အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နီးနီးနားနား Camping သွား ဒီအချက်တွေသတိထား

ကိုဗစ်ကြောင့် ခရီးသွားဖို့ လာဖို့က ကောင်းကောင်း လမ်းမပွင့်သေးတဲ့အခါကျတော့ ဟိုနားဒီနားမှာ ဘာတွေများ အပန်းဖြေစရာရှိမလဲလို့ စဉ်းစားလာကြပါတယ်။ တစ်နှစ်ကျော်ကျော်လောက် ဘယ်မှမသွားရတာကြာလာတော့ လူတွေလည်း မွန်းကြပ်လာတာပေါ့။ ဒါတွေနဲ့ အတူ ခေတ်စားလာတာက Camping တွေပါ။ သစ်တောလေးတွေနဲ့ အုံ့အုံ့ဆိုင်းဆိုင်း Camp siteလေးတွေက ကိုဗစ်ကြောင့် ဘယ်မှာမသွားရသူတွေအတွက်တော့ အာသာဖြေစရာ တစ်ခုပါပဲ။ ပိုကောင်းတဲ့အချက်က နယ်ခြားပြီး ခရီးသွားတာ မဟုတ်တဲ့အတွက်ကြောင့် ကိုဗစ်စစ်စရာမလိုဘူး။ နေ့ချင်းပြန်သွားလို့ရတယ်။ သူငယ်ချင်းတွေ၊ မိသားစုတွေ စုပြီး သွားကြတဲ့အခါကျတော့ အနည်းဆုံးတော့ ခရီးသွားသလိုမျိုးလေးတော့ ခံစားရတာပေါ့။ ဒါပေမယ့် ဒီလိုပျော်စရာကောင်းတဲ့ ခရီးစဉ်လေးကြောင့် သင့်ကျန်းမာရေးကို မထိခိုက်ဖို့တော့ လိုပါတယ်။ ဒါကြောင့် Camping သွားတဲ့အခါ ဘယ်လိုကျန်းမာရေး ပြဿနာတွေ ကြုံရနိုင်လဲ။ ဘာတွေ အကာအကွယ်လုပ်သွားမလဲဆိုတာ အကြံပေးချင်ပါတယ်။ Camping သွားမယ်ဆိုရင် Camping သွားမယ်ဆိုရင် အများစုက […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လူတွေ စိုးရိမ်တတ်ကြတဲ့ လက္ခဏာတိုင်းက အန္တရာယ်ရှိရဲ့လား။

ကျွန်တော်တို့တွေဟာ ကိုယ့်ကျန်းမာရေးနဲ့ ပတ်သက်လာရင် ဘယ်လက္ခဏာကိုမှ လျစ်လျူမရှုသင့်ပါဘူး။ ရောဂါသေးသေးလေးပဲ ဖြစ်နေပါစေ။ သေချာမကုသဘဲ မွေးထားမယ်ဆိုရင် ကြာလာရင် ကျွန်တော်တို့ကို တစ်ချိန်မဟုတ် တစ်ချိန် ဒုက္ခပေးလာမှာပါ။ ဒါဆို ကျွန်တော်တို့က လက္ခဏာတိုင်းကို စိုးရိမ်နေရမှာလား။ ဒီလိုတော့လည်း မဟုတ်သေးပါဘူး။ တချို့လက္ခဏာတွေက အပရိကလို့ ခေါ်တဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ သာမန်လက္ခဏာလေးတွေပါပဲ။ ကျွန်တော်တို့ကို အသက်အန္တရာယ်ဖြစ်လောက်တဲ့အထိ ဒုက္ခမပေးနိုင်ပါဘူး။ ဒါဆိုရင် လက္ခဏာတစ်ခုကို ကျွန်တော်တို့က ဂရုစိုက်ရမှာလား၊ ဒီတိုင်း ကြည့်နေရမှာလား။ ရောဂါကြီးကြီးမားမားလား၊ သာမန်ဝေဒနာ သက်သက်ပဲလား ဘယ်လိုခွဲခြားကြမလဲဆိုတာ ဥပမာလေးတွေနဲ့ ဆွေးနွေးကြည့်ရအောင်။ ကျွန်တော်တို့ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာများ ရင်ဘတ်အောင့်တာ ကျွန်တော်တို့တွေ ရင်ဘတ်အောင့်ပြီဆိုတာနဲ့ အရင်ဆုံး စတွေးမိတာက နှလုံးရောဂါပါပဲ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ 'ငါ့မှာ နှလုံးရောဂါများ ရှိနေတာလား'လို့ တွေးလိုက်တတ်ပါတယ်။ တကယ်တော့ လက်တွေ့ဘဝမှာ ရင်ဘတ်အောင့်တဲ့ အကြောင်းရင်းတွေက […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အချစ်ဟိုမုန်းလေး Oxytocin ရဲ့ အံ့အားသင့်ဖွယ် အစွမ်း ၁၀ ခု

Oxytocin ဆိုရင် အတော်များများက အချစ်ဟိုမုန်းလို့ သိကြပါတယ်။ ချစ်ခြင်းမေတ္တာကိုဖြစ်ပေါ်စေပြီး ဆန့်ကျင်ဘက်လိင်အပေါ် ဆွဲဆောင်နိုင်စွမ်းကိုလည်း ဖြစ်ပေါ်စေတဲ့ ဟိုမုန်းတစ်မျိုးပေါ့။ ကျန်းမာရေးပညာရှင်တွေကတော့ Oxytocin ဟာ ကျား/မ မရွေး ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအပေါ်ပါ ကောင်းကျိုးအထွေထွေသက်ရောက်စေတဲ့ ဟိုမုန်းတစ်မျိုးလို့ ဆိုကြပြန်ပါတယ်။ လူတစ်ယောက်အတွက် အရမ်းကိုအကျိုးပြုတဲ့ ဟိုမုန်းတစ်မျိုးလို့ပဲ ဆိုကြပါစို့။ ဦးနှောက်အတွင်းမှာရှိတဲ့ Hypothalamus ဆိုတဲ့ အစိတ်အပိုင်းကနေ ထွက်ပေါ်လာတဲ့ Oxytocin ဟာ လူ့ရဲ့ ခန္ဓာကိုယ်အပေါ် သက်ရောက်နိုင်စွမ်းကြီးမားတဲ့ ဟိုမုန်းတစ်မျိုးပါ။ သွေးတွင်းထဲကို စီးဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးစီကို ပြန့်နှံ့ရောက်ရှိနိုင်တာမို့ တစ်ကိုယ်လုံးကို သက်ရောက်နိုင်တာဖြစ်ပါတယ်။ အချစ်ဟိုမုန်းလေး Oxytocin ရဲ့ အံ့အားသင့်ဖွယ် အစွမ်း ၁၀ ခု ဒီလိုအရေးပါလှတဲ့ Oxytocin ဟာ အချစ်စိတ်တစ်မျိုးတည်း လူတွေအပေါ် အကျိုးပြုတာမဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ခံစားချက်အပြင် လူနေမှုဘဝအထိကိုပါ အကျိုးပြုပေးတဲ့အချက်တွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သီချင်းနားထောင် ရင်ရမယ့် ကိုယ်စိတ်နှစ်ပါး အကျိုးကျေးဇူးများ

သီချင်းနားထောင် ရတာကို ဝါသနာပါလား၊ ဂီတသံစဉ်တွေကို သဘောကျလား။ ဒါဆိုသင်ဟာ ကျန်းမာတဲ့လူတစ်ယောက်ဖြစ်နိုင်ပါပြီ။ ဂီတသံစဉ်တွေကို နားထောင်တာဟာ သောတအာရုံကို ကြည်နူးချမ်းမြေ့စေရုံသက်သက် မဟုတ်ပါဘူး။ လေ့လာဆန်းစစ်ချက်တွေအရဆိုရင်တော့ တေးသီချင်းနားဆင်မှုဟာ အကြားအာရုံကိုတင်မကပဲ ဦးနှောက်နဲ့ ခန္တာကိုယ်တွေကိုပါ အကျိုးရှိစေပါတယ်တဲ့။ တေးသီချင်းတွေကို နားဆင်တဲ့အခါမှာ ဦးနှောက်ကို အကျိုးပြုတဲ့ Dopamine တွေကို ခန္ဓာကိုယ်က ပိုမိုထုတ်လွှတ် ပေးပါတယ်။ အဲဒီ Dopamine တွေဟာ လူ့ရဲ့ စိတ်ကိုရော ခန္တာကိုယ်ပါ ရွှင်မြူးစေတဲ့၊ ငြိမ်းချမ်းစေတဲ့ အကျိုးကျေးဇူးကို ရစေပါတယ်။ သာယာငြိမ့်ညောင်းတဲ့ တေးဂီတသံတွေကို ကြာကြာနားဆင်လေလေ ခန္တာကိုယ်ငြိမ်းချမ်းမှု ပိုရလေလေလပါတဲ။ Johns Hopkins တက္ကသိုလ်က လေ့လာချက်တွေအရ တေးဂီတလို လူကို တက်ကြွလာစေနိုင်တဲ့ အရာမျိုး သိပ်များများစားစားမရှိလှပါဘူးလို့ဆိုထားပြီး တေးဂီတသံစဉ်တွေကို နားဆင်ခြင်းဖြင့် ဦးနှောက်ကို နုပျိုစေသလို လူကိုလည်း တက်ကြွလန်းဆန်းစေပါတယ်တဲ့။ တကယ်လို့များ ဦးနှောက်ရဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆေးထိုးရင်နာမှာကြောက်သူတွေ အတွက် နည်းလမ်းလေးတွေ

ဖျားနာ နေမကောင်းလို့ ဆေးထိုးတာပဲ ဖြစ်ဖြစ်၊ ကာကွယ်ဆေးလို ဆေးမျိုး ထိုးနှံတာပဲ ဖြစ်ဖြစ်၊ နာတာရှည်ကျန်းမာရေး အခြေအနေတွေ အတွက် ဆေးဝါး ထိုးနှံနေရတာကြောင့်ပဲ ဖြစ်ဖြစ် ဘယ်လို အခြေအနေမျိုး မှာမဆို ဆေးထိုးရင် များသောအားဖြင့် နာကျင်ခံစားရတတ်ပါတယ်။ ဒီလိုမျိုး ဆေးထိုးရင်နာမှာကြောက်သူတွေ အများကြီးပါ။ ခန္ဓာကိုယ်ထဲကို အပ်ကြီးတစ်ချောင်းလုံး ဝင်သွားတာ မနာပဲ နေမလားနော်။ တချို့တွေဆို နာလို့ အော်ကြတယ်၊ မျက်ရည်ကျကြတာလည်း ရှိတယ်။ အွန်လိုင်းပေါ်မှာ ဆိုရင်လည်း ကလေးတွေကို ကာကွယ်ဆေးထိုးချိန် ငိုနေကြ၊ မဲ့ရွဲ့နေကြတာလေးတွေကို Troll လုပ်ကြတာမျိုးတွေ မကြာခဏ မြင်ရတတ်တယ်။ ဘေးကနေ မြင်ရတာ ရီချင်စရာဆိုပေမယ့် တကယ် ခံစားရတဲ့ သူအတွက်တော့ မသက်သာလှပါဘူး။ ဒါကြောင့်လည်း တချို့တွေက ဆေးထိုးရမှာ သိပ်ကြောက်တတ်ကြပါတယ်။ ဆေးထိုးရင်နာမှာကြောက်သူတွေ ဟာ အဓိကအားဖြင့်တော့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင်ဟာ ဉာဏ်ကြီးရှင် (Genius) တစ်ယောက်ဖြစ်တယ်ဆိုတာကို ပြောပြနေတဲ့ အချက်တွေ

လူတိုင်း ဉာဏ်ရည်ထက်မြက်ချင်ကြပါတယ်။ ပါရမီရှင်တစ်ယောက် ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်လာရင် အရာရာကို တွေးခေါ်မျှော်မြင်နိုင်စွမ်း မြင့်မားပြီး ထူးချွန်ထက်မြက်သူတစ်ယောက်ဖြစ်လာနိုင်တယ်မဟုတ်လား။ Genius တစ်ယောက်ဖြစ်ဖို့ဆိုတာက မွေးရာပါဗီဇနဲ့ ဉာဏ်ရည်ကြောင့်ဖြစ်နိုင်သလို ကြိုးစားအားထုတ်မှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ တချို့သော ဉာဏ်ကြီးရှင်တွေဟာ ထက်မြက်တဲ့ ဉာဏ်ရည်မှာ ကြိုးစားလိုစိတ်နဲ့ စူးစမ်းလေ့လာလိုစိတ်ကို ပေါင်းစပ်အသုံးချပြီး ဉာဏ်ကြီးရှင်ဘဝကို ပိုင်ဆိုင်လာတာပါ။ ဉာဏ်ကောင်းတိုင်းလည်း ဉာဏ်ကြီးရှင်းဖြစ်လာတာမဟုတ်ပါဘူး။ ဉာဏ်ရည်ထက်မြက်မှုကို IQ (intelligence quotient) skill နဲ့ တိုင်းတာကြပါတယ်။ IQ tests တွေဟာ အကျိုးအကြောင်းဆင်ချင်နိုင်စွမ်း၊ မှတ်ဉာဏ်အား၊ ပြဿနာဖြေရှင်းနိုင်စွမ်းတွေကိုပဲ တိုင်းတာနိုင်တာပါ။ ဖန်တီးတွေးခေါ်နိုင်စွမ်း၊ စိတ်ခံစားချက်နဲ့ ကြိုးစားအားထုတ်မှုတွေကို တွက်ချက်မပေးနိုင်ပါဘူး။ ဒါကြောင့် Genius တစ်ယောက်ဖြစ်လာဖို့ ဉာဏ်ရည်ထက်မြက်နေရုံနဲ့မရဘူးလို့ ဆိုကြတာပါ။ ဒီတော့ တခါတလေမှာ ကိုယ့်မှာရှိနေတဲ့ အမူအကျင့်တွေက ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်လာဖို့ လမ်းစဖြစ်နေတတ်ပါတယ်။ ကိုယ့်က လေ့လာတတ်တဲ့ မှတ်ဉာဏ်ကောင်းတဲ့ စူးစမ်းလိုစိတ်ရှိတဲ့ လူငယ်တစ်ယောက်သာဆိုရင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Medical Marijuana နဲ့ Recreational Marijuana ဘာတွေကွာခြားသလဲ

လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့တုန်းက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ဆေးခြောက်ကို အန္တရာယ်အရှိဆုံး မူးယစ်ဆေးဝါး အမျိုးအစား စာရင်းကနေ ဖယ်ရှားပေးလိုက်ပါတယ်။ UN Commission on Narcotic Drugs (CND) ရဲ့ အဖွဲဝင်နိင်ငံတွေက မဲခွဲဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီးတော့ မဲအရေအတွက် ၁ မဲအသာနဲ့ ဆေးခြောက် (Cannabis) ကို ဒီစာရင်းကနေ ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဆေးခြောက်မှာ စွဲလမ်းစေပြီး အန္တရာယ်လည်းရှိတဲ့ Tetrahydrocannabinol (THC) ဆိုတဲ့ ဒြပ်ပေါင်းတစ်မျိုး ပါဝင်ပေမယ့် နည်းမှန်လမ်းမှန်နဲ့ အသုံးချမယ်ဆိုရင် ဆေးဝါးကုသရေးလုပ်ငန်းအတွက် အကျိုးဖြစ်ထွန်းနိုင်တယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ခုလိုဆုံးဖြတ်ချက်ခဲ့ကြတယ်ဆိုပါတော့။ ကမ္ဘာ့တိုင်းပြည်တစ်ချို့မှာ ဆေးခြောက်ကို တရားဝင်အသုံးပြုခွင့်ပြုတာမျိုးတွေ ရှိလာနေပြီဖြစ်သလို တချို့တိုင်းပြည်တွေမှာဆိုရင်တော့ ဆေးခြောက်ကိုအသုံးချပြီး စီးပွားရှာတာတွေလည်း ရှိလာပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် အသုံးပြုမှုတွေဟာ ထိမ်းချုပ်ရခက်ခဲနေဆဲဖြစ်တာမို့ နိုင်ငံအတော်များများမှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

စိတ်ရောကိုယ်ပါ ကျန်းမာခြင်းကို ပျိုးထောင်ဖို့ ပြီးပြည့်စုံတဲ့ နည်းလမ်း (၁၉)သွယ်

လူတစ်ယောက် လန်းဆန်းတက်ကြွနေတာက စိတ်ရောကိုယ်ပါ ကျန်းမာနေလို့ပါ။ လူအများစုက ခန္ဓာကိုယ်မှာဖြစ်တဲ့ နာမကျန်းမှုတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို သတိထားတတ်ကြပေမယ့် စိတ်ထဲမှာဖြစ်နေတဲ့ နာမကျန်းမှုကိုတော့ သတိထားမိခဲကြပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာမှ ပြည့်စုံတဲ့ကျန်းမာမှုတစ်ရပ်လို့ ဆိုနိုင်ပါတယ်။  တကယ်တော့ စိတ်ပိုင်းဆိုင်ရာကျန်းမာမှလည်း ရုပ်ပိုင်းဆိုင်ရာကျန်းမာမယ်ဆိုတာကို မေ့ထားလို့ မဖြစ်ပါဘူး။ စိတ်ကျန်းမာရေးကောင်းမှ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ။ တစ်ခါတလေမှာ ကာယကံရှင်ကိုယ်တိုင်တောင် သေချာမသိနိုင်ဘဲ စိတ်ကျန်းမာရေး ထိခိုက်စေနေတာတွေ အများကြီးပါ။ တိုးတက်လာတဲ့ လူနေမှုစနစ်ကိုအမီလိုက်ရင်း လူတော်တော်များများက စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေကို အများကြီးခံစားနေရတတ်ပါတယ်။ သင်ကိုယ်တိုင်ရော စိတ်ရော ကိုယ်ပါ ကျန်းမာရဲ့လား။ စိတ်ရောကိုယ်ပါ ကျန်းမာခြင်းကို ပျိုးထောင်ဖို့ ပြီးပြည့်စုံတဲ့ နည်းလမ်း (၁၉)သွယ် စိတ်ရောကိုယ်ပါ ကျန်းမာခြင်းကို ပျိုးထောင်ဖို့ ပြီးပြည့်စုံတဲ့ နည်းလမ်းတွေရှိပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ကိုယ်တိုင် ပျိုးထောင်ယူလိုက်ပါ။ စိတ်ရောကိုယ်ပါ ကျန်းမာပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရပ်ရှည်အောင် ခွဲစိတ်လို့ရလား။

တိုးတက်လာတဲ့ ဆေးပညာအရ ပိန်တဲ့သူဝအောင်၊ ဝတဲ့သူပိန်အောင် လုပ်နိုင်သလို ပုတဲ့သူကိုလည်း  အရပ်ရှည်အောင် လုပ်နိုင်ပါတယ်။ Limb lengthening surgeryလို့ ခေါ်တဲ့ ခွဲစိတ်နည်းနဲ့ ဆိုရင်တော့ ဒါဟာ မဖြစ်နိုင်စရာ မရှိပါဘူး။ အရပ်ရှည်အောင် ဘယ်သူတွေ ခွဲစိတ်လို့ရသလဲ။ အရပ်ရှည်ချင်တဲ့သူတွေ အရိုးကျိုးပြီး ကောင်းကောင်း ပြန်မဆက်လို့ ခြေထောက်နှစ်ချောင်း မညီတဲ့သူတွေ မွေးရာပါ အရိုးပြဿနာကြောင့် ခြေထောက် မညီတဲ့သူတွေကို ခွဲစိတ်တဲ့ နေရာမှာ သုံးပါတယ်။ အသက်တွေ၊ အရပ်တွေ ကန့်သတ်ချက်ရှိသလား။ အရပ်ရှည်ဖို့ဆိုရင်တော့ ကျန်းမာပြီး ဆေးလိပ်မသောက်တဲ့သူ၊ လူကြီးအရိုးဖြစ်ပြီးသား လူတွေဖြစ်ရပါမယ်။ အရပ်အားဖြင့်တော့ သီးသန့်ကန့်သတ်ထားတာမျိုး မရှိပါဘူး။ လူနာတစ်ယောက်ချင်းစီအပေါ် မူတည်ပါတယ်။ ခြေထောက် နှစ်ဖက် မညီလို့ ခွဲစိတ်မယ်ဆိုရင်တော့ လူကြီးပါ ကလေးပါ ခွဲစိတ်နိုင်ပါတယ်။ ၂၀ကျော်ကစပြီး တချို့နိုင်ငံတွေဆို ၆၀ကျော်ထိ ခွဲစိတ်နေကြတုန်းပါပဲ။ ကလေးတွေကို ခွဲစိတ်မယ်ဆိုရင်တော့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆောင်းရာသီ အတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ

ဆောင်းရာသီ လို ကာလမျိုးက ပုံမှန်အချိန်ထက် ချမ်းစိမ့်ပြီး ကျန်းမာရေးပြဿနာတွေ ပိုအဖြစ်များတဲ့ ရာသီကာလမျိုးပါ။ အကြောင်းရင်းကို ပြောရမယ်ဆိုရင် ရာသီဥတုအေးလာတဲ့အတွက် လူတွေက လှုပ်လှုပ်ရှားရှားနေထိုင်ရမှာ ပိုပျင်းလာတာ၊ အိမ်ထဲမှာပဲ အောင်းပြီး အပြင်သိပ်မထွက်တော့တာ၊ အဆစ်အမြစ်တွေဟာ အအေးဒဏ်ကြောင့် ပိုကိုက်ခဲလာတာ၊ ကိုယ်ခံအားစနစ် ကျဆင်းတာ၊ အစာစားချင်စိတ် နည်းသွားတာ၊ ရောဂါပိုးမွှားတွေဟာ အအေးဓာတ်ကို ပိုကြိုက်တဲ့အပြင် အေးတဲ့ရာသီမှာ ပိုးကောင်ရေပွားများနိုင်ခြေ ပိုများတာ စတဲ့အချက်တွေကြောင့်ပါပဲ။ ဒီတော့ ကျန်တဲ့အချိန်တွေနဲ့ မတူအောင် ဆောင်းတွင်းကာလမျိုးမှာ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ရာသီဥတု၊ အချိန်အခါနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ပြောင်းလဲနေထိုင်သင့်ပါတယ်။ ဆောင်းရာသီ နှင့် Lifestyle ပြောင်းလဲခြင်း ထွေထွေထူးထူးရယ်လို့ ပြောင်းစရာတော့ မလိုပါဘူး။ ကိုယ့်ရဲ့ မိသားစု သို့မဟုတ် ကိုယ့်မှာ ဘယ်လိုကျန်းမာရေးပြဿနာရှိလဲဆိုတာ သိထားရင် ပြောင်းရတာ ပိုလွယ်ကူသွားနိုင်ပါတယ်။ ၁။ သက်ကြီးရွယ်အိုများကို […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း