စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ချစ်သူအပေါ် သဝန်တိုစိတ်တွေကို ဒီနည်းလမ်းတွေနဲ့ ပြန်ထိန်းချုပ်ပါ

လူတွေကတော့ ချစ်ရင် သဝန်တိုကြတာပဲလို့ အလွယ်ထင်တတ်ကြပါတယ်။ တော်ရုံတန်ရုံလောက် ချစ်သူအပေါ် သဝန်တိုတာတော့ နားလည်ခွင့်လွှတ်ပေးလို့ ရပေမယ့် အတိုင်းအတာ တစ်ခုထက် လွန်ကဲသွားရင်တော့ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးသာမက ချစ်သူနဲ့ ဆက်ဆံရေး ပြတ်တောက်သွားတဲ့အထိ အခြေအနေ ဆိုးသွားတတ်ပါတယ်။ ဒီဆောင်းပါးမှာ ချစ်သူအပေါ် တစ်ခုခုဆို သဝန်တို စိတ်ကောက်နေတတ်တဲ့ သူတွေ အထူးသဖြင့် မိန်းကလေးတွေအတွက် ကိုယ့်ရဲ့ စိတ်ကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ချစ်သူအပေါ် သဝန်တိုစိတ်တွေကို ဒီနည်းလမ်းတွေနဲ့ ပြန်ထိန်းချုပ်ပါ ..... ချစ်သူအပေါ် သဝန်တိုစိတ်တွေကို ဒီနည်းလမ်းတွေနဲ့ ပြန်ထိန်းချုပ်ပါ ချစ်သူအပေါ် သဝန်တိုစိတ်တွေကို ဒီနည်းလမ်းတွေနဲ့ ပြန်ထိန်းချုပ်ပါ ဘယ်လို ထိန်းချုပ်ရမလဲဆိုတော့ ၁။ သဝန်တိုတာက စိတ်အနှောင့်အယှက် ဖြစ်စေနိုင်လို့ ဂရုစိုက်ပါ။ သဝန်တိုခြင်းက ကိုယ့်ရဲ့ စိတ်မလုံခြုံမှု၊ ကြောက်ရွံ့မှု၊ အတိတ်က စိတ်ဒဏ်ရာတွေ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

စိုးရိမ်ပူပန်ခြင်းနဲ့ ညအိပ်မပျော်ခြင်း ဘယ်လိုဆက်စပ်နေနိုင်လဲ

Insomnia ဆိုတာ ညအိပ်မပျော်တဲ့ ကျန်းမာရေး ပြဿနာကို ဆိုလိုတာပါ။ တစ်ရက်တစ်လေ အိပ်တာ နောက်ကျတာမျိုးကို ဆိုလိုတာ မဟုတ်ဘဲ နေ့စဉ်ရက်ဆက် ညဘက်မှာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ အခက်အခဲ ဖြစ်တာမျိုးပါ။ အတွေ့များတဲ့ လက္ခဏာကတော့ • အိပ်ပျော်ရန် ခက်ခဲခြင်း • အိပ်နေရင်းနဲ့ ခဏခဏ လန့်နိုးလာတတ်ခြင်း • မနက်အစောကြီး နိုးနေတတ်ခြင်း • နိုးလာတဲ့အခါမှာလည်း အိပ်ရေးမဝဘဲ ပင်ပန်းနေသလိုမျိုး ခံစားရခြင်း • တစ်နေ့လုံး အားမရှိခြင်း • စိတ်မကြည်လင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ စိုးရိမ်ပူပန်ခြင်းကို Anxiety လို့ခေါ်ပြီးတော့ ပုံမှန်မဟုတ်တဲ့ စိုးရိမ်ပူပန် လွန်ကဲတာကို Anxiety Disorder စိတ်ကျန်းမာရေး ပြဿနာ အဖြစ် သတ်မှတ်ပါတယ်။ လူတစ်ယောက်မှာ စိတ်ဖိစီးမှုတွေကို ကြုံတွေ့လာရတဲ့အခါ ခန္ဓာကိုယ်က ဒါကို တုံ့ပြန်တဲ့အနေနဲ့ စိုးရိမ်ပူပန်ခြင်း လက္ခဏာတွေကို ဖြစ်ပေါ်စေပါတယ်။ ဒီနှစ်ခုဟာ ဆက်စပ်နေနိုင်လား။ ဟုတ်ကဲ့ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်မလုံခြုံတဲ့သူတွေရဲ့ စရိုက်လက္ခဏာများ

ဒီတစ်ခါ စိတ်မလုံခြုံမှု ရှိတဲ့သူတွေအကြောင်း ပြောမယ်။ အလုပ်ထဲမှာဖြစ်ဖြစ် လူစုံစုံရှိရင်ပဲဖြစ်ဖြစ် အသံကျယ်ကျယ် စကားပြော၊ လူတော်တော်များများနဲ့ မတည့်၊ လူတိုင်းကို ဟိန်းလိုက်ဟောက်လိုက်လုပ်ပြီး သူဘယ်လောက်တော်ကြောင်း တတ်ကြောင်း ချမ်းသာကြွယ်ဝကြောင်း ပြောပြောနေတတ်တဲ့သူကို မြင်ဖူးလား။ အဲဒါက စိတ်မလုံခြုံမှု (insecurity) ရဲ့ လက္ခဏာပါ။ စိတ်မလုံခြုံတဲ့သူတွေရဲ့ စရိုက်လက္ခဏာများ လူတိုင်းမှာ စိတ်မလုံခြုံမှုတွေ ရှိတယ်။ အကြောင်းအရင်း မျိုးစုံနဲ့ စိတ်ရဲ့ မလုံခြုံမှုကို ခံစားရတယ်။ တချို့မှာတော့ ပိုဆိုးတယ်။ စိတ်မလုံခြုံတဲ့သူတွေ တော်တော်များများမှာ ဆင်တူတဲ့ လက္ခဏာတွေ ရှိတတ်တယ်။ ဒီတော့ စိတ်မလုံခြုံတဲ့သူတွေရဲ့ စရိုက်လက္ခဏာများ က ဘာတွေလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား ...... ၁။ ကြွားဝါတယ် စိတ်မလုံခြုံသူတွေမှာ ရှိတဲ့ ခံစားချက်တစ်ခုက သူတို့ဟာ သူများထက် အောက်ကျမနေဘူး ပိုမို သာလွန်တယ်ဆိုတာကို တခြားသူတွေ သိစေချင်တယ်။ တန်းတူမဟုတ်ဘူးနော်။ […]


စွဲလမ်းမှုပြဿနာများ

လောင်းကစားစွဲလမ်းခြင်းဟာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာပါ

လောင်းကစားလုပ်တယ်ဆိုတာဟာ အမူအကျင့် ဒါမှမဟုတ် ဝါသနာတစ်ခုအဖြစ် မှတ်ယူထားကြတာများပါတယ်။ လောင်းကစားဆိုတာမျိုးကို ကျန်းမာရေးပြဿနာလို့ ဘယ်သူက ထင်မှာလဲ? ဒါပေမယ့် လောင်းကစားစွဲလမ်းတဲ့ ပြဿနာဟာ ကျန်းမာရေးပြဿနာဖြစ်ပါတယ်။ စိတ်ဝေဒနာတစ်မျိုးပါ။ ဒါကို Compulsive Gambling ဒါမှမဟုတ် Gambling Disorder လို့ ခေါ်ပါတယ်။ လောင်းကစားပြုလုပ်တာဟာ ဘဝအတွက် ကောင်းမွန်တဲ့ အမူအကျင့်တစ်ခုမဟုတ်ပါဘူး။ ဖဲရိုက်တာပဲဖြစ်ဖြစ်၊ ၂ လုံး၊ ၃ လုံး ထီထိုးတာပဲဖြစ်ဖြစ်၊ ဘောလုံးပွဲလောင်းကစားတာပဲဖြစ်ဖြစ်ပါ။ ပိုဆိုးတာကတော့ ဒီအမူအကျင့်ကို အရသာတွေ့ပြီး စွဲလမ်းသွားချိန်တွေမှာပါပဲ။ Gambling Disorder ရှိနေသူဟာ လောင်းကစားခြင်းအမှုကို ထိန်းမနိုင်သိမ်းမရ စွဲလမ်းနေတတ်တာမျိုး ဖြစ်တတ်ပါတယ်။ လောင်းကစားရဖို့ဆိုရင် ဘယ်လောက်အရေးပါတဲ့အရာကိုမဆို စွန့်လွှတ်ပြီး စိတ်ကျေနပ်မှု ရယူချင်နေတတ်သူတွေပါ။ လောင်းကစားတာကလည်း အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေးတို့လိုပဲ စွဲလမ်းရူးသွပ်စေနိုင်ပါတယ်။ တကယ်လို့ Gambling Disorder ဝေဒနာ စွဲကပ်နေမိပြီဆိုရင် […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

သာမာန် စိတ်ဓာတ်ကျ ခြင်းနှင့် စိတ်ကျရောဂါ ဝေဒနာ

အတက်အကျတွေနဲ့ တစ်လှည့်စီ ဖွဲ့စည်းထားတဲ့ လူ့ဘဝကြီးမှာ လူသားတွေဟာ ရယ်မောလိုက်၊ ပူဆွေးလိုက်နဲ့ တစ်လှည့်စီ ရှင်သန်နေကြပါတယ်။ ဒါ့ကြောင့်လည်း ဘဝမှာ ဝမ်းနည်းစရာ၊ စိတ်ညစ်စရာ၊ စိတ်ဓာတ်ကျ စရာတွေကို မလွဲမသွေ တွေ့ကြုံခံစားကြရပါတယ်။ ဒါဟာ လူသားတိုင်းဖြစ်တတ်တဲ့ သဘာ၀ ဖြစ်စဉ် တစ်ခုပါပဲ။ ဒါကို စိတ်ကျရောဂါ လို့ မခေါ်ပါဘူး။ စိတ်ကျရောဂါဟာ ကုသမယ်ဆိုရင်တော့ ပျောက်ကင်းနိုင်တဲ့ ဝေဒနာဖြစ်ပြီး မသိလိုက်ဘဲ မကုသဘဲထားမယ်ဆိုရင်တော့ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ဘဲ ဆရာဝန်နဲ့ သေသေချာချာ ပြသပေးသင့်တဲ့ ဝေဒနာ တစ်ခုဖြစ်ပါတယ်။ ဆရာဝန်သာမက မိသားစု အပေါင်းအသင်းတွေရဲ့ အထောက်အပံ့ကလည်း အင်မတန်အရေးကြီးပါတယ်။ ဒါ့ကြောင့် သေချာသိပြီး စောစီးစွာ ကုသမှုခံယူနိုင်ရန်အတွက် ရိုးရိုးသာမာန် စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ကျရောဂါဝေဒနာကို ခွဲခြားနိုင်ဖို့ သိထားသင့်တဲ့ အချက်လေးတွေကို […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ဓာတ်ကျနေသူကို ဘယ်လိုအားပေးမလဲ

လူအများဟာ ကိုယ်တိုင်ဖြစ်စေ၊ မိမိပတ်ဝန်းကျင်က မိသားစုဝင်ဖြစ်စေ၊ မိတ်ဆွေသူငယ်ချင်းဖြစ်စေ စိတ်ဓာတ်ကျချိန်နဲ့ ရင်ဆိုင်ဖူးကြပါလိမ့်မယ်။ စိတ်ကျခြင်းဝေဒနာကို ခံစားရချိန်မှာ အနီးအနားမှာရှိသူများဟာ အရေးကြီးပါတယ်။ စိတ်ကျခြင်းကို သက်သာစေဖို့ အားပေးကူညီသူများ လိုအပ်ပါတယ်။ ယနေ့ကမ္ဘာမှာ စိတ်ဖိစီးမှုများလာတာနဲ့အတူ စိတ်ကျဝေဒနာခံစားရသူများလည်း များပြားလာပါတယ်။ မျှော်လင့်ချက်မဲ့ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ မိမိပျော်ရွှင်နေကြအရာတွေကို စိတ်မဝင်စားတော့ခြင်း စတဲ့လက္ခဏာတွေ ဝင်လာရင်တော့ စိတ်ကျခြင်းဖြစ်ပွားလာတဲ့ အခြေအနေဖြစ်နိုင်လို့ သတိပြုသင့်ပါတယ်။ ယခုဆောင်းပါးမှာတော့ မိမိအနားက မိတ်ဆွေသူငယ်ချင်း တစ်ဦးဦး စိတ်ကျဝေဒနာ ခံစားရချိန်မှာ ဘယ်လိုနှစ်သိမ့်ကူညီသင့်သလဲ ဖော်ပြသွားမှာ ဖြစ်ပါတယ်။ စိတ်ကျနေသူကို ဘယ်လိုသတင်းမေးသင့်သလဲ မိမိရဲ့မိတ်ဆွေ စိတ်ကျခြင်း ဘယ်လောက်ထိ ဖြစ်နေသလဲ သိရှိနားလည်မှသာ သူ့နေ့စဉ်ဘဝမှာ ဘယ်လောက်ထိ ထိခိုက်ခံစားနေရမယ်ဆိုတာကို သိရှိနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ဒီလိုမေးမြန်းခြင်းဟာ သူ့ရဲ့ခံစားချက်တွေ၊ တွေ့ကြုံနေရတာတွေကို စိတ်ဝင်စားပေးရာ ရောက်ပါတယ်။ မေးမြန်းသင့်တဲ့ အရာတွေကတော့ - မင်း ဘာတွေခံစားနေရသလဲ ငါ့ကိုပြောပြနိုင်မလား - ခုချိန် ဘာလုပ်ရရင် ပျော်နိုင်မလဲ - […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

လုပ်ငန်းခွင်မှာ အထိုင်များခြင်းနဲ့ စိတ်ကျဝေဒနာ

လုပ်ငန်းခွင်ဆိုတာ ပျော်ရွှင်ဖွယ်ရာ နေရာတစ်ခုဖြစ်ဖို့သင့်တယ်လို့ လူတိုင်းကဆိုတတ်ကြတယ်။ ဒါပေမယ့် ပြိုင်ဆိုင်မှုတွေ၊ တွန်းအားတွေ၊ ရုန်းကန်ရမှုတွေက အမြဲရှိနေမှာဖြစ်တာမို့ လုပ်ငန်းခွင်ဆိုတာ အမြဲတမ်းတော့ ပျော်စရာဖြစ်နေမှာမဟုတ်ပါဘူး။ ဒါကြောင့်လည်း လုပ်ငန်းခွင်တွေဟာ စိတ်ကျန်းမာရေးပြဿနာတွေနဲ့ အမြဲတမ်းဆက်စပ်မှုရှိနေတတ်ပါတယ်။ အထူးသဖြင့်တော့ ဝန်ထမ်းတွေ၊ လုပ်သားတွေရဲ့ ကျန်းမာရေးပြဿနာတွေနဲ့ပေါ့။ ပုံမှန်အားဖြင့် လုပ်ငန်းခွင်ဖိအားတွေ၊ ပင်ပန်းမှုဒဏ်တွေကြောင့် ဝန်ထမ်းတွေမှာ စိတ်ဖိစီးမှုဝေဒနာတွေ၊ စိတ်ဓာတ်ကျတာတွေဖြစ်နိုင်တယ်ဆိုတာကို လူသိများကြပေမယ့် သုတေသနပြုလုပ်ချက်အသစ်တွေရဲ့ ဖော်ထုတ်ချက်တွေအရဆိုရင်တော့ နောက်ထပ် ပြဿနာတစ်ချို့ရှိနေသေးတယ်လို့ ဆိုပါတယ်။ ဥပမာပြောရမယ်ဆိုရင်တော့ အချိန်ကြာမြင့်စွာ ဆက်တိုက် ထိုင်နေရတာလိုမျိုးကိစ္စရပ်ပါပဲ။ ကွန်ပျူတာရှေ့မှာ နာရီနဲ့ချီ မရပ်မနားထိုင်ပြီး အလုပ်လုပ်တာဟာ ခန္ဓာကိုယ်ကြီးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုသာမက စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တယ်လို့ သိရှိလာရပါပြီ။ လုပ်ငန်းခွင်မှာ အထိုင်များခြင်းနှင့် စိတ်ကျန်းမာရေး တစ်နေ့ကို ၈ နာရီလောက် ကွန်ပျူတာရှေ့မှာ ထိုင်နေသူတွေဟာ စိတ်ဓာတ်ကျတဲ့ ဝေဒနာကို မွေးမြူခြင်းတစ်မျိုးဖြစ်တယ်လို့ ဗြိတိန်က ကျန်းမာရေးသုတေသီတွေကဆိုပါတယ်။ အရွယ်ရောက်ပြီးသူပေါင်း ၄၂၅၇ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ညစ်ရင် အပျင်းပြေရုပ်ရှင်ကြည့်ပြီး ကိုယ့်စိတ်ကိုယ် အနားပေးပါ

အခုလိုကိုဗစ်ကာလမှာ ရောဂါပိုးကလည်း ရာနှုန်းပြည့် ထိန်းချုပ်ထားနိုင်ခြင်း မရှိသေး၊ ရောဂါပိုး ကုသနိုင်တဲ့၊ ကာကွယ်ပေးနိုင်တဲ့ ဆေးတွေကလည်း မထွက်သေးတဲ့ အချိန်မျိုးမှာ ပြည်သူလူထုရဲ့ စိုးရိမ်ပူပန်မှုကြီးကလည်း အပူလုံး ကျနိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါကြောင့် ခုလိုကာလမျိုးမှာ ကိုယ့်စိတ်ကိုယ် ဒုက္ခဖြစ်ခံမယ့်အစား စိတ်ပြေလက်ပျောက် ဖြစ်စေမယ့် အရာတွေ ရှာလုပ်တာ အကောင်းဆုံးပါပဲ။ ပုံမှန်အားဖြင့်တော့ ကျွန်တော်တို့အနေနဲ့ ကျန်းမာရေးနဲ့ သင့်လျော်မယ့် အရာတွေ၊ ဘဝနေထိုင်မှုပုံစံနဲ့ အကောင်းဆုံးဖြစ်စေမယ့်၊ အကျိုးရှိစေနိုင်လောက်မယ့် အရာတွေကို အဓိက လုပ်သင့်ပါတယ်။ ဥပမာ ခုလို ကပ်ဘေးကာလမျိုးမှာ ဘာသာစကား၊ လက်မှုပညာ စတဲ့ အတတ်ပညာတွေကို အွန်လိုင်းကနေ တစ်ဆင့် သင်ယူလေ့လာတာ၊ ယနေ့ရဲ့ မြန်မာနိုင်ငံနဲ့ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ သတင်းတွေ၊ ကျန်းမာရေးအခြေအနေတွေကို မျက်ခြေမပြတ်အောင် ကြည့်ရှုတာ၊ စာဖတ်တာ၊ ရုံးနဲ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အလင်းရောင်နဲ့ မထိတွေ့ချင်ဖြစ်နေပြီလား

သွေးစုပ်ဖုတ်ကောင်ပုံပြင်တွေထဲမှာဆိုရင် ထရန်ဆယ်လ်ဗေးနီးယား တောင်တန်းပေါ်က မြို့စားကြီး ဒရာကူလာဟာ အလင်းရောင်ဒဏ်ကို မခံနိုင်တာကြောင့် ညဘက်မှ အပြင်ထွက်တယ်လို့ ဆိုလေ့ရှိတယ်။ စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်လမ်းတွေ၊ စာပေဝတ္ထုတွေမှာဆိုရင်လဲ Vampire သွေးစုပ်ဖုတ်ကောင်တွေဟာ နေ့အလင်းရောင်နဲ့ ထိတွေ့နိုင်ကြခြင်းမရှိကြပဲ အလင်းရောင်ကို ရှောင်ဖယ်နေတတ်ကြတယ်လို့ အဆိုရှိကြတယ်။ ဒီကနေ့ခေတ်မှာ သိပ္ပံပညာနဲ့ ဆေးပညာတွေဟာ တစ်ချိန်က လူတွေရဲ့ ယုံတမ်းစကားတွေ၊ အစွဲအလမ်းတွေနဲ့ အစွန်းရောက်ယုံကြည်မှုတွေကို သက်သေအထောက်အထားအမျိုးမျိုးနဲ့ တစ်ထပ်ခြင်း တစ်လွှာခြင်း ဆွဲခွာပြနေကြတာပါ။ ရှေးခေတ်ပုံပြင်တွေနဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲက Vampire ဆိုတဲ့ သွေးစုပ်ဖုတ်ကောင်တွေ အလင်းရောင်ကို ရှောင်ဖယ်ကြတာ၊ ညအချိန်မှ အပြင်ထွက်ကြတာဟာ တခြားအကြောင်းအရင်းကြောင့်မဟုတ်ပဲ Photophobia ကြောင့်များလားဆိုတဲ့ ယူဆချက်တွေ ဒီကနေ့ခေတ်မှာ ရှိလာနေပါတယ်။ အလင်းကို ရှောင်ဖယ်ခြင်း အလင်းဒဏ်မခံနိုင်တာ ဒါမှမဟုတ် အလင်းရောင်ကို ကြောက်ရွံ့တာမျိုးကို Photophobia လို့ ခေါ်ဆိုပါတယ်။ ရုတ်တရက်ဆိုရင် နေရောင်ကို ကြောက်ရွံ့တဲ့ Heliophobia […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ဓာတ်ကျခြင်းကို လျော့ပါးစေမယ့် အစားအစာများ

စိတ်ဓာတ်ကျတယ်ဆိုတာက လူတိုင်းနီးပါးကို သက်ရောက်နိုင်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ဘဝတစ်သက်တာမှာ တစ်ချိန်ချိန်တော့ စိတ်ဓာတ်ကျနိုင်ပါတယ်။ ဒါက လူ့သဘာဝကိုး။ ဒါပေမယ့် စိတ်ဓာတ်ကျတဲ့ စိတ်ဝေဒနာ/စိတ်ကျရောဂါ (Depression) အခြေအနေအထိ ဖြစ်လာပြီဆိုရင်တော့ ဒါက သဘာဝထက်လွန်သွားပါပြီ။ ရောဂါဝေဒနာဆိုးတစ်ခုကပ်ညိနေတဲ့ အခြေအနေဖြစ်သွားပါပြီ။ စိတ်ဓာတ်ကျခြင်းဟာ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး စိတ်ဝေဒနာတစ်ခုဖြစ်သလို ကိုယ့်ကိုယ်ကို သတ်သေဖြစ်အောင် တွန်းအားအပေးနိုင်ဆုံး ရောဂါဝေဒနာလည်းဖြစ်ပါတယ်။ ဒါကြောင့် ပေါ့ဆဖို့ မကောင်းတဲ့ ဝေဒနာတစ်မျိုးပါ။ Depression ကို ကုသဖို့ နည်းလမ်းများစွာရှိပါတယ်။ ဆေးဝါးမှီဝဲတာ၊ လူနေမှုပုံစံပြောင်းလဲတာ၊ နှစ်သိမ့်ဆွေးနွေးမှုခံယူတာ၊ တရားထိုင်တာအမျိုးမျိုးပေါ့။ ဒါပေမယ့် လူသိနည်းတဲ့ နည်းလမ်းတစ်ခုရှိပါသေးတယ်။ ဒါကတော့ စားသောက်မှုပုံစံကို ပြင်ဆင်တာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်နေထိုင်တာဟာ ရောဂါဘယအမျိုးအစား အမြောက်အများကို သက်သာလျော့ပါးစေနိုင်တာကို လူတိုင်း သိထားပြီးဖြစ်ပါလိမ့်မယ်။ ဒီလိုပါပဲ စိတ်ဝေဒနာတွေကိုလည်း စားသောက်မှု ပုံစံနဲ့ သက်သာအောင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း