အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းမြစ်ကိုတော့ သိကြတယ်။ စားဖြစ်တယ်ဆိုပေမယ့် ထန်းအူတိုင်ကို စားဖြစ်တာတော့ ရှားပါတယ်။ ထန်းအူတိုင်ကို မြန်မာလူမျိုးတွေထက် ဥရောပ လူမျိုးတွေက ပိုမို စားသုံးကြတာပါ။ ထန်းအူတိုင်ကို များသောအားဖြင့် ဆားစိမ်ထားတာ၊ ဒါမှမဟုတ် ဆီသွတ်ဗူးပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ ထန်းအူတိုင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စားစရာတစ်ရပ်အနေနဲ့ စားသုံးခဲ့ကြတာပါ။ အာဟာရတန်ဖိုးကို သိရှိပြီးနောက်ပိုင်းမှ စားသုံးသူတွေ ပိုများလာတာပါ။ ထန်းအူတိုင် ဆိုတာ ထန်းအူတိုင်ဆိုတာက အသီးအရွက်တစ်မျိုးပါ။ ထန်းပင်တွေရဲ့ အတွင်းအကျဆုံး အပိုင်းက ကြီးထွားလာမယ့် အဖူးလေးတွေ အခက်အလက်လေးတွေပါ။ အရမ်းကိုနုနယ်တဲ့ အနေအထားပါ။ အဖြူရောင်၊ နို့နှစ်ရောင်ရှိနိုင်ပါတယ်။ ထုလုံးရှည်လိုပုံမျိုး ရှိပြီး အလွှာလေးတွေ အထပ်လိုက်နဲ့ ဖွဲ့စည်းထားတာပါ။ အရသာက ချိူဆိမ့်ဆိမ့်လေးပါ။ ထန်းအူတိုင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ထန်းအူတိုင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ခန္ဓါကိုယ်ကျန်းမာ အားပြည့်စေဖို့ ကြက်ဥစားကြစို့

ခန္ဓါကိုယ်ကျန်းမာ အားပြည့်စေဖို့ ကြက်ဥစားကြစို့ ကြက်ဥစားမယ်ဆိုရင် ချက်နည်းပုံစံတွေ အများကြီး ရွေးလို့ရပါတယ်နော်။ ပြုတ်ခြင်း၊ ကြော်ခြင်း၊ ပြုတ်ပြီး သုပ်ခြင်း၊ ဟင်းချက်ခြင်း၊ ကာကျက် ပုံစံ စားခြင်းဆိုပြီး အများကြီးပါပဲနော်။ အားလုံးနီးပါးကတော့ ကြက်ဥစားရင် အားရှိတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ ကြက်ဥရဲ့ ဘယ်လိုအာဟာရဓါတ်တွေက အားပြည့်စေတာလဲ၊ ကျန်းမာရေး ကောင်းမွန်ဖို့ ဘာတွေ ပေးစွမ်းနိုင်သလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။ ကြက်ဥမှာ အမိုင်နိုအက်ဆစ်တွေ ပါဝင်ပြီး ဒီအက်ဆစ်ဟာ ခန္ဓါကိုယ်ရဲ့ တစ်ရှူးတွေ ဖွံ့ဖြိုးတိုးတက်မှု၊ ဇီဝဖြစ်ပျက်မှုနဲ့ ခန္ဓါကိုယ် ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့ စွမ်းဆောင်ပေးပါတယ်။ ကြက်ဥအကြီးတစ်လုံးမှာ ပရိုတင်း(၆) ဂရမ် ပါဝင်ပြီး အကောင်းဆုံးသော ပရိုတင်းဓါတ်လည်း ဖြစ်ပါတယ်။ အရိုးတစ်ရှုးတွေထဲ ကယ်လ်စီယမ် ဝင်ခြင်းကိုး တိုးတက်စေပြီး သွေးကြောတွေထဲ ကယ်လ်စီယမ် လျှော့ကျစေတာ ကူညီတာကြောင့် နှလုံးသွေးကြောတွေ ကျန်းမာဖို့အတွက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

နို့တွင် ပါဝင်သော MCT (အလယ်လတ်တန်း ထရိုင်ဂရစ်စရိုက်ဆီ) ၏ အကျိုးအာနိသင်များက ဘာတွေလဲ။

MCT ဟုခေါ်သည့် အလယ်လတ်တန်း ထရိုင်ဂရစ်စရိုက်ဆီများသည် ကျန်းမာရေးအတွက် ကောင်းကျိုးပေးသော ဆီများဖြစ်သောကြောင့် ယနေ့ခေတ်တွင်လူအများစက အာရုံစိုက်လာကြပါသည်။ MCT ဟုခေါ်သည့် အလယ်လတ်တန်း ထရိုင်ဂရစ်စရိုက်ဆီများနှင့် ပတ်သက်သော အခြေခံအချက်များ အများစုသော အဆီဓါတ်များသည် ကာဗွန်အမှတ် ၁၂ မှ ၂၂ အတွင်းရှိကြသည်။ MCT သည် ဓါတုဗေဒအားဖြင့် အစားအစာများတွင် ပါရှိသော ကာဗွန်အမှတ် ၈ မှ ၁၂ အတွင်းပါဝင်သည့် အလယ်လတ်တန်း ထရိုင်ဂရစ်စရိုက်ဆီဖြစ်ပါသည်။ အများစုသော အဆီများကို အစာခြေလမ်းကြောင်းမှ စုပ်ယူပြီး ခန္ဓါကိုယ်တွင် လိုအပ်သော တစ်သျူးများတွင် သိုလှောင်ထားပါသည်။ MCT သည် အခြားဆီများကဲ့သို့ အူလမ်းကြောင်းကို ဖြတ်သန်းခြင်းခြင်းမရှိဘဲ အသည်းကိုတိုကိရိုက်ရောက်ရှိခြင်းကြောင့် ကိုယ်ထဲတွင် စွမ်းအင်ပမာဏကို ကြာရှည်စွာ ပေးစွမ်းနိုင်ပါသည်။ MCT ကိုအောက်ပါအတိုင်း ၃ မျိုးခွဲထားပါသည်။ · ကယ်ပရိုအစ်အက်ဆစ် · ကယ်ပရီအစ်အက်ဆစ် · […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရာသီစာများ၏ အကျိုးရလဒ်များ

ဥတုရာသီတွေ ပြောင်းလဲတာနဲ့အတူ ကျွန်တော်တို့ရဲ့ အစားအသောက်ပုံစံတွေလည်း ပြောင်းလဲလာကြပါတယ်။ ရာသီစာတွေက အကောင်းဆုံးနဲ့ အလတ်ဆတ်ဆုံး အရသာကိုပဲ ပေးစွမ်းတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ခန္ဓါကိုယ်အတွက်လည်း အံ့သြဖို့ကောင်းတဲ့ ကောင်းကျိုးအများအပြား ပါဝင်ပါတယ်။ ရာသီစာ စားသုံးခြင်းရဲ့ သိသာတဲ့ ကောင်းကျိုးအချို့ကို ဖော်ပြထားပါတယ်။ ၁။ အရသာ ပိုကောင်းတဲ့အရသာ၊ ပြည့်စုံတဲ့ ရင့်မှည့်မှုတွေကြောင့် အစားအစာတွေကို သူတို့ရဲ့ ရာသီမှာ စားသုံးရတာ အကောင်းဆုံးပါ။ အရသာအပြင်ကို လတ်ဆတ်တဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေက ရာသီမဟုတ်၊ စနစ်တကျစိုက်ပျိုးထားတာတွေထက် ပိုပြီး အဟာရ ပြည့်ဝပါတယ်။ အတွင်းထဲက လာတဲ့အတွက်ကို လတ်ဆတ်ရင့်မှည့်မှု၊ နေရောင်ခြည်ရဲ့ နွေးထွေးမှု၊ ထူးရှယ်ချိုမြမှုတွေနဲ့ ပြည့်ဝနေတဲ့ ပန်းသီးတစ်လုံးထဲကို သင့်သွားတွေရဲ့ နစ်မြှုပ်ဝင်ရောက်သွားတာကို စိတ်ကူးခံစားကြည့်ပါ။ ၂။ အာဟာရ နေရောင်ခြည်နဲ့ မြေဆီမြေနှစ်တွေက လတ်ဆတ်တဲ့ ထွက်ကုန်တွေအတွက် အဟာရနဲ့ တခြားလိုအပ်တဲ့ အရာတွေဖြစ်တဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သံပရာသီးရဲ့ အစွမ်းထက်အာနိသင်များ

သံပရာသီးဟာ ဗီတာမင် စီ အရမ်းကိုကြွယ်ဝတဲ့ အရည်ရွှမ်းသီးဖြစ်ပါတယ်။ သူ့မှာ အမျှင်ဓါတ်နဲ့ ကယ်လ်စီယမ်၊ သံဓါတ်၊ ပိုတက်စီယမ်၊ ကော့ပါး၊ မဂ္ဂနီဆီယမ်တို့လို သတ္ထုဓါတ်တွေကြွယ်ဝစွာပါရှိတဲ့အပြင် အခွံမှာလည်းpolyphenol(ပိုလီဖီနော်လ်) နဲ့terpene(တာပန်း) တို့လိုphytochemical(ဖိုင်တိုကမ်မီကယ်လ်) ဓါတ်တွေပါဝင်ပါတယ်။ မြန်မာ့ရိုးရာအစားအစာတွေမှာက အသီးအရွက်သုပ်လေးတွေစားလေ့ရှိကြတဲ့အခါ သံပရာသီးနဲ့မန်ကျည်းသီးကို သုံးကြပါတယ်။ သံပရာသီးကမွှေးတာကြောင့် အနံ့အသက်ကိုလည်းထိန်းပါတယ်။ အအီစာတွေ စားပြီးတဲ့အခါ ဒါမှမဟုတ်ခေါင်းမူးတဲ့အခါ သံပရာရေကိုဖျော်သောက်လိုက်ရင် ကြည်လင်းလန်းဆန်းစေနိုင်စွမ်းရှိပါတယ်။ ခရီးသွားရင်တောင်မှ သံပရာသီးလေး အိတ်ထဲဆောင်သွားရင်ပဲ ရှူဆေးဘူးမလိုတော့ပါဘူး၊ ကားမူးရင် ရှူလိုက်ရုံပဲ။ ဒီထက်မကတဲ့ နည်းလမ်းပေါင်းစုံနဲ့ အသုံးဝင်လှတဲ့ သံပရာသီးက ကျန်းမာရေးအတွက်ရော ဘယ်လိုအကျိုးကျေးဇူးတွေရှိနေသလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။ Scurvy(စကာဗီ) ရောဂါ သံပရာသီးက ဗီတာမင် စီ ချို့တဲ့မှုကြောင့်ဖြစ်ရတဲ့scurvy(စကာဗီ) လို့ခေါ်တဲ့ရောဂါကို ကုသနိုင်ပါတယ်။ ဒီရောဂါရှိနေရင် သာမန်အအေးမိဝေဒနာတွေ၊ မကြာခဏဖျားနာတာတွေ ကြုံနေရသလို နှုတ်ခမ်းကွဲတာ၊ ကျီးကန်းပါးစပ်အနာ၊ လျှာနဲ့ခံတွင်းထဲမှာ အနာလေးတွေဖြစ်တာတွေ ရှိလာတတ်ပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ငရုတ်သီးစိမ်းရဲ့ အစွမ်းသတ္တိ (၁၀) မျိုး

သင်ဟာ ငရုတ်သီးချစ်သူလား။ မျက်နှာတစ်ချက်မပျက်ဘဲ ငရုတ်သီးစိမ်းကိုစားနိုင်တဲ့သူ၊ လက်ဖက်သုပ်တင်မကဘဲ ဘာအသုပ်လေးစားစား ငရုတ်သီးစိမ်းနဲ့တွဲစားရမှ ဆိုတဲ့သူ၊ သင်္ဘောသီးဆို ရခိုင်သုပ်လေးမှ၊ ချဉ်စပ်ကလေးမှ ဆိုတဲ့သူဖြစ်ရင် ငရုတ်သီးချစ်သူပီသပါတယ်။ တချို့ကတော့ ဟင်းထဲပါလာတဲ့ ငရုတ်သီးလေးတွေတောင် အသေအချာရွေးဖယ်တတ်သူပါ။ အစပ်ကြောက်တတ်သူတွေက ငရုတ်သီးကို အစိမ်းရော၊ အမှည့်ရောရှောင်တတ်ပေမယ့် ငရုတ်သီးရဲ့အံ့သြလောက်စရာ အကျိုးကျေးဇူးတွေကို သိလိုက်ရရင် ကိုယ်ယူမစားတောင် ဟင်းထဲထည့်ချက်တာလောက်ကို ခွင့်ပြုကြမယ်ထင်ပါတယ်။ ဒါ့ကြောင့်ပဲ ဟိုယခင်တည်းကမြန်မာ့ဟင်းလျာတွေမှာ ဘာလေးချက်ချက် ငရုတ်သီးစိမ်းလေးခတ်ပြီးချက်ပြုတ်တတ်ကြတာထင်ပါတယ်(ဥပမာ ချဉ်ရည်ဟင်းလိုမျိုး)။ အနံ့လည်းပိုမွှေးပြီး အညှီနံ့ပျောက်တာကိုး။ ငရုတ်သီးစိမ်းက ဗီတာမင် စီ ကြွယ်ဝပြီး အနှစ်လုပ်၊ထောင်းကြိတ်ကြတဲ့ ငရုတ်ခြောက်တွေမှာ ဗီတာမင် အေ ပိုများပါတယ်။ အစိမ်းရောင် သို့မဟုတ် အနီရောင်စိုတဲ့ ငရုတ်သီးတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဘီတာကယ်ရိုတင် ပါဝင်မှုများပြီး ဗီတာမင် ဘီနဲ့ အီး၊ သံဓာတ်နဲ့ ပိုတက်စီယမ်ဓာတ်တွေလည်းပါဝင်ပါတယ်။ ငရုတ်သီးစိမ်းကနေ ဘာအကျိုးကျေးဇူးတွေရနိုင်မလဲ ဆက်ကြည့်ရအောင်။ (၁) […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျန်းမာချင်ရင် ငါးစားပေးပါ

လူတော်တော်များများက ငါးစားရင်အရိုးစူးမှာကိုတွေးကြောက်ပြီး ငါးမစားကြပါဘူး။ ငါးက ကြက်သားတွေ၊အမဲသားတွေလိုမျိုး စားရတာအရမ်းကြီး အဆင်မပြေပေမယ့် ခန္ဓာကိုယ်အတွက်ကတော့တော်တော်လေး အကျိုးရှိပါတယ်။ ငါးစားပေးပါ ၊ ငါးစားရင် ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်လဲဆိုတာကိုပြောပြပေးပါရစေ။ ဘာကြောင့်ငါး စားသင့်တာလဲ ငါးမှာ ကယ်လ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်းပါဝင်မှုများတာကြောင့် ဦးနှောက်အတွက် အကျိုးပြုပါတယ်။ ငါးမှာ ခန္ဓါကိုယ်အတွက် မရှိမဖြစ်အရေးပါတဲ့omega-3 fatty acid လည်းပါဝင်ပါတယ်။ လူရဲ့ခန္ဓယကိုယ်ကomega-3 fatty acid ကိုမထုတ်လုပ်နိုင်ပါဘူး။လေ့လာမှုတွအရomega-3 fatty acid က နှလုံးကိုကျန်းမာစေနိုင်သလို ခန္ဓါကိုယ်ကျန်းမာရေးအတွက်လည်းအရေးပါပါတယ်။ ငါးကိုမကြိုက်ဘူး ဆိုရင်တောင်မှ ခန္ဓါကိုယ်ကျန်းမာစေဖို့အတွက် တစ်ပတ်ကို တစ်ကြိမ် နှစ်ကြိမ်လောက်တော့ ငါးစားပေးသင့်ပါတယ်။ ကျန်းမာချင်ရင် ငါးစားပေးပါ ကျန်းမာချင်ရင် ငါးစားပေးပါ လို့ ပြောရတဲ့ အကြောင်းအရင်းက နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးတယ် လေ့လာမှုတွေအရ တစ်ပတ်ကိုတစ်ကြိမ်ပုံမှန် ငါးစားသုံးတဲ့သူတွေက ပုံမှန်ထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းနည်းနေတယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ ငါးလုံးဝမစားသူတွေက ရံဖန်ရံခါ ငါးစားသူတွေထက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

နေ့စဉ် စားသုံးနေတဲ့ ထမင်းက ခန္ဓာကိုယ်ကို ဘယ်လောက်ထိ အကျိုးပြုနေသလဲ

ထမင်းကမြန်မာလူမျိုးတွေအဓိကစားသုံးတဲ့အစားအစာတစ်ခုပါ။ ထမင်းက ဘယ်လိုအရောင်အဆင်း ဘယ်လိုအရသာရှိတယ်ဆိုတာကိုတော့ အထူးတလည်ပြောပြဖို့လိုမယ်မထင်ပါဘူး။ တစ်နေ့ကို အနည်းဆုံး ၂ ကြိမ်လောက်စားဖြစ်နေတဲ့ ထမင်းက ခန္ဓာကိုယ်အတွက် ဘယ်လောက်တောင် အကျိုးပြုပေးနေလဲဆိုတာကိုတော့ သိပ်သတိမထားမိကြပါဘူး။ အရှေ့တောင်အာရှနိုင်ငံတွေကပြည်သူတွေက ထမင်းကိုအဓိကထားစားသုံးကြပါတယ်။ ဒီလိုမျိုးနေ့စဉ်စားသုံးဖြစ်နေတဲ့ ထမင်းက ခန္ဓာကိုယ်ကို ဘယ်လောက်ထိ အကျိုးပြုပေးနေလဲဆိုတာကို အခုဆောင်းပါးလေးထဲမှာပြောပြပေးချင်ပါတယ်။ ထမင်းကနေ ဘယ်လိုအာဟာရဓာတ်တွေရရှိနိုင်သလဲ ထမင်းမှာ ခန္ဓာကိုယ်အတွက် စွမ်းအင်ပေးတဲ့ ကာဗိုဟိုက်ဒရိတ်၊ ကိုယ်တွင်း ကယ်လ်ဆီယမ်နဲ့ ဖော့စဖရိတ်ဓာတ်တွေကို ထိန်းညှိပေးဖို့လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်တဲ့ ဗီတာမင် D၊ အရိုးတွေကြံ့ခိုင်သန်စွမ်းဖို့အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်၊ အစာတွေကိုကြေညက်စေဖို့နဲ့ အူလမ်းကြောင်းက အာဟာရဓာတ်တွေစုပ်ယူမှုကို အားဖြည့်ပေးတဲ့ အမျှင်ဓာတ်၊ ခန္ဓာကိုယ်ရဲ့ သွေးဆဲလ်တွေကို တိုးပွားစေနိုင်တဲ့ သံဓာတ်၊ ခန္ဓာကိုယ်ရဲ့သွေးပမာဏနဲ့ ရေဓာတ်ပမာဏကို ထိန်းညှိပေးတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ ဆိုဒီယမ်တို့ပါဝင်ပါတယ်။ ထမင်းစားရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ ဦးနှောက်ရဲ့ လုပ်ငန်းစဉ်တွေကို အထောက်အပံ့ပေးတယ် စိတ်ကျန်းမာရေးကောင်းမွန်စေဖို့အတွက် ကာဗိုဟိုက်ဒရိတ်က […]


အာဟာရဆိုင်ရာ အချက်အလက်များ

Orange (လိမ္မော်သီး)

လိမ္မော်သီး (Orange)အခွံက လိမ္မော်ရောင် ဒါမှမဟုတ် အနီဘက်ခပ်သန်းသန်းဖြစ်နေတဲ့ လိမ္မော်ရောင်ရင့်ရင့်ဖြစ်တတ်ပါတယ်။ အရသာကလည်း ခံတွင်းရှင်းပြီးစားကောင်းပါတယ်။ ဗီတာမင် C နဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်တာကြောင့်ခန္ဓါကိုယ်အတွက်တော်တော်လေးအကျိုးပြုတဲ့ အစားအသောက်တစ်ခုပါ။ လိမ္မော်သီးက ကယ်လ်လိုရီပါဝင်မှုနည်းပြီး အာဟာရဓါတ်လည်းအပြည့်အဝပါဝင်ပါတယ်။ သဘာဝအချိုဓါတ်ရရှိစေနိုင်တဲ့ သစ်သီးတစ်မျိုးလည်းဖြစ်ပါတယ်။ အာဟာရတန်ဖိုးလိမ္မော်သီးအရွယ်တော် တစ်လုံးမှာ ကယ်လ်လိုရီ ၈၀ ၊ ပိုတက်ဆီယမ် ၂၅၀ မီလီဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၁၉ ဂရမ်၊ ပရိုတင်း ၁ ဂရမ်ပါဝင်ပြီး အဆီဓါတ်တော့ လုံးဝမပါဝင်ပါဘူး။ လိမ္မော်သီး တစ်လုံးက တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင် C ၁၃၀ ရာခိုင်နှုန်း၊ ဗီတာမင် A ၂ ရာခိုင်နှုန်း၊ ကယ်လ်ဆီယမ် ၆ ရာခိုင်နှုန်းတိုပါဝင်ပါတယ်။ သံဓါတ် နဲ့ အဆီဓါတ်တော့မပါဝင်ပါဘူး။ ဒါ့အပြင် လိမ္မော်သီးမှာthiamin၊ riboflavin၊ niacin၊ […]


ကျန်းမာစွာ စားသောက်ခြင်း

ဒရင်ကောက်ပင်၏ အံ့ဖွယ်(၇)ချက်

မြန်မာအခေါ် ဒရင်ကောက်ပင်( fiddlehead) ဆိုတာ နူးညံ့ပြီး အရွက်ရဲ့ထိပ်မှာ အခွေအလိပ်သ လေးရှိတဲ့ ဖန်းပင်တစ်မျိုးပါ ။ သူ့ရဲ့ ပုံစံက ကြိုးတပ်တူရိယာတွေမှာ အများဆုံးတွေ့ရတတ်တဲ့ (ဥပမာ-တယော) ရဲ့ ထိပ်ဆုံးက အဆင်တန်ဆာလေးနဲ့ ဆင်တူပါတယ်။ သူ့ကို အစို့အညှောက်လေးတွေ ထွက်ခါစမှာ ခူးယူစားသုံးနိုင်ပါတယ်။ နွေဦးရာသီအစမှာ ဒရင်ကောက်ပင်တွေကို ပေါပေါများများ တွေ့ရတတ်ပါတယ်။ အညွန့်လေးတွေကိုခူးပြီး သုပ်စားလို့ပဲဖြစ်ဖြစ်၊ ကြော်စားလို့ပဲဖြစ်ဖြစ် အမျိုးမျိုးအဖုံဖုံ လုပ်စားနိုင်ပါတယ်။ ဒရင်ကောက်ပင်မှာ ဗီတာမင်အေ၊ဗီတာမင်စီ နဲ့ omega 3 တို့ ကြွယ်ဝစွာ ပါရှိတဲ့အတွက် ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုနိုင်ပါတယ်။ သင်မသိသေးတဲ့ ဒရင်ကောက်ပင်ရဲ့ အံ့ဖွယ်အချက် (၇)ချက်ကို အောက်မှာ ဖော်ပြထားပါတယ်။ (၁) ဒရင်ကောက်ပင်ဟာ ကိုယ်အလေးချိန်ကျဆင်းရန် စွမ်းဆောင်ပေးနိုင်ပါတယ်။ အာဟာရဓါတ်ပါဝင်မှု သိပ်သည်းဆမြင့်တဲ့ ဒရင်ကောက်ပင် 100 g […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကာဗိုဟိုက်ဒရိတ် အမျိုးအစား ၂ မျိုး

ကာဘိုဟိုက်ဒရိတ်က စွမ်းအင်ကိုပေးပါတယ်။ လူရဲ့ကိုယ်က အဲဒီစွမ်းအင်ကို လူရဲ့လုပ်ငန်းစဉ်တွေ လည်ပတ်ဖို့အသုံးပြုပါတယ်။ သင်အစားအသောက်တွေစားသုံးတဲ့အခါ ကာဘိုဟိုက်ဒရိတ်ဘက်ကိုလည်း သတိထားသင့်ပါတယ်။ သူတို့က သင့်ရဲ့ သွေးချိုအဆင့်ကို သက်ရောက်နိုင်ပါတယ်။   ကာဘိုဟိုက်ဒရိတ်တွေကဘာတွေလဲ ? လူရဲကိုယ်က ကာဘိုဟိုက်ဒရိတ်ကို Glucose လုပ်ဖို့သုံးပါတယ်။ သင့်ရဲ့ကိုယ်ဟာ glucose တွေကို ချက်ချင်းသုံးလိုက်နိုင်သလို အသည်းနဲ့ ကြွက်သားတွေထဲမှာလည်းသိုလှောင်ထားနိုင်ပါတယ်။ ကာဘိုဟိုက်ဒရိတ်ကို အောက်ပါအစားအစာတွေမှာ တွေ့နိင်ပါတယ် - သစ်သီးများ - ဟင်းသီးဟင်းရွက်များ - သကြား - ဆန်ပြောင်းအစေ့အဆန်များ - နို့ထွက်ထုတ်ကုန်များ ကာဘိုဟိုက်ဒရိတ် အမျိုးအစားနှစ်မျိုးရှိပါတယ်။ ရိုးရှင်းတဲ့ကာဘိုဟိုက်ဒရိတ်နဲ့ ရှုပ်ထွေးတဲ့ ကာဘိုဟိုက်ဒရိတ်ပါ။ ရှုပ်ထွေးတဲ့ ကာဘိုဟိုက်ဒရိတ် ရှုပ်ထွေးတဲ့ကာဘိုဟိုက်ဒရိတ်မှာအမျိုးအစားနှစ်မျိုးရှိပါတယ်။ ကစီနဲ့ အမျှင်ဓာတ်ဖြစ်ပါတယ်။ ကစီဓာတ်က လူကိုယ်က glucose အဖြစ်သုံးမပြုခင်ပြိုကွဲရပါသေးတယ်။ ကစီဓါတ်ပါဝင်တဲ့ အစားအစာတချို့က - အာလူး၊ ပဲ၊ ပြောင်းဖူး စတဲ့ စေကပ်တဲ့ ဟင်းသီးဟင်းရွက်များ - ပေါင်မုန့်၊ ဆန်၊ဂျုံ အမျှင်ဓာတ် ကိုတော့ - Oatmeal - အစေ့အဆံများ။ သစ်ကြားသီး၊ မြေပဲ၊ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း