စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

သင်ဟာ သံသယ လွန်ကဲလွန်းသူ ဖြစ်နေပြီလား

အကြောင်းအရာတိုင်း၊ အဖြစ်အပျက်တိုင်း၊ အခြေအနေတိုင်းကို အလွန်အကျွံတွေ ခံစားမိနေတာ၊ အလွန်အမင်းတွေကို Highly Sensitive ဖြစ်တယ်လို့ ခေါ်ပါတယ်။ သံသယလွန်ကဲတာပေါ့။ သံသယလွန်ကဲတာဟာ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ စိတ်ခံစားချက်မျိုးဖြစ်ပါတယ်။ လူမှုပတ်ဝန်းကျင်အပေါ် ရှုမြင်ပုံအပိုင်းမှာ ပြဿနာရှိနေတာဖြစ်ပြီး ဒီလို စိတ်ခံစားချက်မျိုးက Introvert တွေမှာရော Extrovert တွေမှာပါ ရှိနေနိုင်ပါတယ်။ သံသယလွန်ကဲတာဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတစ်ခုဖြစ်ပြိး ပိုမိုဆိုးရွားတဲ့ အနေအထားတစ်ခုမှာ စိတ်ဖိစီးတာ၊ သောကများတာနဲ့ စိတ်ဓာတ်ကျတာလို စိတ်ဝေဒနာတွေ အလွယ်တကူဖြစ်လာနိုင်တာမို့ သတိထားသင့်ပါတယ်။ ကိုယ်ဟာ သံသယလွန်ကဲလွန်းသူဖြစ်နေပြီလားဆိုတာကို အပြုအမူတွေကို ဆန်းစစ်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ နေ့စဉ်လူနေမှုဘဝမှာ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ၊ အပြုအမူတွေနဲ့ ပေါင်းသင်းဆက်ဆံပုံတွေ၊ တွေးမြင်ပုံတွေဟာ သံသယလွန်ကဲသူဖြစ်နေခြင်းရှိမရှိကို ဖော်ပြပေးနိုင်ပါတယ်။ မိမိကိုယ်ကိုယ် သံသယလွန်ခြင်း Highly sensitive people တွေ သံသယလွန်ကဲရာမှာ အမျိုးမျိုးရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

လူတွေဘာကြောင့် သူများကို အပြစ်တင်ကြတာလဲ..........

ဘဝဆိုတာက အရာရာအဆင်မပြေသလို ပြည့်စုံနေဖို့လည်း မလွယ်ကူပါဘူး။ အမှားတွေ လုပ်မိနိုင်သလို မျှော်လင့်ထားသလို မဖြစ်လာတာတွေလည်း ကြုံရနိုင်ပါတယ်။ လူဆိုတာက အမှားမကင်းဘူးဆိုသလိုပေါ့။ ဒီလို အမှားတွေ ဖြစ်တဲ့အခါ အချို့က ကိုယ့်တာဝန် ကိုယ်ယူ​ကြပေမယ့် အချို့က သူများကို အပြစ်တင်တတ်ကြပါတယ်။ နေ့စဉ်လှုပ်ရှားနေတဲ့ ပတ်ဝန်းကျင်မှာလည်း မြင်ဖူးကြမှာပါ။ အရာရာကို ပြစ်တင်​ပြောဆိုနေတတ်သူတွေလေ။ အပြစ်လုပ်လို့ ပြောခံရတာက စိတ်အနှောင့် အယှက် မဖြစ်ပေမယ့် ကိုယ့်အပြစ်မဟုတ်ဘဲ သူမှားနေတာကို ကိုယ့်အပြစ်လို ပြောတာကတော့ အဆင်မပြေတာ အမှန်ပါ။ အပြစ်တင်တာက ဘာတွေဖြစ်လာမလဲ........... ပြစ်တင်ပြောဆိုတာက ကောင်းတဲ့ အလေ့အထမဟုတ်ပါဘူး။ အမှားတွေ့တိုင်း သူတစ်ပါးကိုပဲ အပြစ်တင်မယ်ဆိုရင် ရေရှည်မှာ ဆက်ဆံရေး ထိခိုက်လာနိုင်ပါတယ်။ အမှားကင်းဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ အ​ကြောင်းအရာ အမျိုးမျိုး၊ အခြေအနေအမျိုးမျိုးကြောင့် အမှားတွေ၊ လွဲချော်မှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ ကိုယ့်​ကြောင့်ဖြစ်နိုင်သလို အခြားသူကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပြဿနာတစ်ခုခု […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

စိတ်ကိုပျော်ရွှင်စေတဲ့ ဟော်မုန်း လေးတွေထွက်အောင်ဒါလေးတွေလုပ်ကြမယ်

ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ glands လေးတွေကနေ ဟော်မုန်း အမျိုးမျိုးကို နေ့စဉ်နဲ့အမျှ ထုတ်နေကြပါတယ်။ အဲဒီဟော်မုန်းလေးတွေက သွေးကြောလေးတွေကနေတစ်ဆင့် ပျံ့နှံ့သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးအတွက် အရေးပါတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ပေးလျက်ရှိပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အဲဒီဟော်မုန်း အမျိုးမျိုးထဲက Happy Hormone လို့ခေါ်နိုင်တဲ့ စိတ်ခံစားချက်ကို ကောင်းမွန်စေတဲ့ ဟော်မုန်းလေးတွေ အကြောင်းနဲ့ အဲဒီဟော်မုန်းလေးတွေ ထွက်လာအောင် ဘာတွေလုပ်ကြမယ်ဆိုတဲ့ အချက်လေးတွေကို မျှဝေပေးသွားပါမယ်။ စိတ်ခံစားချက်ကို ကောင်းမွန်စေသော ဟော်မုန်း လေးများ ၁။ Dopamine Dopamine လို့ခေါ်တဲ့ ဟော်မုန်းလေးကလည်း feel good hormone လို့ တင်စားရလောက်အောင် စိတ်ကို ပျော်ရွှင်ကြည်နူးစေနိုင်တဲ့ ဟော်မုန်းလေးတစ်မျိုးဖြစ်ပါတယ်။ ၂။ Serotonin Serotonin က သင့်ရဲ့ စိတ်ခံစားချက်ကို ကောင်းစေနိုင်ရုံသာမက သင့်ရဲ့ တစ်နေ့တာ အတွက်အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်တဲ့ အိပ်တာ၊ […]


စိတ်မူမမှန်မှု ပြဿနာများ

မိဘသေဆုံးသွားသော ကလေးများရဲ့ နောက်ဆက်တွဲ စိတ်ဒဏ်ရာ

ကလေး ဆိုလို့ စိတ်ထဲမှာ ဘာမှ ခံစားနေရမှာ မဟုတ်ဘူး။ ဖြစ်ပျက်နေတာတွေကို ဘာမှမသိဘူးလို့ မထင်လိုက်ပါနဲ့။ ကျွန်မတို့တွေ သိထားတာထက်ကို ကလေးတွေက အရိပ်အခြေနားလည်ပါတယ်။ အိမ်မှာ ကိစ္စတစ်ခုခုဖြစ်ရင် လူကြီးတွေ ကလေးတွေလည်း  ခံစားရတတ်ပါတယ်။ ဒီထဲမှာ ကိုယ်နှစ်သက်တဲ့ တစ်ယောက်ယောက်  သေဆုံးသွားတာလည်း ပါပါတယ်။ မနေ့က လူမှုကွန်ယက်မှာ ဖခင်က ကြိုးဆွဲချပြီး သတ်သေတာကို live လွှင့်ပြီး အရွယ်မရောက်သေးတဲ့ ကလေးတွေကို စောင့်ကြည့်ခိုင်းတာပါ။ ဒီကိစ္စမှာ ဘယ်သူမှန်တယ်၊ မှားတယ်ဆိုတာကို မပြောလိုပါဘူး။ အဓိက ဆွေးနွေးချင်တာက ဒါကို မြင်လိုက်ရတဲ့ ကလေးတွေရဲ့ စိတ်ပါ။ လူကြီးတွေကတော့ ထင်မှာပဲ။ ကလေးတွေက ဆော့ရင်းပြုရင်း မေ့သွားမှာပါလို့။ ဒါပေမယ့် ကလေးတွေက မှတ်ဉာဏ်ကောင်းတာကို မေ့ထားလို့ မဖြစ်ပါဘူး။ ဒါဟာ သူတို့အတွက် စိတ်ဒဏ်ရာပါ။ […]


စိတ်မူမမှန်မှု ပြဿနာများ

ဒေါင်းရောဂါလက္ခဏာစုအကြောင်း တစေ့တစောင်း

မျက်နှာပုံစံ ဆင်တူကြပြီး အခြားသူတွေနဲ့ မတူ တမူကွဲပြားနေတဲ့လူတွေကို မြင်ဖူးကြမှာပါ။ ဒေါင်းရောဂါလက္ခဏာစု (Down Syndrome)လို့ ခေါ်ပါတယ်။ သူတို့လေးတွေဟာ ပုံမှန်လူတွေမှာပါဝင်တဲ့ မျိုးရိုး ဗီဇဆဲလ် (ခရိုမိုဆုမ်း)ပမာဏထက် ပိုမို ပါဝင်နေကြသူတွေပါ။ ခရိုမိုဆုမ်းဆိုတာ မျိုးရိုးဗီဇဆဲလ်တွေ စုစည်းထားတဲ့ အစုအဝေးတစ်ခုပါ။ ခရိုမိုဆုမ်းတွေဟာ  ကိုယ်ဝန်ဆောင်စဉ်မှာ ကလေးရဲ့ဖွံ့ဖြိုးမှုပုံသဏ္ဍာန်တွေကို သတ်မှတ်ပေးပြီး မွေးဖွားပြီးချိန်မှာလည်း ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို သတ်မှတ်ပေးနိုင်ပါတယ်။ သာမန်ကလေးတစ်ယောက်ဟာ ခရိုမိုဆုမ်း (၄၆)ခု ပါဝင်ပါတယ်။ ဒေါင်းကလေးတစ်ယောက်မှာတော့ သူများထက် ခရိုမိုဆုမ်းတစ်ခု ပိုမိုပါဝင်နေပါတယ်။ ခရိုမိုဆုမ်းပိုလျှံခြင်းရဲ နောက်ဆက်တွဲကတော့ ကလေးရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတွေကို သက်ရောက်တာပါပဲ။ ဒါဟာ ကလေးအတွက် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာအတွက်ပါ စိန်ခေါ်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒေါင်းရောဂါလက္ခဏာစု ကလေးတွေဟာ ရုပ်ချင်းဆင်တူကြပေမယ့် စွမ်းရည်ခြင်း အနည်းငယ်ကွဲပြား တတ်ကြပါတယ်။ သာမန်ထက် ဉာဏ်ရည် (IQ)အနည်းငယ်နိမ့်ပြီးတော့  […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Delusion အမျိုးအစားများအကြောင်း

Delusion ဆိုတာကတော့ တစ်ခုခုကို မှားယွင်းပြီး ထင်ယောင်ထင်မှား ယုံကြည်နေတတ်တဲ့ အတွေးအခေါ်နဲ့ စိတ်ခံစားချက်ဆိုင်ရာ ရောဂါလက္ခဏာတစ်ခု ဖြစ်ပါတယ်။ အတိအကျပြောရရင်တော့ သူတို့ရဲ့ ထင်ယောင်ထင်မှား ယုံကြည်ထားတဲ့ ယုံကြည်ချက်တစ်ခုကို အကျိုးသင့်အကြောင်းသင့်၊ နည်းလမ်းကျကျ ရှင်းပြလည်း လုံးဝလက်မခံဘဲ ဇွတ်ယုံကြည်နေတာမျိုးဖြစ်ပါတယ်။ Delusional disorder, Schizophrenia (စိတ်ကစဉ့်ကလျားဖြစ်သော ရောဂါ) ၊ bipolar disorder (စိတ်အတက်အကျ မမှန်သောရောဂါ)၊ depression (စိတ်ကျရောဂါ) စတဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ အခြားသော ကျန်းမာရေးအခြေအနေတွေနဲ့ တွဲပြီးတွေ့ရတတ်ပါတယ်။ လူတိုင်း လူတိုင်းမှာ ကိုယ်ယုံကြည်ရတဲ့ အချက်လေးတွေ၊ ယုံကြည်ရာတွေ ရှိပါတယ်။ အဲဒီယုံကြည်ချက်တိုင်းကို delusionလို့မခေါ်ပါဘူး။ ယုံကြည်ချက်တွေက fixed and False ဖြစ်နေပြီး အကျိုးကြောင်း၊ အချက်အလက် ဆီလျော်အောင် အချိန်ပေးပြီး […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အိမ်ထောင်သားမွေးလုပ်ပါ

FA တွေအတွက်တော့ သတင်းကောင်းမဟုတ်ပါဘူး။ နေ့စဉ်ဘဝမှာ စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းစေဖို့ အိမ်ထောင်ပြုတာ၊ ရင်သွေးရတနာ ရယူတာတွေပြုလုပ်ပေးဖို့ လိုအပ်ပါတယ်တဲ့။ လူသားတွေရဲ့ ကိုယ်စိတ်ကျန်းမာပျော်ရွှင်မှုအကြောင်းကို သိပ္ပံပညာရှင်တွေက လေ့လာနေခဲ့ကြတာ ကြာမြင့်နေပါပြီ။ ပျော်ရွှင်ဖို့ ဘာတွေလိုအပ်မလဲ၊ စိတ်ချမ်းသာဖို့ ဘာတွေ လိုအပ်မလဲပေါ့။ ခုချိန်မှာလည်း သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီ နည်းပညာတက္ကသိုလ်က သိပ္ပံပညာရှင်တွေက ဒီအချက်ကို စနစ်တကျ လေ့လာမှုတွေပြုလုပ်ပြီး ဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။ ၎င်းတို့ဟာ လူပေါင်း တစ်သောင်းခွဲလောက်ကို ၁၄ နှစ်ကြာအောင် စောင့်ကြည့် သုတေသနပြုလုပ်ခဲ့ကြရတာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ဘဝမှာ နေပျော်စေဖို့ ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းနေစေဖို့ဆိုရင် မိသားစုဘဝရှိဖို့၊ အိမ်ထောင်သားမွေးမှုပြုဖို့လိုအပ်တယ်လို့ အဆိုပါသုတေသနအစီရင်ခံစာက ဖော်ပြထားပါတယ်။ အဆိုပါ ဆစ်ဒနီမြို့အခြေစိုက် သိပ္ပံပညာရှင်တွေရဲ့ အဆိုတွေအရဆိုရင်တော့ ဘဝနေထိုင်မှုပုံစံတွေ၊ မိသားစု ရှိခြင်းမရှိခြင်းတွေဟာ လူသားတစ်ယောက်ရဲ့ ရေရှည် ပျော်ရွှင်မှုအပေါ်မှာ ကောင်းကောင်းကြီး သက်ရောက်နိုင်ပါတယ်တဲ့။ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ဒေါသအကြောင်း တစေ့တစောင်း

ဒေါသကို ထိန်းချုပ်နိုင်ခြင်းဟာ ကောင်းမွန်တဲ့အရာတွေ ပြုလုပ်ဖို့ တွန်းအားတစ်ခု ဖြစ်လာစေနိုင်ပါတယ်။ ဒေါသကို ကောင်းမွန်စွာ မထိန်းချုပ်နိုင်ရင်တော့ ငြင်းခုန်ဆွေးနွေးမှုတွေ၊ တိုက်ခိုက်မှုတွေ၊ အလွဲသုံး စားမှုတွေကနေ ပြစ်မှုကျူးလွန်မှုတွေ နဲ့ မိမိကိုယ်ကို ထိခိုက်နာကျင်စေခြင်း တွေအထိ ဖြစ်လာနိုင်ပါတယ်။ ဒေါသဟာ ခန္ဓာကိုယ်အပေါ် ဘယ်လိုသက်ရောက်လဲ ဒေါသဖြစ်လာရင် အဒရီနယ်လင်းနဲ့ ကော်တီစောဟော်မုန်း ထွက်ပါတယ်။ ဦးနှောက်ရဲ့ သွေးလည်ပတ်မှုတွေဟာ ကြွက်သားတွေဆီပဲ ဦးတည်သွားစေပြီးတော့ နှလုံးခုန်မြန်လာမယ်။ သွေးပေါင်ချိန်နဲ့ အသက်ရှူနှုန်းတွေ မြင့်တက်လာမယ်။ ခန္ဓာကိုယ်အပူချိန်မြင့်လာပြီး‌ ချွေးထွက်လာမယ်။ စိတ်အစဉ်ဟာ စူးရှလာပြီး ဒေါသဖြစ်စေတဲ့ အကြောင်းအရင်းကိုပဲ အာရုံစိုက် စေလာပါတယ်။ ကျန်းမာရေးပြဿနာတွေကတော့ ဒေါသကို မထိန်းချုပ်နိုင်တဲ့အခါ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကို ထိခိုက်လာမှာပါ။ နာတာရှည် ရောဂါတွေလည်း ဖြစ်လာနိုင်ပါတယ်။ ခေါင်းကိုက်ခြင်း ဗိုက်အောင့်ခြင်း၊ အစာခြေစနစ်ပြဿနာများ စိတ်ကစဉ့်ကလျားဖြစ်ခြင်း စိတ်ဖိစီးမှုများလာခြင်း စိတ်ကျရောဂါ သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ကြံဖန်တွေးပြီး ကိုယ့်စိတ်ကိုယ် ဒုက္ခပေးနေတဲ့အကျင့်ကို ဖျောက်ပါ

လူတိုင်းကတော့ ဘာမှလုပ်စရာ မရှိရင် တစ်ခုခုကို ထိုင်တွေးနေတာပါပဲ။ အဲဒီအတွေးတွေက တစ်ခုပြီး တစ်ခု ဆင့်ပွားလာရာကနေ ကိုယ့်စိတ်ကို ဒုက္ခဖြစ်စေနိုင်လောက်တဲ့ မကောင်းတဲ့ အတွေးတွေဘက်ကို ရောက်သွားတတ်ပါတယ်။ လူဆိုတဲ့ အမျိုးက ကောင်းတာတွေဆိုရင် သိပ်သတိမထားမိပေမဲ့ မကောင်းတဲ့ အတွေးတွေဆိုရင်တော့ ခေါင်းထဲက ဆွဲထုတ်မရအောင် သိမ်းထားတတ်ပါတယ်။ ဒီလိုအခြေအနေကိုတော့ စိတ်အကျဉ်းကျခြင်း၊ စိတ်ချောင်ပိတ်မိခြင်း (Rumination) လို့ ခေါ်ပါတယ်။ အတွေးလွန်တာ (Overthinking) နဲ့ ဘာကွာသွားလဲ။ Overthinking ဖြစ်တဲ့သူတွေဟာ ကောင်းတာ၊ မကောင်းတာကို ရည်ရွယ်ပြီး တွေးတာမဟုတ်ဘဲ ကိုယ်တွေးချင်ရာ လျှောက်တွေးနေတတ်တာပါ။ Rumination အမျိုးအစားကတော့ ဘယ်လိုအတွေးကနေပဲ စသည်ဖြစ်စေ မကောင်းတဲ့ အတွေးတွေဘက်ကို အမြဲရောက်သွားတတ်ပြီး ဒါကို ထပ်တလဲလဲ တွေးနေရင်း ဘာကိုမှ မလုပ်ချင်မကိုင်ချင် ဖြစ်သွားတတ်ပါတယ်။ များသောအားဖြင့် စိတ်အကျဉ်းကျတဲ့သူတွေဟာ ဝမ်းနည်းပူဆွေးစရာ၊ ကြောက်မက်ဖွယ်ရာ၊ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

မိမိကိုယ်ကိုယ် တန်ဖိုးထားတတ်ဖို့ ဘာကြောင့်လိုအပ်တာလဲ

မိမိကိုယ်ကိုယ် တန်ဖိုးထားခြင်း (Self Esteem) ဘဝအနာဂတ်မှာ အောင်မြင်မှုတွေ၊ ပျော်ရွှင်မှုတွေ၊ ပန်းတိုင်တွေ ဆွတ်ခူးနိုင်ဖို့ မိမိကိုယ်ကိုယ် တန်ဖိုးထားတတ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် တန်ဖိုးမထားတတ်ရင် ဘယ်သူကမှ ကိုယ့်ကို လာပြီးတန်ဖိုးထားမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ တန်ဖိုး၊ အားသာချက်တွေကို ကိုယ်တိုင်မှ နားမလည်ထားရင် တခြားသူတွေက ကိုယ့်ကို နားလည်ပေးဖို့ ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဘဝမှာ ပျော်ရွှင်အေးချမ်းစွာနဲ့ သက်ဆုံးတိုင် နေထိုင်သွားဖို့အတွက် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ်ကို ကလေးဘဝမှာကတည်းက မိဘတွေအနေနဲ့ လေ့ကျင့်ပေးဖို့ အရမ်း အရေးကြီးပါတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်တဲ့သူတွေရဲ့ မျက်နှာဟာ ကြည်လင်ရှင်းသန့်ပြီး အမြဲတမ်း ပြုံးရွှင်နေတတ်ပါတယ်။ အများအမြင်မှာလည်း ဒီလိုမျိုး အေးချမ်းပြီး နှစ်လိုဖွယ်ကောင်းတဲ့ သူတစ်ယောက်ကို ချစ်ခင်နှစ်သက် ပေါင်းသင်းလိုစိတ်တွေ အမြဲရှိလာတတ်ပါတယ်။ ဒီအချက်ဟာ ဘဝမှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း