အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းမြစ်ကိုတော့ သိကြတယ်။ စားဖြစ်တယ်ဆိုပေမယ့် ထန်းအူတိုင်ကို စားဖြစ်တာတော့ ရှားပါတယ်။ ထန်းအူတိုင်ကို မြန်မာလူမျိုးတွေထက် ဥရောပ လူမျိုးတွေက ပိုမို စားသုံးကြတာပါ။ ထန်းအူတိုင်ကို များသောအားဖြင့် ဆားစိမ်ထားတာ၊ ဒါမှမဟုတ် ဆီသွတ်ဗူးပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ ထန်းအူတိုင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စားစရာတစ်ရပ်အနေနဲ့ စားသုံးခဲ့ကြတာပါ။ အာဟာရတန်ဖိုးကို သိရှိပြီးနောက်ပိုင်းမှ စားသုံးသူတွေ ပိုများလာတာပါ။ ထန်းအူတိုင် ဆိုတာ ထန်းအူတိုင်ဆိုတာက အသီးအရွက်တစ်မျိုးပါ။ ထန်းပင်တွေရဲ့ အတွင်းအကျဆုံး အပိုင်းက ကြီးထွားလာမယ့် အဖူးလေးတွေ အခက်အလက်လေးတွေပါ။ အရမ်းကိုနုနယ်တဲ့ အနေအထားပါ။ အဖြူရောင်၊ နို့နှစ်ရောင်ရှိနိုင်ပါတယ်။ ထုလုံးရှည်လိုပုံမျိုး ရှိပြီး အလွှာလေးတွေ အထပ်လိုက်နဲ့ ဖွဲ့စည်းထားတာပါ။ အရသာက ချိူဆိမ့်ဆိမ့်လေးပါ။ ထန်းအူတိုင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ထန်းအူတိုင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ရာသီစာ သရက်သီးက ဒီလိုလေး အကျိုးကျေးဇူးတွေ ပေးပါတယ်

အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာလက်ဖက်ပါတဲ့။ စားအကောင်းဆုံး အစားအစာတွေကို ရည်ညွှန်းပြောဆိုထားတဲ့ ပြောစကားလေး တစ်ခုပေါ့။ ဘယ်အသီးတွေ ဘယ်လောက်ပဲ ကောင်းပါတယ် ပြောပြော ရှေးလူကြီးတွေကတော့ အသီးတွေထဲမှာ သရက်သီးက အကောင်းဆုံးလို့ ဆိုထားပါတယ်။ သရက်သီးက အနံ့အရသာရော အရောင်အဆင်းပါ ပြည့်စုံတဲ့ အသီး တစ်မျိုးပါ။ သရက်သီး အရသာကိုပဲ လူတွေက သိထားကြပြီး သရက်သီးက ဘယ်လိုမျိုး အကျိုးအာနိသင်တွေ ရနိုင်လဲ ဆိုတာ ကိုတော့ သိသူရှားပါတယ်။ သရက်သီး ဆိုတာ သရက်ပင်က လွန်ခဲ့တဲ့နှစ်ပေါင်း ၄,၀၀၀ကျော်ကတည်းက ကမ္ဘာမြေပေါ်မှာရှင်သန်ခဲ့တာဖြစ်ပြီး ဟိမဝန္တာဒေသက သရက်ပင်ရဲ့ မိခင်ဒေသပါ။ သရက်သီးအမျိုးပေါင်း ၁,၀၀၀ကျော်ရှိတာဖြစ်ပြီး တစ်မျိုးနဲ့တစ်မျိုး အရသာချင်းမတူကြပါဘူး။ အရသာမတူကြပေမယ့် ခန္ဓါကိုယ်ကို အကျိုးပြုတာချင်းကတော့ အတူတူပါပဲ။ သရက်သီးကို အစိမ်းတို့စားတာ၊ သုပ်စားတာ၊ ဆားရည်စိမ်စားတာမျိုးရှိသလို ငံပြာရည်ငရုတ်သီးမှုန့်နဲ့နယ်စားတာ၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

လက်ဖက်သုပ်လေးစားကြမယ်

မိုးအေးအေးမှာ လက်ဖက်သုပ်လေး စားရင်း ရေနွေးကြမ်းလေးသောက်ရရင်ဖြင့် တော်တော်လေး အရသာရှိမှာပဲနော်။ မြန်မာလူမျိုး အများစုက လက်ဖက်သုပ်စားရတာကို နှစ်သက်ကြပါတယ်။ ဧည့်သည်ကို ဧည့်ခံတဲ့အခါမှာပဲဖြစ်ဖြစ် မိသားစုတွေ စုစုဝေးဝေးနဲ့ စကားဝိုင်း ထိုင်ပြောရင်းဖြစ်ဖြစ် တီဗွီကြည့်ရင်းဖြစ်ဖြစ် လက်ဖက်သုပ်စားကြသလို သူငယ်ချင်းတွေ ဆုံမိတဲ့အခါ အထူးသဖြင့် မိန်းကလေးသူငယ်ချင်းတွေ စုမိကြရင် လက်ဖက်လေးစားရင်း စကားပြောကြတာများပါတယ်။ လက်ဖက်စိမ်းရေနွေးကြမ်း က ဆေးဖက်ဝင်တယ်၊ရေနွေးကြမ်းကဘယ်လိုဆေးဖက်ဝင်တယ်လို့ပြောကြပေမယ့် ကိုယ်တွေနှစ်နှစ်သက်သက်နဲ့စားနေတဲ့ လက်ဖက်သုပ်က ဆေးဖက်ဝင်တယ်ဆိုတာကို သတိထားမိကြရဲ့လား။ လက်ဖက်ကို တရုတ်နဲ့အိန္ဒိယနိုင်ငံတွေမှာလည်းရှေးအစဉ်အဆက်ကတည်းကဆေးဖက်ဝင်တဲ့ စားစရာအဖြစ်လက်ခံထားကြပါတယ်။မြန်မာလူမျိုးတွေကလည်းရှေးအစဉ်အဆက်ကတည်းက လက်ဖက်ကိုနှစ်နှစ်ခြိုက်ခြိုက်စားသုံးခဲ့ကြတာပါ။ အလှူအတန်းတွေမှာ တည်ခင်းဧည့်ခံကြသလို အမှုအခင်းတွေပြေငြိမ်းတဲ့အခါမျိုးမှာလည်း လက်ဖက်စားပြီးပြေငြိမ်းကြတာမျိုးရှိပါတယ်။ လက်ဖက်ကို မြေပဲ၊နှမ်း၊ကြက်သွန်ကြော်၊ ပုစွန်ခြောက်လေးနဲ့ပဲ ရိုးရိုးရှင်းရှင်းသုပ်ပြီး ကြက်သွန်ဖြူလေး၊ ငရုတ်သီးစိမ်းလေးနဲ့ တွဲစားတာကလည်း စားကောင်းပါတယ်။ နောက်တစ်မျိုးကတော့ လက်ဖက်ကို အကြော်စုံ နဲ့ သုပ်ပြီး ခရမ်းချဉ်သီး၊ ဂေါ်ဖီ တွေကို ပါးပါးလေးလှီးထည့်ပြီးသုပ်စားတာမျိုးလည်းရှိပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဂျုံနဲ့ လုပ်ထားတဲ့အစားအစာတွေစားခြင်းရဲ့ အကျိုးကျေးဇူးများ

ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတော်တော်များများကို မနက်စာအဖြစ် ပိုပြီး အစားများကြပါတယ်။ လက်ဖက်ရည်ဆိုင်မှာ မနက်ခင်းရတဲ့ အဆာပြေ မုန့်တော်တော်များများဟာ ဂျုံနဲ့ လုပ်ထားကြတာပါ။ အီကြာကွေး၊ ပလာတာ၊ အုန်းနို့ခေါက်ဆွဲ ခေါက်ဆွဲကြော်၊ ပေါင်မုန့်တွေဟာ ဂျုံရဲ့ အရင်းအမြစ်တွေပါပဲ။ ဒီတော့ ကိုယ်ရဲ့ နေ့စဉ်စားသုံးမှုထဲမှာ ပါဝင်တဲ့ ဂျုံက ကိုယ့်ကျန်းမာရေးကို ဘယ်လောက်အထိ အကျိုးပြုသလဲဆိုတာ သိထားဖို့ လိုပါတယ်။ ဒါမှလည်း အစားလည်းဆေး ဆေးလည်းအစာ ဖြစ်ပြီး ကျန်းမာနုပျိုလှပစေမှာပါ။ အဝလွန်ခြင်းကို ထိန်းချုပ်ပေးခြင်း ဒီနေ့ခေတ်မှာ တော်တော်များများဟာ ဝလာကြတယ်၊ တချို့ဆို အဝလွန်ရောဂါတောင် ဖြစ်ပါတယ်။ အသင့်စားအစားအစာတွေနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေက အဝလွန်ခြင်းကို ဖြစ်စေတာပါ။ ဂျုံစားတာကတော့ အားပြည့်စေပေမယ့် အဝလွန်ခြင်း ဖြစ်လောက်တဲ့အထိတော့ မဟုတ်ပါဘူး။ အဝလွန်ခြင်းကို ထိန်းချုပ်ပေးပါတယ်။ American Journal […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျန်းမာရေးကောင်းမွန်စေဖို့ ကျွဲကောသီးစားကြစို့

ရှောက်သီးအကြီးစားလို့ ဆိုရလောက်အောင် ရှောက်သီးပုံစံနဲ့ ချဉ်တဲ့အရသာ ရှိတဲ့ ကျွဲကောသီးကတော့ တော်တော်များများ ကြိုက်တဲ့အသီးပါ။ အချိုအရသာပါတဲ့ ကျွဲကောသီးလည်း ရှိပါတယ်။ ကျွဲကောသီးဟာ ရာသီစာဖြစ်ပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အသီးတစ်မျိုးပါ။ ကျွဲကောသီးရဲ့ သိပ္ပံအမည်ကတော့ Citrus maximaပဲ ဖြစ်ပါတယ်။ နှလုံးကျန်းမာရေး ကောင်းမွန်ချင်တယ်ဆိုရင်တော့ ကျွဲကောသီး စားပေးဖို့ လိုပါတယ်။ ကျွဲကောသီးမှာ မဂ္ဂနီဆီယမ် ဓါတ်တွေ ပါဝင်တာကြောင့် နှလုံး အလုပ်ကောင်းကောင်း လုပ်နိုင်ဖို့အတွက် အထောက်အကူပြုပါတယ်။ ပိုတက်စီယမ် များများ ပါဝင်ခြင်းဟာ ခန္ဓါကိုယ်ထဲမှာရှိတဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးပါတယ်။ သွေးထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်တာကြောင့် နှလုံးအားကောင်းစေပါတယ်။ အနာတွေရှိပြီး အနာတော်တော်နဲ့ မကျက်ဘဲ ရင်းနေတယ်ဆိုရင် ပိုးမွှားတွေ ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ကျွဲကောသီးဟာ ဒီလိုမျိုး ပိုးမွှားတွေ မဝင်ရောက်နိုင်အောင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြက်သွန်ဖြူစားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ကြက်သွန်ဖြူကတော့ ဟင်းတွေချက်တဲ့အခါ မပါမဖြစ်ပါ။ ကြက်သွန်ဖြူကို ဖုတ်စားသူလည်း ရှိသလို ဒီအတိုင်း အစိမ်းစားတဲ့သူလည်း ရှိပါတယ်။ အစားလည်းဆေး၊ ဆေးလည်းအစာ ဖြစ်တာမို့ ဘယ်လိုပဲစားစား ကြက်သွန်ဖြူကတော့ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အစားအစာတစ်မျိုးပါ။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဆာလဖာဒြပ်ပေါင်းဟာ အနံ့နဲ့ အရသာကို ဖြစ်ပေါ်စေပြီး ကျန်းမာရေးကို အကျိုးပြုစေတာပါ။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ အခြားအာဟာရဓါတ်တွေကလည်း ကျန်းမာရေး ကောင်းစေတာမို့ ဖတ်ကြည့်ပါဦးနော်။ ကြက်သွန်ဖြူမှာ ပါတဲ့ အာဟာရဓာတ်တွေ ကြက်သွန်ဖြူမှာ ပါတဲ့ အာဟာရဓာတ်တွေက ကာဗိုဟိုက်ဒရိတ် ပရိုတင်း အမျှင်ဓာတ် မဂ္ဂနိ့ ဗီတာမင် C ကယ်လ်ဆီယမ် ဆီလီနီယမ် တို့ပါဝင်နေပါတယ်။ ကြက်သွန်ဖြူစားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး ကြက်သွန်ဖြူစားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး တွေကတော့ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း ကြက်သွန်ဖြူ စားသုံးခြင်းက အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အူလမ်းကြောင်းရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက်စေတဲ့အပြင် မအီမသာဖြစ်ခြင်းနဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

အသားအရေနဲ့ကျန်းမာရေး ကောင်းမွန်စေဖို့ မုန်လာဥနီစားကြစို့

မုန်လာဥနီကို အသီးအနှံတွေထဲ ရောပြီး အစိမ်းကြော်ပုံစံ၊ အသုပ်ပုံစံလည်း စားကြသလို အစိမ်းစားတဲ့သူတွေလည်း ရှိပါတယ်။ အရသာ ချိုဆိမ့်ဆိမ့်လေးနဲ့ ကြွပ်ကြွပ်လေးဖြစ်လှတဲ့ မုန်လာဥနီကို ကြိုက်တဲ့သူလည်း များပါတယ်။ ဒီလို လူကြိုက်များတဲ့ မုန်လာဥနီက မျက်စိကျန်းမာရေးတင် မဟုတ်ဘဲ အသားအရေနဲ့ ကျန်းမာရေး ကောင်းမွန်ဖို့ပါ စွမ်းဆောင်နိုင်ပါတယ်။ ဘာတွေဖြစ်မလဲ ဖတ်ကြည့်ပါဦးနော်။ မုန်လာဥနီမှာ ပါဝင်တဲ့ အာဟာရဓါတ်များ မုန်လာဥနီမှာ အမျှင်ဓါတ်၊ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ ဖောလစ်အက်ဆစ်၊ ပိုတက်စီယမ်၊ သံဓါတ်၊ ကော့ပါးနဲ့ မဂ္ဂနီဆီယမ်တွေ ပါဝင်ပါတယ်။ ခန္ဓါကိုယ်ထဲမှာ မကောင်းတဲ့ ကိုလက်စထရော များနေခြင်းဟာ နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။ မုန်လာဥနီ ပုံမှန်စားသုံးခြင်းဟာ ကိုလက်စထရောကို ကျဆင်းစေတာကြောင့် နှလုံးကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။ ဆွီဒင်နိုင်ငံက သုတေသီတွေကလည်း နှလုံးကျန်းမာရေးကို သက်သာစေတဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပေါင်မုန့်က ပေးစွမ်းနိုင်တဲ့ ကျန်းမာရေးအာနိသင်

ပေါင်မုန့်ကို ပုံစံအမျိုးမျိုး ထုတ်လုပ်တဲ့အပြင် အရသာအမျိုးမျိုး ထည့်ပြီးတော့လည်း ထုတ်လုပ်ရောင်းချကြပါတယ်။ ပေါင်မုန့်ဆိုရင် အဖြူပဲဖြစ်ဖြစ်၊ အညိုပဲ ဖြစ်ဖြစ် ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ ပုံမှန်အားဖြင့်တော့ ပေါင်မုန့်ကို မနက်စာအဖြစ် စားကြပြီး နေ့လည်ခင်း အဆာပြေအနေနဲ့လည်း စားပါတယ်။ အရသာ အမျိုးမျိုးနဲ့ စားလို့ရတဲ့ ပေါင်မုန့်ရဲ့ အကျိုးအာနိသင်တွေကို ဖတ်ကြည့်ပါဦးနော်။ အားပြည့်စေခြင်း ပေါင်မုန့်မှာ ကာဗိုလ်ဟိုက်ဒရိတ်တွေ များများ ပါဝင်တာကြောင့် ခန္ဓါကိုယ်စွမ်းအင်တွေ ရရှိဖို့ အထောက်အကူပြုပါတယ်။ ပေါင်မုန့်ကို မနက်စာအဖြစ် စားသုံးမယ်ဆိုရင် တစ်နေ့လုံး အားပြည့်စေဖို့ ကူညီပေးမှာ ဖြစ်ပြီး လုပ်ငန်းဆောင်တာတွေကိုလည်း တိုးတက်စေပါတယ်။ ပေါင်မုန့်စားပေးမယ်ဆိုရင်တော့ ကာဗိုလ်ဟိုက်ဒရိတ် (၄၅%ကနေ ၆၅%) လောက်အထိ ရရှိနိုင်ပါတယ်။ ကျန်းမာတဲ့ အစာခြေဖျက်ခြင်း ပေါင်မုန့်ဟာ ဂျုံနဲ့ ပြုလုပ်ထားတာဖြစ်တာကြောင့် အမျှင်ဓါတ်လည်း များများ ပါဝင်ပါတယ်။ အားလုံးသိထားတဲ့အတိုင်းပဲ အမျှင်ဓါတ်ဟာ အစာခြေစနစ်ကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပန်းဂေါ်ဖီစိမ်းရဲ့ ကျန်းမာရေး အကျိုးအာနိသင်များ

ပန်းဂေါ်ဖီစိမ်းရဲ့ ကျန်းမာရေး အကျိုးအာနိသင်များ ခုနောက်ပိုင်းမှာ ပန်းဂေါ်ဖီစိမ်းကို တော်တော်များများလေး စားသုံးလာကြသလို ဈေးထဲမှာလည်း ခပ်များများ တွေ့ရနိုင်ပါတယ်။ အစိမ်းရောင် ပန်းဂေါ်ဖီဟာ အဖြူရောင် ပန်းဂေါ်ဖီလိုပဲ ပုံသဏ္ဍာန်ဆင်တူပြီး အစိမ်းရောင် ပန်းဂေါ်ဖီကတော့ နည်းနည်းလေး ပိုသေးပါတယ်။ အစားအစာတော်တော်များများဟာ ပန်းဂေါ်ဖီစိမ်းကို ထည့်ချက်ကြပြီး ကျန်းမာရေးအတွက်လည်း အထူးသင့်တော်ပါတယ်။ ခန္ဓါကိုယ်ကျန်းမာရေးအတွက် ပန်းဂေါ်ဖီစိမ်းက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးအာနိသင်တွေကို ဖော်ပြလိုက်ပါတယ်။ ကင်ဆာရောဂါ ပန်းဂေါ်ဖီစိမ်းဟာ ကင်ဆာရောဂါတွေကို သက်သာစေပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ estrogen ပါဝင်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေကို တိုက်ထုတ်ပေးပါတယ်။ သုတေသီတွေက ပန်းဂေါ်ဖီစိမ်းဟာ ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာ ဖြစ်စေနိုင်မှုကို လျှော့ချပေးနိုင်တယ်လို့ ဆိုထားပါတယ်။   ကိုလက်စထရော ပန်းဂေါ်ဖီစိမ်းဟာ တခြားအစားအစာတွေလိုပဲ ပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်ပါဝင်တာကြောင့် ကိုလက်စထရောတွေကို လျှော့ကျစေပါတယ်။ အမျှင်ဓါတ်တွေကြောင့် အစာခြေလမ်းကြောင်း ကောင်းမွန်ဖို့ကိုလည်း စွမ်းဆောင်ပေးနိုင်ပါတယ်။ Institute of […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဘာကြောင့် ပဲတီပင်ပေါက်စားသင့်တာလဲ

ဘာကြောင့် ပဲတီပင်ပေါက်စားသင့်တာလဲ ပဲတီပင်ပေါက်ကို အရွက်ကြော်၊ ဟင်းချို၊ အပြင် ပဲတီချဉ်အနေနဲ့လည်း စားသုံးပါတယ်။ ပဲတီပင်ကို အမြစ်လေးတွဲလောင်းနဲ့ အရွယ်အစား ပိန်ပိန်လေး ကြိုက်တဲ့သူတွေရှိသလို ဖောင်းဖောင်းလေးမှ ကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဘယ်လိုပုံသဏ္ဍာန်ပဲဖြစ်ဖြစ် ဘယ်လိုနည်းနဲ့ပဲ ချက်ပြုတ်စားစား ပဲတီပင်ရဲ့ ခန္ဓာကိုယ်အပေါ် အကျိုးပြုတဲ့ အာဟာရဓာတ်တွေကတော့ လျှော့မသွားပါဘူး။ တကယ်တော့ ပဲတီပင်ပေါက် စားကို စားပေးဖို့ လိုပါတယ်။ Hello ဆရာဝန်ပရိသတ်တွေအတွက် ပဲတီပင်ပေါက်က ခန္ဓာကိုယ် ကျန်းမာရေးအတွက် ဘယ်လိုအာဟာရတွေ ပေးစွမ်းနိုင်သလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။ ဗီတာမင် K ကိုယ်တစ်နေ့တာ စားသုံးတဲ့ အစားအစာတွေထဲမှာ ဗီတာမင် K လုံလုံလောက်လောက် ပါဝင်ဖို့ အရေးကြီးပါတယ်။ ဗီတာမင် K ဟာ သွေးခဲတာတွေ မဖြစ်စေဖို့ အရမ်းကို အရေးပါတဲ့ ဗီတာမင် ဓာတ်တစ်မျိုးပါ။ အမျိုးသမီးတွေမှာ (၃၇) […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဂဏန်းစားခြင်းက ကျန်းမာရေးအတွက် ကောင်းလား

ဂဏန်းစားခြင်းက ကျန်းမာရေးအတွက် ကောင်းလား ပင်လယ်စာတွေလို့ ပြောလိုက်ရင် အရင်ဆုံး သတိရမိမှာက ဂဏန်းပဲ ဖြစ်မှာပါ။ ခုဆိုရင် ပင်လယ်စာဆိုင် တော်တော်များများလည်း ရှိလာပြီဖြစ်ပြီး ဂဏန်းကို အစပ်ချက်၊ ဂဏန်းပေါင်း၊ ဂဏန်းခွက်ကြော်နဲ့ အမျိုးအမည် စုံအောင်ကို ချက်ပြုတ်စားလို့ ရပါတယ်။ လူတော်တော်များများ ကြိုက်နှစ်သက်ပြီး စားသုံးကြတဲ့ ဂဏန်းက ကျန်းမာရေးနဲ့ ညီညွတ်လား၊ ကျန်းမာရေးအတွက် ကောင်းလားဆိုရင်တော့ ကောင်းပါတယ်၊ စားပေးဖို့ လိုအပ်တယ်လို့ ဖြေရမှာပါ။ ဂဏန်းမှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အာဟာရဓါတ်တွေအများကြီးပါပဲ။ Hello ဆရာဝန်ပရိသတ်တွေ ဘာတွေလဲဆိုတာသိရအောင် ဖတ်ကြည့်ပါဦးနော်။ ဂဏန်းမှာ Omega 3 fatty acid တွေ များများ ပါဝင်ပြီး ကိုလက်စထရော ပမာဏကို ထိန်းညှိပေးပါတယ်။ သွေးဖိအား များတာ၊ နှလုံအားနည်းတာတွေကို ကာကွယ်ပေးတဲ့ အစားအစာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း