိတ်ဖြစ်ဆွေဖြစ်သောက်တာမျိုးပါ။ Social Drink ကြောင့် အရက်စွဲနိုင်လား....... ဒါကတော့ လူနဲ့ပဲဆိုင်တယ်လို့ပြောပါရစေ။ Social Drink ကြောင့် အရက်မစွဲနိုင်ပေမယ့် ကိုယ့်စိတ်ကိုယ်မထိန်းနိုင်ရင်တော့ အရက်ဆိုတာမျိုးကလည်း စါဲလမ်းစေတတ်တဲ့အရာဆိုတော့  အရက်စွဲတာမျိုးဖြစ်သွားနိုင်ပါတယ်။ အရက်စွဲတယ်ဆိုတာက ငွေကုန်ကြေးကျများသလို ခန္ဓာကိုယ်ရော ဦးနှောက်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အလုပ်သဘောအရ လိုအပ်လို့သောက်မယ်ဆိုရင်တောင် အကန့်အသတ်လေးနဲ့ သောက်တာက […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

နေ့ရက်တိုင်းမှာ ပျော်ရွှင်ပါ

တစ်နေ့တာကို ဘယ်လိုများကုန်ဆုံးချင်လဲ။ ပျော်ပျော်ရွှင်ရွှင်နဲ့လား...ဒါမှမဟုတ် သုန်သုန်မှုန်မှုန်လား...ထိုင်းထိုင်းမှိုင်းမှိုင်းလား.... ဘယ်လိုမျိုးကုန်ဆုံးချင်တာလဲ။ အားလုံးကတော့ သူတို့ရဲ့ နေ့ရက်တိုင်းကို စိတ်ညစ်စရာတွေကင်းပြီး ပျော်ရွှင်စွာနဲ့ပဲကုန်ဆုံးချင်မယ်ထင်ပါတယ်။ တကယ်တော့လည်း နေ့ရက်တိုင်းကို ပျော်ရွှင်စွာနဲ့ပဲ ဖြတ်သန်းသင့်ပါ။ ဒီတော့ ပြောစရာရှိလာမှာက နေ့ရက်တိုင်းကို ပျော်ရွှင်စွာတော့ ဖြတ်သန်းချင်ပါရဲ့ ဒါပေမယ့် ဖြစ်နိုင်ပါ့မလားလို့လေ။ မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းချင်တယ်ဟုတ် နည်းလမ်းလေးတွေရှိပါတယ်။ နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းဖို့ အသင့်ပဲလား.......... နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းဖို့အသင့်ဖြစ်ပြီဆိုရင်တော့ ဆက်လိုက်ကြဦးစို့။ တစ်နေ့တာကိုဘယ်လိုဖြတ်သန်းမလဲဆိုတာက သင့်ရဲ့ ရွေးချယ်မှုအပေါ်မှာမူတည်နေတာပါ။ ဒီတော့ နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းဖို့ဆိုရင် အိပ်ရေးဝဝအိပ်ပါ အိပ်ရေးဝဝအိပ်တာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေနိုင်ပါတယ်။ တစ်ညတာမှာ အနည်းဆုံး အိပ်ချိန် ၇ နာရီရှိအောင် အိပ်စက်ပါ။ ဒီလိုအိပ်စက်မှုက သင့်ကို ကြည်လင်လန်းဆန်းနေစေပြီး အရာရာကို အကောင်းမြင်စိတ်တွေဖြစ်စေလို့ ပျော်ရွှင်မှုတွေကို လက်ယက်ခေါ်လိုက်သလိုဖြစ်စေမှာပါ။ ဒါကြောင့် အဖိုးအခမပေးရတဲ့ အိပ်စက်ချိန်လေးကိုတော့ ပြည့်ပြည့်ဝဝအိပ်ပါ။ မနက်စောစောထပါ မနက်ခင်းနေခြည်နွေးနွေးလေးက […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

ကိုယ့်ကိုယ်ကိုသတ်သေ ချင်သူတွေ ဆိုရှယ်မီဒီယာမှာ ဘာတွေ တင်တတ်သလဲ

စိတ်ဖိစီးမှုတွေ၊ လူမှုဘဝ အခက်အခဲတွေ၊ လူမှုရေး ပြဿနာတွေ နဲ့ မိသားစု အဆင်မပြေမှုတွေကြောင့် ဒီကနေ့ခေတ်မှာ ကိုယ့်ကိုယ်ကိုသတ်သေ မှုတွေ ပိုမို များပြားလာ နေပါတယ် ။ လူတစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေဖို့ ဆိုတာဟာ သာမန်လူ တစ်ယောက်ရဲ့ အမြင်မှာတော့ ဖြစ်နိုင်ခြေ  အတော်နည်းပါးတဲ့ ကိစ္စတစ်ခုလို့ ရှုမြင်စရာပါ ။ ဒါပေမယ့် ပြင်းထန်တဲ့ စိတ်ဖိစီးမှု၊ ပတ်ဝန်းကျင် ဖိအား နဲ့ စိတ်အားငယ်မှု စတာတွေကို ခံစားနေရသူ တစ်ယောက်အတွက် ဆိုရင်တော့ ဒီအချက်ဟာ ဖြစ်မလာနိုင်ဘူးလို့ ဆိုဖို့ခက်ခဲတဲ့ အရာတစ်ခုဖြစ် ပါတယ် ။ စိတ်ဖိစီးမှု နဲ့ စိတ်နာကျင်မှု ဝေဒနာတွေကို ပြင်းပြင်းထန်ထန် ခံစားနေရသူတွေဟာ ကိုယ့်ကိုယ်ကို သတ်သေနိုင်ခြေ မြင့်မားလှပြီး ဒီလို ပုဂ္ဂိုလ်တွေ အနေနဲ့ နေထိုင် စားသောက်ပုံတွေကို ဂရုတစိုက် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

သတင်းဆိုးတွေ ကြောင့် စိတ်ပင်ပန်းနေရပြီလား

ဆိုရှယ်မီဒီယာခေတ်မှာ သတင်းတုယောင်တွေ၊ သတင်းဆိုးတွေ ၊ အနိတ္ထာရုံတွေ၊ ဖရုသဝါစာ ယုတ်ရင်းကြမ်းတမ်းတဲ့စကားတွေကို ရှောင်လွှဲနိုင်ဖို့ ခက်ခဲလှပါတယ်။ ကလေးသူငယ် လိင်အကြမ်းဖက်မှုတွေကအစ သြစတြေးလျ တောမီးအလယ် ထရမ့်ပ်နဲ့ အီရန်တို့ရဲ့ တင်းမာမှုတွေကြောင့် တတိယကမ္ဘာစစ်ဖြစ်တော့မယ် အဆုံး ဆိုးရွားလှတဲ့သတင်းတွေ၊ ပြဿနာတွေဟာ နေရာတိုင်းကနေ ပေါပေါသီသီထွက်ပေါ်လာနေပါတယ်။ ဒီလိုသတင်းမျိုးတွေဟာ စိတ်ကျန်းမာရေး အားနည်းသူတွေကိုမပြောနဲ့ သာမန်လူတွေကိုယ်တောင် စိတ်ထဲ တမျိုးတမည် စိတ်မချမ်းမသာဖြစ်စေမှာတော့ အမှန်ပါပဲ။ လိင်အကြမ်းဖက်မှုတွေ၊ ကိုယ်ဝန်ဖျက်ချမှုတွေ၊ ရောဂါဘယဘေးတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေလို ကိစ္စမျိုးတွေကို နေ့စဉ်နဲ့အမျှ မြင်တွေ့နေရတဲ့ လူသားတွေဟာ အဲ့ဒီ သတင်းဆိုးတွေ ကြောင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းဆင်းရဲ့မှုတွေကို မသိမသာရော သိသိသာသာပါ ခံစားနေရတယ်လို့ ကျွမ်းကျင်သူတွေကလည်း ဆိုထားပါတယ်။ စိတ်ဓာတ်ကျတာတွေ၊ စိတ်ထိခိုက်တာတွေအပြင် စိတ်ရောဂါဖြစ်သွားနိုင်လောက်တဲ့အထိ ဆိုးရွားပါတယ်။ နေ့စဉ်နဲ့အမျှ စိတ်ညစ်ညူးဖွယ်သတင်းတွေကို မြင်တွေ့နေရတဲ့ ဒီကနေ့ခေတ်မှာ ဒီလို အခြေအနေမျိုးတွေကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း