အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းမြစ်ကိုတော့ သိကြတယ်။ စားဖြစ်တယ်ဆိုပေမယ့် ထန်းအူတိုင်ကို စားဖြစ်တာတော့ ရှားပါတယ်။ ထန်းအူတိုင်ကို မြန်မာလူမျိုးတွေထက် ဥရောပ လူမျိုးတွေက ပိုမို စားသုံးကြတာပါ။ ထန်းအူတိုင်ကို များသောအားဖြင့် ဆားစိမ်ထားတာ၊ ဒါမှမဟုတ် ဆီသွတ်ဗူးပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ ထန်းအူတိုင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စားစရာတစ်ရပ်အနေနဲ့ စားသုံးခဲ့ကြတာပါ။ အာဟာရတန်ဖိုးကို သိရှိပြီးနောက်ပိုင်းမှ စားသုံးသူတွေ ပိုများလာတာပါ။ ထန်းအူတိုင် ဆိုတာ ထန်းအူတိုင်ဆိုတာက အသီးအရွက်တစ်မျိုးပါ။ ထန်းပင်တွေရဲ့ အတွင်းအကျဆုံး အပိုင်းက ကြီးထွားလာမယ့် အဖူးလေးတွေ အခက်အလက်လေးတွေပါ။ အရမ်းကိုနုနယ်တဲ့ အနေအထားပါ။ အဖြူရောင်၊ နို့နှစ်ရောင်ရှိနိုင်ပါတယ်။ ထုလုံးရှည်လိုပုံမျိုး ရှိပြီး အလွှာလေးတွေ အထပ်လိုက်နဲ့ ဖွဲ့စည်းထားတာပါ။ အရသာက ချိူဆိမ့်ဆိမ့်လေးပါ။ ထန်းအူတိုင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ထန်းအူတိုင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

နာမည်လေးလှသလို ကျန်းမာရေးအတွက်ကောင်းတဲ့ ငွေနှင်းမှို

မှိုပွင့်ဖြူဖြူလေးတွေ ရောင်းနေတာမြင်တော့ သိပ်မကြာခင်က အွန်လိုင်းမှာ ခေတ်စားခဲ့တဲ့ အိမ်တွင်းမှိုစိုက်ပျိုးရေးကိစ္စသတိရမိသေးတယ်။ မှိုမျိုးစေ့ထုပ်ဝယ်ပြီး အိမ်မှာ အလွယ်တကူစိုက်လို့ရတယ်ဆိုတဲ့ကြော်ငြာလေးကိုတော်တော်များများစိတ်ဝင်စားခဲ့ကြတာပေါ့။ မှိုဆိုရင်ကောက်ရိုးမှိုပဲ နာမည်သိကြတာများပေမယ့် ဒီလိုအလွယ်စိုက်လို့ရတယ်ဆိုတဲ့မှိုကငွေနှင်းမှိုပါတဲ့။ အရောင်ကတော့ တစ်ခါတလေ အဖြူ၊တစ်ခါတလေဖြူညိုညိုအရောင်လေးရှိတတ်တယ်။ အိမ်မှာ နေရာလေးတစ်နေရာ(ရေချိုးခန်းဖြစ်ဖြစ် အစိုဓါတ်ရတဲ့နေရာ)ပေးထားရင် တစ်ထုပ်ဆိုလေးငါးကြိမ်ပွင့်သတဲ့။ အလုပ်မရှုပ်၊ဂရုစိုက်နေစရာမလိုဘဲ တစ်ကြိမ်ပွင့်ရင်ခြောက်ဆယ်သားကနေ တစ်ပိဿာလောက်ရတယ်ဆိုပဲ။ အမှန်တော့ နာမည်သာမရင်းနှီးကြတာဟော့ပေါ့စားလည်း ပါနေကျ၊ တရုတ်ဟင်းလျာတွေမှာလည်း ပါနေကျ၊ နာမည်မသိဘဲလည်းဈေးကဝယ်ချက်နေကျပဲဆိုတာ သတိမထားမိကြပါဘူး။ငွေနှင်းမှိုဆိုတာ ဒါကိုး လို့ ကိုယ်တိုင်တောင် သိကာစကပြောမိရဲ့။ ချိုဆိမ့်တဲ့အရသာရှိပြီး ခရုဆီထည့်ကြော်လိုက်ရင် အိအိလေးနဲ့အရသာရှိလှတဲ့ ချစ်စရာငွေနှင်းမှိုကဆေးဖက်ဝင်တဲ့အာနိသင်တွေရှိတယ်ဆိုတာသိရင်ရော အိမ်မှာဝယ်စိုက်ကြတော့မှာပဲနော်။ ကဲ ငွေနှင်းမှိုက ဘယ်လောက်တောင် ကျန်းမာရေးကို အကျိုးပြုနိုင်လဲဆိုတာ ပြောပြမယ်နော် - ကိုလက်စထရောကျစေခြင်း ငွေနှင်းမှိုက ခန္ဓါကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောေတွကို ကျဆင်းစေတဲ့အစွမ်းသတ္တိရှိပါတယ်။ သူ့ရဲ့သဘာဝအာနိသင်ကိုက ခန္ဓါကိုယ်ထဲမှာ လိုအပ်တဲ့အဆီဓါတ်နဲ့ မကောင်းတဲ့ကိုလက်စထရောတွေကို ခွဲခြားပေးနိုင်စွမ်းရှိတာဖြစ်ပါတယ်။ သွေးတိုးကျစေခြင်း ငွေနှင်းမှိုဟင်းလျာတစ်ပွဲဆို ပိုတက်စီယမ်ဓါတ်ေတွ လုံလုံလောက်လောက်ပါဝင်တာကြောင့်သွေးတိုးရောဂါရှိသူတွေပုံမှန်ထည့်သွင်းစားသုံးသင့်တဲ့ ဟင်းချက်ပစ္စည်းတွေထဲပါဝင်တာဖြစ်ပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ထောပတ်ပေါက်ပေါက်စားခြင်းကကျန်းမာရေးကို ဘယ်လိုအကျိုးပြုလဲ

ဟိုးအရင်တွေကတော့ပေါက်ပေါက်ကို ဆားငန်ငန်လေးနဲ့ပဲ စားသုံးခဲ့ကြပေမယ့် ခုတော့ အရသာချိုဆိမ့်ဆိမ့် အနံ့မွှေးမွှေးလေးဖြစ်အောင်ထောပတ်လေးနဲ့ရောပြီးထောပတ်ပေါက်ပေါက်အဖြစ် တွင်တွင်ကျယ်ကျယ် စားသုံးလာကြပါတယ်။ထောပတ်ပေါက်ပေါက်က ရုပ်ရှင်ချစ်သူတွေအတွက် အကောင်းဆုံး အစားအစာတစ်မျိုးလည်းဖြစ်မှာပါ။တော်တော်များများကထောပတ်ပေါက်ပေါက်ကို ရုပ်ရှင်ကြည့်ရင်း စားကြတာကြောင့်ပါ။ထောပတ်ပေါက်ပေါက်ကို အပျင်းပြေ စားကြတယ်ဆိုပေမယ့် သူ့မှာပါဝင်တဲ့ အာဟာရဓါတ်တွေကတော့ ကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ်။ ထောပတ်ပေါက်ပေါက်ဟာ ကိုလက်စထရော ပမာဏကိုလျှော့နည်းစေပါတယ်။ထောပတ်ပေါက်ပေါက်မှာ အမျှင်ဓါတ်တွေ များများစားစားပါဝင်တာကြောင့်သွေးလွှတ်ကြောနဲ့သွေးပြန်ကြောမှာရှိတဲ့ ကိုလက်ထစရောတွေကိုလျှော့ကျေစေပါတယ်။ ဒီအနေအထားဟာ နှလုံးရောဂါဖြစ်ပွားခြင်းနဲ့လေဖြတ်ခြင်းတွေကို ကာကွယ်ပြီးသားဖြစ်ပါတယ်။ ထောပတ်ပေါက်ပေါက်မှာ အမျှင်ဓါတ်များများ ပါဝင်တာဟာ တခြားသစ်သီးဝလံတွေလိုပါပဲ။ အမျှင်ဓါတ်များများ ပါဝင်တာက အစာခြေစနစ်ကိုကောင်းမွန်စေတယ်ဆိုတာ သိထားပြီးဖြစ်မှာပါ။ထောပတ်ပေါက်ပေါက်မှာ ပါဝင်တဲ့ အာဟာရဓါတ်တွေဟာပေါင်မုန့်လိုပဲ ကျန်းမာရေးကောင်းစေပါတယ်။ ဒါ့အပြင် ဗီတာမင် ဘီနဲ့ ဗီတာမင်အီးလည်း ပါဝင်တာမို့ အသားအရေလည်း စိုပြည်ကြည်လင်စေပါတယ်။ ထောပတ်ပေါက်ပေါက်ဟာ ခန္ဓါကိုယ်အတွင်းမှာရှိတဲ့သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပါတယ်။ ခန္ဓါကိုယ်ထဲက သကြားဓါတ်နဲ့ အင်ဆူလင်ပမာဏဓါတ်ကို ထိန်းညှိပေးထားဖို့အတွက် အမျှင်ဓါတ် လိုပါတယ်။ထောပတ်ပေါက်ပေါက်ဟာ သကြားဓါတ်များခြင်းကြောင့်ဖြစ်တဲ့ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ (၂၀၁၂) […]


အာဟာရဆိုင်ရာ အချက်အလက်များ

ချဉ်ပေါင်ဖူး ရေနွေးကြမ်းက ဘယ်လိုဆေးဖက်ဝင်သလဲ

ချဉ်ပေါင်ဆိုတာမြန်မာတွေအတွက် ခံတွင်းမြိန်စေတဲ့ ဟင်းတစ်ခွက်အဖြစ် ကြိုက်နှစ်သက်သူများပါတယ်။ ချဉ်ပေါင်ဟင်း၊ ချဉ်ပေါင်ကြော်ပါရင် ထမင်းမြိန်ကြသလို ဆီပြန်ဟင်းတွေ၊အကြော်အလှော်တွေနဲ့ အအီပြေချဉ်ပေါင်ဟင်းချိုလေး တွဲစပ်ချက်ပြုတ်ကြတာ အလှူပွဲတွေအထိပါပဲ။ ချဉ်ပေါင်ကို ချက်စားရုံပဲလားဆိုတော့ မဟုတ်ပါဘူး။ ချဉ်ပေါင်ဖူး ကို ယိုထိုးပြီး အချိုပွဲအဖြစ်စားသုံးကြတာ ချိုချဉ်စပ်အရသာလေးနဲ့ ။ ဟိုးအရင်တည်းကမြန်မာ့ထမင်းဝိုင်းမှာပြေးမလွတ်တဲ့အထဲ ချဉ်ပေါင်၊ လက်ဖက်၊ ငါးပိရည်နဲ့ ကန်စွန်းရွက်တို့က အခုထိ ပါဝင်နေဆဲပါ။ ဒီလိုနည်းမျိုးစုံနဲ့ စီမံချက်ပြုတ်စားသုံးကြတာဟာ ချဉ်ပေါင်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့်ဖြစ်မယ်ထင်ပါတယ်။ ဒါပေမယ့် ဟင်းဆိုရင် အမြဲစားမိလို့ ပန်းကမ္ဘာရောက်သွားနိုင်သေးတယ်၊ ယိုထိုးစားရင်လည်း အချိုတွေများများစားမိနေဦးမယ် ဆိုတော့ ချဉ်ပေါင်ရဲ့အာနိသင်တွေ အပြည့်အဝရနိုင်မယ့် နည်းလမ်းက --- ချဉ်ပေါင်ဖူးခြောက်လက်ဖက်ရည်ပါ။ ချဉ်ပေါင်ဖူးခြောက်ကိုရေနွေးပူပူမှာ ခတ်လိုက်တဲ့အခါရေနွေးကြမ်းနီနီလေးက ဘယ်ရီသီးဖျော်ရည်လိုလို ပါပဲ။ ချဉ်ပြုံးပြုံးလေးနဲ့ အအေးလိုသောက်ချင်ရင်လည်း ရပါတယ်။ ကယ်လိုရီနည်းပြီး ကဖင်းမပါတဲ့ လက်ဖက်ရည်ကြမ်းြဖစ်ပါတယ်။ ချဉ်ပေါင်ဖူး ရေနွေးကြမ်းက ကျန်းမာရေးအတွက် ဘာအကျိုးကျေးဇူးတွေရနိုင်လဲ ချဉ်ပေါင်ဖူး ေရနွေးကြမ်းက လူ့ခန္ဓါကိုယ်ကျန်းမာရေးအတွက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

သောက်သုံးရေ ရဲ့သက်တမ်း

နေ့စဉ်ရှင်သန်လုပ်ရှားနိုင်ဖို့ရေကအရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေတာပါ။ ထမင်းအသက် ၇ ရက် ရေ အသက် တစ်မနက် ရယ်လို့တောင် ဆိုရိုးရှိတယ်လေ။ ဒီလိုနေ့စဉ် ခန္ဓါကိုယ်ရဲ့ပြောင်းလဲမှုဖြစ်စဉ်တွေကိုကောင်းမွန်စွာလည်ပတ်နိုင်စေဖို့အရေးကြီးတဲ့ရေကို အခုနောက်ပိုင်းမှာရေသန့်ဗူးတွေနဲ့ ထည့်သွင်းပြီး PH7ရေသန့်စစ်စစ်လို့ရောင်းချလာကြပါတယ်။ ဒီဗူးတွေထဲမှာထည့်ထားတဲ့ သောက်သုံးရေ ရဲ့ သက်တမ်းက ဘယ်လောက်အထိပဲ စိတ်ချရတာလဲဆိုတာကို စဉ်းစားမိပါရဲ့လား။ ဒီဆောင်းပါးလေးထဲမှာရေသန့်ဗူးတွေထဲကရေရဲ့ သက်တမ်းကိုပြောပြပေးမယ်နော်။ ရေကလူကြိုက်များတဲ့သောက်စရာတစ်ခုပါ။ရေက ကျန်းမာရေးအတွက်အကျိုးကျေးဇူးများပြီးဘေးထွက်ဆိုးကျိုး လုံးဝမရှိပါဘူးငွေကြေးကုန်ကျမှုနည်းတဲ့သောက်စရာတစ်မျိုးလည်းဖြစ်ပါတယ်။ လူတွေကရေဗူးတွေကို အိမ်မှာနေ့စဉ်သောက်သုံးဖို့၊ ခရီးသွားတဲ့အခါယူသွားဖို့၊ ဒါမှမဟုတ် အပြင်သွားတဲ့အခါ လွယ်လင့်တကူသောက်သုံးလို့ရအောင် ယူဆောင်သွားကြတာပါ။ ရေဗူးဝယ်ယူတဲ့အခါ သတိထားရမယ့်အချက်တွေက ရေက သန့်ရှင်းမှုရှိရဲ့လား ထုပ်ပိုးထားတာတွေ ပျက်စီးနေလား ရေဗူးက နေရောင်နဲ့တိုက်ရိုက်ထိတွေ့နိုင်တဲ့နေရာမှာထားထားတာလား FDA ရဲ့ခွင့်ပြုချက်ရထားရဲ့လား ကုန်ဆုံးရက်ကဘယ်နေ့လဲ ရေမှာ အရောင်ရှိနေလား ဆိုတာတွေကိုသေချာဆန်းစစ်ဖို့လိုပါမယ်။ ရေဗူးထဲက သောက်သုံးရေ ရဲ့ သက်တမ်းက အမှန်တော့ သောက်သုံးရေ ရဲ့ သက်တမ်းမှာ ကုန်ဆုံးတယ်ဆိုတာမရှိပါဘူး။ ထည့်သွင်းထားတဲ့ ဗူးအနေအထားကြောင့်သာရေထဲမှာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

နေကြာစေ့တွေရဲ့ ကျန်းမာရေးစွမ်းအင်

နေကြာစေ့တွေရဲ့ ကျန်းမာရေးစွမ်းအင် နေကြာစေ့ဆိုတာနဲ့နေကြာပန်းကနေ ရတဲ့ အစေ့သေးသေးလေးတွေကိုမြင်ယောင်မိကြမှာပါ။နေကြာစေ့ကို ရုပ်ရှင်ရုံထဲမှာလည်းတော်တော်များများ စားကြပြီး ဆားအငန်ပါတာနဲ့ မပါတာနဲ့ဆိုပြီးတော့လည်း ရှိပါသေးတယ်။ ဆားအငံပါတာနဲ့ မပါတာက အရမ်းတော့ မကွာပါဘူး။သွေးတိုးရှိတဲ့သူတွေကတော့ ဆားအငန်ပါတာကိုရှောင်စားကြပါတယ်။ နေကြာစေ့သေးသေးလေးတွေက နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့ ရင်းမြစ်ဆိုရင် အံ့သြသွားလောက်ပါတယ်။နေကြာစေ့မှာကောင်းမွန်တဲ့အဆီနဲ့ နှလုံးကျန်းမာရေးကို အကျိုးပြုတဲ့phytosterolsတွေ ပါဝင်ပါတယ်။ ဒီအဆီဓါတ်တွေဟာသွေးတွင်းမှာ ကိုလက်စထရောလျှော့နည်းအောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် နှလုံးကျန်းမာရေးကိုကောင်းမွန်အောင် ထိန်းထားချင်တယ်ဆိုရင်တော့နေကြာစေ့လေး စားပေးဖို့ လိုပါတယ်။ နေကြာစေ့ စားတဲ့အခါမှာ ခွာရတဲ့အရသာ၊ အစေ့လေးတွေခက်ခက်ခဲခဲ ထုတ်ရပြီး စားရတဲ့ ခံစားချက်ကိုတော်တော်လေး နှစ်သက်တဲ့သူတွေ ရှိပါတယ်။နေကြာစေ့ကို ခံစားချက်ကောင်းမွန်ဖို့ စားတဲ့သူတွေလည်း ရှိပါတယ်။နေကြာစေ့မှာ စိတ်ခံစားချက်ကောင်းမွန်စေမယ့် အာဟာရဓါတ်တွေ အများကြီး ပါဝင်ပါတယ်။နေကြာစေ့မှာ ပရိုတင်းနဲ့ အမိုင်နိုအက်ဆစ် ပါဝင်ပါတယ်။ အမိုင်နိုအက်ဆစ်က ခန္ဓါကိုယ်ထဲသွေးလည်ပတ်စီးဆင်းမှုကိုကောင်းမွန်စေတာကြောင့်ပါ။ လေ့လာသူတွေကတော့နေကြာစေ့မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဟာ အမျိုးသမီးတွေ ဓမ္မတာ လာတဲ့အခါမှာ စိတ်တိုလွယ်ခြင်း၊ စိတ်ဆတ်ခြင်းစတဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပိုကောင်းတဲ့ အာဟာရ ပိုနည်းတဲ့ကိုလက်စထရော

ကိုလက်စထရောပါသောအစားများကိုနေ့စဉ်အစာအဖြစ်မစားရန်အကြံပေးခြင်းကိုကြားနိုင်သည်။ သို့သော် ဘာကြောင့်စားသင့်သည် ဘယ်အစားအသောက်ကသင်လိုအပ်ချက်ပြည့်ဝစေသည်ကို သင်သိလိုပါသလား။ ကိုလက်စတေများသောအစာများကို အသား တိရစ္တာန်အတွင်းအဂါီ ကြက်ဥ နှင့်ပင်လယ်စာများတွင်ပိုတွေ့နိုင်သည်။ ထိုအစာများက ပြည့်ဝဆီမှ ကိုလက်စထရောများအောင်လုပ်ပြီး နှလုံးရောဂါနှင့်ခန္ဓါကိုယ်အလေးချိန်ပြသာနာများကိုပိုဖြစ်စေနိုင်သည်။ သို့သော် အဆီတိုင်းကမကောင်းသည်တော့်မဟုတ်ပါ။ မပြည့်ဝဆီကိုစားသုံးရန်လိုအပ်ပြီး ထိုအရာက ခန္ဓါကိုယ်အလေးချိန်ကိုထိန်းပေးသည်။ ကိုလက်စထရောနည်းသောအစာများကိုရှာဖွေစားသောက်ခြင်းဖြင့် သင့်ကျန်းမာရေးကောင်းမှုကိုထိန်းသိမ်းနိုင်သည်။ ၁။ အုတ်ဂျုံ။ အုတ်ဂျုံ တွင် သတ္ထုဓါတ်များစွာနှင့် အမျှင်ဓါတ်များစွာပါဝင်သည်။ ထိုအရာက မကောင်းသောကိုလက်စထရောဟုခေါ်သည့် အယ်ဒီအယ်ကိုကျစေသည်။ သွေးထဲသို့ကိုလက်စထရောစုပ်ယူအားကိုလျော့ချစေခြင်းဖြင့် ပျော်ဝင်နိုင်သောအမျင်များက နှလုံးနှင့်ပတ်သတ်သောရောဂါဖြစ်ခြင်းကိုလျော့ချပေးနိုင်သည်။ တစ်ခွက်ခွဲအုတ်ဂျုံတွင် အမျှင်ဓါတ် ၆ဂရမ်ပါဝင်သည်။ အခြားအမျှင်များသောအစားများ ဥပမာ ပဲသီးပန်းသီး ငှက်ပျော်သီး ပန်းသစ်တော်စသည် တို့က အမျှင်ဓါတ်ကို အနည်းဆုံး ၄ ဂရမ်ထိမြင့်စေသည်။ ၅မှ ၁၀ဂရမ်စားခြင်းဖြင့် မကောင်းသောကိုလက်စတောနှင့် ကိုလက်စထရောပေါင်းကိုနှစ်ဆခန့်လျော့ချပေးနိုင်သည်။   ၂။ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါသောငါးကိုစားပါ။ ကျန်းမာရေးအတွက်ကောင်းသောနောက်ထပ်အရာက အိုမီဂါ ၃ ဖက်တီးအက်စစ်ဖြစ်ပြီး ငါး ဥပမာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဗီတာမင်စီနှင့် သွေးအားနည်းရောဂါ

အခြားဗီတာမင်တွေလိုပင် ခန္ဓါကိုယ်က ဗီတာမင်စီကို မထုတ်လုပ်လုပ်နိုင်ပါဘူး။ ထိှုဗီတာမင်ကို အက်စ်စကောဗစ်အက်စစ်လို့လဲ ခေါ်နိုင်ပါတယ်။ အစားအစာတွေနဲ့ ဖြည့်စွက်အာဟာရတွေကနေ ရရှိနိုင်မှာပါ။ ခန္ဓါကိုယ်အတွက် အရေးကြီးသော သံဓါတ်စုပ်ယူနိုင်မှုမှာ ဗီတာမင်စီ လိုအပ်ပါတယ်။ သံဓါတ်က အောက်စီဂျင်တွေကို သယ်ဆောင်ပေးသော ဟီမိုဂလိုဘင်ဖြစ်ပေါ်မှုကို အားပေးပါတယ်။ ဗီတာမင်စီကိုယ်တိုင်ကလည်း သွေးနီဥထုတ်လုပ်မှုကို အရှိန်မြှင့်ပေးပါတယ်။ ဗီတာမင်စီချို့တဲ့ခြင်းက သွေးနီဥနည်းခြင်း ဒါမှမဟုတ် သွေးအားနည်းရောဂါကို ဖြစ်စေမှာပါ။ ဗီတာမင်စီရရှိနိုင်မယ့် အစားအစာတွေကတော့ သစ်သီးသစ်ရွက်တွေ အထူးသဖြင့် ရှောက်မျိုးနွယ်ဝင်အသီးတွေပဲဖြစ်ပါတယ်။ ရှောက်မျိုးနွယ်အသီးတွေဟာ လိမ္မော်သီး၊ စပျစ်သီးနဲ့ အလားတူအသီးတွေပါပဲ။ စည်သွတ်အသီးတွေထက် လတ်ဆတ်သော ဒါမှမဟုတ် ရေခဲရိုက်ထားသော အသီးတွေ၊ ဖျော်ရည်တွေက ဗီတာမင်စီပိုပါဝင်ပါတယ်။ စားတဲ့အစားအစာတွေကနေ အလုံအလောက်မရရှိရင် ဗီတာမင်စီချို့တဲ့နိုင်ပါတယ်။ ခန္ဓါကိုယ်ဟာ အစားအစာတွေကနေ ဗီတာမင်စီမစုပ်ယူနိုင်တဲ့အခါမှာ ဗီတာမင်စီချို့တဲ့နိုင်ပါတယ်။ ဥပမာအားဖြင့် ဆေးလိပ်သောက်ခြင်းကြောင့် ဗီတာမင်စီစုပ်ယူနိုင်မှု ကျဆင်းသွားမှာပါ။ ဖောလစ်အက်စစ်နဲ့ ဗီတာမင်စီချို့တဲ့မှုကြောင့် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြက်မောက်သီးနီနီလေးရဲ့ အကျိုးအာနိသင်

အသီးအရောင်က အနီရောင်ရှိပြီး အခွံမှာ အမွှေးအမျှင်လေးနဲ့ အတွင်းသားဖြူဖြူလေးကို စားရတဲ့ ကြက်မောက်သီးမှာ ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့ အကျိုးအာနိသင်တွေ အများကြီးပါဝင်ပါတယါ။ ကြက်မောက်သီးကလည်း ရာသီစာဖြစ်တာမို့ စားပေးသင့်ပါတယ်နော်။ အလုံးအရွယ်အစားသေးတဲ့ ကြက်မောက်သီးက ကျန်းမာရေးကို ဘယ်လိုအကျိုးပြုသလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။ တရုတ်သုတေသီတွေကတော့ ကြက်မောက်သီးမှာ ဆီးချိုရောဂါကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်တယ်လို့ ဆိုထားပါတယ်။ ကြက်မောက်သီးကသွေးတွင်းဂလူးကို့စ် ပမာဏကိုလျော့ကျစေတာကြောင့် ဆီးချိုရောဂါကို သက်သာစေနိုင်တာပါ။အမျှင်ဓါတ် ပါဝင်တဲ့ အသီးအနှံတွေဟာ ခန္ဓါကိုယ် အလေးချိန်မတက်စေပါဘူး။ အမျှင်ဓါတ်တွေဟာ အစာအိမ်ရဲ့ အစာခြေစနစ်ကိုကောင်းမွန်စေတာကြောင့် ကျန်းမာရေးကောင်းမွန်ပြီး ခန္ဓါကိုယ်အလေးချိန်လျှော့ကျဖို့ ကူညီပေးပါတယ်။ ကြက်မောက်သီးဟာ ကိုယ်ဝန်ဆောင်မေမေတွေနဲ့လည်း တည့်တဲ့အသီးတစ်မျိုးပါ။ ချိုတဲ့ အသီးလေး စားရတာမို့မေမေလောင်းတို့ ခံတွင်းရှင်းစေမှာဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်အတွင်း မူးဝေခြင်း၊ ပျို့အန်ခြင်းတွေကိုပါ သက်သာစေနိုင်ပါတယ်။နောက်တစ်ခုက ကြက်မောက်သီးမှာ သံဓါတ်တွေကောင်းမွန်စွာ ပါဝင်တာမို့hemoglobin ပမာဏကို တိုးတက်စေပြီး သန္ဓေသားလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မင်းကွတ်သီးစားသုံးခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

အခွံညိုညိုအရောင်လေး ရှိပြီး နွှာလိုက်ရင် အထဲမှာ အဖြူအမြွှာလေးရှိတဲ့ မင်းကွတ်သီးကို အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ မင်းကွတ်သီးဟာ ချိုချိုချဉ်ချဉ် အရသာရှိတာကြောင့်တော်တော်များများက အအီပြေစေတဲ့ အသီးအဖြစ် စားကြပါတယ်။နောက်တစ်ခုကတော့ ဒူးရင်းသီးနဲ့ မင်းကွတ်သီးဟာ ပေါ်တဲ့ရာသီချင်း တူတာကြောင့် ဒူးရင်းသီး စားပြီး အီတယ်ဆိုရင် မင်းကွတ်သီး ချဉ်ချဉ်လေး တွဲဖက်ပြီး စားသုံးကြပါတယ်။   ကယ်လိုရီနည်းခြင်း မင်းကွတ်သီးမှာ ကယ်လိုရီပါဝင်မှုက အရမ်းကိုနည်းပါးပါတယ်။ မင်းကွတ်သီး (၁၀၀)ဂရမ်မှာမှ (၆၃) ကယ်လိုရီပဲ ပါဝင်တာပါ။ ခန္ဓါကိုယ် အလေးချိန်လျော့ကျဖို့ ကြိုးစားနေတယ်ဆိုရင်တော့ မင်းကွတ်သီးလေး စားသုံးပေးနိုင်ပါတယ်။ ဗီတာမင်စီ ပါဝင်ခြင်း မင်းကွတ်သီးမှာ ဗီတာမင်စီပါဝင်ခြင်းဟာ အအေးမိဖျားနာခြင်းလိုမျိုးပြင်ပကနေ ပိုးမွှားတွေ ဝင်ရောက်ခြင်းကြောင့် ဖျားနာတာမျိုး မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ဗီတာမင် စီပါဝင်တဲ့ အသီးအနှံတွေ စားသုံးခြင်းဟာရောဂါတွေကို တားဆီးပေးနိုင်ပြီး ခန္ဓါကိုယ်ထဲမှာ ဆဲလ်အသစ်တွေပေါ်ပေါက်လာစေဖို့အတွက် အထောက်အကူပြုပါတယ်။ ဒါ့အပြင် ခန္ဓါကိုယ်က လိုအပ်တဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

Probiotics ရဲ့ အစာခြေစနစ်အတွက်ကောင်းကျိုးများ

ခန္ဓါကိုယ်ကျန်းမာဖို့အတွက်ဆိုရင် အာဟာရြပည့်ဝမှုရှိဖို့လိုပါမယ်။ လိုအပ်တဲ့ အာဟာရတွေပြည့်ဝဖို့အတွက်အရေးအကြီးဆုံးက ခန္ဓါကိုယ်ရဲ့ အစာခြေစနစ်ကျန်းမာဖို့လိုပါမယ်။ အစာခြေစနစ်ကျန်းမာအောင် အစားအသောက်တွေကို ဂရုတစိုက်စားသုံးဖို့လိုအပ်ပါတယ်။ Probiotics ဆိုတာ Probiotics ဆိုတာ သက်ရှိဘက်တီးရီးယားတစ်မျိုးပါ။ အဓိကကတော့အစာခြေစနစ်ကို ကျန်းမာအောင်လုပ်ဆောင်ပေးတာပါ။ လူတော်တော်များများက ဘက်တီးရီးယားဆိုရင်ရောဂြါဖစ်စေမယ်လို့ပဲ ယူဆထားကြတာပါ။ ဒါပေမယ့် သက်ရှိဘက်တီးရီးယားဖြစ်တဲ့Probiotics ကတော့ ခန္ဓါကိုယ်ကို ထိခိုက်စေတာမဟုတ်ဘဲ အစာခြေစနစ်ကို ကျန်းမာစေတာပါ။ လူ့ခန္ဓါကိုယ်ဟာ အကျိုးပြုတဲ့ ဘက်တီးရီးယားတွေရော ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေရောပြည့်နှက်နေတာပါ။Probiotics ကတော့ အကျိုးပြု ဘက်တီးရီးယားဖြစ်ပြီး အစာအိမ်အူလမ်းကြောင်းကို ကျန်းမာအောင် အထောက်အပံ့ပေးပါတယ်။ Probiotics အမျိုးအစားတွေ Probiotics အမျိုးအစားက တစ်မျိုးမကရှိပါတယ်။ အမျိုးအစားမတူသလို အကျိုးပြုပုံချင်းလည်း မတူပါဘူး။Probiotics အမျိုးအစားတွေက - Lactobacillus -ဒါကတွေ့ရအများဆုံး Probiotic ပါ။ ဒီ Probiotic အမျိုးအစားကို ဒိန်ချဉ်မှာတွေ့ရများပါတယ်။ Probioticsတွေက ဝမ်းလျှောတာကို သက်သာစေနိုင်ပြီးlactose ကို […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း