အခြားလေ့ကျင့်ခန်းများ

ကျန်းမာကြံ့ခိုင်စေဖို့အတွက် နေ့စဉ် လုပ်ဆောင်နိုင်မယ့် လေ့ကျင့်ခန်းလေးတွေရှာနေတာလား။ ဒီကဏ္ဍလေးမှာ အသင့်တော်ဆုံး လေ့ကျင့်ခန်းကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားလေ့ကျင့်ခန်းများ

ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ်

ခေါင်းတစ်ခြမ်းကိုက်တာက အဖြစ်များတဲ့ ခေါင်းကိုက်ဝေဒနာ တစ်ရပ်ပါ။ ခေါင်းတစ်ခြမ်းကိုက်တာက တစ်ခါတလေမှာ တော်တော်လေး ပြင်းထန်ပြီး နေ့စဉ်လုပ်ငန်းတာဝန်တွေကို ထိခိုက်စေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ ခေါင်းကိုက်တာနဲ့အတူ မအီမသာဖြစ်တာ၊ အလင်းရောင်ကို မခံနိုင်တာ၊ ခေါင်းတစ်ခြမ်းပဲ ပြင်ပြင်းထန်ထိုးကိုက်တာမျိုး ခံစားရနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာ မကြာခဏဖြစ်မယ်။ ပြင်းထန်မယ်ဆိုရင်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့အတွက် သဘာဝ နည်းလမ်းလေးတွေ လုပ်ဆောင်တာ ယောဂလေ့ကျင့်တာမျိုးတွေ လုပ်ဆောင်ပေးလို့ရပါတယ်။ ဒီတစ်ခေါက်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ် တွေ အကြောင်း ပြောပြပေးချင်ပါတယ်။ [embed-health-tool-bmi] ယောဂက ခေါင်းတစ်ခြမ်း ကိုက်တာကို သက်သာစေနိုင်လား သုတေသီတွေရဲ့ လေ့လာမှုတွေအရတော့ ယောဂ လေ့ကျင့်တာက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကိုတင် သက်သာစေတာ မဟုတ်ဘဲ ယောဂလေ့ကျင့်တာ [embed-health-tool-bmr] စိတ်ဖိစီးမှုကို ပြေလျော့စေတယ် စိုးရိမ်စိတ် လျော့ပါးစေတယ် အခြား စိတ်ကျန်းမာရေးပြဿနာတွေကို ပြေလျော့စေတယ် မကြာခဏ ခေါင်းကိုက်တာကို သက်သာစေတယ် ခေါင်းကိုက်တာကို […]

အခြားလေ့ကျင့်ခန်းများ ကို ရှာဖွေမည်။

အခြားလေ့ကျင့်ခန်းများ

လမ်းမြန်မြန်လျှောက်ရင် ပိုအသက်ရှည်နိုင်တယ်ဆိုတာ သိပြီးပြီလား

အလေးတုံးမလိုဘဲ လူကိုကျန်းမာကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတွေထဲမှာ လမ်းလျှောက်တာလည်း ပါတယ်နော်။ ဟိုနားဒီနားသွားမလား၊ ရုံးသွား ကျောင်းသွားမလား၊ မိသားစုအတွက် ဈေးဝယ်ထွက်မလား၊ လူတိုင်းကတော့ လမ်းလျှောက်နေကြတာပါပဲ။ ပုံမှန်လမ်းလျှောက်တာမျိုးထက် ခြေလှမ်းခပ်သွက်သွက်နဲ့ လျှောက်တဲ့အခါ နှလုံးခုန်နှုန်း ပိုမြန်လာပြီး သွေးစီးဆင်းမှုကောင်းစေတယ်။ ကိုယ်တွင်းမှာရှိတဲ့ အဆီပိုတွေကို ကျစေတယ်။ ကယ်လိုရီေလာင်ကျွမ်းမှုပိုဖြစ်စေတယ်နော်။ လမ်းလျှောက်ရမှာ ပျင်းတဲ့သူတွေထဲမှာ သင်ကိုယ်တိုင်ရောပါနေလား။ ဒါဆိုရင် ဒီဆောင်းပါးကို သေချာဖတ်ကြည့်ဖို့ အကြံပေးလိုက်တယ်နော်။ လမ်းမြန်မြန်လျှောက်တဲ့အခါ ဘယ်လိုကောင်းကျိုးတွေရနိုင်လဲ။ ၁။ အဝလွန်ခြင်းကို ကာကွယ်ပေးနိုင်တယ်။ လူတွေရဲ့ အသက်စည်းစိမ်ကို ခြွေနေတဲ့ ရောဂါတွေထဲမှာ အဝလွန်တာလည်း တစ်ခုအပါအဝင်ပဲနော်။ ဝလို့လှလို့ဆိုတာမျိုးထက် ခန္ဓါကိုယ်တွင်း အဆီပိုတွေ အရမ်းများနေတဲ့အခါ သွေးတိုး၊ ဆီးချိုေရာဂါတွေ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါအချို့ ဖြစ်နိုင်ခြေ ပိုများလာတယ်နော်။ ပုံမှန်ထက်ပိုပြီး လမ်းမြန်မြန်လျှောက်တဲ့အခါ သွေးတွင်း ကယ်လိုရီတွေ အဆီပိုတွေကို ပိုမိုလောင်ကျွမ်းစေပြီး နှလုံးခုန်နှုန်းမြန်လာစေတယ်။ ဒီတော့ ကိုယ်အလေးချိန်ကိုလည်း […]


အခြားလေ့ကျင့်ခန်းများ

လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းကြောင့် ရနိုင်မယ့် အကျိုးကျေးဇူးတွေ ။

လေ့ကျင့်ခန်း ပုံမှန်လုပ်တာဟာ ကောင်းတဲ့ အလေ့အကျင့်တစ်ခုဆိုတာ လူတိုင်းသိကြမှာပါ ။အဆီတွေကျဖို့၊ ကိုယ်အလေးချိန်တက်ဖို့၊ ကြွက်သားတွေ တက်စေဖို့ အပြင် လေ့ကျင့်ခန်းမှာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အခြား အရာတွေ အများကြီးရှိပါသေးတယ်။ ပိန်ချင်တာတစ်ခုတည်းကြောင့် လေ့ကျင့်ခန်းလုပ်တာတော့မှန်ပါတယ်။ ဒါပေမယ့် ကိုယ်အလေးချိန်ကျတာက နောက်မှာ ခုပြောပြမယ့် အကျိုးကျေးဇူးတွေ အရင်ရမှာမို့ လေ့ကျင့်ခန်းမှာ ဘယ်လိုအကျိုးကျေးဇူးတွေ ရလဲဆိုတာ ကြည့်ရအောင် ။ ။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းကြောင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေ လေ့ကျင့်ခန်းက ကိုယ်ခန္ဓာကို အသုံးပြုပြီးလုပ်ရတာမှန်ပေမယ့် လေ့ကျင့်ခန်းလုပ်တာကြောင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေက စိတ်ရော ကိုယ်ပေါ်မှာပါ သက်ရောက်မှုရှိပါတယ်။ ( ၁ ) ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါတယ်။ လေ့ကျင့်ခန်းက ကိုယ်စားလိုက်တဲ့ ကယ်လိုရီ တွေ လောင်ကျွမ်းအောင် အားပေးတယ်၊ ပိုနေတဲ့ အဆီတွေကို ဖြိုခွဲပေးတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်း ပုံမှန်ုလုပ်နေတဲ့သူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာက […]


အခြားလေ့ကျင့်ခန်းများ

ကြီးနေတဲ့ ကိုယ့်ခြေသလုံးကို ဘယ်လိုပိန်အောင် လုပ်ရပါ့။ ။

လူလေးကို ကြည့်တော့ အပေါ်ပိုင်းကတော့ ပိန်သွယ်သွယ်လေး ခြေသလုံးကျ ကြီးပြီးတုတ်နေရင် ကြည့်မကောင်းဘူးဆိုတာ အားလုံးသိကြမှာပါ။ ဒီတော့ ခြေသလုံး သွယ်ချင်လို့ လေ့ကျင့်ခန်းတွေ သွားလုပ်ခါမှ ခြေသလုံးကြွက်သားတွေ တက်လာပြီး ပိုဆိုးသွားလို့ စိတ်ညစ်နေပြီလား။ ဒါလေးတွေ သိထားဖို့လိုတယ်နော်။ ။ ဘာ့ကြောင့် ကိုယ့်ခြေသလုံးကျမှ တုတ်ရတာလဲ ။ မျိုးရိုးကိုတည်းက ခြေသလုံးကြီးတာ အာဟာရ မျှတအောင် မစားတာ လေ့ကျင့်ခန်း မှန်မှန်မလုပ်တာတွေက ခြေသလုံးကြီးစေတဲ့ အကြောင်းအရင်းတွေ ပဲ ဖြစ်ပါတယ်။ ဒီတော့ကြီးနေတဲ့ကိုယ့်ခြေသလုံးလေး သေးသွားအောင် ဘယ်လိုနည်းလမ်းမှန်မှန်နဲ့ လုပ်ရပါ့ ။ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲပါ။ ဒေါက်ဖိနပ်စီးတာ၊ ဘက်မညီတဲ့ ဖိနပ်မြင့်တွေ စီးတာဟာ ခြေသလုံးကြွက်သားကို အားပိုပြုသလိုဖြစ်စေပြီး ခြေသလုံးကြွက်သားတွေ ကြီးလာစေပါတယ်။ ဒါ့ကြောင့် ဖိနပ်အပါးတွေကိုစီးပါ။ နောက်ပြီး မတ်တပ်အကြာကြီး ရပ်တဲ့အခါ နှလုံးဆီကို သွေးရောက်အောင် ခြေသလုံးကပိုညှစ်ပေးရတဲ့အတွက် […]


အခြားလေ့ကျင့်ခန်းများ

လုပ်သမျှလေ့ကျင့်ခန်းတွေ မထိရောက်တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ် ။ ။

ဝတဲ့သူတွေကလည်း ပိန်ချင်လို့၊ ပိန်တဲ့သူတွေကလည်း ကိတ်ချင်လို့ဆိုပြီး လေ့ကျင့်ခန်းတွေ ကြိုးကြိုးစားစားလုပ်ကြပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ အပင်ပန်းခံပြီး လေ့ကျင့်ခန်းလုပ်လုပ် ဝမြဲဝဆဲ၊ ပိန်မြဲပိန်ဆဲ ဖြစ်နေလို့ စိတ်ညစ်နေပြီလား။ လေ့ကျင့်ခန်းလုပ်ပါတယ်ဆိုမှ ဘယ်လိုပဲ ဖြစ်ဖြစ် တစ်ခုခုတော့ ထူးခြားရမှာပဲလေ။ ဒါပေမယ့် ဘာမှ မထူးခြားဘူးဆိုရင်တော့ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။ လုပ်သမျှလေ့ကျင့်ခန်းတွေ မထိရောက်တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ် ။ ။ လုပ်သမျှလေ့ကျင့်ခန်းတွေ မထိရောက်တာ ( ၁ ) လေ့ကျင့်ခန်းနဲ့ အစားအသောက်ကို သေချာ မချိန်ဆထားတဲ့အခါ Gym ကို မှန်မှန်သွားနေရုံနဲ့တင် ချက်ချင်း ဝိတ်ကျ၊ ဝိတ်တက်တာမျိုးတွေ ဖြစ်မှာ မဟုတ်ပါဘူး။ ကိုယ်ခန္ဓာတစ်ခု တည်ဆောက်တဲ့နေရာမှာ အမှန်ကန်ဆုံးနဲ့ အထိရောက်ဆုံး ဖြစ်ဖို့ လေ့ကျင့်ခန်းနဲ့အတူ အစားအသောက်ပိုင်းကလည်း အရေးကြီးပါသေးတယ်။ ဥပမာ gym မှာ ဆော့တာ ကယ်လ်လိုရီ […]


အခြားလေ့ကျင့်ခန်းများ

ခါးလှည့်ကွင်း ကနေရနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ ။ ။

ခါးလှည့်ကွင်းကို လူတိုင်းသိကြတယ်ဟုတ်။ ကွင်းကြီးကြီးဝိုင်းဝိုင်းလေးနဲ့ ခါးမှာလှည့်ရတဲ့ ဟာလေးလေ။ ဒီ ခါးလှည့်ကွင်းကို ငယ်ငယ်တုန်းက ကစားစရာအဖြစ် ကစားကြသလို ကြီးလာတော့လည်း သူက ကိုယ်အလေးချိန် လျှော့ချတဲ့နေရာမှာ အသုံးဝင်နေပြန်ပါတယ်။ ခါးလှည့်ကွင်းနဲ့ ခါးလှည့်တယ်ဆိုတာ လှည့်တတ်တဲ့သူတွေအတွက်သာ လွယ်ပေမယ့် မလှည့်တတ်တဲ့သူတွေ အဖို့ကတော့ အတော်ကြီး ရုန်းကန်ရမယ့် ကစားနည်းပါ။ စစချင်း ခါးလှည့်ကွင်းကို မလှည့်တတ်ပေမယ့် စိတ်ရှည်ရှည်နဲ့သာ ဆက်လှည့်သွားရင် နောက်ပိုင်း လှည့်တတ်သွားမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်။ ဒီတော့ လှည့်တတ်သွားရင် ကစားရတာ ပျော်စရာလည်းကောင်း ကျေနပ်စရာလည်းကောင်းတဲ့ ခါးလှည့်ကွင်းကနေ ဒီလိုကျန်းမာရေး အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်နော် ။ ။ ( ၁ ) ပြေးစက် ပေါ်မှာပြေးတာလောက်နီးပါး ကယ်လိုရီကို လောင်ကျွမ်းစေပါတယ်။ ခါးလှည့်ကွင်း မိနစ် ၃၀ လောက် ပြုတ်မကျဘဲ တော်လျှောက်လှည့်နိုင်ခဲ့ရင် ကယ်လိုရီ ၂၁၀ […]


အခြားလေ့ကျင့်ခန်းများ

လေ့ကျင့်ခန်းလုပ်သူတိုင်း မေးတတ်ကြတဲ့ မေးခွန်းလေးတွေ ။ ။

အရင်တုန်းက ရုံဆင်းအိမ်တန်းပြန်တဲ့သူတွေအစား ခု ရုံးဆင်းရင် gym လေးဝင်ဆော့လိုက်ရမှ၊ ငါဝလာပြီ gym သွားလိုက်ဦးမှ ဆိုတဲ့သူတွေက ပိုများလာပါတယ်။ ဒါပေမယ့် ဒီလို လေ့ကျင့်ခန်းလုပ်တဲ့ အလေ့အထခေတ်စားလာတာ အရမ်းကြီးမကြာသေးဘူးဆိုတော့ gym သွားတဲ့သူတိုင်းရဲ့ ခေါင်းထဲမှာ မေးစရာ မေးခွန်းတွေ အများကြီးရှိနေမယ်လို့ ထင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုပြီးတန်းလုပ်လိုက်ရုံပဲလား။ အရင်ဆုံး ဘာတွေ လုပ်သင့်သေးလဲ ။ ။ လေ့ကျင့်ခန်း ဆိုတာ သူ့အဆင့်အတိုင်းလုပ်မှ ကြွက်သားတွေကို ထိခိုက်တာနည်းပြီး ရေရှည်လုပ်နိုင်မှာဖြစ်ပါတယ်။ လုပ်ရမယ့် အဆင့်တွေကတော့ သွေးပူလေ့ကျင့်ခန်း အကြောလျှော့ လေ့ကျင့်ခန်းလုပ် နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်သွားအောင် ငြိမ်ငြိမ်လေးနေ အကြောပြန်ဆန့် စတဲ့ အဆင့် ၅ ဆင့်အတိုင်းသွားရပါမယ်။ လေ့ကျင့်ခန်းတန်းလုပ်၊ တန်းရပ်တာမျိုး မလုပ်သင့်ပါဘူး။ လေ့ကျင့်ခန်းလုပ်နေစဉ် ဘယ်လိုလက္ခဏာတွေရှိလာရင် စိုးရိမ်ရလဲ ။ လေ့ကျင့်ခန်းလုပ်ချိန် အလုပ်လုပ်ရဆုံးက နှလုံးဆိုတော့ […]


အခြားလေ့ကျင့်ခန်းများ

ပြားချပ်ချပ် တင်ပါးလေးကို ဘယ်လိုပုံပြန်သွင်းမလဲ

တင်ပါးဆိုတာ မိန်းကလေးတွေအတွက်ပဲ အရေးကြီးတယ်ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ ကျား၊ မ၊ အသက်အရွယ် တင်ပါးလေးလုံးပြီး ကြွက်သားနဲ့ တင်းတင်းရင်းရင်းနဲ့ ဖြစ်နေမှ အဲ့လူတစ်ယောက်က တော်တော်လေးကို ကြည့်ကောင်းမှာပါ။ တင်ပါးက ပြားချပ်ပြီး ပေါက်သွားတဲ့ ဘီးလို လေရှုံ့နေရင်တော့ အဆင်မပြေဘူးပေါ့။ ဒီလို တင်ပါးပြားချပ်တဲ့ ပြဿနာက ကျန်းမာရေးကြောင့်မဟုတ်ဘဲ ကိုယ့်ရဲ့ နေထိုင်မှုပုံစံ၊ အသက်အရွယ်နဲ့ အများကြီးသက်ဆိုင်မှုရှိပါတယ်။ ဒီနေ့ဆောင်းပါးမှာ တင်ပါးလှခြင်းရဲ့ ကောင်းကျိုးတွေနဲ့ လုံးဝန်းတဲ့ တင်သားတစ်စုံရစေဖို့ ဘာတွေလုပ်သင့်လဲဆိုတာ ပြောပြပေးသွားမှာဖြစ်ပါတယ်။ တင်ပါးလှခြင်းရဲ့ အားသာချက်တွေ ကျန်းမာသွက်လက်တဲ့ လူတစ်ယောက်ရဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေထဲမှာ လုံးဝန်းလှပတဲ့ တင်ပါးကောက်ကောက်လေးတွေလည်း ရှိနေဖို့လိုပါတယ်။ ကြွက်သားတွေနဲ့ အဆီပိုမရှိတဲ့ တင်ပါးက လူတစ်ယောက်ရဲ့ ကိုယ်နေဟန်ထားကို ဟန်ချက်ညီစေတယ်။ ခါးကို မတ်မတ်ရပ်ဖို့ အနောက်ကနေ ထောက်မပေးတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း ပိုပြီး အားစိုက်ထုတ်နိုင်ဖို့ ကြွက်သားအဖြစ် […]


အခြားလေ့ကျင့်ခန်းများ

သင့်အသည်း ကျန်းမာဖို့ လေ့ကျင့်ခန်းလုပ်ကြစို့။

ကျန်းမာတဲ့အသည်းတစ်ခု ပိုင်ဆိုင်ဖို့ဆိုတာ အလွန်ကိုပဲ အရေးကြီးပါတယ်။ အသည်းဆိုတာ သူ့ဘာသာသူဆို အကောင်းပါ။ လူတွေ ကြောင့်သာ အသည်းကျန်းမာရေး ယိုယွင်းလာရတာဖြစ်ပါတယ်။ အစားမှာဆို ဆီကြော်မုန့်တွေ၊ ဆိုးဆေးတွေ၊ မှိုတက်နေတဲ့ငရုတ်သီးတွေ၊ ဆေးတွေ ကနေ အသည်းကို ဒုက္ခပေးနိုင်ပြီး အသောက်ဆိုရင်တော့ အရက်က အသည်းကို ထိခိုက်စေတဲ့ နေရာမှာ ထိပ်ဆုံးပါ။ အသည်းကို ထိခိုက်စေနိုင်တဲ့အရာတွေကို လူတွေက သိရက်နဲ့ဖြစ်ဖြစ် မသိဘဲနဲ့ဖြစ်ဖြစ် လုပ်မိနေတတ်ကြပါတယ်။ ဒီလိုမျိုး အသည်းကို ထိခိုက်စေနိုင်တဲ့ အရာတွေကို လုပ်မိနေပြီဆိုရင်တော့ သင့်အသည်း ကျန်းမာဖို့ ပြန်ပြီးလုပ်ပေးသင့်တာတွေရှိပါတယ်။ အရက်လျှော့သောက်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တာတွေစားတာ၊ အသည်းအားဆေးတွေ သောက်တာ၊ မျိုးတွေ လုပ်ပေးနိုင်တဲ့အပြင် ကိုယ်ခန္ဓါ ကျန်းမာစေဖို့အတွက်လုပ်တဲ့ လေ့ကျင့်ခန်းတွေကလည်း အသည်း အပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် အသည်းအတွက် လုပ်သင့်တဲ့ […]


အခြားလေ့ကျင့်ခန်းများ

မနက်ခင်းမှာ အမျိုးသားတိုင်း မှန်မှန်လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းတွေ

လေ့ကျင့်ခန်းကို လူတော်တော်များများက လုပ်ရမှာ ပျင်းကြပါတယ်။ အချိန်မရှိတာထက် လုပ်ချင်စိတ်မရှိတာက ပိုများနေတတ်ကြတာကိုး။ တကယ်တော့ လေ့ကျင့်ခန်းဆိုတာ ကိုယ်ခန္ဓာကြံ့ခိုင်ရေးနဲ့ အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ ကောင်းကျိုးများစွာ ရှိစေနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေလို တစ်နေ့လုံး အလုပ်ခွင်မှာ ပင်ပင်ပန်းပန်း လုပ်ရတာ၊ စိတ်ဖိစီးမှုပြဿနာတွေ အမြဲကြုံနေရတဲ့သူတွေအတွက် ကိုယ်ခန္ဓာက လန်းဆန်းပေါ့ပါးပြီး စိတ်အာရုံတက်ကြွနေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒီနေ့ဆောင်းပါးလေးမှာတော့ အမျိုးသားတိုင်း မနက်နိုးလာပြီဆိုတာနဲ့ မဖြစ်မနေ လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းတွေအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ၁။ ဒိုက်ထိုးပါ။ ကျန်းမာတက်ကြွပြီး ယောက်ျားပီသတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်တဲ့ အမျိုးသားတိုင်း မဖြစ်မနေလုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။ ဒိုက်ထိုးတဲ့အခါ ခန္ဓာကိုယ်အပေါ်ပိုင်း၊ ရင်အုပ်၊ လက်မောင်း၊ ပုခုံးတွေကို အားသုံးပြီး လုပ်ရတာဖြစ်တယ်။ တခြားဘာပစ္စည်းကိရိယာမှ မလိုဘဲ လုပ်ချင်စိတ်ရှိရုံနဲ့ လုပ်လို့ရတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒိုက်ထိုးခြင်းဖြင့် […]


အခြားလေ့ကျင့်ခန်းများ

Gym ကစားခြင်းနှင့် မှန်ကန်သော စားသောက်နေထိုင်မှုပုံစံ

Gym ကစားတာကို လူတော်တော်များများက ပိုက်ဆံပေးပြီး ကူလီထမ်းတယ်လို့ မြင်တတ်ကြပေမယ့် တကယ်တမ်းတော့ အလှအပအတွက်ရော၊ ကျန်းမာရေးအတွက်ပါ မဖြစ်မနေ လုပ်ပေးသင့်တဲ့ အလေ့အကျင့်ကောင်း တစ်ခုပဲဖြစ်ပါတယ်။ အိမ်မှာ ကိုယ်တိုင်လေ့ကျင့်ရင်လည်း ရပေမယ့် လူအများစုက ကိုယ်တိုင်လုပ်ရမှာ ပျင်းတာရယ်၊ အလုပ်၊ ကျောင်းကနေ အိမ်ပြန်ရောက်ပြီဆိုရင် ပင်ပန်းလို့ဆိုပြီး အိပ်ရာတန်းဝင်လိုက်တာတွေ၊ နည်းစနစ်မှန်ကန်စွာ လေ့ကျင့်ခန်း မလုပ်တဲ့အခါ ပင်ပန်းပြီး ဘာမှအကျိုးထူး မရှိတော့ဘူးပေါ့။ Gym မှာတော့ နားလည်တတ်ကျွမ်းတဲ့ နည်းပြဆရာတွေကိုယ်တိုင် စနစ်တကျ နည်းမှန်လမ်းမှန်နဲ့ လေ့ကျင့်ပေးတယ်။ စားသောက်မှုပုံစံ၊ နေထိုင်မှုပုံစံတွေကို ပြုပြင်ပြောင်းလဲပေးနိုင်တယ်။ ကိုယ်ခန္ဓာအလှအပအတွက်သာမက စိတ်ကိုပါ လန်းဆန်းပေါ့ပါးစေတယ်။ အချိန်တိုအတွင်းမှာ သိသိသာသာ ပြောင်းလဲသွားတဲ့ ကောင်းမွန်တဲ့ ရလဒ်ကို တွေ့မြင်ရစေပါတယ်။ ဒါကြောင့် ကျား၊ မ အသက်အရွယ်မရွေး လေ့ကျင့်ခန်းကို နေ့စဉ် ဂရုစိုက်ပြီး လုပ်ဖို့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း