စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ကျန်းမာရေးအတွက် အဖြေရှာတော့မယ်ဆိုရင်

လူသားတိုင်း အသက်အရွယ်မရွေး ကြုံလာရတဲ့ အခက်အခဲတွေကြားမှာ စိတ်ကျန်းမာရေးကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာ ဆိုသလိုပါပဲ။ စိတ်ဟာ လူတစ်ယောက်ရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ ထမ်းဆောင်နိုင်စေဖို့ အားအင်ဖြစ်စေပါတယ်။ ဒါပေမယ့် ပုထုဇဉ်လူသားဆိုတာလည်း စိတ်ပျော့တတ်တာပဲမလား။ အခက်အခဲတွေ၊ ပြဿနာတွေကြောင့် စိတ်ဓာတ်ကျနိုင်တယ်။ စိတ်ကျန်းမာရေးမှာ ထိခိုက်လာနိုင်တယ်။ ကုသရမှာ၊ ဖွင့်ပြောရမှာ ရှက်တာကြောင့်လည်း တော်ရုံတန်ရုံဆို ရင်ထဲမှာပဲ မျိုသိပ်ထားလိုက်တယ်။ လူတွေကလည်း ကိုယ့်စိတ်ကျန်းမာရေးအကြောင်းသိရင် ကဲ့ရဲ့မယ်။ ပြဿနာကို အဖြေရှာဖို့ဆိုတာထက် ရွာသာကြီး သွားလေ ဆိုတာလောက်ပဲ ပြောတတ်ကြတာမလား။ အချိန်ကြာလာတော့ ရောဂါပိုဆိုးလာပြီး အိပ်ရာထဲ လဲသွားနိုင်တယ်။ အခြေအနေဆိုးလာတဲ့အခါမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သည်အထိ ဖြစ်လာနိုင်ပါတယ်။ လူအများစု လုပ်တတ်တာက စိတ်ညစ်လာပြီဆိုရင် သူငယ်ချင်းတွေ၊ မိသားစုတွေပဲ တိုင်ပင်လိုက်တယ်။ ပြီးတော့ မေ့မေ့ပျောက်ပျောက်ထားလိုက်တယ်။ တကယ်တော့ ဒါဟာ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

သံစဉ်များရဲ့ အာနိသင်

ဂီတသံစဉ်ဆိုတာ လူ့စိတ်ကိုဖမ်းစားနိုင်တယ်။ သီချင်းမကြိုက်ဘူး၊ တစ်ခါမှလိုက်မဆိုခဲ့ဖူးဘူး ဆိုတဲ့သူတွေတောင် အမှတ်တရဟောင်းနဲ့ ဒါမှမဟုတ် လက်ရှိအဖြစ်နဲ့ တိုက်ဆိုင်မှုရှိခဲ့ရင် သီချင်းနဲ့မျောပါသွားမှာ ၈၀% သေချာပါတယ်။ လူတော်တော်များများက ဆူညံသံနဲ့ ဂီတသံကို ခွဲခြားသိနိုင်စွမ်းကို ပင်ကိုပိုင်ဆိုင်ထားပါတယ်(လော်အသံနဲ့မတရားနှိပ်စက်တဲ့သူတွေမပါ)။ ထားပါတော့။ ဆက်ပြောရရင် ဂီတသံက သိပ်မြန်နေရင် နားထောင်ရသူမှာ နှလုံးခုန်မြန်လာတယ်၊ အသက်ရှူမြန်လာတယ်၊သွေးခုန်နှုန်းမြင့်လာတယ်။ သီချင်းအေးအေးလေးတွေကျတော့ စိတ်တွေငြိမ်းချမ်းလာတယ်ပေါ့။ သုတေသနတွေအရတော့ ကိုယ်နှစ်သက်တဲ့သီချင်းကိုနားထောင်နေရတဲ့အချိန်မှာ ဦးနှောက်က dopamine ဆိုတဲ့ဓါတ်တစ်မျိုးကိုထုတ်ပေးလို့ စိတ်ခံစားချက်ကို ကောင်းစေတာပါတဲ့။ သီချင်းသံတွေက ပျော်ရွှင်မှု၊ကြည်နူးမှု၊ ဝမ်းနည်းမှု၊ လွမ်းဆွေးမှု၊ ပေါက်ကွဲမှု စတဲ့ ခံစားချက်တွေအမျိုးမျိုးပေးစွမ်းနိုင်တယ်ဆိုတာ လက်ခံတယ်ဟုတ်။ စိတ်ပိုင်းဆိုင်ရာကတော့ ဟုတ်ပါပြီ။ လူ့ကျန်းမာရေးမှာရော ဂီတသံစဉ်တွေက ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲဆိုတာ သိရင် သီချင်းချစ်သူတွေ အရမ်းပျော်မှာပဲနော်။ သံစဉ်တွေက - စိတ်ကိုပျော်ရွှင်စေတယ်။စိတ်ညစ်၊ ဒေါသထွက်၊ စိတ်ဖိစီးနေရင်တောင်မှ တချို့သီချင်းလေးတွေကြောင့် ကိုယ့်အပူတွေကို မေ့သွားစေတဲ့အထိ နစ်မျောသွားစေနိုင်ပါတယ်။ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ထောင်းလို့ ကိုယ်ကြေ ဖြစ်လာတဲ့အခါ

စိတ်ထောင်းလို့ ကိုယ်ကြေ ဆိုတဲ့စကားက တကယ်ကိုမှန်ပါတယ်။ စိတ်ဓာတ်ကျလာပြီဆို အစားလည်းမစားချင်၊ အလုပ်လည်းမလုပ်ချင်၊ ဘယ်သူ့မှလည်းမတွေ့ချင်၊ အရာရာ စိတ်မပါတော့ဘဲ ဂျုံးဂျုံးကျတော့တာပါပဲ။ ပိုဆိုးတာက စိတ်ခံစားချက်တင်မကဘဲ လူကိုပါထိခိုက်လာတာပါပဲ။ အစားမမှန်၊ အအိပ်မမှန်တဲ့အပြင် စိတ်ဖိစီးမှုဟော်မုန်းတွေကြောင့် ကျန်းမာရေးမှာ အနုတ်လက္ခဏာပြလာပါလိမ့်မယ်။ ဘာတွေအနုတ်လက္ခဏာပြလာမလဲ ကိုယ်အလေးချိန်ကျမယ် သို့မဟုတ် တက်မယ် စိတ်ကျဝေဒနာခံစားနေရသူတွေဟာ အစာစားချင်စိတ်မှာ အပြောင်းအလဲတွေဖြစ်စေနိုင်လို့ အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်တက်တာ၊ ကျတာတွေဖြစ်နိုင်ပါတယ်။ အဲဒီမှာ ကိုယ်အလေးချိန်တက်ရင် ဆီးချို၊ နှလုံးလိုရောဂါတွေဖြစ်လာနိုင်တယ်၊ ကိုယ်အလေးချိန်နည်းရင် နှလုံးထိခိုက်နိုင်တယ်၊ ကလေးရနိုင်စွမ်းကိုထိခိုက်စေနိုင်တယ်၊မောပန်းအားကုန်လွယ်စေတယ်။ နာကျင်ကိုက်ခဲမှုတာရှည်မယ် စိတ်ကျဝေဒနာဖြစ်နေတဲ့သူတွေမှာ အဆစ်နာ၊ ကြွက်သားနာကျင်ခြင်း၊ ရင်သားနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း တို့လို အကြောင်းရင်းမည်မည်ရရမရှိတဲ့ နာကျင်မှု၊ ကိုက်ခဲမှုတွေ တာရှည်ခံစားနေရမယ်။ပြီးရင် အဲဒီနာကျင်ကိုက်ခဲမှုတွေကြောင့်ပဲ စိတ်ကျဝေဒနာကို ပိုဆိုးစေနိုင်ပါသေးတယ်။ နှလုံးရောဂါအန္တရာယ်ရှိတယ် စိတ်ဓာတ်ကျနေတော့ အစားအသောက်အနေအထိုင်တွေမှာ အရာရာဘာကိုမှ ကျန်းမာရေးနဲ့ညီအောင် အမှန်မဆုံးဖြတ်နိုင်တော့ပါဘူး။ ဒီလိုနဲ့ပဲ နှလုံးရောဂါအန္တရာယ်ပိုများလာနိုင်တာပေါ့။ သုတေသနတွေအရ နှလုံးပျက်စီးခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်သူ ငါးဦးမှာ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

အထီးကျန်တဲ့ ခံစားချက်ကို ဘယ်လိုဖြေဖျောက်ကြမလဲ

၂၁ ရာစု နည်းပညာတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ လူတွေဟာ ပိုပြီး အထီးကျန်လာကြပါတယ်။ အိမ်ထဲမှာ အချိန်ကုန်တာ များလာတယ်။ ထိုင်ခုံပေါ်မှာ ငြိမ်ငြိမ်လေးထိုင်ြပီး ဖုန်း၊ ကွန်ပျူတာအသုံးပြုကြတယ်။ အရင်တုန်းကလို လူတွေနဲ့ စကားပြောဆိုဆက်ဆံနေရဖို့ အချိန်ကုန်၊ လူပင်ပန်းစရာမလိုပဲ အွန်လိုင်းကနေ အလွယ်တကူ ပြောဆိုလာနိုင်ကြတယ်။ ဒါဆိုရင် လူတွေ ဘာလို့ ပိုပြီးအထီးကျန်လာကြတာလဲ။ အရင်တုန်းကလောက် လူတွေနဲ့ ရင်းရင်းနှီးနှီး ထိတွေ့ဆက်ဆံရတာမျိုး မရှိတော့ပဲ လေလှိုင်းပေါ်ကနေပဲ စကားပြောရတာ ကြာလာတဲ့အခါ စိတ်ထဲမှာ သီးသန့်ကြီးလို ဖြစ်လာတယ်။ အပြင်လည်း သိပ်မထွက်ဖြစ်တော့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အခါ ကိုယ်တစ်ယောက် ဖြစ်နေသလို၊ အများနဲ့ မသက်ဆိုင်တော့သလို ခံစားလာရတယ်။ တစ်ယောက်တည်း နေတာ ကြာလာတာနဲ့အမျှ အထီးကျန်တဲ့ ဝေဒနာဟာ ပိုဆိုးသွားနိုင်ပြီး စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်မှု ဖြစ်လာနိုင်ပါတယ်။ အထီးကျန်တဲ့ ခံစားချက်ပျောက်ဖို့ ဘာတွေ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ဘဝပျော်ရွှင်အေးချမ်းဖို့ မိမိကိုယ်ကို တန်ဖိုးထား စို့

လူတစ်ယောက်ရဲ့ ဘဝမှာ အေးချမ်းမှု၊ ပျော်ရွှင်မှု၊ လုံခြုံမှု အလုံးစုံရရှိဖို့ အရေးကြီးဆုံးအရာတွေထဲမှာ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ခြင်းဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ကိုယ်တိုင်က ကိုယ့်ကိုယ်ကို တန်ဖိုးထား တတ်မှ တခြားသူကပါ ကိုယ့်အပေါ် မေတ္တာထားနိုင်မှာပါ။ မိမိကိုယ်ကို တန်ဖိုးမထားတတ်တဲ့သူတွေဟာ စိတ်မလုံခြုံမှုတွေ ဖြစ်စေပြီး အထီးကျန်တာ၊ တက်ကြွရွှင်လန်းခြင်း မရှိတော့တာ၊ တဖြည်းဖြည်းနဲ့ စိတ်ဖိစီးမှုတွေ များလာမယ်။ စိတ်ကျန်းမာရေးမှာ ထိခိုက်မှု များစွာ ကြုံလာရနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။ မိမိကိုယ်ကို တန်ဖိုးထား နိုင်ဖို့ ဒီအချက်တွေကို လိုက်နာပါ၊၊ ၁။ မိမိကိုယ်ကို အကောင်းမြင်ပါ။ အရာရာကို အကောင်းမြင်ခြင်းဟာ မိမိကိုယ်ကို တန်ဖိုးထား တတ်လာစေဖို့ အလေ့အကျင့်ကောင်း တစ်ခုပါပဲ။ လူတိုင်းက နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲ ပြဿနာတွေကြောင့် မိမိကိုယ်ကိုရော ပတ်ဝန်းကျင်၊ ဘဝကိုပါ […]


စွဲလမ်းမှုပြဿနာများ

ချစ်ခြင်းမေတ္တာ လား အစွဲအလမ်းကြီးတဲ့ စိတ်ရောဂါလား

လူရယ်လို့ ဖြစ်လာပြီဆိုရင် အသက်အရွယ်မရွေး ချစ်ခြင်းမေတ္တာ နဲ့ ကြုံတွေ့လာရမှာပါ။ ကလေးဘဝမှာ မိဘနဲ့ သားသမီးကြားက ချစ်ခြင်းမေတ္တာ၊ အရွယ်ရောက်လာတဲ့အခါမှာ သူစိမ်းတစ်ယောက်ပေါ်မှာ ထားရှိတဲ့ ချစ်ခြင်းမေတ္တာ၊ ကိုယ့်ရဲ့ အိမ်မှာ မွေးထားတဲ့ တိရစ္ဆာန်လေးတွေအပေါ် မေတ္တာထားတာ အစရှိသဖြင့် အမျိုးမျိုးရှိပါတယ်။ ဒါဆိုရင် ချစ်ခြင်းမေတ္တာ ဆိုတာဘာလဲ။ အစွဲအလမ်းကြီးတယ်ဆိုတာက ရော ဘယ်လိုခံစားမှုမျိုးလဲ။ ကိုယ်က လူတစ်ယောက်ကို ချစ်နေတာလား၊ စွဲလမ်းနေတာလားဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပြီး သုံးသပ်ဖူးပါသလား။ ချစ်ခြင်းမေတ္တာ ဆိုတာ ဘာလဲ။ ချစ်ခြင်းမေတ္တာ ဟာ ပေးလိုက်ရတဲ့သူရော ရတဲ့သူပါ ရင်ထဲကို အေးချမ်းစေပါတယ်။ စိတ်ကို ပျော်ရွှင်ချမ်းမြေ့စေတယ်။ ဘဝမှာ နေရတာ အဓိပ္ပာယ်ရှိလာတယ်။ အနာဂတ်ဟာ လှပနေတယ်လို့ ခံစားရတယ်။ အားအင်တွေ ပြည့်ဝလာစေတယ်။ အရာရာကို ပိုပြီး အကောင်းမြင်တတ်လာတယ်။ စိတ် […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ပင်ပန်းနေတဲ့ စိတ်ကလေး ဘယ်လိုအနားပေးမလဲ

အတွေးများနဲ့ချာချာလည်နေရတဲ့ စိတ်ပင်ပန်းမှုမျိုးက တော်တော်ဆိုးပါတယ်။ ငါအလုပ်မှာအဆင်ပြေပါ့မလား၊ အပြစ်များမြင်ခံရမလားဆိုတဲ့ စိတ္တဇ၊ လူတွေက ငါ့ကိုမခင်ကြတော့ဘူးလား ဆိုတဲ့ ဝမ်းနည်းစိတ်၊ လက်ထဲမှာ ပိုက်ဆံပြတ်တော့မယ် ဘယ်ကရှာရပါ့ ဆိုတဲ့ ရတက်မအေးစိတ်၊ လုပ်စရာတွေကများနေပြီး လူကမလိုက်နိုင်တော့တဲ့အခါ ဖိစီးတဲ့ စိတ် .... ပြီးတော့ရှိသေးတယ်၊ ကိုယ့်ကိုယ်ကိုအတင်းခိုင်းလွန်းလို့ ဦးနှောက်က ဂျမ်းဖြစ်သွားတဲ့အခါ တစ်ချက်တစ်ချက် လွတ်သွားတတ်တဲ့ အသိစိတ်...ဟိုဟာမေ့၊ ဒီဟာမေ့နဲ့ စကားတွေမှားပြောလိုပြော၊ သိနေကျအရာတွေကိုလည်း သိပ်နားမလည်တော့သလိုလို၊ စကားသံတွေလည်း ကြားတစ်ချက်မကြားတစ်ချက်၊ အလုပ်မှာလည်း အမှားတွေချည်းလုပ်မိနေတာ။ ဒါတွေဟာ ကိုယ့်အတွက် ခေတ္တအနားယူခွင့်ကို ခန္ဓာကိုယ်ကတုံ့ပြန်တောင်းဆိုနေတာဖြစ်ပါတယ်။ ခိုင်းလာတာကြာပြီ၊ ခိုင်းတာတွေလည်းများသွားခဲ့တဲ့အတွက် ဒီဦးနှောက်နဲ့စိတ်အခြေအနေကို ပြန်လည်ကုစားပေးရပါမယ်။ ဒါကြောင့် ဒီလက္ခဏာတွေဖြစ်လာပြီဆို သိလိုက်ပါတော့။ အော်..ငါ့ရဲ့စိတ်ကလေး သိပ်ပင်ပန်းနေရှာပြီပဲလို့။ အသက်ရှူပါ အသက်ကတော့အမြဲရှူနေရတာပဲလို့ စောဒကမတက်ပါနဲ့ဦး။ ဒါပေမယ့် ဒီတစ်ခါက အမှန်အကန်ကို ရှိုက်ပြီးရှူသွင်းရှူထုတ် လုပ်ရမှာနော်။ သေချာလေး စိတ်ထဲအာရုံပြုပြီး ရှူသွင်းရှူထုတ်မှန်မှန်လုပ်ရပါမယ်။ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ကျန်းမာရေးအတွက် မဟာမိတ်ဖက် ပျော်ရွင်ခြင်း စစ်တပ်။ ။

ပျော်ရွင်ခြင်းဆိုတာ လူသားတိုင်းအတွက် အကျိုးပြုတဲ့ အရာတစ်လို့ အားလုံး သတ်မှတ်ထားကြပါတယ်။ နေ့ရက်တိုင်း အချိန်တိုင်းမှာ ပျော်ရွင်နေချင်ကြတာ လူတိုင်းပါပဲ ။ စိတ်ပိုင်းဆိုင်ရာရော ၊ ရုပ်ပိုင်းဆိုင်ရာပေါ်မှာရော ပျော်ရွှင်မှုက သက်ရောက်မှု ရှိပါတယ်။ ကျန်းမာရေး အပေါ်မှာရော ပျော်ရွင်မှုက ဘယ်လို ကောင်းကျိုးတွေ ပြုပေးလဲ ကြည့်ရအောင် ။ ။ ပျော်ရွင်ခြင်းကို သင့်ကိုယ်ခန္ဓါ ဘယ်လိုတုန့်ပြန်သလဲ ။ ။ ပျော်ရွင်နေတဲ့ သူတစ်ယောက်ရဲ့ ကိုယ်ခန္ဓါမှာ ဘာတွေ ပြောင်းလဲနေလဲဆိုတာ ကြည့်ရအောင် ။ ။ ပျော်ရွင်ခြင်းနဲ့ ဦးနှောက် ။ ။ သင့်စိတ်ခံစားမှုတိုင်းဟာ ဦးနှောက် အပေါ် သက်ရောက်မှုရှိသလို ဦးနှောက်က ထွက်လာတဲ့ အာရုံကြော အချက်ပြစနစ်တွေကလည်း သင့်စိတ်ပိုင်းဆိုင်ရာ အပေါ် အပြန်အလှန်သက်ရောက်မှု ရှိပါတယ်။ ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ frontal […]


စွဲလမ်းမှုပြဿနာများ

မူးယစ်ဆေး စသုံးဖြစ်အောင် ဘယ်လို အကြောင်းအရာတွေက လှုံ့ဆော်ပေးတာပါလိမ့်။ ။

ဘာကြောင့် မူးယစ်ဆေးစွဲရတာလည်းလို့ မပြောခင် မူးယစ်ဆေးကို စသုံးဖြစ်စေတဲ့ အကြောင်းရင်းက ဘာကြောင့်များလဲဆိုတာကို အရင်သိဖို့ လိုအပ်ပါတယ်။ လူတိုင်းရဲ့ ဘဝပေးအခြေအနေတွေက မတူကြတဲ့အတွက် မူးယစ်ဆေးသုံးရတာ၊ ဆေးစွဲသွားတာတွေရဲ့ အရင်းခံ အကြောင်းအရင်းတွေကလည်း မတူကြပါဘူး။ ဒါကြောင့် မူးယစ်ဆေးကို စသုံးဖြစ်၊ စွဲသွားစေတဲ့ ထိပ်ဆုံး အကြောင်းအရင်း ၈ ချက်ကို ပြောပြပေးချင်ပါတယ်။ ။ ၁။ စူးစမ်းကြတာ။  ဆယ်ကျော်သက် အရွယ်ရောက်လာပြီဆိုတာနဲ့ စူးစမ်းချင်စိတ်ရှိကြတာ လူငယ်တိုင်းပါ။ မကောင်းဘူး၊ မလုပ်ရဘူးလို့ ပြောလေ ပိုလုပ်ချင်လေ ပါပဲ။ မူးယစ်ဆေးဆိုတာကလည်း ငယ်ငယ်တည်းက မသုံးကောင်းဘူး၊ ဆေးစွဲသွားလိမ့်မယ်လို့ပြောကြတော့ ဘာများပါလိမ့်၊ တစ်ခါလောက်စမ်းကြည့်တာ ဘာမှတော့ မဖြစ်လောက်ပါဘူးဆိုပြီး လက်တည့် စမ်းရာကနေ ဆေးစွဲသွားကြတဲ့သူတွေ တစ်ပုံကြီးပါ။ ။ ၂။ အတုမြင် အတတ်သင်။ ကလေးတွေဆိုတာ အတုမြင်အတတ်သင် အရွယ်ဖြစ်တဲ့အတွက် မိသားစုထဲ ဆေးစွဲနေတဲ့သူ ရှိခဲ့ရင် […]


စွဲလမ်းမှုပြဿနာများ

ဆေးစွဲနေကြောင်း သိသာစေတဲ့ လက္ခဏာတွေ။ ။

ခုနောက်ပိုင်းမှာ မူးယစ်ဆေး စွဲတဲ့ ပြဿနာတွေဟာ၊ အမှုတွေ အင်မတန်များပြားလာနေပြီး လူငယ်တို့ ဘဝတွေ ဖျက်စီးခံနေရတာ အားလုံးအသိပါ။ ဆေးအဆန်းအပြားတွေဟာလည်း နေ့ညမပြတ် ပေါ်ထွက်နေတာကြောင့် ကိုယ့်ကလေး ဘယ်တော့များ အပေါင်းအသင်းမှားပြီး ဆေးသမားြဖစ်မလဲ ရင်တမမနဲ့ စိတ်ပူနေရတဲ့ မိဘတွေအတွက် ဆေးစွဲတတ်တဲ့ သူတစ်ယောက်မှာရှိတဲ့ လက္ခဏာတွေက ဘာတွေလဲဆိုတာ ပြောပြပေးချင်ပါတယ်။ စောစောသိလေ မူးယစ်နွံထဲက ရုန်းထွက်ဖို့ အချိန်မီလေ ဖြစ်မှာပါ။ ။ ဆေးစွဲတယ်လို့ဆိုတဲ့နေရာမှာ မူးယစ်ဆေးတစ်ခုပဲ မဟုတ်ပါဘူး။ ေရာဂါသက်သာစေဖို့အတွက် သောက်နေရတဲ့ဆေးေတွကို မသောက်ရ မနေနိုင်ဖြစ်တာမျိုးတွေလည်း ပါပါတယ်။ ဥပမာ အိပ်ဆေးတို့၊ steroid ပါတဲ့ဆေး တို့၊ ဆေးခန်းတွေမှာ အားဆေးထိုးပေးပါဆိုပြီး လာလာထိုးခိုင်းနေတဲ့ ဆေးတွေလည်းပါတာပေါ့။ သူတို့ကိုမှ မသောက်ရဘူးဆိုရင် ကိုယ့်ဆီမှာတစ်ခုခုလိုနေသလို၊ စားလို့သောက်လို့မကောင်းတော့သလို၊ နေထိုင်လို့ မကောင်းတော့သလိုမျိုး ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း