အခြားလေ့ကျင့်ခန်းများ

ကျန်းမာကြံ့ခိုင်စေဖို့အတွက် နေ့စဉ် လုပ်ဆောင်နိုင်မယ့် လေ့ကျင့်ခန်းလေးတွေရှာနေတာလား။ ဒီကဏ္ဍလေးမှာ အသင့်တော်ဆုံး လေ့ကျင့်ခန်းကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားလေ့ကျင့်ခန်းများ

ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ်

ခေါင်းတစ်ခြမ်းကိုက်တာက အဖြစ်များတဲ့ ခေါင်းကိုက်ဝေဒနာ တစ်ရပ်ပါ။ ခေါင်းတစ်ခြမ်းကိုက်တာက တစ်ခါတလေမှာ တော်တော်လေး ပြင်းထန်ပြီး နေ့စဉ်လုပ်ငန်းတာဝန်တွေကို ထိခိုက်စေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ ခေါင်းကိုက်တာနဲ့အတူ မအီမသာဖြစ်တာ၊ အလင်းရောင်ကို မခံနိုင်တာ၊ ခေါင်းတစ်ခြမ်းပဲ ပြင်ပြင်းထန်ထိုးကိုက်တာမျိုး ခံစားရနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာ မကြာခဏဖြစ်မယ်။ ပြင်းထန်မယ်ဆိုရင်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့အတွက် သဘာဝ နည်းလမ်းလေးတွေ လုပ်ဆောင်တာ ယောဂလေ့ကျင့်တာမျိုးတွေ လုပ်ဆောင်ပေးလို့ရပါတယ်။ ဒီတစ်ခေါက်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ် တွေ အကြောင်း ပြောပြပေးချင်ပါတယ်။ [embed-health-tool-bmi] ယောဂက ခေါင်းတစ်ခြမ်း ကိုက်တာကို သက်သာစေနိုင်လား သုတေသီတွေရဲ့ လေ့လာမှုတွေအရတော့ ယောဂ လေ့ကျင့်တာက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကိုတင် သက်သာစေတာ မဟုတ်ဘဲ ယောဂလေ့ကျင့်တာ [embed-health-tool-bmr] စိတ်ဖိစီးမှုကို ပြေလျော့စေတယ် စိုးရိမ်စိတ် လျော့ပါးစေတယ် အခြား စိတ်ကျန်းမာရေးပြဿနာတွေကို ပြေလျော့စေတယ် မကြာခဏ ခေါင်းကိုက်တာကို သက်သာစေတယ် ခေါင်းကိုက်တာကို […]

အခြားလေ့ကျင့်ခန်းများ ကို ရှာဖွေမည်။

အခြားလေ့ကျင့်ခန်းများ

တစ်နေ့လုံးထိုင်ပြီး အလုပ်လုပ်နေသူတွေ ကိုယ့်ကျန်းမာရေးကို ဘယ်လိုဂရုစိုက်မလဲ

ကျောင်းနေအရွယ်ပြီးလို့ လုပ်ငန်းခွင်ထဲ ဝင်ရောက်လာတဲ့အခါ ကိုယ်တတ်ထားတဲ့ ပညာ၊ အရည်အချင်းတွေပေါ် မူတည်ပြီး နယ်ပယ်အမျိုးမျိုးမှာ တစ်ထောင့်တစ်နေရာကနေ ကိုယ်တတ်စွမ်းသလောက် ကြိုးစားရင်း ကိုယ့်ဘဝအနာဂတ်ကိုလည်း အရောင်ထွက်အောင် သွေးနေရတာ လူတိုင်းနီးပါးပါပဲ။ အဲ့တော့ အလုပ်လုပ်တာကလည်း ကိုယ့်ဘဝအတွက် ကောင်းတယ်ဆိုပေမယ့် ကိုယ့်ရဲ့ ကျန်းမာရေး ကိုလည်း လျစ်လျူရှုထားလို့ မဖြစ်ပါဘူးနော်။ အထူးသဖြင့် တစ်နေကုန် ထိုင်ခုံမှာ ငြိမ်ငြိမ်လေးထိုင်ပြီး ကွန်ပျူတာရှေ့မှာ တစ်နေ့လုံးထိုင်ပြီး အလုပ်လုပ်နေသူတွေ ဆိုရင် ကိုယ့်ရဲ့ အလုပ်ခွင်ကို ပြောင်းလဲစရာမလိုဘဲ ဘယ်လိုပြုမူနေထိုင်သင့်လဲ၊ ဘာတွေအဓိက စားပေးသင့်လဲ၊ ဒီလိုအချိန်အကြာကြီးထိုင်နေတဲ့အခါ ကိုယ့် ကျန်းမာရေး ကို ဘယ်လိုထိခိုက်စေနိုင်လဲဆိုတာကို သိထားမှ ဖြစ်မှာပါ။ အထိုင်များလာတဲ့ ပြဿနာ ဒီဘက်ခေတ်မှာ လူတော်တော်များများ ရုံးကို ရောက်ပြီဆိုတာနဲ့ ထိုင်ခုံနဲ့ တင်ပါးကို ကော်နဲ့ကပ်ထားသလို မထတမ်း မခွာတမ်း အလုပ်လုပ်နေကြရတယ်နော်။ အိမ်ပြန်ရောက်တော့လည်း […]


အခြားလေ့ကျင့်ခန်းများ

စိတ်ကျရောဂါတွေကို လေ့ကျင့်ခန်းနဲ့ တိုက်ထုတ်စို့

ဒီဘက်ခေတ်မှာ လူကြီးတွေသာမက လူငယ်တွေမှာပါ စိတ်ကျရောဂါဝေဒနာတွေကို အလူးအလဲခံစားနေကြရတာ သတိထားမိမှာပါ။ ခေတ်ကာလပြောင်းလဲလာတာနဲ့အမျှ ပြောင်းလဲလာတဲ့ လူနေမှုပုံစံ၊ အရင်ကထက်ပိုပြီး ပွင့်လင်းလာတဲ့ လူ့ပတ်ဝန်းကျင်တွေ၊ ကြုံလာရတဲ့ အခက်အခဲ၊ အတားအဆီးတွေဟာ ဘယ်လောက်ပဲ ကြံ့ခိုင်နေတဲ့ စိတ်ပဲ ဖြစ်နေပါစေ အနည်းငယ်တော့ လှိုင်းဂယက်ရိုက်သွားစေနိုင်ပါတယ်။ စိတ်ကျန်းမာရေးနဲ့ပတ်သက်လာရင် လူတွေက ပေါ့သေးသေး သဘောထားတတ်ကြပါတယ်။ အထူးသဖြင့် စိတ်ကျရောဂါခံစားနေရတဲ့သူတွေဆိုရင် ကူညီအားပေးနှစ်သိမ့်ရမယ့်အစား ပျော့ညံ့တယ်၊ စိတ်ခံစားတတ်လွယ်တယ်၊ အတွေးများတယ် အစရှိသဖြင့် နှိမ်ချဆက်ဆံနေတာလည်း ဒီလူ့ပတ်ဝန်းကျင်မှာ အများကြီးပါပဲ။ တကယ်တော့ စိတ်ကျန်းမာရေးပြဿနာသည် စိတ်ပျော့ညံ့တဲ့သူတွေမှာမှ ဖြစ်တာမဟုတ်ပါဘူး။ မိသားစုပြဿနာတွေ၊ လူမှုရေး၊ စီးပွားရေးစတာတွေနဲ့ပတ်သက်ပြီး အတိုက်အခိုက်တွေကို နှစ်ပေါင်းများစွာ ခံစားလာရတာ၊ အတိတ် သို့မဟုတ် ကလေးဘဝက ကြုံလာရတဲ့ စိတ်ဒဏ်ရာတွေ၊ ဒီလိုအရာတွေက ရင်ထဲအမြစ်တွယ်နေပြီး တဖြည်းဖြည်းကြီးပြင်းလာလို့ လူကြီးအနေနဲ့ ဖြစ်လာတဲ့အခါ ဒီစိတ်ဝေဒနာတွေကို ဆထက်တိုးပြီး […]


အခြားလေ့ကျင့်ခန်းများ

ပြေးတာက သေဆုံးနိုင်ခြေ ၂၇ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်

မနက်ခင်းစောစောလေး အပြေးလေ့ကျင့်တာက ခန္ဓာကိုယ်အချိုးအစားကို ပြေပြစ်စေနိုင်သလို ကျန်းမာရေးကိုလည်း ကောင်းစေနိုင်ပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက်လည်း အထိရောက်ဆုံးလေ့ကျင့်ခန်းတွေထဲကတစ်ခုပေါ့။ ဦးနှောက်ကနေစလို့ တစ်ကိုယ်လုံးကျန်းမာနေစေဖို့ဆိုရင် အပြေးလေ့ကျင့်တာကို လုပ်ဆောင်ပေးဖို့ အကြံပြုပါရစေ။ အပြေးလေ့ကျင့်ပါလို့ ပြောရတဲ့ အကြောင်းအရင်း လေ့လာမှုတော်တော်များများအရ သိလိုက်ရတာက အပြေးလေ့ကျင့်ပေးတာက ဦးနှောက်ကို ကျန်းမာစေနိုင်သလို အရွယ်တင်နုပျိုစေနိုင်တယ်ဆိုတဲ့အချက်ပါ။ အပြေးလေ့ကျင့်တာရဲ့ အကျိုးကျေးဇူးက ဒီလောက်တင်လားဆိုတော့ မဟုတ်သေးပါဘူး။ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကျန်းမာစေနိုင်သလို ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ သက်တမ်းပိုရှည်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်စွမ်းရှိပါတယ်။ မဲလ်ဘုန်းမှာရှိတဲ့ University of Sydney ကသုတေသီတွေကတော့ နေ့စဉ်ပုံမှန် အပြေးလေ့ကျင့်တာက ရောဂါအမျိုးမျိုးကြောင့် သေဆုံးနိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ အပြေးလေ့ကျင့်တာက စိတ်ရောကိုယ်ပါကျန်းမာစေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်ပြီး တစ်နေ့တာလှုပ်ရှားမှုတွေမှာ တက်ကြွလန်းဆန်းစွာနဲ့လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ပြေးနေဖို့က အဓိကပါ နှစ်ပေါင်းအတော်ကြာ စန်စတကျလေ့လာခဲ့တဲ့ သုတေသနပြုမှုများစွာလုပ်ခဲ့ပြီး လေ့လာမှု ၁၄ ခုအတွင်း လူအယောက် ၂၃၂၁၄၉ […]


အခြားလေ့ကျင့်ခန်းများ

လေ့ကျင့်ခန်းကို မနက်ခင်း ဒါမှမဟုတ် ညနေဘက်မှာ လုပ်မလား

လေ့ကျင့်ခန်းလုပ်ခြင်းဟာ အလှအပအတွက်သာမက ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာ ဖြစ်စေနိုင်တယ်ဆိုတာ သိထားပြီးဖြစ်မှာပါ။ နေ့တိုင်းမှန်မှန် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ခန္ဓာကိုယ်ကြွက်သားကို တည်ဆောက်ပေးတယ်။ အကြောအချဉ်တွေ ပြေလျော့စေတယ်။ အစာခြေစနစ်ကို ကောင်းစေပြီး ဇီဝကမ္မဖြစ်စဉ်တွေကို လျင်မြန်စွာ ဖြစ်ပျက်ပြောင်းလဲစေတယ်။ ကျန်းမာအသက်ရှည်စေပြီး အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေတယ်။ ခန္ဓာကိုယ်တွင်း မကောင်းတဲ့ အဆီပိုတွေနဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေလို့ ကိုယ်အလေးချိန်ကို ကျစေပြီး အဝလွန်ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အဲ့တော့ လေ့ကျင့်ခန်းလုပ်ဖို့ ဘယ်အချိန်မှာစလုပ်သင့်လဲ၊ မနက်ခင်းက ပိုကောင်းလား၊ ညနေဘက်က ပိုကောင်းလား၊ ဒါမှမဟုတ် ဘယ်အချိန် လုပ်လုပ် ရလဒ်က အတူတူပဲလား အစရှိသဖြင့် မေးစရာမေးခွန်းတွေ များလာတယ်နော်။ ဒါကြောင့် ဒီဆောင်းပါးမှာ မနက်ခင်းလေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ညနေဘက်လေ့ကျင့်ခန်းလုပ်ခြင်းကနေ ဘယ်လိုမတူညီတဲ့ အကျိုးထူးရနိုင်လဲ၊ ဘာတွေသိထားသင့်လဲ၊ ကိုယ့်အတွက် ဘယ်အချိန်က အဆင်အပြေဆုံး ဖြစ်မလဲဆိုတာကို […]


အခြားလေ့ကျင့်ခန်းများ

ဝိတ်မလို့ ကျန်းမာစေမယ်လို့ ပြောရတဲ့ အကြောင်းအရင်း

ကျန်းမာအောင်လုပ်လို့ရတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေက တစ်ခုမကရှိနေပါတယ်။ ဒီလေ့ကျင့်ခန်းတွေထဲမှာမှ ကြွက်သားလည်းတက်စေပြီး ခန္ဓာကိုယ်ကိုပါ ကျန်းမာစေနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုရှိနေပါတယ်။ ဒါကတော့ ဝိတ်မတာပါ။ ဝိတ်မတာက ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုလဲဆိုတာကို သိချင်ရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။ ဝိတ်မခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ............ ပုံမှန်ဝိတ်မပေးတာက အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာရမှုမဖြစ်အောင် ကာကွယ်ပေးတယ် ဝိတ်မတာက ကျန်းမာရေးအတွက်ကောင်းသလို ကြွက်သားတွေဖြစ်ပေးစေဖိုပနဲ့ အရိုးသိပ်သည်းဆကောင်းစေဖို့အတွက် အကောင်းဆုံး အထောက်အပံ့ပေးပါတယ်။ ကြွက်သားသန်မာပြီး အရိုးတွေကြံ့ခိုင်မှုက အရိုးကျိုးတာမျိုးဖြစ်နိုင်ခြေ နည်းစေနိုင်ပါတယ်။ အရိုးပါးတာ၊ အရိုးပွတာတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။  အသက် ၄၀ လောက်ရောက်လာတဲ့အခါ အရိုးတွေရဲ့ သိပ်သည်းဆတွေက တဖြည်းဖြည်းကျလာပြီး အရိုးပါးတာ၊ အရိုးပွတာတွေကို ခံစားလာရနိုင်ပါတယ်။ ဒီပြဿနာကို ကြိုတင်ကာကွယ်ချင်ရင်တော့ ဝိတ်မတာက အဆင်အပြေဆုံးဖြစ်မှာပါ။ နှလုံးကျန်းမာစေနိုင်တယ် တစ်ပတ်ကို ၄၅ မိနစ်လောက်ပုံမှန်ဝိတ်မပေးတာက နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်၊လို့ မကြာသေးခင်က  Iowa State University ကလုပ်ခဲ့တဲ့ […]


အခြားလေ့ကျင့်ခန်းများ

ပိန်တဲ့အမျိုးသားတွေ Gym ဆော့တဲ့အခါ လုပ်တတ်တဲ့ အမှားများ

ယောက်ျားလေးဆိုတာ ကိုယ့်အသက်အရွယ်အလိုက် ရှိသင့်ရှိထိုက်တဲ့ အရပ်နဲ့ ကိုယ်အလေးချိန်တစ်ခု ရှိဖို့လိုအပ်ပါတယ်။ အဲ့တော့ ဝလွန်းနေရင်လည်း အဆင်မပြေသလို ပိန်လွန်းနေပြန်ရင်လည်း ယောက်ျားလေးတစ်ယောက်အနေနဲ့ သိပ်ကို ကြည့်ရဆိုးတယ်နော်။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံက လူငယ်ယောက်ျားလေးအများစုက ပိန်ပြီး လူကောင်ညှက်ညှက်လေးတွေ ဖြစ်နေကြတာ သတိထားမိမှာပါ။ Hello ဆရာဝန်မှာ ယောက်ျားလေးပရိတ်သတ်တွေ အမေးအများဆုံးမေးခွန်းတွေထဲမှာ ဝအောင်၊ ကြွက်သားတက်အောင် ဘာတွေလုပ်ရမလဲ၊ ဘာစားပေးရမလဲ၊ Gym ကစားနေတာတောင် ဘာလို့ ကြွက်သားတက်နှေးနေရတာလဲ အစရှိသဖြင့် အစုံအလင်ပါပဲ။ ဒီဆောင်းပါးမှာတော့ မြန်မာနိုင်ငံမှာရှိတဲ့ ပိန်နေပြီး ကြွက်သားထုအမြန်တက်ချင်တဲ့ အမျိုးသားတွေအတွက် ရည်ညွှန်းပြီး လုပ်တတ်တဲ့ အမှားလေးတွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောပြပေးသွားမှာဖြစ်လို့ သေချာလေ့လာကြည့်လိုက်ရအောင်။ ဘာတွေမှားနေလဲ၊ ဘာတွေပြင်ဖို့လိုအပ်လဲ။ ၁။ လုံလောက်စွာ မစားသုံးခြင်း ဝနေတဲ့ ယောက်ျားတွေနဲ့ ပြောင်းပြန် ပိန်တဲ့ အမျိုးသားတွေမှာ ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေးနေရင်တောင် […]


အခြားလေ့ကျင့်ခန်းများ

ဘော်ဒီရော၊ အသားအရေပါလှစေဖို့ လေ့ကျင့်ခန်းမှန်မှန်လုပ်ကြစို့

လေ့ကျင့်ခန်းလုပ်တယ်ဆိုတဲ့နေရာမှာ ပိန်ချင်လို့၊ ဝချင်လို့၊ ကြွက်သားတွေကြီးချင်လို့၊ ကျစ်ချင်လို့၊ ခရီးသွားရင် ပိန်ပြီးလှနေဖို့ ဆိုပြီး အကြောင်းရင်းမျိုးစုံနဲ့ gym တွေသွားကြတယ်လေ။ ဘာကြောင့်ပဲ လေ့ကျင့်ခန်းလုပ်လုပ်၊ ဘယ်လိုလေ့ကျင့်ခန်းကိုပဲလုပ်လုပ် လေ့ကျင့်ခန်းကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကိုတော့ ဘယ်သူမှပြောစရာမလိုအောင် များတယ်ဆိုတာလည်း သိပြီးကြပြီ။ အဲဒါတွေအားလုံးထဲကမှ လူသိနည်းနေကြတာက လေ့ကျင့်ခန်းလုပ်တာဟာ ခန္ဓာကိုယ်ကိုပဲ လှစေတာမဟုတ်ပဲ အသားအရေ၊ ဆံပင်တွေကိုလည်း လှစေတယ် ကျန်းမာစေတယ်ဆိုတာပါပဲ။ ၁။ အသားအရေကြည်လင်မယ်။ အသားအရေကို ထိန်းသိမ်းရတာကြိုက်တဲ့သူတွေကြားထဲမှာ အရမ်းပြောတဲ့အသုံးအနှုန်းတစ်ခုရှိပါတယ်။ Skin glow စကင်း ဂလိုး ဆိုပြီး မျက်နှာအသားအရေက ကြည်လင်လွန်းလို့ ပြောင်လက်နေတယ်ဆိုတဲ့အဓိပ္ပါယ်ပါ။ အေရိုးဗစ်လေ့ကျင့်ခန်း (aerobic exercise) တွေလုပ်တဲ့ချိန်မှာ အသားအရေ စီကို အောက်စီဂျင်တွေနဲ့ပြည့်နေတဲ့ သွေးတွေက အရှိန်အဟုန်နဲ့ ရောက်ရှိလာပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်းဆို အသားအရေဟာ စိုလက်ပြီး ပြောင်တင်းနေတာ […]


အခြားလေ့ကျင့်ခန်းများ

Gym ကစားရင် အောက်ပိုင်းထိုင်ဖို့ မပျင်းပါနဲ့

Gym ကစားတဲ့သူတော်တော်များများက အောက်ပိုင်းထိုင်ရမယ့်နေ့ဆို အရမ်းကြောက်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကစားပြီးတာနဲ့ ချွေးတွေ အပြိုင်းပြိုင်းကျပြီး လမ်းကောင်းကောင်းမလျှောက်နိုင်၊ တင်တွေ၊ ပေါင်ကြောတွေ အောင့်ပြီး နည်းနည်းလှုပ်လိုက်တာနဲ့ ကိုက်ခဲညောင်းညာလာတတ်ကြတာကိုး။ နောက်တစ်ချက်ကတော့ ရင်အုပ်၊ လက်မောင်းကြီးဖို့ကိုပဲ ရည်မှန်းပြီး ခန္ဓာကိုယ်အောက်ပိုင်းက ကြွက်သားတွေကို လေ့ကျင့်ဖို့မလိုအပ်ဘူးလို့ ထင်တတ်ကြတာပါ။ တကယ်တော့ ကျွန်တော်တို့ Gym ကစားပြီဆိုတာနဲ့ ကိုယ်ခန္ဓာတစ်ခုလုံးမှာရှိတဲ့ ကြွက်သားတွေ အကုန်လုံးကို လေ့ကျင့်ပေးရတာပါ။ အဲ့လိုမှမဟုတ်ဘဲ အောက်ပိုင်းပဲ ကွက်ရှောင်မယ်ဆိုရင်တော့ ကြာလာရင် ဒုက္ခရောက်နိုင်တယ်နော်။ ဘယ်လိုပဲဖြစ်ဖြစ် Gym ကစားပြီဆိုကတည်းက ကျန်းမာဖို့နဲ့ ကြည့်ကောင်းပြီး ကိုယ်ခန္ဓာအချိုးကျဖို့ လာဆော့ကြတာဆိုတော့ အောက်ပိုင်းထိုင်မယ့်ရက်တွေဆို မပျင်းပါနဲ့။ ဒီဆောင်းပါးကတော့ ယောက်ျားလေးတွေအတွက် အဓိကရည်စူးထားတာဆိုလည်း မမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ Gym သေချာကစားတဲ့ မိန်းကလေးတွေက နေ့ရက်တွေတိုင်းမှာ ပုံမှန်ကစားသလောက် ယောက်ျားလေးအများစုက ရင်ဘတ်နဲ့ […]


အခြားလေ့ကျင့်ခန်းများ

ခါးနာခြင်း ဝေဒနာကို ကုစားပေးမယ့် လေ့ကျင့်ခန်းတွေ

သွားရလာရ အဆင်မပြေဘူး။ ထိုင်ရ ထရလည်းခက်လိုက်တာ။ ဘာဖြစ်နေတာလဲဆိုတော့ ခါးနာနေတာလေ။ ခါးနာလွန်းလို့ ဘယ်လိုနေရမှန်း မသိဘူးဆိုတဲ့ သူတွေများရှိနေလား။ ဒါဆိုရင် ခါးနာခြင်း ဝေဒနာကို သက်သာစေဖို့ လေ့ကျင့်ခန်းလုပ်ကြည့်ရအောင်လား..... ခါးရဲ့ အရေးပါမှု နေ့ရက်တိုင်းမှာ စိတ်သွားတိုင်းကိုယ်ပါပြီး အကောင်းဆုံးလှုပ်ရှားနိုင်စေဖို့ အကောင်းဆုံးထောက်ကန်ပြီး ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းပေးထားတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ခါးကောင်းနေတုန်းမှာ လှုပ်ရှားမှုတွေလုပ်ရတာက လွယ်လင့်တကူပဲဆိုပေမယ့် ခါးနာနေရင် ထိုင်နေရင်တောင် အဆင်မပြေလှပါဘူး။ တွန်းတွန်းတိုက်တိုက် ကားတိုးစီးဖို့၊ ပြေးလွှားခုန်ပေါက်ဖို့ မပြောနဲ့ လှဲနေရာက ထဖို့တောင် အနိုင်နိုင်ရယ်နော်။ ခါးက ခန္ဓာကိုယ်ရဲ့ အလယ်ပိုင်းမှာရှိပြီး လှုပ်ရှားမှုတွေအတွက် အကောင်းဆုံးဟန်ချက်ထိန်းပေးနေတာပေါ့။ သင့်ကို ခါးနာစေတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ ခါးနာရတဲ့အချက်က တစ်ချက်မက ရှိနေနိုင်ပါတယ်။ အလေးအပင်တွေကို ရုတ်တရက် မလိုက်တာကြောင့် ခါးကြွက်သားနဲ့ အရွတ်တွေ ဝန်ပိတာကြောင့် ခါးနာတာ လေ့ကျင့်ခန်း အပြင်းအထန်လုပ်မိတာကြောင့် ခါးနာတာ […]


အခြားလေ့ကျင့်ခန်းများ

တစ်နေ့တာကို လမ်းလျှောက်ခြင်းဖြင့် စတင်ပါ

“စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” ဆိုတဲ့ သီချင်းစာသားလေးကို ကျွန်တော်တို့ ငယ်ငယ်က အမြဲလိုလို ကြားဖူးကြမယ်လို့ထင်ပါတယ်။ တကယ်တော့ လမ်းလျှောက် တယ်ဆိုတာ ကိုယ်ခန္ဓါရဲ့ အားအင်ကို အများကြီးမကုန်ခမ်းစေဘဲ စိတ်ရော ကိုယ်ပါ ကျန်းမာနုပျိုစေတဲ့ အားကစားနည်းလမ်းတစ်မျိုးပါပဲ။ Gym သွားပြီး အချိန်ကုန်မခံနိုင်တဲ့သူတွေဆိုရင်လည်း လမ်းလျှောက်ပေးခြင်းဖြင့် ခြေသလုံးကြွက်သားတွေကို သန်မာစေပြီး နှလုံးကျန်းမာစေကာ အမောခံသက်လုံကောင်းစေနိုင်ပါတယ်။ ဒီအချက်တွေအပြင် လမ်းလျှောက်ခြင်းကနေ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲဆိုတာကို ပြောပြပေးမယ်နော်။ တစ်နေ့တာကို လမ်းလျှောက်ခြင်းဖြင့် စတင်ပါ တစ်နေ့တာကို လမ်းလျှောက်ခြင်းဖြင့် စတင်ပါ ဘာကြောင့် ဒီလိုပြောရတာလဲ ၁။ တစ်နေ့တာအတွက် ခွန်အားကို မြှင့်တင်ပေးတယ်။ မနက်ကို စောစောထပြီး အလုပ်မသွားခင်ဖြစ်ဖြစ် လမ်းလျှောက်ကြည့်လိုက်ပါ။ တစ်နေ့တာလုံး စိတ်ကြည်လင်နေပြီး တက်တက်ကြွကြွနဲ့ ကိုယ့်ရဲ့လုပ်ငန်းတာဝန်တွေကို ထမ်းရွက်နိုင်တာကို တွေ့ရမှာပါ။ အများကြီးလျှောက်ဖို့ မလိုပါဘူး။ ကိုယ့်အိမ်နားမှာပဲ မိနစ် ၂၀ လောက် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း