အခြားလေ့ကျင့်ခန်းများ

ကျန်းမာကြံ့ခိုင်စေဖို့အတွက် နေ့စဉ် လုပ်ဆောင်နိုင်မယ့် လေ့ကျင့်ခန်းလေးတွေရှာနေတာလား။ ဒီကဏ္ဍလေးမှာ အသင့်တော်ဆုံး လေ့ကျင့်ခန်းကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားလေ့ကျင့်ခန်းများ

ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ်

ခေါင်းတစ်ခြမ်းကိုက်တာက အဖြစ်များတဲ့ ခေါင်းကိုက်ဝေဒနာ တစ်ရပ်ပါ။ ခေါင်းတစ်ခြမ်းကိုက်တာက တစ်ခါတလေမှာ တော်တော်လေး ပြင်းထန်ပြီး နေ့စဉ်လုပ်ငန်းတာဝန်တွေကို ထိခိုက်စေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ ခေါင်းကိုက်တာနဲ့အတူ မအီမသာဖြစ်တာ၊ အလင်းရောင်ကို မခံနိုင်တာ၊ ခေါင်းတစ်ခြမ်းပဲ ပြင်ပြင်းထန်ထိုးကိုက်တာမျိုး ခံစားရနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာ မကြာခဏဖြစ်မယ်။ ပြင်းထန်မယ်ဆိုရင်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့အတွက် သဘာဝ နည်းလမ်းလေးတွေ လုပ်ဆောင်တာ ယောဂလေ့ကျင့်တာမျိုးတွေ လုပ်ဆောင်ပေးလို့ရပါတယ်။ ဒီတစ်ခေါက်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ် တွေ အကြောင်း ပြောပြပေးချင်ပါတယ်။ [embed-health-tool-bmi] ယောဂက ခေါင်းတစ်ခြမ်း ကိုက်တာကို သက်သာစေနိုင်လား သုတေသီတွေရဲ့ လေ့လာမှုတွေအရတော့ ယောဂ လေ့ကျင့်တာက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကိုတင် သက်သာစေတာ မဟုတ်ဘဲ ယောဂလေ့ကျင့်တာ [embed-health-tool-bmr] စိတ်ဖိစီးမှုကို ပြေလျော့စေတယ် စိုးရိမ်စိတ် လျော့ပါးစေတယ် အခြား စိတ်ကျန်းမာရေးပြဿနာတွေကို ပြေလျော့စေတယ် မကြာခဏ ခေါင်းကိုက်တာကို သက်သာစေတယ် ခေါင်းကိုက်တာကို […]

အခြားလေ့ကျင့်ခန်းများ ကို ရှာဖွေမည်။

အခြားလေ့ကျင့်ခန်းများ

Gym သွားတဲ့အခါ သတိထားကြဖို့

Gym သွားတဲ့အလေ့အထ အရမ်းခေတ်စားလာချိန်မှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းရဲ့ အကျိုးကျေးဇူးတွေကို ပြောပြဖို့ လိုမယ်မထင်တော့ပါဘူး။ ဒီတစ်ခါတော့ Gymသွားတဲ့အခါ သတိထားသင့်တဲ့ အချက်လေးတွေ သတိပေးချင်လို့ပါ။ Gymသွားတယ်ဆိုတိုင်း အားစိုက်ဝုန်းရတဲ့ လေ့ကျင့်ခန်းတွေ၊ လှုပ်ရှားမှုတွေချည်း လုပ်ဖို့မလိုပါဘူး။ ပိန်ချင်တာလား၊ ကျစ်ချင်တာလား၊ ဝိတ်တက်ချင်တာလား၊ ဘော်ဒီတောင့်ချက်တာလား ဆိုတဲ့ ကိုယ့်ရဲ့လိုအပ်ချက်တွေကိုလိုက်ပြီး နည်းပြတွေက ညွှန်ပြပေးပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်အတွက် သီးသန့်နည်းပြ(personal trainer)မရှိတဲ့သူတွေအတွက် ဒီအကြံပြုချက်လေးတွေ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ Gymသွားမယ်ဆို - သွေးပူလေ့ကျင့်ခန်း မမေ့ပါနဲ့။ ဘာလေ့ကျင့်ခန်းမှ မလုပ်ခင်မှာ အကြောလျှော့လေ့ကျင့်ခန်းနဲ့ သွေးပူလေ့ကျင့်ခန်းတွေ အရင်လုပ်ဖို့ မမေ့ပါနဲ့။ ဒီလိုလုပ်မှသာ နဂိုကတောင့်တင်းနေတဲ့ ကြွက်သားတွေကို အနွေးဓာတ်ပေးပြီး ပြေလျော့စေနိုင်လို့ ထိခိုက်နိုင်ခြေနည်းပါးစေပါလိမ့်မယ်။ နာကျင်မှုတွေသက်သာစေဖို့ လေ့ကျင့်ခန်းအပြီးမှာလည်း အကြောလျှော့လေ့ကျင့်ခန်းကို ပြန်လုပ်ဖို့မမေ့ပါနဲ့။ ဖြည်းဖြည်းချင်း အဆင့်တိုးပါ။ စစချင်းတည်းက လေ့ကျင့်ခန်းတွေကို အပြင်းစားတွေ တန်းမလုပ်ပါနဲ့။ နည်းနည်းနဲ့ တစ်ဆင့်ချင်း တိုးသွားပါ။ […]


အခြားလေ့ကျင့်ခန်းများ

ဦးနှောက် ကျန်းမာစေဖို့ ဉာဏ်စမ်းဖြေရမလား။ လေ့ကျင့်ခန်းလုပ်ရမလား.....

ကဲ.... ဦးနှောက် ကျန်းမာစေဖို့ ဘာလုပ်မလဲ..... ဉာဏ်စမ်း ဂိမ်းတွေဆော့မလား.... လေ့ကျင့်ခန်း လုပ်မလား... ကြိုက်ရာရွေးပါ။ ဘယ်အသက်အရွယ်ရောက်ရောက် မှတ်ဉာဏ်ကောင်းပြီး ပျော်စရာကောင်းတဲ့ အမှတ်တရတွေကို မှတ်မိနေချင်တယ်ဟုတ်။ ဒါဆိုရင်တော့ မှတ်ဉာဏ်ကောင်းစေဖို့ ဘာလုပ်ရမလဲဆိုတဲ့ အဖြေလေးကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ လူတော်တော်များများလက်ခံထားတဲ့ အယူအဆတစ်ရပ် ဉာဏ်ကောင်းစေဖို့က စာများများဖတ်ရမယ်။ ပဟေဠိတွေ ဖြေရမယ်။ ဉာဏ်စမ်းဂိမ်းတွေ ဆော့ရမယ်လို့လေ။ ဒါတွေကတကယ်ပဲ ဉာဏ်ကောင်းစေလားဆိုတော့ စာဖတ်တာကတော့ ကောင်းပါတယ်။ မသိသေးတာတွေကို သိအောင်လုပ်ဆောင်ခြင်းက ဦးနှောက်မှတ်ဉာဏ်ကိုကောင်းစေပါတယ်။ ဒါပေမယ့် ဉာဏ်စမ်းဂိမ်းတွေဆော့တာထက်တော့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက ဦးနှောက်ကိုပိုကျန်းမာစေပြီး မှတ်ဉာဏ်ကို ပိုကောင်းစေနိုင်ပါတယ်။ ဒီလိုပြောတာက အထောက်အထားရှိလို့လားလို့ မေးချင်နေမယ်ထင်ပါတယ်။ ဉာဏ်စမ်းဂိမ်းတွေဆော့ရတာက စဉ်းစားရတာကြောင့် စဉ်းစားနိုင်စွမ်းကို တိုးစေနိုင်ပေမယ့် ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှုကောင်းစေတာကြောင့် ဦးနှောက်ကို ကျန်းမာစေနိုင်ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ လေ့ကျင့်ခန်းလုပ်ခြင်းက ဦးနှောက်ကို ကျန်းမာစေပြီး […]


အခြားလေ့ကျင့်ခန်းများ

ပျော်ရွှင်ကျန်းမာဖို့ တောင်တက်ကြစို့

ကျန်းမာဖို့အတွက် လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေက အမျိုးမျိုးပါ။ ဒီလိုလေ့ကျင့်ခန်းတွေထဲမှာမှ တောင်တက်တဲ့လေ့ကျင့်ခန်းက စိတ်ရောကိုယ်ပါကျန်းမာလန်းဆန်းစေမှာ အသေအချာပါ။ ဒါကြောင့် အပျင်းပြေဖြစ်ဖြစ် ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးတောင်တက်ရင်း အခုလိုကျန်းမာရေး အကျိုးကျေးဇူးတွေကို ရယူပါ။ တောင်တက်ရင်းနဲ့ရမယ့် ကိုယ်စိတ်ကျန်းမာရေး.......... တောင်တက်ရတာက ပင်ပန်းခက်ခဲတာမှန်ပေမယ့် ခန္ဓာကိုယ်အတွက်ရော စိတ်ကျန်းမာရေးအတွက်ပါတော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းလာစေမယ် - တောင်တက်တာက တစ်ဦးတစ်ယောက်တည်း လုပ်လို့ရတဲ့ အားကစားနည်းမဟုတ်ပါဘူး။ လေ့ကျင့်ဖို့အတွက် အချိန်ပေးရသလို တောက်တက်တဲ့အခါမှာလည်း အသင်းအဖွဲ့နဲ့တက်ရတာပါ။ ဒီလိုလေ့ကျင့်မှုလုပ်တဲ့အခါ မကြာခဏတွေ့ဆုံရမှုက သင့်ကို အပေါင်းအသင်း အသစ်တွေတိုးစေမှာပါ။ အပေါင်းအသင်းများတာကလည်း သင့်ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲပေးနိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ပါ။ တီထွင်ဖန်တီးနိုင်စွမ်းကောင်းစေမယ် - တောင်တက်တာ ဒါမှမဟုတ် လမ်းလျှောက်တာ၊ ပြေးတာလိုမျိုး ပတ်ဝန်းကျင်နဲ့ထိတွေ့ရတဲ့ အားကစားနည်းတွေလုပ်ဆောင်တာက သင့်ကိုတီထွင်ဖန်တီးနိုင်စွမ်း ၅၀ ရာခိုင်နှုန်းလောက်အထိတိုးစေနိုင်ပါတယ်။ ဒါကြောင့်တီထွင်ဖန်တီးနိုင်စွမ်းကောင်းစေဖို့အတွက် တောင်တက်ပေးလို့ရပါတယ်။ စိတ်ပျော်ရွှင်စေတယ် - အားကစားလုပ်တဲ့အခါတိုင်း ခန္ဓာကိုယ်မှာ ပျော်ရွှင်ခြင်းဟော်မုန်းတွေကထွက်လာစမြဲပါ။ […]


အခြားလေ့ကျင့်ခန်းများ

အားတဲ့အချိန် ရုံးမှာ table tennis ကစားသင့်တဲ့အကြောင်းရင်း

ခုနောက်ပိုင်း အလုပ်ခွင်တွေဟာ တင်းကျပ်၊ တွန်းအားပေးတတ်တဲ့ အလေ့အထမရှိတဲ့ flexible workplace တွေဖြစ်လာကြတယ်နော်။ စည်းလွတ်ဝါးလွတ်ထားတားတာမဟုတ်ဘဲ စည်းကမ်းတကျလေး အလုပ်ခွင်ကိုကြပ်မတ်ထားပေမယ့် လှုပ်ရှားလုပ်ဆောင်မှုတွေကို လွတ်လပ်ခွင့်ပေးထားတာမျိုးပါ။ ဒီလိုအလုပ်ခွင်မျိုးမှာ ဝန်ထမ်းတွေက ပိုပြီး တက်ကြွတယ်၊ ဆန်းသစ်တဲ့ဖန်တီးနိုင်စွမ်းတွေရှိလာတယ်၊ အလုပ်အတွက်ရော၊ ကိုယ့်အတွက်မှာပါ တိုးတက်မှုရှိလာအောင် ကြိုးစားနိုင်လာတယ်၊ ကြောက်ရွံ့နေစရာမလိုတဲ့အတွက် ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိလာတယ်၊ စသည်ဖြင့် ကောင်းကျိုးတွေရှိတာပေါ့။ အဲဒီထဲကမှ တချို့ရုံးတွေမှာ ဝန်ထမ်းတွေရဲ့ခဏအနားယူချိန်(coffee break) မှာ table tennis ကစားဖို့ စီစဉ်ထားပေးတာတွေရှိပါတယ်။ table tennis ကစားရင်းနဲ့ ဘယ်လိုအကျိုးကျေးဇူးတွေပါ ရနိုင်လဲဆိုတာလေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဆက်ကြည့်ရအောင် … မျက်စိနဲ့ လက် ချိတ်ဆက်လှုပ်ရှားနိုင်စွမ်း ပိုကောင်းစေတယ် စိတ်အာရုံ နိုးကြားမှု၊ အာရုံစူးစိုက်နိုင်စွမ်း ပိုကောင်းစေတာ နဲ့ မျက်စိလျင်၊ လက်မြန်စေတဲ့ အလေ့အကျင့်ပေါ့။ လူငယ်တွေအတွက်တော့ အလိုအလျောက်တုံ့ပြန်နိုင်စွမ်းကို ပိုသွက်စေတဲ့ကစားနည်းဖြစ်ပါတယ်။ ဖြတ်ထိုးဉာဏ် […]


အခြားလေ့ကျင့်ခန်းများ

ကလပ်တက်တာ ကျန်းမာရေးအတွက်ပါ။

ကလပ်တက်တယ် နိုက်အောက်တယ် (night out) တယ်ဆိုရင် အိမ်က လူကြီးတွေက မကြိုက်ကြတာနဲ့ အမြဲရန်အတိုက်အခံဖြစ်ရတယ်မလား။ လေ့လာချက်တွေအရတော့ ကလပ်တက်တာ ပျော်ဖို့ရွှင်ဖို့အတွက်ပဲ မဟုတ်ဘဲ စိတ်ကျန်းမာရေးအတွက်ရော ကိုယ်ကျန်းမာဖို့အတွက်ပါ တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုနိုင်ပါတယ်တဲ့။ အိမ်က အဖေနဲ့ အမေကို ရှင်းပြဖို့လည်း အကျိုးအကြောင်း ခိုင်ခိုင်လုံလုံ ရတာပေါ့နော်။ ၁။ ကလပ်မှာ ကတာခုန်တာလည်း လေ့ကျင့်ခန်းတစ်မျိုးပါပဲ။ Gym သွားတာတို့၊ ပြေးတာတို့ဆိုရင် မလုပ်နိုင်ဘူး၊ မောတယ်ဆိုတဲ့သူတွေက ကလပ်ရောက်ရင်တော့ ခုန်ပေါက် ကခုန်နေတာပဲလေ။ ၂ နာရီ ၃ နာရီ ကလပ်ထဲမှာ ကခုန်လိုက်တဲ့အခါ ကယ်လိုရီတွေ လောင်ကျွမ်းပြီး ခန္ဓာကိုယ်ကို ကျစ်ကျစ်လစ်လစ် ဖြစ်စေပါတယ်။ ၂။ စိတ်ဖိစီးမှုကို လျော့ပါးစေတယ်။ ရုံးချိန် တစ်နေ့ ၈ နာရီ ၉နာရီ တစ်ပတ် ၅ ရက်လုပ်ရတဲ့သူတွေမှာ သူမတူတဲ့ စိတ်ဖိစီးမှုတွေရှိတတ်ကြပါတယ်။ […]


အခြားလေ့ကျင့်ခန်းများ

အပြေးလေ့ကျင့်ခြင်းနှင့် စိတ်ကျန်းမာရေး

ကိုယ်လက်လှုပ်ရှားမှုက ကျန်းမာရေးအတွက် အထောက်အကူပြုပေးတယ်ဆိုတာ အထွေအထူးပြောနေစရာမလိုအောင် သိထားပြီးဖြစ်မှာပါ။ ကိုယ်လက်လှုပ်ရှားမှုဆိုတဲ့အထဲမှာ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေက အများကြီးပါ။ ဒီလေ့ကျင့်ခန်းတွေ ထဲမှာမှ အပြေးလေ့ကျင့်ခန်းလုပ်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲ ဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေလား…….. စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အပြေးလေ့ကျင့်ပါ အပြေးလေ့ကျင့်တဲ့အခါ • အိပ်ပျော်စေတယ် • စိတ်ခံစားမှုကောင်းတယ် • အင်အားပြည့်ဝစေတယ် • ခန္ဓာကိုယ် သန်မာတယ် • သက်လုံကောင်းတယ် • သွေးတွင်းကိုလက်စထရော ကျဆင်းစေနိုင်တယ် • နှလုံးကျန်းမာစေနိုင်တယ် • အဆုတ်ကျန်းမာစေနိုင်တယ်။ စိတ်ကျန်းမာဖို့ အပြေးလေ့ကျင့်စို့…….. အပြေးလေ့ကျင့်ပေးတဲ့အခါ အခုလိုမျိုး စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ စိတ်ဖိစီးမှုပြေလျော့စေတယ် ကိုယ်တွင်းမှာ ပျော်ရွှင်မှုကိုဖြစ်စေတဲ့ Endorphins ဟော်မုန်းထွက်ရှိတဲ့အခါ ခန္ဓာကိုယ်မှာ နာကျင်မှုတွေ သက်သာစေနိုင် သလို စိတ်ဖိစီးမှုတွေကိုလည်း ပြေလျော့စေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒီဟော်မုန်းထွက်ရှိမှုကများလာပြီး စိတ်ဖိစီးမှုတွေကို သိသိသာသာပြေလျော့စေမှာပါ။ ဦးနှောက်ထဲကို သွေးစီးဆင်းရောက်ရှိမှုကောင်းစေပြီး စိတ်ဖိစီးမှုတွေကို အကောင်းဆုံး ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ စိတ်ဖိစီးမှုကို ပြေလျော့ဖို့ဆိုရင်တော့ တစ်နေ့ကို […]


အခြားလေ့ကျင့်ခန်းများ

ဘောလုံးကန်ခြင်းရဲ့ အသိသာဆုံး အကျိုးကျေးဇူး (၉) ချက်

ဘောလုံးအားကစားက လူကြိုက်များလား၊ မများလား နိုင်ငံတကာက ဘောလုံးပရိသတ်အင်အားကိုသာ ကြည့်ပါ။ ဘောလုံးပွဲဟေ့ဆို ထိုင်ရာမထစတမ်း စုဝေးကြည့်ကြ၊ တစ်နိုင်ငံလုံးနီးပါး အားပေးလိုက်ကြတာမျိုး။ ကိုယ့်နီးစပ်ရာ ဘောလုံးအားကစားကွင်းလေးတွေမှာလည်း အားတဲ့အချိန် အပျော်တမ်းစုကစားကြပါသေးတယ်။ ဒီဘောလုံးကစားနည်းက ခန္ဓာကိုယ်ကျန်းမာရေးအတွက် သိပ်အကျိုးပြုနိုင်တယ်ဆိုတာရော သိထားပြီးပြီလား။ အပျော်တမ်းအဖြစ်နဲ့ ကလေး၊ လူကြီး အတူကစားလို့တောင်ရတဲ့ ဒီကစားနည်းက တကယ်ကို အကျိုးကျေးဇူးများပါတယ်နော်။ (၁) သက်လုံကောင်းစေတယ် ဘယ်နှုန်းနဲ့ပဲဖြစ်ဖြစ် မိနစ် ၉၀ လောက်ပြေးနေဖို့ဆိုတာ သက်လုံကောင်းမှ၊ အမောခံနိုင်မှ ဖြစ်မှာပါ။ ကစားနေချိန်အတွင်း ဖြည်းဖြည်းလှုပ်ရှားလိုက်၊ ပြေးလိုက်၊ မြန်မြန်ပြေးလိုက်နဲ့ သက်လုံကောင်းဖို့ အလေ့အကျင့်ဖြစ်စေနိုင်ပါတယ်။ ဘောလုံးကစားလေ့ရှိသူက ပုံမှန်ထက် ပိုပြီး အမောခံနိုင်ပါတယ်။ (၂) နှလုံးသွေးကြောကျန်းမာရေး ပိုကောင်းစေတယ် ဘောလုံးကစားသူက ပုံမှန်လမ်းလျှောက်တာ၊ ခပ်ရွရွပြေးတာ၊ အားစိုက်ပြေးတာ တို့ကြောင့် နှလုံးခုန်နှုန်းကိုမြန်စေပြီး နှလုံးအတွက်လေ့ကျင့်ခန်းဖြစ်စေပါတယ်။ ဒီလိုပုံမှန်လှုပ်ရှားမှုက နှလုံးကို အားကောင်းစေပြီး သွေးလွှတ်ကြောတွေထဲက အဆီချေးတွေကို ချေဖျက်ပေးနိုင်တယ်၊ […]


အခြားလေ့ကျင့်ခန်းများ

ကိုယ်အလေးချိန် တက်မလာအောင် ထိန်းထားချင်သူတွေအတွက် သင့်တော်တဲ့ လေ့ကျင့်ခန်းအချို့

တိုးတက်လာတဲ့ခေတ်ကာလအနေအထား အစားအသောက်နဲ့ လုပ်ငန်းခွင်ပုံစံတွေကြောင့် မလိုချင်ဘဲတိုးလာတာတွေက ခန္ဓာကိုယ်တွင်း အဆီတွေနဲ့ ကိုယ်အလေးချိန်တွေ ပါ။ တစ်ပတ်တစ်ခါ ပေါင်ချိန်လိုက်တိုင်းကို ပေါင်ချိန်တွေတက်နေတာကြောင့် စိတ်ပျက်နေတဲ့ ကိုကိုတွေနဲ့လေဒီတွေအတွက် ခန္ဓာကိုယ်က အဆီပိုတွေကို ကိုယ်အလေးချိန်ကို ထိန်းညှိရာမှာ အထောက်အကူဖြစ်စေမယ့် ကိုယ်အလေးချိန် တက်မလာအောင် ထိန်းထားချင်သူတွေအတွက် သင့်တော်တဲ့ လေ့ကျင့်ခန်းလေးတွေကို ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးမယ်နော်။ ကိုယ်အလေးချိန် တက်မလာအောင် ထိန်းထားချင်သူတွေအတွက် သင့်တော်တဲ့ လေ့ကျင့်ခန်းအချို့ ကိုယ်အလေးချိန်တက်မလာအောင် ထိန်းထားချင်သူတွေအတွက် သင့်တော်တဲ့ လေ့ကျင့်ခန်းလေးတွေက ၁. Plank ထောက်ပါ ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေအတွက် အထောက်အပံ့ပေးနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုပေါ့။ ညီညာနေတဲ့ ကြမ်းပြင်တစ်ခုရှိရုံနဲ့တင်လုပ်လို့ရတဲ့ ကိရိယာလွတ် လေ့ကျင့်ခန်း တစ်မျိုးပါ။ လက်တွေခြေထောက်တွေနာမှာ စိုးရင်တော့ ယောဂဖျာလေးခင်းပြီးလုပ်လို့ရပါတယ်။ အရင်ဆုံး ကြမ်းပြင်ပေါ်မှာမှောက်လိုက်ပါ။ ပြီးရင်တော့ ခြေဖျားနဲ့ တံတောင်ဆစ်ကို အားယူလို့ ကိုယ်လုံးတစ်ခုလုံးကို ကြမ်းပြင်ကနေလွတ်အောင်လုပ်ပေးပါ။ တစ်ခါကို ၅ စက္ကန့်လောက်ကြာအောင်လုပ်ပါ။ လုပ်နိုင်လာတာနဲ့အမျှ […]


အခြားလေ့ကျင့်ခန်းများ

အဆီကျခါးပတ် ဝတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေ ။ ။

ခေတ်ကြီးက တိုးတက်လာပြီဆိုတော့ ဝိတ်ကျဖို့အတွက် gym ဆော့တာက တစ်မျိုး၊ အဆီကျဆေးသောက်တာကတစ်မျိုး အပြင် ခုနောက်ပိုင်း အဆီကျခါးပတ်တွေပါ ခေတ်စားလာခဲ့ပါပြီ။ ဗိုက်အဆီကျ ခါးပတ်၊ ခါးအဆီကျခါးပတ် ၊ လက်မောင်းအဆီကျခါးပတ်၊ အဆီချ အင်္ကျီ၊ အဆီချအတွင်းခံဆိုပြီး အမျိုးမျိုးပေါ်လာပြီမဟုတ်လား။ အဲဒီ အဆီကျ ခါးပတ်တွေက တကယ်ရောကောင်းလို့လား။ သူတို့မှာ ဘယ်လိုကောင်းကျိုးတွေရှိလဲ ။ ။ အဆီချ ခါးပတ်ဝတ်ခြင်းရဲ့ ကောင်းကျိုးများ ။ ။ ကျောရိုးနဲ့ခါးထိခိုက်သူများအတွက် အထိန်းဖြစ်စေပါတယ်။ ခါးနဲ့ နောက်ကျောပိုင်းကိုထိခိုက်ထားတဲ့သူတွေမှာ ကျောရိုးရဲ့ပုံစံကို ပြန်တည့်မတ်ဖို့နဲ့ ခါးကိုအထိန်းဖြစ်အောင် waist trimmers( ခါးသွယ်အဆီကျတဲ့ခါးပတ်) နဲ့ and compression bandages (ခါးထိန်းခါးပတ်) ဝတ်ပေးရပါတယ်။ ဒီလို ခါးပတ်တွေဝတ်ထားတော့ ထိုင်တဲ့အခါ သူက ကူထိန်းပေးပြီး ခါးနာခြင်းများကိုလည်း သက်သာစေပါတယ်။ Slimming effect ( […]


အခြားလေ့ကျင့်ခန်းများ

သွေးလည်ပတ်မှုကောင်းအောင်လုပ်ကြမယ်

ယုံရခက်ပေမဲ့ လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲက သွေးကြောတွေအားလုံးကိုဆက်သွယ်လိုက်ရင် စုစုပေါင်းအရှည်မိုင် ၆ သောင်းကျော်တောင်ရှိတယ်ဗျ။ ဒီလောက်ရှုပ်ထွေးတဲ့ သွေးကြောစနစ်ကြီးကို အဓိကထောက်ပံ့ပေးထားတာကတော့ လက်သီးဆုပ်အရွယ်ရှိတဲ့နှလုံးနဲ့ ကြွက်သားတချို့ပါ။  သွေးကြောတွေက ခန္ဒာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အောက်ဆီဂျင်ဓာတ်ကိုသယ်ပြီး တစ်ကိုယ်လုံးနေရာအနှံ့ကို ပို့ပေးတယ်ပေါ့ဗျာ။ ပြီးရင်သက်ဆိုင်ရာ အစိတ်အပိုင်းအသီးသီးက ရတဲ့အောက်ဆီဂျင်ကိုသုံးစွဲတယ်ပေါ့။ အဲ….ဒါပေမဲ့ သွေးလည်ပတ်မှုမကောင်းရင်တော့ အန္တရာယ်ရှိတယ်နော်။ သွေးကြောကျဉ်းလို့ဖြစ်ဖြစ်၊ ပိတ်လို့ဖြစ်ဖြစ် ပို့ရမယ့်နေရာကိုသွေးမရောက်လို့ကတော့ ဒီပြဿနာတွေဖြစ်လာနိုင်တယ်ဗျ - ခြေ၊လက်တွေမှာသွေးကောင်းကောင်းမလျှောက်တော့ရင် ခြေလက်တွေအေးစက်လာမယ်၊ ထုံလာမယ် - အကယ်၍ အသားဖြူတဲ့သူဆို ခြေထောက်မှာသွေးသိပ်မရောက်တော့ရင် ခြေထောက်ကပြာတာတာအရောင်ဖြစ်လာပါမယ် - အရေပြားတွေခြောက်သွေ့လာပါမယ် -ဆံပင်တွေကျွတ်မယ်၊ နောက်ပြီး ခြေသည်း၊လက်သည်းတွေ ကြွပ်ဆတ်ပြီး ကြေမွလွယ်လာပါလိမ့်မယ် - အမျိုးသားတွေဆို လိင်အင်္ဂါမထောင်မတ်နိုင်တော့တဲ့ပြဿနာမျိုးကြုံရမယ် - အကယ်၍ ဆီးချိုရောဂါရှိသူဆို အနာကျက်တာအရမ်းနှေးသွားပါမယ် ကဲ…အခုသွေးလည်ပတ်မှုမကောင်းရင်ဖြစ်လာမယ့် ပြဿနာတွေသိပြီဆိုတော့ ဒီပြဿနာမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဆိုတာဆက်ပြောပြမယ်ဗျာ။ ၁. ဆေးလိပ်ဖြတ်ပါ ဆေးလိပ်ထဲပါတဲ့နီကိုတင်းဓာတ်က ခင်ဗျားရဲ့သွေးကြောနံရံတွေကိုကောင်းကောင်းဒုက္ခပေးနိုင်တယ်နော်။ ဆေးလိပ်သောက်တာကြာလေ သွေးကြောနံရံတွေထူလာလေဖြစ်ပြီး ကြာရင်လုံးဝသွေးမလျှောက်တော့တဲ့အထိကို ဝေဒနာက ဆိုးဝါးလွန်းပါတယ်ဗျာ။ ၂. သွေးပေါင်ချိန်ကိုဂရုစိုက်ပါ သွေးပေါင်ချိန်မြင့်လွန်းရင် သွေးလွှတ်ကြောတွေပိုမာကြောလာပြီး […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း