မျက်စိကျန်းမာရေး

မျက်လုံးက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အဖွံ့ဖြိုးဆုံး အာရုံခံနိုင်တဲ့ အင်္ဂါတစ်ရပ်ပါ။ အမြင်အာရုံကောင်းနေမှသာ နေ့စဉ်အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မှာဖြစ်လို့ မျက်လုံးကျန်းမာရေးက အင်မတန်အရေးကြီးပါတယ်။ ဒီစာမျက်နှာမှာ အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေအကြောင်းနဲ့ ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မျက်စိကျန်းမာရေး

နေပူဒဏ်ကြောင့် မျက်လုံးလေး မထိခိုက်စေဖို့

နေပူရင် ထိခိုက်တာက အသားအရေလို့ပဲ အများက ယူဆထားကြပါတယ်။ တကယ်ကတော့ နေပူဒဏ်ကြောင့် ထိခိုက်တဲ့ထဲမှာ အသားအရေ၊ ဆံသား နဲ့ မျက်လုံးတွေပါ ထိခိုက်တာပါ။ နွေရဲ့ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကို ထိခိုက်စေတာကို သိထားကြပေမယ့် မျက်လုံးတွေကို ထိခိုက်တာကိုတော့ သတိထားမိသူ ရှားပါတယ်။ မျက်လုံးတွေကို ခရမ်းလွန်ရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာက မျက်လုံးတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ အပူဒဏ်ကြောင့် မျက်လုံးတွေ မထိခိုက်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ နွေအပူဒဏ်ကြောင့် မျက်လုံးမှာ ဘယ်လို ပြဿနာတွေ ခံစားရနိုင်လဲ နေရောင်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်ကြည်လွှာ နေလောင်တာ မျက်လုံးခြောက်တာ မျက်လုံးပြာတာ မျက်လုံးတွေ ယားတာ မျက်လုံး ကျိန်းစပ်တာ မျက်လုံး အောင့်တာ အမြင်အာရုံတွေ ဝေဝါးတာလိုမျိုး မျက်စိပြဿနာတွေ ခံစားရနိုင်ပါတယ်။ နေပူဒဏ်ကြောင့် […]

မျက်စိကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

မျက်စိကျန်းမာရေး ကို ရှာဖွေမည်။

အခြားမျက်လုံးပြဿနာများ

မျက်စိရေချိန်တက်ခြင်းဆိုတာဘာလဲ

မျက်စိရေချိန်တက်ခြင်းဆိုတာ မျက်လုံးရဲ့အတွင်းပိုင်းမှာ ရှိတဲ့ဖိအားဟာ ပုံမှန်ထက်ပိုပြီး မြင့်တက်နေခြင်း ဖြစ်ပါတယ်။ အဲဒီဖိအားကို မျက်စိရေချိန်လို့ ခေါ်ပါတယ်။ မျက်စိရေချိန်ကို မီလီမီတာမာကျူရီ (mmHg) လို့ခေါ်တဲ့ ယူနစ်နဲ့တိုင်းတာပါတယ်။ မျက်စိရေချိန်ရဲ့ ပုံမှန်ဖိအားဟာ ၁၀-၂၁ မီလီမီတာမာကျူရီ ရှိပါတယ်။ မျက်စိရေချိန်ဟာ ၂၁ မီလီမီတာမာကျူရီထက် များလာရင် ရေချိန်တက်ခြင်း ဖြစ်ပေါ်ပါတယ်။ ပိုပြီး သိရအောင် အောက်ပါအချက်တွေကို ဆက်လက်ဖတ်ရှုပါ။ ဘယ်အရာတွေက မျက်စိရေချိန်တက်ခြင်းကို ဖြစ်ပေါ်စေသလဲ မျက်လုံးထဲမှာရှိတဲ့ အရည်များ ဖြစ်ပေါ်ခြင်း၊ စီးဆင်းခြင်းဟာ ပုံမှန်မဟုတ်ရင် မျက်စိရေချိန်တက်ခြင်း ဖြစ်ပေါ်ပါတယ်။ မျက်လုံးအတွင်းပိုင်းက အရည်များ ပုံမှန်စီးဆင်းတဲ့စနစ်ဟာ ကောင်းစွာ မစီးဆင်းတော့တဲ့အခါ အရည်တွေ ပိုမိုပြီး ဖြစ်ပေါ်နေပေမယ့် လျော့မသွားဘဲ ပြည့်လျှံလာပါတယ်။ အဲဒီလိုနဲ့ မျက်စိရေချိန်တက်လာပါတယ်။ မျက်လုံးထဲ အရည်တွေ စုလာတဲ့အခါ ဘာဖြစ်လာပါသလဲ။ နမူနာပြောရရင် အလုံပိတ်ထားတဲ့ ရေတိုင်ကီကို […]


အခြားမျက်လုံးပြဿနာများ

မျက်စိနာခြင်း အမျိုးမျိုး

မျက်စိဖိုးအလွှာရောင်ခြင်း (သို့) မျက်စိနာခြင်းဆိုတာ မျက်သားအဖြူနဲ့ မျက်ခမ်းအတွင်းပိုင်းကြားက အလွှာရောင်ရမ်းခြင်း ဖြစ်ပါတယ်။ မျက်စိနာခြင်းဟာ ဓါတ်မတည့်ခြင်း၊ ကလမိုင်ဒီးယားပိုး ဝင်ခြင်း၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စပ်၊ မှို၊ ကပ်ပါး စတဲ့ ပိုးများဝင်ခြင်း၊ အဆိပ်ဓါတ် ထိတွေ့ခြင်း စတဲ့ပြသနာတွေကြောင့် ဖြစ်တတ်ပါတယ်။ မျက်ကပ်မှန်ကို ဖြစ်သလိုတပ်ဆင်ရင်လည်း ဖြစ်တတ်ပါတယ်။ တစ်ခါတရံမှာ မျက်စိနာခြင်းဟာ လူတစ်ဦးကနေ တစ်ဦးကို ပစ္စည်းအတူသုံးရာကတဆင့်၊ လက်မဆေးဘဲ ထိတွေ့မိရာကတဆင့် ကူးတတ်ပါတယ်။ ချောင်းဆိုးခြင်း၊ နှာချေခြင်း တို့ကြောင့် ပိုဆိုးတတ်ပါတယ်။ ဘယ်အရာက ဖြစ်ပွားစေသလဲဆိုတာပေါ် မူတည်ပြီး မျက်စိနာခြင်း အမျိုးအစားများစွာ ရှိပါတယ်။ အောက်ပါအချက်များဟာ အဖြစ်များတဲ့ အမျိုးအစားတွေ ဖြစ်ပါတယ်။ - ဗိုင်းရပ်စ်ပိုးဝင်ခြင်း။ အဖြစ်မြန်ပြီး မျက်ရည်များစီးကျပြီး မျက်လုံးဟာ နီနေတတ်ပါတယ်။ အနည်းငယ် နာတတ်ပါတယ်။ ကူးစက်လွယ်ပြီး အစုလိုက် အပြုံလိုက် ဖြစ်တတ်ပါတယ်။ ဒီပြသနာရှိသူများဟာ […]


အခြားမျက်လုံးပြဿနာများ

မျက်စိရောဂါပြဿနာများဖြစ်ပွားနိုင်ခြေကို ဘာတွေကမြင့်တက်စေသလဲ

မျက်စိဟာ ကိုယ်ခန္ဓာရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ လူအများစုဟာ သူတို့ဘဝတလျှောက်မှာ မျက်စိပြဿနာကို တစ်ကြိမ်လောက်တော့ ကြုံတွေ့နိုင်ပါတယ်။ တချို့ပြဿနာတွေဟာ အသေးအဖွဲမျှသာဖြစ်ပြီး အလွယ်တကူ ကုသနိုင်ပါတယ်။ တချို့ပြဿနာတွေကတော့ ဆိုးရွားပြီး အထူးကုဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။ မျက်စိကျန်းမာရေးကို အလေးထားခြင်းဟာ အားလုံးအတွက် အရေးကြီးတဲ့အချက်ပဲ ဖြစ်ပါတယ်။ မျက်စိပြဿနာတွေကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်း မျိုးစုံရှိပါတယ်။ မရှောင်လွှဲနိုင်တဲ့အရာကတော့ အသက်အရွယ်ပဲ ဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ရေတိမ်၊ အတွင်းတိမ်၊ မျက်စိမှန်ဘီလူး ကျုံ့နိုင်ဆန့်နိုင်မှု လျော့သွားလို့ အနီးမှုန်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒါတွေအပြင် တခြားအကြောင်းအရင်းတွေ ရှိပါသေးတယ်။ - အဝလွန်ခြင်းနှင့် သွေးတိုးခြင်း။ မျက်စိအတွင်း သွေးလည်ပတ်မှုကို ထိခိုက်စေတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ဆီးချိုတက်လာခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။ - ဆီးချို။ သွေးတွင်းသကြားဓါတ် ပုံမှန်ထက် မြင့်တက်နေရင် […]


အခြားမျက်လုံးပြဿနာများ

မျက်ခွံရောင်ခြင်းအကြောင်း

မျက်ခွံရောင်ခြင်းဆိုတာ တွေ့ရများတဲ့ မျက်စိပြဿနြာဖစ်ပြီး မျက်ခွံအနားများဟာ အဆီများ၊ ဘက်တီးရီးယားများကြောင့် နီရဲရောင်ရမ်းခြင်း ဖြစ်ပါတယ်။ ယားယံခြင်း၊ နာကျင်ခြင်း၊ နီရဲခြင်း၊ ပူလောင်ခြင်း၊ စူးနေခြင်း စတာတွေကြုံတွေ့ရလို့ စိတ်အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ ဘက်တီးရီးယားပိုးဝင်ခြင်း၊ အရေပြားရဲ့ အခြေအနေ၊ မျက်လုံးခြောက်သွေ့ခြင်းရဲ့ လက္ခဏာများဟာ မျက်ခွံရောင်ခြင်းနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ မျက်ခွံရောင်ခြင်း အမျိုးအစားများ မျက်ခွံရောင်ခြင်း အမျိုးမျိုးရှိပါတယ်။ အောက်ပါ အချက်တွေဟာ အဓိကအမျိုးအစားတွေ ဖြစ်ပါတယ်။ - အရှေ့ပိုင်းရောင်ခြင်း။ မျက်ခွံရဲ့ အပြင်ပိုင်းမှာ ဖြစ်ပွားပြီး မျက်တောင်များပါ ပါဝင်ပါတယ်။ ဘက်တီးရီးယား၊ ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ သေချာစွာ မကုသရင် ဖြစ်တဲ့နေရာဟာ ထူလာပြီး အပြင်ဘက် ဒါမှမဟုတ် အတွင်းပိုင်းကို ဖောင်းထွက်လာပြီး မျက်ကြည်လွှာကို ထိခိုက်နိုင်တာမို့ ပိုမိုဆိုးရွားတဲ့ အမြင်အာရုံပြသနာတွေ ဖြစ်လာနိုင်ပါတယ်။ - မျက်ခွံအနောက်ပိုင်းရောင်ခြင်း။ မီဘိုးမီးယမ်း […]


အခြားမျက်လုံးပြဿနာများ

မျက်စိစွန်ခြင်းဆိုတာဘာလဲ

မျက်စိနာခြင်းဆိုတာ မျက်ခွံအတွင်း၊ ဒါမှမဟုတ် အပြင်မှာ အနာဖုလေးဖြစ်ပေါ်ခြင်းဖြစ်ပြီး ဟော်ဒီယိုလမ်လို့လည်း ခေါ်ဝေါ်ပါတယ်။ ဒီရောင်ရမ်းခြင်းဟာ ဂလင်းကို ပိတ်ဆို့မိခြင်းနဲ့ ဆက်စပ်နေပါတယ်။ မျက်စိစွန်ခြင်းဟာ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ များသောအားဖြင့် မျက်စိတစ်ဖက်တည်းမှာ အနာတခု ဖြစ်တတ်ပြီး မျက်စိတဖက်တည်းမှာပဲ အနာတစ်ခုထက်ကျော်ပြီး မျက်စိစွန်နေရင် ကျန်တဲ့တစ်ဖက်မှာပါ ဖြစ်နိုင်ခြေ များပါတယ်။ မျက်စိစွန်ခြင်း ဘယ်နှမျိုးရှိသလဲ အောက်ပါအတိုင်း ၂မျိုးရှိပါတယ်။ - အပြင်ပိုင်းစွန်ခြင်း။ မျက်တောင်နားမှာ အစက်ကလေးဖြစ်လာရာကနေ နီရဲရောင်ရမ်းပြီး နာလာပါတယ်။ ရက်နဲ့ချီကြာလာရင် ပေါက်သွားပြီး အနာကျက်သွားပါတယ်။ အပြင်ပိုင်းစွန်ခြင်း အများစုဟာ အချိန်သိပ်မကြာဘဲ သူ့ဖာသာ ပျောက်သွားတတ်ပါတယ်။ မျက်စိအပြင်ပိုင်း စွန်ခြင်းဟာ အတွင်းပိုင်းစွန်ခြင်းထက် ပိုပြီးနာတတ်ပါတယ်။ အဆီဂလင်း၊ မျက်တောင်မွေးညှင်းပေါက်၊ အေပိုခရိုင်းဂလင်း စတာတွေ ပိုးဝင်ရင် ဖြစ်တတ်ပါတယ်။ - အတွင်းပိုင်းစွန်ခြင်း။ မျက်ခမ်းအတွင်းသားမှာ ဖြစ်တတ်ပါတယ်။ နီရဲရောင်ရမ်းပြီး နာကျင်နေတတ်ပါတယ်။ ပိုးဝင်ခြင်း ပျောက်ကင်းသွားရင် […]


အခြားမျက်လုံးပြဿနာများ

သိုင်းရွိုက်ဟော်မုန်းများခြင်းနှင့် မျက်စိပြဿနာများ

သိုင်းရွိုက်ဟော်မုန်းများခြင်းဟာ သိုင်းရွိုက်ဂလင်းအနေနဲ့ အလုပ်အလွန်အကျွံလုပ်ပြီး ဟော်မုန်းတွေ ပိုမိုထုတ်လုပ်လာခြင်း ဖြစ်ပါတယ်။ တွေ့ရအများဆုံး အကြောင်းအရင်းကတော့ မိမိကိုယ်ခံအားက ပြန်လည်တိုက်ခိုက်တဲ့ ဂရေ့ဗ်ရောဂါ ဖြစ်ပါတယ်။ အဲဒီအခြေအနေမှာ မျက်လုံးကိုပါ ထိခိုက်တတ်ပါတယ်။ သိုင်းရွိုက် မျက်စိရောဂါ ဂရေ့ရောဂါကြောင့် မျက်စိထိခိုက်ခြင်းကို သိုင်းရွိုက် မျက်စိရောဂါလို့ခေါ်ပြီး ကိုယ်ခံအားစနစ်ကနေ သိုင်းရွိုက်ဂလင်းကို ပြန်လည်တိုက်ခိုက်တဲ့ အခြေအနေမှာ ဖြစ်တတ်ပါတယ်။ ကိုယ်ခံအားစနစ်ဟာ မျက်စိအနီးတဝိုက် တစ်သျှူးများနဲ့ မျက်စိကြွက်သားများကို တိုက်ခိုက်တဲ့အခါ မျက်စိကို ရောင်ရမ်းစေပြီး အမြင်အာရုံပိုင်းဆိုင်ရာ ပြသနာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်ခံအားစနစ်ဟာ မျက်စိနားက တစ်သျှူးတွေကို တိုက်ခိုက်ရတဲ့ အကြောင်းအရင်းကတော့ သိုင်းရွိုက်ဂလင်းမှာ တိုက်ထုတ်ခံရတဲ့ ပရိုတင်းများနဲ့ ဆင်တူနေလို့ ဖြစ်ပါတယ်။ အမျိုးသမီးတွေမှာ အမျိုးသားများထက်စာရင် ရောဂါဖြစ်နိုင်ခြေ ၅-၆ဆ ပိုများပါတယ်။ ဆေးလိပ်သောက်သူများမှာ ဒီရောဂါဖြစ်နိုင်ခြေ သိသိသာသာများပါတယ်။ လက္ခဏာများ သိုင်းရွိုက်မျက်စိပြသနာမှာ မျက်စိကြွက်သားတွေနဲ့ တစ်သျှူးတွေ ရောင်ရမ်းတဲ့အတွက် မျက်လုံးကို […]


အခြားမျက်လုံးပြဿနာများ

အမြင်အာရုံချို့ယွင်းခြင်းဆိုတာဘာလဲ

အမြင်အာရုံချို့ယွင်းခြင်းသည် မျက်ကြည်လွှာပုံစံပြဿနာကြောင့် မျက်လုံးပြဿနာဖြစ်ခြင်းဖြစ်သည်။ အမြင်ချို့ယွင်းခြင်းတစ်ဖက်ကိုမကုသပါက မျက်လုံးေဝဝါးခြင်း သို့မဟုတ် လေးဇီးအိုင်းဖြစ်လာစေနိုင်သည်။ အမြင်အာရုံချို့ယွင်းခြင်းဆိုတာဘာလဲ။ ပုံမှန်မျက်လုံးသည် ဘောလုံးတစ်လုံးကဲ့သို့ဝိုင်းပြီး မျက်ကြည်လွှာက ညီမျှစွာခုံးနေသည်။ ထိုသို့ခုံးပေးထားခြင်းကြောင့် မျက်လုံးအနောက်တွင်အလင်းကိုစုဆုံစေကာ ပုံရိပ်ပေါ်စေသည်။ မျက်လုံးအမြင်အာရုံချို့ယွင်းခြင်းသည် အလင်းသွားစုံဆုံခြင်းကိုပြောင်းလဲစေသည်ထိုသို့ပြောင်းလဲခြင်းကြောင့် အနီးအဝေးရှိပစ္စည်းများ ဝါးခြင်း ရှုပ်ထွေးခြင်းများဖြစ်လာနိုင်သည်။ ပုံစံ။ အမြင်အာရုံပျက်စီးခြင်းပုံစံနှစ်မျိုးရှိသည်။ မျက်ကြည်လွှာနှင့် မျက်စိမှန်ဘီလူးကြောင့်ဖြစ်ခြင်းဟူ၍ နှစ်မျိုးရှိသည်။ မျက်ကြည်လွှာ အမြင်အာရုံချို့ယွင်းခြင်းသည် မျက်ကြည်လွာပုံစံ မမှန်ခြင်းကြောင့်ဖြစ်ပြီး မှန်ဘီလူး ပုံစံမမုန်က အခြားဟာကိုဖြစ်စေသည်။ ဖြစ်စေသောအကြောင်း။ ဖြစ်စေသော အကြောင်းအတိအကျကို မသိသေးပါ။ မျိုးရိုးဗီဇကြောင့်အဓိကဖြစ်နိုင်သည် သို့သော် အသက်ကြီးလာသည်အမျှမျက်လုံးထိခိုက်ခြင်း သို့မဟုတ် မျက်လုံးခွဲစိတ်ခြင်းကြောင့်လည်းဖြစ်လာနိုင်သည်။ မျက်လုံးချို့ယွင်းခြင်း သည် အဝေးမှုန်ခြင်းအနီးမှုန်ခြင်းတို့မှစလာနိုင်သည်။ ရောဂါလက္ခဏာများ ရောဂါရှာဖွေခြင်း နှင့်ကုသခြင်းများ။ အဝေးမှပစ္စည်းကိုအမြင်ဝါးခြင်းသည် အဓိကလက္ခဏာဖြစ်သည်။ အခြားလက္ခဏာများဥပမာ မျက်ရိုးကိုက်ခြင်း မျက်လုံးစွေခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်လုံးယားခြင်းတို့ဖြစ်လာနိုင်သည်။ ထိုလက္ခဏာများဖြစ်ပါက ဆရာဝန်နဲ့တိုင်ပင်ပြီး ဖြစ်စေသော ပြဿနာကိုရှာသင့်သည်။ မျက်လုံးကိုစမ်းသပ်ခြင်း သည် အမြင်ပြဿနာကိုစမ်းသပ်ရန် ပြုလုပ်ဖို့လိုအပ်သည်။ ကုသမှုပုံစံနှစ်မျိုးအဓိကရှိသည်။ မှန်ဘီလူးပြင်ခြင်း။ အသုံးအများဆုံးကုထုံးဖြစ်သည်။ […]


အခြားမျက်လုံးပြဿနာများ

ကွန်ပျူတာ အကြည့်များသူတွေအတွက် အစားအစာနဲ့ ဗီတာမင်

ခုခေတ်မှာ လူမူကွန်ရက်ကလည်း အရမ်းကို တွင်ကျယ်လာပြီး စီးပွားရေးတော်တော်များများရဲ့ အချက်အလက်တွေကိုလည်း စာရွက်တွေထက် ကွန်ပျူတာ မှတ်ဉာဏ်တွေနဲ့ ပိုပြီး သိမ်းဆည်းထားလေ့ရှိကြပါတယ်။ ဒီအခါမှာတော့ လူအများစုဟာ စာရွက်တွေ ကြည့်ရမယ့်အစား ကွန်ပျူတာတွေ ပိုပြီးတော့ ကြည့်လာရပါပြီ။ ကွန်ပျူတာက ထွက်တဲ့ အလင်းရောင်တွေဟာရေရှည်မှာ မျက်စိကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့်တော်တော်များများလည်း မျက်မှန်တပ်ရတာတွေ ရှိကြပါတယ်။ ဒီလိုမျိုးဖြစ်တာတွေလျှော့နည်းလာစေဖို့အတွက်ဆေးကုသမှုတွေလည်းပြုလုပ်နိုင်သလို အစားအစာတွေနဲ့ ဗီတာမင်တွေကနေလည်း ရရှိနိုင်ပါတယ်။ မျက်လုံးရဲ့ ကျန်းမာရေးကိုကောင်းမွန်စေတဲ့ အစားအစာတွေထဲမှာ မုန်လာဥနီက အကောင်းဆုံးဆိုတာ သိထားပြီးဖြစ်မှာပါ။ တကယ်တော့ တခြားအစားအစာတွေကလည်း မျက်လုံးကျန်းမာရေးကောင်းမွန်စေဖို့အတွက်ပေးစွမ်းနိုင်ပါသေးတယ်။ ဗီတာမင် စီ၊ ဇင့်၊utein, zeaxanthin နဲ့ omega-3 fatty acidတွေဟာ မျက်လုံး ကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။ ဒီအာဟာရဓါတ်တွေ ပါဝင်ခြင်းဟာ ကွန်ပျူတာ အကြည့်များခြင်းကြောင့်ဖြစ်တတ်တဲ့ မျက်လုံးတိမ်ဖုံးခြင်းတွေကို ကာကွယ်ပေးနိုင်သလိုဝေဝါး […]


အခြားမျက်လုံးပြဿနာများ

Fuchs' dystrophy

အဓိပ္ပါယ်ဖွင့်ဆိုချက်Fuchs’ dystrophy ကဘာလဲ။ Fuchs’ dystrophy ဆိုတာ မျက်ကြည်လွှာကို ထိခိုက်တဲ့ မျက်စိရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ မျက်ကြည်လွှာ ဆိုတာ မြင်နိုင်အောင်ကူညီပေးသော မျက်လုံး ရဲ့ အကာပုံစံ အပြင်ဘက်က အလွှာပဲဖြစ်ပါတယ်။ ဒီရောဂါဟာ အချိန်ကြာလာသည်နှင့်အမျှ အမြင်အာရုံကို ပိုမို လျော့နည်းလာစေပါတယ်။ မျက်လုံး နှစ်လုံးလုံးကို ထိခိုက်စေပါတယ်။ သို့သော် အမြင်အာရုံ ချို့ယွင်းမှုကတော့ တစ်ဖက်မှာသာ ပိုဆိုးပါလိမ့်မယ်။ နှစ်အတော်ကြာသည်အထိ သတိမထားမိဘဲ ရှိတတ်ပါတယ်။ ရောဂါအခြေအနေ ဆိုးမှသာ သိကြပါတယ်။ အမြင်အာရုံ ဆုံးရှုံးသွားပြီဆိုရင်တော့ ခွဲစိတ်မှုလိုအပ်ပါမယ်။ Fuchs’ dystrophy က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက် ၅၀ မကျော်ခင်တွင် အမြင်အာရုံ လက္ခဏာများ မပြတတ်ပေ။ သို့သော် ကျန်းမာရေးဝန်ထမ်းကတော့ လက္ခဏာများကို စောစွာသတိထားမိနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများFuchs’ […]


မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

Age-related maculopathy (အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Age-related maculopathy (အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်း) ဆိုတာ ဘာလဲ အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်း ဆိုတာ မြင်ကွင်းအလယ်မှာ မှုန်နေတာ သို့မဟုတ် လုံးဝမမြင်ရတဲ့ ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်ပါတယ်။ Age-related maculopathy (အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီအခြေအနေဟာ အထူးသဖြင့် သက်ကြီးရွယ်အိုတွေမှာ အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများAge-related maculopathy (အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်း (ARM) အမျိုးမျိုးရှိပြီး ရောဂါလက္ခဏာတွေက တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ ပုံမှန်အားဖြင့် အစပိုင်းမှာ မြင်ကွင်းအလယ် မှုန်ဝါးတာကနေ အမည်းကွက်ကြီးအထိ ဖြစ်လာနိုင်ပါတယ်။ တခြားလက္ခဏာတွေကတော့   အရောင်တွေခွဲခြားနိုင်စွမ်းပျောက်ဆုံးခြင်း အမြင်မကြည်လင်ခြင်း ပုံရိပ်ဖျော့နေခြင်း သို့ ထပ်နေခြင်း အနီးမှုန်၊ အဝေးမှုန် နှင့် ပြတ်သားမှုမရှိခြင်း   အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ တခြားလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း