စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အချစ်နဲ့ကျန်းမာရေး

မျက်လုံးထဲမှာ ကြယ်တွေ လိုးလိုးလက်လက်မြင်နေသလို၊ ဗိုက်ထဲမှာ လိပ်ပြာလေးတွေတရွရွပြေးနေသလို၊ ဒူးတွေပဲချောင်နေသလိုလို ….တစ်စုံတစ်ယောက်ကိုချစ်ရတယ်ဆိုတာ တယ်တော့ဘာနဲ့မှမတူတဲ့ခံစားမှုပါ။ ဒါပေမယ့် အဲဒီ အချစ်ခံစားမှုဟာ သင့်ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းကျိုးတွေအများကြီးသယ်လာပေးနိုင်တယ်ဆိုတာ သိပါသလား။  “ကျွန်တော်တို့ လူသားတွေဟာ ပေါင်းသင်းဆက်ဆံရေးရဲ့သတ္တဝါတွေဖြစ်တာနဲ့အညီ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးပတ်ဝန်းကျင်တစ်ခု တည်ဆောက်ထားနိုင်မယ်ဆိုရင် ကျွန်တော်တို့ဟာ ဘယ်အလုပ်ကိုပဲလုပ်လုပ် အကောင်းဆုံးစွမ်းရည်အပြည့်နဲ့ လုပ်နိုင်လာကြပါတယ်” လို့ AMC ရဲ့ နှလုံးအထူးကုတစ်ဦးဖြစ်သူ Baran Kilical ကပြောပါတယ်။ အချစ်ခံရခြင်း ဒါမှမဟုတ် ချစ်ခြင်းတရားဟာ စိတ်ဖီးစီးမှုအခြေအနေကနေ နှလုံးကျန်းမာရေးအထိ အရာရာတိုင်းကို သက်ရောက်မှုရှိပါတယ် လို့ သူကဆိုပါတယ်။ ချစ်ခြင်းတရားဟာ ဘယ်လိုတွေကောင်းကျိုးတွေသယ်လာပေးနိုင်သလဲဆိုတာကို သိပ္ပံနည်းကျ လေ့လောထားတဲ့အချက်တွေကတော့ ဒီမှာပါ။ (၁) အသက်ရှည်စေတယ် သုတေသနတွေအရ လူမှုဆက်ဆံရေးကောင်းတည်ဆောက်ခြင်းဟာ အသက်ရှည်ခြင်းနဲ့ တိတိကျကျ ဆက်စပ်နေပါတယ်။ အမေရိကန်သုတေသနဂျာနယ်တစ်ခုမှာ အသက် သုံးဆယ်ကနေ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ချစ်ခြင်းမေတ္တာဟာ သင့်ဦးနှောက်ကို ဘယ်လိုလွှမ်းမိုးသလဲ

ဆိုကြပါစို့။ သင့်အိပ်မက်ထဲထိ လွှမ်းမိုးနေသူတယောက်ဟာ သင့်ဆီကို တန်းတန်းမတ်မတ် လျှောက်လာခဲ့ရင် မည်သို့ ခံစားရပါမည်လဲ။ သင့်ရဲ့ရင်ခုန်သံတွေ မြန်လာပါလိမ့်မယ်။ လက်ဖဝါးတွေမှာ ချွေးစို့ကောင်းစို့လာနိုင်ပါတယ်။ စကားတလုံးမှ ပြောမထွက်ဘဲ ရှက်ရွံ့သလိုလည်း ဖြစ်လာနိုင်ပါတယ်။ ဒါဟာ သင်ချစ် မြတ်နိုးရသူတဦးကို မြင်တွေ့ရချိန်မှာ တပြိုင်တည်းခံစားရနိုင်တဲ့ အရာတွေဖြစ်ပြီး အားလုံးဟာ သင့်ဦးနှောက်ထဲမှာပဲ ဖြစ်ပျက်သွားခြင်း ဖြစ်ပါတယ်။ တကယ်တော့ အားလုံးဟာ သင့်ဦးနှောက်ထဲမှာ ဖြစ်ပေါ်သွားတဲ့ ဓာတ်ပြုပြောင်းလဲခြင်းတွေပဲ ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး ဦးနှောက်ထဲမှာ အာရုံကြောလျှပ်ကူးပစ္စည်းနဲ့ ဓာတုပစ္စည်းတွေ များစွာရှိပါတယ်။ သမီးရည်းစားပိုးပမ်းခြင်း၊ မိမိစိတ်ဝင်စားသူကို ဆွဲဆောင်ခြင်း စတဲ့နေရာတွေမှာ ဓာတ်ပြုဖြစ်ပေါ်ပါတယ်။ အဆိုပါဓာတ်ပြုပြောင်းလဲတဲ့ အာရုံကြောလျှပ်ကူးပစ္စည်းများအပေါ် မူတည်ပြီး သင့်ရဲ့အတွေးအကြံ၊ စိတ်ခံစားချက်၊ အပြုအမူ ပြောင်းလဲနိုင်ပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ ခံစားချက်နဲ့ အတွေးအကြံတွေကို အဓိကကြိုးကိုင်တဲ့ ဓာတ်ပစ္စည်းတွေကတော့ ဒိုပါမင်း၊ အောက်ဆီတိုစင်နဲ့ ဗေဆိုပရပ်ဆင် […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ကဖိန်းဟာ စိတ်ကျခြင်းခံစားရသူတွေအတွက် အထောက်အကူဖြစ်သလား

ကဖိန်းဓာတ်ဟာ ကော်ဖီထဲမှာ အများဆုံးပါဝင်ပြီး ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးပါတယ်။ ပျော်ရွှင်တက်ကြွခြင်းကို ဖြစ်ပေါ်စေပြီး စွမ်းအင်ပြည့်ဝသလို၊ နေထိုင်ကောင်းသလို ခံစားရစေပါတယ်။ အာရုံကြောကို တက်ကြွလန်းဆန်းစေလို့ စိတ်ဓာတ်ကျဆင်းချိန်မှာ သုံးစွဲဖို့ အသုံးဝင်ပါတယ်။ စိတ်ကျခြင်းဆိုတာ ကမ္ဘာတလွှားမှာ လူပေါင်းများစွာကို ဒုက္ခပေးနေတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာပဲ ဖြစ်ပါတယ်။ ဆိုးဆိုးရွားရွား ဝမ်းနည်းကြေကွဲခြင်းတွေ ကြုံကြိုက်ရတတ်ပြီး အတိတ်က ဝမ်းနည်းစရာတွေဟာ လက်ရှိကာလမှာ လွှမ်းမိုးနေတတ်ပါတယ်။ စိတ်ကျခြင်းကို ကုသဖို့ဆိုရင် စိတ်ရောဂါကုဆေးများနဲ့ ကုထုံးများ ပေါင်းစပ်ကုသရပါတယ်။ သုတေသီအချို့ရဲ့ အဆိုအရ ကဖိန်းဟာ စိတ်ကျသူများအတွက် အကျိုးကျေးဇူးဖြစ်စေတယ်လို့ ဆိုပါတယ်။ ကဖိန်းဟာ စိတ်ကျခြင်းပြဿနာအတွက် အကျိုးကျေးဇူးဖြစ်စေသလား ကဖိန်းဓာတ်နဲ့ စိတ်ကျခြင်းအကြား ဆက်နွယ်မှုကိုလေ့လာခဲ့တဲ့ သုတေသနတခုမှာ ကဖိန်းသောက်သုံးခြင်းဟာ စိတ်ကျနိုင်ခြေကို လျော့ပါးစေတယ်လို့ ဆိုပါတယ်။ ဆယ်နှစ်ကြာလေ့လာခဲ့တဲ့ သုတေသနတခုမှာဆိုရင် ကဖိန်းသောက်ခြင်းဟာ မိမိကိုယ်ကို သတ်သေနိုင်ခြေကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကဖိန်းဟာ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုများလွန်းခြင်း၏ လက္ခဏာများ

စိတ်ဖိစီးမှုဆိုတာ မလိုလားအပ်တဲ့ အခြေအနေတွေကြောင့် စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာ ထိခိုက်ခံစားရမှုပဲ ဖြစ်ပါတယ်။ လူတိုင်းဟာ တချိန်ချိန်မှာ စိတ်ဖိစီးမှုဒဏ်ကို ခံစားဖူးကြပါလိမ့်မယ်။ သုတေသနစာစောင်တခုမှာဆိုရင် အရွယ်ရောက်ပြီးသူများရဲ့ ၃၃ရာခိုင်နှုန်းဟာ စိတ်ဖိစီးမှုဝေဒနာကို အတော်လေး ကြုံတွေ့ဖူးကြတယ်လို့ ဆိုပါတယ်။ စိတ်ဖိစီးမှုဟာ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ အခြေအနေများစွာနဲ့ ဆက်စပ်နေပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ စိတ်ဖိစီးမှုများလွန်းလာရင် ကြုံတွေ့နိုင်တဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ၁။ ဝက်ခြံ ဝက်ခြံထွက်ခြင်းဟာ စိတ်ဖိစီးမှုများခြင်းရဲ့ လက္ခဏာတခုဖြစ်နိုင်ပါတယ်။ လူတချို့ဟာ စိတ်ဖိစီးမှုများချိန်မှာ မိမိတို့မျက်နှာကို မကြာခဏ ပွတ်သပ်မိကြပါတယ်။ အဲဒီအခါမှာ ဘက်တီးရီးယားများ ပျံ့သွားနိုင်ပြီး ဝက်ခြံများ ပေါက်လာနိုင်ပါတယ်။ သုတေသနအတော်များများမှာလည်း စိတ်ဖိစီးမှုများလွန်းခြင်းနဲ့ ဝက်ခြံပေါက်ခြင်းဟာ ဆက်စပ်နေတယ်လို့ ဆိုထားပါတယ်။ ၂။ ခေါင်းကိုက်ခြင်း ခေါင်းကိုက်ခြင်း၊ဇက်ကြောတက်ခြင်း စတာတွေဟာ စိတ်ဖိစီးချိန်မှာ ပေါ်လာတတ်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ လူပေါင်း ၂၀၀ ကျော်လောက်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုနှင့် ကိုယ်အလေးချိန်တက်ခြင်း

ဒီတစ်ခေါက်တော့ ကိုယ်အလေးချိန်တက်တယ် စားလည်းမစားဘူးဆိုတဲ့သူလေးတွေအတွက် ကိုယ်အလေးချိန်တက်ရခြင်းကို အဖြေထုတ်ရာမှာ ထောက်ကူပေးနိုင်မယ့် အကြောင်းအရာလေး တစ်ရပ်ဖြစ်တဲ့ စိတ်ဖိစီးမှု နှင့် ကိုယ်အလေးချိန်တက်ခြင်း အကြောင်း နည်းနည်းလောက် ပြောပြပေးသွားပါမယ်။ စိတ်ဖိစီးမှုနှင့် ကိုယ်အလေးချိန်တက်ခြင်း စိတ်ဖိစီးမှုနှင့် ကိုယ်အလေးချိန်တက်ခြင်း အကြောင်းကို အတူတူ ကြည့်လိုက်ရအောင်လား .......... စိတ်ဖိစီးရင် ကိုယ်အလေးချိန်တက်လာစေပါသလား။ ဒါဟာ စိတ်ဝင်စားစရာ မေးခွန်းဖြစ်ပါတယ်။ လူအများစုထင်ကြတာက စိတ်ညစ်ရင် ပိန်သွားတတ်တယ် ဆိုတာပါပဲ။ တကယ်တော့ စိတ်ဖိစီးမှု များတဲ့အချိန်ဆိုရင် ဟော်မုန်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် ကိုယ်အလေးချိန် တက်လာတတ်ပါတယ်။ ဖြစ်နိုင်တဲ့ အချက်တွေကတော့ စိတ်ဖိစီးချိန်မှာ အစားအလွန်အကျွံ စားဖြစ်ခြင်း၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားစရာများ စားသုံးဖြစ်ခြင်း၊ စိတ်ဖိစီးမှုဟော်မုန်းဖြစ်သော ကော်တီဆောမြင့်တက်မှုကို ခန္ဓာကိုယ်မှ တုံ့ပြန်ခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။ စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ်အပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ စိတ်ဖိစီးမှုဟာ သင့်ဆီကို မသိမသာ ဝင်ရောက်လာမှာ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ကျဆန့်ကျင်ဆေးတွေဟာ ကိုယ်အလေးချိန်တိုးစေသလား

နောက်ပိုင်းမှာ စိတ်ကျဆေးတွေမှာ ကိုယ်အလေးချိန်ကို မြင့်တက်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေ့လာရပါတယ်။ သုတေသနတခုမှာဆိုရင် စိတ်ကျကုဆေးကို သောက်သုံးသူများရဲ့ ၂၅%ခန့်ဟာ ကိုယ်အလေးချိန်တက်လာတယ်လို့ ဆိုထားပါတယ်။ တဦးချင်းအခြေအနေနဲ့လည်း သက်ဆိုင်ပါတယ်။ သုံးစွဲသူချင်းမှာတောင် တချို့က ပိုပြီး ကိုယ်အလေးချိန် မြင့်တက်နိုင်ပါတယ်။ ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ စိတ်ကျရောဂါ ကုသတဲ့ဆေးဝါးတွေနဲ့ ကိုယ်အလေးချိန် မြင့်တက်မှုအကြား ဘယ်လိုဆက်စပ်မှု ရှိနေသလဲ ဆိုတာပါပဲ။ ဖြစ်စဉ်ကို တိကျစွာ မသိရသေးပေမယ့် သီအိုရီတချို့အရတော့ စိတ်ကျကုသဆေးတွေဟာ ဆီရိုတိုနင်လို့ခေါ်တဲ့ ကိုယ်ခန္ဓာထဲက သဘာဝလျှပ်ကူးပစ္စည်းကို ချိန်ညှိပေးရင်း စိတ်ပူပန်မှုကို လျော့ပါးစေပါတယ်။ အဆိုပါဆေးတွေဟာ စားသောက်မှုပုံစံကိုလည်း ပြောင်းလဲစေတတ်ပါတယ်။ ပေါင်မုန့်၊ ခေါက်ဆွဲ၊ အချိုပွဲ စတဲ့ ကစီဓာတ်များတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးလာကြပါတယ်။ လူအများဟာ စိတ်ဓာတ်ကျလာချိန်မှာ စားသောက်ပုံပါ ပြောင်းလဲလာပါတယ်။ လူတချို့ဟာ စိတ်ဓာတ်ကျလာချိန်မှာ ပိုမိုဆာလောင်လာကြပြီး တချို့ကတော့ အစားပျက်ကြပါတယ်။ စိတ်ကျကုသဆေးတွေ သောက်ချိန်မှာ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ကျခြင်း၏ ပုန်းလျှိုးကွယ်လျှိုးလက္ခဏာများ

စိတ်ကျခြင်းလက္ခဏာဟာ လူတိုင်းမှာ ဖြစ်ပေါ်ပုံခြင်း မတူညီပါဘူး။ လူတချို့မှာ စိတ်ဓာတ်ကျဆင်းနေမှန်း သိသာပေမယ့် တချို့မှာတော့ သိသာထင်ရှားတဲ့ လက္ခဏာတွေ မပြပါဘူး။ ဒါ့အပြင် စိတ်ဓာတ်ကျဆင်းသူတွေမှာ ဝမ်းနည်းခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း စတာတွေဟာ အတွေ့ရများတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ အဆိုပါလက္ခဏာတွေဟာ သိသာတဲ့အတွက် အလွယ်တကူ သတိပြုမိနိုင်ပေမယ့် လက္ခဏာတချို့ဟာတော့ ပုန်းလျှိုးကွယ်လျှိုးရှိနေတတ်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ စိတ်ကျခြင်းရဲ့ လူသိနည်းတဲ့ လက္ခဏာတွေအကြောင်း ဖြစ်ပါတယ်။ အဆိုပါလက္ခဏာတွေကို သိရှိထားမှသာ မိမိဝန်းကျင်မှာ တစုံတယောက် စိတ်ဓာတ်ကျဆင်းနေသလား၊ ဆေးဝါးကုသမှု လိုအပ်နေသလား ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါလက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ အစားအသောက်နှင့် ကိုယ်အလေးချိန် ပြောင်းလဲခြင်း အစားအသောက် စားလွန်းခြင်း၊ ဒါမှမဟုတ် မစားနိုင်ခြင်းဟာ စိတ်ကျခြင်းရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ လူတချို့ဟာ စိတ်ဓာတ်ကျဆင်းလာချိန်မှာအစားအသောက် စားချင်စိတ် ကုန်ခမ်းသွားပါတယ်။ တချို့ကတော့ မိမိတို့စိတ်ကို […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ဒေါသစိတ်ကို ထိန်းချုပ်ရန် နည်းလမ်းများ

ဒေါသဆိုတာ ပြင်းထန်တဲ့ စိတ်ခံစားမှုတခုဖြစ်ပါတယ်။ မထိန်းကွပ်ဘဲထားလိုက်ရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်ပေါ်လာပါတယ်။ အကြောင်းအရာတခုကို မှန်ကန်စွာ တွေးခေါ်နိုင်ခြင်း ထိန်းချုပ်နိုင်တော့ခြင်း မရှိဘဲ အမှားအယွင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒေါသမီးဟာ မိမိကိုယ်တိုင်ကိုရော မိမိဝန်းကျင်က လူတွေကိုပါ လောင်မြိုက်စေမှာ ဖြစ်ပါတယ်။ အဲဒီအခါ လူမှုအသိုင်းအဝိုင်းနှင့် ကင်းကွာခြင်း၊ ကျန်းမာရေးပြဿနာများ၊ မူးယစ်ဆေးဝါး ပြဿနာများ စတာတွေ ဖြစ်လာနိုင်ပါတယ်။ လူတယောက်နဲ့တယောက် ဒေါသကို ရင်ဆိုင်တွေ့ကြုံရပုံခြင်း မတူပါဘူး။ ဒေါသကို ထိန်းချုပ်နိုင်ပုံခြင်းလည်း မတူပါဘူး။ စိတ်ဖိစီးမှု အရမ်းများနေချိန်မှာဆိုရင် ဒေါသကို ထိန်းချုပ်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒေါသကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတချို့တော့ ရှိနေပါသေးတယ်။ သုတေသီတွေရဲ့ အဆိုအရ ဒေါသထိန်းချုပ်မှုလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဟာ လက်တွေ့မှာ ထိရောက်တယ်လို့ သိရပါတယ်။ အောက်ပါနည်းလမ်းများဟာ ဒေါသထိန်းချုပ်ရာမှာ အသုံးဝင်ပါလိမ့်မယ်။ ၁။ အသက်ကိုထိန်းရှူပါ။ ဒေါသထွက်လာချိန်မှာ အသက်ရှူမြန်လာတတ်ပါတယ်။ ဒေါသစိတ်ဖြစ်လာရင် […]


စွဲလမ်းမှုပြဿနာများ

အင်တာနက်စွဲလန်းခြင်းပြဿနာ

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကြားလာနေရ စကားကတော့ စမတ်ဖုန်းနဲ့ ကွန်ပျူတာတွေကို အလွန်အကျွံသုံးစွဲနေမိပြီ ဆိုတာပါပဲ။ အမေရိကန်နိုင်ငံရဲ့ စစ်တမ်းတစောင်အရ လူတယောက်ရဲ့ ပျမ်းမျှအင်တာနက်သုံးစွဲမှုဟာ တနေ့မှာ ၁၁နာရီ ရှိနေတယ်လို့ သိရပါတယ်။ စိတ်ပညာနယ်ပယ်မှာတော့ အင်တာနက်စွဲလန်းခြင်းပြဿနာ internet addiction disorder (IAD) ကို ရောဂါတခုအနေနဲ့တော့ မသတ်မှတ်ထားသေးပါဘူး။ ဒါပေမယ့် စိတ်ကုထုံးပညာရှင်အချို့ကတော့ အင်တာနက်စွဲလန်းခြင်းဟာလည်း တခြားစွဲလန်းခြင်းပြဿနာတွေလိုပဲ ဂရုစိုက်ကုသသင့်တယ်လို့ အကြံပြုကြပါတယ်။ အင်တာနက်စွဲလန်းခြင်ဟာ တခြားစွဲလန်းခြင်းပြဿနာတွေလိုပဲ အကြောင်းအရင်းတခုတည်းကြောင့်တော့ မဖြစ်ပေါ်ပါဘူး။ အကြောင်းအရင်းပေါင်းစုံကြောင့် ဖြစ်ပေါ်တတ်ပြီး တဦးနဲ့တဦးလည်း ကွာခြားတတ်ပါတယ်။ အလေ့အကျင့်နဲ့ စွဲလန်းခြင်း ဘာကွာသလဲ လူအားလုံးမှာ ပုံမှန်စွဲလန်းစွာ လုပ်ဆောင်နေကြ အရာတွေရှိပါတယ်။ အဲဒီအရာတွေဟာ အန္တရာယ်မဖြစ် ဘေးဒုက္ခမရောက်ရင် သိပ်ပြီးစိတ်ပူစရာ မလိုပါဘူး။ ဥပမာ ရုံးပိတ်ရက် ကျောင်းပိတ်ရက်တွေမှာ နာရီအနည်းငယ်လောက် ဗီဒီယိုဂိမ်းကစားခြင်းဟာ စွဲလန်းမှုပြဿနာလို့ မဆိုနိုင်သေးပါဘူး။ ဒီနေရာမှာ အလေ့အကျင့်နဲ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အဆိုးမြင်စိတ်အစွဲက ဘယ်လိုသက်ရောက်မှုရှိလဲ

လူ့သဘောသဘာဝအရ အပြုသဘောဆောင်ခဲ့တဲ့ အတွေ့အကြုံတွေ၊ သာမန်အတွေ့အကြုံတွေထက် အနုတ်လက္ခဏာဆောင်တဲ့ အတွေ့အကြုံတွေကို ပိုပြီးအလေးအနက် ထားတတ်ကြပါတယ်။ ဒါကို အဆိုးမြင်စိတ်အစွဲ (Negativity bias) လို့ ခေါ်ပါတယ်။ တခါတရံမှာ ဆိုးရွားတဲ့ အတွေ့အကြုံများဟာ သိပ်မဆိုးရွားရင်တောင် စိတ်ထဲစွဲနေပြီး အနုတ်လက္ခဏာဆောင်တဲ့ အတွေးအကြံတွေ ဖြစ်ပေါ်တတ်ပါတယ်။ အဆိုးမြင်စိတ်အစွဲဆိုတာကို ဥပမာပေးရရင် သင်ဟာ ညနေခင်းတခုမှာ အကောင်းစားဟိုတယ်တခုမှာ တည်းခိုဖို့ ဝင်ရောက်သွားပြီ ဆိုပါစို့။ သင် ဟိုတယ်ရေချိုးခန်းကို သုံးချိန်မှာ ရေချိုးကြွေခွက်ထဲမှာ ပင့်ကူခပ်ကြီးကြီးတကောင်ကိုလည်း တွေ့လိုက်ရမယ် ဆိုပါစို့။ နောင်တချိန်မှာ သင့်အနေနဲ့ ဟိုတယ်အကြောင်းကို ပြန်စဉ်းစားတဲ့အခါ ဇိမ်ခံပစ္စည်း အကောင်းစားတွေ၊ အသုံးအဆောင်တွေထက် သင်တွေ့ခဲ့ရတဲ့ ပင့်ကူကိုပဲ ပိုပြီး သတိရနေပါလိမ့်မယ်။ ၂၀၁၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနစာစောင်တခုအရလည်း ပင့်ကူကို ပိုပြီးသတိရနေတတ်ကြောင်း သိရပါတယ်။ ဘာကြောင့် အဆိုးမြင်စိတ်အစွဲရှိကြသလဲ စိတ်ကုထုံးပညာရှင် ရစ်ဟန်ဆန်ရဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း