အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဘာတွေကများ အိမ်တွင်းလေထု ကို ညစ်ညမ်းစေတာလဲ………

လေထု ညစ်ညမ်းတာက ပြင်ပ ပတ်ဝန်းကျင်မှာပဲ ဖြစ်တာ မဟုတ်ပါဘူး။ နေအိမ်ထဲမှာလည်း ဖြစ်ပါတယ်။ အများစုက လေထုညစ်ညမ်းတယ်လို့ ပြောလိုက်ရင် ပြင်ပ ပတ်ဝန်းကျင်မှာပဲဖြစ်တာပါ။ အိမ်ထဲအထိတော့ မဖြစ်ပါဘူးလို့ တွေးမိတတ်ကြပါတယ်။ တကယ်ကတော့ လေထုညစ်ညမ်းမှုက နေရာတိုင်းလိုလိုမှာ ဖြစ်နိုင်ပါတယ်။ အိမ်တွင်းလေထု ကလည်း  ညစ်ညမ်းနိုင်ပါတယ်။ လေထုညစ်ညမ်းတာက လူသားတွေနဲ့ သက်ရှိတွေရဲ့ သက်တမ်းကို တိုစေပြီး ရောဂါတွေကို ခံစားရစေနိုင်ပါတယ်။ လေထုညစ်ညမ်းတာက အရှေ့တောင်အာရှဒေသမှာ တတိယအကြီးဆုံး အသက်တိုစေတဲ့ အကြောင်းအရင်းပါ။ အဓိကကတော့ ပတ်ဝန်းကျင် လေထုညစ်ညမ်းလို့ မဟုတ်ဘဲ နေအိမ်ထဲမှာတင် လေထုညစ်ညမ်းနေတာကြောင့်လို့ စစ်တမ်းတွေအရ သိရပါတယ်။ ဒါဆို မေးစရာရှိလာနိုင်တာက လေထုကို အဓိက ညစ်ညမ်းစေတာက စက်တပ်ယာဉ်တွေနဲ့ စက်ရုံတွေကြောင့် မဟုတ်ဘူးလားလို့ပေါ့။ တကယ်ကတော့ အိမ်ထဲမှာလည်း လေထုညစ်ညမ်းစေတဲ့အရာတွေ ရှိနေပါတယ်။ ဒါတွေက ဘာတွေများလဲ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရေးပေါ်ကာလမှာ ကျန်းမာရေး အတွက် ဒါတွေ ပြင်ထားပါ။

မုန်တိုင်းတိုက်တာကစလို့ ရေကြီးတာ၊ ငလျင်လှုပ်တာ၊ နောက်ဆုံး စစ်ပွဲတွေ ဖြစ်တာအထိ အစုလိုက် အပြုံလိုက် ဒုက္ခရောက်ကြတဲ့အချိန်မှာ ကျန်းမာရေး ကို ဘယ်လိုဆက်ပြီး စောင့်ရှောက်မလဲဆိုတာက အရေးကြီးလာပါပြီ။ အထူးသဖြင့် ရောဂါအခံရှိတဲ့သူတွေ၊ ဆေးစွဲသောက်နေရတဲ့သူတွေဆို ပိုပြီး အရေးကြီးပါတယ်။ အရေးပေါ်ကာလဟာ ဘယ်လောက်ထိ ကြာမလဲ မသိနိုင်တဲ့အတွက် မိမိကျန်းမာရေးအတွက် ဒါတွေကို ကြိုတင်ပြင်ဆင်ထားပါ။ အရေးပေါ်ကာလမှာ ကျန်းမာရေး အတွက် ဒါတွေ ပြင်ထားပါ။ ဆေးရုံဆေးခန်း ရက်ချိန်းတွေ ပြန်ညှိပါ။ တတ်နိုင်သမျှ အပြင်မထွက်ရအောင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ရက်ချိန်းတွေကို ခပ်ခွာခွာ ချိန်းပါ။ နယ်ကနေ မြို့ပေါ်တက်ပြတဲ့ လူနာတွေ နယ်မှာပဲ ဆက်ပြလို့ အဆင်ပြေမပြေ ဆရာဝန်နဲ့ တိုင်ပင်ပါ။ လူကိုယ်တိုင် ထွက်ရမယ့်အစား ဆရာဝန်နဲ့ အွန်လိုင်းကနေ ပြသနိုင်အောင် ပြင်ဆင်ပါ။ ဆေးရုံဆေးခန်း ဖုန်းနံပါတ်တွေ၊ အရေးပေါ်ဌာနတွေ၊ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်ရင် ဘာတွေ အကျိုးရှိနိုင်မလဲဆိုတာ ပြောပြချင်ပါတယ်။ လုပ်နေကျ အလုပ်တွေကို လုပ်ဖို့တောင် ခက်ခဲလာပြီ။ နာရီဝက်လောက်နဲ့ ပြီးရမယ့် အလုပ်ကို ၁ နာရီ ကျော်ကြာတဲ့အထိတောင် မပြီးသေးဘူး ဖြစ်နေပြီ။ ခေါင်းထဲမှာလည်း မကြည်ဘူး။ ဖတ်တဲ့စာတွေကိုလည်း သေချာ နားမလည်တော့ဘူး။ ပြောနေတဲ့ စကားတွေကို နားလည်ဖို့ မနည်း နားထောင်နေရပြီဆိုရင် သေချာတာ ပင်ပန်းနေလို့ ခန္ဓာကိုယ်က အနားတောင်းနေတာပါ။ ဒီအချိန်မှာ လုပ်ရမယ့် အကောင်းဆုံး နည်းလမ်းကတော့ ဘာကိုမှ မတွေးဘဲ အိပ်လိုက်တာပါ။ ပင်ပန်းလာရင် အိပ်သာအိပ်လိုက်ပါ။ ပင်ပန်းလာရင် အိပ်သာအိပ်လိုက်ပါ လို့ ပြောရတာက အိပ်စက်မှုက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ အကောင်းဆုံး အားဖြည့်နိုင်လို့ပါ။ ပြည့်ဝတဲ့ အိပ်စက်မှုက တီထွင်ဖန်တီးနိုင်စွမ်း ကောင်းစေတယ် ပြည့်ဝတဲ့ အိပ်စက်မှုက ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ […]


အခြေခံကျန်းမာရေး

New Year’s goals တွေ ပျက်စီးသွားပြီလား၊ စိတ်မပူပါနဲ့

နှစ်သစ်ကူးမှာ ချမှတ်ထားတဲ့ New Year’s goals လို့ခေါ်တဲ့ နှစ်သစ်ကူးရည်မှန်းချက် ဆိုတာမျိုးက ပျက်ယွင်းလွယ်တဲ့ ရည်မှန်းချက်မျိုးပါ။ ပျက်ယွင်းအလွယ်ဆုံးလို့တောင် ဆိုလို့ရပါတယ်။ အကြောင်းပြချက် အမျိုးမျိုးကြောင့် New Year’s goals တွေ ပျက်ယွင်းသွားတတ်ပြီးတော့ များသောအားဖြင့်တော့ ကိုယ်တိုင်လိုက်နာရခက်ခဲပြီး လက်တွေ့မကျတဲ့ ရည်မှန်းချက်တွေ ဖြစ်နေတတ်တာကြောင့်ပါပဲ။ ဒါပေမယ့် လက်တွေ့ကျနေလျက်နဲ့ အကောင်အထည်ပေါ်မလာတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ ခုလို ကပ်ဘေးကာလနဲ့ ကြုံတွေ့နေရတာမျိုး၊ တိုင်းရေးပြည်ရေး အကျပ်အတည်းတွေကြောင့် ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ ခက်ခဲသွားတာမျိုး၊ ကျန်းမာရေး ပြဿနာတွေ ရင်ဆိုင်ရတာမျိုးကြောင့် မျှော်လင့်ထားသလို မလုပ်ဆောင်နိုင်တော့တာမျိုးတွေလည်း ဖြစ်တတ်တယ်လေ။ နှစ်သစ်ရည်မှန်းချက်တွေ အကောင်အထည်ပေါ်မလာလို့ စိတ်ပျက်မနေပါနဲ့။ ဒီရည်မှန်းချက်တွေကို ပြန်ပြီးအဖတ်ဆည်နိုင်စေမယ့် နည်းလမ်းတွေ ရှိထားပြီးသားပါ။ ကိုယ့်ရဲ့ နှစ်သစ်ကူးရည်မှန်းချက်တွေကို ပိုပြီးလက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် ဖန်တီးပြုပြင်ယူနိုင်မယ်ဆိုရင် နှစ်သစ်ကူး ရည်မှန်းချက် တွေ လုံးဝပျက်ယွင်းသွားတာမျိုးမဟုတ်ပဲ ပြန်ပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အကျပ်အတည်းကာလဆိုပြီး ပိုသောက်မိနေပြီလား

ကိုယ်လက်ရှိရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေ၊ ကပ်ဘေးတွေကြောင့် စိတ်တွေညစ်လိုက်တာ၊ စိတ်တွေပင်ပန်းလိုက်တာဆိုပြီး နေ့စဉ်ရက်ဆက် ပိုသောက်မိနေပြီလား ။ စိတ်ပင်ပန်းမှုကို ယမကာလေးနဲ့ ဖြေဖျောက်ချင်တတ်ကြတာ သဘာဝမဟုတ်လား။ နိုင်ငံတကာ လေ့လာချက်တွေအရလည်း ခုလို ကိုဗစ်ကပ်ဘေးအပါအဝင် အကျပ်အတည်းပေါင်း သောင်းခြောက်ထောင် ရင်ဆိုင်နေရတဲ့ကာလမှာ လူအများစုရဲ့ အရက်သေစာမှီဝဲနှုန်းဟာ ပုံမှန်ထက်ပိုမို မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။ အကျပ်အတည်းကာလမှာ အလုပ်လက်မဲ့ဖြစ်သွားလို့၊ အိမ်ထဲကအိမ်ပြင်မထွက်ရလို့၊ ဝင်ငွေထိခိုက်သွားလို့၊ ချစ်ခင်ရသူတွေ ဆုံးရှုံးသွားလို့ စတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ အရွယ်ရောက်ပြီး အမျိုးသားတွေရဲ့ အရက်သေစာမှီဝဲနှုန်းဟာ ယခင်ကထက်ပိုပြီး မြင့်တက်လာနေတာပါ။   ပိုသောက်မိနေပြီလား Lockdown ကာလတွေစတင်ချိန်ကတည်းက အိမ်ထောင်ဦးစီးအမျိုးသားတွေဟာ သူတို့ရဲ့ စိတ်ပင်ပန်းနေမှုတွေ၊ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ အရက်ကို ပိုမှီဝဲလာကြပါတယ်။ အများစုဟာ နေ့စဉ်ရက်ဆက် သောက်သုံးလာကြတယ်လို့ အရီဇိုးနားတက္ကသိုလ်က ပြုလုပ်တဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အထူးသဖြင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားတွေမှာ အရက်သောက်သုံးမှုနှုန်း ပိုမိုမြင့်တက်လာနေပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေပူထဲ မှာ အနေကြာပြီး ဖျားတဲ့အခါ

တစ်နေကုန် နေပူထဲ သွားပြီး ပြန်လာမယ်။ ညရောက်တော့ ချမ်းတုန်ပြီး အဖျားတွေ တက်ပါရော။ စိတ်ထဲမှာ အပူလျှပ်တယ်လို့ ထင်ပေမယ့် တကယ်အပူလျှပ်တယ်ဆိုရင် အပူချိန် ၁၀၃ ဒီဂရီဖာရင်ဟိုက်လောက်ရှိပြီး လူက ချွေးမထွက်ဘဲ ပူခြစ်နေတာမျိုးပါ။ ဒါဆိုရင် နေပူထဲသွားတာကြာရင် သာမန်အဖျားလိုပဲ ဖျားတတ်တာလား။ မဖျားအောင် ဘယ်လို လုပ်ရမလဲဆိုတာပါပဲ။ နေပူထဲ မှာ အနေကြာရင် ဘာကြောင့် ဖျားတတ်တာလဲ။ နေပူထဲကို အကာအကွယ်မပါဘဲ ဒါမှမဟုတ် အကာအကွယ်မလုံလောက်ဘဲ ထွက်တဲ့အခါ နေလောင်ပါတယ်။ နေလောင်တဲ့အခါ ဆဲလ်တွေပျက်စီးပါတယ်။ ဒါကြောင့် နေပူထဲသွားပြီး ပြန်လာရင် အသားတွေနီပြီး နာနေတာပါ။ ဒါက အရေပြားတွေ ဆဲလ်တွေ ပျက်စီးပြီး ရောင်ရမ်းတာကြောင့်ပါ။ ဒါက အရေပြားလေးပဲ ကွက်ပြီး ရောင်တာပါ။ တကယ်လို့ တစ်ကိုယ်လုံးသာ နေလောင်ခံရမယ်ဆိုရင် တစ်ကိုယ်လုံးက ဆဲလ်တွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကပ်ဘေးရဲ့ မွန်းကျပ်မှုတွေကို Hiking ထွက် ပြီး ဖြေဖျောက်ကြမလား

လူအတော်များများက ပုံမှန်နေ့စဉ်ဘဝမှာ လမ်းလျှောက်ဖြစ်ကြေပေမယ့် ခြေလျှင်ခရီး‌တွေကို ပုံမှန်အားကစားတစ်ခုအဖြစ် ပြုလုပ်ကြတာတော့ နည်းပါတယ်။ ခြေလျှင်ခရီးထွက်တာ တနည်း Hiking ထွက် တာဟာ ကျန်းမာရေးကို အကျိုးကျေးဇူး အမြောက်အများပေးစွမ်းနိုင်ပါတယ်။ သင်ထင်မှတ်ထားတာတွေရော မထင်မှတ်ထားတာတွေရောပါ။ ခုလို COVID-19 ကပ်ဘေးကာလမှာ Camping လုပ်ကြတာတွေခေတ်စားလာကြပေမယ့် ခြေလျှင်ခရီးထွက်တာမျိုးကိုတော့ အလုပ်နည်းကြပါတယ်။ အကြောင်းကတော့ သာယာရှုမောဖွယ်ရှုခင်းမျိုးနဲ့ အေးအေးဆေးဆေးလမ်းလျှောက်နိုင်မယ့်နေရာမျိုးတွေ နည်းပါးနေသေးတာကြောင့်ပါ။ ဒါပေမယ့် ဒီလိုကပ်ဘေးကာလမျိုးမှာ ခြေလျှင်ခရီးတွေ ပိုထွက်သင့်ပါတယ်။ ရောဂါပိုးအန္တရာယ်နဲ့ စိတ်ကျဉ်းကျပ်ဖွယ်ရာတွေပြည့်နေတဲ့ မြို့ပြလူနေမှုဘဝကို စွန့်ခွာပြီး အနီးဝန်းကျင်က ကျေးလက်ဒေသတွေကို ကာလတို လမ်းလျှောက်ခရီးလေးတွေ ထွက်ကြည့်မယ်ဆိုရင် စိတ်ရောကိုယ်ပါ အကျိုးရှိလာမှာကို သင်သိလာပါလိမ့်မယ်။ Hiking ထွက် ပါလို့ ဘာလို့ပြောရတာလဲ တစ်ခုတော့ သတိပေးချင်ပါတယ်။ Hiking က လွယ်ကူတဲ့ နည်းလမ်းတစ်မျိုးတော့ မဟုတ်ပါဘူး။ ပထမဆုံးအကြိမ်မှာဆိုရင် သေမတတ်ပင်ပန်းတယ်လို့ လူအတော်များများက သူတို့အတွေအကြုံတွေကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လူစုလူဝေးကြားမှာ လူနင်း မခံရစေဖို့

သင်္ကြန်လိုပွဲတော်တွေ၊ EDMပွဲတွေ၊ ဘုရားပွဲစျေးတန်းတွေ စသဖြင့် လူစုလူဝေး လုပ်ကြတဲ့အခါ လူပိခံရဖို့၊ တစ်ခုခုဖြစ်လို့ ထွက်ပြေးကြတဲ့အခါ လူနင်း ခံရဖို့ များပါတယ်။ လူနင်းခံရတာက အရေးကြီးပါတယ်။ အနင်းခံရရုံ သက်သက်နဲ့တင် ကိုယ်တွင်း ကလီစာတွေ ကြေမွပြီး သေနိုင်တဲ့အတွက် မတော်တဆများ လူစုလူဝေးကြားထဲကနေ ပြေးဖို့ လိုလာခဲ့ရင် ဘယ်လို နည်းလမ်းတွေ သုံးသင့်လဲဆိုတာ ပြောပြပါ့မယ်။ လူစုလူဝေးကြားမှာ လူနင်း မခံရစေဖို့ နည်းလမ်းများ မျက်စိရှင်ရှင်ထားပါ။ အရေးကြီးဆုံးက ဒီလူအုပ်ထဲက ထွက်နိုင်ဖို့ပါပဲ။ ပတ်ဝန်းကျင်ကို တစ်ချက်လောက် ကြည့်လိုက်ပါ။ လှည့်ပြေးတာကောင်းသလား၊ ရှေ့ကနေ ဖောက်ထွက်တာ ကောင်းသလား။ ဘယ်ဟာက လွတ်လမ်းနဲ့ နီးနိုင်လဲ။ ဒါကို သိဖို့အတွက်ဆိုရင် ပြဿနာဖြစ်နေတဲ့ ဗဟိုချက် epicentreကို သိဖို့ လိုပါတယ်။ ဘယ်နေရာက လူတွေ အစုလိုက် အပြုံလိုက် ဖြစ်နေလဲ။ လူပါးတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေပူ ထဲမှာ အကြာကြီး လမ်းလျှောက်ရမယ်ဆိုရင် ဘာတွေသတိထားသင့်လဲ။

နေပူ ထဲမှာ ဒီတိုင်း နေရင်တောင် ချွေးတွေ ထွက်ပြီး တော်တော်ပင်ပန်းတာ၊ စုဝေးပြီး လမ်းလျှောက်မယ်ဆိုရင် ပိုလို့တောင် ပင်ပန်းမှာပါ။ ဒီလို လမ်းလျှောက်တဲ့အခါမှာ ကျန်းမာရေး မထိခိုက်ဘဲ ကြံ့ကြံ့ခိုင်ခိုင်နဲ့ လမ်းလျှောက်ဖို့ဆိုရင် အောက်က အချက်တွေကို လိုက်နာဖို့ လိုပါတယ်။ နေပူ ထဲမှာ အကြာကြီး လမ်းလျှောက်နိုင်ဖို့ အိပ်ရေးဝဝအိပ်ပါ။ မလျှောက်ခင် တစ်ရက်မှာ အိပ်ရေး ဝဝအိပ်ပါ။ ဒါမှ နောက်ရက်မှာ လန်းလန်းဆန်းဆန်းနဲ့ ကြာကြာလျှောက်နိုင်မှာပါ။ တစ်ခုခု စားထားပါ။ ဘယ်အချိန်ပဲ လျှောက်လျှောက် အစာခံနိုင်ဖို့၊ အားရှိနေစေဖို့ တစ်ခုခု စားထားပါ။ စားတဲ့နေရာမှာလည်း အစာကြေလွယ်တာပဲ ရွေးစားပါ။ ဗိုက်ပြဿနာတက်နိုင်တဲ့ ပူလွန်း၊ စပ်လွန်းတာတွေ မစားပါနဲ့။ ရေများများသောက်ပါ။ ချွေးထွက်ထွက်၊ မထွက်ထွက် မကြာခဏ ရေသောက်ပါ။ ခဏခဏ အာစွတ်ရုံသောက်ပါ။ လှုပ်နေတဲ့အတွက်  ခန္ဓာကိုယ်က အပူတွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ကျန်းမာရေးအတွက် အနမ်းတစ်ပွင့်

ချစ်သူရသူတွေ အချင်းချင်းအကြား နှုတ်ခမ်းခြင်း နမ်းရှုံ့ပြီး အချစ်တွေ ဖလှယ်ကြတာက ဒီဘက်ခေတ်မှာ ထူးဆန်းလှတဲ့ အပြုအမူတော့မဟုတ်ပါဘူး။ လိင်စိတ်ဆန္ဒကြောင့်ပဲဖြစ်ဖြစ်၊ ချစ်ခင်မြတ်နိုးမှုကို ပြသလိုတဲ့ စိတ်ဆန္ဒကြောင့်ပဲဖြစ်ဖြစ် အနမ်းချင်း ဖလှယ်တတ်ကြပါတယ်။ ဒါပေမယ့် ကျန်းမာဖို့ သင့်ကျန်းမာရေးအတွက် အနမ်းတစ်ပွင့် ပေးပါ လို့ ပြောရင်တော့ အံ့သြသွားကြမယ်မဟုတ်လား။ တကယ်တော့ နမ်းရှုံ့တယ်၊ အကြင်နာပေးတယ်၊ Kissing ပေးတယ်ဆိုတာတွေဟာ အချစ်ကို ကိုယ်စားပြုရုံတင် မဟုတ်ပါဘူး။ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေနဲ့ လူနှစ်ဦးအကြားက ခိုင်မြဲတဲ့ ဆက်ဆံရေးတွေအပေါ်မှာလည်း အကျိုးသက်ရောက်မှုရှိပါတယ်။ သိပ္ပံနည်းကျလေ့လာမှုတွေအရ အနမ်းတစ်ပွင့် ဟာ လူတွေရဲ့ ကျန်းမာရေးကို တိုးတက်စေနိုင်ပါတယ်တဲ့။ ဘယ်လို အကျိုးပြုသလဲ ကြည့်ကြရအောင် … အနမ်းတစ်ပွင့် လိုနေရတဲ့အကြောင်းအရင်း ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်ပါတယ် နှုတ်ခမ်းချင်း ထိစပ်နမ်းရှုံ့လိုက်တဲ့အခါမျိုးတွေမှာ ဘက်တီးရီးယားတွေ ပါလာနိုင်ပါတယ်။ ဒါကြောင့် နာမကျန်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်ကြောင့်ပဲ ဘက်တီးရီးယားတွေကို […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း