မျက်စိကျန်းမာရေး

မျက်လုံးက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အဖွံ့ဖြိုးဆုံး အာရုံခံနိုင်တဲ့ အင်္ဂါတစ်ရပ်ပါ။ အမြင်အာရုံကောင်းနေမှသာ နေ့စဉ်အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မှာဖြစ်လို့ မျက်လုံးကျန်းမာရေးက အင်မတန်အရေးကြီးပါတယ်။ ဒီစာမျက်နှာမှာ အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေအကြောင်းနဲ့ ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မျက်စိကျန်းမာရေး

နေပူဒဏ်ကြောင့် မျက်လုံးလေး မထိခိုက်စေဖို့

နေပူရင် ထိခိုက်တာက အသားအရေလို့ပဲ အများက ယူဆထားကြပါတယ်။ တကယ်ကတော့ နေပူဒဏ်ကြောင့် ထိခိုက်တဲ့ထဲမှာ အသားအရေ၊ ဆံသား နဲ့ မျက်လုံးတွေပါ ထိခိုက်တာပါ။ နွေရဲ့ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကို ထိခိုက်စေတာကို သိထားကြပေမယ့် မျက်လုံးတွေကို ထိခိုက်တာကိုတော့ သတိထားမိသူ ရှားပါတယ်။ မျက်လုံးတွေကို ခရမ်းလွန်ရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာက မျက်လုံးတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ အပူဒဏ်ကြောင့် မျက်လုံးတွေ မထိခိုက်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ နွေအပူဒဏ်ကြောင့် မျက်လုံးမှာ ဘယ်လို ပြဿနာတွေ ခံစားရနိုင်လဲ နေရောင်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်ကြည်လွှာ နေလောင်တာ မျက်လုံးခြောက်တာ မျက်လုံးပြာတာ မျက်လုံးတွေ ယားတာ မျက်လုံး ကျိန်းစပ်တာ မျက်လုံး အောင့်တာ အမြင်အာရုံတွေ ဝေဝါးတာလိုမျိုး မျက်စိပြဿနာတွေ ခံစားရနိုင်ပါတယ်။ နေပူဒဏ်ကြောင့် […]

မျက်စိကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

မျက်စိကျန်းမာရေး ကို ရှာဖွေမည်။

မျက်စိရောဂါများ

iritis (မျက်နက်ဝန်းယောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်iritis (မျက်နက်ဝန်းယောင်ခြင်း) ကဘာလဲ။ မျက်နက်ဝန်းသည် ဝိုင်းပြီး အရောင်ရှိသော မျက်လုံးအတွင်းယောင်ခြင်းဖြစ်ပြီး အလည်ရှိအဖွင့်သည် သူငယ်အိမ်ဖြစ်သည်။ မျက်နက်ဝန်းသည် ကြွက်သားအမျှင် များဖြင့်ပြုလုပ်ထားသည်။ ထိုအမျှင်များက သူငယ်အိမ်အတွင်း အလင်းဝင်ခြင်းကိုထိန်းထားပေးပြိး အမြင်ရှင်းလင်းစေသည်။ မျက်နက်ဝန်းရှိ သူငယ်အိမ်သည် လင်းသောအချိန်တွင် ကျုံပေးပြီး မှောင်သောအချိန်တွင် ချဲ့သွားသည်။ အချို့သူများတွင် မျက်နက်ဝန်းယောင်လာပြီး မျက်နက်ဝန်းယောင်ခြင်းဟုခေါ်သည်။ iritis (မျက်နက်ဝန်းယောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများiritis (မျက်နက်ဝန်းယောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ မျက်နက်ဝန်းယောင်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ မျက်လုံး သို့မဟုတ် မျက်ခုံးဝန်းကျင်ခြင်းနာခြင်း အလင်းကြည့်မိက မျက်လုံးနာခြင်းပိုဆိုးလာခြင်း မျက်လုံးနီခြင်း အထူးသဖြင့်မျက်နက်ဝန်းနား သူငယ်အိမ်ကျဉ်းနေခြင်း အမြင်ဝါးခြင်း ခေါင်းကိုက်ခြင်း   အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။ မျက်လုံးနာခြင်း အလင်းနှင့်ဆက်စပ်မှုရှိသည်။ အမြင်ဝါးခြင်း မျက်လုံးနီခြင်း များသောအားဖြင့် မျက်နက်ဝန်းနား အကြောင်းရင်းများiritis (မျက်နက်ဝန်းယောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ များသောအားဖြင့် မျက်နက်ဝန်းယောင်ခြင်းဖြစ်စေသောအကြောင်းကိုမသိပါ။ အချိုသောကိစ္စများတွင် မျက်လုံးထိခိုက်မိခြင်း မျိုးရိုးဗီဇနှင့် အချို့သောရောဂါများကြောင့်ဖြစ်တတ်သည်။ မျက်နက်ဝန်းယောင်ခြင်းဖြစ်စေသောအကြောင်းအရင်းများမှာ မျက်လုံးထိခိုက်မိခြင်း။ တုံးသောအရာဝတ္ထု ချွန်သောအရာ […]


မျက်စိရောဂါများ

Dry eyes (မျက်လုံးခြောက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dry eyes (မျက်လုံးခြောက်ခြင်း) ကဘာလဲ။ မျက်ရည်လုံလုံလောက်လောက်မထွက်ခြင်းကြောင့်မျက်လုံးချောဆီသိပ်မရှိတော့ခြင်းဖြစ်သည်။ မျက်ရည်မလုံလောက်ခြင်းမှာအကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်သည်။ဥပမာ မျက်ရည်မလုံလောက်ခြင်း ထုတ်သောမျက်ရည်အရေအသွေးမကောင်းခြင်းတို့မရှိပါက မျက်လုံးခြောက်ခြင်းမဖြစ်နိုင်ပေ။ မျက်လုံးခြောက်ခြင်းသည် နေထိုင်မကောင်းဖြစ်စေသည်။ မျက်လုံးခြောက်ခြင်းရှိပါက မျက်လုံးသည် မူနေလိမ့်မည်။ မျက်လုံးခြောက်ခြင်းကို အခြေအနေအချို့ ဥပမာ လေယဉ်ပေါ်တွင် လေအေးပေးစက်ရှိသောအခန်းတွှ်ုး ၊ စက်ဘီးစီးနေသောအချိန် သို့မဟုတ် ကွန်ပြူတာကိုနာရီအတော်ကြာကြည့်ပြီးချိန်များတွင်ဖြစ်တတ်သည်။ မျက်လုံးခြောက်ခြင်းကုသမှုသည် သင့်အားသက်တောင့်သက်သာရှိစေသည်။ ထိုကုသမှုများတွင် လူနေမှုပုံစံပြောင်းလဲခြင်း နှင့် မျက်ဆေးခတ်ခြင်းတို့ပါဝင်သည်။ မျက်လုံးခြောက်ခြင်းလက္ခဏာသက်သာစေရန် ကုသမှုလိုအပ်သည်ဟု သေချာမဆိုနိုင်ပါ။ Dry eyes (မျက်လုံးခြောက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ ။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများDry eyes (မျက်လုံးခြောက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ မျက်လုံးခြောက်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော- မျက်လုံးအတွင်း စူးရှသော ပူလောင်သောခံစားချက်ရခြင်း ကပ်သောအချွဲများမျက်လုံးပတ်ပတ်လည်ရှိခြင်း အလင်းမခံနိုင်ခြင်း မျက်လုံးနီခြင်း မျက်လုံးအတွင်းတစ်ခုခုဝင်နေသည်ခံစားရခြင်း မျက်ကပ်မှန်တပ်ရန်ခက်ခြင်း ညဘက်ကားမောင်းရန်ခက်ခြင်း မျက်ရည်တရွှဲရွှဲဖြစ်နေခြင်း။ မျက်လုံးခြောက်ခြင်းကိုခန္ဓါကိုယ်မှတုံပြန်ခြင်း မျက်လုံးဝါးခြင်း သို့မဟုတ်ကိုက်ခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ   သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ […]


မျက်စိရောဂါများ

Albinismus (တကိုယ်လုံးဖြူခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Albinismus (တကိုယ်လုံးဖြူခြင်း) ကဘာလဲ။ တကိုယ်လုံးဖြူခြင်းဆိုတာ ရောင်ခြည်ပစ္စည်းဖြစ်တဲ့ မယ်လနင် နည်းပါးတဲ့၊ လုံးဝမရှိတဲ့ မျိုးရိုးဗီဇဆိုင်ရာ ရောဂါဖြစ်ပါတယ်။ မယ်လနင်ဆိုတဲ့ ကိုယ်ခန္ဓါထဲက ရောင်ခြယ်ပစ္စည်းဟာ အရေပြား၊ ဆံပင်၊ မျက်လုံး စတာတွေရဲ့ အရောင်ကို ဖြစ်ပေါ်စေပါတယ်။ အဲဒီပြသနာရှိသူများဟာ နေရောင်ထိမခံနိုင်ဖြစ်ပြီး အရေပြားကင်ဆာဖြစ်တတ်ပါတယ်။ တကိုယ်လုံးဖြူခြင်းအတွက် ကုသနိုင်ခြင်း မရှိပေမယ့် အရေပြားကို ကာကွယ်နိုင်တဲ့၊ မြင်နိုင်စွမ်းအားကို အကောင်းဆုံးမြှင့်တင်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒီရောဂါရှိသူအချို့ဟာ လူမှုရေးနယ်ပယ်မှာ ခွဲခြားဆက်ဆံခြင်း ခံရတတ်ပါတယ်။ Albinismus (တကိုယ်လုံးဖြူခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAlbinismus (တကိုယ်လုံးဖြူခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ များသောအားဖြင့် အရေပြား၊ ဆံပင်နဲ့ မျက်လုံးအရောင်တွေမှာ လက္ခဏာ ဖြစ်တတ်ပါတယ်။ ရောဂါရှိသူတိုင်းမှာ အမြင်အာရုံပြသနာ ရှိတတ်ပါတယ်။ အရေပြား။ ဆံပင်အရောင်ဖြူပြီး အသားအရေ ပန်းရောင် ဖြစ်ပါတယ်။ ဒါပေမယ့် […]


အခြားမျက်လုံးပြဿနာများ

Acute angle-closure glaucoma (ရုတ်တရက် ရေတိမ်အပိတ်ဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Acute angle-closure glaucoma (ရုတ်တရက် ရေတိမ်အပိတ်ဖြစ်ခြင်း) ကဘာလဲ။ သင့်မျက်လုံးထဲမှာ ဖိအားမြင့်တက်လာစေတဲ့ ပြင်းထန်တဲ့အခြေအနေ ဖြစ်ပါတယ်။ နာရီပိုင်းအတွင်းတက်လာနိုင်ပါတယ်။ သင့်မျက်လုံးထဲက အရည်တွေစီးသင့်တဲ့အတိုင်း မစီးဆင်းတော့တဲ့အခါ ဒီလိုဖြစ်လာပါတယ်။ အခြား ဖိအားဖြည်းဖြည်းခြင်းတက်တတ်တဲ့ ရေတိမ်အမျိုးအစားတွေလို အဖြစ်မများပါ။ ရုတ်တရက်ရေတိမ်အပိတ်ဖြစ်ခြင်းဟာ မျက်လုံးထဲမှာ ဖိအားအလျင်အမြန်မြင့်တက်လာခြင်းကြောင့် ဖြစ်ပါတယ်။ Acute angle-closure glaucoma (ရုတ်တရက် ရေတိမ်အပိတ်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများAcute angle-closure glaucoma (ရုတ်တရက် ရေတိမ်အပိတ်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ရုတ်တရက်ရေတိမ်အပိတ်ဖြစ်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ မျက်စိနာခြင်း ခေါင်းအလွန်ကိုက်ခြင်း ပျို့ခြင်း၊ အန်ခြင်း အမြင်မှုန်ဝါးလာခြင်း သက်တန့်များမြင်ခြင်း၊ အလင်းရောင်များပတ်လည်တွင် ကွင်းများမြင်နေခြင်း ဖြစ်သည့်ဘက် မျက်သားအဖြူပေါ်တွင် နီနေခြင်း သူငယ်အိမ်နှစ်ဘက် အရွယ်အစားမညီခြင်း ရုတ်တရက် မျက်စိကွယ်ခြင်း တို့ဖြစ်ပါတယ်။ ဆရာဝန်က သင့်ကို စမ်းသပ်ချိန်မှာ သင့်သူငယ်အိမ်တွေဟာ အလင်းရောင်ထိုးတဲ့အခါ ကျဉ်းခြင်း၊ ကျယ်ခြင်းမရှိတော့တာကို သတိထားမိပါလိမ့်မယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ […]


မျက်စိကျန်းမာရေး

Normal-tension glaucoma (မျက်စိရေတိမ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Normal-tension glaucoma (မျက်စိရေတိမ်) ကဘာလဲ။ မျက်စိရေတိမ်ဆိုတာ သင့်ရဲ့မျက်စိကတဆင့် အမြင်အာရုံကို ဦးနှောက်နဲ့ဆက်သွယ်ပေးထားတဲ့ အမြင်အာရုံကြောကို ထိခိုက်ပျက်ယွင်းစေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဒီလိုအခြေအနေဟာ များသောအားဖြင့် မျက်လုံးအိမ်အတွင်း အရည်တင်းအားမြင့်တက်လာတဲ့အခါ ဖြစ်ပွားပါတယ်။ ဒါပေမယ့် မျက်လုံးအိမ်တွင်း ပုံမှန်အရည်တင်းအားသာရှိတဲ့ မျက်စိရေတိမ်အမျိုးအစား(Normal Tension Glaucoma) နဲ့ ကွဲပြားပါတယ်။ မျက်လုံးအိမ်တဝိုက်မှာ ပုံမှန်လှည့်ပတ်နေတဲ့ အရည်တစ်မျိုးရှိပါတယ်။ မျက်စိရေတိမ်ရောဂါအမျိုးအစားများစွာမှာ ထိုအရည်စီးဆင်းရာလမ်းကြောင်းများ ပျက်ယွင်းပိတ်ဆို့နေတတ်ပါတယ်။ အဲဒီ ပိတ်ဆို့နေတဲ့ အရည်တွေဟာ သင့်ရဲ့မျက်လုံးအိမ်ထဲမှာ တင်းအားကို ဖြစ်ပေါ်စေပါတယ်။ ဒါဟာ အချိန်နဲ့အမျှ အမြင်အာရုံကြောကို စတင်ထိခိုက်စေပါတယ်။ မျက်စိရေတိမ်(Normal -tension glaucoma)ဟာ မျက်လုံးအိမ်အရည်တင်းအား ပုံမှန်အတွင်းရှိသော်လည်း အမြင်အာရုံကြောထိခိုက်မှု ရှိနေတာဖြစ်ပါတယ်။ သင့်ဆရာဝန်ကတော့ ဒါကို ပုံမှန်အရည်တင်းအားအောက်လျော့သော (သို့) ပုံမှန်အရည်တင်းအားသာရှိသော (low tension or normal pressure glaucoma) […]


အခြားမျက်လုံးပြဿနာများ

Keratoconus (မျက်ကြည်လွှာခုံးထွက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Keratoconus (မျက်ကြည်လွှာခုံးထွက်ခြင်း) ကဘာလဲ။ မျက်လုံး၏ အရှေ့ဘက်မျက်နှာပြင်ရှိ စက်လုံးခြမ်းသဏ္ဍာန် အကြည်ရောင်အစိတ်အပိုင်းဖြစ်သည့် မျက်ကြည်လွှာ ပါးလာ၍ ရှေ့သို့ချှွန်ပြီး စူထွက်လာခြင်းကိုခေါ်သည်။ ထိုသို့ချွန်ထွက်လာခြင်းကြောင့် အမြင်မှုန်ဝါးလာပြီး အလင်းရောင်စူးစူးကို မခံနိုင်ဘဲဖြစ်မည်။ မျက်ကြည်လွှာခုံးထွက်ခြင်းသည် အများအားဖြင့် မျက်စိနှစ်ဘက်လုံးတွင် ဖြစ်ပြီး အသက်၁၀နှစ်မှ ၂၅နှစ်အတွင်း စ၍ဖြစ်သည်။ ဆယ်နှစ် သို့မဟုတ် ထိုထက်ပိုကြာအောင် ဆက်ဖြစ်နေနိုင်သည်။ အစောပိုင်းအဆင့်တွင် မျက်မှန်၊ မျက်ကပ်မှန်တို့ဖြင့် အမြင်အာရုံကို ပြင်ဆင်နိုင်သည်။ နောက်ပိုင်းတွင် မျက်ကပ်မှန်အမာစား သို့မဟုတ် အခြားမှန်ဘီလူးများနှင့် ပြင်ဆင်ယူရသည်။ သည်ထက်အဆင့်မြင့်သွားလျှင် မျက်ကြည်လွှာအစားထိုးဖို့ လိုနိုင်သည်။ Keratoconus (မျက်ကြည်လွှာခုံးထွက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများKeratoconus (မျက်ကြည်လွှာခုံးထွက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ မျက်ကြည်လွှာခုံးထွက်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အမြင်အာရုံမှုံဝါးခြင်း၊ ပျက်စီးခြင်း အလင်းရောင်စူးစူးကို မခံနိုင်ဖြစ်ခြင်းကြောင့် ညဘက်ကားမောင်းလျှင် အခက်အခဲရှိနိုင်ခြင်း မျက်မှန်ပါဝါ မကြာခဏ […]


အခြားမျက်လုံးပြဿနာများ

Corneal flash burns (မျက်ကြည်လွှာအလင်းစူးဒဏ်ရာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Corneal flash burns (မျက်ကြည်လွှာအလင်းစူးဒဏ်ရာ) ကဘာလဲ။ မျက်ကြည်လွှာအလင်းစူးဒဏ်ရာဆိုတာ မျက်လုံး၏အရှေ့ဘက်ရှိ အကြည်ရောင်အပိုင်းဖြစ်သော မျက်ကြည်လွှာသည် နေမှလာသော ခရမ်းလွန်ရောင်ခြည်နှင့် အခြားအလင်းရင်းမြစ်များဖြစ်သော ဂဟေဆော်ခြင်း၊ ကင်မရာ ူ်ျေ့ မီးတို့နှင့် အလွန်အမင်းထိတွေ့ခြင်းတို့ကြောင့် ပျက်စီးနိုင်သည်။ ထိုဒဏ်ရာကို မျက်ကြည်လွှာအလင်းစူးဒဏ်ရာ သို့မဟုတ် ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်ကြည်လွှာရောင်ခြင်းဟုခေါ်ပြီး မျက်လုံး၏ မျက်နှာပြင်သို့ နေလောင်ခြင်းတမျိုးပင်ဖြစ်သည်။ မျက်ကြည်လွှာအလင်းစူးဒဏ်ရာကြောင့် နာကျင်ခြင်း၊ အမြင်အာရုံပြောင်းလဲခြင်း ၊အမြင်အာရုံပျက်စီးခြင်းတို့ဖြစ်နိုင်သည်။   လက္ခဏာများCorneal flash burns (မျက်ကြည်လွှာအလင်းစူးဒဏ်ရာ) ရဲ့လက္ခဏာတွေကဘာတွေလဲ မျက်ကြည်လွှာအလင်းစူးဒဏ်ရာရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ အဖြစ်များသော ရောဂါလက္ခဏာများမှာ အနည်းငယ်မှ ပြင်းထန်စွာနာကျင်ခြင်း မျက်လုံးနီရဲလာခြင်း အလင်းရောင်မကြည့်နိုင်ခြင်း မျက်ရည်အလွန်အကျွံထွက်ခြင်း အမြင်မှုန်ဝါးခြင်း မျက်လုံးထဲ တစုံတခုဝင်နေသကဲ့သို့ ခံစားရခြင်းတို့ဖြစ်သည်။ အထက်တွင်ဖေါ်ပြခဲ့သည်နှင့် မတူသော ရောဂါလက္ခဏာများလည်းရှိနိုင်သည်။ ရောဂါလက္ခဏာများနှင့်ပတ်သတ်၍ သံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်ပါ ရောဂါလက္ခဏာများရှိပါက၊ သိလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုန်.ပြန်မှုများသည် မတူညီနိုင်သောကြောင့် သင့် ရောဂါလက္ခဏာအတွက် ဆရာဝန်နှင့်တိုင်ပင်ခြင်းသာ အကောင်းဆုံးဖြစ်သည်။ အကြောင်းရင်းများCorneal flash […]


အခြားမျက်လုံးပြဿနာများ

Chalazion (အဆီဂလန်းများပိတ်၍ အရည်အိတ်များဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Chalazion (အဆီဂလန်းများပိတ်၍ အရည်အိတ်များဖြစ်ခြင်း) ကဘာလဲ။ မိုင်ဘိုးမီးယန် အရေအိတ် သို့မဟုတ် အပေါ်မျက်ခွံ အရေအိတ် ဟုခေါ်သော chalazion ဆိုသည် မှာ အဆီဂလန်း၏ ရောင်ရမ်းခြင်း သို့မဟုတ် ပိတ်ဆို့မှုကြောင့် မျက်ခွံ ပေါ်တွင် ဖူးရောင် နေသော အလုံးအခဲ ဖြစ်လာခြင်းဖြစ်သည်။ လူအတော်အများသည် chalazoin ကို ဘတ်တီးရီယာူ ကြောင့်ဖြစ်သော မျက်စိစွံခြင်းနှင့် မှားယွင်း တတ်ကြပါသည်။ ကွဲပြားချက်မှာ ဘတ်တီးရီးယား ကြောင့် မျက်စိစွံခြင်းသည် ရောဂါပိုးကူးစက်မှုကြောင့် ဖြစ်ပြီး ပို၍ နာကျင် စေပါသည်။ chalazoin သည် နာကျင်မှုနည်းပြီး ၂-၈ မီလီမီတာ လောက်ရှိသော အရည်များ ပြည့်နေသော အလုံးအခဲ လေး အနေဖြင့် မြင်ရပါသည်။ များသောအားဖြင့် အပေါ်မျက်ခွံ တွင် ဖြစ်ပွားလေ့ရှိပြီး […]


မျက်စိရောဂါများ

Adie Syndrome (အဒီးရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Adie Syndrome (အဒီးရောဂါ) ကဘာလဲ။ အဒီးရောဂါဆိုသည်မှာရှားပါးသောအာရုံကြောရောဂါတစ်မျိုးဖြစ်ပြီး မျက်စိသားငယ်အိမ်ကိုထိခိုက်စေသည်။ တော်တော်များများတွင် မျက်စိသားငယ်အိမ်သည်ကျယ်နေတတ်ပြီး အလင်းကိုတွေ့ပါကတုန့်ပြန်မှန်နှေးလိမ့်မည်။ အချို့လူနာများတွင် သားငယ်အိမ်ကျဉ်းနေတတ်သည်။ ထိုသို့တုန့်ပြန်မှုနှေးခြင်း မရှိခြင်းကြောင့်ဤရောဂါကိုဖြစ်စေသည်၊ အသက်အန္ဓါရယ်ရှိသည်လဲမဟုတ် ချို့ယွင်းမှုဖြစ်သည်ဟုလဲမဆိုသာပါ။ အခြားနာမည်များမှာ အဒီးမျက်စိသားငယ်အိမ် အဒီးရောဂါ အဒီးကျုံနေသောမျက်စိသားငယ်အိမ် ဟုန်းအဒီးရောဂါ ပါပလိုတိုးနစ် ဆူဒိုတေးဖိ သားငယ်အိမ်ကျုံခြင်းရောဂါ Adie Syndrome (အဒီးရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည်ရှားပါသည်။ မိန်းကလေးများယောကျားလေးများထက်ပိုဖြစ်တတ်သည်။ အချိုးအားဖြင့်ဆိုသော် ၂.၆ :၁။ အသက် ၂၅ မှ ၄၅ ထိ အရွယ်ရောက်လူငယ်များတွင်ပိုဖြစ်တတ်သည်။ အဒီးသေားငယ်အိမ်ဖြစ်နိုင်သောလူပမာဏ (ရောဂါလက္ခဏာအားလုံးမဟုတ်သည်) ၁၀၀၀တွင် ၂ ယောက်ဖြစ်တတ်သည်။ တိတိကျကျဖြစ်စေတတ်သောပမာဏကိုမသိပါ။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများAdie Syndrome (အဒီးရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ပုံမှနာ်းဖြင့် မျက်စိသားငယ်အိမ်သည် အလင်းသို့မဟုတ် အနီးရှိအရာဝတ္ထုကိုကြည့်ပါက ကျုံသွားတတ်သည်။ အမှောင် သို့မဟုတ် အဝေးအရာကိုကြည့်ပါကသို့မဟုတ် စိတ်လှုပ်ရှားနေပါကသားငယ်အိမ်သည် ကျယ်လာမည်။ လူနာအများစုသည် သားငယ်အိမ်ကျယ်နေတတ်ပြီး အလင်းလာချိန်တွင်ကောင်းစွာမကျုံနိုင်ပါ။ သူငယ်အိမ်သည် လက်မှာကိုင်ထားသောအရာကို စုစုံသောအခါမှတဖြည်းဖြည်းချင်းကျဉ်းလာမည်။ ထိုမှ ကောင်းသောသူငယ်အိမ်ထက်ပိုသေးသွားလိမ့်မည်။ […]


မျက်စိကျန်းမာရေး

Nearsighted (အဝေးမှုန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Nearsighted (အဝေးမှုန်ခြင်း) ကဘာလဲ။ Myopia လို့လည်းသိထားကြသည့် အဝေးမှုန်ခြင်းသည် အမြင်အာရုံနဲ့ဆိုင်သည့် ရောဂါတစ်မျိုးဖြစ်ပြီး အနီးနားက ပစ္စည်းများကို ပြတ်သားစွာ မြင်ရသော်လည်း အဝေးမှ အရာတွေကိုတော့ မမြင်နိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါသည်။ အဝေးမှုန်ပြီဆိုလျှင် အဝေးမှအရာဝတ္ထုများကို တွေ့မြင်နိုင်ရန် ခက်ခဲလေ့ရှိပါသည်။ ဥပမာအားဖြင့် ကားလမ်းမပေါ်မှ သင်္ကေတဆိုင်းဘုတ်များကို သုံး၊ လေးပေအကွာရောက်မှ သေချာမြင်နိုင်တာမျိုး ဖြစ်သည်။ ဒီအခြေအနေသည် တဖြည်းဖြည်း သို့မဟုတ် လျင်မြန်စွာ ဆိုးဝါးနိုင်ပြီး ကလေးဘဝနှင့် ကြီးကောင်ဝင်ချိန်တွေမှာ ပိုဆိုးလာတတ်ပါသည် Nearsighted (အဝေးမှုန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဤကျန်းမာရေးအခြေအနေသည် အသက် ၈ နှစ်မှ ၁၂ နှစ်အတွင်းရှိသူများမှာ အဖြစ်များတတ်သော်လည်း မည်သည့်အသက်အရွယ်မဆို ဖြစ်နိုင်ပါသည်။ ဝေဒနာဖြစ်စေနိုင်သည့် အကြောင်းရင်းများကို လျှော့ချခြင်းဖြင့် ၎င်းကိုထိန်းချုပ်နိုင်ပါသည်။ နောက်ထပ်သိလိုသည်များအတွက် သင့်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများNearsighted (အဝေးမှုန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဝေးမှုန်ခြင်း၏ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း