အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းမြစ်ကိုတော့ သိကြတယ်။ စားဖြစ်တယ်ဆိုပေမယ့် ထန်းအူတိုင်ကို စားဖြစ်တာတော့ ရှားပါတယ်။ ထန်းအူတိုင်ကို မြန်မာလူမျိုးတွေထက် ဥရောပ လူမျိုးတွေက ပိုမို စားသုံးကြတာပါ။ ထန်းအူတိုင်ကို များသောအားဖြင့် ဆားစိမ်ထားတာ၊ ဒါမှမဟုတ် ဆီသွတ်ဗူးပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ ထန်းအူတိုင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စားစရာတစ်ရပ်အနေနဲ့ စားသုံးခဲ့ကြတာပါ။ အာဟာရတန်ဖိုးကို သိရှိပြီးနောက်ပိုင်းမှ စားသုံးသူတွေ ပိုများလာတာပါ။ ထန်းအူတိုင် ဆိုတာ ထန်းအူတိုင်ဆိုတာက အသီးအရွက်တစ်မျိုးပါ။ ထန်းပင်တွေရဲ့ အတွင်းအကျဆုံး အပိုင်းက ကြီးထွားလာမယ့် အဖူးလေးတွေ အခက်အလက်လေးတွေပါ။ အရမ်းကိုနုနယ်တဲ့ အနေအထားပါ။ အဖြူရောင်၊ နို့နှစ်ရောင်ရှိနိုင်ပါတယ်။ ထုလုံးရှည်လိုပုံမျိုး ရှိပြီး အလွှာလေးတွေ အထပ်လိုက်နဲ့ ဖွဲ့စည်းထားတာပါ။ အရသာက ချိူဆိမ့်ဆိမ့်လေးပါ။ ထန်းအူတိုင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ထန်းအူတိုင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

Spirulina Algae (စိမ်းပြာရေညှိ)

စိမ်းပြာရေညှိ (Spirulina Algae)စိမ်းပြာရေညှိက ကမ္ဘာမြေကြီးရဲ့ သက်တမ်းအရင့်ဆုံးသော သက်ရှိတစ်မျိုးလို့ဆိုရမှာပါတယ်။ စိမ်းပြာရေညှိက ကမ္ဘာ့လေထုအတွက်အောက်ဆီဂျင်ထုတ်ပေးတဲ့ တာဝန်ကို တစ်စိတ်တစ်ဒေသကနေထမ်းဆောင်ပေးနေပါတယ်။ စိမ်းပြာရေညှိက ကမ္ဘာ့ပထမတန်းစား အစားအသောက်တစ်ရပ်ဖြစ်ပြီး ကမ္ဘာ့မြေပေါ်က အာဟာရဓါတ်အကြွယ်ဝဆုံးသော အစားအစာတွေထဲက တစ်ရပ်ဖြစ်ပါတယ်။ စိမ်းပြာရေညှိမှာ ပရိုတင်းဓါတ် ၅၅ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိပါဝင်ပြီး ခန္ဓါကိုယ် အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် ၈ မျိုး နဲ့ သိပ်အရေးမပါတဲ့ အမိုင်နိုအက်ဆစ် ၁၀ မျိုးလောက်ပါဝင်နေပါတယ်။gamma-linolenic acid (GLA) များစွာပါဝင်ပြီး ၊ ဘီတာကယ်လ်ရိုနွိုက်၊linoleic အက်ဆစ်၊arachidonic အက်ဆစ်၊ ဗီတာမင်B12၊ ကယ်လ်ဆီယမ်၊ဖော့ဖရိတ် နဲ့ အခြားအာဟာရဓါတ်များစွာပါဝင်ပါတယ်။ စိမ်းပြာရေညှိတစ်ခုတည်းမှာသာပါဝင်တဲ့ pigment-protein complex လည်းပါဝင်ပါတယ်   စိမ်းပြာရေညှိရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုအာဟာရဓါတ်များစွာပါဝင်ခြင်း စိမ်းပြာရေညှိကရေချိုရောရေငန်မှာပါပေါက်ရောက်တဲ့ သက်ရှိသတ္တဝါတစ်မျိုးပါ။cyanobacterium ဘက်တီးရီးယားတစ်မျိုးလို့လည်းခေါ်ပါတယ်။ အပင်တွေနဲ့ဆင်တူတဲ့cyanobacterium ကနေရောင်ခြည်ကိုစုပ်ယူပြီး အစာချက်လုပ်မှုကနေတဆင့် […]


အာဟာရဆိုင်ရာ အချက်အလက်များ

Guava (မာလကာသီး)

မာလကာသီးမာလကာသီးဟာ ကျန်းမာရေးအတွက်ကောင်းကျိုးများစွာရှိတဲ့အပြင်niacin၊ ဗီတာမင် C ၊ ဗီတာမင် A ၊သံဓါတ်၊ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ကယ်လ်စီယမ်နဲ့thiamine တို့ပါဝင်ပါတယ်။ မာလကာသီး ကလေပွခြင်းကိုသက်သာစေပြီး အစာကြေလွယ်စေ၊ အရောင်ကျစေတဲ့ အပြင် ပဋိဇီဝပိုးမွှားတွေကိုလည်းသေစေနိုင်ပါတယ်။ မာလကာသီးက ဝက်ခြံပျောက်စေ၊လိပ်ခေါင်းပျောက်စေ၊ ဆီးချိုဖြစ်နိုင်ခြေလျော့နည်းစေ၊ သန္ဓေရရှိနိုင်ခြေများစေပြီး ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အချဉ်ပေါက်ခြင်းတို့လို အစာချေဖျက်မှုဆိုင်ရာပြဿနာတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။ မာလကာသီးရဲ့အခွံနဲ့အစေ့မှာ ရောင်ရမ်းမှုကိုလျော့ကျစေပြီး ပဋိဇီဝပိုးမွှားတွေသေစေနိုင်စွမ်းရှိတဲ့ glycosides ၊carotenoids၊ နဲ့တခြားphenolic နဲ့flavonoidဒြပ်ပေါင်းတွေပါဝင်ပါတယ်။ ဒါ့အပြင် ဗိုက်ပြည့်စေတဲ့အသီးဖြစ်လို့ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပေးပါတယ်။ အသီးထဲမှာ အစေ့သေးသေးလေးတွေ အများကြီးပါပေမယ့် အစာချေဖျက်နိုင်မှာမဟုတ်တာကြောင့် စားလို့မရဘဲ စွန့်ပစ်နေရပါတယ်။ မာလကာစေ့ကို ဒီအတိုင်းတော့ အသီးနဲ့အတူရောစားလို့မရပါဘူး။ အူအတက်ပေါက်မှာ စိုးရိမ်ရတာကြောင့် မစားရဲရင် ဖျော်ရည်မှာလိုမျိုး အသီးနဲ့အစေ့ကို ရောကြိတ်ပြီးစားနိုင်ပါတယ်။ မာလကာသီးရဲ့ ဆေးဖက်ဝင်အာနိသင်များမာလကာသီးအစေ့ကနေ ရရှိနိုင်မယ့်ဆေးဖက်ဝင်အာနိသင်တချို့ကတော့ – (၁) သွေးတိုးကိုကျစေနိုင် မာလကာမှာ ပါဝင်တဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

Cashew (သီဟိုဠ်စေ့)

သီဟိုဠ်စေ့ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများသီဟိုဠ်စေ့က နှလုံးကျန်းမာရေး၊ အာရုံကြောကျန်းမာရေး၊ ကြွက်သားလုပ်ဆောင်ချက်ကောင်းမွန်စေခြင်း၊တို့လို ကျန်းမာရေးအကျိုးကျေးဇူးတွေအပြင်သွေးအားနည်းခြင်း၊ ဆီးချိုရောဂါတို့လိုရောဂါအခြေအနေတွေကိုပါ သက်သာလျော့ပါးစေနိုင်တဲ့ အစေ့အဆံတစ်မျိုးဖြစ်ပါ တယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့်လည်းသွေးနီဥဆဲလ်ဖြစ်ပေါ်မှုကို ကူညီပေးပြီး ကိုယ်ခံအားကိုကောင်းစေပါတယ်။   သီဟိုဠ်စေ့ရဲ့အာဟာရတန်ဖိုးသီဟိုဠ်စေ့မှာ အာဟာရဓါတ်ပြည့်ဝတဲ့အပြင်ကော့ပါး၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓါတ်၊ပိုတက်စီယမ်နဲ့ဇင့်အပါအဝင် သတ္ထုဓါတ်တွေနဲ့ ပရိုတင်းတွေပါဝင်ပါတယ်။ သူ့မှာ ဗီတာမင်C ၊B1(thiamin)၊ B2(riboflavin) ၊B3(niacin)၊B6၊ folate ၊ ဗီတာမင် E(alpha-tocopherol) နဲ့ ဗီတာမင် K(phylloquinone) တို့ပါဝင်တဲ့အပြင် သင့်တင့်စွာ စားသုံးမယ်ဆိုရင် monounsaturated အဆီတွေနဲ့polyunsaturated အဆီတွေ၊ အကျိုးပြုကိုလက်စထရောတွေကိုကောင်းမွန်စွာထိန်းသိမ်းနိုင်ပါတယ်။   ကျန်းမာရေးအကျိုးကျေးဇူးများသီဟိုဠ်စေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ – (၁) နှလုံးရောဂါကာကွယ်ပေးခြင်း သီဟိုဠ်စေ့ဟာ အဆီမှာပျော်ဝင်လွယ်တဲ့ ဗီတာမင် A ၊ D၊E ၊ K တို့ကို စုပ်ယူနိုင် ဦးနှောက်ဖွံ့ဖြိုးမှုနဲ့သွေးခဲပိတ်ဆို့ခြင်းတို့အတွက် အရေးပါတဲ့ အကျိုးပြုအဆီတွေ၊ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့သွေးခဲပိတ်ဆို့မှုအတွက် အဓိကကျတဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

စားသောက်ကုန်ပါ အညွှန်းများကို နားလည်အောင်ဖတ်ခြင်း

အာဟာရပြည့်ပြီး မျှတသည့် အစားအစာပမာဏဖြင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် တစ်ချို့သောကင်ဆာများလို ရုပ်ပိုင်းဆိုင်ရာ ပြဿနာများဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါသည်။ စားသောက်ကုန်ပါအညွှန်းများတွင် အစာနှင့်ပါတ်သတ်သည့် အချက်အလက်များဖြစ်သော အာဟာရတန်ဖိုး၊ ပါဝင်ပစ္စည်းနှင့် ကယ်လိုရီပမာဏတို့ ပါဝင်ပါသည်။ ထို့ကြောင့် စားသောက်ကုန်များတွင်ပါသော အညွှန်းစာကို မဝယ်ယူခင် သေချာဖတ်ခြင်းက မိသားစုအတွက် လုံလောက်သည့် အာဟာရများရရှိရန် စမတ်ကျကျ ရွေးချယ်နိုင်မည်ဖြစ်သည်။   အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) နှင့် ယူအက်စ် စိုက်ပျိုးရေးဌာန (USDA) တို့သည် ထုပ်ပိုးရောင်းချသည့်အစားအစာများ၏အညွှန်းများ၌ အစာတွင်ပါသော အာဟာရဆိုင်ရာ အချက်အလက်များကို ဖတ်ရသောပုံစံနှင့် ထည့်ရန် များသောအားဖြင့် အထုပ်၏ နောက်ကျောဖက် သို့မဟုတ် အတွင်းထဲတွင် ထည့်ခိုင်းပါသည်။ အောက်၌ အစားအစာအညွှန်းများတွင် ပါတတ်သော အချက်အလက်တစ်ချို့ကို ဖော်ပြထားပါသည်။   နေ့စဉ်လိုအပ်ချက်၏%ဖြင့်ပြခြင်း (%DV) ဤအချက်၌ သင်တစ်နေ့တာလိုအပ်မည့် အာဟာရ၏ရည်ညွှန်းပမာဏကို ရာခိုင်နှုန်းဖြင့်ဖော်ပြထားခြင်းဖြစ်သည်။ များသောအားဖြင့် တစ်နေတာလိုအပ်ချက် ၂၀၀၀၀ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မယ်ဇလီ

မယ်ဇလီ (Senna) မယ်ဇလီက ဆေးဖက်ဝင်အပင်တစ်မျိုးပါ၊ အရွက်နဲ့အသီးဆေးဖော်ရာမှာအသုံးပြုပါတယ်။ မယ်ဇလီဟာ FDA ကအသိအမှတ်ပြုထားတဲ့ဆေးညွှန်းမလိုတဲ့ ဝမ်းနုတ်ဆေးတစ်မျိုးဖြစ်ပါတယ်။ ဝမ်းချုပ်တာကို သက်သာစေဖို့အတွက် နဲ့ စအိုကနေပိုက်ထည့်ပြီးမှန်ပြောင်းဖြင့်ကြည့်နည်း (colonoscopy) မလုပ်ဆောင်ခင်အူမကြီးအတွင်းသန့်ရှင်းစေဖို့အတွက်အသုံးပြုပါတယ်။ မယ်ဇလီကို နာတာရှည်အူလမ်းကြောင်းဆိုင်ရာ ပြဿနာစု (irritable bowel syndrome)၊ လိပ်ခေါင်းရောဂါ (hemorrhoids) နဲ့ ကိုယ်အလေးချိန်ကျဆင်းစေဖို့အတွက်လည်း အသုံးပြုပါတယ်။ဆေးဖက်ဝင်တယ်ဆိုတဲ့အချက်ကြောင့် နှစ်ခြိုက်စွာစားသုံးနေကြတဲ့ မယ်ဇလီရဲ့ ကျန်းမာရေးအကျိုးကျေးဇူးအချို့ကိုမျှဝေပေးလိုက်ပါတယ်။ မယ်ဇလီကနေ ဘာအကျိုးကျေးဇူးတွေရရှိနိုင်သလဲ မယ်ဇလီက ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။ ၁. အရေပြားရောဂါတွေကိုသက်သာစေခြင်း မယ်ဇလီရဲ့ အဆီကအရေးပြားပေါ်မှာဖြစ်တတ်တဲ့ နီမြန်းရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ အရွက်ကိုကြိတ်ခြေပြီး ရလာတဲ့အနှစ်ကိုပွေး၊အနာနဲ့အပူလောင်နာတွေအတွက်အသုံးပြုနိုင်ပါတယ်။ မယ်ဇလီမှာ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရေပြားဆိုင်ရာရောဂါတွေ (သို့) အရေပြားပေါ်မှာဖြစ်တဲ့ အသေးစားကူးစက်ရောဂါတွေကိုကုသရာမှာ အထောက်အကူပြုပါတယ်။ မယ်ဇလီရွက် အနှစ်ကို ဝက်ခြံလိုမျိုး အရေပြားဆိုင်ရာ ကူးစက်ရောဂါတွေနဲ့နှင်းခူလိုမျိုး အရေပြားပေါ်မှာဖြစ်တဲ့ ကူးစက်ရောဂါတွေကို ကုသရာမှထြိရောက်စေပါတယ်။ မယ်ဇလီမှာပါတဲ့ acetone နဲ့ ethanol တို့က […]


အာဟာရဆိုင်ရာ အချက်အလက်များ

ငုံးဥ ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ကြက်ဥ၊ ဘဲဥ၊ ငုံးဥ လိုမျိုး ဥအမျိုးမျိုး ရှိတဲ့အထဲကမှ ငုံးဥကို အကြိုက်ဆုံးလား .... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ငုံးဥ ဆိုတာ ငုံးဥ ဆိုတာ ငုံးငှက်ကလေးတွေရဲ့ဥလေးတွေဖြစ်ပါတယ်။ ငုံးငှက်လေးတွေကမြေပြင်မှာ လျင်လျင်မြန်မြန် သွားလာနိုင်ပြီး တခါတလေတော့ ပျံတတ်ပါတယ်။ ငုံးဥက ကြက်ဥထက် တော်တော်လေး သေးပြီး အခွံပေါ်မှာ အမဲရောင် အစက်လေးတွေ ပါဝင်ပါတယ်။ အလေးချိန်အားဖြင့် ကြက်ဥ နဲ့ ဘဲဥတွေထက် ပေါ့ပေမယ့် အာဟာရဓါတ် ကတော့ တော်တော်လေး ပိုများပါတယ်။ ငုံးဥ ကနေပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ ငုံးဥမှာ အာဟာရဓါတ် ကြွယ်ဝစွာ ပါဝင်ပြီး ကျန်းမာရေးကို အထောက်အကူ ပြုနိုင်တာကြောင့် နေ့စဉ် စားသုံးတဲ့ အစားအသောက်တွေထဲမှာ ထည့်သွင်းစားသုံးပေးမယ်ဆိုရင် ရရှိလာနိုင်မယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အမြင်အာရုံ ကောင်းမွန်စေခြင်း ငုံးဥမှာ အမြင်အာရုံကိုကောင်းမွန်အောင်အားဖြည့်ပေးတဲ့ ဗီတာမင်အေ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ထောပတ်သီး (Avocado)

နွားနို့နဲ့ ဖျော်ပဲသောက်သောက်၊ ဒီအတိုင်းပဲ စားစား၊ အသားလွှာပြီး ဆူရှီထဲ ထည့်စားစား၊ သကြားနဲ့ပဲ တို့စားစား စားလို့ ကောင်းတဲ့ ထောပတ်သီး လေးကို ကြိုက်ကြလား ....... ဒီနေရမှာ အဖြေက 'yes'ဆိုရင် ဆောင်းပါးလေးက သင့်အတွက်ပါ။ ထောပတ်သီး (Avocado) ဆိုတာ ထောပတ်သီး ဆိုတာက ထောပတ်ပင်ရဲ့ အသီးပါ။ အပြင်ခွံ အညိုရောင်၊ ဒါမှမဟုတ် အစိမ်းရောင် ရှိပါတယ်။ အတွင်းသားကတော့ ထောပတ်လို အဝါရောင်ဖျော့ဖျော့ ဒါမှမဟုတ် အစိမ်းရောင် နုနု အနှစ်လေးတွေပါ။ ထောပတ်ပင်က အပင်ကြီးမျိုးဖြစ်ပြီး အသီးတွေက အခိုင်လို်က သီးတတ်ပါတယ်။ အသီးက ခပ်ဝိုင်းဝိုင်းလေးတွေ ရှိသလို ရှည်မြောမြောလေးတွေလည်း ရှိပါတယ်။ အရွယ်အစားကတော့ အမျိုးမျိုး ရှိနိုင်ပါတယ်။ ထောပတ်သီးမှာ ဘာတွေပါလဲ စားလို့ကောင်းတဲ့ ထောပတ်သီးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ပိုတက်ဆီယမ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

အုန်းစိမ်းရည်က ကျန်းမာရေးအတွက် အထောက်အကူပြုသလား

နှစ်ပေါင်းများစွာကတည်းက အုန်းစိမ်းရည်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာပေးစွမ်းနိုင်တယ်ဆိုတာကို သိရှိထားပြီးဖြစ်ပါတယ်။ အုန်းစိမ်းသီးတစ်လုံးမှာ အရည်ဓါတ် ၂၀၀ မီလီလီတာ ကနေ ၁,၀၀၀ မီလီလီတာ အထိပါဝင်ပါတယ်။ အုန်းစိမ်းရည်က အရသာရှိပြီး ကယ်လိုရီပါဝင်မှုနည်းတဲ့ သဘာဝ အချိုရည်တစ်မျိုးပါ။ အုန်းစိမ်းရည်မှာ အုန်းသီးခြောက်အရည်ထက် အာဟာရဓါတ်ပိုမိုပါဝင်ပါတယ်။ အုန်းစိမ်းရည်မှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ အမိုင်နိုအက်ဆစ်၊ အင်ဇိုင်းတွေ၊ ဗီတာမင် ဘီဓါတ်တွေ၊ ဗီတာမင် စီ၊ သံဓါတ်၊ ကယ်လ်ဆီယမ်၊ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်၊ မဂ္ဂနီ နဲ့ ဇင့် ဓါတ်တွေလိုမျိုး သတ္တုဓါတ်တွေပါဝင်နေပါတယ်။ အုန်းစိမ်းရည်မှာပါတဲ့ အာဟာရဓါတ်တွေက ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။ အုန်းစိမ်းရည်မှာပါတဲ့cytokinin လို့ခေါ်တဲ့ အပင်ဟော်မုန်းတစ်မျိုးကလည်း အရွယ်တင်နုပျိုစေသလို ဘက်တီးရီးယားတွေနဲ့ကင်ဆာရောဂါတွေကို တိုက်ဖျက်နိုင်တဲ့အစွမ်းလည်းရှိပါ တယ်။ အုန်းစိမ်းရည်က ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပေးနိုင်သလဲဆိုတဲ့အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ အုန်းစိမ်းရည်က နေရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးများ ခန္ဓါကိုယ်ကိုရေဓါတ်ဖြည့်ပေးခြင်း အုန်စိမ်းရည်က အပူဒဏ်ေကြာင့်ဖြစ်တဲ့ရေငတ်တာကိုပြေစေနိုင်တဲ့ သဘာဝအချိုရည်တစ်မျိုးပါ။ အုန်းစိမ်းရည်မှာပါတဲ့electrolyte compositionတွေကြောင့် ဝမ်းလျှောတာ၊အော့အန်တာနဲ့အလွန်အမင်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

သပွတ်သီးရဲ့ဆေးဖက်ဝင် အာနိသင်များ

သပွတ်သီးဟာ သူ့ရဲ့အာဟာရအာနိသင်ကြောင့် အာရှတလွှားနဲ့ အမေရိကန်မှာ စိုက်ပျိုးစားသုံးနေကြတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ သပွတ်သီးကို နုတဲ့အချိန်မှာ ချက်ပြုတ်စားသောက်လို့ရပြီး အသီးကရင့်လာတဲ့အချိန်ကျရင် အရောင်ရင့်လာပြီးအမျှင်တွေယှက်နေတဲ့ သပွတ်အူကို ပန်းကန်ဆေး၊ အိုးတိုက်တဲ့ အစအဖြစ် အသုံးပြုကြပါတယ်။ သူ့မှာ ကာဗိုဟိုက်ဒရိတ်နဲ့ ဗီတာမင်အေ အပြင် ပိုတက်စီယမ်၊မဂ္ဂနိစ်၊ကော့ပါး၊ ဗီတာမင် B6၊ ဗီတာမင် စီတို့လည်းပါဝင်ပါတယ်။ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗီတာမင်တွေ၊ အာဟာရဓါတ်တွေနဲ့ အဆီဓါတ်၊ သတ္ထုဓါတ်တွေပါဝင်တဲ့သပွတ်သီးဟာ စွယ်စုံအသုံးဝင်တဲ့သဘာဝပစ္စည်းဖြစ်ပါတယ်။ အလှအပရေးရာမှာဆို အရောင်ကျစေဖို့နဲ့ အသားအရေအဆိပ်ထုတ်ဖို့ သပွတ်သီးအမှုန့်ကို အလှကုန်ပစ္စည်းတွေမှာသုံးကြပါတယ်။ အမျိုးသမီးတွေမှာ ရာသီသွေး ထိန်ရင်လည်း သပွတ်သီးက အကျိုးပြုပါတယ်။ ကလေးငယ်ရှိတဲ့မိခင်တွေမှာလည်း နို့ထွက်များစေတယ်လို့ ဆိုပါတယ်။ တခါတရံကျရင် သပွတ်သီးအတွင်းသားကို အရေပြားမှာပွတ်ပေးရင် အရေပြားဆဲလ်သေတွေကို ဖယ်ရှားပြီး အသားအရေကို ဝင်းလက်စေတယ်လို့ပြောကြပါတယ်။ သပွတ်အူနဲ့ပြုလုပ်ဖန်တီးထားတဲ့Luffa charcoal ကို မျက်နှာနဲ့ မျက်လုံးတဝိုက်ရေယုန်တွေပေါ် လိမ်းကြတယ်လို့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဗောက်သီး ( Cape Gooseberry)

(ဗောက်သီး) Cape Gooseberry ဗောက်သီးမှာ ကိုယ်အလေးချိန်လျှော့ချပေးခြင်း၊ ခန္ဓါကိုယ်တွင်းကအဆိပ်အတောက်တွေကိုပြေစေခြင်း၊ဆီးချိုဝေဒနာကိုထိန်းညှိပေးနိုင်ခြင်း၊ ကျောက်ကပ်လုပ်ငန်းဆောင်တာတွေကိုတိုးမြှင့်ပေးနိုင်ခြင်း၊ပြင်းထန်တဲ့ဝေဒနာအချို့ကနေ ကာကွယ်ပေးနိုင်ခြင်း၊နှလုံးကျန်မာသန်စွမ်းမှုကိုတိုးမြှင့်ပေးခြင်း၊ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေခြင်းတို့ဖြစ်ပေါ်အောင်လုပ်ဆောင်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။ ဗောက်သီး ကချိုချိုချဉ်ချဉ်လေးနဲ့အရသာရှိတာကြောင့် အချိုပွဲတွေ၊ကိတ်မုန့်၊သကြားလုံးတွေနဲ့ မုန့်တွေပြုလုပ်ရာမှာထည့်သွင်းအသုံးပြုကြသလို သရေစာအနေနဲ့လည်းဗောက်သီးကို အစိမ်းစားတာမျိုးတွေရှိပါတယ်။ဗောက်သီးမှာ ကယ်လိုရီပမာဏနည်းပါးပြီး ဗီတာမင် နဲ့ သတ္တုဓါတ်တွေလည်းအတော်အသင့်ပါဝင်ပါတယ်။ဗောက်သီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေပြီး ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့Polyphenols နဲ့ carotenoidတွေလည်းပါဝင်ပါတယ်။   ဗောက်သီးကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ ဆီးချို(Diabetes)-ဗောက်သီးမှာfructose ကြွယ်ဝစွာပါဝင်တာကြောင့် ဆီးချိုဝေဒနာသည်တွေစားသုံးဖို့သင့်တော်ပါတယ်။ ရောင်ရမ်းမှုကိုသက်သာစေခြင်း -ဗောက်သီးမှာpolyphenol နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ပန်းနာရင်ကျပ်သက်သာစေတဲ့ဆေး၊ချောင်းဆိုးပျောက်ဆေး၊ အနာကျက်ဆေး၊ သန်ကျဆေး၊ရောင်ရမ်းမှုသက်သာစေတဲ့ဆေး၊ဝမ်းပျော့ဆေး၊ဝမ်းနုတ်ဆေးတွေထုတ်လုပ်ရာမှာအသုံးပြုသလို အစာအိမ်ဝေဒနာတွေအတွက်လည်းအသုံးပြုလို့ရပါတယ်။ သွေးတိုးရောဂါ (Hypertension) ကိုထိန်းညှိ -ဗောက်သီးမှာpolyphenols ၊ carotenoid တို့လိုမျိုး phyto-chemical တွေနဲ့သွေးတိုးတာကိုသက်သာစေနိုင်တဲ့ ပိုတက်ဆီယမ်ဓါတ်တွေသင့်တင့်မျှတစွာပါဝင်တာကြောင့်ဗောက်သီးကသွေးတိုးတာကိုထိန်းညှိပေးနိုင်ပါတယ်။ ထိုဇီဝဓါတုဒြပ်ပေါင်းတွေက ကိုလက်စထရောကိုကျဆင်းစေပါတယ်။ အဆုတ်ကင်ဆာ (Lung Cancer) - မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့လေ့လာမှုတွေအရဗောက်သီးမှာpolyphenol နဲ့ carotenoidတွေပါဝင်နေတာကြောင့် အဆုတ်ကင်ဆာကို ကုသမှုမှာ အကျိုးရှိစေနိုင်တယ်၊လို့တွေ့ရှိရပါတယ်။ဗောက်သီးမှာ ကင်ဆာဆဲလ်တွေကိုတိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ကင်ဆာကုသမှုမှာ အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ အာရုံကြောပြဿနာတွေကို […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း