အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အစာအိမ်ရောင်ခြင်း

အစာအိမ်ရောင်ခြင်း (Gastritis)

Gastritis (အစာအိမ်ရောင်ခြင်း) ဆိုတာ ဘာလဲ။ အစာအိမ်ရောင်ခြင်း ဆိုသည်မှာ အစာအိမ်အမြှေးပါးရောင်ရမ်းသော အခြေအနေတစ်ခု ဖြစ်ပါသည်။ အစာအိမ်ရောင်ခြင်းသည် ရုတ်တရက် သို့မဟုတ် နာတာရှည် ဖြစ်ပွားနိုင်ပါသည်။ ရောဂါကို သေချာကုသလျှင် လျင်မြန်စွာ ကောင်းမွန်လာနိုင်ပါသည်။ သို့သော်လည်း အချို့ကိစ္စများတွင် အစာအိမ်ရောင်ခြင်းကြောင့်  အစာအိမ်အနာ ဖြစ်လာနိုင်ပြီး အစာအိမ်ကင်ဆာ ဖြစ်နိုင်ချေကို မြင့်တက်စေပါသည်။ အစာအိမ်ရောင်ခြင်းက ဘယ်လောက်အဖြစ်များသလဲ အစာအိမ်ရောင်ခြင်းသည် အလွန်အဖြစ်များပါသည်။ များသောအားဖြင့် အကိုက်အခဲပျောက်ဆေး အလွန်အကျွံသောက်သူများ၊ အရက်အလွန်အကျွံ သောက်သူများတွင် ပို၍ အဖြစ်များပါသည်။ အစာအိမ်ရောင်ခြင်း ရဲ့ လက္ခဏာတွေက ဘာတွေလဲ အစာအိမ်ရောင်ရောဂါရှိသူများသည် ရံဖန်ရံခါမှသာ လက္ခဏာပြတတ်သည်။ အဖြစ်များသော ရောဂါလက္ခဏာများမှာ အစာစားချင်စိတ် မရှိခြင်း ပျို့ခြင်း၊ အန်ခြင်း ဝမ်းဗိုက်အပေါ်ပိုင်းနာခြင်း အစာစားပြီးနောက် ပြည့်တင်းခြင်း အစာအိမ်အမြှေးပါးတွင် သွေးထွက်ပါက အောက်ပါရောဂါလက္ခဏာများကိုပါ တွေ့ရပါမည်။ ဝမ်းမည်းသွားခြင်း သွေးအန်ခြင်း၊ ကော်ဖီရောင် အရည်များအန်ခြင်း အစာအိမ်ရောင်ခြင်းကို […]


သည်းခြေဆိုင်ရာရောဂါများ

Biliary Atresia (သည်းခြေရည်ပြွန်ကျဉ်းမြောင်းပိတ်ဆို့ခြင်း)

Biliary Atresia (သည်းခြေရည်ပြွန်ကျဉ်းမြောင်းပိတ်ဆို့ခြင်း) အကြောင်း လေ့လာရအောင်။ အဓိပ္ပါယ်ဖွင့်ဆိုချက် >> Biliary Atresia (သည်းခြေရည်ပြွန်ကျဉ်းမြောင်းပိတ်ဆို့ခြင်း) ကဘာလဲ။ Biliary Atresia (သည်းခြေရည်ပြွန်ကျဉ်းမြောင်းပိတ်ဆို့ခြင်း) ဆိုသည်မှာသည်းခြေရည်ပြွန်တွင် ပိတ်ဆို့မှုတစ်ခု ဖြစ်စေသော ရှားပါးသော အခြေအနေတစ်ခု ဖြစ်ပါသည်။ အသည်းပြွန်ဟုလည်းခေါ်သောအသည်းတွင်းမှ သည်းခြေရည် ပြွှန်သည် သည်းခြေရည်များကိုအသည်းမှ သည်းခြေအိတ် သို့ သိုလှောင်ရန်အတွက် သယ်ယူသွားပြီးအူငယ်များသို့ အစာခြေခြင်းတွင် အသုံးပြုရန်အတွက် သယ်ယူပါသည်။ သည်းခြေရည် သည် အသည်းမှ ပြုလုပ်သောအရည်တစ်မျိုးဖြစ်ပြီးအဓိကတာဝန် နှစ်ခုကိုထမ်းဆောင် ပါသည်။ ၎င်းတို့မှာအဆိပ်အတောက်များ နှင့် အညစ်အကြေးများကို ခန္ဓါကိုယ် ပြင်ပသို့ သယ်ဆောင်သွားခြင်းနှင့် ခန္ဓါကိုယ် မှ အဆီများကိုခြေဖျက်ခြင်းနှင့် အဆီတွင် ပျော်ဝင်သောဗီတာမင် အေ၊ ဒီ၊ အီး နှင့် ကေတို့ကိုစုပ်ယူရန် ကူညီခြင်းတို့ဖြစ်သည်။ သည်းခြေရည် ပြွန်ပိတ်ဆို့ပါကသည်းခြေရည်များသည် အသည်းထဲတွင် စုပြုံ လာပြီးအသည်းပျက်စီးခြင်းကို ဖြစ်စေပါသည်။ […]


အသည်းရောဂါများ

Hepatorenal Syndrome (အသည်းနောက်ဆက်တွဲ ကျေက်ကပ်ပျက်စီးသော ရောဂါစု )

အဓိပ္ပါယ်ဖွင့်ဆိုချက်Hepatorenal Syndrome (အသည်းနောက်ဆက်တွဲ ကျေက်ကပ်ပျက်စီးသော ရောဂါစု ) ကဘာလဲ။ Hepatorenal syndrome (HRS) ဆိုသည်မှာအသည်းလုပ်ငန်းချို့ယွင်းမှုကြောင့် ဖြစ်လာသောအသည်းပျက်စီးမှု ရှိသူများတွင်ဆက်စပ်တွေ့ရှိရသောကျောက်ကပ်လုပ်ငန်းချို့ယွင်းမှုတစ်မျိုးဖြစ်သည်။ ကျောက်ကပ် အလုပ်လုပ်ခြင်းရပ်တန့်သွားသောအခါ အဆိပ်အတောက် ပစ္စည်းများ ခန္ဓါကိုယ်ထဲတွင် စုပုံစပြုလာပါသည်။ တဖြည်းဖြည်းနှင့် အသည်းချို့ယွင်းမှု ကို ဖြစ်စေပါသည်။ HRS သည် အလွန်အမင်း ပြင်းထန်သောအခြေအနေဖြစ်ပါသည်။ ယခုအခြေအနေဖြစ်ပေါ်ပါကအမြဲတစေလိုလိုသေစေနိုင်ပါသည်။ HRS နှစ်မျိုးရှိပါသည်။ HRS အမျိုးအစား ၁ သည် လျင်မြန်စွာကျောက်ကပ် ပျက်စီးခြင်းနှင့် ဆက်စပ်နေ၍ creatinineအများအပြားထွက်စေပါသည်။ HRS အမျိုးအစား ၂ သည် တဖြည်းဖြည်းကျောက်ကပ် ပျက်စီးမှု နှင့် ပို၍ ဆက်နွယ်ပါသည်။ ပို၍ ဖြည်းညင်းစွာ ဖြစ်ပွားပါသည်။ ရောဂါလက္ခဏာများမှာလည်းပို၍ သိမ်မွေ့ပါသည်။ Hepatorenal Syndrome (အသည်းနောက်ဆက်တွဲ ကျေက်ကပ်ပျက်စီးသော ရောဂါစု ) က ဘယ်လောက်အဖြစ်များသလဲ ဤရောဂါသည် အဖြစ်များပြီးဝမ်းဗိုက်ဖောရောင်ခြင်း […]


အသည်းရောဂါများ

အသည်းအဆီဖုံးခြင်းကို လျော့ပါးစေမယ့် အကောင်းဆုံးအသီး (၅) မျိုး

အသည်းအဆီဖုံးခြင်းက အဖြစ်များတဲ့အသည်းရောဂါတစ်မျိုးဖြစ်ပါတယ်။ အသည်းတဝိုက်မှာ အဆီပိုတွေစုလာတဲ့အခါ အသည်းရဲ့လုပ်ဆောင်ချက်တွေကိုထိခိုက်စေပြီးရောင်ရမ်းမှုတွေဖြစ်စေတာဖြစ်ပါတယ်။ ဒီအခြေအနေကို အစားအသောက်ဆင်ခြင်ပြီးနေထိုင်မှုပုံစံပြောင်းလဲတဲ့နည်းနဲ့ ကုသလို့ရပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းနေထိုင်ရင်းနဲ့ အစားဆင်ခြင်တဲ့နေရာမှာ အသည်းအဆီဖုံးခြင်းအတွက် အကောင်းဆုံးအသီးအနှံတွေကို သိထားတယ်ဆိုရင် ပိုအထောက်အကူဖြစ်ပါလိမ့်မယ်။ (၁) သံပရာသီး အဆီတွေလျော့ပါးစေဖို့က သံပရာသီးကအကောင်းဆုံးဓါတ်စာပါပဲ။ရေတစ်ဖန်ခွက်ထဲ သံပရာရည်ညှစ်ထည့်ပြီးနေ့တိုင်းသောက်ပေးတာက အသည်းမှာစုနေတဲ့အဆီတွေကိုအမြန်ဆုံးကျဆင်းစေပါတယ်။ သံပရာသီးက အဆိပ်အတောက်ဖယ်ရှားရာမှာအစွမ်းထက်သလို ဗီတာမင် စီလည်း ကြွယ်ဝပါတယ်။ သံပရာသီးကြောင့် အစာခြေစနစ်ပိုကောင်းစေတဲ့အပြင် အသည်းကိုလည်း အကာအကွယ်ပေးနိုင်ပါတယ်။ (၂) မန်ကျည်းသီး ဟင်းချက်တဲ့အခါ ထည့်ချက်နေကျ မန်ကျည်းသီးမှာ အစွမ်းသတ္တိတွေရှိနေတယ်ဆိုတာ သင်သိပါသလား။ မန်ကျည်းသီးဟာ အမျှင်ဓါတ်နဲ့ မပြည့်ဝဆီတွေပါဝင်မှုမြင့်မားလို့ အဆီကြောင့်သွေးကြောထူသွေးကြောကျဉ်းရောဂါ( arteriosclerosis) ကိုကုသရာမှာ အထောက်အကူပေးပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းကို အညစ်အကြေးဖယ်ရှားသန့်စင်ပေးနိုင်စွမ်းရှိလို့ အစာခြေစနစ်ကိုကောင်းစေပြီး အဆီတွေကျစေပါတယ်။ အဲဒီလို မန်ကျည်းသီးဟာသွေးကိုသန့်စင်စေပြီး ကိုလက်စထရောတွေကျစေတဲ့အပြင် အသည်းမှာဖုံးနေတဲ့ အဆီတွေကိုလျော့ပါးစေနိုင်ပါတယ်။ (၃) သစ်တော်သီး သစ်တော်သီးမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အာဟာရဓါတ်တွေအများကြီးပါဝင်တဲ့အပြင် ချိုမြတဲ့အရသာကြောင့် လူကိုလန်းဆန်းစေပါတယ်။ရေဓါတ်ပါဝင်မှုများပြီး အမျှင်ဓါတ်ပါဝင်မှုများလို့ ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးပါတယ်။ ဗီတာမင်စီအပြင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း