အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခေါင်းခဏခဏ ကိုက်တတ်တာ ဘာကြောင့်လဲ

ခေါင်းကိုက်တာက သာမန် အချိန်မှာ ပြောတော့သာ ခပ်ပေါ့ပေါ့နော်။ ခေါင်းတကယ် ကိုက်နေချိန်မှာ ခေါင်းကိုက် တယ်လို့ ပြောရတာက အတော်လေး ခံစားရခက်တဲ့ ကိစ္စပါ။ ခေါင်းကိုက်တာက နေ့စဉ် ဘဝမှာ အချိန်မရွေး ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာပါ။ ဒါပေမယ့် နေ့တိုင်း ခံစားနေရတဲ့ ကျန်းမာရေး ပြဿနာတော့ မဟုတ်ပါဘူး။ တကယ်လို့ ခေါင်းကိုက်တာကို နေ့စဉ် လိုလို ခံစားနေရပြီဆိုရင် တစ်ခုခု မှားယွင်းနေတာ ဖြစ်နိုင်ပါတယ်။ ဒီတော့ ဘာကြောင့် ခေါင်းခဏခဏ ကိုက်ရတာလဲဆိုတာကို အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။ ခေါင်းကိုက်တယ် ဆိုတာ ခေါင်းကိုက်တယ်ဆိုတာက ခေါင်းထဲမှာနေရတာ သက်သောင့်သက်သာမရှိတဲ့အနေအထားမျိုးပါ။ ဦးရေပြား၊ Sinuses နဲ့ ဇက်တဝိုက်မှာခံစားရတဲ့ သက်သောင့်သက်သာမရှိတဲ့ အခြေအနေ တစ်ရပ်ပေါ့။ ခေါင်းတဝိုက်က ကြွက်သားတွေ နာသလိုမျိုးလည်း ခံစားရနိုင်ပါတယ်။ လှုပ်ရှားလွန်းတာကြောင့် ဖြစ်နိုင်သလို ခေါင်းထဲမှာရှိတဲ့ နာကျင်မှုကိုအာရုံခံတဲ့ အစိတ်အပိုင်းတွေမှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အကိုက်အခဲပျောက်ဆေး အကြောင်း တစေ့တစောင်း

နေ့စဉ်နဲ့အမျှ ကြုံတွေ့ရနိုင်တာကတော့ ကိုက်ခဲနာကျင်မှုတွေပါ။ ကိုက်ခဲနာကျင်မှုတွေက သက်သောင့်သက်သာမဖြစ်ဘဲ နေ့စဉ်အလုပ်တွေကို ထိခိုက်စေတာကြောင့် တတ်နိုင်သမျှ မြန်မြန်သက်သာလေ ကောင်းလေလေပါပဲ။ ဒါကြောင့် အကိုက်အခဲပျောက်ဆေး တွေကို ကြည့်လိုက်ရင် အများကြီး ရှိနေတာပါ။ အကိုက်အခဲပျောက်ဆေး အမျိုးအစားများ အကိုက်အခဲပျောက်ဆေးတွေကို အဓိက ၂မျိုး ခွဲထားပါတယ်။ အလွယ်ပြောရရင် ဘိန်းပါတာနဲ့ မပါတာပါ။ Opioidနဲ့ Non-opioid analgesicsဆိုပြီး ခေါ်ကြပါတယ်။ ဘိန်းမပါတဲ့ အကိုက်အခဲပျောက်ဆေးတွေမှာမှ ၂မျိုးထပ်ခွဲထားပါတယ်။ ပါရာစီတမောရယ် NSAIDsလို့ ခေါ်တဲ့ nonsteroidal anti-inflammatory drugs (ဥပမာ- အက်စပရင်၊ ibuprofen, diclofenac, celecoxib) တို့ပါ။ သူကကျတော့ အရောင်ပါ ကျစေပါတယ်။ ၂မျိုးလုံးကတော့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်ပါတယ်။ WHO ရဲ့ နာကျင်မှု ကုထုံးအရ သာမန်နာကျင်မှုတွေကနေ ပြင်းထန်ကိုက်ခဲမှုတွေအထိ သုံးလို့ရပါတယ်။ နောက်တစ်မျိုးက ဘိန်းကို အခြေခံပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခန္ဓာကိုယ်မှာ ကော်လာဂျင် နည်းနေတာလား .......

ကော်လာဂျင် ဆိုတဲ့ စကားလုံးတွေက အခုနောက်ပိုင်း လူအတော်များများ အထူးသဖြင့် လေဒီလေးတွေနဲ့ ပိုပြီး ရင်းနှီးလာတဲ့ စကားလုံးလေးပါ။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်ထဲမှာ ကော်လာဂျင်က ဘယ်လို အခန်းကဏ္ဍတွေကို လုပ်ဆောင်ပေးနေလဲဆိုတာနဲ့ ကော်လာဂျင် နည်းရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲဆိုတာကိုပြောပြပေးချင်ပါတယ်။ ကော်လာဂျင်ဆိုတာ ကော်လာဂျင်ဆိုတာက အရွယ်တင်နုပျိုစေပြီး လှပနေစေတဲ့ ပရိုတင်းတစ်မျိုးပေါ့။ အလှအပအတွက် အားဖြည့်ပေးနေတဲ့ ဇာတ်ကောင်လေးဆိုလည်း မမှားပါဘူး။ ခန္ဓာကိုယ်မှာရှိနေတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး အရေပြား၊အရိုး၊ကြွက်သား၊ အရိုးနု၊အရွတ်၊သွေးကြောနဲ့ အူမကြီးတွေမှာရှိတဲ့ တွယ်ဆက်တစ်ရှူးတွေကို အားဖြည့်ပေးထားပါတယ်။ ကော်လာဂျင်က ဘယ်လို အခန်းကဏ္ဍတွေမှာ ပါဝင်နေတာလဲ ..... ကော်လာဂျင်က အလှအပအတွက်ပဲ အရေးပါတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်မှာ ဖွဲ့စည်းထားတဲ့ ကြွက်သား၊ အရေပြား၊သွေး၊ အရိုး၊ အရိုးနု နဲ့ အရွတ်အပါအဝင် အစာအိမ်နဲ့အူလမ်းကြောင်းတွေကိုပါ ကျန်းမာစေနိုင်ပါသေးတယ်။ ကိုယ်တွင်းအင်္ဂါတွေကို ကျန်းမာစေနိုင်သလို အသက်အရွယ်ကြောင့်ဖြစ်တဲ့ အဆစ်တွေနာတာကိုလည်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပိန်လွန်း ရင် ဒီကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပါတယ်။

ကိုယ်အလေးချိန်ဆိုတာမျိုးက တက်လွန်းလည်း မကောင်း၊ ကျလွန်းလည်း မကောင်းပါဘူး။ အစွန်းနှစ်ဖက် လွတ်ပြီး မိမိခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့ ကိုယ်အလေးချိန်ရှိတာကသာ အသင့်တော်ဆုံး ဖြစ်ပါတယ်။ အများစုက ဝတာမကောင်းဘူး။ ပိန်တာကောင်းတယ်ဆိုပေမယ့် ပိန်လွန်း ရင်လည်း ဒီလိုကျန်းမာရေး ပြဿနာတွေ ကြုံရနိုင်ပါတယ်။ ပိန်လွန်း တယ်ဆိုတာ ဝတယ် ပိန်တယ်ဆိုတာကို အတိအကျတိုင်းနိုင်တဲ့ ကိရိယာရယ်လို့ မရှိပါဘူး။ ခုခေတ်မှာတော့ BMI လို့ခေါ်တဲ့ အရပ်နဲ့ ကိုယ်အလေးချိန်ကို အချိုးချတွက်တဲ့ ပုံသေနည်းတစ်ခုရှိပေမယ့် ဒါကလည်း အတိအကျမှန်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အကြမ်းဖျင်း ပိန်သလား၊ အဝလွန်နေသလားဆိုတာကိုတော့ ပြောနိုင်ပါတယ်။ BMI တွက်ကြည့်လိုက်လို့ ၁၈.၅အောက်ဆိုရင် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေတယ်လို့ ပြောနိုင်ပါတယ်။ လူပုံစံကလည်း ပါးပါးလျပ်လျပ်နဲ့ အရိုးပေါ်အရေတင်လေး ဖြစ်နေတယ်ဆိုရင်တော့ ပိုသေချာတာပေါ့။ ဘာကြောင့် ပိန်လွန်း ရတာလဲ။ ပိန်တာကလည်း ဝတာလိုပဲ အကြောင်းရင်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဗီတာမင် Sea

ခေါင်းစဉ်ကို ကြည့်ပြီး ဗီတာမင်ဆို ဗီတာမင် A၊ C၊ E တို့လိုမျိုးပဲ ကြားမိပါတယ်။ ဗီတာမင် Sea ရယ်လို့ မကြားမိပါဘူးဆိုပြီး ထူးဆန်းနေပြီလား။ ဒါဆိုရင်တော့ ဗီတာမင် Sea ဆိုတာက ဘာလဲဆိုတာကနေစလို့ ပြောပြမယ်နော်။ ဘာလဲ ဗီတာမင် Sea ........ ဗီတာမင် Sea ဆိုတာက ပင်လယ်ပြင်ကြီးကြောင့် ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကို တင်စားထားတာပါ။ ပင်လယ်ရေထံ ဆော့ရင်း၊ ရေကူးရင်းကနေ ရရှိမယ့် ကျန်းမာရေးကောင်းကျိုးတွေကို ဆိုလိုတာပါ။ ပင်လယ်ရေဆိုရင် ငန်နေတာပဲ။ အသားတွေလည်း မဲစေတယ်လို့ပဲ အများက မှတ်ယူထားကြတာပါ။ တကယ်ကတော့ ပင်လယ်ရေက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ကုသပေးနိုင်စွမ်းတွေ ပိုင်ဆိုင်ထားပါတယ်။ ဘယ်လို ကုသပေးနိုင်စွမ်းတွေများ ပိုင်ဆိုင်ထားလဲဆိုတာကို သိနိုင်ဖို့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ပင်လယ်ရေမှာ ဘာတွေပါ ....... ပင်လယ်ရေမှာ ဘာတွေပါလဲဆိုတော့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကြက်သွန်ခွံတွေကို သိမ်းထားပါ။

ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေက ဟင်းလျာတိုင်းမှာ မပါမဖြစ်ပါ။ ဒီလို ဟင်းအနှစ်ရဖို့၊ အညှီပျောက်ဖို့ဆိုပြီး ဟင်းချက်တဲ့အခါ ထည့်ချက်တဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေက ဟင်းတွေကိုတင် အရသာတိုးစေတာ မဟုတ်ဘဲ ကျန်းမာရေးကိုလည်း အထောက်အကူပြုတယ်ဆိုတာကို အတော်များများ သိထားပြီး ဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေရဲ့ အတွင်းသားကတင် အသုံးဝင်တာ မဟုတ်ဘဲ။ အပြင်ခွံလေးတွေကပါ ဘယ်လို အသုံးတည့်လဲဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ ကြက်သွန်ခွံတွေမှာ ဘာတွေပါ။ ကြက်သွန်နီ နဲ့ ကြက်သွန်ဖြူ အပြင်ခွံတွေမှာ အခုလိုမျိုး ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ ဗီတာမင် A ဗီတာမင် C ဗီတာမင် E ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖလေဗာနွိုက် quercetin တို့ ပါဝင်နေပါတယ်။ ကြက်သွန်နီခွံက အရောင်ကျစေနိုင်သလို။ ကြက်သွန်ဖြူခွံက ကိုယ်ခံအားကောင်းစေပြီး၊ အရေပြားကိုကျန်းမာစေပါတယ်။ ဒါတွေအပြင် ဘယ်လိုတွေ အသုံးတည့်လဲဆိုတာကို အတူတူ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ထိုင်းမှိုင်း မှုတွေကို မောင်းထုတ်ကြရအောင်

ထိုင်းမှိုင်း နေရင် အလုပ်တွေ လုပ်ရတာ ပုံမှန်ထက် ပိုကြာနေသလို အချို့သော အရာတွေကို အလွယ်တကူ နားမလည်တာမျိုး ခံစားရနိုင်ပါတယ်။ အိပ်ချင်နေတာလိုလို ခေါင်းထဲ နောက်ကျိကျိ ဖြစ်နေတာလိုလို တစ်ခုခုလိုနေသလို ဘာရယ်လို့ ရေရေရာရာ မသိရတဲ့ ခံစားရမှုကြီးက အတော်လေး နေရထိုင်ရ မသက်မသာ ဖြစ်စေတာပါ။ ဒီလို ဖြစ်နေတဲ့အခါ ထိုင်းမှိုင်းမှုတွေကို အဝေးကို မောင်းထုတ်ချင်ပေမယ့် ဘယ်လိုလုပ်လို့ လုပ်ရမှန်း မသိဘူး ဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး ထိုင်းမှိုင်းမှုတွေကို မောင်းထုတ်လိုက်ကြရအောင် လား။ ထိုင်းမှိုင်း မှုတွေကို မောင်းထုတ်ကြရအောင် လုပ်ဆောင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ ထိုင်းမှိုင်းမှုကြီးကို ဒီနည်းလမ်းလေးတွေ သုံးပြီး မောင်းထုတ်လိုက်ရအောင်လား ........ ရေချိုး လိုက်ပါ ထိုင်းထိုင်းမှိုင်းမှိုင်း ခံစားနေရပြီဆိုရင် မြန်နိုင်သမျှ မြန်မြန် ရေချိုးလိုက်ပါ။ ရေချိုးတယ်ဆိုတဲ့နေရာမှာလည်း ရေအေးအေးလေးနဲ့ ချိုးစေချင်ပါတယ်။ ဒါမှ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဘိုထိုင် အိမ်သာ လား၊ မြန်မာထိုင်လား။

အိမ်ဆောက်ပြီးလို့ အိမ်သာ ရွေးရင်ပဲ ဖြစ်ဖြစ်၊ အပြင်သွားလို့ အိမ်သာသွားချင်ရင်ပဲ ဖြစ်ဖြစ် ဘိုထိုင်လား မြန်မာထိုင်လားဆိုလား ကြည့်ရပါတယ်။ တချို့ကလည်း ဘိုထိုင်အိမ်သာက သက်သောင့်သက်သာသွားရတယ်။ မြန်မာထိုင်က ညောင်းတယ်ပေါ့။ တချို့ကျလည်း သူများထိုင်ပြီးသားကြီး မထိုင်ချင်ပါဘူး။ မြန်မာထိုင်ဆို ဘာနဲ့မှထိစရာ မလိုပါဘူး စသဖြင့်ပေါ့။ ဒီအိမ်သာနှစ်မျိုးလုံးမှာကတော့ သူ့ဟာနဲ့သူ ကောင်းကျိုး ဆိုးကျိုးလေးတွေ ရှိပါတယ်။ ဘိုထိုင် အိမ်သာ ကောင်းကျိုး သန့်ရှင်းရေး လုပ်ရလွယ်ပါတယ်။ ကိစ္စပြီးတဲ့အခါ နောက်ကနေ ရေဆွဲချလိုက်ရုံပါပဲ။ ဒူးနာသက်သာပါတယ်။ အထူးသဖြင့် အဝလွန်တဲ့သူတွေ၊ အသက်ကြီးတဲ့သူတွေကျ ဆောင့်ကြောင့်ထိုင်ဖို့ ခက်ပါတယ်။ သူတို့အတွက် အဆင်ပြေပါတယ်။ ချော်လဲမှာ မစိုးရိမ်ရပါဘူး။ အကြာကြီး ဆောင့်ကြောင့်ထိုင်ပြီး ပြန်အထမှာ မူးတာ၊ ခြေမခိုင်ဘဲ ချော်လဲတာ ဖြစ်တတ်ပါတယ်။ ဘိုထိုင်အိမ်သာက သာမန်ကုလားထိုင်ကနေ ထသလို ဖြစ်တဲ့အတွက် ဒီပြဿနာတွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အဝတ်အစားတွေ ဆီစွန်း သွားရင်

အဝတ်အစားတွေမှာ ဆီစွန်း သွားတာက အဝတ်အစားတွေကို ပျက်စီးစေတာ တစ်မျိုးပါပဲ။ စားတဲ့ဆီ ဒါမှမဟုတ် စက်ဆီတွေ အဝတ်အစားကို စွန်းသွားလို့ ဘယ်လို လုပ်ရမလဲဆိုပြီး စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ အကြိုက်ဆုံး အဝတ်အစားလေးတွေ ဆီစွန်းသွားတဲ့အခါ ပျက်စီးမှုတွေ မဖြစ်စေဖို့ စွန်းသွားတဲ့ ဆီတွေကို ဘယ်လို ချွတ်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ အဝတ်အစားတွေ ဆီစွန်း သွားရင် အဝတ်အစားတွေ ဆီစွန်း သွားရင် အရင်ဆုံး လုပ်မိတာက တစ်သျှူးစ ဒါမှမဟုတ် အဝတ်စကို ယူပြီး သုတ်လိုက်တာဟုတ်။ ဒါက အဆီတွေကို စုပ်ယူပေးနိုင်တယ်ဆိုပေမယ့် ကုန်စင်အောင်တော့ မဟုတ်ပါဘူး။ အဝတ်အစားမှာ စွန်းသွားတဲ့ အဆီတွေကို အကုန်လုံးဖယ်ရှားနိုင်ဖို့ဆိုရင် ဒီမည်းလေးတွေက အသုံးတည့်မှာပါ။ သနပ်ခါး သနပ်ခါးကတော့ မြန်မာနိုင်ငံက အိမ်တိုင်းလိုလိုမှာ ရှိတဲ့အရာပါ။ အဝတ်အစားတွေမှာ ဟင်းဆီတွေ၊ စက်ဆီတွေ စွန်းသွားတဲ့အခါ အရင်ဆုံး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ညတစ်ရေးနိုး ရေသောက်တာက ကျန်းမာရေးကို ထိခိုက်စေသလား........

ညဦးကတော့ အိပ်ရင်း ဆီးသွားချင်မှာ စိုးလို့ ရေသိပ်မသောက်ဘဲ အိပ်လိုက်တယ်။ ညတစ်ရေးနိုး လာတော့ အာခေါင်တွေက ခြောက်ပြီး ရေတအား ငတ်လာလို့ ရေတွေ တဝ သောက်လိုက်မိတယ်။ ရေသောက်လိုက်မှပဲ ကောင်းကောင်း အိပ်ပျော်သွားတော့တယ်။ ဒီလိုမျိုး တစ်ကြိမ်၊ နှစ်ကြိမ် လုပ်မိစဉ်က ဘာရယ်လို့ မတွေးမိပေမယ့် ရက်တွေ ဆက်တိုက်လို ဖြစ်လာတဲ့အခါကျတော့ ခေါင်းထဲမှာ တွေးမိလာတာက ဒီလိုမျိုး ညတစ်ရေးနိုး ရေသောက်တာက ကောင်းရဲ့လား။ ကျောက်ကပ်တွေ ဘာတွေများ ထိခိုက်မလား။ အခြားရော ဘယ်လိုတွေ ထိခိုက်နိုင်သေးလဲဆိုပြီး စိတ်ပူနေတဲ့သူလေးတွေများ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ညတစ်ရေးနိုး ရေသောက်တာက ကျန်းမာရေးကို ထိခိုက်စေသလား........ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေဖို့အတွက် နေ့စဉ် ရေကို ပြည့်ပြည့်ဝဝ သောက်ဖို့ လိုပါမယ်။ တစ်နေ့လုံးရော အိပ်စက်နေစဉ်မှာပါ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း