အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းမြစ်ကိုတော့ သိကြတယ်။ စားဖြစ်တယ်ဆိုပေမယ့် ထန်းအူတိုင်ကို စားဖြစ်တာတော့ ရှားပါတယ်။ ထန်းအူတိုင်ကို မြန်မာလူမျိုးတွေထက် ဥရောပ လူမျိုးတွေက ပိုမို စားသုံးကြတာပါ။ ထန်းအူတိုင်ကို များသောအားဖြင့် ဆားစိမ်ထားတာ၊ ဒါမှမဟုတ် ဆီသွတ်ဗူးပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ ထန်းအူတိုင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စားစရာတစ်ရပ်အနေနဲ့ စားသုံးခဲ့ကြတာပါ။ အာဟာရတန်ဖိုးကို သိရှိပြီးနောက်ပိုင်းမှ စားသုံးသူတွေ ပိုများလာတာပါ။ ထန်းအူတိုင် ဆိုတာ ထန်းအူတိုင်ဆိုတာက အသီးအရွက်တစ်မျိုးပါ။ ထန်းပင်တွေရဲ့ အတွင်းအကျဆုံး အပိုင်းက ကြီးထွားလာမယ့် အဖူးလေးတွေ အခက်အလက်လေးတွေပါ။ အရမ်းကိုနုနယ်တဲ့ အနေအထားပါ။ အဖြူရောင်၊ နို့နှစ်ရောင်ရှိနိုင်ပါတယ်။ ထုလုံးရှည်လိုပုံမျိုး ရှိပြီး အလွှာလေးတွေ အထပ်လိုက်နဲ့ ဖွဲ့စည်းထားတာပါ။ အရသာက ချိူဆိမ့်ဆိမ့်လေးပါ။ ထန်းအူတိုင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ထန်းအူတိုင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

သောက်သုံးရေကပေးတဲ့ ကျန်းမာရေး

တစ်နေ့တာမှာ အာခြောက်လို့၊ မောလို့ဆိုပြီး သောက်မိနေတဲ့ရေက ရေဆာပြေရုံ၊ အမောပြေစေရုံပဲလား။ ဒီလိုမဟုတ်ပါဘူးနော်။ သင်သောက်လိုက်တဲ့ ရေတစ်ခွက်စီတိုင်းက သင့်ကျန်းမာရေးကိုရော သင့်ခန္ဓာကိုယ်ကိုပါ အများကြီးအထောက်အပံ့ပေးနေပါတယ်နော်။ ဘယ်လိုတွေများထောက်ပံ့ပေးနေလဲ။ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးကတဆင့် ပြောပြပေးမယ်နော်။ ခန္ဓာကိုယ်အတွက် ရေကဘယ်လောက်အတိုင်းအတာအထိအရေးပါလဲ............... ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကိုရေနဲ့ဖွဲ့စည်းထားတာပါ။ ဒီလောက်တင်လားဆိုတော့ မဟုတ်ပါဘူး။ ကျွန်မတို့နေထိုင်ရာ ကမ္ဘာမြေကြီးရဲ့ ၇၁ ရာခိုင်နှုန်းကိုလည်းရေတွေနဲ့ဖွဲ့စည်းထားတာပါ။ ထမင်းအသက် ၇ ရက် ရေအသက် တစ်မနက်ဆိုတဲ့စကားလေးကလည်း ရေက ဘယ်လောက်ထိအရေးပါကြောင်းကိုဖော်ပြနေပါတယ်နော်။ တစ်နေ့ကို ရေဘယ်နှခွက်သောက်သင့်လဲ...... သင်က ပကတိကျန်းမာနေသူတစ်ဦးဖြစ်မယ်။ ပြောချင်တာကတော့ ကျောက်ကပ်ရောဂါရှိမနေဘူးဆိုရင် တစ်နေ့ကိုအနည်းဆုံးရေ ၈ ခွက်သောက်သင့်ပါတယ်။ ဒီထက်ပိုသောက်လို့လည်းရပါတယ်။ တကယ်လို့ ကျောက်ကပ်ရောဂါရှိနေမယ်ဆိုရင်တော့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသောက်ပေးပါ။ သောက်ရေကပေးတဲ့ ကျန်းမာရေး............. ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေအကောင်းဆုံးလည်ပတ်နိုင်စေပြီး ကျန်းမာစေဖို့အတွက် ရေဓာတ်ပြည့်ဝနေဖို့လိုပါမယ်။ ရေကခန္ဓာကိုယ်အတွက် ဘာတွေများလုပ်ပေးလဲချင်ရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ အဆစ်တွေလှုပ်ရှားရအဆင်ပြေစေတယ် အရိုးနုလေးတွေ၊ အဆစ်တွေနဲ့ ကျောရိုးဆစ်လေးတွေထဲမှာ ရေ ၈၀ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းချဉ်သီး နီနီလေးကပေးတဲ့ကျန်းမာရေး

ဟင်းအနှစ်ရဖို့အတွက်ပဲဖြစ်ဖြစ်၊ ရေလေးစင်အောင်ဆေးပြီး အစိမ်းလိုက်ပဲ ဝါးစားစား၊ လက်ဖက်သုပ် နဲ့ အခြားသောအသုပ်တွေထဲပဲထည့်စားစား၊ ပုစွန်ခြောက်မှုန့်၊ ပဲမှုန့်၊ဆီချက်တို့နဲ့ပဲ သုပ်စားစားအရသာရှိတဲ့ ခရမ်းချဉ်သီး လေးကို ကြိုက်လား။ ဟင်းထဲမှာခရမ်းချဉ်သီးပါမှ စားတတ်တယ်ဆိုတဲ့သူဆိုရင်တော့ ​ကြိုက်တာတွေကို စားရင်းကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်တယ်ဆိုတော့ ဘယ်လောက်များပျော်စရာကောင်းလိုက်မလဲနော်။ အရောင်အသွေးလှတဲ့ ခရမ်းချဉ်သီး ကပေးတဲ့ကျန်းမာရေး ခရမ်းချဉ်သီးက အရောင်အသွေးလှတယ်၊ စားလိုက်ရင်ခပ်ချဉ်ချဉ်အရသာလေးရှိပြီး စားလို့ကောင်းတယ်ဆိုတာနဲ့တင်ပြီးသွားတာမဟုတ်ပါဘူး။ အခုလိုကျန်းမာရေး အကျိုးကျေးဇူးလေးတွေလည်း ပေးပါသေးတယ်။ အသားအရေ ကျန်းမာစေနိုင်တယ် ခရမ်းချဉ်သီးမှာ အသားအရေကို​ကြည်လင်စေနိုင်တဲ့ lycopene ကြွယ်ဝစွာပါဝင်နေပြီး အသားအရေထိန်းသိမ်းမှုအတွက်တော်တော်လေး အထောက်အကူပြုပေးနိုင်မှာပါ။ စားပေးလို့ရသလို အရေပြားပေါ်မှာ ခရမ်းချဉ်သီး ကပ်ပေးတာကလည်း အသားအရေကိုထိထိရောက်ရောက်ထိန်းသိမ်းရာရောက်ပါတယ်။ အသားအရေလေးကြည်ကြည်လင်လင်လေးလှချင်တယ်ဆိုရင်တော့ ခရမ်းချဉ်သီးလေးရဲ့ အကူအညီယူလိုက်ပါနော်။ ကင်ဆာ ကာကွယ်နိုင်စွမ်း ရှိတယ် ခရမ်းချဉ်သီးမှာ lycopene ပါဝင်နေတာကြောင့် ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေပွားမလာအောင်လည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ သတိထားရမှာက ခရမ်းချဉ်သီးက ချက်လိုက်တဲ့အခါမှ lycopene ပိုကြွယ်ဝသွားတာပါ။ ဒါကြောင့် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ချိုချိုချဉ်ချဉ် ရှောက်ချိုသီးလေး စားရအောင်

ရှောက်ချိုသီးလေး ကို အကွင်းလိုက်လေးလှီး။ ဆားလေးနည်းနည်း၊ သကြားပါတယ်ဆိုရုံလေးထည့်၊ ငရုတ်သီးအရောင်တင်မှုန့်လေးနဲ့ မွှေပြီးစားရတာကိုကြိုက်တယ်ဟုတ်။ ဖျော်ရည်ဖျော်သောက်ရင်လည်း ချိုချိုချဉ်ချဉ်လေးနဲ့ တော်တော်လေးခံတွင်းရှင်းစေတယ်နော်။ ဒီစားကောင်းတဲ့ ရှောက်ချိုသီးလေးကို စားသာစားနေရတယ်။ ဘာအကျိုးကျေးဇူးတွေများပေးလဲဆိုတာ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ရှောက်ချိုသီး ဆိုတာ ရှောက်ချိုသီး ဆိုတာက ရှောက်သီး၊ သံပုရာသီး၊ လိမ္မော်သီးတို့နဲ့ မျိုးရင်းတူတဲ့ အသီး တစ်မျိုးပါ။ အခွံက အစိမ်းရောင် ရင့်ရင့်၊ အစိမ်းရောင်ဖျော့ဖျော့ နဲ့ အဝါရောင် သန်းတာအထိ အမျိုးမျိုး ရှိနိုင်ပါတယ်။ အပေါ်ခွံအောက်မှာ ကျွဲကောသီးလိုမျိုး ဂွမ်းသား နည်းနည်းပါတတ်ပြီး အဖြူရောင် ဂွမ်းသားကို ဖယ်လိုက်ရင်တော့ လိမ္မော်သီးလိုမျိုး ပုံစံကို တွေ့ရမှာပါ။ ရှောက်ချိုသီး ကလည်း အမွှာလေးတွေနဲ့ပဲ ဆိုပေမယ့် လိမ္မော်သီးလို ခွာစားလို့ မရပါဘူး။ အကွင်းလိုက် လှီးပြီး ဒါမှမဟုတ် အစိတ်လေးတွေ စိတ်ပြီး […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း