စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

ဘာလဲဟဲ့ ဒီပရက်ရှင်(Depression)

ယခုနောက်ပိုင်း လူငယ်အချို့ ဒီပရက်ရှင်ဝင်သည် ဟုဆိုကာ အွန်လိုင်းပေါ်တွင် ပုံနှင့်စာတင်ခြင်းများ မကြာမကြာတွေ့လာရသည်။ တကယ်ပဲ ဒီပရက်ရှင် ဝင်ကုန်ကြပါသလား။ မိတ်ဆွေရော ဒီပရက်ရှင် ရောဂါ ရှိနေပါသလား။ ဆန်းစစ်ကြည့်ကြရအောင်။ ဘာလဲဟဲ့ ဒီပရက်ရှင်(Depression) ဒီပရက်ရှင် (Depression) သို့မဟုတ် စိတ်ကျရောဂါ ဆိုသည်မှာ အဖြစ်များသော စိတ်ခံစားမှုဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပြီး ၎င်းသည် ရောဂါဖြစ်သူ၏ စိတ်ခံစားမှု၊တွေးတောဆင်ခြင်မှု နှင့် နေ့စဉ်လုပ်ဆောင်မှုများအပေါ် မကောင်းသောသက်ရောက်မှုများ ဖြစ်ပေါ်စေပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏အဆိုအရ ကမ္ဘာပေါ်တွင် စိတ်ကျရောဂါခံစားနေရသူပေါင်း ၂၆၄သန်းခန့် ရှိပါသည်။ အမျိူးသမီးများသည် အမျိုးသားများထက် စိတ်ကျရောဂါ ပို၍အဖြစ်များပါသည်။ စိတ်ကျရောဂါဆိုင်ရာလက္ခဏာများ ၁။ ဝမ်းနည်းနေခြင်း/စိတ်ဓာတ်ကျနေခြင်း။ ၂။ ယခင်က စိတ်ဝင်စား/ပျော်ရွှင်ခဲ့သော အလုပ်များတွင် စိတ်ဝင်စားမှု/ပျော်ရွှင်မှုမရှိတော့ခြင်း။ ၃။ အစာစားချင်စိတ် အပြောင်းလဲဖြစ်ခြင်း (များသောအားဖြင့် အစာစားချင်စိတ်မရှိခြင်း) နှင့် ကိုယ်အလေးချိန်ကျဆင်းခြင်း သို့မဟုတ် ကိုယ်အလေးချိန်တက်ခြင်း။ ၄။ အိပ်မပျော်ခြင်း သို့မဟုတ် အလွန်အမင်း […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ထူးထူးဆန်းဆန်း အိပ်မက်တွေရဲ့ နောက်ကွယ်က အကြောင်းရင်း

ကျွန်တော်တို့ တစ်ခါတလေ မနက်အိပ်ရာထလိုက်တဲ့အခါ ကိုယ်အိပ်နေစဉ် မက်တဲ့ အိပ်မက်တွေအကြောင်း ပြန်တွေးမိတတ်ပါတယ်။ ဒီအိပ်မက်တွေက ပျော်စရာ ကောင်းတဲ့ အိပ်မက်တွေလည်း ဖြစ်ကောင်းဖြစ်နိုင်သလို ကိုယ့်အနောက်ကနေ သရဲတစ္ဆေ သို့မဟုတ် ကိုယ်ကြောက်တဲ့ အကောင် တစ်ကောင်ကောင်က လိုက်လို့ ထွက်ပြေးရတာလည်း ဖြစ်နိုင်တယ်။ ဘာအဓိပ္ပာယ်မှန်း စဉ်းစားလို့မရလောက်အောင် ထူးဆန်းတဲ့ အိပ်မက်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဥပမာ - ကိုယ်မသွားဖူးတဲ့ နေရာတစ်နေရာရာကို ရောက်သွားတာ၊ ဘဝမှာ မတွေ့ဖူးတဲ့ သူတချို့နဲ့ တွေ့ပြီး ထူးဆန်းတဲ့ စကားတွေ ပြောနေတာ၊ အိပ်မက်ထဲမှာ ဇောက်ထိုးမိုးမျှော် လမ်းလျှောက်နေတာ၊ ရုပ်ရှင်တွေထဲမှာ တွေ့ခဲ့တဲ့ သဘာဝလွန် လောကထဲ ရောက်သွားတာမျိုးပေါ့။ ဒီလိုမျိုး အကြောင်းရင်း တိတိကျကျ ဖော်ပြလို့ မရတဲ့ ထူးဆန်းတဲ့ အိပ်မက်မျိုးတွေဆိုတာ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် စိတ်ဖိစီးမှုကြောင့် ကိုယ့်ရဲ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

လူနာတွေ ဘာကြောင့် လိမ်ပြောတာလဲ။

ဒီလိုပြောတော့ စိတ်ဆိုးကြမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဆရာဝန်တစ်ယောက်အနေနဲ့ကတော့ လူနာဆီက အလိမ်ခံရတာ ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ လိမ်သွားတယ်ဆိုတာ ငွေရေးကြေးရေးအရ လိမ်သွားတာကို ပြောတာမဟုတ်ပါဘူး။ ရောဂါကုသတဲ့ နေရာမှာ ရောဂါရာဇဝင်ကို ဖြေကြားတဲ့နေရာမှာ အချက်အလက်တွေ ထိန်ချန်တာ၊ လိမ်လည်ပြောဆိုတာမျိုးပါ။ ဒီလိုတွေ ရှိလာတဲ့အတွက် ရောဂါကုသတဲ့နေရာမှာ မလိုအပ်ဘဲ ကြန့်ကြာတာ၊ ရောဂါအမည်တပ်မှားတာတွေ ဖြစ်တတ်ပါတယ်။ နောက်ဆုံးအနှစ်ချုပ်လိုက်တော့ လူနာပဲ ထိခိုက်ရတာပေါ့။ စာရင်းဇယားတွေအရတော့ လူနာ၁၀ယောက်မှာ ၈ယောက်က ကိုယ့်ရောဂါအခြေအနေနဲ့ ပတ်သတ်ပြီး လိမ်ပြောတတ်ပါတယ်တဲ့။ အနီးစပ်ဆုံး ပြောရရင် ဒီကိုဗစ်ကာလအတွင်းမှာပဲ ခရီးသွား ရာဇဝင်လိမ်လည်ခဲ့တဲ့သူတွေ ရှိနေတာပဲလေ။ ဆေးရုံတက်ရတဲ့အချိန်အထိ မပြောဘဲ ဖုံးကွယ်ထားတာတွေတောင် ရှိခဲ့တာဆိုတော့ သာမန်အချိန်တွေမှာဆို ပြောစရာတောင် မလိုပါဘူး။ လူနာတွေ ဘာကြောင့်များ လိမ်ကြတာပါလိမ့်။ ဆက်ကြည့်ရအောင်။ ဆရာဝန်ကို ကြောက်လို့ ဒါတွေရဲ့အစက […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ရောကိုယ်ပါ ကျန်းမာဖို့ တရားထိုင်ကြစို့

တရားထိုင်တယ် ဆိုတာက ဘာသာရေး အလုပ်ဆိုတာထက် လူတိုင်း လုပ်သင့်တဲ့ အလေ့အထလေး တစ်ခုလို့ ပြောချင်ပါတယ်။ တကယ်ကတော့ လူတိုင်းဟာ တစ်နေ့တာမှာ ၁၅ မိနစ်ကနေ နာရီဝက် ၄၅ မိနစ်လောက်အထိ ကိုယ်နိုင်သလောက် တရားထိုင်သင့်ပါတယ်။ ဒီလို တရားထိုင်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေတယ်၊ လို့ သိပ္ပံနည်းကျ လေ့လာမှုတွေအရ သိရပါတယ်။ တရားထိုင်ပါလို့ ပြောရတဲ့ အကြောင်းအရင်း တရားထိုင်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ ပုံမှန် တရားထိုင်ပေးခြင်းက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအနေနဲ့ နှလုံး ကျန်းမာစေတယ် လေ့လာမှုတွေအရ နေ့စဉ် တရားထိုင်တာက သွေးလည်ပတ်မှုကို ကောင်းစေပြီး နှလုံး ခုန်နှုန်းကို မှန်စေဖို့ နှလုံး ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်ပါတယ်။ တရားထိုင်တာက သွေးကြောတွေကို မာကြောစေတဲ့ ဒြပ်ပေါင်း တစ်မျိုးဖြစ်တဲ့ lipid peroxide ကို လျှော့ချပေးပြီး နှလုံးသွေးကြောဆိုင်ရာ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

လူတိုင်းဟာ ပျော်ရွှင်ခြင်းနဲ့ ထိုက်တန်ပါတယ်

ပျော်ရွှင်ခြင်းဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ လူတစ်ယောက်နဲ့တစ်ယောက် တူမှာမဟုတ်ပါဘူး။ တချို့က ပျော်ပျော်နေတတ်ကြသလို တချို့ကျပြန်တော့လည်း ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေကြပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ၊ မပျော်ချင်တဲ့သူတော့ ရှိမယ်မထင်ပါဘူး။ ပိုမိုပျော်ရွှင်ရဖို့အတွက် အကျင့်ကောင်းတွေ မွေးမြူ ကြည့်ရအောင်။ (၁)      ပြုံးပါ။ ပျော်ရွှင်တဲ့အခါ ပြုံးရယ်တတ်တာအကျင့်ပါ။ ပြောင်းပြန်အနေနဲ့ ပြုံးတဲ့အခါ ဦးနှောက်ကနေ ဒိုပါမင်းဆိုတဲ့ ဟော်မုန်းထွက်ပြီး ပိုမိုပျော်ရွှင်စေပါတယ်။ အတုအယောင် အပြုံးမျိုးကို မဆိုလိုပါ။ မနက် မိုးလင်းတဲ့အခါ မိမိကိုယ်ကို မှန်ကြည့်ပြီး ပြုံးပါ။ နေ့စဉ် လူနေမှုဘဝမှာလည်း ပြုံးပြုံးရွှင်ရွှင်နေပါ။ (၂)      လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ လမ်းလျှောက်တာမျိုး၊ ယောဂသင်တန်း တက်တာမျိုးနဲ့ အကြောလျှော့တာမျိုးတွေ ပြုလုပ်ပေးပါ။ ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေကိုသာ လုပ်ဆောင်ပေးပါ။ ဒါဆိုရင် စိတ်ကျခြင်းတွေ ကင်းဝေးပြီး မိမိကိုယ်ကို တန်ဖိုးထား ပျော်ရွှင်လာမှာပါ။ (၃)      အိပ်ရေးဝဝ အိပ်ဖြစ်အောင် အိပ်ပါ။ တစ်နေ့ (၈)နာရီ (၉)နာရီခန့် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်က ကျန်းမာရေးပြဿနာများ

ကမ္ဘာပေါ်မှာ အကြမ်းဖက်မှုတွေဟာ နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက်ရှိပါတယ်။ ကျွန်မတို့ မသိလိုက်တဲ့ အဖြစ်အပျက်တွေဟာ ထောင်သောင်းမကပါဘဲ။ အကြမ်းဖက်မှုလို့ဆိုရာမှာ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုများ၊ ကျား၊ မအခြေပြု အကြမ်းဖက်မှုများ၊ အိမ်တွင်း အကြမ်းဖက်မှုများစသဖြင့် အမျိုးအစား စုံလင်စွာ ရှိနေပါတယ်။ အကြမ်းဖက်ခံရသူတွေဟာ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးပိုင်းဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးတွေကို အကြမ်းဖက်မှုရဲ့ နောက်ဆက်တွဲတွေအဖြစ် ခံစားနေကြရရှာပါတယ်။ ဆိုးကျိုးတွေထဲမှာ ကျန်းမာရေးဆိုးကျိုးတွေဟာ ထိပ်ဆုံးကပါ။ အသက် အရွယ်အလိုက် အကြမ်းဖက်မှုရဲ့ဒဏ်ကို ခံစားရပုံချင်း ကွာတာမို့ အောက်ပါအတိုင်း ဖော်ပြ ပေးလိုက်ရပါတယ်။ ၁ နှစ်အောက် ကလေးငယ်တွေ၊ လမ်းလျှောက်တတ်ခါစ ကလေးလေးတွေ ဒီအရွယ် ကလေးငယ်လေးတွေဟာ စကားပြောတတ်ဦးမှာ မဟုတ်တဲ့အတွက် သူတို့ခံစားနေရရှာတာကို ဖွင့်ဟပြောဖို့ ခက်ခဲပါတယ်။အကြမ်းဖက်မှု တစ်စုံတစ်ခုဟာ ကလေးငယ်လေးတွေကို ဦးတည်လာခဲ့မယ်ဆိုရင်တော့ ဒီလိုလက္ခဏာတွေ ထင်သာမြင်သာ တွေ့နိုင်မှာပါ။ သာမန်ထက် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အရပ် ပုတာ အားနည်းချက် လား

ဂျပု တဲ့။ လောရှည် တဲ့။ ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန်နဲ့ အသွင်အပြင်၊ အချိုးအစား တို့ကို ပြစ်တင်ဝေဖန်လေ့ရှိတဲ့ သူတွေရဲ့ Body Shaming အလေ့အထ ကို ဒီအခေါ်အဝေါ်တွေမှာ မြင်နိုင်ပါတယ်။ တချို့က ချစ်စနိုးနဲ့ စနောက် ခေါ်ဝေါ်ကြတာ ရှိပေမယ့် အများစုကတော့ ဦးတည်ချက် အဓိပ္ပာယ် နည်းနည်းပါနေတတ်ပါတယ်။ ဥပမာ အတည်အခန့် နေရတဲ့ ပတ်ဝန်းကျင်ရောက်မှ လူကြားထဲ လှမ်းခေါ်တာမျိုး။ အရပ် အနိမ့်၊ အမြင့်က အားနည်းချက်လား မဟုတ်ပါဘူး။ အရပ် ပုတော့ ပေမမီ ဒေါက်မမီ ၊ အရပ် မြင့်ပြန်တော့ ဓာတ်တိုင်ကြီး၊ ထန်းပင်ကြီးလိုပဲ ဆိုတဲ့ စကားတွေက လူ့ဘဝဖြစ်တည်မှုမှာ ဘာများ အရေးပါနေပါသလဲ။ အရပ်ရှည်ခြင်း၊ ပုခြင်းက များသောအားဖြင့်တော့ မျိုးရိုး နဲ့ဆိုင်ပါတယ်။ ဘဝနေထိုင်မှုပုံစံနဲ့ နေထိုင်တဲ့ ပတ်ဝန်းကျင် […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ဒီပရက်ရှင် ဝင်တာ ဂုဏ်ယူစရာ မဟုတ်ပါ

ဒီပရက်ရှင် ဝင်တယ်၊ စိတ်တွေ ကျနေတယ် ဆိုတာကို လူမှုကွန်ရက်တွေမှာ ထမင်းစားရေသောက် ပြောနေကြတာ တွေ့တွေ့နေရပါတယ်။ ဒီလို ပြောရင်း ပုံမှန်နေထိုင်၊ သွားလာ၊ လုပ်ကိုင်နေနိုင်သေးတာတော့ ဝမ်းသာစရာပေါ့လေ။ ဒါပေမယ့် စိတ်ဓာတ်ကျတယ် ဆိုတာ တတ်နိုင်သလောက် စောစော ဖြေရှင်းသင့်တဲ့ အရာပါ။ ပါးစပ်ကသာ ငါ စိတ်ကျရောဂါ ဖြစ်နေပြီလို့ ပြောပြောနေကြပေမယ့် တကယ်တမ်း ကုသဖြေရှင်းဖြစ်တာ နည်းပါတယ်။ ဒီလိုပဲ အဆင်ပြေသွားမှာပါပဲ လို့လေ။ ဒီလိုနဲ့ ... နောက်ပိုင်းမှာ စိတ်ကျ ဝေဒနာ ပြင်းထန်လာရင် အစာစားချင်စိတ် မရှိတော့တာ၊ ပိန်ကျသွားတာ၊ အိပ်မပျော်တော့တာ၊ သတ်သေချင်စိတ် တွေ ဖြစ်လာတာတွေ အထိ ဖြစ်လာတဲ့ အခါ အန္တရာယ် ရှိပါတယ်။ ဒီအဆင့် ကို မရောက်ခင် ကိုယ့်မှာ အန္တရာယ်ရှိတဲ့ လက္ခဏာအဆင့်တွေ ဖြစ်နေပြီလား […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ကျ ရောဂါ ပိုဆိုးစေမယ့် အစားအသောက် (၇) မျိုး

ဒီပရက်ရှင် ဝင်နေပြီ၊ စိတ်ကျ နေပြီဆိုရင် ဘာမှမလုပ်ချင်၊ မတွေးချင်တော့ဘူး။ ဘာကိုမှ စိတ်မပါတော့သလို အစားအသောက် ကိုလည်း ဖြစ်သလို စားတတ်ကြပါတယ်။ ဒီလိုအချိန်မှာ အစာစားချိန် မမှန်တာ၊ အစားအသောက် ရွေးချယ်မှု မှားယွင်းတာတွေကြောင့် စိတ်ကျန်းမာရေး ကို ပိုဆိုးစေနိုင်တာကို သုတေသနတွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အစားအသောက်က ခန္ဓာကိုယ် အတွက်တင် မကဘဲ စိတ်ကျန်းမာရေး အတွက်ပါ သက်ရောက်မှု မသေးဘူး ဆိုတာ သိခဲ့ရတာပါ။ စိတ်ကျ လက္ခဏာ ရှိနေသူတွေဟာ ဒီအစားအစာတွေ စားရင် ပိုဆိုးလာနိုင်ပါတယ် - (၁) အချိုများတဲ့ အစားအသောက် စိတ်ဖိစီး၊ စိတ်ညစ်နေတဲ့အချိန်မှာ အချိုတောင့်တတတ်တယ်လို့ ပြောကြတယ်။ အချိုစားပေးရင် စိတ်ကျဝေဒနာ သက်သာသွားမယ်လို့ ယူဆကြတာကိုး။ အမှန်တော့ အဲဒီအစားအသောက်တွေမှာ ပါတဲ့ သန့်စင်ပြီးသား သကြားတွေက စိတ်ကျဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။ အချိုစားခြင်းက ခဏတာ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

စိတ်ဓာတ်ကျခြင်းနဲ့ သက်ဆိုင်သော အမှန်၊ အမှား ယုံတမ်းများ

စိတ်ဓာတ်ကျတယ်၊ စိတ်ဓာတ်ကျတယ်လို့ လူတိုင်းပြောတတ်ကြတယ်။ စိတ်ဓာတ်ကျတယ်ဆိုတာက အရာရာဆုံးရှုံးလိုက်ရပြီဆိုတဲ့ အတွေးမျိုး စိတ်ထဲမှာ ခံစားမိပြီး စိတ်ရောကိုယ်ပါ ထိခိုက်ခံစားရတာမျိုးပါ။ Depression လို့ခေါ်ဆိုတဲ့ စိတ်ဓာတ်ကျတဲ့ ဝေဒနာက လူအများအပြားမှာ ဖြစ်နိုင်ခြေရှိပြီးတော့ တချို့တွေအတွက်က ယာယီအားဖြင့်သာဖြစ်ပေမယ့် တချို့တွေအတွက်ကတော့ တကယ့် ကျန်းမာရေးပြဿနာကြီးဖြစ်ပါတယ်။ Depression စနစ်တကျကုသဖို့ လိုအပ်တဲ့ ကျန်းမာရေးပြဿနာကြီး ဖြစ်ပါတယ်။ စိတ်ခံစားချက်သက်သက် မဟုတ်ပါဘူး။ စိတ်ဓာတ်ကျခြင်းနဲ့ပတ်သက်ပြီး လူတွေအကြားမှာရှိနေတဲ့ ယုံတမ်းစကားတွေ၊ ထင်မြင်ချက်တွေ အမျိုးမျိုးရှိပါတယ်။ ဒီအချက်တွေဟာ ဘယ်လောက် မှန်ကန်ပြီး ဘယ်လောက် မှားယွင်းနေသလဲဆိုတာကို လေ့လာကြည့်ရအောင်။ မှားယွင်းနေသည့် ယုံတမ်းများ Myth: အလုပ်တွေ သိပ်လုပ်ရင် စိတ်ဓာတ်ကျတတ်တယ် - စိတ်ဓာတ်ကျတာက လူ ၆ ယောက်မှာ ၁ ယောက်နှုန်းဖြစ်တဲ့ ရောဂါမျိုးပါ။ အလုပ်တွေ သိပ်လုပ်ရင် စိတ်ဓာတ်ကျတတ်တယ်ဆိုတာက တစ်ဝက်ပဲမှန်တဲ့ အချက်အလက်ဖြစ်ပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း