အခြားလေ့ကျင့်ခန်းများ

ကျန်းမာကြံ့ခိုင်စေဖို့အတွက် နေ့စဉ် လုပ်ဆောင်နိုင်မယ့် လေ့ကျင့်ခန်းလေးတွေရှာနေတာလား။ ဒီကဏ္ဍလေးမှာ အသင့်တော်ဆုံး လေ့ကျင့်ခန်းကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားလေ့ကျင့်ခန်းများ

ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ်

ခေါင်းတစ်ခြမ်းကိုက်တာက အဖြစ်များတဲ့ ခေါင်းကိုက်ဝေဒနာ တစ်ရပ်ပါ။ ခေါင်းတစ်ခြမ်းကိုက်တာက တစ်ခါတလေမှာ တော်တော်လေး ပြင်းထန်ပြီး နေ့စဉ်လုပ်ငန်းတာဝန်တွေကို ထိခိုက်စေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ ခေါင်းကိုက်တာနဲ့အတူ မအီမသာဖြစ်တာ၊ အလင်းရောင်ကို မခံနိုင်တာ၊ ခေါင်းတစ်ခြမ်းပဲ ပြင်ပြင်းထန်ထိုးကိုက်တာမျိုး ခံစားရနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာ မကြာခဏဖြစ်မယ်။ ပြင်းထန်မယ်ဆိုရင်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့အတွက် သဘာဝ နည်းလမ်းလေးတွေ လုပ်ဆောင်တာ ယောဂလေ့ကျင့်တာမျိုးတွေ လုပ်ဆောင်ပေးလို့ရပါတယ်။ ဒီတစ်ခေါက်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ် တွေ အကြောင်း ပြောပြပေးချင်ပါတယ်။ [embed-health-tool-bmi] ယောဂက ခေါင်းတစ်ခြမ်း ကိုက်တာကို သက်သာစေနိုင်လား သုတေသီတွေရဲ့ လေ့လာမှုတွေအရတော့ ယောဂ လေ့ကျင့်တာက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကိုတင် သက်သာစေတာ မဟုတ်ဘဲ ယောဂလေ့ကျင့်တာ [embed-health-tool-bmr] စိတ်ဖိစီးမှုကို ပြေလျော့စေတယ် စိုးရိမ်စိတ် လျော့ပါးစေတယ် အခြား စိတ်ကျန်းမာရေးပြဿနာတွေကို ပြေလျော့စေတယ် မကြာခဏ ခေါင်းကိုက်တာကို သက်သာစေတယ် ခေါင်းကိုက်တာကို […]

အခြားလေ့ကျင့်ခန်းများ ကို ရှာဖွေမည်။

အခြားလေ့ကျင့်ခန်းများ

တရားထိုင်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထောက်အကူပြုသလား

ယနေ့ကမ္ဘာတလွှားမှာ တရားထိုင်ခြင်းကို ဘာသာရေးအနေနဲ့သာ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ စိတ်ကျန်းမာရေး စတာတွေအတွက် ကျင့်သုံးလာကြပါတယ်။ တရားထိုင်ခြင်းကြောင့် စိတ်တည်ငြိမ်လာခြင်း၊ အာရုံစူးစိုက်မှု အားကောင်းခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများစွာ ရရှိလာကြပါတယ်။ နောက်ပိုင်းမှာ တရားထိုင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ အရသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အထောက်အကူပြုကြောင်း ပညာရှင်များကပါ လက်ခံလာကြပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ တရားထိုင်ခြင်းကြောင့် ရရှိနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ ၁။ သွေးတိုး ကျစေခြင်း တရားထိုင်ခြင်းဟာ နှလုံးအပေါ်သက်ရောက်တဲ့ ဖိအားတွေကို သက်သာစေပါတယ်။ သွေးတိုးရှိသူတွေဟာ နှလုံးကနေ သွေးကိုညှစ်နိုင်ဖို့ ပိုပြီးအားစိုက်ထုတ်ရပါတယ်။ ဒါ့အပြင် သွေးကြောများ မာကြောပြီးကျဉ်းမြောင်းစေတတ်ပါတယ်။ သုတေသနတွေအရ တရားထိုင်ခြင်းကြောင့်နှလုံးနဲ့သွေးကြောများကို ထိန်းချုပ်ပေးတဲ့ အာရုံကြောများကို ပြေလျော့စေပြီး သွေးကြောများအတွင်းက ဖိအားကိုလည်း လျော့ကျစေပါတယ်။ ဒီနည်းနဲ့ သွေးတိုးခြင်းကိုလည်း […]


အခြားလေ့ကျင့်ခန်းများ

နွေရာသီ နှင့် လေ့ကျင့်ခန်းလုပ်ခြင်း

အခုလို နွေရာသီ အချိန်ရောက်လာတဲ့အခါ အထူးသဖြင့် အပူပိုင်းဒေသတွေမှာ နေထိုင်တဲ့ သူတွေဟာ အပူဒဏ်ကို အလွန့်အလူး ခံစားကြရပါတယ်။ လတ်တလော မြန်မာနိုင်ငံမှာလည်း အပူကြောင့် ဖြစ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေနဲ့ အပူဒဏ်ကြောင့် အသက်ဆုံးရှုံးမှုတွေ များလာတာကို တွေ့ရပါတယ်။ နေပူအောက်မှာ အချိန်အကြာကြီး အလုပ်လုပ်တာ၊ နေရောင်ကို ကာကွယ်တဲ့ ပစ္စည်းတွေ အသုံးမပြုတာ၊ ရေဓာတ်ဆုံးရှုံးတာ၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တာ စတာတွေကြောင့် အပူလျှပ်ခြင်း၊ သတိလစ်ခြင်းတွေဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့်လည်း ဒီလို ပူပြင်းတဲ့ ရာသီမှာ တတ်နိုင်သလောက် အပူဒဏ်ကို ရှောင်ပြီးနေကြဖို့၊ မိမိကိုယ်ကို ဂရုစိုက်ကြဖို့၊ ပူပြင်းတဲ့နေရောင်အောက်မှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်ကြဖို့ ကျန်းမာရေး ဝန်ကြီးဌာနကလည်း တိုက်တွန်းထားပါတယ်။  ဒါဆိုရင် ဒီလို နွေရာသီ မှာ လေ့ကျင့်ခန်းမလုပ်သင့်ဘူးလား။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ရော ကိုယ်ကိုပါ ကောင်းကျိုးတွေ […]


အခြားလေ့ကျင့်ခန်းများ

အသက်ရှည်ရာ အနာမဲ့ကြောင်း

အသက်ရှည်ရှည် ကျန်းကျန်းမာမာနေရဖို့ဆိုတာ မျိုးရိုးဗီဇပေါ် မူတည်တယ်လို့ လူအများက ထင်ကြပါတယ်။ တကယ်တော့ မျိုးရိုးဗီဇဟာ အနည်းငယ်လောက်သာ လွှမ်းမိုးပြီး ပတ်ဝန်းကျင်ပြင်ပ အကြောင်းခြင်းရာတွေဖြစ်တဲ့ စားသောက်မှု၊ နေထိုင်မှုပုံစံတွေက အဓိကကျပါတယ်။ ဘဝတစ်သက်တာမှာ မည်သို့မည်ပုံနေထိုင်သွားတယ်ဆိုတဲ့အချက်က သင့်ကိုယ်စိတ်ကျန်းမာရေးကို ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ ယခု ဆက်လက်ဖော်ပြသွားမှာကတော့ အသက်ရှည်စွာနဲ့ အနာရောဂါကင်းရှင်းအောင် ဘယ်လိုနည်းလမ်းတွေကို ကျင့်သုံးသွားသင့်သလဲ ဆိုတာပါပဲ။ ၁။ အစားကို အလွန်အကျွံ မစားပါနဲ့ အစားကုန်အောင်စား ဆိုတဲ့ စကားရှိပေမယ့် တရားလွန်စားသောက်မိရင်တော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။ စားမိတဲ့ ကယ်လိုရီပမာဏနဲ့ အသက်ရှည်ရှည်နေနိုင်ဖို့အကြား ဆက်နွယ်မှုရှိပါတယ်။ ကယ်လိုရီလျှော့စားနိုင်ရင် သက်တမ်းပိုမိုကြာရှည်နိုင်မှာ ဖြစ်ပါတယ်။ ကယ်လိုရီလျှော့ခြင်းအားဖြင့် ကိုယ်အလေးချိန်နဲ့ ဝမ်းဗိုက်အဆီတွေ လျှော့ချရာရောက်ပြီး နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို စတာတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ၂။ အခွံမာသီး၊ အစေ့အဆန်များများစားပါ အစေ့အဆန်တွေမှာ […]


အခြားလေ့ကျင့်ခန်းများ

အမျိုးသားတိုင်း အလေးတုံးမလိုဘဲ လုပ်လို့ရမယ့် လေ့ကျင့်ခန်းတွေ

လေ့ကျင့်ခန်းကို လူတော်တော်များများက လုပ်ရမှာ ပျင်းကြပါတယ်။ အချိန်မရှိတာထက် လုပ်ချင်စိတ်မရှိတာက ပိုများနေတတ်ကြတာကိုး။ တကယ်တော့ လေ့ကျင့်ခန်းဆိုတာ ကိုယ်ခန္ဓာကြံ့ခိုင်ရေးနဲ့ အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ ကောင်းကျိုးများစွာ ရှိစေနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေလို တစ်နေ့လုံး အလုပ်ခွင်မှာ ပင်ပင်ပန်းပန်း လုပ်ရတာ၊ စိတ်ဖိစီးမှုပြဿနာတွေ အမြဲကြုံနေရတဲ့သူတွေအတွက် ကိုယ်ခန္ဓာက လန်းဆန်းပေါ့ပါးပြီး စိတ်အာရုံတက်ကြွနေဖို့ အရေးကြီးပါတယ်။ ခုလို Covid-19 ကြောင့် Gym တွေလည်း ပိတ်၊ အပြင်လည်း မသွားရ၊ တစ်နေကုန် အိမ်မှာပဲ ထိုင်ပြီး အလုပ်လုပ်ရင် လုပ်၊ မလုပ်ရင်လည်း အိပ်ရာပေါ်မှာပဲ လှဲနေတဲ့အခါ လူက လေးလံထိုင်းမှိုင်းပြီး ပျင်းရိလာတတ်ပါတယ်။ စားထားသမျှကလည်း လေ့ကျင့်ခန်း မလုပ်တော့ ကယ်လိုရီတွေ လောင်ကျွမ်းမှု အရမ်းနည်းပြီး အဆီတက်လာနိုင်ပါတယ်။ ဒီအတွက်ကြောင့် အလေးမလိုဘဲ ပေါ့ပေါ့ပါးပါးနဲ့ ကိုယ့်အိပ်ခန်းထဲမှာ […]


အခြားလေ့ကျင့်ခန်းများ

ရင်သား တင်းရင်း လှပစေဖို့ ဘာတွေ လုပ်မလဲ

ပျိုမေတို့ရဲ့ အလှတရား မှာ ခန္ဓာကိုယ် အချိုးအဆစ် ပုံကျလှပဖို့က သိပ်အရေးပါတာနော်။ အချိုးအစားလှဖို့ ဆိုတာကလည်း ရင်သား ပုံကျလှပဖို့၊ တင်းရင်းအချိုးကျဖို့ လိုတယ်မဟုတ်လား။ ရင်သား မရှိသလို ဖြစ်နေတာ၊ ရင်သားလျော့တွဲတာတွေကြောင့် အဝတ်အစားလည်း လှတပတ ဝတ်လို့အဆင်မပြေဘူးလေ။ ရင်သားသေးတဲ့ မိန်းကလေးတွေက လေ့ကျင့်ခန်းလုပ်တာ၊ အစားအသောက်စားတာတွေနဲ့ ကြိုးစားယူလို့ရနိုင်ပါတယ်။ ဒါပေမယ့် ပစ္စည်းရှိပြီးသား ပျိုမေတချို့မှာတော့ ဒီအကြောင်းရင်းတွေကြောင့် ရင်သားပုံပျက်ရတတ်ပါတယ် - ကိုယ်ဝန်ဆောင်ခြင်း ဆေးလိပ်သောက်ခြင်း ရင်သား အရွယ်အစားကြီးခြင်း ကိုယ်အလေးချိန်အများကြီးကျဆင်းသွားခြင်း ကိုယ်အလေးချိန်များခြင်း နေရောင်ခြည်ထိတွေ့မှုများခြင်း သွေးဆုံးခြင်း ပြင်းထန်တဲ့အားကစားလေ့ကျင့်ခန်းတွေလုပ်ခြင်း၊ စတာတွေ ကြောင့် ရင်သားလျော့တွဲခြင်း ဖြစ်လာနိုင်ပါတယ်နော်။ ပုံစံတကျ ရင်သား တင်းရင်း လာအောင် ဘာတွေ လုပ်ရမလဲ လေ့ကျင့်ခန်းလုပ်မယ် နံပါတ်တစ် အနေနဲ့ လေ့ကျင့်ခန်း လုပ်ရပါမယ်။ ရင်သား မှာ ကြွက်သားမရှိတဲ့အတွက် ရင်သား […]


အခြားလေ့ကျင့်ခန်းများ

စင်္ကြန်လျှောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုး

ဗုဒ္ဓဘာသာဝင်တွေ အထူးသဖြင့် တရားစခန်း ဝင်ဖူးတဲ့သူတွေဆိုရင် သိကြမယ်ထင်ပါတယ်။ ဗုဒ္ခဘာသာ ယဉ်ကျေးမှုကနေ စင်္ကြန်လျှောက်ခြင်း အလေ့အထက စတင်လာပြီးတော့ ယခုဆိုရင် ကမ္ဘာနဲ့ အဝှမ်း လူသိများလာကြတဲ့ လေ့ကျင့်ခန်း တစ်ခုဆိုလည်း မမှားပါဘူး။ တခြားလေ့ကျင့်ခန်းနဲ့ ဘာကွာသွားလဲဆိုတော့ ခန္ဓာကိုယ် အလှအပကို လေ့ကျင့်ပေးတာ မဟုတ်ဘဲ စိတ်အာရုံကို စုစည်းတတ်စေဖို့နဲ့ အသက်ရှူလေ့ကျင့်ခန်းကို မှန်စေဖို့ ရည်ရွယ်ချက်နဲ့ လုပ်ပေးတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ စင်္ကြန်လျှောက်တယ် ဆိုတာ ဘယ်လိုမျိုးလဲ။ အရှိန်လုံးဝ မထည့်ဘဲ ဖြည်းဖြည်း နဲ့ မှန်မှန် လမ်းလျှောက်ရပါတယ်။ လမ်းလျှောက်တဲ့အခါ မမြန်ရပါဘူး။ ကိုယ့်ရဲ့ ခြေတစ်လှမ်းတိုင်းမှာ ဖြစ်ပျက်နေတဲ့ အရာမှန်သမျှ (ဥပမာ - ခြေထောက် ကြွတယ်၊ ခြေလှမ်းတယ်၊ ခြေထောက်ဘေးကို လေပြေညှင်းတွေ ပွတ်တိုက်သွားတယ်၊ အသက်ရှူသွင်းတယ်၊ ရှူထုတ်တယ် အစရှိသဖြင့်) […]


အခြားလေ့ကျင့်ခန်းများ

သင့်တစ်နေ့တာကို လမ်းလျှောက်ခြင်း ဖြင့် စတင်ရအောင်

လမ်းလျှောက်ခြင်းဆိုတာ ကျန်းမာရေးအတွက် ကုန်ကျစရိတ်အနည်းဆုံးနဲ့ လုပ်ဆောင်နိုင်တဲ့ လေ့ကျင့်ခန်းတမျိုး ဖြစ်ပါတယ်။ ပစ္စည်းကိရိယာ တန်ဆာပလာ အထွေအထူးလည်း သိပ်မလိုတဲ့အပြင် အင်အားလည်း ပင်ပင်ပန်းပန်း စိုက်ထုတ်စရာမလိုတဲ့အတွက် သက်ကြီးရွယ်အိုတွေပါ လုပ်ဆောင်နိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ သင့်ရဲ့တနေ့တာကို လမ်းလျှောက်ခြင်း နဲ့ ဘာကြောင့် စတင်သင့်သလဲ ဆိုတာပါပဲ။ တနည်းအားဖြင့် လမ်းလျှောက်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ ရိုးရှင်းတယ်ထင်ရပေမယ့် သိပ္ပံနည်းကျ သုတေသနရလဒ်တွေဖြစ်တာကြောင့်ခိုင်မာမှု ရှိပါတယ်။ လမ်းလျှောက်ခြင်း ရဲ့ အကျိုးကျေးဇူးများ ၁။ စွမ်းအင်မြှင့်တင်ခြင်း သင့်ရဲ့မနက်ခင်းမှာ လမ်းလျှောက်ပြီး လတ်ဆတ်အေးမြတဲ့လေကို ရှူရှိုက်ခြင်းအားဖြင့် တနေ့တာလုံးမှာ လန်းဆန်းတက်ကြွစေနိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် အပြင်ထွက် လမ်းလျှောက်ခြင်း ဖြစ်ပါတယ်။ လေ့လာချက်များအရ ပြင်ပလေကို ရှူရှုက်ရင်း တနေ့ကို မိနစ်နှစ်ဆယ်ခန့် လမ်းလျှောက်ပေးခြင်းဟာ သင့်ရဲ့ တနေ့တာစွမ်းအင်ကို မြှင့်တင်ပေးရာ ရောက်တယ်လို့ ဆိုပါတယ်။ […]


အခြားလေ့ကျင့်ခန်းများ

လမ်းလျှောက်ခြင်း

မင်္ဂလာပါ Hello ဆရာဝန်စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခါမှာတော့ လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူး တွေကို ဖော်ပြပေးမှာပါ ။ ဒီစာရေးနိုင်ဖို့အတွက် စာရေးသူလည်း တစ်နေ့ ခြေလှမ်း ၉ထောင် ကျော် goal လုပ်ပြီး လျှောက်ခဲ့ရတာ ဖြစ်တဲ့အတွက် အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြောပြသွားမှာပါ ။ အားလုံးသိတဲ့အတိုင်းပဲ လမ်းလျှောက်တယ်ဆိုတာ အခမဲ့နဲ့ အကျိုးအရှိဆုံး အားကစားတစ်ခုဖြစ်ပါတယ် ။ အသက်အရွယ်မရွေး လူတိုင်းပြုလုပ်နိုင်တဲ့ အားကစားပါ ။ လမ်းလျှောက်ခြင်းရဲ့ ကောင်းကျိုးတွေကတော့ ကယ်လိုရီ အဆီများ လောင်ကျွမ်းစေခြင်း ခန္ဓာကိုယ်မှာ ပိုလျှံနေတဲ့ ကယ်လိုရီတွေ ကုန်ဆုံးစေတဲ့အတွက် ကိုယ်အလေးချိန် ထိန်းသိမ်းနေချင်နေတဲ့လူတွေအတွက် သင့်တော်ပါတယ် ။ စာရေးသူကိုယ်တိုင်လည်း ဗိုက်အဆီကျသွားတာကို လက်တွေ့ခံစားရတဲ့အတွက် ပျော်မိပါတယ် ။ ကယ်လိုရီ လောင်ကျွမ်းတယ်ဆိုတာ လမ်းလျှောက်တဲ့ အရှိန် ၊ အကွာအဝေး […]


အခြားလေ့ကျင့်ခန်းများ

ကယ်လိုရီ လောင်ကျွမ်းအောင် Gym သွားဖို့တောင် မလိုပါဘူး

Gym သွားရမှာ ပျင်းနေလား ဒါမှမဟုတ် ပိုက်ဆံကုန်မှာ နှမျောနေလား။ လေ့ကျင့်ခန်း မဟုတ်တဲ့ လှုပ်ရှားမှုတွေ နဲ့ လည်း ကယ်လိုရီ လောင်ကျွမ်းအောင် လုပ်လို့ ရပါတယ်နော်။ အိမ်မှာနေရင်း ပိစိပွစ အလုပ်လေးတွေနဲ့ အဆီကျအောင် လုပ်လို့ရတယ် ဆိုတာ သိရင် ဘတ်ဂျက်လည်းမထိ အပြင်သွားဖို့လည်း မလိုတော့ဘူးပေါ့။ ဒါ့ကြောင့်ပဲ ဇိမ်ခံပစ္စည်းတွေ မရှိသေးတဲ့ ဟိုခေတ်က အိမ်ရှင်မတွေ အားကစားလုပ်ထားသလို ဗိုက်ချပ်၊ ကျစ်လျစ်၊ လှပနေတာပေါ့။ သနပ်ခါး သွေးနေရင်းကို လက်မောင်းလေ့ကျင့်ခန်း ဖြစ်နေသလိုမျိုး။ ကယ်လိုရီ လောင်ကျွမ်းစေမယ့် အိမ်အလုပ်တွေ အကြောင်း သိထားပြီးသား ဖြစ်ရင်ဖြစ်နေနိုင်ပေမယ့် ပိုပြီး မိုတီဗေးရှင်း ရအောင် ဖတ်ကြည့်လိုက်ပါဦး … (၁) တံမြက်စည်း လှည်း မယ်၊ ဖုန်စုပ်မယ် ဖုန်စုပ်စက်နဲ့ တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်တာ ဒါမှမဟုတ် တံမြက်စည်း လှည်းတာက […]


အခြားလေ့ကျင့်ခန်းများ

အမျိုးသားတွေက အမျိုးသမီးတွေထက် ဝိတ်ကျတာပိုမြန်တယ်တဲ့လား

အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ဝိတ်ကျနှုန်းပိုမြန်တယ်လို့ မကြာခဏ ကြားရမြင်ရဖူးတယ်။ ဒီလို ပြောဆိုနေကြတာတွေဟာ တကယ်ရောမှန်ကန်မှုရှိရဲ့လား။ တကယ်ပဲ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုပြီး ကိုယ်အလေးချိန် လျော့ကျနှုန်းမြန်ဆန်တာလား? လူအတော်များများဟာ အမျိုးသားတွေဟာ ကိုယ်အလေးချိန်လျှော့ချတဲ့နေရာမှာ အမျိုးသမီးတွေထက်ပိုပြီး အားသာချက်ရှိတယ်လို့ ယုံကြည်ထားကြပါတယ်။ တကယ်တော့ ဒီလိုကိစ္စမျိုးဆိုတာဟာ ရယ်စရာမောစရာ ဟာသပုံပြင်သက်သက်လို့တောင်ဆိုလို့ရပါတယ်။ ယောင်္ကျားနဲ့ မိန်းမသဘာဝမတူညီတာကြောင့် ကိုယ်အလေးချိန်လျှော့ချရာမှာ တူညီတဲ့နှုန်းမရှိတာမှန်ပေမယ့် ရည်မှန်းချက်အောင်မြင်မှုပိုင်းမှာတော့ ကျားပဲဖြစ်ဖြစ် မပဲဖြစ်ဖြစ် ကြိုးစားအားထုတ်မှုပေါ်မှာပဲမူတည်မှာဖြစ်ပါတယ်။ ကဲ ဘာကြောင့် အထက်ကလို ယောင်္ကျားတွေဟာ ဝိတ်ကျတာပိုမြန်တယ်ဆိုတဲ့ အယူအဆမျိုးကို လူတွေ ယုံကြည်နေကြတာလဲ။ လေ့လာကြည့်ရအောင်။ အမျိုးသားတွေရဲ့ ကြွက်သား တစ်ရှူးအရွယ်အစားဟာ ပိုမိုကျစ်လျစ်လေ့ရှိပါတယ်။ ဒါကြောင့် ခန္တာကိုယ်ရဲ့ အဆီတွေကို လောင်ကျွမ်းရာမှာ ပိုမိုလျှင်မြန်ပါတယ်။ ဒါကြောင့် အမျိုးသားတွေနဲ့ အမျိုးသမီးတွေ တူညီတဲ့ ကယ်လိုရီပမာဏကို ပြိုင်တူ လောင်ကျွမ်းမယ်ဆိုရင် အမျိုးသားတွေဟာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း