အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းမြစ်ကိုတော့ သိကြတယ်။ စားဖြစ်တယ်ဆိုပေမယ့် ထန်းအူတိုင်ကို စားဖြစ်တာတော့ ရှားပါတယ်။ ထန်းအူတိုင်ကို မြန်မာလူမျိုးတွေထက် ဥရောပ လူမျိုးတွေက ပိုမို စားသုံးကြတာပါ။ ထန်းအူတိုင်ကို များသောအားဖြင့် ဆားစိမ်ထားတာ၊ ဒါမှမဟုတ် ဆီသွတ်ဗူးပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ ထန်းအူတိုင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စားစရာတစ်ရပ်အနေနဲ့ စားသုံးခဲ့ကြတာပါ။ အာဟာရတန်ဖိုးကို သိရှိပြီးနောက်ပိုင်းမှ စားသုံးသူတွေ ပိုများလာတာပါ။ ထန်းအူတိုင် ဆိုတာ ထန်းအူတိုင်ဆိုတာက အသီးအရွက်တစ်မျိုးပါ။ ထန်းပင်တွေရဲ့ အတွင်းအကျဆုံး အပိုင်းက ကြီးထွားလာမယ့် အဖူးလေးတွေ အခက်အလက်လေးတွေပါ။ အရမ်းကိုနုနယ်တဲ့ အနေအထားပါ။ အဖြူရောင်၊ နို့နှစ်ရောင်ရှိနိုင်ပါတယ်။ ထုလုံးရှည်လိုပုံမျိုး ရှိပြီး အလွှာလေးတွေ အထပ်လိုက်နဲ့ ဖွဲ့စည်းထားတာပါ။ အရသာက ချိူဆိမ့်ဆိမ့်လေးပါ။ ထန်းအူတိုင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ထန်းအူတိုင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ဇီးဖြူသီး (Goose Berry)

ဇီးဖြူသီးကို ဖျော်ရည်လုပ်သောက်တာ၊ ကြော်စားတာ၊ ထောင်းစားတာမျိုးတွေ ရှိပါတယ်။ဆေးဖက်ဝင်တဲ့အသီး တစ်မျိုးလို့လည်း ဆိုကြပါတယ်။ ဇီးဖြူသီးမှာ ဗီတာမင် C နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်ပါတယ်။ ဇီးဖြူသီးကို နေ့စဉ်မှန်မှန် စားသုံးမယ်ဆိုရင် သက်ရှည်ကျန်းမာစေမယ်လို့လည်း ဆိုပါတယ်။ ဇီးဖြူသီးရဲ့ ကျန်းမာရေးအပေါ် ဘယ်လိုအကျိုးပြုတာလဲ ဆိုတာကို သိရှိနိုင်စေဖို့ ရှာဖွေသိရှိထားတာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဇီးဖြူသီး ဆိုတာ ဇီးဖြူသီးက လူတိုင်းနဲ့ ရင်းနှီးပြီးသား အသီးတစ်မျိုးပါ။ အရောင်လေး လှသလို ပုံစံလေးကလည်း ချစ်စရာကောင်းပါတယ်။ အစိမ်းရောင်ဖျော့ဖျော့လေးနဲ့ ကြည်ကြည်လေးပါ။ အရသာက ဖန်သလိုလို ရှိပေမယ့် ကျန်းမာစေတဲ့ အာနိသင်တေါကတော့ အပြည့်ပါပဲ။ ဇီးဖြူသီးကို ထောင်းစားလို့ရသလို သနပ်ထည့်စားတာ၊ အချဉ်စိမ်စားတာအမျိုးမျိုးစားလို့ ရပါတယ်။ ကြော်စားကြတာလည်း ရှိပါတယ်။ ဇီးဖြူသီးမှာ ဘာတွေပါလဲ ဇီးဖြူသီး (Goose Berry) မှာ ရေဓာတ် အဆီဓာတ် ပရိုတင်း အမျှင်ဓာတ် ကာဗိုဟိုက်ဒရိတ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကညွတ်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ

ကညွတ်ဟာ အာဟာရဓါတ်တွေပြည့်ဝနေတဲ့ အရာဖြစ်လို့နေ့စဉ်စားသောက်တဲ့အထဲ ထည့်သွင်းသင့်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ် ပါတယ်။ဒါ့အပြင်အဆီပါဝင်မှုက မရှိသလောက်ရှိပြီး ကယ်လိုရီလည်း အရမ်းနည်းပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးတွေကများလွန်းတဲ့အတွက် စားသုံးသင့်တဲ့ အသီးအရွက်တွေထဲမှာပါဝင်ပါတယ်။   ကညွှတ်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ အရိုးသန်မာစေခြင်း -ဗီတာမင်ကေ ရဲ့အဓိကလုပ်ဆောင်ချက်က အရိုးသိပ်သည်းမှုပိုကောင်းစေတာပဲဖြစ်ပါတယ်။ ကညွတ်တစ်ပန်းကန်စာမှာ တစ်နေ့တာအတွက်လိုအပ်တဲ့ ဗီတာမင်ကေပမာဏရဲ့ ၇၀ ရာခိုင်နှုန်းပါဝင်ပါတယ်။ ကယ်လ်စီယမ်စုပ်ယူမှုကို ပိုအားကောင်းစေပြီး အရိုးပွရောဂါနဲ့အရိုးကျိုးအက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ရောင်ရမ်းမှုကိုလျော့ကျစေခြင်း - ကညွတ်က အမျိုးအစား၂ ဆီးချိုရောဂါ၊ ကင်ဆာရောဂါနဲ့ နှလုံးရောဂါတို့ကို ကာကွယ်နိုင်၊ ကုသနိုင်ပြီး ၎င်းမှာပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းglutathione က အိုမင်းရင့်ရော်မှုကိုနှေးကွေးစေပါတယ်။ ခရမ်းလွန်ရောင်ခြည် သို့မဟုတ်ပြင်ပလေထုညစ်ညမ်းပစ္စည်းတွေကြောင့် အရေပြားရောင်ရမ်းမှုတွေကိုလည်း ကာကွယ်ပေးပါတယ်။ အစိမ်းရောင်နဲ့ အရောင်ရင့် နှစ်မျိုးရှိတဲ့အထဲမှာ အရောင်ရင့်ရင့်ကညွတ်မှာ အန်သိုဆိုင်ယာနင်ဓါတ်တွေအပြည့်အဝပါဝင်တာကြောင့် အရေပြားထဲက အဆိပ်အတောက်ဓါတ်တွေကိုလျော့ပါးစေပြီးနေလောင်ဒဏ်ကို ကာကွယ်ပေးပါတယ်။ ဆီးရွှင်စေခြင်း -သဘာဝဆီးရွှင်ဆေးဖြစ်နေတဲ့ ကညွှတ်က ခန္ဓါကိုယ်ထဲကရေတွေကို ထုတ်ပယ်ပေးပြီး မလိုလားအပ်တဲ့ အငန်ဓါတ်နဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဒန့်သလွန်ရွက်

ဟင်းခါးလေး ချက်သောက်သောက်၊ အာလူးလေးနဲ့ ကြော်စားစား စားလို့ ကောင်းတဲ့ ဒန့်သလွန်ရွက်လေးကို သဘောတကျ စားတတ်သူလေးတွေ ရှိလား ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒန့်သလွန်ရွက် ဆိုတာ ဒန့်သလွန်ရွက် ဆိုတာက တောင်အာရှဒေသမှာ အပေါက်ရောက်များတဲ့ အပင်တစ်မျိုးဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ အပူပိုင်းဒေသတော်တော်များများမှာပေါက်ရောက်လာပြီဖြစ်ပါတယ်။ ဒန့်သလွန်ပင်ရဲ့အရွက်ကို တိုင်းရင်းဆေးတွေထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက အသုံးပြုခဲ့ကြပါတယ်။ ဒန့်သလွန်ပင်ဟာ ပင်စည်က အဖြူရောင်ဖြစ်ပြီး ကြွတ်ဆတ်တဲ့အကိုင်းအလက်တွေနဲ့ ဘဲဥပုံအစိမ်းရောင်အရွက်တွေပါရှိပါတယ်။ ဒန့်သလွန်ရွက်မှာ ပရိုတင်း၊ ကယ်လလ်ဆီယမ်၊ ဘီတာ ကယ်လ်ရိုတင်း၊ ဗီတာမင် စီ၊ ပိုတက်ဆီယမ်တို့လိုမျိုး အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ဒန့်သလွန်ရွက်မှာ မှိုပိုးတွေကိုသေစေနိုင်တဲ့ အာနိသင် ရှိသလို ရောဂါပိုးတွေကိုလည်း တိုက်ဖျက်နိုင်တဲ့ အစွမ်း ရှိပါတယ်။ရောင်ရမ်းမှုကို လျော့ပါးစေနိုင်စွမ်းလည်း ရှိပါတယ်။ ဒန့်သလွန်ရွက်မှာပါတဲ့ အာဟာရဓာတ်တွေကဘာတွေလဲ ဒန့်သလွန်ရွက် နဲ့ ဒန့်သလွန်သီးတို့မှာ အာဟာရဓာတ်ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်အတွက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

အသည်းအမြစ် ကလီစာ တွေစားသုံးခြင်းက ကျန်းမာရေးအတွက် ကောင်းသလား

ကြက်အသည်းအမြစ် အပါအဝင် အတွင်း ကလီစာ အသားတွေကို ဝမ်းတွင်းသားလို့ခေါ်ကြပါတယ်။ အင်္ဂလိပ်လိုတော့ 'offal' လို့ခေါ်ကြပါတယ်။ အသားတွေရောင်းချဖို့ အကောင်ဖျက် ခုတ်ထစ်တဲ့အခါ ပဲ့ကျလာတဲ့ အမြီး၊ ခြေထောက်၊ ဝှေးစေ့စတဲ့ တိရစ္ဆာန်အစိတ်အပိုင်း အားလုံးကို"off fall" လို့ခေါ်ဆိုရာကဖြစ်ပေါ်လာတဲ့စကားလုံးဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် အများစုက အသားတွေကိုသာ စားကြတာဖြစ်ပြီး ဝမ်းတွင်းသား ကလီစာတွေကို မစားကြပါဘူး။ ကလီစာတွေက ဘေးထွက်ဆိုးကျိုးတချို့ရှိနိုင်ပေမယ့် သူတို့မှာပါဝင်တဲ့ အာဟာရတန်ဖိုးတွေကြောင့် အကျိုးကျေးဇူးတွေလည်း များပါတယ်။ ကလီစာတွေနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်တွေကတော့ - ကလီစာတွေမှာ ဗီတာမင်နဲ့ အာဟာရဓာတ်တချို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ သူတို့ကို သေချာမသန့်စင်ရင်တော့ အူတွင်းဘက်တီးရီးယားတွေကို ထိခိုက်စေပါတယ်။ အမဲဦးနှောက်လို အတွင်းသားမျိုးကလည်း နွားရူးရောဂါ လို ရှားပါးရောဂါတွေကို ကူးစက်ပြန့်ပွားနိုင်တယ်လို့ သိကြပါတယ်။ အတွင်း ကလီစာ အစိတ်အပိုင်းတွေထဲမှာ ဘာတွေပါဝင်သလဲ အတွင်းသား ကလီစာတွေဆိုတာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပင်ပွား (Basil seed)

ပင်ပွားကို အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတစ်မျိုးအနေနဲ့ အစားအသောက်တွေထဲမှာ ထည့်သွင်းစားသုံးနေတာကြောင့် ပင်ပွား ဆိုတာကို သိပြီးဖြစ်နိုင်သလို နာမည်ကိုတောင်မကြားဖူးတာမျိုးလည်းရှိနိုင်ပါတယ်။ ပင်ပွားမှာ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေပါဝင်နေသလို ပရိုတင်းဓါတ်၊ကာဗိုဟိုက်ဒရိတ်၊အမျှင်ဓါတ်နဲ့ ခန္ဓါကိုယ်အကျိုးပြု အဆီဓါတ်တွေပါဝင်နေပါတယ်။ ပင်ပွားမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်တာကြောင့် ဆီးချိုရောဂါ ထိန်းသိမ်းရာမှာ အထောက်အကူပြုနိုင်သလို အရေပြားအတွက်လည်းကောင်းကျိုးပြုပါတယ်။ ပင်ပွား ကနေရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေနဲ့ သိထားသင့်တဲ့ သတိထားစရာအချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ ပင်ပွား (Basil seed) ဆိုတာ ပင်ပွားစေ့ဆိုတာက ကမ္ဘာပေါ်မှာ လူသိများတဲ့ဆေးဖက်ဝင်အပင်ဖြစ်တဲ့ ပင်စိမ်းပင်ရဲ့အစေ့ဖြစ်ပါတယ်။ ပင်ပွားစေ့ကို အချိုပွဲတွေနဲ့ စားသောက်ဖွယ်ရာတွေထဲမှာ ထည့်သွင်းတည်ခင်းလေ့ရှိပါတယ်။ ပင်ပွားစေ့မှာ ခန္ဓါကိုယ်အကျိုးပြု ဓါတ်ပေါင်းတွေအများအပြားပါဝင်ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ပင်ပွားစေ့တွေထဲမှာ အမျှင်ဓါတ်၊ဗီတာမင်ကေ၊ ပရိုတင်း၊phytochemical၊polyphenolicဒြပ်ပေါင်းတွေ၊orientin၊ vicentin နဲ့အခြားအင်အားပြည့်ဝတဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်နေပါတယ်။ ပင်ပွားရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ၁. ကိုယ်အလေးချိန်ကျစေခြင်း ပင်ပွားစေ့မှာ အိုမီဂါ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ယာကွန် (Yacon)

ယာကွန် (Yacon) ယာကွန်ပင်ဟာ ဆေးပညာဆိုင်ရာ လေ့လာမှုတွေအရ ဆီးချိုရောဂါအပေါ်မှာ ကောင်းကျိုးသက်ရောက်မှု တွေရှိတယ်ဆိုတဲ့တွေ့ရှိချက်တွေကြောင့်မကြာသေးခင်နှစ်တွေအတွင်းတဖြည်းဖြည်းနဲ့ လူသိများလာတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ ယာကွန်ပင်ကသွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးပါတယ်။ ယာကွန် မှာ ဖလက်ဗနွိုက် flavanoid၊ ဖရက်တိုအိုလီဂိုဆက်ခရိုက် fructooligosaccharide နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေအများအပြားပါဝင်တဲ့ ကျန်းမာရေး အတွက်အထောက်အကူပြုတဲ့အစားအစာတစ်မျိုးအနေနဲ့သတ်မှတ်ထားပါတယ်။ ယာကွန်ပင်ဟာ တောင်အမေရိကမျိုးရင်းအပင်တစ်မျိုးဖြစ်ပြီး နေကြာပင်နဲ့မျိုးစိတ်တူပါတယ်။ ယာကွန်ပင်မှာ သေးငယ်ပြီးအရောင်တောက်ပတဲ့ ဒေစီပန်းလိုမျိုးပန်းပွင့်လေးတွေပွင့်ကြပါတယ်။ ယာကွန်ပင်ကို ကျန်းမာရေးအတွက်အသုံးပြုတဲ့နေရာမှာ အရွက်ကိုအခြောက်ခံပြီး ရေနွေးကြမ်းထဲထည့်ပြီး သောက်သုံးတာမျိုးရှိသလို အမြစ် ( ယာကွန်ဥ) ကိုအစိမ်းစားသလို ဖျော်သောက်တာ။ မီးကင်စားတာနဲ့သုတ်စား တာမျိုးတွေလည်းရှိပါတယ်။ ယာကွန်ဥက ကြွပ်ရွပြီး ချိုပါတယ်။ ယာကွန် နဲ့ အာဟာရ ယာကွန်မှာ ကယ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်း၊အမျှင်ဓါတ်နဲ့ ဗီတာမင် အေ၊ ဘီဝမ်း၊ ဘီတူး နဲ့ ဗီတာမင် စီလိုမျိုး ဗီတာမင် ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ယာကွန်ဥမှာ ကယ်လ်စီယမ်၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ချင်း (ဂျင်း) ၏ကျန်းမာရေးအကျိုးကျေးဇူးများ

ချင်း ၏ကျန်းမာရေးအကျိုးကျေးဇူးများ ဂျင်းဟာ တရုတ်၊ ဂျပန်၊ အိန္ဒိယ အပါအဝင် အပူပိုင်းနိုင်ငံတွေမှာ စတင်ပါတယ်။ သူ့မှာ ကျန်းမာရေး အကျိုးကျေးဇူးများပြားစွာ ပါဝင်တာကြောင့် သူ့ကို တောင်အမေရိက၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနေရာတွေနဲ့ တစ်ကမ္ဘာလုံးမှာ စိုက်ပျိုးလာကြပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ ဂျင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။ ပျို့အန်ခြင်း HIV/ AIDS ဆေးတွေကြောင့် ပျို့အန်ခြင်းကို ဂျင်းနေ့စဉ် သောက်သုံးခြင်းအားဖြင့် သက်သာစေနိုင်ပါတယ်။ သုတေသနတွေက AIDS ကုသမှုမယူခင် တစ်နေ့ကို မိနစ် ၃၀ လောက်ကြိုပြီး ဂျင်းအသုံးပြုခြင်းဟာ ပျို့အန်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဂျင်းကို ခွဲစိတ်အပြီးမှာလည်း ပျို့အန်ခြင်းကို ကာကွယ်ဖို့ အသုံးပြုနိုင်ပါတယ်။ ခွဲစိတ်မှုမပြုခင် တစ်နာရီကြိုပြီး ဂျင်း ၁-၅ ဂရမ်လောက် အသုံးပြုထားသူတွေဟာ ခွဲစိတ်မှုအပြီး ၂၄ နာရီအတွင်း ပျို့အန်နှုန်းနည်းပါးပါတယ်။ အော့အန်နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာလည်း ဂျင်းအသုံးပြုနိုင်ပါတယ်။ ဂျင်းကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

သခွားသီး - အခွံနွှာမလား သို့ မနွှာဘူးလား

သခွားသီး - အခွံနွှာမလား သို့ မနွှာဘူးလား သခွားသီးတွေဟာ အလွန်ကောင်းမွန်တဲ့ အသီးဖြစ်ပါတယ်။ သူတို့ရဲ့ အရသာနဲ့ အနံ့ဟာ စိတ်ကြည်လင်စေပြီး ဘယ်ဟင်းနဲ့ မဆိုလိုက်ဖက်ပါတယ်။ သူတို့ဟာ ကယ်လိုရီနည်းပါးတာကြောင့် သင့်ရဲ့ စားသောက်ပုံကို မထိခိုက်စေပဲ စားနိုင်ပါတယ်။ ဒါပေမယ့် သခွားသီးတွေနဲ့ပတ်သက်ပြီး သင့်ခေါင်းထဲမှာ ပေါ်လာနိုင်တဲ့ မေးခွန်းတစ်ခုကတော့ အခွံခွာသင့်လား၊ ဒီတိုင်းစားသင့်လားဆိုတာပဲ ဖြစ်ပါတယ်။ အချိန်အတော်များများမှာတော့ လူတွေဟာ သခွားသီးရဲ့ အပြင်ခွံက မာပြီး အစာခြေရခက်တာကြောင့် ခွာစားကြပါတယ်။ ဒါပေမယ့် သူတို့တွေဟာ သခွားသီးအခွံမှာပါတဲ့ အာဟာရတန်ဖိုးကို သတိမထားမိတာကြောင့် အခွံခွာစားကြတာဖြစ်ပါတယ်။ အမျှင်ဓါတ် သခွားသီးအခွံမှာ မပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်ပါဝင်ပြီး အူလှုပ်ရှားမှုတွေကို ကောင်းမွန်စေကာ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ သခွားသီးရဲ့ အထဲပိုင်းမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်ပါဝင်တာကြောင့် အစာခြေစနစ်အတွက် ကောင်းမွန်ပါတယ်။ ဗီတာမင် ကေ အမျှင်ဓါတ်အပြင် သခွားသီးအခွံမှာ ဗီတာမင် ကေ ပါဝင်ပါတယ်။ ဗီတာမင်ကေဟာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သံပုရာရည်ရဲ့ ကောင်းကျိုးဆိုးပြစ်များ

သံပုရာရည်ရဲ့ ကောင်းကျိုးဆိုးပြစ်များ သံပုရာရည်ဟာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ ဗီတာမင် စီနဲ့ citric acid တို့ကို ထောက်ပံ့ပေးနိုင်တဲ့ ရင်းမြစ်တခု ဖြစ်ပြီး ပမာဏအများကြီး သောက်သုံးစရာလည်း မလိုပါဘူး။ ချဉ်တဲ့အသီးတွေကနေ flavanones ဓါတ်ကိုလည်း ရရှိနိုင်တဲ့အတွက် သံပုရာရည်ရဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်ကို ပိုလာစေပါတယ်။ ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုတဲ့ အတိုင်းပဲ သံပုရာရည်ဟာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံသောက်သုံးရင်တော့ သွားတွေပျက်စီးတာ၊အစာချေလမ်းကြောင်း ထိခိုက်တာ အစရှိတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေပါလိမ့်မယ်။   ဗီတာမင် စီရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ အခြားသော ချဉ်တဲ့ အသီးတွေနည်းတူ သံပုရာသီးကနေလည်း ဗီတာမင် စီ ကို ရရှိနိုင်ပါတယ်။ ဗီတာမင်စီ ၁၉မီလီဂရမ်လောက်ကို သံပုရာသီးတလုံးတည်းကနေ ရရှိနိုင်ပါတယ်။ ဒီပမာဏက အတိအကျတော့မဟုတ်ဘဲ သင်အသုံးပြုတဲ့ သံပုရာသီးပေါ်မူတည်ပြီး အနည်းငယ် တိုးတာလျော့တာ ရှိကောင်းရှိနိုင်ပေမယ့် သင့်အတွက် အင်မတန်အကျိုးရှိစေမယ်ဆိုတာကတော့ သေချာပါတယ်။ အမျိုးသမီးတွေဟာ တနေ့ကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျန်းမာရေးသောက်စရာ လက်ဖက်ရည်ကြမ်း

ကျန်းမာရေးသောက်စရာ လက်ဖက်ရည်ကြမ်း green tea ဟာ အရသာထူးကဲကောင်းမွန်တဲ့အပြင် အကျိုးကျေးဇူးတွေလည်း များစွာ ပေးနိုင်တဲ့အတွက် လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက လူကြိုက်များ ထင်ရှားခဲ့တာပါ။ green tea ရဲ့ သင်မသိလောက်သေးတဲ့ အဓိကကောင်းကျိုးအချို့ကို ဒီဆောင်းပါးလေးမှာ ဝေမျှပေးထားပါတယ်။ ကိုယ်ခံအားကို မြင့်မားစေတယ်။ green tea ကို နေ့စဉ်မှန်မှန်သောက်တဲ့သူတွေဟာ မသောက်တဲ့သူတွေနဲ့ယှဉ်ရင် (သာမန်ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်တဲ့) ဖျားတာနာတာမျိုး ဖြစ်ခဲတယ်လို့ လေ့လာချက်အမျိုးမျိုးအရ သိရှိရတဲ့အတွက် green tea ဟာ သင့်ရဲ့ ကိုယ်ခံအားကို မျှင့်တင်ပေးနိုင်တယ်ဆိုတာ အင်မတန်သိသာထင်ရှားနေပါတယ်။ ဒါဟာ catechins လို့ခေါ်တဲ့ ဒြပ်ပေါင်းတမျိုးကြောင့်ဖြစ်ပြီး အဆိုပါ ဒြပ်ပေါင်းဟာ လူကို အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေရန်ကနေ ဆဲလ်တွေကို အကာအကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် catechins ဟာ ဘက်တီးရီးယားတွေကနေ ထုတ်လုပ်တဲ့ အဆိပ်အတောက်တွေကိုလည်း ပြန်လည်တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းရှိနေပါတယ်။ ဘက်တီးရီးယားကြောင့်သာမက အခြားသော ပိုးမွှားနဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း