အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းမြစ်ကိုတော့ သိကြတယ်။ စားဖြစ်တယ်ဆိုပေမယ့် ထန်းအူတိုင်ကို စားဖြစ်တာတော့ ရှားပါတယ်။ ထန်းအူတိုင်ကို မြန်မာလူမျိုးတွေထက် ဥရောပ လူမျိုးတွေက ပိုမို စားသုံးကြတာပါ။ ထန်းအူတိုင်ကို များသောအားဖြင့် ဆားစိမ်ထားတာ၊ ဒါမှမဟုတ် ဆီသွတ်ဗူးပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ ထန်းအူတိုင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စားစရာတစ်ရပ်အနေနဲ့ စားသုံးခဲ့ကြတာပါ။ အာဟာရတန်ဖိုးကို သိရှိပြီးနောက်ပိုင်းမှ စားသုံးသူတွေ ပိုများလာတာပါ။ ထန်းအူတိုင် ဆိုတာ ထန်းအူတိုင်ဆိုတာက အသီးအရွက်တစ်မျိုးပါ။ ထန်းပင်တွေရဲ့ အတွင်းအကျဆုံး အပိုင်းက ကြီးထွားလာမယ့် အဖူးလေးတွေ အခက်အလက်လေးတွေပါ။ အရမ်းကိုနုနယ်တဲ့ အနေအထားပါ။ အဖြူရောင်၊ နို့နှစ်ရောင်ရှိနိုင်ပါတယ်။ ထုလုံးရှည်လိုပုံမျိုး ရှိပြီး အလွှာလေးတွေ အထပ်လိုက်နဲ့ ဖွဲ့စည်းထားတာပါ။ အရသာက ချိူဆိမ့်ဆိမ့်လေးပါ။ ထန်းအူတိုင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ထန်းအူတိုင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ဟင်းသီးဟင်းရွက်ကရတဲ့ အာဟာရတွေ မပျက်စီးအောင် ဘယ်လိုချက်ပြုတ်မလဲ

လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေစားသုံးခြင်းဖြင့် နာတာရှည်ရောဂါအများစုကို သက်သာပျောက်ကင်းစေနိုင်ပြီး ကျန်းမာရေးနဲ့ပတ်သက်တဲ့ တခြားကောင်းကျိုးတွေ အများကြီး ရရှိပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေ စားတဲ့အခါမှာ ပါဝင်တဲ့ အဟာရတွေအပြည့်အဝ ရရှိဖို့ အရေးကြီးပါတယ်။ အခုဖော်ပြသွားမှာကတော့ ဟင်းသီးဟင်းရွက်တွေကနေ အာဟာရအပြည့်အဝရအောင် ဘယ်လိုစားသောက်ရမလဲဆိုတာပါပဲ။ အလတ်ဆတ်ဆုံးကိုရွေးပါ။ လတ်ဆတ်မှလည်း ရေခဲသေတ္တာထဲမှာ အကြာကြီးခံမှာဖြစ်ပါတယ်။ အေးတဲ့နေရာမှာ ထားပါ။ ဟင်းသီးဟင်းရွက်အမျိုးအစား အားလုံးအတွက် ရေခဲသေတ္တာထဲ သိမ်းဖို့ မလိုပါဘူး။ မုန်ညင်းရွက်နဲ့ တခြားအစိမ်းရောင်အရွက်ရှိတဲ့ ဟင်းရွက်တွေက အစိုဓာတ်များတဲ့အတွက် ဟင်းသီးဟင်းရွက် ထည့်တဲ့ခွက်ထဲမှာသာ သိမ်းသင့်ပါတယ်။ ကြက်သွန်၊ အာလူးနဲ့ တခြားသော အမြစ်ပါတဲ့ အသီးအရွက်တွေကတော့ အေးပြီး စိုထိုင်းမှုမရှိတဲ့ နေရာတွေမှာ ထားနိုင်ပါတယ်။ အသီးအရွက်အားလုံးကို ရေခဲသေတ္တာထဲမထည့်ခင် ရေဆေးဖို့ မလိုပါဘူး။ ဥပမာအားဖြင့် မုန်လာဥလို အမြစ်ပါတဲ့ အသီးအနှံတွေက အပေါ်ယံ နည်းနည်းပါးပါး ပေးနေနိုင်ပါတယ်။ ဒါကို အနည်းငယ်ဖယ်ရှားလိုက်တာနဲ့ ဆဲလ်နံရံတွေပျက်ဆီးသွားပြီး […]


အာဟာရဆိုင်ရာ အချက်အလက်များ

လတ်ဆတ်သောနွားနို့နှင့် နို့မှုန့်တို့၏ အာဟာရဆိုင်ရာ ခြားနားချက်

နွားနို့ကိုလတ်ဆတ်သောနို့ရည်ပုံစံမှစ၍ အခြောက်ခံထားသော (သို့)အမှုန့်ပြုလုပ်ထားသောနို့မှုန့်ပုံစံအထိ ပုံစံအမျိုးမျိုးဖြင့်ရရှိနိုင်ပါသည်။ ထို့ကြောင့်ရိုးရိုးူနွားနို့ကပိုကောင်းသလား၊ နို့မှုန့်ကပိုကောင်းသလားဆိုတာနှင့် ပက်သက်ပြီး မဝေခွဲနိုင်ဖြစ်ကြသည်။ ဤဆောင်းပါးကိုဖတ်ပြီးလျှင် ရှင်းလင်းစွာနားလည်သဘောပေါက် သွားလိမ့်မည်ဟုမျှော်လင့်ပါသည်။   နို့ရည်နှင့်နို့မှုန့်တို့၏အာဟာရပါဝင်မှု နို့ရည်နှင့်နို့မှုန့်နှစ်ခုလုံးတွင်လူသားတို့၏လိုအပ်ချက်အတွက်မရှိမဖြစ်လိုအပ်သောအာဟာရများပါဝင်ကြသည်။ အာဟာရပါဝင်မှုမှာအတူတူနီးပါးပင်ဖြစ်သည်။ နွားနို့တစ်ခွက်သောက်လျှင်(သို့)နို့မှုန့်တစ်ခွက်သောက်လျှင် ရှစ်ဆယ် ကယ်လိုရီ ၊အသားဓါတ် ရှစ် ဂရမ်၊ နေ့စဉ်လိုအပ်သောကယ်လ်စီယမ်ပမာဏ ၏သုံးဆယ်ရာခိုင်နှုန်းတို့ကို ရရှိနိုင်ပါသည်။   နွားနို့၏အကျိုးကျေးဇူးများ နို့ရည်တွင်နို့မှုန့်ထက် ဗီတာမင်ဘီ အုပ်စုအနည်းငယ်ပို၍ ပါဝင်ပါသည်။ သို့ဖြစ်ပါ၍ လတ်ဆတ်သောနို့တစ်ခွက်စာတွင် ဗီတာမင်B12 ၁.၂ မိုက်ခရိုဂရမ် နှင့်ဗီတာမင်B5 ဝ.၉မီလီဂရမ် ပါဝင်ပါသည်။ နို့မှုန့်တစ်ခွက်တွင်ဗီတာမင်B12 ဝ.၉ မိုက်ခရိုဂရမ် နှင့်ဗီတာမင်B5 ဝ.၈ မီလီဂရမ်ပါဝင်ပါသည်။ ဗီတာမင်B5 သည် ဆဲလ်အမြှေးပါးများ ကျန်းမာစေရန်ကူညီပေးပါသည်။ ဗီတာမင်B12 သည် အောက်ဆီဂျင်သယ်ယူပို့ဆောင်ခြင်းအတွက် အလွန်အရေးပါပါသည်။ လတ်ဆတ်သောနွားနို့တွင် နို့မှုန့်ထက်ဖော့စ်ဖောရပ်စ်နှင့်ဆီလီနီယမ် ပိုမိုပါဝင်ပါသည်။ အဆိုပါဖော့စ်ဖောရပ်စ်နှင့်ဆီလီနီယမ်သတ္တုဓါတ်များသည် ဆဲလ်အမြှေးပါး၊ဇီဝရုပ်ဖြစ်ပျက်ခြင်း ၊အင်ဇိုင်းလုပ်ဆောင်မှုများအတွက်အကျိုးပြုပါသည်။ လတ်ဆတ်သောနို့တစ်ခွက်တွင်ဆီလီနီယမ်၇.၆ မိုက်ခရိုဂရမ်နှင့်ဖော့စ်ဖောရပ်စ ်၄၇ မီလီဂရမ ်ပါဝင်ပါသည်။ နို့မှုန့်တစ်ခွက်တွင်ဆီလီနီယမ် ၆.၃ မိုက်ခရိုဂရမ်နှင့် […]


အာဟာရဆိုင်ရာ အချက်အလက်များ

နို့ထွက်ထုတ်ကုန်တွေနဲ့ပတ်သက်လို့ အရွေးချယ်သင့်ဆုံးတွေက ဘာတွေလဲ။

နို့ထွက်ထုတ်ကုန် သင့်ရဲ့အစားအစာတွေထဲမှာ နို့ထွက်ထုတ်ကုန်တွေ ပါဝင်ခြင်းက ကယ်လ်စီယမ်နဲ့ အရည်အသွေးမြင့် ပရိုတင်းကိုရနိုင်တဲ့ အလွယ်ဆုံးနည်း ဖြစ်ပါတယ်။ အဆီမပါတဲ့ ဒိန်ချဉ်လိုမျိုး နို့ထွက်ထုတ်ကုန်အများစုက ၆ အောင်စဘူးမှာ ကာဗိုဟိုက်ဒရိတ်၁၅ ဂရမ်နဲ့ ၁၀၀ ကယ်လိုရီသာပါတဲ့ အချိုပွဲအနေနဲ့ စားသုံးလို့ရပါတယ်။ ဘာတွေကအကောင်းဆုံးရွေးချယ်မှုတွေလဲ အကောင်းဆုံးရွေးချယ်မှုဖြစ်တဲ့ နို့ထွက်ထုတ်ကုန်တွေက အဆီမပါဒါမှမဟုတ်အဆီလျှော့ (နို့ ၁%) ပလိန်း အဆီမပါဒိန်ချဉ်(ပုံမှန် ဒါမှမဟုတ် ဂရိဒိန်ချဉ်) အဆီ နဲ့ အချိုဓါတ် မပါတဲ့ဒိန်ချဉ် (ပုံမှန် ဒါမှမဟုတ် ဂရိဒိန်ချဉ်) အရသာထပ်မဖြည့်ထား တကယ်လို့ သင်ကနို့မကြိုက်ဘူးဆိုရင် သင့်အနေနဲ့ပဲနို့၊ဆန်နို့၊အယ်လ်မွန်နို့တွေကို သောက်ကြည့်ပါ။ သူတို့ကကယ်လ်စီယမ်နဲ့ ဗိုက်တာမင်ဒီ အရင်းအမြစ်တွေပါ။ မှတ်သားစရာအချက်များ နို့တစ်ခွက် ဒါမှမဟုတ်ဒိန်ချဉ်၆ အောင်စမှာ ကာဘိုဟိက်ဒရိတ် ၁၂ဂရမ်နဲ့ပရိုတိန်း ၈ဂရမ်ပါဝင်ပါတယ်။ ဂရိဒိန်ချဉ်ကပုံမှန်ဒိန်ချဉ်ထက်ပရိုတိန်းပါဝင်မှုပိုများပါတယ်။ ၆ အောင်စမှာ ပရိုတိန်း၁၂ဂရမ်ပါဝင်ပါတယ်။ တကယ်လို့သင်ကအဆီပိုနည်းတဲ့ နို့ထွက်ထုတ်ကုန်တွေ ပြောင်းသုံးချင်တယ်ဆိုရင်တော့ အရသာနဲ့အရောင်ကွာခြားမှုတွေကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဟင်းသီးဟင်းရွက်တို့၏စွမ်းအားသတ္တိ

ဟင်းသီးဟင်းရွက်များကိုစားသုံးပေးသင့်ကြောင်း ကျွန်ုပ်တို့အားလုံးမကြာခဏကြားဖူးကြသည်။ အစာအာဟာရ၏အစွမ်းသည် အံ့အားသင့်စရာကောင်းပြီးထိုအစားအစာများထဲတွင် ဟင်းသီးဟင်းရွက်များကထိပ်ဆုံးမှပါဝင်နေသည်။ သို့သော် ကျွန်ုပ်တို့နေ့စဉ်စားသမျှထဲတွင် ဟင်းသီးဟင်းရွက်များမှာအဓိကပါဝင်ခွင့်မရကြပါ။ လူအများစုကရိုးရှင်းလွယ်ကူသောဟင်းသီးဟင်းရွက်များအမယ်စုံအောင် စားပေးဖို့ရန် ပျက်ကွက်ကြသည်။ ကျန်းမားရေးအတွက် အဆီချခြင်းနှင့် အမျှင်ဓါတ်များသောဟင်းသီးဟင်းရွက်များစားဖို့အရေးဦးစားပေးလုပ်သင့်ပါသည်။ ဟင်းသီးဟင်းရွက်များက ကျွန်ုပ်တို့အတွက် ဘာတွေလုပ်ပေးသလဲ? ဟင်းသီးဟင်းရွက်တို့၏အရောင်မျိုးမျိုးသည် အထဲတွင်ပါဝင်သော ဓါတ်တိုးဆန့်ကျင်ပစ္စည်းအမျိုးမျိုးတို့ကြောင့်ဖြစ်သည်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းအားလုံးနီးပါးသည် အပင်များတွင်အဓိကတွေ့ရတတ်သည်။ အသား၊ ငါးတို့တွင် ပါဝင်မှုနည်းပါးသည်။ အကြောင်းရင်မှာသတ္တဝါတို့သည်လည်းအပင်ကိုစားသုံးသူများဖြစ်ပြီး ကျွန်ုပ်တို့ကဲ့သို့ပင် ခန္ဓါကိုယ်၌ ဓါတုစွမ်းအင်အဖြစ်သိုလှောင်ထားသည်။ အပင်များကထုတ်လုပ်သော ဓါတ်တိုးဆန့်ကျင်ပစ္စည်းများသည် ခန္ဓါကိုယ်၏ဆဲလ်များကိုဖျက်ဆီးတတ်သောဓါတ်တိုးပစ္စည်းများကိုချေဖျက်နိုင်သည်။ ဤနည်းဖြင့်ကျန်းမာသော ခန္ဓါကိုယ်ဆဲလ်များကိုကာကွယ်ပေးသည်။ ထို့ကြောင့်လူသားတို့တွင်ဓါတ်တိုးပစ္စည်းများကိုကာကွယ်နိုင်သောအရံအတား သဘာဝအရမပါဝင်သည်ကိုတွေ့ရသည်။ ဟင်းသီးဟင်းရွက်သီးသန့်စားသူများ (သက်သက်လွတ်စားသူများ) သတိပြုရန် ဟင်းသီးဟင်းရွက်များသာပါဝင်သော အစားအစာတွင် သင့်တော်သောအချိုးအစားနှင့် စားနိုင်ပါကလုံလောက်သောအာဟာရကိုရရှိနေမည်ဖြစ်သည်။ အသားကိုရှောင်ကြဉ်စားသုံးသောကြောင့်အသားမှရသောအသားဓါတ် (ပရိုတိန်း)၊ ဇင့်ဓါတ်နှင့် သံဓါတ်တို့ကိုဟင်းသီးဟင်းရွက်မှ စားသုံးပေးရမည်ဖြစ်သည်။ နို့နှင့် နို့ထွက်ပစ္စည်းများကိုရှောင်ကြဉ်ပါကလည်း နို့မှရရှိသောကယ်လ်ဆီယမ်နှင့် ဗီတာမင် ဒီဓါတ်ကိုရရှိရန် အခြားမည်သည့်အစားအစာမှ ရနိုင်သည်ကိုစဉ်းစားရန်လိုအပ်သည်။ အသား၊ ငါးမှရရှိသောအစားအစာအားလုံးကိုရှောင်ကြဉ်မည်ဆိုပါကဗီတာမင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

သံပုရာရည် က သင့်ကို နုပျိုစေမယ်ဆိုတာ ဟုတ်ရဲ့လား

သံပုရာရည် သောက်ခြင်းက သင့်ကိုနုပျိုစေပါတယ်။ သင့်မျက်နှာပေါ်က အရေးအကြောင်းတွေ၊ ဝက်ခြံတွေ၊ ချွေးပေါက်ကျယ်နေတာတွေကို သက်သာဖို့အတွက် သင်မနက်တိုင်း ဘာသောက်လေ့ရှိသလဲ စဉ်းစားကြည့်ပါ။ လက်ဖက်ရည်ပူပူ၊ ကော်ဖီ၊ ဒါမှမဟုတ်လည်း ရေတစ်ခွက်သောက်တဲ့လူ ရှိနိုင်ပါတယ်။ ဒါပေမယ့် သံပုရာရည်သောက်ဖို့တော့ စဉ်းစားသင့်ပါတယ်။ ဖန်ခွက်ထဲမှာ ရေနွေးပူပူလေးနဲ့ သံပုရာသီးတစ်ခြမ်း ထည့်သောက်မယ်ဆိုရင် ကောင်းကျိုးက နှစ်ဆတောင် ရနိုင်ပါသေးတယ်။ ဒါကြောင့် မနက်တိုင်း သံပုရာရည်သောက်ပြီး အသစ်ပြန်လည်မွေးဖွားလိုက်ပါ။ သံပုရာရည်က သင့်ကျန်းမာရေး၊ အထူးသဖြင့် သင့်အရေပြားကို လှပစေပါတယ်။ ဈေးလည်းမကြီးဘဲနဲ့ အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်တဲ့ သဘာဝနည်းတစ်ခု ဖြစ်ပါတယ်။ သံပုရာရည် က တင်းတိပ်နဲ့ ဝက်ခြံကို သက်သာစေတယ် တခြားသော မယုံနိုင်စရာကောင်းတဲ့ အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ တင်းတိပ်နဲ့ ဝက်ခြံတွေကို သက်သာစေတာမို့ အရေပြားဆရာဝန်တွေကလည်း ညွှန်းတတ်ကြပါတယ်။ ဒါကြောင့် အလှကုန်ပစ္စည်းအများစုမှာ သံပုရာပါနေတာပါ။ အဲဒီအပြင် သံပုရာသီးမှာပါတဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရှီတာကီမှို ကြိုက်ကြလား

အသားပေါင်းတွေမှာ ထည့်တတ်သလိုဟော့ပေါ့စားတဲ့အခါမှာဖြစ်ဖြစ်ခေါက်ဆွဲပြုတ်၊ ကြာဇံပြုတ်တွေမှာဖြစ်ဖြစ် ထည့်စားလေ့ရှိကြတဲ့ ရှီတာကီမှို က စားလိုက်တိုင်းအရသာရှိမှုနဲ့အတူ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုပါပေးစွမ်းနေပါတယ်။ ရှီတာကီမှိုဆိုတာက အာရှဒေသမှာလူကြိုက်များတဲ့ အစားအစာတွေထဲကတစ်ခုပေါ့။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် လူကြိုက်အများဆုံးစားစရာစာရင်းမှာ နံပါတ် ၂ ဒါမှမဟုတ် နံပါတ် ၃လောက်ကိုရှိနေတဲ့ စားစရာတစ်မျိုးပေါ့။ ရှီတာကီမှို ဆိုတာ ဝါးလိုက်ရင် အသားလိုမျိုးဝါးလို့ကောင်းပြီး မှိုဆိုတာထက်အရသာကိုလေးလေးနက်နက်ပေးစွမ်းနိုင်တဲ့ ရှီတာကီမှိုက အညိုရောင်ရှိပြီး ခပ်ဝိုင်းဝိုင်းခပ်ထူထူသဏ္ဍာန်ရှိပါတယ်။ လတ်လတ်ဆတ်ဆတ်စားတာရှိသလို အခြောက်ခံပြီးမှရေပြန်စိမ်ပြီး စားတာမျိုးလည်းရှိပါတယ်။ အရှေ့အာရှဒေသမျိုးရင်းဝင်မှိုတစ်မျိုးပါ။ ဂျပန်မှာ အဓိကပေါက်ရောက်ပေမယ့် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ စင်ကာပူနိုင်ငံနဲ့ တရုတ်နိုင်ငံတို့မှာလည်းပေါက်ရောက်ကြပါတယ်။ ရှီတာကီမှာပါတဲ့ အာဟာရဓါတ်တွေ ရှီတာကီက ကယ်လ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓါတ်ပါဝင်မှုများသလို ဗီတာမင် B နဲ့ အခြားသတ္တုဓါတ်များစွားလည်းပါဝင်နေပါသေးတယ်။ ကာဗိုဟိုက်ဒရိတ် ပရိုတင်း အမျှင်ဓါတ် ရိုင်ဗိုဖလာဗင် နီကာဆင် ကော့ပါး ဗီတာမင် B5 ဆီလီနီယမ် မဂ္ဂနိ ဇင့် ဗီတာမင် B6 […]


အာဟာရဆိုင်ရာ အချက်အလက်များ

သံပရာခွံကိုပါ ဝါးစားသင့်တဲ့အကြောင်းအရင်း

အနံ့မွှေးမွှေးလေးနဲ့ ချဉ်တဲ့အရသာကြောင့် လန်းဆန်းမှုကိုပေးတဲ့ သံပရာသီးကို စားတဲ့အခါ အရည်ကိုပဲ ညှစ်ပြီး စားကြတာ များတယ်နော်။ အခွံကိုတော့ ဒီအတိုင်း ထားလိုက်တာ များပါတယ်။ တကယ်တော့ သံပရာသီးက အတွင်းသားတင်မဟုတ်ဘဲ အခွံမှာပါ ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်တဲ့ဓါတ်တွေ ပါဝင်နေပါတယ်။ သံပရာခွံ ဆိုတာ သံပရာခွံ ဆိုတာကို ထွေထွေထူးထူး ပြောနေစရာ မလိုအောင် သိထားပြီး ဖြစ်မှာပါ။ အနံ့မွှေးပြီး အရသာ ချဉ်ချဉ်လေးနဲ့ ခံတွင်းရှင်းတဲ့ သံပုရာသီးရဲ့ အခွံပါ။ အစိမ်းရောင် ရင့်ရင့်၊ အစိမ်းရောင် ဖျော့ဖျော့နဲ့ အဝါရောင်အထိ အမျိုးမျိုး ရှိနိုင်ပါတယ်။ ခါးသက်သက် အရသာရှိပေမယ့် ဆေးဖက်ဝင်ပါတယ်။ သံပရာခွံ မှာပါတဲ့ အာဟာရဓါတ်တွေ သံပရာသီးက အရွယ်အစားအားဖြင့် သေးငယ်ပေမယ့် အခွံကရော အတွင်းသားကပါ ကျန်းမာရေးအကျိုးကျေးဇူးတွေ တော်တော်လေး များပါတယ်။ သံပရာခွံမှာ ကယ်လ်လိုရီ၊ ကာဗိုဟိုက်ဒရိတ်၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

အိုင်အိုဒင်း ကြွယ်ဝတဲ့အစားအစာ (၆) မျိုး

ခန္ဓာကိုယ် ကျန်းမာစေဖို့အတွက် နေ့စဉ် စားသုံးမှုကနေ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝဖို့ လိုပါမယ်။ သတ္တုဓာတ်တွေ ပြည့်ဝဖို့ဆိုတဲ့ထဲမှာ အိုင်အိုဒင်း ပြည့်ဝစေဖို့ကလည်း အရေးကြီးပါတယ်။ ဒီတော့ အိုင်အိုဒင်း ဆိုတာ ဘာလဲ။ ဘယ်လို အစားအစာတွေကနေ အိုင်အိုဒင်းကို ရရှိနိုင်မလဲဆိုတာကို ပြောပြပေးပါမယ်။ အိုင်အိုဒင်းဆိုတာ အိုင်အိုဒင်းက ခန္ဓါကိုယ်အတွက်အရေးပါတဲ့ သတ္တုဓါတ်တစ်မျိုးပါ။ ဒီအရေးပါတဲ့ အိုင်အိုဒင်း ကို အစားအသောက်ကနေတဆင့်ရရှိနိုင်ပါတယ်။ အိုင်အိုဒင်းကို အဓိကလိုအပ်တဲ့အစိတ်အပိုင်းက သိုင်းရွိုက်ဂလင်းပါ။ ခန္ဓာကိုယ်အတွက်အရေးပါတဲ့ သိုင်းရွိုက်ဟော်မုန်းတွေကို ထုတ်လွှတ်ဖို့အတွက် အိုင်အိုဒင်းကိုလုံလောက်စွာရရှိဖို့လိုပါမယ်။ ဒီတစ်ခေါက်တော့ အိုင်အိုဒင်း ကြွယ်ဝတဲ့အစားအစာ လေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။ အိုင်အိုဒင်း ကြွယ်ဝတဲ့အစားအစာ (၆) မျိုး အိုင်အိုဒင်း လုံလောက်စွာရရှိဖို့ဘာတွေစားမလဲ............ ဆိုပြီး စဉ်းစားရခက်နေပြီလား။ ဒါဆိုရင် အိုင်အိုဒင်း ကြွယ်ဝတဲ့ အစားအစာ တွေကို ကြည့်လိုက်ပါဦး။ (၁) ရေညှိ ဓါတ်တိုးဆန့်ကျင်အာနိသင်၊ ဗီတာမင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

စပါးလင် စားရင်းရမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ

စပါးလင်ကို မြန်မာတွေအကြိုက် မုန့်ဟင်းခါးထဲမှာ ထည့်ချက်ကြသလို ငါးဟင်း၊ အသားဟင်းတွေ ထဲမှာပါ ထည့်ချက်စား ကြပါတယ်။ အညှီအဟောက် နိုင်သလို ခံတွင်းလည်း ရှင်းစေတဲ့ စပါးလင်လေးက စားလို့ ကောင်းရုံတင် မဟုတ်ဘဲ အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေလည်း ပေးပါသေးတယ်။ ဘယ်လို အာဟာရဓာတ်တွေ ရနိုင်လဲ စပါးလင် အရွယ်တော် တစ်ချောင်းစာမှာ • ရေဓာတ် • ပရိုတင်း • အဆီဓာတ် • ကာဗိုဟိုက်ဒရိတ် • ကယ်လ်ဆီယမ် • သံဓာတ် • မဂ္ဂနီဆီယမ် • ဖော့စဖရိတ် • ပိုတက်ဆီယမ် • ဆိုဒီယမ် • ဇင့် • ဗီတာမင် C • သီရာမင်း • ရိုင်ဗိုဖလာပင် • နီကာဆင် • ဗီတာမင် B • ဖောလိတ် • ဗီတာမင် A • ဗီတာမင် D တို့ပါဝင်ပါတယ်။ စပါးလင် ကပေးတဲ့ ကျန်းမာရေး စပါးလင် စားရင်းရမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ကိုလက်စထရောကျစေနိုင်တယ် စပါးလင် ပုံမှန် စားသုံးပေးမှုက […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဘလူးဘယ်ရီသီးလေး ရဲ့ ကျန်းမာရေးအာနိသင်

ဘလူးဘယ်ရီသီးလေး တွေက အမြင်လှသလို စားရင်လည်း အရသာရှိပါတယ်။ သူ့ရဲ့ အရည်အချင်းက ဒီလောက်နဲ့ပဲ ပြီးသွားတာလားဆိုတော့ မဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးတွေ ရှိနေပါသေးတယ်။ ဘလူးဘယ်ရီသီး ကနေ ရရှိမယ့် အာဟာရဓာတ်တွေ စားရတာ အရသာရှိတဲ့ ဘလူးဘယ်ရီသီးလေး မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ • အမျှင်ဓာတ် • ဗီတာမင် C • ဗီတာမင် K • ဗီတာမင် A • ဗီတာမင် E • ဖောလိတ် • ဓာတ်တိုးဆန့်ကျင်ပစ္စည်း • မဂ္ဂနိ့ • မဂ္ဂနီဆီယမ် • နီကာဆင် • သံဓာတ် • ကယ်လ်ဆီယမ် • အခြားအာဟာရဓာတ်တွေပါဝင်နေပါတယ်။ ဘလူးဘယ်ရီသီးလေး ရဲ့ ကျန်းမာရေးအာနိသင် စားလို့ကောင်းတဲ့ ဘလူးဘယ်ရီသီးတွေက ကျန်းမာရေးအတွက် အခုလို အထောက်အကူပြုပေးပါတယ်။ ဘလူးဘယ်ရီသီးလေး ရဲ့ ကျန်းမာရေးအာနိသင် တွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ • Anthocyanins လို့ခေါ်တဲ့ ဖလေဗာနွိုက် ပါဝင်တာကြောင့် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း