စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

အိမ်တွင်းအောင်းခြင်းရဲ့ နောက်ဆက်တွဲ အထီးကျန်ဝေဒနာ

လူဆိုတာ ဘယ်လောက်ပဲ တစ်ယောက်ထဲ နေရတဲ့အချိန်ကို သဘောကျတယ်ပြောပြော ကိုယ့်အိမ်ထဲမှာ ရက်ပေါင်းများစွာ လှောင်ပိတ်နေရပြီး အပြင်လည်း သွားလို့မရ၊ အပေါင်းအသင်းတွေနဲ့လည်း တွေ့လို့မရ ဆိုရင် ကြာလာတာနဲ့ ငူငူငိုင်ငိုင်တွေ ဖြစ်ပြီး အထီးကျန်တော့မှာပေါ့။ ဒီလိုမျိုး ကိုယ့်အခန်းထဲမှာပဲ လှောင်ပိတ်နေရလို့ အထီးကျန်လာတဲ့ ခံစားချက်မျိုးကို Cabin Fever လို့ ခေါ်ကြပြီး စိတ်ကျန်းမာရေး ပြဿနာလို့ သတ်မှတ်ရတဲ့အထိတော့ မပြင်းထန်ပါဘူး။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ အထီးကျန်နေတဲ့ ခံစားချက်ကြီးကိုတော့ ဘယ်သူကမှ လိုချင်ကြမယ် မထင်ပါဘူးနော်။ ခုလို Covid-19 ကြောင့် တစ်ကမ္ဘာလုံး အခက်အခဲတွေ၊ ပြဿနာတွေနဲ့ ရင်ဆိုင်နေရလို့ မလွဲသာ မရှောင်သာ အိမ်တွင်းအောင်းနေရတဲ့ ကာလမျိုးမှာ ရုပ်ခန္ဓာကို ဂရုစိုက်ဖို့ လိုသလို စိတ်ကျန်းမာရေးကိုလည်း မေ့ထားလို့တော့ မဖြစ်ပါဘူး။ အိမ်တွင်းအောင်းခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေ အိမ်တွင်းအောင်းခြင်းရဲ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အတွေးအခေါ်အပြုအမူပိုင်းဆိုင်ရာကုသနည်း (CBT)

Cognitive behavioral therapy (CBT) ဆိုတာ စိတ်ပိုင်းဆိုင်ရာ ကုသနည်း တစ်မျိုးပါ။ စိတ်ရောဂါအထူးကု ဆရာဝန် ဒါမှမဟုတ် စိတ်ပညာရှင်နဲ့ စကားပြောဆိုပြီး ကုသရတာပါ။ CBTက သင့်မှာ ဖြစ်နေတဲ့ အဆိုးမြင်စိတ်တွေ၊ စိတ်ထဲမှာ မသေချာမှုတွေ ကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်အောင်၊ ကောင်းကောင်းမွန်မွန်တုံ့ပြန်တတ်အောင် ကုသပေးပါတယ်။ CBTက စိတ်ကျရောဂါ၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်ပြီးနောက် နောက်ဆက်တွဲ စိတ်ဒဏ်ရာရတာ၊ တခြား စိတ်ရောဂါတွေမှာ သူတစ်ခုတည်းဖြစ်ဖြစ်၊ တခြားကုထုံးတွေနဲ့ ဖြစ်ဖြစ် ပေါင်းပြီး ကုသတဲ့နေရာမှာ အလုပ်ဖြစ်တာကို တွေ့ရပါတယ်။ ဒါပေမယ့် စိတ်ရောဂါရှိသူပဲ CBT ကုသမှု ခံယူလို့ရတာ မဟုတ်ပါဘူး။ ဘယ်သူမဆို စိတ်ဖိစီးမှုတွေ များနေရင် ဒါတွေကို ခံနိုင်ရည်ရှိအောင် အကောင်းဆုံး ဖြေရှင်းနိုင်အောင် CBT […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

လောကဓံကို ဘာလို့ အရှုံးပေးရမှာလဲ

နေ့စဉ်လူနေမှုဘဝမှာ စိတ်ဖိစီးမှုတွေ၊ လူမှုဘဝအခက်အခဲတွေ၊ မိသားစုအဆင်မပြေမှုတွေနဲ့ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးပြဿနာတွေဟာ ကြုံတွေ့ရနေကြ လောကဓံတရားတွေဖြစ်ပါတယ်။ ဒီလိုရုံးကန်လှုပ်ရှားနေရတဲ့ဘဝထဲမှာ ပင်ပန်းဆင်းရဲမှုဒါဏ်တွေ၊ နာမကျန်းမှု ဝေဒနာတွေနဲ့ ပြင်းထန်လှတဲ့ စိတ်ဖိစီးမှုတွေကို မတွန်းလှန်နိုင်ကြတော့တဲ့သူတွေဟာ ရှိနေတဲ့ လူ့ဘဝကို စွန့်ခွာပြီး ကိုယ်လွတ်ရုံးဖို့ ကြိုးစားကြလေ့ရှိပါတယ်။ WHO ရဲ့ အချက်အလက်တွေအရ ဒီကနေ့ ကမ္ဘာပေါ်မှာ စက္ကန့် ၄၀ ကို လူတစ်ဦးနှုန်း မိမိကိုယ်ကို သေကြောင်းကြံစည်နေကြပါတယ်။ ဆိုလိုတာက တစ်နှစ်ကို လူပေါင်း ၈ သိန်းခန့် ကိုယ့်ကိုယ်ကို သတ်သေနေကြတဲ့ သဘောဖြစ်ပါတယ်။ အဲ့ဒီထဲက ၇၉% ဟာ တစ်ဦးချင်းဝင်ငွေနည်းပါးတဲ့ (ဒါမှမဟုတ်) ဝင်ငွေအလယ်အလတ်သာရှိတဲ့ တိုင်းပြည်တွေမှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။ ပိုမိုဆိုးရွားတဲ့အချက်ကတော့ သေဆုံးသူတေါရဲ့ ပျမ်းမျှ အသက်အရွယ်ဟာ အသက် ၁၅ နှစ်နဲ့ ၂၉ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ကျောပူတာ ခံနိုင်ပေမယ့် နားပူတာ မခံနိုင်တော့တဲ့အခါ

လူအများစုဟာ နားပူမှာ ကြောက်ကြပါတယ်။ အလုပ်တွေ အများကြီးခိုင်းတာ ခံရတာထက်၊ ဘေးနားကနေ နားမခံသာအောင် လာပြီး ပြောဆိုနေမှာကို ပိုကြောက်တတ်ကြတယ်။ ဒီအခြေအနေမျိုးဟာ ပုံမှန်အားဖြင့်တော့ သဘာဝ အခြေအနေတစ်ရပ်ပါ။ ဒါပေမယ့် တချို့တွေအတွက်ကတော့ ဒီမှာတင် မရပ်သွားတတ်ပါဘူး။ ဆူဆူညံညံအသံတွေကြောင့် စိတ်တွေ ဖိစီးလာမယ်၊ စိတ်တွေ ပိုတိုတတ်လာမယ်၊ ပိုခံစားရလာမယ်ဆိုရင် တစ်စုံတစ်ခုတော့ လွဲချော်နေပြီဆိုတာကို သင်နားလည်ထားဖို့ လိုအပ်ပါတယ်။ ဒီအခြေအနေကို Misophonia လို့ခေါ်ပါတယ်။ နားပူတာမခံချင်တဲ့ စိတ်ဝေဒနာ တစ်မျိုးဖြစ်ပါတယ်။ အလွန်အမင်းဆိုးရွားတဲ့ အခြေအနေမျိုးမှာ လူတစ်ဖက်သားရဲ့ အသက်ရှူသံ၊ အစာဝါးသံ၊ မျိုချသံ၊ ကျယ်လောင်တဲ့ နှာချေသံ၊ မော်တော်ကားမောင်းသံ၊ ဗျစ်တောက်ဗျစ်တောက် စကားပြောဆိုသံ၊ ဆူပူကြိမ်းမောင်းသံစတဲ့ ပုံမှန်စိတ်အနှောင့်အယှက်ဖြစ်စရာ အသံဗလံတွေတိုင်းအပေါ် ပြင်းထန်စွာ ခံစားနေတတ်ပါတယ်။ ဒီလို အသံဗလံတွေကြောင့် အလွန်အမင်း စိတ်ဆိုးဒေါသထွက်နေတတ်ပြီး မထိန်းချုပ်နိုင်တဲ့ အခြေအနမှာ စိတ်လိုက်မာန်ပါ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်ယူခြင်း

တစ်နေ့က ပဲ facebook မှာ video အတိုကလေး တစ်ခု ကြည့်လိုက်ရပါတယ်။ နိုင်ငံခြား မူကြိုကျောင်းကပွဲတစ်ခုက ကလေးတွေ ထင်ပါရဲ့။ နောက်ခံ ကဗျာသီချင်းလေးနဲ့ ကနေကြတာ။ အဲ့ကလေးတွေထဲမှာ သတိထားမိတာက သူများထက် ထူးပြီး သေချာစိတ်ပါလက်ပါ လိုက်ကနေတဲ့ ကလေးမလေးပါ။ သူ့ကို ကြည့်ရတာကိုက တကယ့်ဖျော်ဖြေရေးသမား အသေးစားလေးလိုပဲ။ သူနဲ့ ဘေးကပ်လျက်က ကလေးမလေးကတော့ မျက်နှာကိုလက်နဲ့အုပ် ခေါင်းလေးငုံပြီး ဖျော်ဖြေပွဲတောက်လျှောက် မလှုပ်မယှက်ရပ်နေခဲ့ပါတယ်။ အလွယ်ပြောရင် စင်ကြောက်တဲ့ရောဂါ (stage fright) ရသွားတာပါ။ မွေးရာပါ ဗီဇကိုက စင်မကြောက်တတ်တဲ့ သူတွေအနေနဲ့ သည်ခံစားချက်ကို နားလည်နိုင်မှာမဟုတ်ပေမဲ့ စင်မကြောက်အောင် စိတ်ကို လေ့ကျင့်ယူထားရတဲ့ စာရေးသူအဖို့ကတော့ သည်ကလေးမလေးကို တော်တော်သနားပါတယ်။ ကမ္ဘာပျက်နေမှာပါပဲ။ ကလေး ဘဝ သည်လိုဖြစ်တာ ဘယ်သူမှ အပြစ်ရယ်လို့ မြင်မှာမဟုတ်ကြပေမယ့် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး

"အသည်းကွဲတယ်ဆိုတာ.... အရူးလိုပဲလား .." နင်ဇီမေရဲ့ သီချင်းသံလေးနဲ့က အသည်းကွဲဖူးတဲ့လူတိုင်းရင်ထဲ ထိစေမှာတော့ အမှန်ပါပဲ ။ မှန်ပါတယ် ။ လူတိုင်းက နှလုံးသားရေးရာ ကိစ္စနဲ့ပဲ ဖြစ်ဖြစ် ၊  ချစ်ရတဲ့လူတွေကို ရုတ်တရက် ဆုံးရှုံးရတဲ့အချိန်မှာ ဖြစ်ဖြစ် နှလုံးစိတ်ကြေကွဲတတ်ကြပါတယ် ။ ဒီအချိန်မှာ ခံစားရတဲ့ နာကျင်မှုက တအားကြီးမားတဲ့အတွက် နာကျင်မှုသက်သာအောင်လုပ်ရမယ့် နည်းလမ်းကို မရှာတွေ့တတ်ကြပါဘူး ။ ဒါ့ကြောင့် "အသည်းကွဲရင် ပျောက်တဲ့ဆိုတဲ့ ဆေး"ဆိုတာ မရှိသေးပေမဲ့ စိတ်ဆင်းရဲမှုဒဏ်ကို ဘယ်လိုမြန်မြန်သက်သာအောင် လုပ်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေတော့ ရှိနေပါတယ်။ အချိန်ယူပါ ပြတ်စဲခြင်းတွေက သင့်ရဲ့စိတ်ကို အထီးကျန်စေခြင်း၊ နောက်ထပ်ချစ်ဖို့ ကြောက်ရွံခြင်း ၊ စိတ်ဓါတ်ကျခြင်း  စတာတွေကို ခံစားရစေတဲ့ မီးပွားတစ်ချက်ပါပဲ ။  ဒါ့ကြောင့် ‌ဆံပင်ကောက်တာ ၊ shopping ထွက်တာ စတဲ့စိတ်ဖြေစရာတွေက အာရုံလွှဲတာသာဖြစ်ပြီး […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ကျန်းမာရေးအတွက် အကျိုးပြုနေတဲ့ သင့်ရဲ့ ဝါသနာပါရာ အလေ့အထလေးများ

လူတိုင်းလိုလိုမှာ သူတို့ ဝါသနာပါရာတွေတော့ ရှိစမြဲပါ။ ဝါသနာဆိုတာက လူတိုင်းရဲ့ ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်းကနေ ပါဝင်နေတဲ့အရာပါ။ ဒီဝါသနာလေးတွေက အပျင်းပြေစေရုံ စိတ်လက်ပေါ့ပါး စေရုံတင် မဟုတ်ပါဘူး။ အားလပ်ချိန်မှာ ပြုလုပ်လေ့ရှိတဲ့ ဝါသနာပါရာ အလေ့အထတွေက စိတ်ပျော်ရွှင်စေရုံတင် မဟုတ်ဘဲ ကျန်းမာရေးကိုပါ အထောက်အကူပြုပေးနေပါတယ်။ ဝါသနာပါရာ အလေ့အထလေးတွေက ဘယ်လိုမျိုးများ ကျန်းမာရေးကို အထောက်အကူပြုပေးလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်လား……….. ဝါသနာပါရာ အလေ့အထလေးတွေကပေးတဲ့ ကျန်းမာရေး ဝါသနာပါရာ အလေ့အထတစ်ခုချင်းစီက ကျန်းမာရေးကို တစ်မျိုးချင်းစီ အထောက်အပံ့ပေးပါတယ်။ ကတာက သင့်ဝါသနာဆိုရင် ကတာကလည်း ကိုယ်လက်လှုပ်ရှားမှုကို ဖြစ်စေတဲ့ အကောင်းဆုံးသော လှုပ်ရှားမှုပါ။ ကတာက အားကစားကစားပစ္စည်းတွေ မလိုအပ်သလို စိတ်လွတ်ကိုယ်လွတ် ကနိုင်ပါတယ်။ ကတာကလည်း ခေါင်းအစ ခြေအဆုံးကို လှုပ်ရှားရတာပါ။ စိတ်ပျော်ရွှင်စေသလို တစ်ကိုယ်လုံးကို လှုပ်ရှားဖြစ်စေပါတယ်။ ကတာက ခန္ဓာကိုယ်ကို ညင်သာစွာ လှုပ်ရှားရတာ ဖြစ်တာကြောင့် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

သီချင်းဆိုပါ…………….

စာဖတ်ပရိသတ်ကြီးက သီချင်းဆိုရတာ ကြိုက်သူလား………….. သီချင်း နားထောင်ရတာကို လူတော်တော်များများ ကြိုက်ကြပေမယ့် သီချင်းဆိုတာကို သဘောကျသူကတော့ သိပ်မများလှပါဘူး။ သီချင်းဆိုတာက အသံနာစေတယ် ဘာမှ အကျိုးမထူးဘူးလို့ ယူဆနေတယ်ဆိုရင် ဒီဆောင်းပါးလေး ဖတ်ကြည့်နော်။ သီးချင်းဆိုတာ ကောင်းလား……….. ဖုန်းကနေဖြစ်ဖြစ် ကားမောင်းရင်း သီချင်းဖွင့်ပြီးဖြစ်ဖြစ် ကွန်ပျူတာမှာ သီချင်းဖွင့်ရင်း သီချင်းလိုက်ညည်းတတ်တယ် ဆိုရင်တော့ ကိုယ်တိုင်ကြုံဖူးလောက်မယ့် အတွေ့အကြုံလေးတွေကနေ အရင်စပြောလိုက်ရအောင်လား.. သီချင်းဆိုတဲ့အခါ • စိတ်လက်ပေါ့ပါး သွားတယ် • စိတ်ဖိစီးမှု ပြေလျော့သွားတယ် • စိုးရိမ်မှုကို သက်သာစေတယ် • ဟန်ပန်လုပ်ရင်း သီဆိုတာကြောင့် ကိုယ်လက်လှုပ်ရှားဖြစ်တယ် ဆိုရင် ဘာပြောမလဲ။ရေချိုးရင်း ရေချိုးခန်းထဲမှာ သီချင်း အော်ဆိုတတ်သူတိုင်း ဒီခံစားမှုလေးတွေကို သိမှာပါ။ ဒီလိုဆိုတတ်သူတွေရရှိမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက ဘာတွေများလဲ…… သီချင်းဆိုရတာက သဘောကျသူလေးတွေဟာ စိတ်ဖိစီးမှု ကင်းတယ် သီချင်းဆိုလိုက်တဲ့အခါ ခန္ဓာကိုယ်မှာ စိတ်ခံစားမှုကောင်းတာပြီး အောက်ဆီတိုစင် ဟော်မုန်းတွေထွက်လာပါတယ်။ ဒီလို ထွက်ရှိမှုက စိတ်ဖိစီးမှုကို […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ချစ်ခြင်းမေတ္တာကြောင့် ကျန်းမာရေးကောင်းစေတယ်ဆိုတာ သိပြီးပြီလား

ချစ်ရေးချစ်ရာမှာ နှလုံးသားနဲ့ ဦးနှောက် ဘယ်အရာက ပိုအရေးကြီးသလဲဆိုတာမျိုး မကြာခန တွေးဖြစ်ကြတယ်။ ချစ်မိပြီဆိုရင် အရာရာကို နှလုံးသားနဲ့ ဆုံးဖြတ်ချက်ချဖြစ်ကြတာများတယ်လို့လည်း ဆိုစကားတွေရှိကြတယ်။ တွေ့ဖူးကြမှာပါ။ ချစ်သူက တားလို့ အရက်မသောက်တော့ပဲ ဖြတ်လိုက်တာတို့၊ လိမ္မာသွားတာတို့၊ Bonnie’N’Clyde တို့လို့ အတူလက်တွဲပြီး ပေတေလေလွင့် ဆိုးခဲ့ကြတာတို့။ အချစ်ဟာ လူတစ်ယောက်ရဲ့ စဉ်းစားချင့်ချိန်နိုင်စွမ်း၊ တွေးခေါ်နိုင်စွမ်းနဲ့ အမူအကျင့်တွေကို ချုပ်ကိုင်ထားတဲ့ ဦးနှောက်ကို ထိမ်းချုပ်စေခိုင်းနိုင်သလား။ ဒါအမှန်ပဲလား။ အချစ်က ဦးနှောက်ကို ထိမ်းချုပ်နိုင်တာလား? ခန္တာကိုယ်ကြီးတစ်ခုလုံးရဲ့ ကျန်းမာရေးကိုရော အချစ်က သက်ရောက်နိုင်တာလား? ဟုတ်ပါ့မလား? သိပ္ပံနည်းကျ လေ့လာမှုတွေက အချစ်ဟာ လူ့ကျန်းမာရေးနဲ့ ဆက်နွယ်နေတယ်ဆိုတာကို သက်သေပြထားနိုင်နေပါပြီ။ ချစ်ခြင်းမေတ္တာဟာ လူတစ်ယောက်ရဲ့ စိတ်နဲ့ ကိုယ် ကျန်းမာရေးကို ဘယ်လိုများ အထောက်အကူပြုပါသလဲ။ ချစ်မေတ္တာက လူ့ကျန်းမာရေးကို အကျိုးပြုတဲ့ အချက် ၇ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ရင်ခုန်ဘက်နဲ့ ခရီးသွားပါ

ကဲ ခုဆို နွေရာသီ ရောက်ပြီ။ ကျောင်း ပိတ်ရက်တွေ၊ ရုံး ပိတ်ရက်တွေ၊ နှစ်သစ်ကူးအားလပ်ရက်တွေ တန်းစီပြီးလာပါတော့မယ်။ ပုံမှန်ကာလတွေမှာဆို ဒီအချိန်ဟာ ခရီးအများဆုံး သွားကြတဲ့ရာသီတွေထဲက တစ်ခုပေါ့။ ခုချိန်မှာ COVID-19 ကြောင့် ခရီးသွားလာဖို့ တချို့တွေက စိုးရိမ်နေကြပေမယ့် ပြည်တွင်းကို ဒီရောဂါဆိုး မရောက်သေးတာနဲ့ ရန်ကုန်လိုမြို့ပေါ်ဒေသတွေမှာ နေတာက ရောဂါကူးစက်နိုင်ချေပိုများတယ်လို့ ယုံကြည်နေကြသူတွေလည်း ရှိတတ်ပါတယ်။ သူတို့တွေကတော့ ခုလို ကာလမျိုးမှာ နယ်တွေမှာ စတေးရှောင်ပြီး အပန်းဖြေခရီးလေးတွေ ထွက်ဖို့ ပိုစဉ်းစားနေကြပါတယ်တဲ့။ တစ်ယောက်နဲ့ တစ်ယောက်တော့ တွေးပုံ မြင်ပုံခြင်း ဘယ်တူပါ့မလဲလေနော်။ ကောင်းပြီ။ ခရီးသွားမယ်လို့ တွေးထားတယ်ဆိုပါတော့။ ဘယ်လိုသွားကြမလဲ? ဘယ်သူတွေနဲ့သွားကြမလဲ? ဒီဆောင်းပါးမှာတော့ ကိုယ်ချစ်ခင်မြတ်နိုးရတဲ့ တစ်စုံတစ်ယောက်နဲ့ ခရီးသွားတာဟာ ဘယ်လောက်တောင် ကောင်းမွန်တဲ့ ကိစ္စလဲဆိုတာကို ပြောပြပေးသွားမှာပါ။ တချို့ကတော့ တွေးတတ်ကြပါတယ်။ ချစ်ရသူနဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း