စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ကြွစိတ်ကျဝေဒနာခံစားနေရသူများရဲ့ အနားမှာ ဘယ်လိုနေမလဲ

စိတ်ကြွစိတ်ကျဝေဒနာခံစားနေရသူများရဲ့ အနားမှာ နေရတာဟာ စိန်ခေါ်မှုတရပ်ပါပဲ။ စိတ်အတက်အကျမြန်တဲ့သူတွေနဲ့ နေရတာ ခက်ခဲမှုရှိပါတယ်။ သူတို့ဘဝကို နားလည်ပေးနိုင်မှ အဆင်ပြေပါလိမ့်မယ်။ သူတို့ရဲ့လက္ခဏာတွေနဲ့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲခြင်းတွေကို သတိပြုမိဖို့ လိုပါတယ်။ သူတို့ရဲ့ဝေဒနာဟာ သင့်အပေါ်မှာလည်း ထိခိုက်မလာစေဘဲ သူတို့ကို ကူညီပေးနိုင်ဖို့၊ အတူရှိနိုင်ပေးဖို့ လိုအပ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ စိတ်ကြွစိတ်ကျဝေဒနာခံစားရသူတွေနဲ့ အတူနေတဲ့အခါ ဘယ်လိုအချက်တွေကို လုပ်ဆောင်သင့်သလဲဆိုတာပါပဲ။ ၁။ လေ့လာပြီး ချဉ်းကပ်ပါ စိတ်ကြွစိတ်ကျဝေဒနာမှာ အလွန်အမင်း အထီးကျန်တဲ့ အခြေအနေကို ဦးတည်တတ်ပါတယ်။ သူတို့ဘာတွေကြုံနေရတယ်ဆိုတာကို ဘယ်သူကမှ နားလည်ဂရုစိုက်ခြင်းမရှိဘူးလို့ ထင်မြင်ကြပါတယ်။ အထူးသဖြင့် စိတ်ကျတဲ့အခြေအနေမှာ ဖြစ်ပါတယ်။ ဒီလို စိတ်အခြေအနေတွေကို သိမြင်အောင်လေ့လာဖို့ လိုပါတယ်။ ဒါမှသာ သူတို့ဘာတွေ ရင်ဆိုင်နေရသလဲ နားလည်နိုင်ပါ့မယ်။ သူတို့ဖက်ကလည်း သူတို့ကို နားလည်ပေးနိုင်တဲ့သူ ရှိနေတယ်လို့ ခံစားနိုင်မှာ ဖြစ်ပါတယ်။ ၂။ လက္ခဏာတွေကို မှတ်သားထားပါ။ သူတို့ရဲ့ အတက်အကျကို […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ကြွစိတ်ကျဝေဒနာကို ထိန်းချုပ်နိုင်ရန်နည်းလမ်းများ

စိတ်ကြွစိတ်ကျဝေဒနာဆိုတာကတော့ စိတ်အခြေအနေဟာ နှစ်ဖက်စွန်းကို ရောက်လွယ်တတ်တဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ စိတ်ဓာတ်တက်ကြွတဲ့ အခြေအနေနဲ့ စိတ်ကျဆင်းတဲ့ အခြေအနေဟာ တစ်လှည့်စီ ဖြစ်နေတတ်ပါတယ်။ ဒီလိုမျိုး အစွန်းရောက်လွယ်တဲ့ စိတ်အခြေအနေနဲ့ ကိုယ်ခန္ဓာရဲ့ စွမ်းအင်များဟာ နေ့စဉ်ဘဝမှာ ဒုက္ခပေးလာတတ်ပါတယ်။ နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်ကုသခြင်းမပြုဘဲ လျစ်လျူရှုထားလိုက်ရင် တနေ့ထက်တနေ့ ပိုဆိုးလာနိုင်ပါတယ်။ ဒီလို တက်လွယ်ကျလွယ်တဲ့ စိတ်အခြေအနေကို တတ်နိုင်သလောက် ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ ယခုဖော်ပြသွားမှာကတော့ စိတ်ကြွစိတ်ကျဝေဒနာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာပါပဲ။ ၁။ ဆေးမှန်မှန်သောက်ပါ။ စိတ်ကြွစိတ်ကျဝေဒနာကို လုံးဝပျောက်ကင်းအောင် ကုသဖို့ မဖြစ်နိုင်ပေမယ့် ဆရာဝန်ညွှန်ထားတဲ့ ဆေးတွေကို မှန်မှန်စွဲသောက်ပေးရင် စိတ်အတက်အကျဖြစ်ခြင်းနဲ့ တခြားစိတ်အခြေအနေတွေ သက်သာလာနိုင်ပါတယ်။ များသောအားဖြင့် စိတ်ငြိမ်ဆေးတွေ၊ စိတ်ကျကုသဆေးတွေ ပေးတတ်ပါတယ်။ ဒီဆေးတွေမှာလည်း ဘေးထွက်ဆိုးကျိုးတွေရှိတာမို့ သောက်နေရင်းက ရပ်ပစ်လိုတဲ့ဆန္ဒတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ရပ်ပစ်လိုက်ရင် ပိုဆိုးသွားနိုင်ပါတယ်။ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

အန္တရာယ်ရှိသော စိတ်ကြွစိတ်ကျဝေဒနာ

စိတ်ကြွစိတ်ကျရောဂါဆိုတာ စိတ်အခြေအနေဟာ အနိမ့်ဆုံးကနေ အမြင့်ဆုံး၊ ဒါမှမဟုတ် အမြင့်ဆုံးကနေ အနိမ့်ဆုံးဆီ အတက်အကျဖြစ်တတ်တဲ့ စိတ်အခြေအနေပဲ ဖြစ်ပါတယ်။ စိတ်အခြေအနေဟာ အဆုံးစွန်ထိ တက်ခြင်းကျခြင်း ဖြစ်တတ်ပါတယ်။ တခါတရံမှာ ပီတိဖြစ်ဘဝင်ခိုက်ခြင်းနဲ့ စိတ်ကျခြင်းပါ တချိန်တည်းလျောထွေး ဖြစ်နေတတ်ပါတယ်။ စိတ်ကြွစိတ်ကျခြင်းလက္ခဏာတွေဟာ ဆယ်ကျော်သက်အရွယ် ကုန်ခါနီးနဲ့ အရွယ်ရောက်ခါစမှာ ပေါ်လာတတ်ပါတယ်။ တခါတလေ ကလေးဘဝမှာလည်း တွေ့နိုင်ပါတယ်။ အမျိုးသမီးတွေမှာ တွေ့ရများပါတယ်။ အကြောင်းအရင်းကိုတော့ သေချာမသိရသေးပါဘူး။ စိတ်ကြွစိတ်ကျခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ အမျိုးမျိုးရှိနိုင်ပါတယ်။ ယေဘုယျအားဖြင့် စိတ်ကြွခြင်းနဲ့ စိတ်ကျခြင်းရဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ စိတ်ကြွခြင်းလက္ခဏာများ စိတ်ကြွခြင်းအခြေအနေမှာ လက္ခဏာမျိုးစုံ ကြုံတွေ့ရပါတယ်။ ဒါပေမယ့် အဓိကကျတဲ့ လက္ခဏာ ၇ ရပ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ - သိသိသာသာ ပျော်ရွှင်တက်ကြွနေခြင်း - အိပ်စက်ချိန်သိပ်မလိုခြင်း၊ မအိပ်ချင်ခြင်း - စကားပြောမြန်ခြင်း၊ အတွေးပါမြန်ခြင်း - ဆောက်တည်ရာမရခြင်း၊ ဂနာမငြိမ်ခြင်း - လမ်းကြောင်းပြောင်းလွယ်ခြင်း - […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

၁၅ မိနစ်အတွင်း စိတ်ဖိစီးမှုကို လျော့ကျသွားစေမယ့် နည်းလမ်းများ

စိတ်ဖိစီးနေချိန်၊ စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးတစ်ခုလို လေးလံနေချိန်မျိုးတွေမှာ စိတ်ကို လျှော့ထားလို့ လူတိုင်းပြောတတ်တယ်။ အပြောလွယ်လှပေမယ့် တကယ်တမ်း လိုက်လုပ်ကြည့်တော့ ခက်လှပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ ခုပြောပြချင်တာက ၁၅ မိနစ်အတွင်းမှာ သင့်ရဲ့လေးလံနေတဲ့ ခေါင်းကြီး ပေါပါးသွားစေမယ့်၊ စိတ်ဖိစီးမှုတွေ လျော့ပါးသွာားစေမယ့် နည်းလမ်းလေးတွေမို့လို့ပါ။ တကယ်လို့ သင်စိတ်ဖိစီးလာတဲ့အခါ အောက်မှာဖော်ပြထားတဲ့ နည်းလမ်းလေးတွေကို စမ်းသပ်ကြည့်လိုက်ပါ။ တကယ်ကို အဆင်ပြေသွားပါလိမ့်မယ်။ ၁။ တရားထိုင်ပါ မိနစ်အနည်းငယ်လောက် ဆိတ်ဆိတ်ငြိမ်ငြိမ်ထိုင်ပြီး ဝင်လေထွက်လေကို ရှုမှတ်နေတာက သင့်စိတ်ကို လွတ်လပ်သွားစေပါလိမ့်မယ်။ ဒီနည်းလမ်းဟာ နှစ်ပေါင်းထောင်နဲ့ချီပြီး လူသားတွေအသုံးပြုလာကြတဲ့ နည်းလမ်းဟောင်းတစ်ခုပါ။ ခုထိ အမှန်တကယ် အသုံးတည့်နေဆဲ နည်းနာတစ်ခုလို့ ဆိုရပါမယ်။ ၂။ အသက်ကို ပြင်းပြင်းရှူ အသက်ကို မှန်မှန်ရှူ၊ အသက်ကို မှန်မှန် ရှူလို့ ပြောတတ်ကြတယ်မဟုတ်လား။ ဒီနည်းက တကယ်အလုပ်ဖြစ်တယ်နော်။ မျက်လုံးကိုမှိတ် ခါးကိုမတ်မတ်ဆန့်ဆန့်ရပ်ပြီး ၅ မိနစ်လောက် […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

စိတ်ပူပန်ခြင်း (Anxiety) ၏ ကိုယ်ခန္ဓာပေါ် ရိုက်ခတ်မှုများ

လူတိုင်းမှာ စိုးရိမ်ပူပန်မှုဆိုတာ ရှိကြပါတယ်။ နေ့စဉ် လှုပ်ရှားရုန်းကန်နေကြတဲ့ဘဝမှာ စိုးရိမ်ပူပန်ရခြင်းကိစ္စဟာ လူတိုင်းအတွက် အသားကျနေတတ်ပါတယ်။ ဒါပေမယ့် စိုးရိမ်ပူပန်မှုဟာ ကာလကြာရှည်လာရင်တော့ ဘဝတစ်ခုလုံးကို အကျိုးသက်ရောက်လာနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာသာမကဘဲ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဖော်ပြပေးမယ့် အကြောင်းအရာကတော့ စိတ်ပူပန်ခြင်းကြောင့် ကိုယ်ခန္ဓာအပေါ် ထိခိုက်လာနိုင်တဲ့ အကျိုးသက်ရောက်မှုတွေပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ စိတ်ပူပန်ရချိန်မှာ ခဏတာအားဖြင့် အသက်ရှူသံ၊ နှလုံးခုန်သံမြန်ခြင်း၊ ဦးနှောက်ကို သွေးပိုမိုစီးဆင်းသွားခြင်း စတဲ့အပြောင်းအလဲတွေ ဖြစ်ပေါ်ပါတယ်။ ဒါဟာ ကိုယ်ခန္ဓာရဲ့ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်ချက်ဖြစ်ပြီး ပတ်ဝန်းကျင်မှာ ရင်ဆိုင်ရတဲ့ အခြေအနေတစ်ခုခုကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ ပိုမိုပြင်းထန်တဲ့ အခြေအနေမှာဆိုရင် ပျို့အန်ချင်စိတ်ပေါ်ခြင်း၊ သတိလစ်ချင်သလိုဖြစ်ခြင်း စတာတွေနဲ့ ကြုံနိုင်ပါတယ်။ ကိုယ်ခန္ဓာရဲ့ စနစ်တွေအပေါ် အဓိကအကျိုးသက်ရောက်မုတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ဗဟိုအာရုံကြောစနစ် စိုးရိမ်ထိတ်လန့်ခြင်းကို အချိန်ကြာမြင့်စွာခံစားလာရရင် ဦးနှောက်ကနေ စိတ်ဖိစီးချိန်ထွက်တဲ့ ဟော်မုန်းတွေ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

သင့်ကို စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းတရားများ

ဆိုကြပါစို့။ သင့်ရုံးစားပွဲမှာ ဖုန်းကလည်း ထမြည်လာမယ်။ စာရွက်တွေကလည်း ပြန့်ကျဲနေမယ်။ သင် လုပ်စရာရှိတဲ့အလုပ်ကလည်း သတ်မှတ်ချိန်ထက် နာရီဝက်နောက်ကျနေပြီ။ သင့်ဘော့စ်ကလည်း သင့်အလုပ်အခြေအနေကိုသိရအောင် မေးဖို့ သင့်စားပွဲနားကို ရောက်လာပြီ။ သင် ဘယ်လိုခံစားရပါသလဲ။ ဒါဟာ နေ့စဉ်ကြုံတွေ့နေကြ စိတ်ဖိစီးမှုအခြေအနေများရဲ့ နမူနာတစ်ခုဖြစ်ပါတယ်။ ရေတိုကိစ္စမှာတော့ အချိန်ကာလတစ်ခုကျော်လွန်သွားရင် ပြီးပြီးပျောက်ပျောက်ဖြစ်သွားနိုင်ပါတယ်။ နေ့စဉ်ဘဝအတွက် ဖိစီးမှုဟာလည်း အတိုင်းအတာ တခုထိ လိုအပ်ပါတယ်။ ဒါပေမယ့် စိတ်ဖိစီးစရာ အခြေအနေကို နေ့စဉ်ရက်ဆက်ကြုံတွေ့ရရင်တော့ စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။ စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းအရာတွေဟာလည်း မျိုးစုံရှိနိုင်ပါတယ်။ အသေးအဖွဲကိစ္စကနေ ကြီးမားတဲ့ပြဿနာတွေထိ ရှိနိုင်ပါတယ်။ အဆိုပါကိစ္စတွေကို တစ်ခုချင်းနားလည်သိရှိမယ်ဆိုရင် ဖြေရှင်းတဲ့နေရာမှာ၊ စိတ်ဖိစီးမှုကို လျှော့ချတဲ့နေရာမှာ အထောက်အကူပြုနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ကျန်းမာရေး အိုမင်းမစွမ်းဖြစ်ခြင်း၊ ရောဂါတစ်ခုခု အသစ်ဖြစ်ခြင်း၊ ရောဂါနောက်ဆက်တွဲပြဿနာများ ကြုံရခြင်း စတာတွေဟာ သင့်ကို စိတ်ဖိစီးစေတဲ့ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

အမှားလုပ်မိမှာ ကြောက်တဲ့စိတ်ကို ဘယ်လို အနိုင်ယူကြမလဲ

COVID-19 အကျပ်အတည်းကာလမှာ လူတော်တော်များများဟာ စီးပွားရေး၊ အလုပ်အကိုင်တွေ နှောင့်နှေးကုန်တာဖြစ်တဲ့အတွက် စွန့်စားဖို့၊ ရှေ့ဆက်ဖို့ကို အားယူနေကြရတယ်။ ဒီအချိန်မှာ ကိုယ်ရှေ့ဆက်မယ့် ခြေလှမ်းတွေမှားသွားမှာ၊ အမှားလုပ်မိမှာ ကြောက်ပြီး လမ်းပျောက်သလိုဖြစ်တတ်ကြပါတယ်။ တကယ်တော့ ကြောက်စိတ်ဆိုတာ တခြား စိတ်ခံစားချက်တွေလိုပဲ နေ့စဥ်ဘဝမှာ အကျိုးသက်ရောက်မှုရှိပြီး မိမိလုပ်နိုင်စွမ်းကို ကန့်သတ်လိုက်သလို ဖြစ်တာကြောင့် သတိပြုပြီး ဖြေရှင်းဖို့လိုပါတယ်။ လူတိုင်းအမှားနဲ့မကင်းတတ်ပါ။ မှားမှာကြောက်တဲ့စိတ်ကြောင့် အမှားပိုလုပ်မိတာတွေ ရှိလာနိုင်တဲ့အတွက် အောက်ပါအချက်လေးတွေကို အသုံးချကာ ကြောက်စိတ်ကိုအနိုင်ယူပြီး ရှေ့ဆက်ရမယ့်အလုပ်တွေကို သတ္တိရှိရှိရင်ဆိုင်လိုက်ရအောင်။ ၁) မိမိကြောက်စိတ်ကို ဖုံးကွယ်ဖို့မကြိုးစားပါနဲ့။ လူတိုင်းဟာ မိမိမှားမှာကြောက်တတ်တာ၊ ကြောက်စိတ်ရှိတာကို ဟန်ဆောင်ဖုံးကွယ်တတ်ကြပါတယ်။ အစဥ်အလာအရ သူရဲကောင်းတွေ၊ အောင်မြင်နေတဲ့သူတွေကို စိတ်ကူးယဥ်ကြည့်လိုက်ရင် ကြံ့ကြံ့ခံနိုင်ပြီး လုံးဝမကြောက်တတ်တာကိုပဲ မြင်မှာပါ။ တကယ်တော့ သူတို့ဟာ မကြောက်တတ်တာမဟုတ်ဘဲ ကြောက်စိတ်ကိုအနိုင်ယူခဲ့ကြသူများသာ ဖြစ်ပါတယ်။ ​ဒါကြောင့် ငါကြောက်စရာမလိုဘူးဆိုပြီး မိမိရဲ့ကြောက်စိတ်ကို အတင်းဖုံးဖိဖို့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အိမ်မွေးတိရစ္ဆာန်များ သေဆုံးခြင်းနဲ့ စိတ်ကျန်းမာရေး

အိမ်မှာ တိရစ္ဆာန်လေးတွေ မွေးတဲ့သူတိုင်း မခံစားချင်ဆုံးနဲ့ အနာကျင်ရဆုံး ဝေဒနာကို ပြောပါဆိုရင် သူတို့အရမ်းချစ်ရတဲ့ တိရစ္ဆာန်လေးတွေ သေဆုံးတဲ့အချိန်တွေပါပဲ။ တချို့လူတွေဆိုရင် ကိုယ့်ဆွေမျိုးသားချင်း ဆုံးတာထက် ခွေး၊ ကြောင်လေးတွေ ဆုံးသွားတာ ပိုကြေကွဲဝမ်းနည်းရတယ်လို့တောင် ပြောလာကြပါတယ်။ တကယ်တော့ ခွေးလေး၊ ကြောင်လေးတွေဆိုတာ အိမ်တစ်အိမ်ရဲ့ မိသားစုဝင်ဖြစ်ရုံသာမက မိသားစုဝင် တစ်ဦးချင်းစီတိုင်းအတွက် အနီးကပ်မိတ်ဆွေ၊ တိုင်ပင်ဖော်၊ ရင်ဖွင့်ဖော်၊ ပူလောင်ခြင်း၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း စတဲ့ ခံစားချက်တွေကို ဝေမျှပေးလို့ရတဲ့ သူတွေပါပဲ။ ကိုယ့်ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုက ကိုယ့်ဘဝထဲကနေ အပြီးအပိုင် ထွက်သွားပြီဆိုတဲ့ အသိဟာ မိသားစုဝင်တိုင်းကို ရင်ကွဲနာကျစေလောက်တဲ့အထိ သက်ရောက်မှု ပြင်းထန်နိုင်ပါတယ်။ ဘယ်လိုအသက်အရွယ်တွေက အိမ်မွေးတိရစ္ဆာန် သေဆုံးခြင်းကို ပိုပြီး ခံစားရနေနိုင်လဲ။ ခွေး၊ ကြောင် အစရှိတဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ အတူကြီးပြင်းလာရတဲ့ ကလေးတွေ၊ ဆယ်ကျော်သက်နဲ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

မုဒိမ်းမှုတစ်ခုရဲ့ သားကောင်ကို နောက်ဆက်တွဲ ဂယက်တွေထဲက ဆွဲထုတ်တဲ့အခါ

မုဒိမ်းကျင့်ခံရတယ်လို့ ကြားသိရပြီးတဲ့နောက်မှာ လူတော်တော်များများဟာ ရဲတိုင်မယ်၊ အမှုဖွင့်မယ်၊ တရားရင်ဆိုင်မယ်ဆိုတာကိုပဲ အရင်ဆုံးတွေးမိပြီး ဒီ မုဒိမ်းမှုရဲ့ နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ မုဒိမ်းမှုက အခြေတည်ပြီး ပေါ်လာတဲ့ ကိုယ်ဝန်၊ ဒီ မုဒိမ်းမှုကြောင့် ကူးစက်ခံရနိုင်ခြေရှိတဲ့ လိင်ပိုင်းဆိုင်ရာ ကူးစက်တတ်တဲ့ ရောဂါ စတာတွေကိုတော့ မေ့လျော့ ကျော်လွှားသွားတတ်ကြပါတယ်။ ဒါကြောင့် ဒီလို ဂယက်တွေ ဖြစ်မလာဖို့ ဘာတွေလုပ်သင့်လဲ၊ ဘာတွေ စီစဉ်ထားသင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ ရဲနဲ့ တာဝန်ရှိသူတွေဆီမှာ အမှုဖွင့်ပြီး ဆေးရုံ၊ဆေးခန်းမှာ ဆရာဝန်နဲ့ အရေးပေါ်ပြသပါ။ ၁။ ပေါက်ပြဲဒဏ်ရာ ရှိ၊မရှိ စစ်ဆေးကုသပါ။ ၂။ STDs လို့ခေါ်တဲ့ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေ၊ HIV နဲ့ အသည်းရောင် အသားဝါ ဘီ စတာတွေကို ချက်ချင်း စစ်ဆေး ကုသပါ။ ၃။ ဒီဖြစ်ရပ်မတိုင်မီက […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးနေပြီလား

ကဲ ခုတလော စိတ်ဖိစီးမှုတွေ ရင်ဆိုင်နေရပြီး မိမိကိုယ်ကိုယုံကြည်မှုတွေ လျော့နေတယ်ဆိုရင်တော့ ဒါလေးကိုဖတ်ကြည့်လိုက်ရအောင်နော်.... ခုတလော ကူးစက်ရောဂါတွေကလည်းဖြစ်၊ အလုပ်တွေကလည်း အရင်လိုမလည်ပတ်နဲ့ဆိုတော့ ဝန်ထမ်းဖြစ်ဖြစ်၊ အလုပ်ရှင်ဖြစ်ဖြစ် အနည်းနဲ့အများ မရေရာမှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ရင်ဆိုင်နေရမှာ အသေအချာပဲနော်။ အဲလိုဖြစ်နေပြီဆိုရင်တော့ အောက်ကအချက်လေးတွေကို ဖတ်ကြည့်လိုက်ရအောင်နော်။ ၁) အရင်လိုပြန်မဖြစ်တော့တဲ့ အခြေအနေကို ရင်ဆိုင်နေရတာ မိမိတစ်ယောက်တည်းမဟုတ်ပါ။ ဆိုလိုတာက အရင်က မိမိအောင်မြင်ခဲ့သည်ဖြစ်စေ၊ ရှုံးနိမ့်ခဲ့သည်ဖြစ်စေ အတိတ်အကြောင်းတွေအကုန်မေ့ပြီး ဘဝသစ် (New Normal Life) ကိုစတင်ဖို့ အကောင်းဆုံးအချိန်ပါ။ တစ်ကမ္ဘာလုံး အသစ်တဖန်ပြန်ဖြစ်ပေါ်လာသလို အားလုံးအစက ပြန်စနေတာပါ။ ၂) မိမိသာလျှင် အကောင်းဆုံးဆိုတာအကြွင်းမဲ့ယုံကြည်လိုက်ပါ။ တကယ်တော့ ဒီလိုယုံကြည်လို့လည်း ဒီပို့စ်ကို ဖတ်ကြတာပါ။ မိမိကိုယ်ကိုယ်ချစ်မြတ်နိုးခြင်းက အကောင်းဆုံးစိတ်ခွန်အား တစ်ခုပါပဲ။ မိမိရဲ့စိတ်ဆန္ဒကို မသိဘဲ ရပ်တည်နေရရင် ကိုယ်နဲ့အံမဝင်တဲ့ပတ်ဝန်းကျင်မှာ အမှားတွေဆက်တိုက်လုပ်မိနေတတ်ပါတယ်။ အဲ့ဒီလိုဖြစ်ရင် အများလည်း မိမိကိုလေးစားမှုရှိမှာ မဟုတ်ပါဘူး။ ၃) မိမိကိုယ်ကိုချစ်မှ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း