အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နွေရာသီမှာ ရေချွေတာပါ

နွေရောက်လာပြီဆိုရင် ကြားရမယ့် ကိစ္စက ရေရှားလာတာပါ။ ရန်ကုန်လိုနေရာမှာ တော်သေးပေမယ့် အထက်ပိုင်းအညာဒေသတွေမှာ ရေရှားတာက အတော်ရေး ရိုက်ခတ်မှု ပြင်းတဲ့ ပြဿနာပါ။ ဒီပြဿနာကို တစ်ယောက်တစ်လက်နဲ့ ဝိုင်းကူလို့ ရပါတယ်။ ဒီလို ဝိုင်းကူနိုင်စေမယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ နွေရာသီမှာ ရေချွေတာပါ ဆိုတာလေးကို အကောင်အထည် ဖော်ကြည့်ရအောင်နော်။ နွေရာသီမှာ ရေရှားတာ ပုံမှန်ပါပဲ နွေရာသီမှာ ရေရှားတာကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာပါ။ ပြဿနာရှိရင် အဖြေရှိတယ်ဆိုတဲ့ စကားလိုပဲ ရေရှားတာကို ဖြေရှင်းလို့ ရပါတယ်။ ရေရှားတာ မဖြစ်စေဖို့အတွက် မြစ်တွေ ချောင်းတွေ မြေအောင်းရေတွေထဲကို ရေအရင်းအမြစ်တွေ ထည့်စိုက်တာမျိုး မလုပ်နိုင်ပေမယ့် တစ်ယောက်တစ်လက်နဲ့ ချွေတာပေးလို့တော့ ရပါတယ်။ နွေရာသီမှာ ရေကြောင့် ကျန်းမာရေး ထိခိုက်စေနိုင်သလား နွေရာသီမှာ ရေရှားပါးတာ၊ သန့်ရှင်းတဲ့ ရေကို မရရှိတာကြောင့် ကျန်းမာရေး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နွေပူပူမှာ သောက်ကြမယ့် ဘော်ဒါတွေ ဖတ်ရန်

တစ်နေ့ထက် တစ်နေ့ထက် တစ်နေ့ အပူချိန်က မြင့်တက်လာနေပြီး မကြာခင်မှာ နွေရက်တွေကို ဖြတ်သန်းရတော့မှာပါ။ ဒီလို နွေပူပူမှာ ရေဓာတ် ဆုံးရှုံးတာ အပါအဝင် အပူရှိန်ကြောင့် အပူလျှပ်တာနဲ့ အမျိုးမျိုးသော ကျန်းမာရေးပြဿနာတွေကို ခံစားလာရကြပါတယ်။ ဒီလု အပူချိန် ပြင်းချိန်မှာ ပုံမှန်အတိုင်းတောင် ကျန်းမာအောင် အတော်လေး ဂရုစိုက်နေရချိန်မှာ ဘီယာကစ်မယ်။ တစ်ခွက်တစ်ဖလားဆိုပြီး အပီကစ်မယ်လို့ တွေးနေတဲ့ ဘော်ဒါတွေ ရှိကြလား ..... ဒါဆိုရင်တော့ နွေပူပူမှာ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို အပီမကစ်ခင် ဒီစာလေးကို အရင် ဖတ်ကြည့်လိုက်နော်။ နွေရာသီက သောက်လို့ ကောင်းတဲ့ ရာသီ တစ်ခုလား နွေရာသီက အားလပ်ရက်ရှည် ရှိတာကြောင့် ခရီးသွားတာ၊ သူငယ်ချင်းတွေနဲ့ အတူတွေ့ဆုံ စားသောက်တာတွေ ပုံမှန်ထက် ပိုလုပ်ဖြစ်ကြပါတယ်။ ဒီလို တွေ့ဆုံမှုတွေမှာ ဘီယာအပါအဝင် အယ်လ်ကိုဟောပါတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေပူထဲ မှာ ရေစိုအဝတ်ဝတ်တာက သင့်ကို ဖျားနာစေမှာလား။

ငယ်ငယ်တုန်းက ပူလွန်းလို့ နေပူထဲ ကို အဝတ်လေး ရေစွတ်သွားတဲ့အခါ ဒါမှမဟုတ် ရေချိုးပြီး ရေခြောက်အောင် မဟုတ်ဘဲ အင်္ကျီကောက်စွပ်လိုက်တဲ့အခါ လူကြီးတွေက အအေးပတ်တော့မယ်၊ ဖျားတော့မယ်၊ အပူလျှပ်မယ် စသဖြင့်ပြောလေ့ရှိပါတယ်။ ဒါဆိုရင် သင်္ကြန်ထွက်လည်တဲ့သူတွေကရော။ သူတို့ကို မိုးလလင်းက မိုးချုပ် ၄ရက်ဆက်တိုက် ရေပတ်ခံထွက်နေကြတာပဲနော်။ သူတို့ကျ ဘာလို့ ဘာမှမဖြစ်တာပါလိမ့်။ နေပူထဲ မှာ ရေစိုအဝတ်တွေ ဝတ်တာက ဖျားနာစေမှာလား။ တကယ်က မဟုတ်ပါဘူး။ ရေစိုအဝတ်တွေနဲ့ နေနေတာက သင့်ကို အအေးမိဖျားနာတာမျိုး မဖြစ်စေပါဘူး။ ဒါနဲ့ ပတ်သက်ပြီး တိကျတဲ့ လေ့လာချက်တွေလည်း မရှိပါဘူး။ အပူလျှပ်တာရော ဖြစ်နိုင်လား။ အပူလျှပ်တယ်ဆိုတာက ခန္ဓာကိုယ်တစ်ခုလုံး ပူခြစ်ပြီး ချွေးလုံးဝမထွက်တဲ့ အခြေအနေပါ။ ဒါ့ပြင် အပူလျှပ်တဲ့ လူနာကို အရေးပေါ် ပြုစုတဲ့အခါ ရေလောင်းတာ၊ ရေစိုဝတ်နဲ့ အုပ်ထားတာ စတာတွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဥပုသ်စောင့်တဲ့အခါ ကျန်းမာရေး မထိခိုက်စေဖို့

နွေရာသီမှာ အပူဒဏ်ကို သက်သာအောင်ဆိုပြီး ကျင်းပတဲ့ သင်္ကြန်ပွဲတော်မှာ ရေကစားဖို့ ဆန္ဒမရှိဘူး။ ကုသိုလ်ပဲယူတော့မယ် ဥပုသ် ပဲ စောင့်တော့မယ်ဆိုတဲ့ သူလေးတွေ ရှိလား ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ကုသိုလ်ယူမယ့်သူလေးတွေကို ပြည့်ပြည့်ဝဝ ကုသိုလ်ယူနိုင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။ ကဲ ...... ကျန်းမာရေးကို ထိခိုက်စေမှု မရှိဘဲ နှစ်သစ်ကူးအခါသမယမှာ ကုသိုလ်ပြည့်ပြည့်ဝဝ ရရှိစေဖို့အတွက် ဥပုသ်စောင့်နိုင်စေဖို့ ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။ ဥပုသ်စောင့်တဲ့အခါ ကျန်းမာရေး ထိခိုက်စေနိုင်လား ..... ဥပုသ်စောင့်တာက ကုသိုလ်ရေးဆိုပေမယ့် စနစ်တကျ မလုပ်ဆောင်မိဘူးဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဥပုသ်စောင့်တာက ညနေစား မစားရတာကြောင့် မနက်ခင်းမှာ ပြည့်ပြည့်ဝဝ မစားမိတာမျိုး ဖြစ်မယ် နေ့စဉ်ရက်ဆက် အာဟာရ ပြည့်ပြည့်ဝဝ မစားဘဲ ဥပုသ်စောင့်မယ်ဆိုရင် ကိုယ်အလေးချိန် ကျသွားတာ၊ ပိန်သွားတာ မူးလဲတာ အားနည်းတာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေဓာတ်ဆုံးရှုံးမှု နဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လား .........

ရေများများသောက်နော်။ ခန္ဓာကိုယ်မှာ ရေဓာတ် နည်းရင် ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုပြီး စကားတွေကို ခဏခဏ ကြားဖူးကြမှာပါ။ ဒါဆို ရေဓာတ်ဆုံးရှုံးမှု နဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လားဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ရေဓာတ် ခန္ဓာကိုယ်အတွက် လိုအပ်သလား .... ရေဓာတ်က ခန္ဓာကိုယ် ကျန်းမာစေဖို့ အရေးအကြီးဆုံး အရာ တစ်ခုပါ။ ရေဓာတ် ပြည့်ဝမှ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေက ကောင်းကောင်း လုပ်ဆောင်နိုင်မှာပါ။ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ ကြွက်သားတွေ၊ နှလုံးနဲ့ ကျောက်ကပ် အားလုံးက ရေဓာတ်ကို လိုအပ်ပါတယ်။ ရေဓာတ် ပြည့်ဝမှု ရှိမှလည်း ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားက ရောဂါတွေကို ကောင်းကောင်း ကာကွယ်နိုင်တော့မှာပေါ့။ ရေဓာတ် ခမ်းခြောက်ရင် ဘာတွေ ဖြစ်မလဲ ....... ရေဓာတ် ခမ်းခြောက်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အရာပါ။ ကိုယ်ထဲမှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အဲကွန်း မရှိဘဲ နွေရာသီကို ဘယ်လိုဖြတ်ကျော်မလဲ။

နွေရာသီရောက်လာပြီဆိုကတည်းက အိမ်တိုင်းမှာ အဲကွန်း တွေ၊ ပန်ကာတွေကို ပြန်ပြီး အသုံးပြုလာရပါပြီ။ အထူးသဖြင့် အဲကွန်းက ထွက်တဲ့ လေအေးအေးက နေလို့ကောင်းပြီး အင်မတန်မှ သက်သောင့်သက်သာရှိလှပါတယ်။ ဒါပေမယ့် မီတာငွေ ပိုမိုကုန်ကျမှာ စိုးရိမ်တာကြောင့်ပဲဖြစ်ဖြစ်၊ ကိုယ့်ကျန်းမာရေးကြောင့်ပဲဖြစ်ဖြစ် အဲကွန်းကို ဆက်တိုက် မဖွင့်ချင်တဲ့အခါ အောက်ပါနည်းလမ်းတွေကို အသုံးပြုလို့ရပါတယ်။ အိမ်မှာ အဲကွန်းမရှိဘူးဆိုရင်လည်း ခုပြောမယ့် နည်းလမ်းတွေက အသုံးဝင်နေဦးမှာပါပဲ။ အဲကွန်း မရှိဘဲ နွေရာသီကို ဖြတ်ကျော်နိုင်စေဖို့ အပူချိန်များတာက အပူလျှပ်တာလိုမျိုး ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်တာကြောင့် တတ်နိုင်သမျှ ကိုယ်တွင်းကိုယ်ပ အပူချိန်ကို လွန်ကဲမလာအောင် ထိန်းဖို့ လိုပါတယ်။ စရိတ်နည်းနည်းနဲ့ အပူဒဏ်ကို အံတုဖို့ဆိုရင် နေ့ဘက်မှာ လိုက်ကာတွေကို ပိတ်ထားပါ။ အေးချင်ပါတယ်ဆိုမှ လိုက်ကာတွေလာပိတ်နေခိုင်းရသလားလို့ အပြောမစောပါနဲ့ဦး။ နွေရာသီမှာ လိုက်ကာတွေဖွင့်ထားတာက နေရောင်ခြည်ကို အိမ်ထဲတိုက်ရိုက်ကျစေပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆောင်းရာသီမှာ အဖြစ်များတဲ့ ရေဓာတ်ခမ်းခြောက်မှု သတိပြုပါ။

ခေါင်းစဉ် ကြည့်ပြီး ထူးဆန်းသွားလား.... နွေရာသီမှ ရေဓာတ်ခမ်းခြောက်မှု ဖြစ်တာလေ။ ဆောင်းရာသီက ရေဓာတ်ခမ်းခြောက်မှုဖြစ်စရာလားပေါ့။ တကယ်ကတော့ ဘယ်ရာသီမှာပဲ ဖြစ်နေဖြစ်နေ ရေကို လုံလောက်အောင် မသောက်မိဘူးဆိုရင် ရေဓာတ်ခမ်းခြောက်မှု ဖြစ်မှာပါပဲ။ နွေမှာ ပူလို့ ရေသောက်မိနိုင်ပေမယ့် ဆောင်းမှာ အေးမြခြောက်သွေ့နေမှုက ရေဆာတယ်လို့ မခံစားရသလို ဆောင်းအေးအေးမှာ ရေအေးအေး မသောက်ချင်ကြတာကြောင့် ဆောင်းရာသီမှာ ရေဓာတ်ခမ်းခြောက်မှု အဖြစ်များပါတယ်။ ဆောင်းရာသီမှာ ဘာလို့ ရေဓာတ်ခမ်းခြောက်မှုဖြစ်ရတာလဲ။ ဆောင်းရာသီမှာ ရေဓာတ် ခမ်းခြောက်မှုကို ဖြစ်စေတဲ့ အချက်က တစ်ချက်မက ရှိနေနိုင်ပါတယ်။ အိမ်တွင်းမှာ အပူချိန် မြင့်နေတာ ဆောင်းရာသီက အပြင်မှာ အေးအေးလေလေ အိမ်ထဲမှာ အပူချိန် မြင့်လေလေပါ။ အကြောင်းကတော့ အပြင်က အအေးဒဏ်ကို ခံနိုင်ဖို့ အိမ်ထဲမှာ ပိုပြီး နွေးထွေးအောင် လုပ်ကြတာကြောင့်ပါ။ အနွေးထည်ဝတ်တာ၊ စောင်ခြုံတာကစလို့ အရမ်းအေးတဲ့ ဒေသတွေမှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Liraglutide ကို သုံးပြီး ဝိတ်ချလို့ရမရ

လတ်တလောမှာ ဝိတ်ချဖို့ ထိုးဆေးရှိပြီဆိုပြီး ခေတ်စားနေတဲ့အတွက် ဒီလိုဆေးမျိုး တကယ်ရှိသလား။ ဒါဆို ဝိတ်ကျဖို့ အစားတွေလျှော့၊ လေ့ကျင့်ခန်းတွေ မလုပ်ဘဲ ချလို့ရတော့မှာလားဆိုပြီး သိချင်လာကြပါတယ်။ ဒီလိုမျိုး ဆေးထိုးပြီး ဝိတ်ချလို့ရတယ်ဆိုပြီး နာမည်ကြီးလာတာကတော့ Liraglutide ဆိုတာပဲ ဖြစ်ပါတယ်။ Liraglutide ဆိုတာ Liraglutide ဆိုတာက ဆေးနာမည်ဖြစ်ပြီး သူ့မှာ နာမည်ကြီး brand name Saxendaနဲ့ Victozaဆိုပြီး ရှိပါတယ်။ အရေပြားအောက် အဆီပြင်ထဲကို ထိုးရတဲ့ ထိုးဆေးအမျိုးအစား ဖြစ်ပါတယ်။ Victozaကတော့ မြန်မာနိုင်ငံမှာ အမျိုးအစား ၂ဆီးချိုသမားတွေအတွက် ဆရာဝန်တွေက လိုအပ်ရင် ညွှန်လေ့ရှိပါတယ်။ သူ့ကို ဝိတ်ကျစေဖို့သက်သက်တော့ မသုံးကြပါဘူး။ Saxendaကတော့ သူများနိုင်ငံမှာ ဝိတ်ချတဲ့နေရာမှာ သုံးဖို့ FDA ခွင့်ပြုချက်ရထားပါတယ်။ မြန်မာနိုင်ငံမှာတော့ တရားဝင်တင်သွင်းခွင့် ရှိမရှိ၊ FDA ခွင့်ပြုချက် ရမရ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

တိတ်ဆိတ်ခြင်း ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

နေ့စဉ်နဲ့ အမျှ ဆူညံသံတွေကြားမှာ လှုပ်ရှားသွားလာနေရတာက တကယ်တော့ စိတ်ပင်ပန်းစေပါတယ်။ အထူးသဖြင့် လူနေထူထပ်တဲ့ မြို့ပြတွေမှာပေါ့။ ကားသံတွေ၊ လူသံတွေနဲ့ တစ်နေ့ တစ်နေ့ ဖိစီးလို့ နေပါတယ်။ ဆူညံသံတွေကို နေ့စဉ်ကြားနေရလို့သာ ယဉ်ပါးသလို ဖြစ်နေပေမယ့် တကယ်တော့ ဆူညံသံတွေက ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် ယနေ့ခေတ်လူသားတွေက တိတ်ဆိတ်ခြင်း ကို ရှာဖွေလာကြပါပြီ။ ဆူညံသံတွေကို နောက်ပိုင်းမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှုရယ်လို့တောင် ယူဆလာကြပြီး Noise pollution လို့တောင် သတ်မှတ်လာကြပါပြီ။ ဆူညံသံတွေက ရေရှည်မှာ စိတ်ရော ကိုယ်ပါ ပင်ပန်းစေတာကြောင့် ခဏလောက် တိတ်တိတ်ဆိတ်ဆိတ် နေလိုက်တာကလည်း ကိုယ့်ကိုယ်ကို အနားပေးရာ ရောက်ပါတယ်။ တိတ်ဆိတ်ခြင်း ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ဆူညံနေတဲ့ ပတ်ဝန်းကျင်ကနေ ခဏလောက်ခွာပြီး တိတ်တိတ်ဆိတ်နေလိုက်တာက အောက်ပါ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကော်လာဂျင်က ဘေးထွက်ဆိုးကျိုး ရှိလား......

အသားလှအောင်၊ အသားအရေ တင်းရင်းအောင်၊ အရေးအကြောင်း ကင်းအောင်၊ အသားအရေလေး glow အောင်၊ ကြွက်သားတက်အောင်၊ အရိုးအဆစ်နဲ့ အရွတ်တွေ ကျန်းမာအောင်ဆိုပြီး အမျိုးမျိုးသော အကြောင်းအရင်းတွေကြောင့် သောက်နေကြတဲ့ ကော်လာဂျင် က ကောင်းကျိုးတွေပဲ ရှိတာလား။ ဆိုးကျိုးရော ရှိနိုင်လားလို့ သိချင်နေတဲ့သူတွေများ ရှိလား ...... ဒါဆိုရင်တော့ သိချင်နေတဲ့ အဖြေလေးကို သိရဖို့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။ ကော်လာဂျင်ဆိုတာ ကော်လာဂျင်ဆိုတာက အရွယ်တင်နုပျိုစေပြီး လှပနေစေတဲ့ ပရိုတင်းတစ်မျိုးပေါ့။ အလှအပအတွက် အားဖြည့်ပေးနေတဲ့ ဇာတ်ကောင်လေးဆိုလည်း မမှားပါဘူး။ ခန္ဓာကိုယ်မှာရှိနေတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး အရေပြား၊ အရိုး၊ ကြွက်သား၊ အရိုးနု၊အရွတ်၊သွေးကြောနဲ့ အူမကြီးတွေမှာရှိတဲ့ တွယ်ဆက်တစ်ရှူးတွေကို အားဖြည့်ပေးထားပါတယ်။ ကော်လာဂျင်က ဘေးထွက်ဆိုးကျိုး ရှိလား...... ကော်လာဂျင်က ကောင်းကျိုးတွေ များတယ်ဆိုပေမယ့် အခုလို ဘေးထွက်ဆိုးကျိုးတွေလည်း ခံစားရနိုင်ပါတယ်။ လေပွစေနိုင်တယ် အချို့သောသူတွေမှာ ကော်လာဂျင် သောက်တာကြောင့် လေထိုးလေပွတာမျိုး […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း