အခြားလေ့ကျင့်ခန်းများ

ကျန်းမာကြံ့ခိုင်စေဖို့အတွက် နေ့စဉ် လုပ်ဆောင်နိုင်မယ့် လေ့ကျင့်ခန်းလေးတွေရှာနေတာလား။ ဒီကဏ္ဍလေးမှာ အသင့်တော်ဆုံး လေ့ကျင့်ခန်းကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားလေ့ကျင့်ခန်းများ

ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ်

ခေါင်းတစ်ခြမ်းကိုက်တာက အဖြစ်များတဲ့ ခေါင်းကိုက်ဝေဒနာ တစ်ရပ်ပါ။ ခေါင်းတစ်ခြမ်းကိုက်တာက တစ်ခါတလေမှာ တော်တော်လေး ပြင်းထန်ပြီး နေ့စဉ်လုပ်ငန်းတာဝန်တွေကို ထိခိုက်စေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ ခေါင်းကိုက်တာနဲ့အတူ မအီမသာဖြစ်တာ၊ အလင်းရောင်ကို မခံနိုင်တာ၊ ခေါင်းတစ်ခြမ်းပဲ ပြင်ပြင်းထန်ထိုးကိုက်တာမျိုး ခံစားရနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာ မကြာခဏဖြစ်မယ်။ ပြင်းထန်မယ်ဆိုရင်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့အတွက် သဘာဝ နည်းလမ်းလေးတွေ လုပ်ဆောင်တာ ယောဂလေ့ကျင့်တာမျိုးတွေ လုပ်ဆောင်ပေးလို့ရပါတယ်။ ဒီတစ်ခေါက်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ် တွေ အကြောင်း ပြောပြပေးချင်ပါတယ်။ [embed-health-tool-bmi] ယောဂက ခေါင်းတစ်ခြမ်း ကိုက်တာကို သက်သာစေနိုင်လား သုတေသီတွေရဲ့ လေ့လာမှုတွေအရတော့ ယောဂ လေ့ကျင့်တာက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကိုတင် သက်သာစေတာ မဟုတ်ဘဲ ယောဂလေ့ကျင့်တာ [embed-health-tool-bmr] စိတ်ဖိစီးမှုကို ပြေလျော့စေတယ် စိုးရိမ်စိတ် လျော့ပါးစေတယ် အခြား စိတ်ကျန်းမာရေးပြဿနာတွေကို ပြေလျော့စေတယ် မကြာခဏ ခေါင်းကိုက်တာကို သက်သာစေတယ် ခေါင်းကိုက်တာကို […]

အခြားလေ့ကျင့်ခန်းများ ကို ရှာဖွေမည်။

အခြားလေ့ကျင့်ခန်းများ

ဘယ်လိုပြေးမှာလဲ၊ ဘာလို့ ပြေးမှာလဲ

လူတစ်ယောက် လေ့ကျင့်ခန်းလုပ်တော့မယ်ဟေ့လို့ ပထမဆုံး စပြီး တွေးကြပြီဆိုရင် ထိပ်ဆုံးကနေ စဉ်းစားတာက “မနက်စောစောထပြေးမယ်” ဆိုတာပါပဲ။ ပြေးတယ်ဆိုတာက ပြုလုပ်ရလွယ်ကူပြီး အဆင်အပြေဆုံး လေ့ကျင့်ခန်းတစ်မျိုးလို့ လူတိုင်း သိနားလည်ထားကြပါတယ်။ Work-out တွေ ဘာတွေလုပ်မယ်ဆိုရင် အနည်းဆုံး Gym မှာ သွားသင်ရမယ်၊ ဒါမှမဟုတ်လည်း Youtube တွေဘာတွေ ကြည့်ပြီး လေ့လာရဦးမယ်မဟုတ်လား။ နောက်ပြီး ပြေးတာက ကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက်ဆိုရင် သိသိသာသာ ထိရောက်မှုလည်းရှိတယ်။ သာမန်လူတွေအတွက်ဆိုရင်လည်း ကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်လေ။ ပုံမှန်အပြေးလေ့ကျင့်ခန်းလုပ်သူတွေဟာ ကောင်းကောင်း အိပ်ပျော်မယ်၊ ကိုယ်အလေးချိန်ကျမယ်၊ စိတ်ခံစားချက် ကောင်းမွန်မယ်၊ စိတ်ကျန်းမာရေးကို အခြေအနေ ကောင်းမွန်မယ်၊ နှလုံးလည်း ကျန်းမာမယ်၊ အသက်ရှည်စေမယ်။ ဒါကြောင့်မို့လည်း အကောင်းဆုံး လေ့ကျင့်ခန်း နည်းစနစ်လို့ တင်စားခံရတာပေါ့။ ဘယ်လိုပြေးမှာလဲ ဟုတ်ပြီ။ ပြေးမယ်လို့တော့ စဉ်းစားနေပြီ။ ဘယ်လိုပြေးမှာတဲ့တုန်း။ မနက်မိုးလင်းတာနဲ့ ကမန်းကတမ်းထပြီး လမ်းပေါ် ထွက်ပြေးမှာလား။ […]


အခြားလေ့ကျင့်ခန်းများ

မနက်စောစောမှာ အစာမရှိဘဲ လေ့ကျင့်ခန်း လုပ်သင့်လား

ဒီဆောင်းပါးလေးကတော့ မနက်စောစော အိပ်ရာက နိုးတာနဲ့ ပြေးတာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ စတဲ့ လေ့ကျင့်ခန်း တွေ လုပ်လေ့ရှိတဲ့သူတွေ အတွက်ပါ။ အဲဒီလို မနက်စောစောလေ့ကျင့်ခန်းလုပ်ကြတဲ့ သူတွေထဲမှာ တချို့က အစာမစားဘဲ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အဆီတွေပိုကျတယ်ဆိုပြီး အစာမရှိဘဲ empty stomach နဲ့ လေ့ကျင့်ခန်းတွေလုပ်ကြပါတယ်။ hello ဆရာဝန်ပရိသတ်ကြီးထဲမှာ ရောအဲဒီလို လုပ်တဲ့သူတွေ ရှိမယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ အစာမရှိဘဲ လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် စားထားတဲ့ အစားအစာတွေ energy intake တွေ မရှိတဲ့အတွက် လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ လိုအပ်တဲ့ energy တွေအတွက် ခန္ဓာကိုယ်မှာရှိနေတဲ့ အဆီတွေကို များများဖြိုခွင်းပြီး အသုံးပြုရတာကြောင့် အဆီများများကျတဲ့အပြင် အစာစားထားတဲ့အခါ ဖြစ်နိုင်တဲ့ အန်ချင်စိတ်ဖြစ်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်ရစ်ခြင်း စတဲ့ ပြဿနာတွေ လျော့နည်းနိုင်တာကြောင့် […]


အခြားလေ့ကျင့်ခန်းများ

လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် လူ့ဘဝသက်တမ်းကို မြှင့်တင်ကြမယ်

လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ် အလှအပအတွက်သာမက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ကလေးဘဝက စလို့ လူကြီးဖြစ်လာတဲ့အထိ လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် အရွယ်တင်နုပျို ကျန်းမာစေသလို ရုတ်တရက်သေဆုံးနိုင်ခြေကိုလည်း ၃၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပုံ အားကစား လုပ်ခြင်းဖြင့် အဆုတ်၊ နှလုံးကို အားကောင်းလာစေတယ်။ အသက်ကို ဝဝလင်လင် ရှူရှိုက်ရတဲ့အပြင် သွေးလည်ပတ်မှုနှုန်း မြန်ဆန်လာခြင်းကြောင့် နှလုံးကို ကျန်းမာစေတယ်။ အဆီနဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေလို့ အဝလွန်ခြင်းကို ကာကွယ်ပေးပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခု ဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်း လုပ်ခြင်းဟာ လူတစ်ယောက်ရဲ့ အစာစားချင်စိတ်ကို မြှင့်တင်ပေးသလို ကျန်းမာစွာ စားသောက်နေထိုင်ခြင်းကို လိုက်နာစေဖို့ အားပေးအားမြှောက်ပြုပေးတယ်။ အလုပ်ခွင်မှာ ပင်ပန်းညောင်းကိုက်နေသမျှ ဒဏ်တွေကို အားကစားလုပ်ခြင်းဖြင့် သက်သာလန်းဆန်းသွားစေသလို ညဘက်မှာ […]


အခြားလေ့ကျင့်ခန်းများ

ဖဲမွေ့ရာပေါ်က အချစ်စွမ်းဆောင်ရည် ကို မြှင့်တင်ပေးမယ့် လေ့ကျင့်ခန်းများ

လိင်မှုကိစ္စဆိုတာ မျိုးဆက်ပွားကျန်းမာရေးဆိုတာထက် ပိုတဲ့ သဘာဝ ဖြစ်ရပ်တစ်ခုပါ။ ကျေနပ်စရာ စွမ်းဆောင်ရည်နဲ့ ပြီးမြောက်မှုကို ရယူနိုင်တယ်ဆိုရင် လူရောစိတ်ပါ ကျန်းမာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် အချစ်စွမ်းဆောင်ရည် လို့ တင်စားခေါ်ကြတာပါ။ ဒါပေမယ့် လူတိုင်းကတော့ အိပ်ရာပေါ်မှာ စွမ်းဆောင်ရည်ကောင်းမွန်နေတတ်တာမျိုးမဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် အိပ်ယာပေါ်မှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့ အခက်တွေ့ရတတ်ကြပါတယ်။ စိတ်ကျေနပ်စရာ စွမ်းဆောင်ရည်ကို မပြသနိုင်ရင် ကိုယ့်ကိုယ်ကိုယ် မလုံမလဲတဲ့ စိတ်ခံစားချက်မျိုး ပေါ်လာတတ်ပြီးတော့ ဒီစိတ်က ပြင်ပလူနေမှုဘဝအထိ သက်ရောက်လေ့ရှိပါတယ်။ ဒီလိုစိတ်ခံစားချက်မျိုးမဖြစ်စေဖို့ဆိုရင် ကိုယ့်ရဲ့ ကျန်းမာကြံ့ခိုင်အမှုအပိုင်းကို သေချာကြိုတင်ပြင်ဆင်ထားဖို့တော့ လိုအပ်တာပေါ့။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အိပ်ရာပေါ်မှာ စွမ်းဆောင်ရည် မြင့်မားစေဖို့ အထူးကို အထောက်အကူ ဖြစ်စေပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းမျိုးကို လုပ်ရင် လိင်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မယ်ဆိုတာကို သိနားလည်ထားဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ အိပ်ရာပေါ်မှာ အချစ်စွမ်းဆောင်ရည် ကောင်းပြဖို့ ဆိုရင် လိင်မှုကိစ္စဟာ စိတ်စွမ်းရည်ကို တိုးတက်ကောင်းမွန် စေရုံသာမက […]


အခြားလေ့ကျင့်ခန်းများ

တစ်နေ့ ၁ နာရီလောက် အချိန်ပေးပြီး စက်ဘီးစီး ကြည့်ပါလား

မြန်မာလူမျိုးအတော်များများဟာ စက်ဘီးနဲ့ မကင်းကြပါဘူး။ ငယ်စဉ်က စီးဖူးတာရှိသလို ခုချိန်အထိ စက်ဘီးကို နေ့စဉ်လူနေမှုဘဝမှာ အသုံးချနေကြဆဲလူတွေလည်း ရှိကြမှာပါ။ ခေတ်မီသယ်ယူပို့ဆောင်ရေး ပစ္စည်းတွေ ပေါ်ပေါက်လာချိန်မှာ စက်ဘီးစီး တဲ့ အလေ့အထဟာ တဖြည်းဖြည်း နောက်ဆုတ်သွားခဲ့ပါတယ်။ ခုချိန်ထိ စက်ဘီးကို နှစ်နှစ်ခြိုက်ခြိုက်စီးနင်းနေကြဆဲလူတစ်ချို့တော့ ရှိနေဆဲပါ။ ကိုဗစ်ရောဂါကပ်ဘေးကြောင့် Social Distancing တွေ Stay Home တွေ လုပ်လာကြရတဲ့အခါ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်တွေကို အသုံးပြုမှုလျော့ကျလာပါတယ်။ ကိုယ်ပိုင် မော်တော်ယာဉ်ဆိုတာကလည်း လူတိုင်းပိုင်ဆိုင်ကြတာမျိုးမဟုတ်သလို ပိုင်ဆိုင်ခဲ့ရင်တောင်မှ ကုန်ကျစရိတ်ကများလှတယ်မဟုတ်လား။ နိုင်ငံတကာမှာဆိုရင်တော့ စက်ဘီးစီးတဲ့ အလေ့အထ ပြန်လည်ခေတ်စားလာနေပြီး တိုင်းပြည်အသီးသီးရဲ့ အစိုးရတွေက စက်ဘီးစီးဖို့ သီးသန့်လမ်းတွေ ဖောက်ပေးဖို့တောင် ကြိုးပမ်းနေကြပါပြီ။ ဗြိတိန်မှာဆို လန်ဒန်တစ်မြို့တည်းမှာတင် စက်ဘီးသီးသန့်လမ်းဖောက်ဖို့ ပေါင် ၁ ဘီလီယံ သုံးစွဲတော့မှာပါ။ သူတို့ ဘာကြောင့် စက်ဘီးစီးဖို့ […]


အခြားလေ့ကျင့်ခန်းများ

အရပ်ရှည်ဖို့ လေ့ကျင့်ခန်းလုပ်စို့။

အရပ်ရှည်ဖို့ လေ့ကျင့်ခန်းလုပ်စို့ အရပ်လေး မြင့်တာက လူကို ဆွဲဆောင်မှု တိုးစေမယ့် အရာတစ်ခုပါ။ အရပ်ရှည်တာက မျိုးရိုးနဲ့ ဆိုင်သလို နေ့စဉ်စားသောက်တဲ့ အာဟာရတွေ၊ လုပ်ဆောင်နေတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေနဲ့လည်း ဆိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာက အရပ်ရှည်စေနိုင်သလား............. လေ့ကျင့်ခန်းက ကိုယ်အလေးချိန်ပေါ်မှာပဲ သက်ရောက်မှု ရှိတယ်၊လို့ လူတော်တော်များများက သိထားကြတာပါ။ ဒါပေမယ့် လေ့ကျင့်ခန်းက အရပ်အပေါ်မှာလည်း သက်ရောက်မှုရှိနေပါတယ်။ လူတော်တော်များများ လက်ခံထားတာက အရပ်အမြင့်ဆိုတာ မျိုးရိုးနဲ့ သက်ဆိုင်တယ်ဆိုတဲ့ အချက်ပါ။ တကယ်တော့ လူတစ်ယောက်ရဲ့ အရပ်အမြင့်ပေါ်မှာ မျိုးရိုးက လွှမ်းမိုးမှု အများဆုံးဆိုပေမယ့် အရပ်မြင့်စေဖို့ နေ့စဉ် လှုပ်ရှားသွားလာနေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံတွေကလည်း သက်ရောက်မှု ရှိနေပါတယ်။ များသောအားဖြင့်ကတော့ ကြီးထွားမှုက အပျိုဖော်ဝင်ချိန်၊ လူပျိုဖော်ဝင်ချိန်မှာ ရပ်တန့်သွားတာမျိုးရှိတတ်ပါတယ်။ ဒါပေမယ့် ကြီးထွားမှုဖြစ်စဉ်က အသက် ၂၂ နှစ် ကနေ ၂၅ နှစ် […]


အခြားလေ့ကျင့်ခန်းများ

မေးနှစ်ထပ် ပျောက်စေမယ့် မျက်နှာလေ့ကျင့်ခန်း (၇) မျိုး

မျက်နှာလေး ဘယ်လောက်လှလှ မေးနှစ်ထပ် ဖြစ်လာရင် ချစ်ဖို့ကောင်းပေမယ့် အလှအပအတွက်တော့ ကြည့်မကောင်းဘူးနော်။ တချို့ဆို လူလည်းသိပ်မဝပါဘဲ မေးအောက်မှာ အဆီလေးနဲ့လေ။ ဘာလုပ်ရမှန်းမသိ ဖြစ်နေရင်တော့ ဒီလေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်ပါ။ မေးနှစ်ထပ် ပျောက်စေမယ့် မျက်နှာလေ့ကျင့်ခန်း (၇) မျိုး သိပ်လွယ်ပါတယ်နော်။ မျက်နှာလေ့ကျင့်ခန်းပဲ ဆိုတော့ ကိုယ့်ဘာသာ အလုပ်လုပ်ရင်း၊ ဖုန်းသုံးနေရင်း၊ ဂိမ်းဆော့နေရင်း ၊ စာဖတ်နေရင်း လုပ်လို့ရတာပဲလေ။ (၁) အာခေါင် လျှာထောက် လေ့ကျင့်ခန်း ဦးခေါင်း နည်းနည်းမော့ပြီး အပေါ်အာခေါင်ကို လျှာနဲ့တွန်းထောက်ပေးပါ။ တစ်ခါလုပ်ရင် ငါးကြိမ်နဲ့ သုံးကျော့ လုပ်ပေးပါ။ လုပ်ကြည့်လိုက်ရင် မေးစေ့အစိတ်အပိုင်းကိုပါ လှုပ်ရှားစေတာ သတိထားမိမှာပါ။ (၂) X နဲ့ O လေ့ကျင့်ခန်း အလွယ်ဆုံးပါပဲ။ မေးစေ့ကြွက်သား၊ ပါး နဲ့ လည်ပင်းကို လှုပ်ရှားစေတဲ့အထိ X နဲ့ O ကို […]


အခြားလေ့ကျင့်ခန်းများ

မေးစေ့ အောက်က အဆီ ဘယ်လို ကျအောင် လုပ်ရမလဲ

မေးစေ့ အောက်မှာ အဆီတက်နေတာ မှန်ကြည့်တိုင်း သတိထားမိလာတယ်။ ဒါကို မေး နှစ်ထပ် လို့ ခေါ်ကြတယ်လေ။ ဝလာတဲ့ လက္ခဏာ တစ်ခု ဖြစ်သလို တချို့တွေ လူမဝလည်း မေးစေ့ အောက်က အဆီ ရှိနေလို့ အဆင်မပြေ ဖြစ်တတ်ပါတယ်။ မျက်နှာလေး သွယ်လျ လှပနေဖို့ V shape ဆေးတွေ၊ နည်းလမ်းတွေတောင် သုံးကြတဲ့ ခေတ်မှာ မေးနှစ်ထပ် ဖြစ်နေလို့ ဘယ်ဖြစ်ပါ့မလဲလို့။ အဲဒါကြောင့် ဒါလေးတွေ လုပ်ကြည့်နော်။ မေးစေ့ အောက်က အဆီ ကျစေဖို့ လွယ်ကူတဲ့ နည်းလမ်းများ ပီကေ ပီကေ ဝါးရင် ပါးတွေ၊ မေးစေ့ တစ်ဝိုက် အစိတ်အပိုင်း အကုန်လုံး လှုပ်ရှားရတာမို့ လေ့ကျင့်ခန်း လုပ်သလို ဖြစ်စေနိုင်ပါတယ်။ ပီကေ ဝါးနေတဲ့ အချိန်ဆို မေးစေ့ […]


အခြားလေ့ကျင့်ခန်းများ

အစာမရှိဘဲ ပြေးသင့်သလား

ပြေးခြင်းဟာ သွေးလေလှုပ်ရှားမှု မှန်ကန်ဖို့အတွက် အကောင်းဆုံးလေ့ကျင့်ခန်းတစ်မျိုး ဖြစ်ပါတယ်။ ကုန်ကျစရိတ်သိပ်မရှိဘဲ အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ပြီး မိမိရဲ့ နေ့စဉ် နေထိုင်မှုပုံစံအပေါ် အကျိုးကျေးဇူးပြုပါတယ်။ အပြေးလေ့ကျင့်ရာမှာ တချို့က အစာမရှိဘဲ ပြေးလေ့ရှိပါတယ်။ သူတို့ဟာ ညဖက်အိပ်ချိန်အပါအဝင် အစာမစားဘဲ ၆-၈ နာရီကြာပြီးမှ မနက်ပိုင်းမှာ ပြေးလေ့ရှိပါတယ်။ အစာမစားထားတဲ့အခါ ဂလိုင်ကိုဂျင်ပမာဏဟာ လျော့နည်းနေပါတယ်။ ဂလိုက်ကိုဂျင်ဆိုတာ ကာဘိုဟိုက်ဒရိတ်ကို ကိုယ်ခန္ဓာထဲမှာ သိုလှောင်ထားတဲ့ပုံစံ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာကနေ စွမ်းအင်အဖြစ် ပြန်လည်ထုတ်ယူ သုံးစွဲပါတယ်။ တကယ်တော့ အစာမရှိဘဲ ပြေးခြင်းဟာ ကျန်းမာရေးအတွက် သိပ်မကောင်းပါဘူး။ ယခု ဆက်လက်ဖော်ပြမှကြတော့ အစာမရှိဘဲ ပြေးတဲ့အခါ ကြုံတွေ့နိုင်တဲ့ ကောင်းကျိုးဆိုးကျိုးတွေ ဖြစ်ပါတယ်။ အစာမရှိဘဲပြေးခြင်း၏ အကျိုးကျေးဇူးများ အဆီလောင်ကျွမ်းမှုကို များစေခြင်း အစာမရှိဘဲပြေးတဲ့အခါ ကိုယ်ခန္ဓာကနေ အဆီကို စွမ်းအင်အနေနဲ့ ထုတ်သုံးပါတယ်။ ကာဘိုဟိုက်ဒရိတ်နည်းနေချိန်မို့ အဆီကို ထုတ်သုံးခြင်း ဖြစ်ပါတယ်။ […]


အခြားလေ့ကျင့်ခန်းများ

ဆိုင်ကယ်မောင်းခြင်းက ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတာ သင်သိပါသလား

မော်တော်ဆိုင်ကယ်တွေဟာ လမ်းပန်းဆက်သွယ်ရေးအတွက် အလွန်အသုံးဝင်ပါတယ်။ အထူးသဖြင့် နယ်မြို့တွေမှာ နေထိုင်သူတွေဟာ‌ ‌စျေးဝယ်သွားတာဖြစ်စေ၊ အလုပ်သွားတာဖြစ်စေ၊ ဆိုင်ကယ်နဲ့သာ အသွားအလာလုပ်တတ်ကြပါတယ်။ နောက်ဆုံးပေါ် မော်တော်ဆိုင်ကယ်တွေကို အပျော်မောင်းနှင်ကာ သဘာဝရှုခင်းကို ခံစားတတ်တဲ့ခရီးသွားတွေလည်း ရှိပါသေးတယ်။ လမ်းပန်း ဆက်သွယ်ရေးတင်မကပါဘူး၊ မော်တော်ဆိုင်ကယ်မောင်းနှင်ခြင်းဟာ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရနိုင်ပါသေးတယ်။ စိတ်ကျန်းမာရေးတင်မကဘဲ ရုပ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေနိုင်ပါတယ်။ “Gym သွားဖို့ အချိန်မရှိရင် ဆိုင်ကယ်မောင်းပါ” လို့တောင် တင်စားတတ်ကြပါသေးတယ်။ (၁)     ဦးနှောက်စွမ်းရည်ကို တိုးတက်စေပါတယ် ဂီယာနဲ့ ကလက်ပါတဲ့ ဆိုင်ကယ်တွေကို မောင်းနှင်ဖို့ဆိုရင် ဦးနှောက်ရဲ့စဉ်းစားဉာဏ် လိုအပ်ပါတယ်။ ဂီယာ (Gear)၊ ကလက် (Clutch) နဲ့ ဘရိတ် (Brake)တို့ကို လိုအပ်သလို ထိန်းညှိကာ မောင်းနှင်နိုင်ဖို့ပါ။ ဆိုင်ကယ်ပေါ်မှာ ဟန်ချက်ညီညီ ထိုင်ပြီး လိုအပ်တဲ့အစိတ်အပိုင်းတွေကို လိုအပ်သလို ထိန်းညှိမောင်းနှင်ဖို့ရန်အတွက် အာရုံစူးစိုက်မှုကောင်းစွာ လိုအပ်ပါတယ်။ ဒါကြောင့် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း