စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

သာယာပျော်ရွှင်တဲ့ ချစ်သူစုံတွဲတွေမှာ တွေ့ရတဲ့ အမူအကျင့်တွေ

အချစ်ရေးနဲ့ ပတ်သက်ပြီး လူငယ်တချို့ လာမေးထားကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဒီဆောင်းပါးကို ရေးဖို့ အကြံရလိုက်တာပါ။ ၂၁ ရာစုမှာ ကျွန်တော် မြင်ရသလောက် အချစ်ရေး တော်တော်များများ မခိုင်မြဲကြသလို သိပ်ပြီး ပူလောင်ကြပါတယ်။ တစ်ခါတလေ ဘာပြဿနာမှလည်း မရှိဘဲနဲ့ ၂ယောက်တည်း တကျက်ကျက်နဲ့ စကားတွေများရတာ၊ ရန်ဖြစ်ရတာ၊ ပြတ်ရတာနဲ့ စိတ်မကောင်းစရာပါ။ ဒီတော့ ကျွန်တော်က အေးချမ်းသာယာတဲ့ ချစ်ခြင်းမေတ္တာမှာ ဘယ်လို အမူအကျင့်တွေ တွေ့ရတတ်လဲဆိုတာကို ခုဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။ ဒီအချက်တွေကို ကြည့်ရင်းနဲ့ လူငယ်တွေလည်း ကိုယ် ဘယ်နေရာက မှားနေလဲ၊ ကိုယ်နဲ့ ကိုယ့်ချစ်သူ ဆက်ဆံရေးက အေးချမ်းနေလား၊ ပူလောင်နေလားဆိုတာ သုံးသပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ သာယာပျော်ရွှင်တဲ့ ချစ်ခြင်းမေတ္တာဆိုသည်မှာ ချစ်ခြင်းမေတ္တာမှာ ပူလောင်ခြင်း၊ အေးမြခြင်း ရသ ၂မျိုးလုံးကို ခံစားရပါတယ်။ အေးမြခြင်းက […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အချစ်ရဲ့ အံ့သြဖွယ်ရာ ကျန်းမာရေးအကျိုးရလဒ် (၁၀)ခု

ချစ်တတ်ဖို့လည်းလိုအပ်သလို၊ အချစ်ခံရဖို့ဟာလည်း လူသားတစ်ယောက်အတွက် အရေးကြီးတဲ့ ကဏ္ဍ တစ်ခုပါ။ ချစ်သူရည်းစား၊ အိမ်ထောင်ဖက်နဲ့မှမဟုတ်ပါဘူး၊ သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းတွေ၊ မိသားစု ဝင်တွေနဲ့လည်း ချစ်ခင်မှုတစ်ခု တည်ဆောက်နိုင်ပါတယ်။ လူအချင်းချင်းပတ်သက်ဆက်နွယ်ခြင်း၊ တန်ဖိုးထား လေးစားခြင်းနဲ့ ချစ်ခြင်းတွေဟာ စိတ်ဖိစီးမှုကို အတော်အတန် လျှော့ကျနိုင်ပါတယ်။ အချစ်နဲ့ ကျန်းမာခြင်းဟာ ဆက်စပ်ပတ်သက်လျက်ရှိပါတယ်။ ဘယ်လိုပုံစံမျိုးတွေ အကျိုးသက်ရောက်နိုင်သလဲ ကြည့်ကြည့်ရအောင်နော် အချစ်ရဲ့ အံ့သြဖွယ်ရာ ကျန်းမာရေးအကျိုးရလဒ်များ (၁)     ဆေးရုံဆေးခန်းသွားရတဲ့ အရေအတွက်နည်းပါးလာနိုင်ပါတယ်။ ကျန်းမာခြင်းနဲ့ အိမ်ထောင်ပြုခြင်း အပေါ် လေ့လာချက်တစ်ခုခုပြုလုပ်ခဲ့ကြပါတယ်။ လေ့လာချက်အရ အိမ်ထောင်ရှိသူတွေဟာ ဆေးရုံဆေးခန်း လာပြတာမျိုးသိပ်မရှိကြပါဘူး။ ဆေးရုံတက်ရတာမျိုးရှိခဲ့ရင်တောင် ဆေးရုံတက်ရက်နည်းပါးကြပါတယ်။ ဘာလို့ လဲဆိုရင်တော့ Relationship တစ်ခုရှိတဲ့အခါမှာ သင်ဟာကိုယ့်ကိုကို ပိုဂရုစိုက်လာမှာပါ။ ဥပမာအားဖြင့် မိမိရဲ့ အိမ်ထောင်ဖက်ကြောင့် မိမိဟာခံတွင်းကျန်းမာရေး၊ တစ်ကိုယ်ရည်ကျန်းမာသန့်ရှင်းရေးကို ပိုလုပ်လာနိုင်ပါတယ်။ အလားတူပဲ သူငယ်ချင်းကောင်းတစ်ယောက်ကြောင့် သင်ဟာကျန်းမာရေးနဲ့ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အစွံထုတ်ကြတော့မယ့်သူတွေ မလောသင့်တဲ့ အကြောင်းရင်း (၅) ချက်

ချစ်သူဘဝကနေ မိသားစု လေးတစ်ခု စတင်ဖန်တီးတော့မယ်လို့ စဉ်းစားနေပြီလား။ အတွေးထဲက ကြင်စဦးမိသားစုဘဝလေးက အရမ်းကိုလှပနေမှာပါပဲ။ ရုပ်ရှင်ထဲတော့ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ နေရ ဆိုပဲ။ ဒါပေမယ့် တကယ်တမ်းပြင်ဆင်ပြီဆိုရင်တော့ ဒီထက်ပိုပြီး လက်တွေ့ဆန်လာပါတော့မယ်။ ဘဝဆိုတာ အချစ်တစ်ခုတည်းမှ မပြီးတာလေ။ ဒါဆို ရှေ့ရေးအတွက် နှစ်ဦးသား ဘာတွေတိုင်ပင်ပြီးပြီလဲ။ စွယ်တော်ရွက်လေးတွေအတွက် အကောင်းဆုံးအကြံဉာဏ်တွေးကြည့်ရအောင်နော်။ အရင်ဆုံး နှစ်ဖက်မိဘ ကိုအသိပေးလို့ ကြည်ဖြူသဘောတူညီမှုကို ရထားဖို့လိုပါတယ်။ ဒါဟာလည်း သာယာပျော်ရွှင်ရတဲ့ မင်္ဂလာတစ်ခုဖြစ်လာဖို့ အရေးပါတဲ့ အချက် တစ်ခု ပါပဲ။ သဘောတူကြတယ် ဆို နှစ်ကိုယ်ကြား တိုင်ပင်ဖို့ပဲ ကျန်ပါတော့တယ်။ အရေးကြီးဆုံး အချက် (၅) ချက်ကို အကြံပြုပေးလိုက်ပါတယ်။ (၁) ချစ်သူချင်း ဆက်ဆံရေးကို သုံးသပ်ပါ ကိုယ့်ချစ်သူကို တကယ် ယုံကြည်ပြီလား၊ ယုံလို့ရောရလား သုံးသပ် ဆုံးဖြတ်ပါ။ ယုံကြည်မှု […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အလုပ်ဖိစီးနေချိန်မှာ စိတ်အားတက်ကြွနေစေဖို့ ဖြေဆေး (၇) ခု

အလုပ်ထဲမှာ စိတ်ရောလူရော ပင်ပန်းနေရတဲ့အခါမျိုး၊ အရာရာ စိတ်ကုန်နေသလိုမျိုး ခံစားရဖူးလား။ ဝန်ထမ်းဖြစ်မှ မဟုတ်ပါဘူး။ အလုပ်ရှင်တွေမှာလည်း သည်လိုခံစားချက်တွေဖြစ်တတ်ပါတယ်နော်။ လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာပြီဆို ပခုံးမှာထမ်းထားရတဲ့ ဝန်က ပိုကြီးပါတယ်။ အချိန်တန် လစာရမယ့် ဝန်ထမ်းတစ်ယောက်ရဲ့ စိတ်ဖိစီးမှုထက်ပိုတာပေါ့။ ကိုယ်က လစာပေးနိုင်ဖို့ ကြိုးစားရှာရမယ့်သူလေ။ ကိုယ့်လုပ်ငန်းရဲ့အောင်မြင်မှု၊ ကျရှုံးမှုအတွက် အဓိကတာဝန်ရှိတဲ့လူမို့ ကိုယ့်ကိုယ်ကိုယ် အမြဲတွန်းအားပေးနေရပါတယ်။ စွန့်ဦးတည်ထောင်စ လုပ်ငန်းတွေဆို ပိုအားစိုက်ရတာအသေအချာပါ။ ဒီလိုအချိန်မှာ အရေးကြီးဆုံးက ကိုယ့်ရည်မှန်းချက်တွေမပြည့်ခင် စိတ်အားတက်ကြွမှုကို ကျမသွားအောင် ထိန်းထားနိုင်ဖို့၊ တွန်းအားပေးနိုင်ဖို့ပါပဲ။ အားစိုက်ထုတ်ရတာများလွန်းတော့လည်း တစ်ခါတစ်ခါ စိတ်ဓာတ်ကျတာ၊ ပင်ပန်းနေတာတွေဖိစီးလာတဲ့အခါ ဘယ်လိုခွန်အားရယူကြမလဲ။ ဒီအတွက် ဖြေဆေး (၇) ခု ရှိနေပါတယ်။ သင့်အတွက် ဘာအခက်အခဲတွေပဲရှိရှိ အသုံးချလို့ရမယ့် နည်းလမ်းလေးတွေဆိုတော့ ဆက်ဖတ်ကြည့်လိုက်ပါဦးနော်။ (၁) ကိုယ့်ကို စိတ်ခွန်အားပေးနိုင်မယ့် အဆိုအမိန့်တွေ နေ့တိုင်းဖတ်ပါ လူသိများတဲ့ ဝဘ်စာမျက်နှာတွေ၊ လူမှုကွန်ရက်တွေမှာ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုကို လျှော့ချနိုင်မယ့် နည်းလမ်းများ

စိတ်ဖိစီးမှုဆိုတာ ဘာလဲ စိတ်ဖိစီးမှုဆိုတာ ဘဝရဲ့ကြီးမားတဲ့ စိတ်မပျော်ရွှင်စရာ ပြောင်းလဲမှု၊ ကြောက်စရာကောင်းလွန်းလှတဲ့ အခြေအနေသစ်တစ်ရပ်နဲ့ ကြုံတွေ့ရချိန်မှာ ခံစားရသော တုံ့ပြန်မှုတစ်မျိုးဖြစ်ပါတယ်။ စိတ်ဖိစီးမှုဖြစ်စေသောအကြောင်းရင်းများကတော့ အလုပ်ခွင်မှာဆိုရင် အချိန်မီ ပြီးစီးအောင် ဖိအားပေး ခိုင်းစေခံရခြင်း။ အလုပ်များ/နည်းလွန်းခြင်း။ အငြင်းပွားမှု ဖြစ်ပေါ်ခြင်း။ ပျင်းရိခြင်း။ ပုဂ္ဂိုလ်ရေးခံစားမှုတွေနဲ့ ပတ်သက်လို့ ချစ်ခင်ရသူများသေဆုံးခြင်း နေမကောင်းဖြစ်ခြင်း အိမ်ထောင်ရေး/လူမှုရေးပြဿနာများ ကွာရှင်းခြင်း ငွေရေး၊ ကြေးရေးပြဿနာများ ပျော်ရွှင်စရာ အဖြစ်အပျက်များ လူမှုပတ်ဝန်းကျင်မှာတော့ ရာသီဉတု အခြေအနေ ယာဉ်ကြောများ စိတ်ဖိစီးမှုကြောင့်အမူအကျင့်တွေပြောင်းလဲမှုတတ်ပါတယ်။ အရက်ဆေးလိပ်များ ပိုမိုသုံးစွဲလာခြင်း၊ အိပ်ချိန်၊ စားချိန် မမှန်ခြင်း၊ တစ်ယောက်ထဲနေချင်ခြင်း၊ အခြားသူများ၏ ပြဿနာကို စိတ်မဝင်စားခြင်း၊ အပေါင်းအသင်းများနှင့် ကင်းကွာခြင်း ပတ်ဝန်းကျင်ကို စိတ်မဝင်စားခြင်း၊ ပုံမှန်မဟုတ်သော နေထိုင်ပြောဆိုခြင်း၊ အဓိပ္ပါယ်မဲ့ကြည့်ခြင်း၊ ခန္ဓာကိုယ် မငြိမ်မသက်ဖြစ်ခြင်းတွေဖြစ်လာတတ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုလက္ခဏာများ ခြေ၊ လက် အေးစက်ခြင်း အားအင်ကုန်ခမ်းခြင်း၊ ပျို့ခြင်း ဂနာမငြိမ်ခြင်း နှလုံးခုန်နှုန်း၊ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အလုပ်မှာ ပင်ပန်းပြီး ပြန်လာတဲ့ ချစ်ခင်ပွန်း အမောပြေစေဖို့

သာယာတဲ့ အိမ်ထောင်ဘဝလေး ဖြစ်ဖို့ဆိုတာ တစ်ဦးအပေါ် တစ်ဦး နားလည်ဖို့၊ စာနာဖို့၊ လိုအပ်တာလေးတွေ ကူညီဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။ ဒါမှလည်း မေတ္တာတွေက ဘယ်တော့မှ ခမ်းခြောက်မသွားဘဲ အိမ်ထောင်သက် ကြာလာလေ၊ အချစ် ပိုတိုးလာလေ ဖြစ်မှာပေါ့။ ဒီဆောင်းပါးမှာတော့ အိမ်ထောင်ရေး သာယာ အဆင်ပြေစေဖို့ အလုပ်ကနေ ပင်ပင်ပန်းပန်း ပြန်ရောက်လာတဲ့ ကိုယ့်ခင်ပွန်း ရွှေရင် အေးရစေဖို့ ဘာတွေ ဆောင်ရ၊ ရှောင်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ၁။ အိမ်ကို သန့်ရှင်းနေအောင် လုပ်ပေးပါ။ ဘယ်သူမဆို တစ်နေ့လုံး ရုံးမှာ အလုပ်လုပ်ပြီး ပြန်လာရင် ကိုယ့်အိမ်လေးက သန့်ရှင်းသပ်ရပ်နေတာပဲ မြင်ချင်မှာပါ။ အဲ့တော့ တတ်နိုင်သလောက် ကိုယ့် း စိတ်ချမ်းသာစေဖို့ အိမ်သန့်ရှင်းရေးလေးတော့ လုပ်ပေးထားပေါ့နော်။ ကိုယ်တိုင်က အချိန်မရှိလို့ တစ်အိမ်လုံး သန့်ရှင်းရေး မလုပ်နိုင်ရင်တောင် […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ဓာတ်ကျချိန်မှာ ဘယ်လိုနေထိုင်သင့်သလဲ

အထီးကျန်ဝမ်းနည်းခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်းဟာ တချိန်မဟုတ် တချိန်မှာ ကြုံတွေ့နိုင်တဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ဒါပေမယ့် နေ့တိုင်းလိုလိုမှာ ကြေကွဲဝမ်းနည်းမယ်၊ စိတ်ဓာတ်ကျ နေမယ်ဆိုရင်တော့ ပြဿနာတခုခုရှိနေပါပြီ။ စိတ်ဓာတ်ကျခြင်းဆိုတာ ဝမ်းနည်းခြင်း၊ အထီးကျန်ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ ဗလာသက်သက်ဖြစ်ခြင်း စတဲ့ခံစားမှုတွေ ကြုံတွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာပဲ ဖြစ်ပါတယ်။ စိတ်ဓာတ်ကျခြင်းကြောင့် သင်ယခင်က စိတ်ဝင်တစား လုပ်ကိုင်ဖူးတဲ့ ကိစ္စရပ်တွေကိုတောင် နှစ်သက်ကျေနပ်ခြင်း မရှိတော့ပါဘူး။ တဦးနဲ့တဦး သက်ရောက်ခံရပုံမတူပေမယ့် ယေဘုယျအားဖြင့် နေ့စဉ် နေထိုင်လှုပ်ရှားမှု၊ အလုပ်အကိုင် စတာတွေကို ထိခိုက်လာနိုင်ပုံခြင်း တူပါတယ်။ စိတ်ဓာတ်ကျချိန်မှာ ဘယ်လိုနေထိုင်သင့်သလဲ စိတ်ကျခြင်းကို ကုသရာမှာ ဆေးဝါးကုသခြင်း၊ စိတ်ကျန်းမာရေးကုထုံးများနဲ့ ကုသခြင်းဆိုပြီး ရှိပါတယ်။ နောက်အရေးကြီးတဲ့တခုကတော့ လူရောစိတ်ပါ လန်းဆန်းကျန်းမာစေဖို့ နေထိုင်မှုပုံစံကို ပြောင်းလဲပေးခြင်း ဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမယ့် နည်းလမ်းတွေကတော့ စိတ်ဓာတ်ကျချိန်မှာ သတိပြုကျင့်သုံးသင့်တဲ့ နေထိုင်မှုပုံစံတွေပဲ ဖြစ်ပါတယ်။ ၁။ ကျန်းမာရေးနှင့်ညီညွတ်စွာ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ဓာတ်ကျခြင်းကို ဘယ်လို တိုက်ထုတ်ကြမလဲ

တစ်ခါတစ်လေမှာ အလိုလိုနေရင်း မပျော်မရွှင် စိတ်ကလေးလံထိုင်းမှိုင်းပြီး စိတ်ဓာတ်ကျဆင်းနေတာမျိုးကို လူတိုင်းနီးပါး ကြုံဖူးကြလိမ့်မယ်ထင်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေ၊ ကိုယ်ရေးကိုယ်တာ အဆင်မပြေမှုတွေ၊ လုပ်ငန်းခွင်ဖိအားတွေနဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေကြောင့် ခုလို စိတ်ဓာတ်ကျတာမျိုးကို ကြုံရတတ်ပါတယ်။ စိတ်ဓာတ်ကျတာ (Depression) ကို အမျိုးအစား ၉ မျိုးအထိ ခွဲခြားထားပါတယ်။ ပုံမှန်အားဖြင့် ဝမ်းနည်းကြေကွဲမှုတွေ၊ ပုံမှန်လူနေမှုဘဝတွေနဲ့ ရက်သတ္တပတ်နဲ့ချီပြီး ခံစားနေရပြီဆိုရင် စိတ်ဓာတ်ကျဆင်းနေပြီလို့ မှတ်ယူတတ်ကြပါတယ်။ ဒါ့အပြင် လူတစ်ယောက် Depression ဝင်နေပြီဆိုရင် ပျော်ရွှင်မှုတွေ ပျောက်ဆုံးကုန်သလို ဝမ်းနည်းကြေကွဲစိတ် ကြီးစိုးလာတာ၊ အစားစားချင်စိတ် နည်းပါးလာတာ၊ ပတ်ဝန်းကျင်ကို ရှောင်ကျဉ်လာတာ၊ ပုံမှန်လူနေမှုဘဝနဲ့ ကင်းကွာလာတာ၊ အာရုံစူးစိုက်ရခက်ခဲလာတာနဲ့ အိပ်စက်ရခက်ခဲလာတာမျိုးအပြင် တန်ဖိုးမဲ့တယ်ဆိုတဲ့ စိတ်ခံစားချက်မျိုးလည်း ခံစားလာရမှာဖြစ်ပါတယ်။ အဆိုးဆုံးအခြေအနေမှာ မိမိကိုယ်ကိုယ်အဆုံးစီရင်ဖို့ပါ ကြိုးပမ်းလေ့ရှိတဲ့ ဝေဒနာမျိုးဖြစ်ပါတယ်။ Depression ဟာ ဒီကနေ့ကမ္ဘာပေါ်မှာ ကိုယ့်ကိုယ်ကို သတ်သေမှုအများဆုံးဖြစ်စေတဲ့ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

Stay at Home ကာလမှာ ကျနေတဲ့ စိတ်ဓာတ်လေးကို ဘယ်လိုမြှင့်ကြမလဲ...............

လတ်တလောမှာ ဖြစ်ပွားနေတဲ့ ကမ္ဘာ့ကပ်ရောဂါ COVID_19 ကြောင့် နေအိမ်ကနေပဲ အလုပ်လုပ်နေကြရတယ်။ အိမ်အပြင်လည်း မထွက်ရဘဲ အိမ်ထဲမှာပဲ တစ်ချိန်လုံး အောင်းနေရတာက အချိန်ကြာလတဲ့အခါ စိတ်ဓာတ်ကျလာစေနိုင်ပါတယ်။ ဒီတော့ ကျနေတဲ့ စိတ်ဓာတ်လေးကို ဘယ်လိုမြှင့်တင်ရမလဲ ပြောပြပေးပါရစေ။ စိတ်ဓာတ်ကျနေပြီလား ဆန်းစစ်ကြည့်ရအောင် စိတ်ဓာတ်ကျတယ်ဆိုတ ဘာမှမလုပ်ချင်အောင် ထိုင်နေမှ၊ တချောင်ချောင်မှာ ခွေနေမှ မဟုတ်ပါဘူး။ မဆာဘဲ စားနေမိမယ် လုံးဝ စားချင်စိတ်မရှိတာမျိုးဖြစ်မယ် အမြဲလိုလို စိတ်တိုနေမယ် စိုးရိမ်စိတ် များနေမယ်  ဒေါသဖြစ်လွယ်မယ် အကြောင်းမဲ့ သက်သက် အော်ဟစ်ချင်နေမယ် အလိုလို ဝမ်းနည်းနေမယ် အိပ်နေမယ် စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ ဒီလက္ခဏာတွေက စိတ်ဓာတ်ကျမှန်းမသိ ကျနေတာပါ။ ဒီပြဿနာကို အမြန်ဆုံးဖြေရှင်းဖို့လိုပါမယ်။ ဒါမှ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်မလာမှာပါ။ Stay at Home ကာလမှာ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

တားမနိုင်ဆီးမရ ငိုပွဲဆင်နေပြီလား

ငိုကြွေးခြင်းဟာ လူတိုင်းရဲ့ မွေးရာပါ အပြုအမူတစ်ခုပါ။ အယုတ်အလတ်အမြတ်မရွေး လူဆိုတဲ့ သတ္တဝါတိုင်းဟာ မွေးကတည်းက ‘အူဝဲ၊ အူဝဲ’ လို့ အော်ဟစ်ငိုကြွေးပြီး လူ့လောကထဲကို ချဉ်းနင်းဝင်ရောက်လာသူတွေချည်းဖြစ်ပါတယ်။ ဒါပေမယ့် လူအများစုကတော့ ငိုကြွေးတာဟာ ပျော့ညံ့အားနည်းခြင်းရဲ့ လက္ခဏာလို့ ရှုမြင်ကြပါတယ်။ တကယ်တော့ ငိုကြွေးချင်းဟာ စိတ်ခံစားချက်၊ ခန္တာကိုယ် ကျန်းမာရေးတွေနဲ့ သက်ဆိုင်တဲ့ တုန့်ပြန်မှုတစ်ခုသာဖြစ်ပါတယ်။ ငိုကြွေးခြင်းဟာ မကောင်းတဲ့ ခံစားချက်တွေကို ရှင်းလင်းပေးတာဖြစ်တဲ့အပြင် စိတ်ကျန်းမာရေးအတွက် အကျိုးထူးများစွာကိုလည်း ရရှိစေတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ ဒါပေမယ့် … ဟုတ်ပါတယ်။ ကိစ္စတိုင်းမှာ ချွင်းချက်တစ်စုံတစ်ရာတော့ ရှိနေစမြဲပါ။ တစ်ခါတစ်ရံမှာ အကြောင့်မဲ့သက်သက်ပဲဖြစ်ဖြစ်၊ တစ်စုံတစ်ခုသော စိတ်ခံစားချက်လွန်ကဲမှုကြောင့်ပဲဖြစ်ဖြစ် အပြင်းအထန် ငိုကြွေးခဲ့ဖူးကြမှာပါ။ ဒါပေမယ့် ရပ်သင့် ပြီးဆုံးသင့်တဲ့အချိန်ကို ကျော်လွန်ပြီး နာရီနဲ့ချီကြာအောင် မျက်ရည်တွေဆက်တိုက်ကျဆင်းနေတာမျိုး၊ ဆက်လက်ငိုကြွေးနေမိတာမျိုး ဖြစ်နေပြီဆိုပါတော့။ ဒါဆို ဘယ်လိုအဓိပ္ပါယ်မျိုး သက်ရောက်နေပြီလဲ။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း