ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ကြက်ဟင်းခါးညွန့် စားပေးသင့်တဲ့ အကြောင်းအရင်း

ကြက်ဟင်းခါးသီးကို ဆေးဖက်ဝင်တယ်လို့ သိထားပြီး ဖြစ်ပေမယ့် ကြက်ဟင်းခါးညွန့် ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကိုတော့ သိသူက ခပ်ရှားရှားပါ။ ဒါပေမယ့် ကြက်ဟင်းခါးညွန့်ကို ဗိုင်းရပ်စ်တွေ တိုက်ဖျက်ဖို့၊ ငှက်ဖျား၊ ဝက်သက်လိုမျိုး ကျန်းမာရေး ပြဿနာတွေ သက်သာစေဖို့ အရင်ကတည်းက အသုံးပြုခဲ့ကြသလို ဆီးချို ကျစေဖို့ သွေးတိုးသက်သာစေဖို့နဲ့ ကလေးမွေးဖွားရလွယ်ကူစေဖို့ ရှေးယခင် ကာလတွေကတည်းက အသုံးပြုခဲ့ကြပါတယ်။ ဒီတစ်ခေါက်တော့ ကြက်ဟင်းခါးညွန့် ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ကြက်ဟင်းခါးညွန့် ဆိုတာ ကြက်ဟင်းခါးညွန့် ဆိုတာ ကြက်ဟင်းခါးပင်ရဲ့ အရွက်နုလေးတွေပါ။ အစိမ်းနုရောင်လေး ရှိပြီး အရွက်လေးတွေက ရွက်မြှောင်း ၃ ခု ၄ ခုလောက် ရှိပါတယ်။ အနားလေးတွေက ခပ်တွန့်တွန့်လေးနဲ့ နွယ်တက်နေတဲ့ အပင်လေးတစ်မျိုးပါ။ အတို့အမြှုပ်အဖြစ် စားကြပေမယ့် ဆေးဖြစ်ဝါးဖြစ်ရယ် ဆိုတာထက် ဟင်းလျာ တစ်ရပ်အနေနဲ့ စားကြတာများပါတယ်။ အာရှဒေသအတော်များများမှာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဇီးပန်းသီးလေး စားတဲ့အခါ

အစိမ်းရောင် ဖျော့ဖျော့လေးနဲ့ အတွင်းသားကဖြူဖြူ စားလိုက်ရင် အသားမွမွ ချိုချိုလေးနဲ့ ပန်းသီးအသေးစားအရွယ်လောက်ရှိပြီး ပန်းသီးနဲ့ ပုံစံလေး တူတာကြောင့် ဇီးပန်းသီးလို့ ခေါ်တဲ့ အသီးလေးကို ကြိုက်လား ...... ဒါဆိုရင်တော့ ဇီးပန်းသီး က ဘယ်လိုမျိုး ကျန်းမာရေးကို ထောက်ပံ့ပေးလဲဆိုတာကို ဆောင်းပါးလေးထဲ ဖတ်ကြည့်စေချင်ပါတယ်။ ဇီးပန်းသီး ဆိုတာ ဇီးပန်းသီး ဆိုတာ အသားခပ်မွမွ ချိုချိုလေးနဲ့ အရည်ရွှမ်းတဲ့ အသီး တစ်မျိုးပါ။ အခြား သစ်သီးတွေလိုပဲ အစိမ်းလိုက် စားလို့ ရပါတယ်။ ဖျော်သောက်ကြတာ ရှိသလို အသီးကို ဆားနဲ့ငရုတ်သီးမှုန့်လေးနဲ့ အရသာမှုန့် လုပ်ပြီးတော့လည်း စားလို့ ရပါတယ်။ အသီးအရွယ်အစားကတော့ ခပ်သေးသေးကနေ ပန်းသီး အသေးစား အရွယ်လောက်ထိ ရှိပါတယ်။ ဇီးပန်းသီးမှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ။ စားလို့ကောင်းတဲ့ ဇီးပန်းသီးမှာ အခုလို အာဟာရဓာတ်လေးတွေ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သဖန်းသီး နဲ့ ကျန်းမာရေး

ချဉ်ပေါင်ဟင်းလေး ငရုတ်သီးဆားထောင်းလေးနဲ့ ထမင်းကိုနယ်ပြီး ရေစိမ်ထားတဲ့ သဖန်းသီး ကြွပ်ကြွပ်လေးကို တို့စားရတာက အတော်လေး အရသာရှိလှပါတယ်။ ဒီ သဖန်းသီးလေးတွေက ပင်စည်မှာ အခိုင်လိုက် ကပ်ပေါက်တတ်ပြီး အတွင်းမှာ ဝါးစားလို့ရတဲ့ အစေ့လေးတွေ ပါပါတယ်။ အစိမ်းရောင် ရှိပြီး မှည့်လာတဲ့အခါ နီနီရဲရဲလေးနဲ့ ချစ်စရာ ကောင်းပါတယ်။ သဖန်းသီးကို ဒီအတိုင်း တို့စားတာ ရှိသလို ဆားရည်စိမ် စားတာမျိုးလည်း ရှိပါတယ်။ ဒီလို စားကောင်းတဲ့ သဖန်းသီးက ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ သဖန်းသီး ဆိုတာ သဖန်းသီး ဆိုတာ သဖန်းပင်ရဲ့ အသီးပါ။ အရိပ်ရတဲ့ အပင်ကြီးမျိုးပါ။ ပင်စည်မှာ ကပ်ပေါက်တတ်ပါတယ်။ သဖန်းကို ရေသဖန်းနဲ့ ကုန်းသဖန်းဆိုပြီး ခွဲခြားထားပါတယ်။ အပေါ်ခွံ ထူထူလေးနဲ့ အတွင်းမှာ ဝါးစားလို့ရတဲ့ အစေ့လေးတွေ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစပ်စားပြီးရင် ဒါတွေ မလုပ်ပါနဲ့။

ငရုတ်သီး စပ်စပ်လေး၊ ဘာလေး စားစား စပ်စပ်လေးဆိုမှ ခံတွင်းတွေ့တယ်ဆိုတဲ့ သူလေးတွေရှိလား ..... အစပ် စားတယ်။ ပြီးရင် ဗိုက်အောင့်တယ်ဆိုတဲ့ သံသရာထဲမှာ ပျော်မွေ့ရင်း အစပ်တွေကို စားမိနေတယ်ဆိုရင်တော့ ရေရှည်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်လာနိုင်တယ်ဆိုတာ သတိရစေချင်ပါတယ်။ ဒါကြောင့် အစပ်စားပြီးရင် ဒါတွေ မလုပ်ပါနဲ့။ ဒီတော့ အစပ်စားရင်း အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် ဘယ်အချက်လေးတွေကို သတိထားရမလဲဆိုတာလေးတွေကို ပြောပြပေးချင်ပါတယ်။ အစပ်က အစာအိမ်ကို ထိခိုက်စေနိုင်သလား ....... ငရုတ်သီးက ဗီတာမင် C ကြွယ်ဝတာကြောင့် ကိုယ်ခံအား ကောင်းစေတယ်။ အသားအရေ လှစေတယ်ဆိုပေမယ့် အလွန်အကျွံ စားရင်တော့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်စေနိုင်ပါတယ်။ အစပ် အလွန်အကျွံစားတာက ရင်ပူတာလိုမျိုး အစာခြေစနစ် ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ငရုတ်သီး ဆိုတဲ့နေရာမှာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကတွတ်ယိုလေး စားကြရာဝယ်

ထန်းလျက် နိုင်နိုင်လေးနဲ့ ကျိုထားတဲ့ ကတွတ်ယိုလေး စားရတာက အရသာရှိသလို ရင်ထဲကို အေးသွားစေပါတယ်။ ကတွတ်ယို ဆိုတာက ကတွတ်သီး မှည့်မှည့်လေးတွေကို ယိုထိုးထားတာပါ။ ငယ်ငယ်က ကျိုက်ထီးရိုးပြန် လက်ဆောင်ဆိုပြီး စားခဲ့ရတဲ့ ယိုတွေထဲက သဘောအကျဆုံး ယိုလေး တစ်မျိုးပေါ့။ ဒီလို စားကောင်းတဲ့ ကတွတ်ယိုလေးက ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲဆိုတာ ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်နော်။ ကတွတ်ယိုမှာပါတဲ့ အာဟာရတွေ ကတွတ်ယိုလေး စားပေးတာက အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ကယ်လ်လိုရီ ကာဗိုဟိုက်ဒရိတ် သကြားဓာတ် အမျှင်ဓာတ် ပရိုတင်း အဆီဓာတ် ကယ်လ်ဆီယမ် မဂ္ဂနိ့ ပိုတက်ဆီယမ် မဂ္ဂနီဆီယမ် ဗီတာမင် K ဗီတာမင် C ဗီတာမင် E တို့ပါဝင်နေပါတယ်။ ကတွတ်ယိုလေး စားကြရာဝယ် ကတွတ်ယိုစားတာက ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။ အရိုးတွေ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆိုဒါ သောက်ပေးတဲ့အခါ

ယနေ့ခေတ်မှာ အများစု လက်ခံထားကြတာက ဆိုဒါ ဆိုရင် ကျန်းမာရေးကို ထိခိုက်စေတဲ့ အရာလို့ပေါ့။ ဆိုဒါထဲမှာ သကြားတွေ အများကြီးပါဝင်နေတယ်။ ဒီတော့ ဆိုဒါသောက်ရင် နာတာရှည် ရောဂါတွေ ဖြစ်ကြတဲ့ အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ အဝလွန်တာကို ဖြစ်စေမယ်လို့ပေါ့။ ဆိုဒါက ဒီလောက် ဆိုးတာတော့ မဟုတ်ပါဘူး။ ဆိုဒါကို သီးသန့် သောက်သုံးတာက ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်ပါတယ်။ ဆိုဒါထဲကို သကြားတွေ အများကြီး ထည့်သောက်တာ၊ ကဖင်းဓာတ်တွေ ထည့်သွင်းပြီး ပြုလုပ်ထားတာကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်တာပါ။ ဆိုဒါကို တစ်ခါတလေ သောက်သုံးတာက ကျန်းမာရေးကို မထိခိုက်စေပေမယ့် အချိုတွေ၊ ကဖင်းတွေ ထည့်သွင်းထုတ်လုပ်ထားတဲ့ ဆိုဒါတွေကို အလွန်အကျွံ သောက်သုံးတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဆိုဒါ သောက်ပေးတဲ့အခါ ဆိုဒါသီးသန့် သောက်သုံးတာက အပေါ်မှာ ပြောခဲ့သလို ကျန်းမာရေးကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကိုယ့်ကိုယ်ကို ရေသောက်ဖို့ ဘယ်လိုသတိပေးမလဲ။

ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းက ရေဓာတ်နဲ့ ဖွဲ့စည်းထားတာကြောင့် တစ်နေ့တာမှာ လုံလောက်တဲ့ ရေဓာတ်ရဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် အများစုက တစ်နေ့တာ ရေလိုအပ်ချက်ကို ပြည့်မီအောင် မသောက်မိတတ်ကြပါဘူး။ ဒါကြောင့် ရေသောက်ဖို့ ကိုယ့်ကိုယ်ကို သတိပေးနေဖို့ လိုပါတယ်။ ရေသောက်ဖို့ ဘာကြောင့်အရေးကြီးတာလဲ။ ခန္ဓာကိုယ်တစ်ခုလုံးက ဇီဝဖြစ်စဉ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ ရေဓာတ်က လိုအပ်ပါတယ်။ ရေဓာတ်လုံလုံလောက်လောက် မရဘူးဆိုရင် ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်လာပြီး ပါးစပ်ခြောက်တာ၊ ခေါင်းကိုက်တာ၊ ခေါင်းမူးတာ၊ နုံးတာ၊ မျက်တွင်းချောင်တာ၊ သွေးပေါင်ကျတာ၊ ရင်တုန်တာ၊ ကယောင်ကတမ်းတွေ ဖြစ်တာအထိ  ဖြစ်လာနိုင်ပါတယ်။ တစ်နေ့ ရေဘယ်လောက် သောက်ကြမလဲ။ ဒါက သိပ်ကို ယေဘုယျ ဆန်တဲ့ မေးခွန်းပါ။ ပြောနေကျစကားကတော့ တစ်နေ့ကို ရေ၈ဖန်ခွက်ဆိုပေမယ့် ဒါက လူတိုင်းအတွက်တော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကိုယ်အလေးချိန်၊ ကိုယ်လက်လှုပ်ရှားမှု၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကင်မ်ချီ ကြိုက်သူတွေအတွက် သတင်းကောင်း

အစပ်စားရတာ ကြိုက်လား..... ကြိုက်တယ်။ အစာအိမ်အူလမ်းကြောင်းရော ကျန်းမာချင်လား....... အင်း.... ကျန်းမာချင်တာပေါ့။ ဒါပေမယ့် ဖြစ်နိုင်ပါ့မလား....ဆိုပြီး စိတ်ပူနေပြီလား.... ဖြစ်နိုင်ပါတယ်။ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ဒီလိုမျိုး ချဉ်ချဉ်စပ်စပ် ခံတွင်းတွေ့တွေ့နဲ့ အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေနိုင်တဲ့ စားစရာလေးတစ်မျိုးက လေဒီလေးတွေအသည်းစွဲ အိုပါးတို့ရဲ့ ရိုးရာအစားအစာတစ်မျိုးဖြစ်တဲ့ ကင်မ်ချီ ပါ။ ကင်မ်ချီကိုဘာနဲ့ လုပ်သလဲ...... ကင်မ်ချီကို မုန်ညှင်းထုတ်၊ မုန်လာဥဖြူ၊ မုန်လာဥနီ၊ ကြက်သွန်မိတ်၊ ကြက်သွန်ဖြူ၊ ချင်း (ဂျင်း) တို့နဲ့ အချိုးကျ ရောစပ်ပြီး အချဉ်ဖောက် ပြုလုပ်ထားတာပါ။ ကိုးရီးယား ချဉ်ဖတ်ပေါ့။ အစပ်အတွက်တော့ ငရုတ်သီး အစိမ်းမှုန့် ဒါမှမဟုတ် ငရုတ်သီးအနှစ်ကို အသုံးပြုကြပါတယ်။ ကင်မ်ချီ အပါအဝင် အချဉ်ဖောက်ထားတဲ့ စားစရာတွေရဲ့ အားသာချက်က အစာခြေစနစ်ကို ကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်နေတာပါ။ ကဲ ... […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဂွေးချိုသီး စားကြရာဝယ်

ဆားလေး ငရုတ်သီးမှုန့်လေးနဲ့ နယ်စားစား၊ ငံပြာရည် ငရုတ်သီးမှုန့်လေးနဲ့ သုပ်စားစား၊ ငပိထောင်းလေးနဲ့ ကော်စားစား စားကောင်းသလို ငပိချက်ချက်စားရင်လည်း စားလို့ ကောင်းတဲ့ ဂွေးချိုသီး ကြိုက်ကြလား ...... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဘယ်လိုစားစား ခံတွင်းတွေ့တဲ့ ဂွေးချိုသီးလေးကို စားပေးတာက ကျန်းမာရေးအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဂွေးချိုသီး ဆိုတာ ဂွေးချိုသီး ဆိုတာက အပြင်ခွံ အစိမ်းရောင် နုနုကနေ အစိမ်းရောင် ရင့်ရင့်အထိ ရှိပြီး အတွင်းသားက ဖြူဖြူ ကြွပ်ကြွပ်လေးပါ။ ချိုချိုချဉ်ချဉ် အရသာလေးရှိပြီး အနံ့လေးက မွှေးပါတယ်။ အတွင်းမှာ ဆူးလိုမျိုး အစေ့လေးတွေ ပါဝင်နေပါတယ်။ ဂွေးချိုသီးမှာပါတဲ့ အာဟာရဓာတ်တွေ စားရတာ အရသာရှိတဲ့ ဂွေးချိုသီးမှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။ ရေဓာတ် ပရိုတင်း ကျန်းမာရေးနဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆလတ်ရွက် နဲ့ ကျန်းမာရေး

အစိမ်းနုရောင် အရွက်ဖျားတွန့်တွန့်လေးတွေနဲ့ ခပ်ဖားဖား ဆလတ်ရွက်က တကြွပ်ကြွပ်နဲ့ တို့စားလို့ ကောင်းသလို ဘူးသီးကြော်နဲ့ အချဉ်နဲ့ တို့စားရတာလည်း ကောင်းပါတယ်။ ခရမ်းချဉ်သီးလေးနဲ့ တွဲပြီး သုပ်စားရင်လည်း အတော်လေး အရသာရှိတာပါ။ ဒီလိုစားလို့ကောင်းတဲ့ ဆလတ်ရွက်လေးက ပုံစံလေးတင် ချစ်စရာကောင်းတာ မဟုတ်သလို စားလို့လည်းကောင်းပြီး ကျန်းမာရေးအတွက်လည်း ထောက်ကူပေးနိုင်ပါသေးတယ်။ ဆလတ်ရွက်က ဘယ်လိုများ ဆေးဖက်ဝင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ဆလတ်ရွက်ကပေးတဲ့ အာဟာရ စားလို့ကောင်းတဲ့ ဆလတ်ရွက်မှာ ရေဓာတ် ပရိုတင်း အဆီဓာတ် ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် သကြားဓာတ် ကယ်လ်ဆီယမ် သံဓာတ် မဂ္ဂနီဆီယမ် ဖော့စဖရိတ် ပိုတက်ဆီယမ် ဆိုဒီယမ် ဇင့် ဗီတာမင် B သီရာမင်း နီကာဆင် riboflavin ဗီတာမင် A ဗီတာမင် C ဗီတာမင် E ဗီတာမင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း